← Chapters

မင်းအဖေကဒီကိစ္စရဲ့ တရားခံလို့ ဘယ်သူကထင်မှာလဲ ?

Vol. 11 Ch. 107

မင်းအဖေကဒီကိစ္စရဲ့ တရားခံလို့ ဘယ်သူကထင်မှာလဲ ?

Vol. 11 Ch. 107

"နတ်ဘုရားဝိညာဉ်ကိုအသုံးပြုရမှာလား?" 'နှလုံးသားဖြင့် လှုပ်ရှားခြင်း' သည် အမှန်တကယ်တော့ နှလုံးသားကိုအသုံးပြုခြင်းမဟုတ်ဘဲ နတ်ဘုရားဝိညာဉ်၏ စွမ်းအားကို အသုံးပြုရခြင်းဖြစ်သည်။ လီဟမ်ရှန်း အနည်းငယ် အံ့ဩသွားခဲ့၏။ သူ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းကတည်းက နတ်ဘုရားဝိညာဉ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို အာရုံမစိုက်ခဲ့ပေ၊ သူ၏ နတ်ဘုရားဝိညာဉ်ကိုပင် ဂရုတစိုက်မလေ့လာခဲ့ဖူးပေ။

"ဆရာ၊ ကျွန်တော်တို့လို သိုင်းကျင့်ကြံသူတွေကလည်း ကိုယ့်ရဲ့ နတ်ဘုရားဝိညာဉ်ကိုပါ ကျင့်ကြံဖို့လို‌သေးတာလား။ ပန်းချီဆရာတွေပဲ နတ်ဘုရားဝိဉာဉ်ကို ကျင့်ကြံနိုင်ကြတာမဟုတ်ဘူးလား" လီဟမ်ရှန်း သိပ်တော့ နားမလည်ပေ။

သူ ငယ်စဉ်က သူ့အဖေ ထံမှ ကြားသိခဲ့ရသည်များမှာ- သိုင်းကျင့်ကြံသူများသည် ခန္ဓာကိုယ်ကို လေ့ကျင့်ပျိုးထောင်ပြီး ပန်းချီဆရာများကတော့ နတ်ဘုရားဝိညာဉ်ကို ပြုစုပျိုးထောင်ကြသည်။ နတ်ဘုရားဝိညာဉ်က သန်မာလေ၊ ပိုမိုကောင်းမွန်သော ပန်းချီကားများကို ဖန်တီးနိုင်လေဖြစ်သည်။ နတ်ဘုရားဝိညာဉ်ကို သန်မာလာအောင်ကျင့်ကြံဖို့ အကောင်းဆုံးနည်းလမ်းမှာ ပန်းချီဆွဲခြင်းသာဖြစ်၏။ ထို့ကြောင့်ပင် သူ့အဖေ သည် ပန်းချီဆွဲရန်အတွက် ငွေကြေးမြောက်များစွာသုံးစွဲခဲ့ခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့်ပင်၊ ပန်းချီဆရာများမှာလည်း အရည်အချင်းကန့်သတ်ချက်များရှိပုံရသည်။ သူ့ရဲ့ သိုင်းပညာကျင့်ကြံခြင်း စွမ်းရည်က ညံ့ဖျင်းပြီး သူ့အဖေရဲ့ ပန်းချီစွမ်းရည်ကလည်း သိပ်မကောင်းခဲ့။ တကယ်တော့ သူတို့ နှစ်ယောက်က အသုံးမကျတဲ့ ငတုံးသားအဖနှစ်ယောက်သာလျှင်ဖြစ်‌ပေသည်။

" နတ်ဘုရားဝိညာဉ်က လူတိုင်းမှာ ရှိတယ်။ ဒါပေမယ့်လို့ ငါတို့လိုသိုင်းကျင့်ကြံသူတွေနဲ့ပန်းချီဆရာတွေ နတ်ဘုရားဝိညာဉ်ကို အသုံးပြုပုံခြင်းကတော့မတူကြဘူး။ ပန်းချီဆရာတွေက နတ်ဘုရားဝိညာဉ်ကို ကိုယ်တိုင်ပြုစုပျိုးထောင်ကြပြီး၊ ငါတို့လို သိုင်းကျင့်ကြံသူတွေကတော့ နတ်ဘုရားဝိညာဉ်ကို ယာယီငှားရမ်းအသုံးပြုကြရတယ်။ အတိအကျပြောရရင် ငါတို့ရဲ့နတ်ဘုရားဝိညာဉ်ကို အသုံးချနိုင်စွမ်းက သိပ်ပြီးကြီးမားတာမဟုတ်ဘူး၊ သိုင်းကျင့်ကြံသူအများစုမှာ ပန်းချီဆရာတွေလို အရည်အချင်းမျိုး မရှိကြဘူးလေ။ နတ်ဘုရားဝိညာဉ်ကိုကျင့်ကြံဖို့ ပန်းချီဆွဲတာကို အတင်းအကြပ် သင်ယူမယ်ဆိုရင်တောင် အသုံးမဝင်ဘူး။ ဒါကြောင့်ပဲ သိုင်းကျင့်ကြံသူ အများစုဟာ နတ်ဘုရားဝိညာဉ်ရဲ့ ကျွမ်းကျင်အဆင့်တွေကို တစ်သက်လုံး ဘယ်တော့မှ မရောက်နိုင်ကြတာပဲ "

"ဒါဟာ မွေးရာပါအရည်အချင်းတစ်ခုပဲ။ စုတ်တံတစ်ချောင်းကို မင်း ကိုင်လိုက်တဲ့အခါ မင်းမှာ ပန်းချီဆရာတစ်ယောက်ရဲ့ ခံယူချက်သဘောထား ရှိမရှိ ကို မင်းသိနိုင်တယ် " ရှမူဟိုင် သည် လီဟမ်ရှန်း ကို သေသေချာချာရှင်းပြနေခဲ့၏။ "တကယ်တော့ ၊အခု စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကိုယ့်ကိုကိုယ် ဂရုတစိုက်ရှုမြင်သုံးသပ်ကြည့်မယ်ဆိုရင် မင်းရဲ့ နတ်ဘုရားဝိညာဉ်ကို မင်းမြင်နိုင်တယ် "

ရှမူဟိုင်၏ စကားများကိုနားထောင်ပြီး လီဟမ်ရှန်းသည် သူ၏စိတ်ကို ငြိမ်သက်စေပြီး ကိုယ့်ကိုယ်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားလိုက်၏။

ခဏအကြာတွင် ပြင်ပလောကနှင့် ဖြတ်တောက်လိုက်သကဲ့သို့ပင် လေတိုးသံများလည်း တိတ်ဆိတ်သွားကာ အချိန်များသည်ပင် ရပ်တန့်သွားပုံရသည်။

လီဟမ်ရှန်း သည် သူ့ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားလိုက်ရတော့သည်။ မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်တွင် အသူတစ်ရာနက်သောတွင်းနက်ကြီးတစ်ခုအတွင်း ကျရောက်နေသလိုပင် သူ့ပတ်ပတ်လည်ရှိ အရာအားလုံး မည်းမှောင်နေသည်ကိုသာ မြင်လိုက်ရတော့သည်။

သူ၏ရှေ့တွင် အဆုံးအစမဲ့ အမှောင်ထုကြီးတစ်ခု ရှိနေခဲ့၏။ သို့သော်လည်း သူသည် ကြောက်ရွံ့ထိတ်လန့်နေသောခံစားချက်မျိုးမရှိပဲ သူ့ကိုယ်ပိုင်လောကတစ်ခုအတွင်းသို့ ရောက်ရှိနေသလို ခံစားနေရပေသည်။ ပတ်ဝန်းကျင်ကို အာရုံစိုက်၍ကြည့်လိုက်သောအခါတွင် အမှောင်ထုထဲ၌ ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခုကို တွေ့လိုက်ရ၏။

အလင်းရောင်သည် အလွန်မှေးမှိန်သော်လည်း အမှောင်ထဲတွင်တော့ ထင်သာမြင်သာရှိ‌နေပေသည်။ ထိုအလင်းရောင်သည် သေးငယ်သော အလင်းလုံးလေးတစ်ခုသာဖြစ်၏။ အလင်းလုံးဟု ဆိုရသော်လည်း ၎င်းသည် ပဲစေ့တစ်စေ့အရွယ်အစားလောက်သာရှိပြီး အလွန့် အလွန်သေးငယ်လှသည်။

ထိုအလင်းလုံးလေးကို သူ့လက်နဲ့ထိကြည့်သော်လည်း ဘယ်လိုမှ ထိလို့မရနိုင်ဘူးဆိုတာ သိလိုက်ရသည်။

"ပဲစေ့ တစ်စေ့လောက်ပဲကြီးတာလား ?" လီဟမ်ရှန်းသည် မျက်မှောင်ကြုတ်ကာ အမှောင်ထုထဲမှ ပြန်ထွက်လာလိုက်၏။

" ငါ့ရဲ့ နတ်ဘုရားဝိညာဉ်လည်း အဲ့လိုပဲ။ အားလုံးရဲ့ အရွယ်အစားကများသောအားဖြင့် ပဲစေ့အရွယ်အစား ပဲ ရှိကြတာ " ရှမူဟိုင် သည်ရယ်မောကာပြောလိုက်၏။ " တချို့သိုင်းကျင့်ကြံသူ‌တွေရဲ့ နတ်ဘုရားဝိညာဉ်တွေက ပြောင်းလဲသွားကြပေမယ့်လို့ နောက်ဆုံးရလဒ်ကတော့ ဆီးသီး တစ်လုံး အရွယ်အစားထိ အကြီးဆုံးပဲ။ ဒီ့ထက် ပိုပြီးကြီးမလာနိုင်တော့ဘူး "

" ဒါကြောင့် ငါတို့လို သိုင်းကျင့်ကြံသူတွေအတွက် နတ်ဘုရားဝိညာဉ်က အရေးကြီးပေမယ့်လို့လည်း နတ်ဘုရားဝိညာဥ်ကျင့်ကြံဆင့်က သိပ်မြင့်တာမဟုတ်ဘူး။ ဒါပေမယ့် ပန်းချီဆရာတွေကတော့ မတူဘူး။ သူတို့က စိတ်ဝိညာဉ်ရဲ့ ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းကြတယ်။ သူတို့ရဲ့ နတ်ဘုရားဝိညာဉ် အားကောင်းလေလေ၊ သူတို့က ပိုသန်မာလေပဲ "

"ဒါပေမယ့် ကျွန်တော်ကြားဖူးတာတော့ ပန်းချီဆရာတွေက ကျွန်တော်တို့သိုင်းကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရုံနဲ့တင် ကျွန်တော်တို့သုံးလိုက်တဲ့ သိုင်းပညာတွေကို သင်ယူနိုင်တယ်ဆို? ဟုတ်လားဆရာ? " လီဟမ်ရှန်း မေးလိုက်၏။

" ဟုတ်တယ် " ရှမူဟိုင် ခေါင်းညိတ်ကာဖြေလိုက်၏။ "အခြေခံအားဖြင့်တော့၊ မှန်ပါတယ်။ နည်းနည်းချဲ့ကားလွန်းရာကျနေပေမယ့်လည်း၊ ယေဘုယျပြောရရင် တကယ်အဲ့လို အခြေအနေပဲ "

" ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သိုင်းပညာရပ်တစ်ခုခု ကျင့်ကြံထားတာ မရှိရင် သူတို့မှာ စစ်မှန်တဲ့ အနှစ်သာရမရှိဘူး‌လေ၊ အဲ့တာကို ဘယ်လိုလုပ် လှုပ်ရှားနိုင်မှာလဲ " လီဟမ်ရှန်း သည် အတော်လေး မယုံကြည်နိုင်လောက်အောင်ဖြစ်နေခဲ့သည်။

" အဲဒါက အားကောင်းတဲ့ နတ်ဘုရားဝိညာဉ်တစ်ခုရဲ့ အားသာချက်ကြောင့်ပဲ။ အား‌ကောင်းတဲ့ နတ်ဘုရားဝိညာဉ်တစ်ခုက စစ်မှန်တဲ့ အနှစ်သာရစွမ်းအင်တစ်ခုရဲ့နေရာကို အစားထိုးနိုင်တယ်၊ ဒါကြောင့် ပန်းချီဆရာတွေက သိုင်းကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုတွေကိုကြည့်ရုံလေးနဲ့ အတုယူနိုင်ကြတာပဲ "

ရှမူဟိုင်သည် သက်ပြင်းခပ်ဖွဖွချကာပြောလာခဲ့၏။

"ဒါပေမယ့် ပန်းချီဆရာတွေက အရာရာစွမ်းဆောင်နိုင်တာမျိုးတော့ မဟုတ်ကြဘူး။သိုင်းကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုတွေကို အတုယူနိုင်ကြပေမယ့်လို့ သူတို့ရဲ့နတ်ဘုရားဝိညာဉ် ပြုစုပျိုးထောင်ဖို့လိုအပ်ချက်တွေကလည်း အရမ်းကိုတင်းကျပ်တယ်။ သူတို့ဟာ ထိပ်တန်းသိုင်းပညာရပ်တွေကိုတော့ အတုယူလို့ မရဘူး။ ပန်းချီဆရာတွေက သိပ်ကို အစွမ်းထက်ကြပေမယ့်လို့၊ သူတို့ရဲ့ အောင်မြင်မှုတွေကလည်း အကန့်အသတ်ရှိတယ်။

(စည်းတံဆိပ်ငါးချက်ကို ကူးယူခဲ့တဲ့ လီချန်ချင်းကို အဲ့စကားသွားပြော)

စွမ်းအားအကြီးဆုံး ဆိုတဲ့ ပန်းချီ အင်မော်တယ်တောင် မြေကမ္ဘာအင်မော်တယ်အဆင့်ကျင့်ကြံသူ တစ်ယောက်နဲ့ ယှဉ်လို့မရဘူး "

"ဒါပေမယ့်လည်း နည်းနည်းတော့ မတရားဘူးလို့ ခံစားနေရတုန်းပဲ " လီဟမ်ရှန်းသည် သက်ပြင်းတစ်ချက်ချကာပြောလာခဲ့၏။

" ကြည့်ရုံလေးနဲ့ သိုင်းပညာရပ်တစ်ခုကိုတတ်မြောက်သွားတယ်ဆိုတာနဲ့တင် ပန်းချီဆရာတွေက အစွမ်းထက်လွန်းနေပြီပဲလေ။ စွမ်းအားကြီးတဲ့ ထိပ်တန်း သိုင်းပညာရပ်တွေကို မသင်ယူနိုင်ဘူးဆိုရင်တောင် ဒီလောက်နဲ့တင် လုံလောက်နေပါပြီ။ နောက်ပြီး ကျွန်တော်တို့ သိုင်းကျင့်ကြံသူတွေထဲမှာတောင် မြေကမ္ဘာအင်မော်တယ်အဆင့်ကို ဘယ်နှစ်ယောက်များရောက်နိုင်လို့လဲ?"

ထို့နောက် လီဟမ်ရှန်းသည် ရှမူဟိုင် ကိုကြည့်ကာ ဆက်ပြောလာခဲ့၏။ " ဒါနဲ့လေ ဆရာ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှေးဟောင်းတာအို‌ တောင်ဂိုဏ်းထဲကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့လူကလည်း ပန်းချီဆရာတစ်ယောက်လို့ ပြောသံကြားမိတယ်။ သူက ရှေးဟောင်းတာအို‌ တောင်ဂိုဏ်း ရဲ့ စည်းတံဆိပ်ငါးချက် ကိုတောင် တတ်မြောက်သွားခဲ့တယ်တဲ့။ ကျွန်တော်တို့ရှေးဟောင်းတာအို‌ တောင်ဂိုဏ်း ရဲ့ စည်းတံဆိပ်ငါးချက် ဆိုတာ တကယ့်ကိုစွမ်းအားကြီးတဲ့သိုင်းကျင့်စဉ်တစ်ခုပဲလေ။ ဒါတောင် အဲ့ဒီလူက တတ်မြောက်သွားနိုင်သေးတာပဲ။ အဲ့တာကြောင့် ကျွန်တော်ပြောတာပေါ့ ပန်းချီဆရာတစ်ယောက်ရဲ့ အားသာချက်က တကယ့်ကိုအကြီးကြီးပဲလေ " လီဟမ်ရှန်း ၏ စကားကိုကြားတော့ ရှမူဟိုင် ၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ပန်းချီဆရာတွေမှာ အားသာချက်တွေရှိပေမယ့် ပန်းချီဆရာတစ်ယောက်ဖြစ်လာဖို့ လိုအပ်ချက်တွေကလည်း အရမ်းမြင့်မားတယ်။ ပန်းချီဆရာဖြစ်လာဖို့ အရည်အချင်းရှိတဲ့သူကလည်း အယောက်တစ်သန်းမှာမှ တစ်ယောက်ပဲရှိနိုင်တယ်။ ဒါ့အပြင်၊ နတ်ဘုရားဝိညာဉ်ကို ပြုစုပျိုးထောင်ရတာက ငါတို့တွေ သိုင်းပညာကျင့်ကြံရတာထက်ကို အများကြီး ပိုခက်ခဲတယ်။ အဆင့်မြင့် ပန်းချီဆရာ တစ်ယောက်ဖြစ်လာဖို့ ဒါမှမဟုတ် ပန်းချီသူတော်စင်လို စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ဆိုတာ အင်မတန် ရှားတယ် "

"ငါတို့ရှေးဟောင်းတာအို‌ တောင်ဂိုဏ်း ရဲ့ စည်းတံဆိပ်ငါးချက်ကတော့ ပန်းချီဆရာတိုင်း အတုခိုးလေ့လာနိုင်တာမျိုးမဟုတ်ဘူး။ ဒီကိစ္စက ထူးခြားဖြစ်စဉ်တစ်ခုပဲ " ထိုစကားများကိုပြောပြီးနောက် ရှမူဟိုင် သူ့နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်မိ၏။

မင်းအဖေကဒီကိစ္စရဲ့ တရားခံလို့ ဘယ်သူကထင်မှာလဲ

စည်းတံဆိပ်ငါးချက်ဆိုတာ သူ့အတွက် အလွယ်လေးပဲဟ။၊ ငါ့ထက်တောင် ပိုကျွမ်းကျင်နေတာလေ။

လီဟမ်ရှန်းက သံသယ များဖြင့်ပင် ခေါင်းညိတ်လိုက်၏။

လီဟမ်ရှန်း သည် ရှမူဟိုင်ထံမှ 'နှလုံးသားဖြင့် လှုပ်ရှားခြင်းဓား' ၏အဖြေကိုရရှိပြီးနောက် ချင်ကျူး တောင်သို့ပြန်သွားခဲ့သည်။ ရှမူဟိုင် က ဖြစ်နိုင်ချေမရှိ ဟု ပြောခဲ့သော်လည်း လီဟမ်ရှန်း သည် 'နှလုံးသားဖြင့် လှုပ်ရှားခြင်းလှံ' အဆင့်ကို စမ်းသပ်ကြည့်ချင်နေဆဲပင်ဖြစ်သည်။

သို့သော် သူပြန်ရောက်ရောက်ချင်းမှာပဲ ရှုခွေ သည် သူ့ကို စာတစ်စောင် လာပေးတော့၏။

" နာမည်မပါဘူး? " လီဟမ်ရှန်း စာကိုယူကြည့်လိုက်တော့ စာအိတ်ပေါ်မှာ လီဟမ်ရှန်းထံသို့ ဆိုသည့်စာသားတစ်ခုသာ ရေးသားထားပြီး မည့်သည့်လိပ်စာ ၊မည်သည့်အမည်မှ ထပ်မပါတော့သည်ကို‌တွေ့လိုက်ရ၏။

လီဟမ်ရှန်း အလွန်သိချင်သွားမိ၏။ ဒီစာက သူ့အဖေ ထံမှလည်းဟုတ်ပုံမပေါ်ပေ။ လီဟမ်ရှန်းသည် သူ့အခန်းသို့ အမြန်ပြန်သွားပြီး စာကိုဖွင့်ဖတ်လိုက်တော့သည်။

အစ်ကို လီ၊ မကြာသေးခင်က အစ်ကိုဘယ်လိုဖြစ်သွားခဲ့တာလဲဟင်။

ပထမစာကြောင်းကိုဖတ်လိုက်မိသည်နှင့် လီဟမ်ရှန်း အံ့အားသင့်သွားခဲ့၏။ စာက အနည်းငယ် ရင်းနှီးနေသော ခံစားချက်မျိုးပင်ဖြစ်၏။ လုချောင်းချောင်းလား?

မဖြစ်နိုင်ဘူး၊ ညီမလေးလု ကို တစ္ဆေမျိုးနွယ်က ခေါ်သွားခဲ့တာ မဟုတ်လား?

သို့သော်လည်း လီဟမ်ရှန်း စာကို ဆုံးအောင်ဖတ်ပြီးချိန်မှာတော့ သူ လုံးဝကိုအံ့ဩသွားခဲ့ရတော့သည်။

ဒီစာက တကယ်ကြီး လုချောင်းချောင်းဆီကပဲ။

စာသည် သူမကိုယ်စား အခြားတစ်ယောက်က ရေးထားသော်လည်း၊ စာထဲတွင်ရေးသားထားသော အကြောင်းအရာအများစုသည် လီဟမ်ရှန်း နှင့် လုချောင်းချောင်း တို့နှစ်ဦးသာ သိသော အကြောင်းအရာများဖြစ်သည်။ ဒါတွေကိုတော့ လိမ်လို့မရနိုင်ပေ။

တကယ်ပဲ လုချောင်းချောင်း ထံမှ စာတစ်စောင်ပါပင်။ လီဟမ်ရှန်း အတော်လေး စိတ်လှုပ်ရှားသွားခဲ့ရ၏။ ဒါ့အပြင် လုချောင်းချောင်းက သူ့ထံ ယခုလို စာဆက်ရေးအုံးမည်ဟုလည်း ပြောထားသေးသည်။

လုချောင်းချောင်း သည် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ တွင် ဘေးကင်းစွာရှိ‌ကြောင်းသိရခြင်းကပင် လီဟမ်ရှန်းကို အလွန်စိတ်သက်သာရာရစေခဲ့သည်။ ဒါ့အပြင် စာထဲ၌၊ လုချောင်းချောင်း သည် ပြန်လည်မွေးဖွားခြင်းအဆင့် သို့ရောက်နေပြီဖြစ်ကြောင်းလည်းပြောထားသေးသည်။ လီဟမ်ရှန်း သူမအတွက် ဝမ်းသာမိသော်လည်း၊ တစ်ချိန်တည်းမှာပင် သူ့တွင် သူမလိုအရည်အချင်းမျိုးမရှိသည်ကို စိတ်ပျက်ဝမ်းနည်းမိတော့သည်။

" ညီမလေး လု၊ ငါတို့‌သေချာပေါက်ပြန်ဆုံကြမယ်" လို့ သူကိုယ်တိုင် ကတိပေးထားခဲ့၏။

တစ်ချိန်တည်းမှာပင် လီဟမ်ရှန်း အဲ့ဒီလူအကြောင်းကိုလည်း တွေးလိုက်မိသည်။

ချူးချန်ကုန်း ! သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို သဘောထားခဲ့တဲ့လူတစ်ယောက်။

လီဟမ်ရှန်း သည် ငယ်ရွယ်ပြီး မရင့်ကျက်သေးသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ အငြိုးအတေး လည်းကြီးပေသည်။

တစ်နေ့မှာ ချူးချန်ကုန်း ကို တရားနည်းလမ်းတကျနဲ့ မျှမျှတတ တိုက်ခိုက်အနိုင်ယူပြီး သူရဲ့ ညီမလေး လု ကို ပြန်ခေါ်မယ်။ ထောင်လွှားနေတဲ့ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ ရဲ့မာနကို လည်းရိုက်ချိုးပစ်အုံးမယ်။

ထို့နောက် လီဟမ်ရှန်း သည် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ကို အမြန်ဆုံးရောက်ရှိရန် ရည်ရွယ်၍ တစ်ကိုယ်တည်း တံခါးပိတ်ကျင့်ကြံတော့သည်။

လုကျင်းမြို့ ရှိ ချန်ချင်း ကုန်သွယ်ရေး၏ လုပ်ရပ်များသည် ဟိုင်တုံရှန့် ကို လုံးဝ ဒေါသထွက်စေခဲ့တော့သည်။ ချန်ချင်း ကုန်သွယ်ရေး၏ လုပ်ရပ်များကို သိရှိပြီးနောက် ဟိုင်တုံရှန့် သည် တဟားဟား အော်ရယ်လိုက်၏။ သူ့ဒေါသကို ဘယ်သူမှလာမဆွရဲခဲ့တာ အချိန်အတော်တောင်ကြာခဲ့ပါပေါ့လား။

ဟိုင်တုံရှန့် သည် ထမ်းစင်ပေါ်တွင် လဲလျောင်းနေပြီး စုတ်ပြတ်သတ်နေသော ဟိုဝူ ကို ကြည့်လိုက်၏။ သူ့ခြေထောက်များက လုံးဝကို အသုံးမဝင်တော့သည့်ပုံပင်။ သူသည် ချန်ချင်း ကုန်သွယ်ရေး၏မောက်မာမှုများကို မျက်ရည်စက်လက်ဖြင့် ပြန်ပြောပြနေခဲ့သည်။ ဟိုင် မိသားစုကို ယန်ပါးထောင် က ဘယ်လိုဘယ်ပုံ လျစ်လျူရှုထားသည်ကိုလည်း အလွန်အမင်းချဲ့ကားပြောဆိုနေခဲ့သည်။

ဟိုဝူ ၏ စကားများကြားပြီး ဟိုင်တုံရှန့် ၏မျက်နှာထားသည် ကြောက်စရာကောင်းလောက်အောင် တင်းမာအေးစက်လာတော့သည်။

" အဲ့ဒီ ယန်ပါးထောင်ကလေ 'ဟိုင်မိသားစုက ဘာမို့လို့လဲ၊ လာဝံ့ရင်လာခဲ့ကြ ကြက်ရော၊ ခွေးရောပါမကျန် အကုန်သတ်ပစ်မယ်' ဆိုပြီးတော့တောင် ပြောခဲ့ပါတယ် "

" ခေါင်းဆောင်ရဲ့တတိယခြေထောက်ကို ချိုးပစ်မယ်လို့လည်း သူ ပြောခဲ့သေးတယ်" ဟိုဝူ သည် ငိုယိုပြောဆိုနေခဲ့သည်။ သူ့ကိုယ်သူ အလွန်အမင်းသနားစရာကောင်းအောင် ပုံဖော်နေသည့်ဟန်ပင်။

" ပါးစပ်ပိတ်ထားစမ်း၊ စောက်သုံးမကျတဲ့ အမှိုက်" ဟိုင်တုံရှန့် အော်ပြောလိုက်၏။ သူက ဒေါသထွက်နေပေမယ့် လည်း အရူးတစ်ယောက်မဟုတ်ဘူးလေ။ အကြောင်းအရာအများစုကို ဟိုဝူ လုပ်ကြံပြောဆိုနေတယ်ဆိုတာ သူမသိပဲလား။

သို့သော်လည်း ချန်ချင်း ကုန်သွယ်ရေး ရဲ့သဘောထားက ဟိုင်တုံရှန့် သည်းမခံနိုင်စရာဖြစ်နေဆဲပင်။ ဟိုဝူ ရဲ့ ခြေထောက်ကို သူတို့ ချိုးလိုက်တယ်ဆိုတာ၊ တကယ်တော့ ဟိုင်တုံရှန့် ရဲ့ မျက်နှာကို နှစ်ခါ ပါးရိုက်လိုက်ခြင်းသာလျှင်ဖြစ်၏။

ဒါက ဟိုင် မိသားစုကို လုံးဝဂရုမစိုက်သည့် အမူအရာပင်ဖြစ်သည်။ ဟိုင်တုံရှန့် တစ်ခါမှ ယခုလောက်ထိ ဒေါသမထွက်ခဲ့ဘူးပေ။

လုကျင်းမြို့ နှင့် မင်ဟုန်ခရိုင်တစ်ခုလုံးတွင် ဟိုင် မိသားစု၏စကားတစ်ခွန်းသည်သာ ဥပဒေဖြစ်သည်။ ဟိုင် မိသားစုကို ဘယ်သူကမှ မဆန့်ကျင်ဝံ့ခဲ့‌။

ဟိုင် မိသားစုတွင် ခေါင်းဆောင်ဟောင်းကြီး တစ်ယောက်ရှိ၏။

သူသည် မူလအဆင့်၏ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ဘယ်မိသားစုဖြစ်ဖြစ်၊ ဘယ်လို စွမ်းအားကြီးပုဂ္ဂိုလ်တွေကဖြစ်ဖြစ် သူ့ကို အလေးထားဆက်ဆံကြရသည်။ ရှေးဟောင်းတာအိုတောင်ဂိုဏ်းရဲ့ တောင်ထိပ်သခင်တွေတောင်မှ သူ့နဲ့တွေ့တဲ့အခါ ယဉ်ယဉ်ကျေးကျေးပြောဆိုကြပေသည်။

မူလအဆင့်ကို အခုမှ ရောက်လာတဲ့လူတစ်ယောက်ရှိတာကို စိတ်ကြီးဝင်ပြီး ယန် မိသားစုလို မိသားစုငယ်လေးတစ်ခုက ဟိုင် မိသားစုကို မလေးမစားလုပ်ပြီး ထိပ်တိုက် ရင်ဆိုင်ရဲတာပေါ့လေ။

" သခင်လေး ဒေါသမကြီးပါနဲ့၊ ကျွန်တော် ချန်ချင်း ကုန်သွယ်ရေးကို သွားပြီးတော့ သူတို့ကို အမိန့် ထုတ်ပြန်လိုက်ရမလား " အဘိုးအိုက အကြံပြုလိုက်၏။

" အင်း ၊ ဒါနဲ့ ယွင်လင် ကုန်သွယ်ရေးဖက်ကရော အခုထိ လှုပ်ရှားတာမရှိသေးဘူးလား" ဟိုင်တုံရှန့် ရုတ်တရက် ထူးဆန်းတာတစ်ခုကို သတိထားလိုက်မိ၏။

" မရှိပါဘူး၊ ယွင်လင် ကုန်သွယ်ရေးက အခုထိ တိတ်ဆိတ်နေဆဲပါပဲ " အဘိုးအိုလည်း ထူးဆန်းနေသည်ကို ရိပ်မိသွားခဲ့၏။ " ဟုတ်တယ်၊ ယွင်လင် ကုန်သွယ်ရေး က အရမ်းငြိမ်သက်လွန်းနေတယ်။ ဒီ ချန်ချင်းကုန်သွယ်ရေး နဲ့ ပတ်သက်ပြီး သူတို့ ဘယ်လိုမှ မတုန့်ပြန်ကြတော့ဘူးလား "

" လင်းဝမ့်ဟွမ်၊ ဒီပါးနပ်တဲ့ မိန်းမ က တစ်ခုခုကို စီစဉ်နေတာလား။ သူက ငါ့တို့ ဟိုင် မိသားစုကို ခုတုံးလုပ် ရှေ့ထွက်ခိုင်းပြီးတော့ သူတို့ရဲ့ ယွင်လင် ဂိုဏ်းက အနောက်ကနေ ပွဲထိုင်ကြည့်နေမယ်ပေါ့လေ " ဟိုင်တုံရှန့် တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်၏။

နေ့လည်ပိုင်းတွင် ချန်ချင်းကုန်သွယ်ရေးတွင်ဖြစ်ပျက်ခဲ့သည့်သတင်းများက ယွင်လင် ကုန်သွယ်ရေး ထံသို့လည်း ရောက်ရှိနေခဲ့ပြီဖြစ်သည်။

" ချန်ချင်း ကုန်သွယ်ရေး က ဒီလောက်တောင်အကြောက်တရားကင်းမဲ့နေတာသူတို့‌ကငယ်ရွယ်ပြီး အတွေ့အကြုံမရှိကြတာကြောင့်ပဲလား၊ ဒါမှမဟုတ် တကယ်ပဲ သူတို့မှာ နောက်ခံကောင်းကောင်းရှိနေလို့လား" လင်းဝမ့်ဟွမ် သည် ထိုကိစ္စကို တွေးတောနေခဲ့သည်။

ဟိုင်တုံရှန့် နှင့်ယှဉ်လျှင် လင်းဝမ့်ဟွမ် က ပို၍ ပါးနပ်ပေသည်။

ချန်ချင်း ကုန်သွယ်ရေးက လုကျင်းမြို့ မှာ ရုံးခွဲတစ်ခုကိုတောင် လာဖွင့်ရဲရင် လုကျင်းမြို့ ရဲ့အခြေအနေကို လည်း ကြိုတင်စုံစမ်းထားပြီးဖြစ်လိမ့်မယ်။

ထို့ကြောင့်ပင် သူမကိုယ်သူမ ပြဿနာမရှာမိအောင် ယွင်လင် ဂိုဏ်း မှတစ်ဆင့် ချန်ချင်း ကုန်သွယ်ရေး ၏ နောက်ခံကို ချက်ခြင်းစုံစမ်းခိုင်းခဲ့သည်။

သူမက သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတဲ့ ဟိုင်တုံရှန့် လို ဦးနှောက်မရှိတဲ့လူတစ်ယောက်မဟုတ်ဘူးလေ။

" ခေါင်းဆောင် " ထိုအခိုက်အတန့်တွင် အဒေါ် မုံ့ သည် စာတစ်စောင်နှင့်အတူ ဝင်ရောက်လာခဲ့၏။ " ဂိုဏ်းချုပ်ဆီက စာတစ်စောင် ရောက်လာတယ် "

" အရေးပေါ်? " စာအိတ်ပေါ်ရှိ အမှတ်အသားကို မြင်လိုက်ရပြီး လင်းဝမ့်ဟွမ်သည် စာကို အမြန်ဖွင့်ဖတ်လိုက်၏။ စာရွက်ပေါ်၌ စာကြောင်းတစ်ကြောင်းသာလျှင် ရေးသားထားလေသည်။

ချန်ချင်း ကုန်သွယ်ရေးကို သွားမထိနဲ့။

လင်းဝမ့်ဟွမ် အံ့အားသင့်သွားရ၏။ ထိုစာသည် သူမ၏ဖခင် လင်းရှန့်နန် ၏လက်ရေးဖြစ်ကြောင်း အတည်ပြုနိုင်သော်လည်း အလွန်ထူးဆန်းနေသေးသည်။ သူမအဖေက ဒီစာကို တကယ်ကြီးရေးခဲ့တာလား။

ချန်ချင်း ကုန်သွယ်ရေးမှာ ဘယ်လို နောက်ခံမျိုးရှိနေတာလဲ။ သူမရဲ့အဖေ၊ ယွင်လင် ဂိုဏ်းချုပ်က‌တောင်သတိထားဆက်ဆံရတယ်ပေါ့လေ။

မင်ဟိုင် ကုန်သွယ်ရေးလို စိတ်မြန်လက်မြန် မလုပ်ဆောင်လိုက်မိတာ တော်သေးတာပေါ့။ မဟုတ်ရင် ကပ်ဘေးကြီးတစ်ခုနဲ့ ကြုံရတော့မလို့။

" ဟိုင် မိသားစု ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ " လင်းဝမ့်ဟွမ် သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ သူမက အနောက်မှာပြန်ထိုင်နေပြီး တိတ်တိတ်လေးပွဲကြည့်နေရတော့မှာပေါ့။

ဟိုင် မိသားစုက မထိသင့်တဲ့သူကို သွားထိပြီး ကပ်ဘေးကြီးကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်နေမလားပဲ။ ဟိုင် မိသားစု ခံစားရမည့် အကျိုးဆက်ကိုတွေးတောရင်းဖြင့် လင်းဝမ့်ဟွမ် သည် သိသိသာသာ ပျော်ရွှင်နေခဲ့ပေသည်။

နောက်တစ်နေ့

ချန်းယု စားသောက်ဆိုင်တွင်။

" ကြိုဆိုပါတယ်ဗျာ " ချန်းယု စားသောက်ဆိုင်ပိုင်ရှင် ကျိုးဝမ်ချိုက် သည် အလွန်ပျော်ရွှင်နေခဲ့၏။ မနေ့က ချန်ချင်း ကုန်သွယ်ရေး မှ သူဝယ်ခဲ့သော အသင့်စားဟင်းလျာများသည် အလွန်နာမည်ကြီးနေပေသည်။

ဆိုင်ကို လာရောက်စားသုံးသည့်သူများအားလုံး အလွန်စိတ်ကျေနပ်ခဲ့ကြပြီး၊ သူ့ရဲ့ စားသောက်ဆိုင်လေး၏ ဝင်ငွေသည်လည်း များစွာတိုးလာခဲ့သည်။ သူ ဖောက်သည်တစ်ချို့ကို အပြင်သို့လိုက်ပို့ရန် ပြင်နေစဉ်မှာပဲ တံခါးဝ၌ ခြေသံများ ထွက်ပေါ်လာခဲ့သည်။

ကျိုးဝမ်ချိုက် သည် နောက်ထပ် ဧည့်သည်များ ရောက်လာသည်အထင်နှင့် ဝမ်းသာအားရ အမြန်လှည့်ကာ ကြိုဆိုလိုက်၏။

"ကြိုဆို..." သူလှည့်ကြည့်လိုက်သည့်အခါ လာရောက်သူများသည် ဟိုင်မိသားစုမှ လူတစ်ချို့ ဖြစ်နေသည်ကိုတွေ့ရလေသည်။

ထိုသူများသည် ဟိုက် မိသားစု၏ ဝတ်စုံများကို ဝတ်ဆင်ထားပြီး လူကြားထဲတွင် အလွန်ထင်ရှားနေပေသည်။

" အိုး၊ လေးစားရတဲ့ဟိုင် မိသားစုက မိတ်ဆွေကြီးတွေပဲ၊ ကျေးဇူးပြုပြီး ထိုင်ကြပါဗျာ၊ ထိုင်ကြပါ" ဟိုင် မိသားစုမှ လူများကို အပြစ်မလုပ်မိစေဖို့အတွက် သူတို့ထိုင်ရန် ထိုင်ခုံများကို အမြန်စီစဉ်ပေးလိုက်ရသည်။

" အသင့်စားဟင်းလျာတွေက ရောင်းကောင်းရဲ့လား" ထိုလူစုထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက အထင်သေးသည့်အမူအရာဖြင့်ပြောလိုက်၏။

"အာ ၊ အဲ့ဒါက လူကြီးမင်းတို့ရဲ့ ကောင်းချီးတွေကြောင့် တကယ်ပဲ ရောင်းကောင်းပါရဲ့ဗျာ " ကျိုးဝမ်ချိုက် ဇဝေဇဝါဖြစ်နေဆဲမှာပင်၊ ထိုလူက တပည့်တစ်ယောက်ကိုဆိုင်ထဲက ပစ္စည်းတွေဆီ လက်ညှိုးညွှန်ပြပြီး တီးတိုးပြောဆိုလိုက်၏။ "အဲ့ဒါတွေအားလုံးကိုဖျက်ဆီးပစ်လိုက်"

"ဘန်း!" သူ့စကားများဆုံးသည်နှင့် ဟိုင် မိသားစုမှ အဖွဲ့ဝင်တစ်ဦးသည် စားပွဲတစ်လုံးကို အပိုင်းပိုင်းဖြစ်အောင် ကန်ကျောက်ပစ်လိုက်လေသည်။ ထို့နောက် အခြားလူများသည်လည်း စားသောက်ဆိုင်တစ်ခုလုံးကို ဗြောင်းဆန်အောင် ဖျက်ဆီးတော့သည်။

"မဖျက်ဆီးကြပါနဲ့၊ ကျေးဇူးပြုပြီး မဖျက်ဆီးကြပါနဲ့ဗျာ!" ကျိုးဝမ်ချိုက် အလွန် ထိတ်လန့်သွားခဲ့သည်။ သူတို့ကို တားဆီးဖို့ ရှေ့ကို လှမ်းလိုက်ချိန်မှာပဲ ဝမ်းဗိုက်ကို အကန်ခံလိုက်ရပြီး သေမတတ် နာကျင်သွားခဲ့ရသည်။

"သူ့ကိုပါ

ရိုက်ကြစမ်း " ကျိုးဝမ်ချိုက် သည် အဖြစ်အပျက်များကို သေချာနားမလည်နိုင်သေးခင်မှာပဲ ဆိုးဆိုးရွားရွား ရိုက်နှက်ခံလိုက်ရပြန်သည်။ ပြင်းပြင်းထန်ထန် အရိုက်ခံရပြီး အရိုးများလည်း ကျိုးသွားသောကြောင့် သူ့မိဘများကိုပင် တကာအော်ဟစ် နေရပေသည်။ သူ၏ဆိုင်တစ်ခုလုံးလည်း ရှုပ်ပွနေပြီး ပန်းကန်အကောင်းတစ်လုံးမှတောင် မကျန်ရစ်ခဲ့ပေ။

"မင်းက ချန်ချင်းကုန်သွယ်ရေး ရဲ့ ပစ္စည်းတွေကို ဝယ်ရဲတယ်ပေါ့။ မင်းရဲ့ ကံကြမ္မာကို မင်းဖန်တီးလိုက်တာပဲ။ ငါတို့ မင်းဆိုင်ကို ရောက်တိုင်း အားလုံးကိုဖျက်ဆီးပစ်မယ်။ မင်းကိုလည်း တွေ့တိုင်း ရိုက်မယ်။ မင်းနားလည်လား" ဟိုင် မိသားစု၏ တပည့်များသည် သူ့ကိုဒေါသတကြီး ကြိမ်းမောင်းကာပြန်ထွက်သွားကြ၏။

"နားလည်ပါပြီ၊ ကျွန်‌ေတာ်နားလည်ပါပြီ..." ကျိုးဝမ်ချိုက် သည် မြေပြင်ပေါ်တွင် လှဲကျနေရင်းဖြင့် ခပ်တိုးတိုးပြောလာခဲ့သည်။

ကျိုးဝမ်ချိုက်သာမက မနေ့က ချန်ချင်း ကုန်သွယ်ရေး မှရောင်းချသည့် အသင့်စားဟင်းလျာများကို ဝယ်ယူသူအားလုံးနီးပါးသည် ဟိုင် မိသားစု၏ ရိုက်နှက်ခြင်းကိုခံခဲ့ကြရသည်။

များစွာသော စားသောက်ဆိုင်များနှင့် တည်းခိုခန်းအများအပြားသည် ဖျက်ဆီးခံခဲ့ရပေသည်။ ချန်ချင်း ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သူ သို့မဟုတ် သူတို့ထံမှ ပစ္စည်းဝယ်ယူမည်သူ့ကိုမဆို မင်ဟိုင် ကုန်သွယ်ရေး ၏ ရန်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ဟိုင် မိသားစုက အတိအလင်း ကြေညာခဲ့၏။

မူလအဆင့် အထွတ်အထိတ်ကဘိုးဘေးကြီး‌တစ်ယောက်နဲ့ ဘယ်သူကရန်သူဖြစ်ဝံ့မှာလဲ။ ထိုထုတ်ပြန်ချက်သည် လုကျင်းမြို့ ရှိစီးပွားရေးလုပ်ငန်းရှင်အားလုံးကို ကြောက်လန့်သွားစေခဲ့သည်။

" စာရင်းထဲမှာ ဘယ်နေရာကျန်သေးလဲ " ဟိုင် မိသားစုမှ လူမိုက်များသည် လမ်းပေါ်တွင်လျှောက်လာရင်းဖြင့် နောက်ပစ်မှတ်တစ်ခုကို ရှာရန် အဆင်သင့်ပြင်နေကြ၏။

" ခေါင်းဆောင်၊ နောက်တစ်နေရာ ကျန်သေးတယ်။ မနေ့က သူတို့ အသင့်စားဟင်းလျာကို ဝယ်ယူခဲ့ကြတယ်"

"ဘယ်သူလဲ၊ သွားရှင်းကြတာပေါ့!" ခေါင်းဆောင်သည် သူ၏လက်ကို ဝှေ့ယမ်းကာပြောလိုက်၏။

" ခဏလေး ၊ အဲဒါက ယွင်လင် ကုန်သွယ်ရေး ပါ"

"အိုး ဟုတ်လား၊ အဲ့ဒါဆို ပြန်ကြတာပေါ့ "

All Chapters