← Chapters

လီချန်ချင်း ၏ မေးခွန်းသုံးခု

Vol. 11 Ch. 103

လီချန်ချင်း ၏ မေးခွန်းသုံးခု

Vol. 11 Ch. 103

" ဟွမ်ရှင်း၊ မရိုင်းစမ်းနဲ့ " ယင်ရှုယွီ သည် ဟွမ်ရှင်း ကို မျက်မှောင်ကြုတ်ကာကြည့်လိုက်၏။

" သခင်မလေး ၄ ဒီလူက မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ လုပ်ချင်နေတယ်ဆိုတာ သိသာပါတယ်။ ဒီလို ဘာမဟုတ်တဲ့နေရာလေးတစ်ခုက မိသားစု‌အသေးလေးနဲ့ စကားဆက်ပြောနေလို့ ဘာကောင်းနိုင်မှာလဲ။ ဒီပစ္စည်းက အစကတည်းက သခင်မလေးပိုင်တာပဲလေ။ဒါကို ကျွန်တော်တို့က ကိုယ့်ပစ္စည်းကို ပြန်ယူတာပဲ၊ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ " ဟွမ်ရှင်း က ဒေါသတကြီး အော်ပြောလိုက်လေသည်။

ဟွမ်ရှင်း၏အော်သံကိုကြားတော့ ခြံဝင်းထဲတွင် မှိန်းနေသော ဖေး သည် မျက်လုံးကို အသာအယာဖွင့်ကာ သူ့ကိုကြည့်လိုက်၏။ တိတ်တဆိတ်ဖြင့် ပန်းပင်များ တိဖြတ်နေသော ကျန့်ဖုကွမ်း သည်လည်း အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လာခဲ့၏။သူ့လက်ထဲရှိ ကတ်ကြေးမှာလည်း အရှိန်လျော့ကျသွားတော့သည်။

ဟွမ်ရှင်း ထံမှထွက်ပေါ်နေသည့်အရှိန်အဝါသည် သာမန်လူတစ်ယောက်ကို ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားစေနိုင်သည်။ သို့သော်လည်း လီချန်ချင်းကတော့ အရင်အတိုင်း တည်ငြိမ်နေဆဲပင်ဖြစ်၏။

သူ့အနေဖြင့် ဘယ်လိုသက်ရောက်မှုမျိုးကိုမှ ခံစားရပုံမပေါ်ပေ။ ဟွမ်ရှင်း ၏ အလွန်အား‌ကောင်းသော အရှိန်အဝါသည် အမှန်ပင်အထင်ကြီးစရာကောင်းလှသော်လည်း၊ လီချန်ချင်း သည် လွန်ခဲ့သော ရက်အနည်းငယ်က ရှေးဟောင်းတာအိုတောင်ဂိုဏ်းထဲသို့ စွန့်စွန့်စားစားဝင်‌ရောက်ကာ တောင်ထိပ်သခင်အများအပြားနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး ရှေးဦးပန်းချီသူတော်စင် တစ်ဦးနှင့်တောင်မှ တွေ့ကြုံခဲ့ရသည်။

ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှ အဆင့်မြင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက ဤအရှိန်အဝါသည် မပြောပလောက်တော့ပေ။

လီချန်ချင်းသည် သူ ၏လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံမော့သောက်ကာ ပြောလိုက်၏။ " ကျုပ်ရဲ့ခြံထဲမှာ အိပ်နေတဲ့ကလေးတွေ ရှိတယ်။ သူတို့ အိပ်နေတာကို အနှောင့်အယှက်မဖြစ်ပါ‌စေနဲ့။ မင်းရဲ့ အရှိန်အဝါတွေကို ပြန်ရုတ်သိမ်းလိုက်ပါ"

ထို့နောက် လီချန်ချင်း ၏လက်သည် ညင်သာစွာလှုပ်ရှားသွားပြီးလက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ချလိုက်၏။

ရုတ်တရက်ဆိုသလိုပင် လက်ဖက်ရည်ခွက်၏အောက်မှ စွမ်းအင်လှိုင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီး ဟွမ်းရှင်း ၏ အရှိန်အဝါများကို တိုက်ရိုက်ပင် ဖိနှိပ်ပစ်လိုက်လေသည်။

ဟွမ်းရှင်း သည် သူ၏ အရှိန်အဝါကိုအမြင့်ဆုံး ထုတ်ဖော်ထားသော်လည်း ထိုစွမ်းအင်လှိုင်းလုံးကြီးပေါ်ထွက်လာချိန်တွင် လှိုင်းလုံးကြီး ၏ လွှမ်းမိုးမှုကိုခံလိုက်ရပြီး တိမ်မြှုပ်ပျောက်ကွယ်သွားရတော့သည် ။

တစ်ချိန်တည်းမှာပင်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအနှစ်သာရသည် မလှုပ်သာ မရွေ့သာသော နွံအိုင်ကြီးတစ်ခုအတွင်းတွင် ပိတ်မိသွားသကဲ့သို့ပင်။ ဟွမ်ရှင်း မည်မျှပင် ခက်ခက်ခဲခဲ ရုန်းထွက်နေပါစေ၊ မလွတ်မြောက်နိုင်ပဲရှိနေပေသည်။

ထိုအခိုက်အတန့်တွင် ဟွမ်ရှင်းမှာ သူ့ကိုယ်သူ သာမန်လူတစ်ယောက်ဖြစ်သွားသလို ခံစားချက်မျိုးဖြစ်ပေါ်လာရ၏။ ဒီလိုထိတ်လန့်ဖွယ်အခြေအနေမျိုး သူတစ်ခါမှ မကြုံခဲ့ဖူးပါပေ။

သူ၏မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများက အတိုင်းသာပေါ်နေခဲ့ပေသည်။

"ဟင်?" ယင်ရှုယွီ သည် ဟွမ်ရှင်း ၏ ပြောင်းလဲမှုများကို သတိပြုမိပြီး သူမကိုယ်တိုင်သည်လည်း မယုံကြည်နိုင်ဖြစ်နေခဲ့၏။

သူမရှေ့ရှိ ရည်ရည်မွန်မွန်ရှိသော အသက် သုံးဆယ်ခန့်အရွယ် အမျိုးသားက သူ့ရဲ့လက်ချောင်းလေးတစ်ချက်လှုပ်ရှားလိုက်ရုံမျှဖြင့် ပါရမီရှင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် ဟွမ်ရှင်း ကို အလွယ်တကူတားဆီးနိုင်ခဲ့ခြင်းသည် သူမကို ရုတ်တရက်အံ့အားသင့်သွားစေခဲ့သည်။

သူမ အကဲခတ်မှားခဲ့တာပဲ! ဒီလူက ကျင့်ကြံမှုမရှိတဲ့သာမန်လူတစ်ယောက်မဟုတ်ဘူးပဲ။ သူ့ရဲ့ကျင့်ကြံဆင့်က သူတို့အာရုံခံလို့မရလောက်တဲ့အဆင့်အထိမြင့်မားနေတာပဲဖြစ်လိမ့်မယ်။

ယင်ရှုယွီ သည် အမြန်ထရပ်လိုက်ကာ ခြေတစ်လှမ်းဆုတ်လိုက်ပြီးနောက် လက်သီးကိုဆုပ်ကာတောင်းပန်စကားဆိုလိုက်၏။ "ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ စီနီယာ "

" သခင်မလေး၄! ကျွန်တော်..." ဟွမ်ရှင်း အလွန်ရှက်ရွံ့သွားခဲ့ရ၏။ သူက ယင်ရှုယွီ ကို ကာကွယ်ရန် ရှိနေခြင်းဖြစ်သော်လည်း အခုတော့ သူမက သူ့အတွက် အသနားခံပေးနေရပေသည်။

" ဒီပန်းချီရတနာအကြောင်း ပြောပြပါဦး " လီချန်ချင်း သည် ယင်ရှုယွီ ၏ စကားများကို လျစ်လျူရှုလိုက်ပြီး စားပွဲပေါ်တွင် တင်ထားသည့် ပန်းချီရတနာကိုကြည့်ရင်းဖြင့်မေးလိုက်၏။

ယင်ရှုယွီ လည်း ဓားပျံကိုကြည့်လိုက်ပြီး "ဒီပန်းချီရတနာနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်ကြီးကြီးမားမား မရှိပါဘူး။ ဒီရတနာက ကျွန်မဆရာ ကျွန်မကိုပေးအပ်ခဲ့တဲ့ လက်ဆင့်ကမ်းအမွေအနှစ်တစ်ခုပါ။ ဒါက သူ ပထမဆုံး ရေးဆွဲခဲ့တဲ့ ပန်းချီရတနာလေ "

" ကျွန်မ ကျန့်ဟယ်ဌာန ကိုရောက်ပြီးတဲ့နောက် ဒီပန်းချီရတနာကို ကျွန်မရဲ့ ဆရာတူ မောင်လေး တစ်ယောက်ကို ပြန်ပြီးလက်ဆင့်ကမ်းပေးအပ်ခဲ့တယ် "

" ကံမကောင်းစွာနဲ့ပဲ ၊ မာစန်း‌ထောင် က ကျွန်မရဲ့ ဆရာတူ မောင်လေးကို သတ်ပြီး ဒီပန်းချီရတနာကိုယူဆောင်သွားခဲ့တယ် ။ မာစန်း‌ထောင်ကို ကျွန်မ အချိန်အတော်ကြာအောင် လိုက်ရှာနေခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး "

" ကျွန်မ မြောက်ပိုင်းအေးခဲနိုင်ငံကို တစ်ခေါက်ပြန်သွားခဲ့တဲ့အချိန်မှာတော့ မာစန်း‌ထောင် အသတ်ခံရတယ်ဆိုတဲ့ သတင်းကို ကြားခဲ့ပါတယ်။ ဒါကြောင့် ဒီပန်းချီရတနာကို ပြန်ယူချင်နေခဲ့တာ။ စီနီယာ ၊ ဒီပန်းချီကားက အဖိုးမတန်ပါဘူး၊ သာမန်ပန်းချီရတနာလေးတစ်ခုပါပဲ။ ကျွန်မဆရာ ဒီပန်းချီရတနာကို ရေးဆွဲခဲ့တဲ့အချိန်က၊ သူက အဆင့်မြင့် ပန်းချီဆရာတစ်‌ယောက်ပဲဖြစ်ပါ‌သေးတယ်။ ဒါပေမယ့်လည်း ကျွန်မအတွက်ကတော့၊ ဒီပန်းချီရတနာက သိပ်ကို အရေးပါတဲ့အရာတစ်ခုပါပဲ "

" ကျွန်မ ပြောသမျှစကားတိုင်းကအမှန်ပါပဲ၊ ဖုံးကွယ်ထားတာဘာမှမရှိပါဘူး " ယင်ရှုယွီ သည် လီချန်ချင်း ကို ရိုးရိုးသားသားပင် ပြောလာခဲ့သည်။

" ဒီလိုဆိုရင်တော့ ဒီပန်းချီရတနာကို ငါ မင်းဆီ ပြန်ပေးနိုင်ပါတယ် " လီချန်ချင်း အနေဖြင့် ယင်ရှုယွီ အမှန်အတိုင်းပြောနေသည်ဟု ယုံကြည်ပေသည်။ ထိပ်သီးအဆင့်များမှ ပန်းချီကျွမ်းကျင်ပညာရှင်များဖန်တီးထားသည့် ပန်းချီရတနာများ၏ စွမ်းအားသည် ကွဲပြားပေသည်။

ဒီပန်းချီရတနာတွင် အတော်အသင့် အစွမ်းရှိသော်လည်း၊ ပန်းချီသူတော်စင် တစ်ဦး ဖန်တီးထားသည့် ပန်းချီရတနာများနှင့်တော့ ယှဉ်လို့မရပေ။

" ငါ မင်းကို ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ လွယ်မှာ မဟုတ်ဘူးနော် " လီချန်ချင်းသည် ဟွမ်ရှင်းကို အေးစက်စွာဖြင့် ကြည့်ကာပြောလိုက်ပြီးနောက်၊ သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ဟွမ်ရှင်းကို လေအေးတစ်ချက် ခပ်ပြင်းပြင်း ဖြတ်သန်းတိုက်ခတ်သွားသောကြောင့် ဟွမ်ရှင်း ခြေနှစ်လှမ်းလောက် နောက်ဆုတ်သွားခဲ့ရပေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်အနှစ်သာရကို ပြန်လည်ခံစားလို့ရသွားခဲ့၏။

" စီနီယာ ရဲ့ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်စကားမဆိုသေးဘူးလား " ယင်ရှုယွီ သည် ဟွမ်ရှင်း ကို ကြိမ်းမောင်းလိုက်၏။

" စီနီယာရဲ့ သနားကြင်နာမှုကို ကျေးဇူးတင်ပါတယ် " ဟွမ်ရှင်း အလျင်အမြန်ပြောလာခဲ့၏။ သူ လီချန်ချင်းကို ဂရုတစိုက် ကြည့်နေခဲ့ပြီး ဒီလူရဲ့စွမ်းအား‌တွေတွေတွေက မခန့်မှန်းနိုင်လောက်အောင်ကြီးမားနေသည်ကိုနားလည်သွားတော့သည်။

" ဒီပန်းချီရတနာကို မင်းဆီ ငါပြန်ပေးပါ့မယ် " လီချန်ချင်းသည် က ယင်ရှုယွီ ကို ကြည့်ကာ‌ပြောလိုက်၏။

" စီနီယာ၊ စီနီယာအလိုရှိတာကို ပြောပါ။ ကျွန်မတတ်နိုင်သရွေ့ အစွမ်းကုန်လုပ်‌ပေးပါ့မယ် " ယခုအချိန်တွင် ယင်ရှုယွီ ၏ သဘောထားသည် အလွန်ကျိုးနွံနေခဲ့ပေသည်။

" ငါ ပန်းချီဆရာတွေနဲ့ပတ်သတ်ပြီး သိချင်တာတွေရှိတယ်။ မင်း ပြောပြနိုင်မယ်လို့ထင်ပါတယ်" လီချန်ချင်း ဆက်ပြောလိုက်၏။

" ငါ့ရဲ့သံသယတစ်ချို့ကိုဖြေရှင်းဖို့ကူညီပေးပါ၊ ပြီးရင် ပန်းချီရတနာကို မင်းဆီပြန်ပေးပါ့မယ် " ယင်ရှုယွီ တစ်ခဏလောက် အံ့အား‌သင့်သွားခဲ့၏။ ဒါပဲလား? လီချန်ချင်း သည် ဒီပန်းချီရတနာကသူမအတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိပြီးဖြစ်၍ မတန်တဆ တောင်းဆိုလာလိမ့်မည်ဟု သူမထင်ထားခဲ့သောကြောင့် သူမ၏ ခန္ဓာကိုယ်ကိုပင် ပေးအပ်ရန်အတွက် သူမ၏စိတ်ကိုပင် ပြင်ဆင်ထားခဲ့သည်။

ဒီလူက ပန်းချီဆရာတွေအကြောင်းကိုပဲ မေးချင်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

"ကောင်းပါပြီ " ယင်ရှုယွီ သည် ပြန်ထိုင်ပြီးပြောလိုက်၏။ " ကျွန်မက အလယ်အလတ်အဆင့် ပန်းချီဆရာလေးတစ်ယောက်ဆိုတော့၊ ကျွန်မ မသိသေးတာတွေ အများကြီးပဲရှိနိုင်ပါတယ်။ ဒါပေမယ့် စီနီယာရဲ့မေးခွန်းတွေကို အတတ်နိုင်ဆုံးကြိုးစားပြီးတော့ဖြေမှာပါ။ ကျွန်မ မသိတာရှိရင်လည်း ကျွန်မရဲ့ဆရာ့ဆီ စာရေးပြီးမေးပေးပါ့မယ်"

"ကောင်းပြီ"

" ပထမဆုံးမေးချင်တာက ပန်းချီဆရာ အဆင့်ငါးဆင့်ရှိတယ်ဆို?။ အဲ့ဒါတွေက အငယ်တန်း ပန်းချီဆရာ၊ အလယ်အလတ်အဆင့် ပန်းချီဆရာ၊ အဆင့်မြင့် ပန်းချီဆရာ၊ ပန်းချီသူတော်စင်နဲ့ ဒဏ္ဍာရီလာ ပန်းချီအင်မော်တယ် တွေဟုတ်ရဲ့လား?"

" အတိအကျတော့ မဟုတ်ပါဘူး " ယင်ရှုယွီသည် ခေါင်းကိုခါယမ်းလိုက်ပြီး ရှင်းပြလာခဲ့၏။ "ပထမသုံးဆင့်ကတော့ မှန်ပါတယ်။ ဒီသုံးဆင့်က ပန်းချီဆရာတစ်ယောက်ရဲ့ ကျင့်ကြံမှုအစပါ။ စတုတ္ထအဆင့်က ပန်းချီသူတော်စင်အဆင့်ဟုတ်ပါတယ်"

" ဒါပေမယ့် ပန်းချီသူတော်စင်အဆင့်က အရင်သုံးဆင့်နဲ့မတူပဲ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ ပန်းချီဆရာ ၉၉ရာခိုင်နှုန်းလောက်က အဆင့်မြင့် ပန်းချီဆရာအဆင့်ကိုရောက်ပြီးရင်၊ ပန်းချီသူတော်စင်အဆင့်ကို တက်လှမ်းဖို့အတွက် သူတို့ရဲ့ နတ်ဘုရားဝိညာဉ်ကို တိုးတက်အောင်မလုပ်နိုင်ကြတော့ဘူး "

" ကျွန်မရဲ့ဆရာပြောဖူးတာတော့ ပန်းချီသူတော်စင်အဆင့်ကိုရောက်ဖို့အတွက် နားလည်သဘောပေါက်မှုတွေအများကြီး လိုအပ်တယ်တဲ့။ ကမ္ဘာလောကကြီးတစ်ခုလုံး ကိုလည်းနားလည်ရမယ်၊ စကြာဝဠာကြီးတစ်ခုလုံးကိုလည်းနားလည်ရမယ်။ ပန်းချီသူတော်စင်အဆင့်ကိုရောက်ရင်တောင် အမျိုးမျိုးသော အဆင့်တွေကိုရင်ဆိုင်ရအုံးမှာတဲ့ "

" သူတော်စင်အဆင့်တွေကို ဘယ်လိုခွဲခြားထားလဲဆိုတာတော့ ကျွန်မ မသိဘူး။ ပန်းချီသူတော်စင်အဆင့်တွေကြားမှာ သိသာထင်ရှားတဲ့ ကွာခြားချက်တွေရှိတယ်ဆိုတာတော့ ကျွန်မသိတယ် "

" ရှင်ပြောတဲ့ ပန်းချီအင်မော်တယ်အဆင့်က အဆင့်တစ်ခုလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ ခေတ်တစ်ခေတ်ရဲ့ စွမ်းအားအကြီးဆုံး ပန်းချီသူတော်စင် တစ်ပါးကို ပန်းချီအင်မော်တယ်လို့ ခေါ်ကြတာပါ"

" ဒါကြောင့် ပန်းချီအင်မော်တယ်ဆိုတာ အဆင့်တစ်ခု မဟုတ်ဘဲ ဘွဲ့တစ်ခု၊ ဂုဏ်ပုဒ်တစ်ခုပါ " လီချန်ချင်း ခေါင်းညိတ်လိုက်သည်။ ဒီလိုအဆင့်သတ်မှတ်ချက်အတိုင်းသာဆိုလျှင်၊ သူရဲ့ စွမ်းအားက ပန်းချီသူတော်စင်အဆင့်တွင် ရှိနေပေလိမ့်မည်။

သို့သော် ပန်းချီသူတော်စင်အဆင့်များကြားတွင်တော့ မည်သည့်အဆင့်တွင်ရှိနေမည်ကို သူကိုယ်တိုင် မသိနိုင်ပေ။

" ငါ့ရဲ့နတ်ဘုရားဝိညာဉ်အဆင့်ကို စမ်းသပ်ချင်ရင် ငါဘယ်ကိုသွားရမလဲ" လီချန်ချင်းသည် သူ၏ ဒုတိယမေးခွန်းကို မေးလိုက်၏။

" နတ်ဘုရားဝိညာဉ်အဆင့်ကိုစမ်းသပ်မယ်?" ယင်ရှုယွီ ဇဝေဇဝါဖြင့် မေးမြန်းလိုက်လေသည်။ " ရှင်ဒါကို စမ်းသပ်ဖို့ မလိုဘူးလေ။ ရှင့်ရဲ့ နတ်ဘုရားဝိညာဉ် ကျင့်ကြံဆင့်က ဘယ်အဆင့်ရောက်နေပြီ ဆိုတာကို ရှင်ကိုယ်တိုင် သိမှာပဲလေ "

ပြဿနာက ငါသိမနေတာပဲ။

လီချန်ချင်း ခါးသက်သက် ပြုံးလိုက်၏။

သူ ကမ္ဘာကူးပြောင်းကာ ဖြတ်ကျော်လာကတည်းက သူ၏နတ်ဘုရားစိတ်ဝိဉာဉ်က ထိုကဲ့သို့ ဖြစ်နေပြီးသားပင်။

"ရှင် မဖြစ်မနေ စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့၊ ထျန်းဟိုင် မှာ လုပ်နိုင်တယ်လို့ ကျွန်မကြားဖူးတယ်" ယင်ရှုယွီ ခဏလောက်စဉ်းစားလိုက်ပြီး "စန်းယွမ်နယ်မြေသခင်ပဲ ရှင့်ကို ကူညီနိုင်လိမ့်မယ် "

"စန်းယွမ်နယ်မြေသခင်?" ဘယ်လိုအကြောင်းကြောင့်မသိပေမယ့် လီချန်ချင်း ထိုနာမည်ကို ကြားလိုက်ရသည်နှင့် အနည်းငယ် စိုးရိမ်ထိတ်လန့်သွားခဲ့သည်။ စန်းယွမ်နယ်မြေသခင်ကို သူမသိသော်လည်း အခြားလူများက သူ့ကို ပြောကြသည်ကို ကြားလိုက်သည့်အချိန်တိုင်း သူ၏ ပင်ကိုအသိစိတ်ထဲကပင် မနှစ်မြို့ဖွယ်ခံစားချက်တစ်ခုကို အမြဲခံစားနေရပေသည်။

" နောက်ထပ်အရေးကြီးတဲ့မေးခွန်းတစ်ခုရှိသေးတယ် " လီချန်ချင်း သူအသိချင်ဆုံးမေးခွန်းတစ်ခုရှိပေသည်။

" မေးပါ စီနီယာ "

" ပန်းချီရတနာတစ်ခုကို ဘယ်လိုဖန်တီးနိုင်သလဲ " လီချန်ချင်း ဒီ‌မေးခွန်းအဖြေကို တကယ်ပဲသိချင်မိသည်။ သူ့ရဲ့ ပန်းပုထုခြင်းက ပန်းချီဆွဲတာနဲ့ လမ်းကြောင်းတူနိုင်တယ်။

ပန်းချီကားတစ်ချပ်က ပန်းချီရတနာ ဘယ်လိုဖြစ်လာသလဲဆိုတာကို သူနားမလည်ပေ။ သူ၏သစ်သားပန်းပုများထဲမှအချို့သည်ပင် သာမန်သစ်သားပန်းပုများဖြစ်သော်လည်းပန်းချီရတနာတစ်ခုကဲ့သို့သော စွမ်းအားများရှိ‌နေပေသည်။ဉပမာပြောရလျှင် သူထွင်းထု

ခဲ့သည့် မြေကမ္ဘာစောင့်‌ဗောဓိသတ္တ ရုပ်ထု ဖြစ်၏။ထိုရုပ်ထုသည် တစ္ဆေစွမ်းအင်ကို တိုက်ရိုက်ဖိနှိပ်ထားနိုင်ခဲ့သည်။

သစ်စားပန်းပုနှင့်ပန်းချီများအကြား က ကွာချက်များနှင့် ပတ်သက်၍ သူ ရှင်းရှင်းလင်းလင်း မသိပေ။ တစ်ယောက်ယောက်ကိုရှာမေးဖို့ကလည်း မလွယ်တဲ့အတွက် ကြုံတုန်း ယင်ရှုယွီ ကိုသာ မေးကြည့်ရပေမည်။

လီချန်ချင်း၏ မေးခွန်းကိုကြားတော့ ယင်ရှုယွီ လည်းခဏလောက်စဉ်းစားလိုက်ပြီး "ကျွန်မမှာလည်း အတွေ့အကြုံမရှိတော့၊ ဒါကို ဖြေဖို့မလွယ်ပါဘူး၊ ဒါပေမယ့် ကျွန်မဆရာပြောပြတာကိုတော့ ကြားဖူးပါတယ်။ သူပြောပြတာကို အခြေခံပြီးတော့ပဲ ဖြေရမှာပါ "

" ဆက်ပြောပါ " လီချန်ချင်း ဂရုတစိုက်နားထောင်နေခဲ့၏။ ယင်ရှုယွီ သိထားတာ ဘယ်လောက်လေးပဲဖြစ်ပါစေ အဲဒါက သူ့အတွက် တန်ဖိုးရှိပေသည်။

"ပထမဆုံးလိုအပ်တာက ပါဝင်ပစ္စည်းတွေပါ "

"ပန်းချီဆွဲတဲ့နေရာမှာ ပစ္စည်းတွေက သိပ်ကိုအရေးကြီးပါတယ်။ စိတ်ဝိညာဉ်ရှိတဲ့ ပစ္စည်းတွေကို သုံးတာက အကောင်းဆုံးပါပဲ။ ပန်းချီဆွဲဖို့ စုတ်တံ၊ မှင်နဲ့ စက္ကူ ဆိုတဲ့ပစ္စည်းသုံးမျိုးလိုအပ်ပါတယ်။ ပစ္စည်းအရည်အ‌သွေးကောင်းလေ၊ ပန်းချီရတနာဖန်တီးဖို့ ဖြစ်နိုင်ခြေပိုများလေပါပဲ " လီချန်ချင်း ၏ မျက်လုံးများ တောက်ပလာခဲ့၏။ ပစ္စည်းတွေနဲ့ သက်ဆိုင်တယ်ပေါ့လေ!

မူလကိုယ်က ပန်းချီဆွဲဖို့ ပိုက်ဆံအများကြီးသုံးဖြုံးခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေက ဈေးအလွန်ကြီးသောကြောင့်ပင်။ မူလကိုယ်အသုံးပြုခဲ့တဲ့ စက္ကူဈေးဘယ်‌လောက်ကြီးမြင့်တယ်ဆိုတာကို သူမှတ်မိနေသေးသည်။

" ဒါ‌တွေအပြင်၊ ပန်းချီရတနာတစ်ခုဖန်တီးဖို့အတွက်၊ ကျွမ်းကျင်တဲ့ပန်းချီပညာနဲ့ မြင့်မားတဲ့နတ်ဘုရားဝိညာဉ်အဆင့်တစ်ခုရှိနေဖို့လည်း လိုအပ်ပါတယ် " ယင်ရှုယွီ ဆက်ပြောလာခဲ့၏။ "အနည်းဆုံးတော့ အဆင့်မြင့်ပန်းချီဆရာတစ်ယောက်က ပန်းချီရတနာဖန်တီးဖို့ ဖြစ်နိုင်ချေရှိပါတယ်" လီချန်ချင်း ခေါင်းညိတ်ပြလိုက်၏။ သူ ဒါကို နားလည်ပေသည်။

" ကျွန်မရဲ့ဆရာ ပြောခဲ့တာတော့၊ ပန်းချီရတနာ အမျိုးအစား နှစ်မျိုးရှိတယ်တဲ့။ ပါရမီရှင်အဆင့်ပန်းချီရတနာ နဲ့ ဉာဏ်အလင်းပန်းချီရတနာ လို့ခေါ်ပါတယ်" ယင်ရှုယွီ ၏စကားကိုကြားတော့ လီချန်ချင်း စိတ်ဝင်စားသွားခဲ့၏။ ဒါကို သူအရင်က မကြားဖူးပေ။

" မူလအဆင့် ပန်းချီရတနာတွေဖန်တီးဖို့က ပန်းချီဆရာတစ်ယောက်အတွက်တော့ လိုအပ်ချက်တွေကသိပ်ကို ကြီးမားတဲ့အတွက်ကြောင့် မူလအဆင့် ပန်းချီရတနာတွေဟာ သိပ်ကိုရှားပါးပါတယ်။ ကံနဲ့လဲဆိုင်တာပေါ့လေ။ ဘာကြောင့်လဲဆိုတော့အောင်မြင်နိုင်ခြေကလည်း သိပ်မရှိလို့ပါပဲ "

" ဉာဏ်အလင်းပန်းချီရတနာ အများစုကတော့ လူတစ်ယောက်ရဲ့ ပန်းချီကားတစ်ချပ်အပေါ် နားလည်မှုဟာ အလွန်မြင့်မားတဲ့ အဆင့်တစ်ခုအထိ ရောက်ရှိသွားခဲ့ရင် အဲ့ဒီပန်းချီကို ရတနာအဖြစ် ပြောင်းလဲလိုက်ပြီး ဖန်တီးထားတဲ့ ပန်းချီရတနာတွေပါ "

" ဉာဏ်အလင်းပန်းချီရတနာ နောက်တစ်မျိုးကတော့ ပန်းချီကားတစ်ချပ်ကို ဝိညာဉ်စွမ်းအားဖြင့် ပြုစုပျိုးထောင်ထားပြီး ပန်းချီကားဟာကိုယ်ပိုင်အသိဉာဏ်ရလာတဲ့အချိန်မှာ ပန်းချီရတနာတစ်ခုဖြစ်လာတာပါ။ ဒီအခြေအနေက အတော်လေးအဖြစ်များပါတယ် "

" အံ့သြစရာပဲ " လီချန်ချင်း၏ အကြည့်များ တောက်ပနေခဲ့၏။

" ပန်းချီဆရာတစ်ယောက်ဟာ ပန်းချီရတနာတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် သူ့အတွက်လိုအပ်ချက်တွေက သိပ်ကိုမြင့်မားပါတယ်။ ပထမဆုံးအနေနဲ့၊ သူ့ရဲ့ နတ်ဘုရားဝိညာဥ်အဆင့်က မြင့်မားနေရမယ်။ တိကျတဲ့ အဆင့်မြင့်တစ်ခုမှာရှိနေမှရပါမယ်။ ဒါနဲ့ ပတ်သက်ပြီးကျွန်မရဲ့ဆရာတောင်မှ အဲ့လိုအဆင့်တစ်ခုကိုမရောက်နိုင်သေးဖူးထင်တယ် "

" ပန်းချီဆရာတစ်ယောက်ဟာ ပန်းချီရတနာကို ဖန်တီးဖို့ ကြိုးစားတဲ့အခါ သူရဲ့ နှလုံးသားတစ်ခုလုံးကို ပန်းချီဆွဲခြင်းအပေါ်မှာပဲ မြှုပ်နှံထားမှရလိမ့်မယ်။ စိတ်နှစ်ပြီး ခိုင်မာတဲ့ ဦးတည်ချက်တစ်ခုထားမှသာ ပန်းချီရတနာကို ပုံဖော်နိုင်မှာပဲဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက်ဆိုရင် ပန်းချီရတနာရဲ့ အရည်အသွေးတွေကို သေသေချာနားလည်သဘောထားမှပဲရမှာပါ။ "

All Chapters