← Chapters

အဆုံးမဲ့ငရဲ

Vol. 42 Ch. 622

အဆုံးမဲ့ငရဲ

Vol. 42 Ch. 622

ရွှစ်.. ရွှစ်.. ရွှစ်..

အေးစက်စက်အလင်းများက ပျံသန်းလာ၏။

သူတို့ရှေ့ မှောင်မည်းနေသော တောအုပ်ထဲမှ ထက်ရှသော မြားများက တစ်စင်းပြီးတစ်ပြီး ပျံသန်းလာကာ လေထဲရှိ စိတ်ဝိညာဉ်ယာဉ်ပျံများကို ချက်ချင်း လာရောက် ရိုက်ခတ်၏။

ဘုန်း.. ဘုန်း.. ဝုန်း..

စိတ်ဝိညာဉ်ယာဉ်ပျံများသည် တစ်စီးပြီးတစ်စီး ပေါက်ကွဲထွက်ကုန်၏။

ခြေပြတ်လက်ပြတ်များက နေရာအနှံ့ ပြန့်ကျဲသွားပြီး ကောင်းကင်က နီစွေးသွား၏။

စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် ကောင်းကောင်းမတုံ့ပြန်လိုက်နိုင်သော ရွှေအမြုတေများသည် မြောက်များလှစွာသော စွမ်းအားနှင့် ထိတွေ့ပြီး သွေးမြူများအဖြစ် ပြောင်းလဲကုန်၏။

ယာဉ်ပျံ၏ ပဲ့ထွက်သွားသော အစအနများသည် အဘက်ဘက်သို့ လွင့်စင်သွားပြီး လူအုပ်ကြီးထဲသို့ ကျရောက်သောအခါ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသော ချီစုဖွဲ့စစ်သည်များနှင့် အခြေတည်အဆင့် ကျင့်ကြံသူများသည် တစ်ခါတည်း ကျိုးကြေကာ သေကုန်ကြ၏။

မြားများက အလွန်တရာ မြန်ဆန်ပြီး လက်ရှိကျင့်ကြံသူများကလည်း သတိပေါ့လာသော အချိန်ဖြစ်တာကြောင့် အတော်များများက အဲ့ဒါကို တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။

မဟာမိတ်စစ်တပ်က ကစင်ကလျား ဖြစ်သွား၏။

ကျန်ရှိနေသေးသော စိတ်ဝိညာဉ်ယာဉ်ပျံများကို မြားများက လာရောက်ထိခတ်ခြင်း မရှိသေးသော်လည်း ရွှေအမြုတေအတော်များများက ထိတ်လန့်ကြောက်ရွံ့၍ သူတို့၏ ယာဉ်ပျံများကို စွန့်ခွာကာ လေထဲသို့ ပျံတက်လိုက်ကြ၏။

“ဂါး”

“ဝေါင်း..”

“ဂီး”

ရုတ်တရက်..

တောကောင်များ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ အော်သံများက တောအုပ်အနက်ပိုင်းထဲမှ ထွက်ပေါ်လာ၏။

မကောင်းဆိုးဝါးဆန်ဆန် လေများက တိုက်ခတ်လာပြီး ရှေးကျသော သစ်ပင်များက ယိမ်းထိုးလာ၏။

သစ်ရွက်လှုပ်သံများက တရွှမ်းရွှမ်း မြည်လာလေသည်။

ခပ်လှမ်းလှမ်း ကောင်းကင်ထက်တွင် များစွာသော တောကောင်များသည် လေထဲမှာ ပြည့်နှက်ကာ ချီတက်လာကြ၏။

ကန်းလန်ရိုးမမှာရှိရှိသမျှ တောကောင်များနှင့် ငှက်များအားလုံးက ရုတ်တရက် အစုလိုက်အပြုံလိုက် အုပ်စုဖွဲ့၍ ချီတက်လာကြပုံရလေသည်။

မင်းသားသုံးယောက်ပါသော စိတ်ဝိညာဉ်ယာဉ်ပျံက မဟာမိတ်စစ်တပ်၏ အလယ်မှာ တည်ရှိပြီး ထိတွေ့ရိုက်ခတ်မှု သိပ်မရှိပေ။

ထိုအချိန်၌ မင်းသားသုံးယောက်စလုံးသည် ထပြီး လှမ်းမျှော်ကြည့်လိုက်ကြ၏။

သူတို့သည် အထက်ကနေ ကြည့်ရှုရခြင်း ဖြစ်သည့်အတွက် ပို၍ ရှင်းလင်းစွာ မြင်ရ၏။

ကန်းလန်ရိုးမတစ်ခုလုံးက လှုပ်ရှားလာနေ၏။

မရေမတွက်နိုင်သော သားရဲများက အရိုင်းဆန် မှုန်ယိုလာကြလေပြီ။

ထောင်သောင်းချီသော သားရဲတောကောင်များက အဘက်ဘက်ကနေ သည်းကြီးမည်းကြီး ပြေးလာကြသည့်အတွက် သစ်ပင်မြင်ပင်များက ယိမ်းထိုးလှုပ်ခါနေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့်အတူ တုန်လှုပ်ချောက်ချားစရာ တောကောင်အုပ်ကြီးအဖြစ် ဖွဲ့စည်းလာ၏။

မင်းသားသုံးယောက်၏ မျက်နှာများက ပျက်ယွင်းသွားကြ၏။

မဟာရှမင်းသားက သူ့မျက်လုံးကို မှေးကျဉ်းပြီး သုန်မှုန်စွာ ပြောလိုက်၏။

“ဘာတွေ ဖြစ်နေတာလဲ”

ထျန်ဟွမ်ကုန်းမြေတိုက်၏ တစ်ကယ့် ရှေးကျသော တောအုပ်ကြီးများနှင့် ယှဉ်လျှင် ကန်းလန်ရိုးမက ဘာမှ မဟုတ်ပေ။

ဤနှစ်များအတွင်း ဤတောင်ကြားမှာ မိစ္ဆာသားရဲတစ်ကောင် မွေးဖွားလာသည်ဟု ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။

သို့သော် ယခုအခါ မဟာမိတ်စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် ရိုးမတစ်ခွင်ရှိ တောကောင်များ အားလုံးလိုလိုက အစုလိုက်အပြုံလိုက် အုပ်စုဖွဲ့လာကြခြင်းသည် သေချာပေါက် သွေးရိုးသားရိုးကိစ္စ မဟုတ်ပေ။

ပိန်ပိန်ပါးပါးအဖိုးအိုက နိုးထဝိညာဉ်တစ်ယောက်ဖြစ်ပြီး မဟာရှမင်းသား၏ သက်တော်စောင့်ဖြစ်၏။ ထိုအချိန်၌ သူသည် မျက်ခုံးနှစ်ဖက်ကို ထိအောင် တွန့်ထားပြီး သူတို့ရှေ့ နက်မှောင်နေသော တောအုပ်ဆီသို့ ငေးကြည့်နေ၏။

မလှမ်းမကမ်းတွင် မဟာရှန်နှင့် မဟာယွီမှ မင်းသားများ၏ သက်တော်စောင့်များသည်လည်း ထရပ်လာကြ၏။

သူတို့ထဲမှတစ်ယောက်က လေးလံသည့် ချပ်ဝတ်တန်ဆာနှင့် ဗလတောင့်တောင့်ကတုံးပြောင်တစ်ယောက် ဖြစ်၏။ သူက ရှေ့သို့ လှမ်းလာပြီး တည်တံ့စွာ ပြောလိုက်၏။

“ဒီရိုးမမှာ သားရဲဘုရင်အသစ်တစ်ပါး မွေးဖွားလာတာ ဖြစ်ရမယ်”

“ဟုတ်မယ်.. ရိုးမတစ်ခွင်က သားရဲတောကောင်တွေက သားရဲဘုရင်တစ်ပါးရဲ့ အမိန့်နဲ့မှပဲ ဒီလောက်အတိုင်းအတာထိ စုဖွဲ့နိုင်လိမ့်မယ်” အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီး နိုးထဝိညာဉ်တစ်ယောက်က ပြောလိုက်၏။

“မင်းသားတို့.. မစိုးရိမ်ကြပါနဲ့.. ငါတို့ရဲ့ ဒီစစ်တပ်မှာ နိုးထဝိညာဉ်တစ်ရာကျော်တောင် ပါလာတယ်.. ဒီသားရဲဘုရင်က မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင် ဆိုရင်တောင် သူက သေရမှာပဲ” ဗလတောင့်တောင့်ကတုံးပြောင်လူက ပြော၏။

မဟာရှန်မင်းသားက မသက်မသာ အမူအယာနှင့် ရုတ်တရက် မေးလိုက်၏။

“သားရဲဘုရင်က ဘယ်မှာလဲ”

“အဲ့ဒါက....”

ဗလတောင့်တောင့်ကတုံးပြောင်နှင့် အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးသည် အကြည့်ချင်းဖလှယ်၍ မည်သူမှ သေချာရေရာ မပြောနိုင်ကြပေ။

ဤမျှ ကြီးမားကျယ်ပြန့်လှသည့် တောကောင်အုပ်ကြီးထဲမှာ သားရဲတောကောင် တစ်ကောင်ကို ရှာရခြင်းက ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ရှာရသလို.. တစ်ကယ့်ကို ခက်လွန်းလှလေသည်။

ပိန်ပိန်ပါးပါးအဖိုးအိုက ရှေ့သို့ ငေးကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။

“ဒီတောကောင်အုပ်က ဘက်ပေါင်းစုံက ဝင်လာနေတာပဲ.. တစ်ဖက်က လွဲရင်ပေါ့”

ရှေ့တည့်တည့်!

စိတ်ဝိညာဉ်ယာဉ်ပျံပေါ်ရှိ မင်းသားသုံးပါးသာမက.. ရှေ့တွင်ရှိသော ရွှေအမြုတေများသည်လည်း အဲ့ဒါကို သတိထားမိကြလေသည်။ လူတိုင်းသည် သူတို့၏ရှေ့ မကောင်းဆိုးဝါးဆန်စွာ မည်းမှောင်နေသော တောအုပ်ဆီသို့ သုန်မှုန်စွာနှင့် ငေးကြည့်လိုက်ကြ၏။

မြားများက ထိုဘက်က လာခဲ့တာပင်။

တောအုပ်ထဲတွင် အလင်းရောင်က ဝေဝေဝါးဝါးသာရှိ၏။

ရွှေအမြုတေများသည် ရှေ့တည့်တည့် တောအုပ်ထဲတွင် သေးငယ်သော တောင်ထွတ်တစ်ခုနှင့်တူသည့် ခပ်ဝါးဝါး ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

“အဲ့ဒါ ဘယ်သူလဲ”

တစ်ယောက်ယောက်က အော်လိုက်၏။

သူပြောလိုက်ချိန်မှာပင် တောင်ထွတ်က လှုပ်ရှားလာ၏။

အဲ့ဒါက အဆက်မပြတ် ကြီးထွားလာ၏။

သူတို့ပတ်လည်ရှိ ရှေးဟောင်းသစ်များက လှုပ်ခါလာ၏။

နောက်ခဏ၌ ထိုတောင်ထွတ်က ရှေးဟောင်းသစ်ပင်များကို ကျော်လွန်၍ ပေတစ်ရာကျော်အမြင့်ထိ ရောက်လာ၏။

မဟာမိတ်စစ်တပ်ရှိ လူတိုင်းသည် သူတို့၏ ခေါင်းများကို အလိုလိုမော့၍ ကြည့်လိုက်ကြ၏။

ဧရာမအရိပ်ကြီးက ကောင်းကင်ထက်ကနေ သူတို့ကို လွှမ်းခြုံလာ၏။

အဲ့ဒါက တောင်ထွတ် မဟုတ်...

လူပုံစံကြမ်းကြုတ်တောကောင်တစ်ကောင်က အခုပဲ ထရပ်လာလေပြီ။

ခမ်းနားထည်ဝါသော ခန္ဓာကိုယ်နှင့် ရှေ့တွင် ရပ်နေသောသူက လှုပ်ခါလို့ မရနိုင်သော မျှော်စင်ကြီးတစ်ခုလိုပင်။

ချက်ချင်းပင် ကန်းလန်ရိုးမတစ်ခုလုံးက ၎င်း၏ နောက်ခံကားချပ်တစ်ခုဖြစ်လာသည်ဟု ထင်လိုက်ရ၏။

ကြီးမားသည့် ကြမ်းကြုတ်တောကောင်ကြီး၏ အနက်ရောင်ဆံပင်များက ရူးသွပ်စွာ ကခုန်နေပြီး ၎င်းကို သားရဲချီများက လွှမ်းခြုံကာ မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့် တူနေ၏။ သူက လေများကို ရှူသွင်းရှူထုတ်ရင်း နီရဲနေသော မျက်လုံးတစ်စုံဖြင့် မဟာမိတ်စစ်တပ်ကို ငုံ့ကြည့်နေ၏။

ထိုအနီရောင်မျက်လုံးများက မီးတောက်များကို ထုတ်နိုင်သည့်အလားပင်။

ဟင်း..

ကျင့်ကြံသူများစွာသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ပင့်သက်ကို ရှိုက်လိုက်ကြ၏။

မရေမတွက်နိုင်သော စစ်မြင်းများသည် ကြောက်လန့်တကြား ဟီ၍ မြေပြင်ပေါ် လဲကျကာ ချေးများ သေးများ ထွက်ကျကုန်၏။

မြင်းများကို မပြောနှင့်.. အရိုင်းဆန်သော တောကောင်များပင်လျှင် ဤလူသားပုံစံကြမ်းကြုတ်တောကောင်ကြီးကို ဦးညွှတ်ရလေသည်။

အခြေတည်အဆင့်ကျင့်ကြံသူများစွာသည် သူတို့စီးနင်းလာသော တောကောင်များပေါ်ကနေ ပြုတ်ကျပြီး စစ်တပ်က ဝရုန်းသုန်းကား ဖြစ်ကုန်၏။

အဆင့်နိမ့်ကျင့်ကြံသူများကို မဆိုထားနှင့် လက်ရှိနိုးထဝိညာဉ်များတောင်မှ ဤမြင်ကွင်းမှာ တုန်လှုပ်သွားကြ၏။

ဤသတ္တဝါက ကြမ်းကြုတ်လွန်းလှလေသည်။

လူပုံစံကြမ်းကြုတ်တောကောင်ထံမှ အားကောင်းသော သတ်ဖြတ်လိုစိတ်ကို သူတို့ ခံစားမိကြ၏။ ကမ္ဘာဖျက်စွမ်းအားနှင့် ဆိုးယုတ်ချီများက သူ့လမ်းကြောင်းမှာ ရှိသမျှ အရာရာတိုင်းကို ဝါးမျိုခြိမ်းခြောက်နိုင်ပုံ ရလေသည်။

သူတို့၏ လက်ရှိကျင့်ကြံမှုအဆင့်အထိ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များစွာကို ကြုံတွေ့ခဲ့ရဖူး၏။

သို့သော်လည်း အကြမ်းကြုတ်ဆုံး မူလသွေးမျိုးဆက်တောကောင်များတောင်မှ သူတို့ရှေ့မှ ဤကြမ်းကြုတ်တောကောင်နှင့်ယှဉ်လျှင် ကြောင်ပေါက်လေးများလို ဖြစ်သွားပေလိမ့်မည်။

သူတို့၏ လမ်းကြောင်းတွင် ပိတ်ရပ်နေသော ကြမ်းကြုတ်တောကောင်က အခုလေးတင် သူ့အစ်ကိုကို ဆုံးရှုံးထားပြီး သားရဲသွင်ပြင်ပြောင်းထားသော ဆူဇီမိုပင် ဖြစ်လေသည်။

“ဂါး”

ဆူဇီမိုက လေများကို ရှူသွင်းလိုက်၍ သူ့ရင်ဘတ်က မို့တက်လာ၏။ ထို့နောက် သူ့ပါးစပ်ကို ဖွင့်၍ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို အလွန်တရာ ကျယ်လောင်သော ဟိန်းဟောက်သံအဖြစ် ပြောင်းလဲထုတ်ဖော်လိုက်၏။

ရာသီဥတုက ပြောင်းလဲသွားလေသည်။

ဝုန်း..

မိုးကြိုးပစ်ချလိုက်သလိုပင်..

စွမ်းအားကြီးမားသော ထိုဟိန်းဟောက်သံကြီး ထွက်လာချိန်တွင် မရေမတွက်နိုင်သော တောကောင်များနှင့် ငှက်များ၏ အော်ဟစ်ဟိန်းဟောက်သံများက ပျောက်ကွယ်သွားသည်ဟု ထင်ရလေသည်။

မရေမတွက်နိုင်သော သစ်ပင်များက အမြစ်ကနေ ကျွတ်ထွက်သွား၏။

ရှေ့ဆုံးရှိ ရွှေအမြုတေများ၏ စိတ်သည် ဗလာကျင်းသွားပြီး သူတို့သည် တောင့်ခဲသွားသော မျက်နှာများနှင့် မလှုပ်မယှက် ရပ်နေမိကြ၏။

အဲ့ဒီမှာ ခဏတော့ ရပ်တန့်သွား၏။

ဖောင်း.. ဖောင်း.. ဖောင်း..

သွေးမြူများအဖြစ် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်သွား၏။

အဲ့ဒါက ကောင်းကင်ထက်မှာ ဝမ်းနည်းဆွေးမြည့်စရာ မီးရှူးမီးပန်းများ ဖောက်လိုက်သည့်အလားပင်။

ကြောက်စရာကောင်းလွန်းသည့် အသံလှိုင်းများနှင့် အတွေ့တွင် များစွာသော ရွှေအမြုတေများသည် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကြ၏။

အနည်းငယ်လှမ်းသော ရွှေအမြုတေများသည်လည်း ငူငိုင်နေကြ၏။ သူတို့၏ ဒွါရခုနှစ်ပေါက်မှ သွေးများက စီးကျလာပြီး သူတို့၏ အသက်ဓါတ်က ပြတ်တောက်သွားကြလေပြီ။

တစ်ယောက်ပြီးတစ်ယောက် လေထဲကနေ ပြုတ်ကျလာကြ၏။

မြေပြင်ပေါ်ရှိ မဟာမိတ်စစ်တပ်၏ အခြေအနေက ပိုတောင်ဆိုးသေး၏။

မရေမတွက်နိုင်သော ချီစုဖွဲ့စစ်သည်တော်များနှင့် အခြေတည်အဆင့် ကျင့်ကြံသူများသည် သေသည့်တိုင်အောင် စုတ်ပြတ်သတ်ထွက်ကုန်ကြ၏။

ဟိန်းဟောက်သံများနှင့်အတူ တောကောင်အုပ်ကြီးက မဟာမိတ်စစ်တပ်ထဲသို့ တစ်ပြိုင်နက်တည်း ပစ်ဝင်လာကြပြီး ရူးသွပ်စွာဖြင့် သတ်ဖြတ်မှုကို စတင်ကြလေသည်။

စိတ်ဝိညာဉ်အလင်းများက ကောင်းကင်မှာ ပြည့်နှက်၍ စိတ်ဝိညာဉ်စွမ်းအင်များက တလိပ်လိပ်တက်လာ၏။

အသွေးအသားများက တောအုပ်ထဲမှာ နေရာအနှံ့ ပြန့်ကျဲကုန်၏။

ကျင့်ကြံသူများသည် ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းကြပြီး သားရဲတောကောင်များကို အနားကပ်မခံသင့်ပေ။

ယခုအခါမှာတော့ သားရဲတောကောင်များသည် လူအုပ်ကြီးထဲသို့ အတောမသတ် ဝင်ရောက်လာကြပြီး သူတို့ရှေ့မှာ မြင်မြင်သမျှကို ကုတ်ဖဲ့ကိုက်ခဲလိုက်ကြ၏။ ချီစုဖွဲ့စစ်သည်တော်များနှင့် အခြေတည်အဆင့်ကျင့်ကြံသူများက အဲ့ဒါကို လုံးဝ ခုခံနိုင်ခြင်း မရှိကြပေ။

ဒါ့အပြင် ကန်းလန်ရိုးမထဲမှာ သားရဲတောကောင်ပေါင်းက သန်းဆယ်ချီရှိပြီး အဲ့ဒါက မဟာမိတ်စစ်တပ်၏ အရေအတွက်ထက် အဆအနည်းငယ် ပိုများလေသည်။

ကောင်းကင်ထက်မှာ၊ မြေပြင်ပေါ်မှာ၊ မြေအောက်မှာ...

သားရဲတောကောင်များက နေရာတိုင်းမှာပင်...

မရေမတွက်နိုင်သော သားရဲတောကောင်များ၏ အစုအဝေးက ကြီးမားသည့် အင်အားကြီးတစ်ရပ်ကို ဖြစ်ပေါ်လာစေလေသည်။

ရွှေအမြုတေအဆင့်စိတ်ဝိညာဉ်သားရဲများ၏ ချဉ်းကပ်ခြင်းကို ခံရလျှင် ရွှေအမြုုတေအများစုတောင်မှ သေရလေသည်။

ရွှေအမြုတေနယ်မြေကို ထုတ်ဖော်နိုင်သော ပကတိသက်ရှိအချို့သာလျှင် လေထဲမှာ တောင့်ခံထားနိုင်ကြလေသည်။

သို့သော်လည်း တစ်ကယ်တမ်း မျက်ဖြူဆိုက်စရာက အခုမှ စတင်ရုံသာ ရှိသေးလေသည်။

ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားကနေ ပြန်တက်လာပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်နှင့် ကန်းလန်ရိုးမက မဟာမိတ်စစ်တပ်အတွက် အဆုံးမဲ့ငရဲခန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

All Chapters