← Chapters

ဆိုးယုတ်သောတောအုပ်

Vol. 42 Ch. 621

ဆိုးယုတ်သောတောအုပ်

Vol. 42 Ch. 621

ဖုန်များက တထောင်းထောင်းထပြီး မြေပြင်က တုန်ခါကာ ချပ်ဝတ်တန်ဆာများမှ အလင်းရောင်က တောက်ပနေ၏။

မဟူရာချပ်ဝတ်စစ်တပ်ကြီးက ခိုင်မာသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဖြည်းဖြည်းချင်း ချီတက်လာနေကြ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် သန်းနှင့်ချီသော လူအုပ်ကြီးက တစ်ခွင်တစ်ပြင်နှင့် ကျပ်ပိတ်သိပ်နေ၏။

ပို၍ ကြောက်စရာကောင်းသည်မှာ ထိုစစ်တပ်ကြီးကို သန်းနှင့်ချီသော ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။

မြေပြင်မှာ ချီတက်နေသော သူများက ချီစုဖွဲ့စစ်သည်တော်များ ဖြစ်ကြ၏။

သားရဲများကို စီးနင်းလာကြသည်က အခြေတည်အဆင့်များ ဖြစ်ကြလေသည်။

သူတို့၏ အထက်မှာတော့ လေထဲကနေ ဖြတ်သန်းလာကြသော စိတ်ဝိညာဉ်ယာဉ်ပျံများ ရှိကြလေသည်။

ယာဉ်ပျံများ၏ ဦးပိုင်းတွင် ကျင့်ကြံသူအချို့က မတ်တပ်ရပ်၍ အောက်ကလူများကို ငုံ့ကြည့်နေကြ၏။

စိတ်ဝိညာဉ်ယာဉ်ပျံများပေါ်တွင် လိုက်ပါလာကြသူများအားလုံးက ရွှေအမြုတေများ ဖြစ်ကြလေသည်။

အဲ့ဒါကတော့ အင်ပါယာသုံးခုမဟာမိတ်စစ်တပ်ကြီးပင် ဖြစ်လေသည်။

အင်ပါယာသုံးခုမှ မင်းသားများက ဦးဆောင်လာပြီး ဒါက ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော အင်ပြည့်အားပြည့်စစ်တပ်ကြီးတစ်တပ်ဟု ပြောနိုင်လေသည်။

သူတို့ဖြတ်လာရာတစ်လျှောက်တွင် မည်သည့်ပြည်နယ်ခွဲမှ သူတို့ကို မခုခံနိုင်ခဲ့ကြပေ။

ဒါ့အပြင် မဟာမိတ်စစ်တပ်အတွင်း၌ ခံတပ်ကို စောင့်ကြပ်လာသော နိုးထဝိညာဉ်အရေအတွက် အချို့ပင် ပါလာသေး၏။ သူတို့က ရှေ့သို့ ထွက်လာခဲလေသည်။

ထိုမဟာမိတ်စစ်တပ်၏ နောက်တွင် မီးခိုးများ တအူအူနှင့် သွေးများစွန်းထင်းပေကျံကာ ယိုယွင်းပျက်စီး၍ ကျန်ခဲ့သော မြို့တစ်မြို့ကို မပီမသ မြင်နိုင်လေသည်။

ယန်တိုင်းပြည်၏ ကျန့်အန်မြို့က အပျက်အစီးပုံဘဝသို့ ကျရောက်သွားလေပြီ။

အလောင်းများက တစ်မြို့လုံးမှာ ပြန့်ကျဲနေပြီး သွေးများက ချောင်းပေါက်နေ၏။

ကျန့်အန်မြို့စားမင်းက အညံ့မခံဘဲ သေသည့်တိုင်အောင် တိုက်ခိုက်သွားခဲ့၏။

ထိုသို့ဖြင့် မြို့စောင့်တပ်က ကျရှုံးသွားသောအခါ မဟာရှ၏ မင်းသားက မြို့ထဲတွင် နောက်ဆုံးလူတစ်ယောက်မှ မကျန်တော့သည့်အထိ သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးလိုက်၏။

သူတို့က အညံ့မခံဘူးဆိုလျှင် ထိုမြို့ရှိလူများအားလုံးကို သတ်ဖြတ်သုတ်သင်ပစ်မည် ဖြစ်လေသည်။

မြို့သူမြို့သားများနှင့် သက်ရှိများအားလုံးအတွက်တော့ ကမ္ဘာပျက်ကပ်ဘေးတစ်ခုပင်။

သူတို့က မော်တယ်များ ဖြစ်ကြပြီး မခံမရပ်နိုင်နှင့် ဘယ်လိုပင် ကြိုးစားရုန်းကန်ကြပါစေ.. ဘာမှ ပြောင်းလဲမသွားပေ။

သူတို့ထဲမှာ အချို့က ထွက်ပြေးဖို့ ကြိုးစားခဲ့ကြ၏။

သို့သော်လည်း သူတို့က လွတ်မြောက်အောင် ထွက်ပြေးနိုင်ဖို့ အလွန်တရာ ခက်ခဲလေသည်။

သူတို့၏ အားနည်းသော ခန္ဓာကိုယ်ဖြင့် ကျင့်ကြံသူများလက်ကနေ လွတ်မြောက်အောင် ဘယ်လိုလုပ် ပြေးနိုင်ပါမည်နည်း။

သူတို့က အတော်ကံကောင်းလို့ ကျင့်ကြံသူများလက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လျှင်တောင် သူခိုးဓါးပြများနှင့် လူဆိုးလူမိုက်များ နေရာတိုင်းမှာ ပေါများနေသည့် ခေတ်ပျက်ထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်ပါမည်နည်း။

သူတို့သည် တောတောင်ထဲ ဝင်ပုန်းကြလျှင်လည်း စိတ်ဝိညာဉ်တောကောင်များနှင့် သားရဲများကို မဆိုထားနှင့် သာမန်တောတွင်းတိရစ္ဆာန်များကတောင် သူတို့ကို သတ်ဖြတ်နိုင်လေသည်။

သူတို့၏ ကံကြမ္မာက ကြိုတင်ပြဋ္ဌာန်းထားပြီးသားပင်။

မဟာမိတ်စစ်တပ်က မကြာခင် ကန်းလန်ရိုးမကို ဖြတ်ပြီး ပင်ယန်းမြို့သို့ ရောက်ရှိလာလျှင် ထိုမြို့မှ လူများသည်လည်း တူညီသော ကံကြမ္မာကို တွေ့ကြုံခံစားရတော့မည်ဖြစ်၏။

မဟာရှန်၊ မဟာရှနှင့် မဟာယွီအင်ပါယာမှ မင်းသားများသည် အကြီးမားဆုံးနှင့် ခမ်းနားထည်ဝါဆုံး စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုပေါ်မှာ အတူစုထိုင်နေကြပြီး သူတို့ကို ရွှေအမြုတေများက ဝန်းရံစောင့်ရှောက်ထားကြ၏။

ခံစစ်စည်းက အလွန်တင်းကျပ်၏။

သူတို့သုံးယောက်က စားပွဲဝိုင်းတစ်ခုမှာ ဝိုင်ခွက်များကို မြှောက်၍ ပျော်ရွှင်မြူးထူးစွာနှင့် သောက်စားနေကြ၏။

မဟာရှမင်းသားက ခပ်ဝဝဖြစ်ပြီး သူပြုံးလိုက်သည့်အခါ သူ့မျက်လုံးများက ကျဉ်းမြောင်း၍ ပိတ်သွားတတ်၏။ သူ့မျက်လုံးများက တဖျပ်ဖျပ်လက်လာပြီး တဏှာရာဂငမ်းငမ်းတက်စွာနှင့် ပြောလိုက်၏။

“လျှို့ဝှက်အစီခံစာတစ်ခုကနေ ငါတွေ့ရတာတော့ အခု ကျိယောင်ရွှယ်က ကန်းလန်မြို့မှာတဲ့.. ငါတို့ ရှေ့က တောင်ကြားနဲ့ နောက်ထပ် မြို့လေးတချို့ ဖြတ်ကျော်ပြီးရင် ကန်းလန်မြို့ကို ရောက်ပြီလေ”

“ခွိခွိ.. ခင်ဗျား စိတ်လှုပ်ရှားနေတာလား ညီကိုစစ်” သန့်သန့်ပြန့်ပြန့်နှင့် မဟာရှန်မင်းသားက ဟန်လုပ်ပြုံးကာ မေးလိုက်၏။

“ဟေး”

မဟာရှမင်းသားက ရယ်မောလိုက်၏။

“ကျိယောင်ရွှယ်ဆိုတာ ပြိုင်ဘက်ကင်း အလှပဂေးမလေးလို့ ပြောလို့ ရတယ်.. သူမက ငါတို့မြောက်ပိုင်းဒေသရဲ့ အင်ပါယာလေးခုမှာ နံပါတ်တစ် အလှပဂေးဆိုတာ သက်သက်လျှောက်ပြောနေတာမှ မဟုတ်တာ.. ဘယ်လိုလူက အဲ့ဒါကို မမြည်းစမ်းချင်ဘဲ နေမှာလဲ”

“ပိုပြီးတော့ ရင်ခုန်စရာကောင်းတာက အခုသူမက မဟာကျိုးရဲ့ ဧကရီလေ.. ငါသာ သူမကို အညံ့ခံအောင် လုပ်နိုင်မယ်ဆိုရင်.. ဘယ်လိုပြောရမလဲ.. အဲ့ဒီခံစားချက်က... အား” မဟာယွီမင်းသား၏ ခန္ဓာကိုယ်က တောင့်တင်းခိုင်မာပြီး သူက လှောင်ရယ်မောကာ နှုတ်ခမ်းကို သပ်လိုက်၏။

မဟာရှန်မင်းသားကလည်း ပေါ့ပါးစွာ ပြုံးလိုက်လေသည်။

“ခင်ဗျားတို့နှစ်ယောက်နဲ့တော့ ကျုပ်ပြိုင်မလုတော့ပါဘူးဗျာ.. ဒါပေမယ့်လို့ ကျိယောင်ရွှယ်ရဲ့ ညီမလေးကလဲ အချောအလှလေးပဲလို့ ပြောကြတယ်.. သူ့ကိုတော့ ကျုပ် စိတ်ဝင်စားသွားနိုင်တယ်”

“ဟဟဟားဟား”

သူတို့သုံးယောက်သည် အကြည့်ချင်းဖလှယ်ပြီး အားရရွှင်ပျစွာ ရယ်မောလိုက်ကြ၏။

အခုလောက်ဆို ကျိယောင်ရွှယ်က ကန်းလန်မြို့ထဲမှာတောင် ရှိချင်မှ ရှိရော့မယ်.. သူမသာ ဆက်ပြီး ဆုတ်သွားမယ်ဆို ကျုပ်တို့ အတော်လေး ထပ်လိုက်ဖမ်းရဦးမယ်” မဟာရှမင်းသားက တည်တံ့စွာ ပြော၏။

“မဆုတ်ဘူး”

မဟာရှန်မင်းသားက သေချာစွာ ပြောလိုက်၏။

“သူမက ခေါင်းမာတယ်.. အရင်တစ်ခေါက်က သူမ ဒဏ်ရာရပြီးတော့ မဟာကျိုးမင်းသားကြီးက ယာယီထိန်းချုပ်လိုက်ရလို့သာ နောက်ဆုတ်သွားရတာ.. မဟာကျိုးက သူတို့ရဲ့နယ်မြေတွေကို အဲ့လိုမျိုး အလွယ်တကူ လက်လွှတ်လိုက်စရာ အကြောင်းမရှိဘူး”

“ဒါပေမယ့် အခု ငါကြားတာ သူမက သတိရနေပြီတဲ့.. သူမရဲ့ စိတ်နေစရိုက်အရဆို ကန်းလန်မြို့မှာ ခံစစ်အခိုင်အမာပြင်ပြီး ခုခံဖို့ လုပ်လိမ့်မယ်”

“အဲ့လိုဆိုရင်လဲ အကောင်းဆုံးပေါ့” မဟာယွီမင်းသားက လက်ခုပ်လက်ဝါးတီးပြီး ရယ်မောလိုက်၏။

မဟာရှမင်းသားက ပြုံးစစနှင့် ထင်မြင်ချက် ဝင်ပေးလိုက်၏။

“ငါ့အမြင်တော့ အခုလောက်ဆို မဟာကျိုးနန်းတွင်းမှာက ရှုပ်ရှပ်ခတ်နေလောက်ပြီ.. ကျိယောင်ရွှယ်က ပြန်သတိရနေပြီဆိုရင်တောင် မဟာကျိုးမင်းသားကြီးက သူ့နေရာကို အလွယ်တကူ ပြန်လွှဲပေးမှာ မဟုတ်လောက်တော့ဘူး”

“ဟီးဟီး.. သူတို့ရဲ့ အတွင်းရေး ပဋိပက္ခနဲ့တင် ကိစ္စပြတ်မသွားဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ.. အဲ့ချိန်ကျရင် ငါတို့က အပင်ပန်းခံစရာ မလိုဘဲနှင့် အကျိုးအမြတ်ကို ဝင်သိမ်းလိုက်ရုံပဲ.. မဟာကျိုးဧကရီကိုသာ ငါတို့ အသက်ရှင်လျက် ဖမ်းနိုင်ရင် ကိစ္စပြတ်ပြီ.. သူတို့ရဲ့ အသိုက်ဖြစ်တဲ့ မြောက်ပိုင်းကို အေးအေးဆေးဆေး ချီတက်သွားရုံပဲ”

“မိုက်လိုက်တာ”

“သောက်လိုက်ကြရအောင်”

ကြယ်ရောင်မှုန်မှုန်အောက် ကုန်းပတ်ပေါ်တွင် မင်းသားသုံးယောက်သည် အတူထိုင်ကာ သောက်စားရင်း ပျော်ရွှင်တက်ကြွစွာ စကားပြောဆိုနေကြ၏။

ရုတ်တရက်.. ရှေ့ဆုံးတန်းရှိ စစ်သည်များက အရှိန်လျော့ကျသွား၏။

“ဟမ့်”

မဟာယွီမင်းသားက မျက်မှောင်ကြုတ်လိုက်၏။

သိပ်မကြာမီ ရွှေအမြုတေတစ်ယောက်သည် လေထဲကနေ ပျံသန်းလာ၏။ သူသည် ကုန်းပတ်ပေါ်သို့ ဆင်းသက်၍ ဒူးတစ်ဖက်ထောက်ချလိုက်၏။

“အရှင်မင်းသားတို့.. ကျတော်မျိုးတို့က ကန်းလန်ရိုးမကို ရောက်လာပါပြီ.. အခု ညကလဲ နက်နေပြီဆိုတော့ တောင်ကြားထဲက တချို့သားရဲတွေက အန္တရာယ်ရှိပါတယ်.. ကျတော်တို့ တည့်တည့်ပဲ ဖြတ်ရမလား.. ရှောင်ကွင်းသွားရမလားခင်ဗျ”

မဟာယွီမင်းသားက ထရပ်ပြီး အော်လိုက်၏။

“ငါတို့ ဖြတ်မှာပေါ့ကွ.. ဒီနယ်တစ်ခွင်မှာ ငါတို့ မဟာမိတ်စစ်တပ်က အင်အားအကြီးဆုံးနဲ့ ပြိုင်ဘက်ကင်းပဲ.. ကန်းလန်ရိုးမက ငါတို့ကို ဘာလုပ်နိုင်မှာမို့လဲ”

“ဆက်သွား”

မဟာရှမင်းသားက လက်ကာပြလိုက်၏။

“ဒီရိုးမက ရှေးဟောင်းတောအုပ်ထဲမှာ မပါဘူး.. အလွန်ဆုံး အဲ့မှာရှိ ရွှေအမြုတေအဆင့် စိတ်ဝိညာဉ်သားရဲပေါ့.. မိစ္ဆာသားရဲတောင် ရှိမှာ မဟုတ်ဘူး.. မင်းတို့ကို ဘာကို ကြောက်နေကြတာလဲ”

မဟာရှန်မင်းသားကလည်း ဟက်ကနဲ ရယ်လိုက်၏။

“ဗိုလ်ချုပ်စွန်းရယ်.. ခင်ဗျားက ကြံဖန်ပြီး စိုးရိမ်စိတ် လွန်ကဲနေပြန်ပါပြီ”

“ဒီလိုမျိုး ညဘက်မှာ ငါတို့က တောင်တန်းတောအုပ်တစ်ခုကို ဖြတ်ကျော်မယ်ဆိုရင် သားရဲတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်တာကို ခံရနိုင်တာပဲ.. ဒါပေမယ့် အခု ငါတို့ စုဖွဲ့လာတဲ့ အင်အားနဲ့ဆို ဘယ်သားရဲက အနားကပ်လာရဲမှာလဲ.. ငါတို့ ကြောက်နေစရာ ဘာရှိဦးမှာလဲ”

“နားလည်ပါပြီခင်ဗျ”

ဗိုလ်ချုပ်စွန်းက ခေါင်းညိတ်ပြီး လှည့်ပြန်သွား၏။ သူသည် လေထဲမှာ ပျံသန်းသွားရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ဆက်ချီမယ်ဟေ့”

ဘုန်း.. ဘုန်း.. ဘုန်း..

စစ်တပ်ကြီးက ကြောက်လန့်တုန်လှုပ်စရာ အင်အားနှင့်အတူ အတူတကွ လှုပ်ရှားလိုက်ကြ၏။

မဟာမိတ်စစ်တပ်က စစ်သည်ပေါင်း သန်းချီပါဝင်သော်လည်း ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ပြန့်သည့် ကန်းလန်ရိုးမနှင့်နှိုင်းယှဉ်လျှင် သိပ်ပြီး နေရာယူထားခြင်း မရှိပေ။

မင်းသားသုံးယောက်၏နောက် မလှမ်းမကမ်းတွင် ပိန်ပိန်ပါးပါး အဖိုးအိုက သူ့မျက်လုံးများကိုဖွင့်ပြီး သူတို့ရှေ့ရှိ မည်းမှောင်နေသော တောအုပ်ကို ငေးကြည့်နေ၏။

သူ့တို့ရှေ့တွင် ရှေးကျသော ကြမ်းကြုတ်သားရဲကြီးတစ်ကောင်က သူ၏ ကြီးမားသည့် ပါးစပ်ကြီးကို ဖြဲဟကာ သူတို့အုပ်စု ဝင်ရောက်လာမှာကို စောင့်ဆိုင်းနေသည်ဟု ရုတ်တရက် သူခံစားလိုက်ရ၏။

ထိုခံစားချက်က ဖျတ်ကနဲ ပေါ်လာသော အတွေးရိုင်းတစ်ခုလို ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွား၏။

ပိန်ပိန်ပါးပါး အဖိုးအိုက မျက်မှောင်အနည်းငယ်ကြုတ်၍ ပုခုံးတွန့်လိုက်၏။ ထို့နောက် သူ့မျက်လုံးများကို မှိတ်ပြီး တရားပြန်ထိုင်နေလိုက်၏။

တောင်ကြားက ရှေးဟောင်းသစ်ပင်ကြီးများနှင့်အတူ ကောက်ကွေ့သွား၏။ မြင်နိုင်စွမ်းအားက လျော့ကျသွားတာကြောင့် စစ်တပ်၏ လှုပ်ရှားမှုများက နှေးသွား၏။

သို့သော်လည်း မဟာမိတ်စစ်တပ်သည် လမ်းတစ်လျှောက် မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေ၏။

အကုန်လုံးက ငြိမ်သက်နေကြလေသည်။

သိပ်မကြာမီ မဟာမိတ်စစ်တပ်သည် ကန်းလန်ရိုးမတစ်ဝက်ကျော်ကို ဖြတ်သန်းလာနိုင်ခဲ့ပြီဖြစ်၏။

စစ်သည်များအားလုံးက သတိပေါ့လာကြ၏။

မဟာယွီမင်းသားက အားပါးတရ ရယ်ချလိုက်၏။

“တစ်ကယ်လဲ ခင်ဗျားတို့ ထင်တဲ့အတိုင်းပဲကိုးဗျ.. ဒီရိုးမက တောကောင်တွေ အကုန်လုံး ကြောက်လွန်းလို့ ထွက်တောင်မလာရဲကြတော့ဘူး.. ဟဟဟားဟား”

“တစ်ခုခုတော့ လွဲနေပြီ”

ရုတ်တရက် မလှမ်းမကမ်းမှ အသံထွက်လာ၏။

ပိန်ပိန်ပါးပါးအဖိုးအို၏ အမူအယာက သုန်မှုန်နေပြီး သူ့နဖူးက ဖျတ်ကနဲ လက်သွားကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်၏။

“အဲ့ဒါက ငြိမ်သက်လွန်းနေတယ်.. အနိဋ္ဌာရုံဆန်လောက်အောင်ကို ငြိမ်သက်လွန်းနေတာ”

ကန်းလန်ရိုးမရှိ သားရဲတောကောင်များက ကြောက်လို့ ပုန်းကွယ်နေကြသည်ဆိုလျှင်တောင် သူတို့တစ်လမ်းလုံး မည်သည့် သားရဲတောကောင် တစ်ကောင်တစ်လေကိုမှ မတွေ့ရခြင်းက မဖြစ်သင့်ပေ။

ပြောရမည်ဆိုလျှင် ဤနေရာရှိ သတ္တဝါများအားလုံးက အတန်ကြာကြာကတည်းက ပုန်းလျှိုးနေခဲ့ကြသလိုပင်။

ပတ်ဝန်းကျင်လေထုက ရုတ်တရက် ငြီးစီစီနှင့် အောက်သိုးသိုး ဖြစ်လာ၏။

နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်တစ်ခုက မှောင်မည်း၍ ဆိုးယုတ်သော တောအုပ်ကို လွှမ်းခြုံလာ၏။

ဝှီး..

ရုတ်တရက်ဆိုသလို...

စူးရှသော လေခွင်းသံတစ်သံက ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလို ပေါက်ကွဲသံက ထွက်ပေါ်လာလေသည်။

စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်း၏ ဦးစွန်းက တစ်ခုခုနှင့် ရိုက်ခတ်ခံလိုက်ရသလို လူတိုင်း၏ ရှေ့မှောက်မှာပင် ပေါက်ကွဲထွက်သွား၏။

ကြီးမားသည့် စိတ်ဝိညာဉ်ယာဉ်ပျံကြီးက အပိုင်းပိုင်း ကျိုးပျက်သွားပြီး ရွှေအမြုတေ လေးငါးဆယ်လောက် ပါလာရာ သူတို့ထဲမှ တချို့က နေရာမှာပင် သေဆုံးသွားကြ၏။

All Chapters