ပန်းပုထုရတာ အခက်အခဲတွေ့နေတဲ့ လီချန်ချင်း
Vol. 11 Ch. 105
"ငါတို့ ဆိုင်က လူကိုရိုက်တာ မင်းလား" ယန်ပါးထောင်သည် အခုလေးတင် ရိုက်နှက်ခံထားရသည့် လူငယ်လေးအားကြည့်ခဲ့သည်။ လူငယ်လေး၏ မျက်နှာက ရောင်ကိုင်းနေပြီဖြစ်သည်။ သူ စွန်းမိသားစုမှာတုန်းက အခုလိုမျိုး အရှက်တကွဲဖြစ်ခဲ့တာ ဘယ်တုန်းကလဲ။
သူသည် ဤနေရာ၌ ပြောင်းလဲမှုတစ်ခုလုပ်နိုင်မည်ဟုထင်ကာ ဤအခွင့်အရေးအတွက် တိုက်ခိုက်ခဲ့သည့် စွန်းမိသားစုမှ အကြီးအကဲတစ်ယောက်၏ မြေးဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် သူ၏ ဒုတိယမြောက်နေ့၌ အရိုက်ခံရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
ထိုအခိုက်အတန့်တွင် သူသည် ယန်ပါးထောင်မှ သူ့အတွက်ရပ်တည်ပေးနိုင်ရန် မျှော်လင့်ရင်း မတရားခံရသည့် အမူအရာဖြင့် ယန်ပါးထောင်အား ကြည့်နေခဲ့သည်။
" ခင်ဗျား ဘာပြောလိုက်တာလဲ" ဟိုဝူသည် ယန်ပါးထောင်၏ မေးခွန်းကြောင့် အတော်လေး အံ့အားသင့်သွားခဲ့သည်။ ယန်ပါးထောင်က သူ့ကို ဒီလူကို ရိုက်တဲ့သူလားလို့ မေးနေတာလား။
" ဟုတ်တယ် ကျုပ်သူ့ကို ရိုက်ခဲ့တာ"
" ဒီမှာရှိတဲ့ လူတိုင်း တွေ့တယ်" ဟိုဝူသည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ပြီး ပြောခဲ့သည်။ " ငါမမှားမပါဘူး။ ငါဟုတ်တယ်မလား။ ငါ သူကိုရိုက်တာ မင်းတို့အကုန်လုံးတွေ့ပါတယ်" သူ့အနားရှိလူအုပ်ကြီးသည် ဘာမှ မပြောနိုင်လောက်အောင် အရမ်းရက်ရွံ့နေခဲ့ကြသည်။
"ဟုတ်တယ် ။ ကျုပ်တို့ အကိုဝူက သူ့ကိုရိုက်ခဲ့တာ။ ကျုပ်တို့အားလုံး သက်သေခံနိုင်တယ်" သူ့နောက်မှ နောက်လိုက်များသည်လည်း ရယ်မောနေကြပြီး ဟာသလုပ်နေကြကာ ယန်ပါးထောင်နှင့် သူ၏ အဖွဲ့အား လုံးဝဂရုမစိုက်ကြချေ။
ဤသို့ပြောပြီးနောက်တွင် ဟိုဝူသည် လှည့်လာပြီး ယန်ပါးထောင်အား စောင်းကြည့်ကာ " ခင်ဗျားတွေ့လား ဒီလောက်လူအများကြီးက ကျုပ်သူ့ကို ရိုက်ခဲ့တာကို သက်သေခံနိုင်တယ်။ ဒါဆိုရင်ရော ။ ကိစ္စကြီးဖြစ်ပြီလား"
" အမှန်အတိုင်းပြောရရင် ဒီနေ့ ကျုပ် စိတ်အခြေအနေကောင်းနေတာကြောင့် သူ့ကို ရိုက်ရုံပဲရိုက်ခဲ့တာ။ တကယ်လို့ တခြားနေ့တွေမှာဆိုရင် သူအသက်ရှုနေနိုင်ဦးမလားဆိုတာ ငါမသိဘူး" ထိုသို့ပြောပြီးနောက် သူသည် သူ့အားကြည့်နေဆဲဖြစ်သည့် စွန်းမိသားစုမှ လူငယ်လေးအားတွေ့ပြီး လှောင်ခဲ့သည်။
"ဘာလဲ ၊ ကောင်စုတ်လေး ၊ မင်းရဲ့ မျက်လုံးတွေကို ထပ်မလိုချင်တော့ဘူးလား။ ငါ့ကို မင်းအတွက် ဖောက်ထုတ်ပေးစေချင်လား" စွန်းမိသားစုမှ လူငယ်လေးသည် ဖြူဖျော့သွားခဲ့ပြီး လျင်မြန်စွာ အကြည့်လွဲခဲ့သည်။
ဟိုဝူအားသိသည့်သူများက သူ၏ စကားများအားယုံကြည်ပေသည်။ ဟိုဝူအား စိတ်အနှောက်အယှက်ဖြစ်စေပြီး သူ့ကြောင့် သေခြင်းတရားဖြင့် အဆုံးသတ်သွားသည့်လူများ အတော်များပေသည်။
ဟိုဝူကြောင့် ဒုက္ခရောက်ခဲ့ရသည့် လူများလည်း များစွာရှိပေသည်။ ဟိုဝူသည် ဟိုင်မိသားစုအား ကျောထောက်နောက်ခံထားကာ သူတို့အတွက် အလုပ်လုပ်နေသည်ကို လူအတော်များများသိကြပေသည်။
သို့သော်လည်း ဤသည်သာမက အတွင်းသတင်းများအရ ဟိုဝူသည် ဟိုက်တုံရှန့်၏ တူတစ်ယောက် ဖြစ်သည်ကို သိထားသည့်လူအများအပြားရှိပေသည်။
သာမန်နေ့ရက်များ၌ သူသည် မာနကြီးပြီး ဗိုလ်ကျသော်လည်း ဟိုင်တုံရှန့်မှ သူ့အားပေးအပ်သည့် တာဝန်များကို ကိုင်တွယ်နိုင်သောကြောင့် ဟိုင်တုံရှန့်သည် သူ၏ တူအား ကောင်းကောင်းဂရုစိုက်ပေသည်။
သူသည် အပြင်၌ လူအများအား မကျေမနပ်ဖြစ်စေသော်လည်း ဟိုင်မိသားစု၏ မျက်နှာကြောင့် ဘယ်သူကမှ ဘာမှ မပြောဝံ့ကြချေ။ သူတို့က သည်းခံကြရန်သာ တတ်နိုင်ပေသည်။
ဤသည်က ဟိုဝူအား ပို၍ ပို၍ မာနကြီးကာ ဥပဒေမဲ့လာစေခဲ့သည်။ အရင်မွေးလာတော့ရော ဘာဖြစ်လဲ။ ဟိုင် မိသားစုကို အနှောက်အယှက်ပေးဝံ့လို့လား။
ကျုပ်ယောက်ဖ ဟိုင်တုံရှန့် ကို စော်ကားရဲလို့လား။ ဤသည်က ဟိုဝူ၏ ယုံကြည်မှုပင် ! သို့သော်လည်း ဟိုဝူသည် ယန်ပါးထောင်အား ဂုဏ်ယူစွာဖြင့် ကြည့်နေရင်း သူက ယန်ပါးထောင်အား အစွမ်းပြစေသည်ဟု တွေးနေခိုက်တွင် ယန်ပါးထောင်သည် ရုတ်တရက် ဟိုဝူ၏ ဒူးအား ချက်ချင်း ကန်ပစ်ခဲ့သည်။
ပြတ်သားသည့် အက်ကွဲသံနှင့်အတူ ဟိုဝူ၏ ခြေထောက်သည် ယန်ပါးထောင်ကြောင့် တစ်ခါတည်း ကျိုးသွားခဲ့ပြီး ဟိုဝူ၏ ခြေထောက်က အနောက်သို့ ကွေးသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
"အား!" ဟိုဝူသည် မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာအော်ဟစ်နေခဲ့သည်။ သူ၏ သွေးကြောများက ဖောင်းကားလာကာ ဟိုဝူသည် အရမ်းနာကျင်နေခဲ့ပြီး သူ၏ အဝတ်အစားများသည် တစ်ခဏချင်းပင် ချွေးများဖြင့် ရွဲနစ်လာခဲ့သည်။ ဟိုဝူသည် ယခုလေးတင်ဖြစ်ပျက်ခဲ့သည်များကို မယုံကြည်နိုင်ခဲ့ပေ။
ဟိုဝူသည် ယန်ပါးထောင်က သူ့အားရိုက်ရဲလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
"အစ်ကို ဝူ!" ဟိုဝူ၏ နောက်လိုက်များသည်လည်း မင်သက်နေခဲ့ကြသည်။ ဟိုဝူ၏ ခြေထောက်ကိုတွေ့ပြီး သူတို့၏ ခြေထောက်များပင် မလှုပ်ရှားနိုင်ဖြစ်သွားသည်ဟု ခံစားခဲ့ရသည်။
ဘာတွေဖြစ်နေတာလဲ။ သူတို့သည် အရင်က ဤကဲ့သို့ ဘယ်တုန်းကမှ မကြုံဖူးခဲ့ကြပေ။ အရင်တုန်းက သူတို့က လူတွေကို အနိုင်ကျင့်တဲ့အခါမှာ ဘယ်သူက ပြန်တိုက်ခိုက်ရဲမှာလဲ။
" ရှူး !" ပြဿနာဖြစ်ရာနေရာရှိ အခြားဈေးဝယ်သူများသည်လည်း အသက်ပြင်းပြင်းရှူကာ ယန်ပါးထောင်အား ထိတ်လန့်သည့်မျက်နှာများဖြင့် ကြည့်နေခဲ့ကြသည်။ ယန်ပါးထောင်က တကယ်ကို ဟိုင်မိသားစုက လူတစ်ယောက်ကို ရိုက်ရဲတာပဲ!
လုကျင်းမြို့မှာ မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်းက ဘာလဲဆိုတာ သူ မသိဘူးလား။
"ခင်ဗျား ကျုပ်ခြေထောက်ကို ချိုးရဲတယ်!" ဟိုဝူသည် ရက်စက်ကြမ်းကြုတ်သည့် အကြည့်ဖြင့် ကြိမ်းဝါးခဲ့သည်။ "ကျုပ်ဘယ်သူလဲဆိုတာ သိလား။ ကျုပ်နောက်မှာရှိတဲ့လူက ဘယ်သူလဲ သိလား။ ကျုပ်ပြောမယ်။ ခင်ဗျား သေပြီးတော့ ခင်ဗျားရဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကလည်း ဆက်ပြီးတော့ ရပ်တည်နိုင်မှာမဟုတ်ဘူး!"
"မင်းရဲ့ နောက်ကလူက ဘယ်သူပဲ ဖြစ်ဖြစ်" ယန်ပါးထောင်သည် ဟိုဝူအား စိတ်မဝင်စားစွာကြည့်ခဲ့ပြီး "ဒါပေမယ့် ငါ့ရဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထဲမှာ င့ါရဲ့ လုပ်ငန်းကို ထိခိုက်စေတဲ့သူကို ခြေထောက်တစ်ချောင်းချိုးတာက ညှာတာထားတာပဲ။ တကယ်လို့ ချန်ထင်မြို့မှာသာဆိုရင် မင်းလိုလူက လမ်းပေါ်ကိုပစ်ထုတ်ပြီး ခွေးကျွေးခံရလိမ့်မယ်"
" ခင်ဗျားက စောက်သေခြင်းတရားကို ရှာဖွေနေတာပဲ!" ဟိုဝူသည် သူ၏ခြေထောက်အား ဖုံးကာ သူ၏ မျက်လုံးများက လူသတ်ချင်စိတ်ဖြင့် ပြူးကျယ်လာခဲ့ပြီး "ကျုပ်အခုပြောမယ်။ ကျုပ်ရဲ့နောက်ကွယ်က ဟိုင်မိသားစုပဲ။ ပြီးတော့ ကျုပ်ရဲ့ ယောက်ဖက ဟိုင်တုံရှန့်ပဲ! ခင်ဗျားက စောက်ကန်းပဲ။ ကျုပ်ပြန်လာတာကိုစောင့်နေ။ ခင်ဗျားတို့ ယန်မိသားစုတစ်ခုလုံးကို သတ်ဖို့ လူတစ်ယောက်ခေါ်လာခဲ့မယ်။ ဘယ်သူ့ကိုမှ အသက်ရှင်ရက်ချန်ထားမှာမဟုတ်ဘူး။ ခင်ဗျားတို့လုပ်ငန်းထဲက လူတွေအားလုံး သေရမယ်!"
" ခွေးက ဟောင်နေသေးတာက ကောင်းကောင်းအရိုက်မခံရသေးလို့ပဲ" ယန်ပါးထောင်၏ မျက်လုံးများက နက်မှောင်လာခဲ့သည်။ "ခွပ်!" ယန်ပါးထောင်သည် ရှေ့သို့တိုးလာကာ ဟိုဝူ၏ တခြားခြေထောက်တစ်ဖက်ကို နင်းချေခဲ့သည်။ ဟိုဝူ၏ အရိုးများသည် ယန်ပါးထောင်၏ ခြေဖဝါးအောက်၌ ဘီစကစ်များကဲ့သို့ ကျိုးပဲ့လွယ်နေခဲ့သည်။
ထိုအသံကို ကြားပြီး ရှိနေသည့်လူတိုင်းသည် ကျောချမ်းသွားခဲ့သည်။ဤယန်ပါးထောင်က အညှာအတာကင်းသည့် စရိုက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
သူ့ရဲ့ လှုပ်ရှားမှုတွေ အိုး မဟုတ်သေးဘူး သူ့ရဲ့ ကန်ချက်တွေက တကယ်ကို လူမဆန်ပေ။ ပြီးတော့ ဟိုဝူရဲ့ နောက်ကွယ် က ဟိုင်မိသားစုဆိုတာကို သိရက်နဲ့ ဒီလိုအညှာအတာကင်းမဲ့နေတုန်းပဲ။
သူက တကယ်ပဲ ဟိုင်မိသားစုကို မကြောက်တာဖြစ်နိုင်လား။ သူက တစ်ခုခုကို မှီခိုနေတာလား ဒါမှမဟုတ်ရင် သူက အကြောက်အလန့်ကင်းတဲ့ ကျွဲပေါက်တစ်ကောင်ပဲလား။
" အား မင်းအဘိုးကို -ိုးလိုက်!" ဟိုဝူသည် နာကျင်စွာအော်ဟစ်နေခဲ့သည်။ သူသည် သူ၏ပါးသိုင်းမွှေးများအားဆွဲကာ မြေပြင်ပေါ်တွင် ပုစွန်တစ်ကောင်ကဲ့သို့ လူးလိမ့်နေပေသည်။ နာကျင်မှုက သူ၏ ခန္ဓာကိုယ်တစ်လျောက်ပျံနှံ့နေကာ သူအား တဆတ်ဆတ်တုန်နေစေခဲ့ပြီး သူ၏ မျက်နှာက သိုးတစ်ကောင်ကဲ့သို့ ဖြူဖျော့လာခဲ့သည်။
ဟိုဝူသည် ဟိုင်မိသားစုနှင့် သူ၏ယောက်ဖ အား ထုတ်ပြောပြီးသည့်နောက်တွင် နောက်ထပ်ကန်ခံရမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
သူသည် အရင်က ဤကဲ့သို့ တစ်ခါမှ မကြုံဖူးခဲ့ပေ။
" အခု နာကျင်မှုဆိုတာ ဘာလဲသိပြီလား" ယန်ပါးထောင်သည် အေးစက်စွာပြောခဲ့သည်။ " တကယ်လို့ မင်းမနာကျင်ရသေးဘူးဆိုရင် မင်းရဲ့ တတိယခြေထောက်ကို ချိုးပေးဖို့လည်း စိတ်မရှိပါဘူး"
" မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့။ ကျုပ်မှားပါတယ်။ ကျုပ်မှားပါတယ် သူဌေး။ အားလုံးက ကျုပ်အပြစ်ပါ။ ကျုပ်ထွက်သွားပါ့မယ်။ အခုထွက်သွားပါ့မယ်" အခုအချိန်တွင် ဟိုဝူသည် အမှန်တကယ် ထိတ်လန့်နေခဲ့သည်။ အထူးသဖြင့် သူသည် ကြမ်းတမ်းမှုကို ကြောက်သည့် လူမိုက်တစ်ယောက်ဖြစ်ပေသည်။ ဟိုင်မိသားစုအား ထုတ်ဖော်ခြင်းက အလုပ်မဖြစ်သည့်အတွက် ဟိုဝူ၌ တခြားရွေးချယ်စရာမရှိတော့ပေ။
သူသာဆက်ပြီး မောက်မာနေပါက ယန်ပါးထောင်သည် သူ၏ တတိယခြေထောက်အား တကယ်ပဲ ချိုးပစ်နိုင်သည်ကို သူသိပေသည်။ အခုချိန်မှ မတောင်းပန်ရင် ဘယ်အချိန်မှာ တောင်းပန်မှာလဲ။
သူ၏ တတိယခြေထောက်ဆုံးရှုံးစေဖို့ရာမတတ်နိုင်ပေ။ "သွား ပြီးတော့ မင်းရဲ့ သခင်ကိုပြောလိုက် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဟင်းလျာတွေက ရောင်းဖို့မဟုတ်ဘူး။ အဲ့ဒီ စိတ်ကူးကို လက်လျော့လိုက်တာက ပိုကောင်းတယ်လို့ " သူ၏ နောက်၌ရပ်နေသည့် ပိုင်ကျင့်ဖေသည်လည်း ရှေ့သို့တက်လာကာပြောခဲ့သည်။
" ကောင်းပါပြီ ၊ ကျုပ်ပြန်သွားပြီး ကျုပ်ယောက်ဖကို ပြောလိုက်ပါ့မယ်" ဤသို့ပြောပြီးနောက်တွင် ဟိုဝူသည် မြေကြီးပေါ်မှ ငွေလက်မှတ်ကို ကောက်ယူခဲ့သည်။
သို့သော်လည်း သူလက်လှမ်းလိုက်သည့် အခိုက်တွင် ငွေလက်မှတ်သည် ရုတ်တရက် ပျံထွက်သွားကာ ယန်ပါးထောင်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
" မင်းက ငါ့ရဲ့ လုပ်ငန်းဆီကို ပြသနာရှာဖို့ ရောက်လာခဲ့ပြီး ငါ့လူတွေကို ရိုက်နှက်ပြီးတော့ ငါ့ရဲ့ ကုန်ပစ္စည်းတွေကို တိုက်ချခဲ့တယ်။ ဒီငွေလက်မှတ်ကို လျော်ကြေးလို့ ယူဆလိုက်မယ်" ယန်ပါးထောင်သည် ငွေလက်မှတ်ကို အိတ်ကပ်ထဲသို့ တည်တည်ငြိမ်ငြိမ်ထည့်ခဲ့သည်။
" ဟုတ်တာပေါ့ ဟုတ်တာပေါ့" ဟိုဝူသည် မျက်နှာချိုသွေးသည့် အပြုံးဖြင့် လျင်မြန်စွာသဘောတူခဲ့သည်။ သူ၏ နောက်လိုက်များသည် သူ့အား ကူညီရန် ကမန်းကတန်းရောက်လာခဲ့ကြသည်။သူ၏ ခြေထောက်က နာကျင်မှုပြင်းထန်သော်လည်း အံကြိတ်ကာ မတ်တပ်ရပ်ခဲ့သည်။ သို့သော်လည်း သူသည် လှည့်လိုက်သည်နှင့် သူ၏ မျက်လုံးထဲ၌ ရက်စက်သည့်အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်း စောင့်နေလိုက် ။ ငါခံစားရတာထက် ပိုခံစားရအောင်လုပ်ပြမယ်။ ငါ ဒီနေ့ ခံစားခဲ့ရတဲ့ အရှက်ကွဲမှုကို ဆယ်ဆ ၊ အဆတစ်ရာ ၊ အဆတစ်ထောင် ပြန်ပေးဆပ်ရစေမယ် !
ဟိုဝူထွက်သွားခါနီးတွင် ယန်ပါးထောင်၏ အသံကို ထပ်ကြားခဲ့ရသည် : "နေဦး" ။ ဟိုဝူသည် နှလုံးခုန်ရပ်သွားခဲ့သော်လည်း မျက်နှာလိုမျက်နှာရ အပြုံးဖြင့် လှည့်လာခဲ့သည် :"သူဌေး ဘာများရှိသေးလို့လဲ" ယန်ပါးထောင်က မြေကြီးကို ထိုးပြကာ :" အညစ်အကြေးတွေကို ရှင်းမသွားတော့ဘူးလား"
" ရှင်းပါ့မယ် ၊ ရှင်းပါ့မယ်" ဟိုဝူသည် အမြန်သဘောတူကာ သူ၏ နောက်လိုက်များအား အလျင်အမြန် ကြိမ်းမောင်းခဲ့သည်။ "မင်းတို့ ဘာလို့ မရှင်းကြသေးတာလဲ"
အဲ့လောက်ဒုက္ခခံဖို့မလိုပါဘူး" ယန်ပါးထောင်သည် ပြုံးကာပြောခဲ့သည်။ "အရမ်းကြာနေတော့ ခြောက်သွားပြီ။ သုတ်ဖို့ခက်မှာ။ မင်း ဒူးထောက်ပြီး လျှာနဲ့ယက်ပြီးတော့ သန့်ရှင်းလိုက်ရုံပါပဲ"
" ဘာ!" ဟိုဝူသည် သူ့နားသူ မယုံကြည်နိုင်ဖြစ်သွားကာ သူ၏ အမူအရာက ထိတ်လန့်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။ ရှိနေသည့်သူအားလုံးသည် ယန်ပါးထောင်အား ထိတ်လန့်စွာကြည့်နေခဲ့ကြသည်။ ဒီလုပ်ငန်းရဲ့ ဥက္ကဌ က ဘယ်လို ကစားရမလဲဆိုတာ တကယ်သိတာပဲ!
ဒါပေမယ့် လူတိုင်းက ဟိုဝူ က မြေကြီးပေါ်ကို ဒူးထောက်ပြီး ကြမ်းပြင်ကို လျှာနဲ့ယက်တာကို မြင်ချင်နေကြသလိုမျိုး အဲ့လိုစက်ဆုပ်ဖွယ်ရာ မြင်ကွင်းကို ဘာလို့ စောင့်မျှော်နေသလိုဖြစ်နေတာလဲ။
.
" မင်း သေသေချာချာမကြလိုက်ရဘူးလား။ ဒါပေမယ့် ငါ့ကိုယ်ငါ ထပ်ခါထပ်ခါပြောရတာကို မကြိုက်ဘူး" ယန်ပါးထောင်၏ အသံက တည်ငြိမ်နေကာ သူ၏အကြည့်က ဟိုဝူ၏ ခြေထောက်ပေါ်သို့ ရောက်နေခဲ့သည်။
သူ၏ အပေါ်သို့ သေဆုံးခြင်းအငွေ့အသက်တစ်ခုရစ်ပတ်သွားသကဲ့သို့ သူ၏ ခြေထောက်ကြားထဲ၌ အေးစက်စက်ခံစားခဲ့ရပြီး လျင်မြန်စွာပြောလာခဲ့သည် :" ကျုပ်လျက်ပါ့မယ် ၊ လျက်ပြီး သန့်ရှင်းပါ့မယ်။ ကျုပ် ကတိပေးပါတယ်" ဤသို့ပြောပြီးနောက်တွင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဤမြင်ကွင်းက အတော်လေး အော်ဂလီဆန်စရာကောင်းပေသည်။ တချို့လူများမှာ ဤသည်ကို တိုက်ရိုက်မကြည့်ရဲကြပေ။ သူ၏ လက်အောက်ငယ်သားများပင် မျက်မှောင်ကြုတ်နေခဲ့ကြသည်။
ဟိုဝူ ကိုယ်တိုင်ဆိုလျှင် ပြောနေစရာမလိုပေ။
"ဘယ်သူက ခဏခဏတံတွေးထွေးခဲ့တာလဲ....." ဟိုဝူ က ကျိန်ဆဲနေခဲ့သည်။ အကြိမ်များစွာတံတွေးထွေးခဲ့သည့် သူ၏ လက်အောက်ငယ်သားမှာ အသံပင်မထွက်ဝံ့ပေ။
ဟိုဝူ က ကြမ်းပြင်အား သန့်ရှင်းပြီးသွားသည့်နောက်တွင် သူနှင့် သူ့လူများသည် အလုအယက်ထွက်ပြေးသွားခဲ့ကြသည်။
" ကျုပ်တို့ ဟိုင်မိသားစုကို လုံးဝစော်ကားလိုက်ပြီပဲ" ကျောက်ရီချိုးသည် ထွက်လာကာ ပြောခဲ့သည်။ "ဟိုင်မိသားစုက ဘယ်လိုတုံ့ပြန်မလဲမသိဘူး။ ယွင်လင် ကုန်သွယ်ရေးလုပ်ငန်းကလည်း မလှုပ်ရှားသေးဘူး"
"ဘာမှ ကြောက်စရာမရှိပါဘူး" ယန်ပါးထောင်သည် ယုံကြည်ချက်ရှိရှိပြောခဲ့သည်။ " မဟာ အကြီးအကဲ ကပြောတယ်။ စစ်သည်တွေရောက်လာတဲ့အခါမှာ တားဆီးရမယ်။ ဒီရေတက်လာတဲ့အခါမှာ ကာကွယ်ရမယ်။ ဟိုင်မိသားစုက ဘာပဲလုပ်ချင်လုပ်ချင် ကျုပ်တို့က ဖြေရှင်းရမယ်။ ယွင်လင် ကုန်သွယ်ရေးလုပ်ငန်းအတွက်ကတော့ စိတ်ပူစရာမလိုဘူး။ ယွင်လင်ကုန်သွယ်ရေးဌာနက ဟိုင်မိသားစုဘက်က ရပ်တည်မှာမဟုတ်သလို ကျုပ်တို့ရဲ့ ရန်သူဖြစ်လာမှာမဟုတ်ဘူး လို့ မဟာအကြီးအကဲ က ပြောတယ်"
"ယွင်လင် ကုန်သွယ်ရေးလုပ်ငန်းက ကျုပ်တို့ရဲ့ ရန်သူဖြစ်မလာဘူးလား" ကျောက်ရီချိုး နှင့် ပိုင်ကျင့်ဖေ တို့က အတော်လေး သိချင်နေကြသည်။ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းက သူတို့ရဲ့ နယ်မြေကိုလာပြီးတော့ သူတို့ရဲ့ စီးပွားရေးကို ခိုးယူတာကို ဘာလို့ ယွင်လင်ကုန်သွယ်ရေး လုပ်ငန်းက သူတို့ရဲ့ ရန်သူမဖြစ်နိုင်တာလဲ။
ယွင်လင်ဂိုဏ်းက အဲ့လောက်ပြောရဆိုရမလွယ်လောက်ပါဘူး။ ဟုတ်တယ်မလား။
"သူက ယွင်လင်ဂိုဏ်းကိုကြိုပြီးတော့ အသိပေးပြီးပြီလို့ မဟာအကြီးအကဲက ပြောတယ်" ယန်ပါးထောင်သည် ခေါင်းယမ်းကာ ပြောလာခဲ့သည်။ "မဟာအကြီးအကဲက ဒီလိုပြောတယ်ဆိုမှတော့ ကျုပ်တို့က သူ့ကို ယုံကြည်ဖို့လိုအပ်တယ်" ဤသည်ကို ကြားပြီး ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေတို့သည် အတော်လေး အံ့အားသင့်နေခဲ့ကြည်။ လီချန်ချင်းက ယွင်လင်ဂိုဏ်းနဲ့ အတိတ် ဇာတ်ကြောင်းတစ်ခုရှိတာလား။
လီချန်ချင်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အစွမ်းထက်မှုကို တွေးကာ သူတို့သည် ပို၍ ယုံကြည်မှုရှိလာသည်ဟု ခံစားခဲ့ရသည်။
ချန်ထင်မြို့ ၊ ယန်မိသားစု။
ထိုအခိုက်အတန့်၌ လီချန်ချင်းသည် သူ၏ ကိုယ်ပိုင်စိတ်ကူးအရ ထာဝရရှင်သန်ခြင်းသစ်သားအား ထွင်းထုနေရင်း အနောက်ဘက် ဝါးရုံတောအတွင်း၌ ရှိနေခဲ့သည်။ သူသည် အရင်က သမန်ကာလျှံကာထွင်းထုခဲ့သော်လည်း ဤတစ်ကြိမ်တွင် လီချန်ချင်းသည် ယင်ရှုယွင်၏ စကားများအား နားထောင်ပြီးသည့်နောက်တွင် သူ၏စိတ်ထဲ၌ ထုလုပ်မည့် သစ်သားအတွက် ရည်မှန်းချက်တိတိကျကျထားကာ စတင်ထွင်းထုခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် လီချန်ချင်းကိုယ်တိုင်ပင် အံ့အားသင့်စရာအဖြစ်အပျက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ ပန်းပုထုခြင်းက အရမ်းခက်ခဲလာခဲ့သည်။
ပုံမှန်အားဖြင့် သူနှင့် အရမ်းရင်းနှီးသည့် အလုပ်တစ်ခုက အလွန့်အလွန်ခက်ခဲလာခဲ့ပြီး သစ်သားစတစ်ခုအားဖယ်ရှားရန်ပင် အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။
ဤသည်သာမက အမွှေးတိုင်နှစ်တိုင်ထွန်းစာမျှ ထွင်းထုပြီးသည့်နောက်တွင် သူသည် ပုံကြမ်းကိုပင် မထွင်းထုရသေးပေ။ လီချန်ချင်းသည် အလွန်ပင်ပန်းကာ သူ၏မျက်ခွံများက လေးလံလာပြီး အိပ်ချင်လာခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ အချိန်မရွေးအိပ်ပျော်သွားနိုင်သည်ဟု ခံစားနေခဲ့ရသည်။
အရင်က သူတစ်ခါမှ မကြုံဖူးခဲ့သည့် မောပန်းနွမ်းနယ်သည့် ခံစားချက်ဖြစ်သည်။ စန်းယွမ်နယ်မြေသို့ ရောက်လာပြီးကတည်းက လီချန်ချင်းသည် သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်၏ စွမ်းအားက ဤမျှ မြန်မြန်ဆန်ဆန်ကုန်ခမ်းသွားသည်ကို တစ်ခါမှ မခံစားခဲ့ရပေ။
ပန်းပုထုခြင်းက ခက်ခဲပြီး အထူးသဖြင့် အားအင်ကုန်ခမ်းစေပေသည်။ လီချန်ချင်းသည် နားလည်သွားပုံပင်။ ပန်းပုထုခြင်းက မိုးကောင်းကင်ကို ဆန့်ကျင်နေတာကြောင့် ဒီလောက်ခက်ခဲနေတာဖြစ်နိုင်လား။
သူ့ကို ဟန့်တားနေတာက ဘယ်အရာလဲ။ ဒါက ကောင်းကင်တာအိုဆိုတာလား။ ဒါမှမဟုတ် ဒီစန်းယွမ်နယ်မြေရဲ့ စည်းမျဉ်းတွေလား။ ဒါပေမယ့် ခရီးပေါက်တာက နှေးနေရင်တောင်မှ လီချန်ချင်းသည် ဘာပဲဖြစ်ဖြစ် သူ့သားအတွက် အကာအကွယ်အလွှာတစ်ခုကို ပြီးဆုံးအောင် ထပ်ထွင်းထုရန် စီစဉ်ထားပေသည်။
ပန်းပုထုခြင်း၏ ခက်ခဲမှုအား ခံစားပြီးသည့်နောက်တွင် လီချန်ချင်းသည် စိတ်မပျက်ခဲ့ပေ။ သူက ထွင်းထုနိုင်သောကြောင့် သေချာပေါက် လုပ်နိုင်ပေသည်။
အချိန်တန်လျှင် ပြီးဆုံးပေသည်။သူသည် အေးအေးဆေးဆေးပင် ထွင်းထုပေလိမ့်မည်။ သူ၏ အရင်ဘဝ၌လည်း သူသည် ကြီးမားသည့် သစ်သားတုံးအား ထွင်းထုရန်အတွက် နှစ်တစ်ဝက်ခန့်ကြိုးကြိုးစားစားလုပ်ခဲ့ပေသည်။
ပန်းပုထုရတာက ပင်ပန်းနေပါက သူသည် တစ်ရေးတစ်မောအိပ်စက်ရုံဖြင့် သူ၏ စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်ပေသည်။ ထို့ကြောင့် လီချန်ချင်းသည် ကျန့်ဖုကွမ်းအား ဝါးရုံတောအတွင်း၌ ရိုးရိုးရှင်းရှင်း တဲတစ်လုံးဆောက်ခိုင်းခဲ့ပြီး အဲ့ဒီတွင်နေထိုင်ကာ ဖေးအားအပြင်ဘက်တွင် စောင့်ခိုင်းထားခဲ့သည်။
ဤသို့ဖြင့် သူသည် ကျန့်ဖုကွမ်းအား တစ်ခဏမျှ ကျင့်ကြံရန် နှင့် ကျန့်ဖုကွမ်းအား နေ့တိုင်း သူ၏အစားအစာများအား ဝါးရုံတောအပြင်မှ ယူလာပေးရန် ပြောခဲ့ပေသည်။
ကျန့်ဖုကွမ်းသည် နားလည်စွာခေါင်းညိမ့်ခဲ့သည်။ ကျန့်ဖုကွမ်းသည် လီချန်ချင်းက မည်သည်ကို ကျင့်ကြံနေလဲဆိုသည်ကို အနည်းငယ်သိချင်ခဲ့သော်လည်း အများကြီး မမေးခဲ့ပေ။
လီချန်ချင်းက သူတို့အားခေါ်ထားသော်လည်း သူတို့က မဟာယွမ်မင်းနေပြည်တော်မှ မင်ဟုန်ခရိုင်သို့ ဘာကြောင့်ရောက်လာရသည်ကို တစ်ခါမှ မမေးခဲ့သလိုပင်။
လီချန်ချင်းက မမေးသည်ကို ကျန့်ဖုကွမ်း၏ စိတ်ထဲ၌လည်း ကျေးဇူးတင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအကြောင်းအရာအား အမှန်တကယ် မပြောပြချင်သောကြောင့်ဖြစ်သည်။ သူသည် နေ့တိုင်း ခြံဝင်းအားသန့်ရှင်းရေးလုပ်ကာ သူ့သမီးနှင့် အေးချမ်းသည့်နေ့ရက်များကို ကုန်ဆုံးနေဆဲဖြစ်သည်။
မူဟိုင်ဖုန်းတောင်တွင်ဖြစ်သည်။
အားပြန်ဖြည့်ပြီးသည့်အချိန်၌ လီဟမ်ရှန်းဟ ခန္ဓာကိုယ်သည် အပြည့်အဝပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ လီကျင့်စုန်က သူ့အားကယ်တင်ခဲ့သည်ကို သိပြီးနောက်တွင် လီဟမ်ရှန်းသည် သူနိုးလာပြီးသည့်နောက်တွင် လီကျင့်စုန်အား ကျေးဇူးတင်ရန် မျောလွင့်ပုံရိပ်တောင်သို့ ထူးခြားသည့် ခရီးတိုတစ်ခုထွက်ခဲ့သည်။
တကယ်တော့ လီကျင့်စုန်သည် မျောလွင့်ပုံရိပ်ခန်းမ၏ ခန်းမသခင်ဖြစ်သည်။ သူ၏ အဆင့်အတန်းက မြင့်မားနေစေကာမူ သူ့အားကယ်တင်ခဲ့သည့်အတွက် သူ၏ ကျေးဇူးသိတတ်ခြင်းအား ကောင်းကောင်းမွန်မွန်မဖော်ပြခြင်းက မသင့်လျော်ပေ။
" ယဉ်ကျေးနေဖို့မလိုပါဘူး။ မင်းက ရှေးဟောင်းတာအိုတောင်နယ်မြေက ငါ့တပည့်ပဲ။မင်းကို ကယ်တာက မှန်ကန်မှုတစ်ခုပဲ" လီကျင့်စုန်သည် အပြုံးတစ်ခုနှင့်ပြောလာခဲ့သည်။
သူသည် လီဟမ်ရှန်းအား အမှန်တကယ်ပင် နှစ်သက်ပေသည်။
"ဒါပေမယ့် နောက်ကျရင် မင်းသေချာဂရုစိုက်ရမယ်" လီကျင့်စုန်က သတိပေးခဲ့သည်။ "မင်းမှာ ကြီးမားတဲ့ အလားအလာနဲ့ ပြိုင်ဘက်ကင်းတဲ့ နားလည်နိုင်စွမ်းရှိတယ်။ မင်းက တောက်ပတဲ့ အနာဂါတ်ကို ပိုင်ဆိုင်ရမှာ သေချာပေမယ့် မင်းမှာ ကမ္ဘာကြီးထဲက အတွေ့အကြုံမရှိသေးဘူး။ တစ္ဆေမျိုးနွယ်က နောက်ထပ်အစွမ်းထက်တဲ့ လူတစ်ယောက်ပေါ်ထွက်လာမှာကို စိုးရိမ်ပြီး ငါတို့ လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တွေကို အနီးကပ်စောင့်ကြည့်နေတာ"
"ကျေးဇူးတင်ပါတယ် ခန်းမသခင် ၊ နောက်ကျရင် ကျွန်တော်ပိုပြီး ဂရုစိုက်ပါ့မယ်" လီဟမ်ရှန်းသည် ရုတ်တရက် သိချင်စွာမေးခဲ့သည်။ " ကျွန်တော် သတိရလာပြီး ရက်နည်းနည်းကြာတော့ ဂိုဏ်းထဲမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ ကြားခဲ့တယ်။ တစ်ယောက်ယောက်က ချိုးဖောက်ဝင်လာသလို ဂိုဏ်းရဲ့ အစီအရင်ကြီးတောင် အသက်အဝင်လာခဲ့တယ်ဆို။ ဘာတွေဖြစ်ခဲ့တာလဲ"