← Chapters

ငါ့ရဲ့ ဘိုးဘွားပိုင်အိမ် ၊ ကိုယ်တိုင် အလည်လာချင်တယ် !

Vol. 11 Ch. 109

ငါ့ရဲ့ ဘိုးဘွားပိုင်အိမ် ၊ ကိုယ်တိုင် အလည်လာချင်တယ် !

Vol. 11 Ch. 109

ဟိုင်မိသားစုဝင်တစ်‌ယောက်အနေဖြင့် သူ့ရှေ့မှ လူအိုကြီးက ဘယ်လောက်ကြောက်စရာကောင်းသည်ကို နားလည်သဘောပေါက်ပေသည်။

သူငယ်ရွယ်စဉ်က တောပုန်းဓားပြတစ်ယောက်ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သည့် လူများအား သတ်ဖြတ်ကာ သူတို့၏ကုန်ပစ္စည်းများအား တိုက်ခိုက်လုယက်ခဲ့ပေသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် အဆင့်မြင့် ပန်းချီဆရာတစ်ယောက်ထံမှ ပန်းချီကားတစ်ခုကို ရရှိခဲ့ပြီး သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် မူလအဆင့်သို့ တက်လှမ်းခဲ့သည်။ ထိုမှစ၍ သူက အကြင်နာတရားကင်းမဲ့လာခဲ့သည်။

နာမည်ပျက်စာရင်းပေါ်သို့ ရောက်ရန် သူ့အတွက် အချိန်သိပ်မကြာခဲ့ပေ။ ဟိုင်စုန့်ထောင်အား သတ်ရန်စေလွှတ်ခဲ့သည် ဖမ်းဆီးသူအရေအတွက်မှာ အတောမသတ်နိုင်ပေ။ သိူ့သော်လည်း အဆုံး၌ သူတို့အားလုံးမှာ သူ့လက်ထဲ၌ သေဆုံးသွားခဲ့ကြရသည်။

ဤသို့ဖြင့် ဟိုင်စုန့်ထောင်၏ နာမည်က မင်ဟိုင်ခရိုင်တစ်ခုလုံးအား ထိတ်လန့်သွားစေခဲ့သည်။ သူက မူလအဆင့်ပြီးပြည့်စုံခြင်းသို့ရောက်ရှိပြီးသည့်အခါ၌ နောက်ထပ်မည်သူကမှ သူ့အားမစော်ကားဝံ့ကြတော့ပေ။

ထို့ကြောင့် သူက ဟိုင်မိသားစုအား တည်ထောင်ခဲ့သည်။ ဟိုင်မိသားစုအား စိတ်ခေါ်ရဲသည့် ထိုလူများအတွက်မူ ဟိုင်စုန့်ထောင်က ဘယ်တုန်းကမှ သက်ညှာမပေးခဲ့ပေ။

သူက စေ့စပ်ပြီး အညှာအတာကင်းကာ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ယွင်လင်ဂိုဏ်းမှ လွဲ၍ ဟိုင်မိသားစုနှင့် တန်းတူရပ်ရဲသည့်သူ ဘယ်သူမှမရှိကြပေ။

ထိုလူအိုကြီးထံမှ ပြင်းထန်သည့် လူသတ်ချင်စိတ်အား ခံစားရပြီး သူသည်လည်း ချန်ချင်းကုန်သွယ်ရေးအဆုံးသတ်ပြီဟု သိခဲ့ပေသည်။

" သခင်လေးဆီကို သွားပြီးတော့ သတင်းပေးလိုက်ပါ့မယ်" ထိုလူသည် ပြောပြီးသည်နှင့် လျင်မြန်စွာထွက်သွားခဲ့သည်။ ဟိုင်စုန့်ထောင်ရှေ့၌ အရမ်းဖိနှိပ်ခံရသည်ဟု ခံစားခဲ့ရသည်။

သူ့အသက်က သူ့လက်ထဲ၌ မရှိသလိုပင်။

"ဟမ့် ၊ အခုဆိုရင် ဘယ် ငတုံး ၊ ငအ ၊ ငရှုပ် ကမဆို ငါ့ရဲ့ ဟိုင်မိသားစုကို စိန်ခေါ်ရဲနေပုံပဲ !" ဟိုင်စုန့်ထောင်သည် သူ့လက်ထဲမှ စာကိုကြည့်ကာ လက်ဖဝါးထဲ၌ လုံးချေလိုက်ပြီး လေထဲ၌ ဆွဲဖြဲပစ်လိုက်သည်။

" သူတို့က ဟိုင်စုန့်ထောင်ဆိုတဲ့ ငါ့နာမည်ကို မေ့နေတာဖြစ်ရမယ်"

"အခုက လူတိုင်းကို သတိပေးရမယ့်အချိန်ပဲ" ဟိုင်စုန့်ထောင်၏ အိုမင်းနေသည့်မျက်နှာက အေးစက်ပြီး ခက်ထန်သည့် အကြည့်ကို ထိန်းထားနိုင်ဆဲဖြစ်သည်။ "ချန်ချင်းကုန်သွယ်ရေးက အားလုံးကို သတိပေးဖို့အတွက်သာဓကတစ်ခုပဲ" ဟိုင်စုန့်ထောင်သည် ချက်ချင်းထရပ်လိုက်သည့် အခိုက်တွင် သူ၏အနောက်၌ ပုန်းကွယ်နေသည့် အရိပ်တစ်ခုကို မျက်လုံးထောင့်မှ သတိထားမိခဲ့သည်။


နေဝင်ရီတရောအချိန်ရောက်သည့်တိုင်အောင် ဟိုင်မိသားစုသည် ဘာမှမဖြစ်ခဲ့သို့ တည်ငြိမ်နေခဲ့ကြသည်။

" ဘိုးဘေးက အခုထိ အပေါ်ထပ်မှာလား" ဟိုင်မိသားစု၏ ဟိုင်မင်းချန်သည် ရောက်လာခဲ့ပြီး ထပ်ခိုးအောက်၌ရပ်ကာ အစောင့်အားမေးခဲ့သည်။

" ဟုတ်ပါတယ်။ ဘိုးဘေးက ဆင်းမလာသေးပါဘူး" အစောင့်က မှန်မှန်ကန်ကန်ဖြေဆိုခဲ့သည်။ သူတို့သည်ပင် ထူးဆန်းသည်ကို သတိထားခဲ့မိကြသည်။ ပုံမှန်ဆိုလျှင် ဟိုင်စုန့်ထောင်သည် ဒီနေရာ၌ ဒီလောက်ကြာအောင်မနေပေ။ ဒီနေ့ဘာလို့ လှုပ်ရှားမှုမရှိရတာလဲ။

ဟိုင်မင်းချန်သည် ထပ်ခိုးပေါ်သို့ မော့ကြည့်ခဲ့သည်။

" ငါသွားပြီး စစ်ဆေးလိုက်မယ်" တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ဟိုင်မင်းချန်သည် ထပ်ခိုးထဲသို့ ဝင်သွားခဲ့သည်။ ဟိုင်မိသားစု၏ အိမ်တော်ထိန်းဖြစ်သည့်အလျောက် သူသည် မိသားစု၏ ကိစ္စအဝဝကို စီမံရပေသည်။ ယနေ့တွင် ဟိုင်စုန့်ထောင်၏ မိတ်ဆွေဟောင်းတစ်ယောက်ထံမှ ဖိတ်ကြားလွှာတစ်စောင်ပေးပို့ထားခဲ့သည်။ ဟိုင်မင်းချန်သည် ဤနေရာသို့ ဖိတ်ကြားလွှာပေးပို့ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ဟိုင်စုန့်ထောင်သည် လက်ဖက်ရည်သောက်ရင်း ရေမြို့‌၏ ရှုခင်းကို မွေ့လျော်ရန် ဤထပ်ခိုးသို့ လာကာ သူ၏ လုပ်ဆောင်မှု အသီးအပွင့်များကို ခံစားပေသည်။

သို့သော်လည်း ဒီနေ့တွင် သူသည် အနည်းငယ်ပိုကြာကြာနေခဲ့ပေသည်။

"ဘိုးဘေး"

"ဘိုးဘေး ဒီမှာရှိလား" ဟိုင်စုန့်ထောင်သည် စတုတ္တမြောက် အထပ်၌ နေလေ့ရှိသည်ကို ဟိုင်မင်းချန်က သိထားပေသည်။ ထို့ကြောင့် သူက တတိယအထပ်သို့ ရောက်သည့်အခါ၌ စတင်ကာ ခေါ်ဆိုနေခဲ့သည်။

သို့သော်လည်း ပြန်ဖြေသူမရှိပေ။ ဘိုးဘေးက အိပ်ပျော်နေတာများလား။ ဟိုင်မင်းချန်သည် ပဟေဌိဖြစ်နေခဲ့သည်။

"တောက်" တိုးလျသည့် အသံတစ်ခုက ဟိုင်မင်းချန်၏ အာရုံအား ဖမ်းစားသွားခဲ့သည်။ ရုတ်တရက် သူ့ရှေ့ရှိ လှေကားအောက်၌ အရည်တစ်ချို့ တစ်စက်စက်ကျနေသည်ကို တွေ့ခဲ့ရသည်။

ဟိုင်မင်းချန်သည် ကုန်းကာ အနီးကပ်ကြည့်ခဲ့သည်။ မှောင်ရီပျိုးနေပြီး မီးရောင်များက ဝိုးတဝါးဖြစ်နေသော်လည်း အရည်များက အတော်လေး အရောင်ရင့်သည်ကို မြင်နိုင်နေဆဲဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ လေနှင့်အတူ သွေးနံကိုပါ ရနေရခြင်းဖြစ်သည်။

ဟိုင်မင်းချန်၏ နှလုံးက ရပ်တန့်သွားခဲ့သည်။ သွေးတွေလား။ မကောင်းသည့် ခံစားချက် ပေါ်ထွက်လာခဲ့သည်။ သူသည်အလျင်အမြန်ပြေးတက်သွားခဲ့ပြီး စတုတ္ထထပ်သို့ ရောက်သည့်အခါ၌ သူ့အရှေ့မှမြင်ကွင်းကြောင့် မင်သက်‌သွားခဲ့သည်။

အလောင်းတစ်ခုက ကြမ်းပြင်၌ လဲကျနေပြီး ခေါင်းကဖြတ်ခံထားရသည်။ ခေါင်းမရှိလျင်ပင် အဝတ်အစားများနှင့် ခန္ဓာကိုယ်ကို မှတ်မိပေသည်။

ဟိုင်စုန့်ထောင်ပင်ဖြစ်သည်။ ဟိုင်မိသားစု၏ ဘိုးဘေးက တိတ်တဆိတ် အသတ်ခံလိုက်ရပြီ ! ဟိုင်မင်းချန်သည် တစ်ခါတည်း လဲပြိုကျသွားခဲ့သည်။ သူ၏ ခြေထောက်များက မလှုပ်ရှားနိုင်တော့ဘဲ သူမြင်ခဲ့ရသည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဟိုင်မိသားစုရဲ့ ဘိုးဘေးက မူလအဆင့် ပြီးပြည့်စုံခြင်း ဆရာသခင်တစ်ယောက်လေ။ အရင်တုန်းကဆိုရင် ရှာဖွေသူ အများကြီးကတောင် ဟိုင်စုန့်ထောင်ကို မသတ်နိုင်ခဲ့ကြဘူးလေ။

သူက ဘယ်လိုလုပ် အခုလို တိတ်တဆိတ် အသတ်ခံရမှာလဲ။ အောက်မှာရှိတဲ့ အစောင့်တောင် ဘာသံမှ မကြားလိုက်ရဘူး။ ပြီးတော့ တိုက်ခိုက်ထားတဲ့ အရိပ်အယောင်လည်းမရှိဘူး။ဒါက ဟိုင်စုန့်ထောင်က ဘာခုခံမှုမှ မရှိဘဲ အသတ်ခံလိုက်ရတာလို့ ဆိုလိုတာပဲ။

ဘယ်သူက ဒါကို လုပ်နိုင်မှာလဲ။ ထူးကဲမူလအဆင့် ဆရာသခင်တစ်ယောက်လား။

" ကျုပ်တို့ အဆုံးသတ်ပြီ..." ဟိုင်မင်းချန်၏ လည်ပင်းထဲ၌ တစ်ဆို့နေခဲ့သည်။ ဟိုင်မိသားစု၏ ဘိုးဘေး သေဆုံးခြင်းက ဘာကိုဆိုလိုသည်ကို သူသိပေသည်။

ဟိုင်မိသားစုက အဆုံးသတ်သွားခဲ့ချေပြီ။ ဟိုင်စုန့်ထောင် မရှိဘဲ ဟိုင်မိသားစုက ဟိုင်မိသားစုဖြစ်နေပါဦးမလား။ အကြီးဆုံးသား ဟိုင်တုံရှန့် ရှိနေသေးသော်လည်း သူက သာမန် မူလအဆင့် ကျင့်ကြံသူတစ်ယောက်ပင်။ သူက ဟိုင်မိသားစုကို ဘယ်လိုလုပ်ထောက်ပံ့ပေးနိုင်မှာလဲ။

သူဘာလုပ်ရမလဲ။ ဟိုင်မင်းချန်၏ စိတ်ထဲ၌ ပြာယာခပ်နေခဲ့သည်။ သို့သော်လည်း သူသည် သူ့ကိုယ်သူတည်ငြိမ်ရန် ဖိအားပေးထားခဲ့သည်။ ဒီအချိန်၌ သူက သတိရှိနေရပေမည်။

သူ၏ပထမဆုံးအတွေးက ဟိုင်စုန့်ထောင်သေဆုံးသည့် သတင်းကို လျှို့ဝှက်ထားရန်ဖြစ်သည်။ဘယ်လိုအခြေအနေမျိုးမှာမှ ဒီသတင်းပေါက်ကြားလို့မဖြစ်ပေ။ ထိုသို့မဟုတ်ပါက ဟိုင်မိသားစုက ချင်ချင်း ပြိုလဲသွားပေလိမ့်မည်။ပြီးခဲ့တဲ့နှစ်တွေက ဟိုင်မိသားစုက လူဘယ်လောက်များများကို စော်ကားအနိုင်ကျင့်ခဲ့လဲ။သို့သော်လည်း ဟိုင်မိသားစုအား ဟိုင်စုန့်ထောင်က ကာကွယ်ပေးထားသောကြောင့် ပြသနာမရှိခဲ့ပေ။ ဟိုင်စုန့်ထောင်သေသွားသည်ကိုသာ သူတို့သိသွားပါက ဟိုင်မိသားစုက တစ်ခဏအတွင်းဖျက်ဆီးခံရဖို့ ဖြစ်နိုင်ကာ သူအပါအဝင် ဟိုင်မိသားစုမှ လူအားလုံး သေဆုံးခြင်းမှလွတ်မြောက်မည်မဟုတ်ပေ။

တစ်ခဏကြာပြီးနောက်တွင် ဟိုင်မင်းချန်သည် ဘာမှမဖြစ်ခဲ့သကဲ့သို့ မျှော််စင်မှ ဆင်းလာခဲ့ပြီး သူ၏ မျက်နှာက ပုံမှန်အတိုင်းပင်။

"ကောင်‌လေး မင်းဒီမှာစောင့်နေဖို့ မလိုတော့ဘူး။ ကင်းလှည့်သွားတော့" ဟိုင်မင်းချန်သည် အောက်၌ရှိသည့် အစောင့်အား ပြောခဲ့သည်။

"ဟုတ်ကဲ့" ဟိုင်မင်းချန်က ပြောနေသောကြောင့် သူက အထွန့်မတက်တော့ပေ။ သူထွက်သွားပြီးသည့်နောက်တွင် ဟိုင်မင်းချန် သည် မျှော်စင်၏ တံခါးကို သော့ခတ်ခဲ့သည်။

ထို့နောက်သူက တိတ်တဆိတ်ပြန်လာခဲ့သည်။ နောက်တစ်နေ့ မနက်၌ လုကျင်းမြို့၏ လမ်းမပေါ်၌ ဟိုင်မိသားစု၏ များပြားသည့် နောက်လိုက်အဖွဲ့က အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။

သူတို့က ဆယ့်နှစ်ယောက်ခန့်ရှိကာ အလယ်၌ ထမ်းစင်တစ်ခုကို သယ်ဆောင်လာခဲ့ကြသည်။ သူတို့၏တစ်ခုတည်းသော ဦးတည်ရာက ချန်ချင်းကုန်သွယ်ရေး ဖြစ်သည်။

မနက်ခင်း၌ ဟိုင်တုံရှန့်သည် ဟိုင်စုန့်ထောင်ထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ ဟိုင်စုန့်ထောင်က သူ့အား သွေးသံတရဲရဲနှင့် အကြောက်အလန့်ကင်းကင်းလုပ်ဆောင်ရန် ပြောကြားထားခဲ့သည်။ ဟိုင်မိသားစုက အချိန်အကြာကြာ တိတ်ဆိတ်နေခဲ့ပြီး ချန်ချင်းကုန်သွယ်ရေးကို ဖြေရှင်းကာ သူတို့၏ အခွင့်အာဏာကို တည်ထောင်ရန် အခွင့်အရေးကောင်းတစ်ခုပင်။

မင်ဟုန်ခရိုင်ရဲ့ ဟိုင်မိသားစုကို လူတိုင်းမမေ့ကြစေနဲ့ ! ဟိုင်တုံရှန့်သည် ဤဆုံးဖြတ်ချက်အတွက် ကျေနပ်နေပေသည်။

ထို့အပြင် ဟိုင်စုန့်ထောင်သည် ချန်ချင်းကုန်သွယ်ရေး၏ နောက်ကြောင်းအား စုံစမ်းထားခဲ့သည်။ ဘာမှမဟုတ်သည့် ဝရုန်းသူန်းကားလူတစ်စုသာဖြစ်ပြီး စိုးရိမ်နေဖို့ မထိုက်တန်ပေ။

ယန်ပါးထောင်၏ သမီးကသာ ရှေးဟောင်းတာအိုတောင်ဂိုဏ်း၏ အပြင်စည်းတပည့်ယောက်ဖြစ်ပြီး လုံးဝ စိုးရိမ်စရာမရှိပေ။ စာထဲ၌ သူသည် ရက်အနည်းငယ်အတွင်း လုကျင်းမြို့ရှိ မင်ဟိုင်ကုန်သွယ်ရေးသို့ အလည်လာမည်ဟုလည်း ပြောထားခဲ့သည်။

ဤသည်က ဟိုင်တုံရှန့်အား ပို၍ပင် အဆင်အခြင်မဲ့ ဖြစ်စေသည့်နောက်ဆုံးသတင်းအပိုင်းဖြစ်ကာ သူ့အား ကူကယ်ရာမဲ့စွာ အကျယ်ကြီးရယ်နေစေခဲ့ပြီး သူ၏ မျက်လုံးထဲ၌ ရူးသွပ်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

လူအိုကြီး လာနေပြီဆိုမှတော့ သူက ဘာကိုကြောက်နေတာလဲ။ ထို့ကြောင့် ဤမြင်ကွင်းအား ထုတ်ဖော်လာခဲ့ခြင်းဖြစ်သည်။ လုကျင်းမြို့ရှိ ဟိုင်မိသားစု၏ နောက်လိုက်အားလုံးက ချန်ချင်းကုန်သွယ်ရေးအတွက် ဦးတည်လာခဲ့ကြသည်။

သူတို့သည် ယနေ့‌တွင် ချန်ချင်းကုန်သွယ်ရေးသို့ အချိန်ကောင်းတစ်ခု အတွက် သွားနေကြပေသည်။

" သူတို့ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ" လမ်းပေါ်မှ ကုန်သည်များသည် ဟိုင်မိသားစု၏ နောက်လိုက်များအား တွေ့သည့်အခါ အတော်လေး ကြောက်လန့်နေခဲ့ကြသည်။

လုကျင်းမြို့၌ မင်ဟိုင်ကုန်သွယ်ရေးနှင့် ယွင်လင်ကုန်သွယ်ရေးက အရှင်သခင်များဖြစ်ကြသော်လည်း ယွင်လင်ကုန်သွယ်ရေးက ထိုကဲ့သို့ကိစ္စများ ပြုလုပ်သည်မှာ ရှားပေသည်။ မင်ဟိုင်ကုန်သွယ်ရေးမှ လူများသာလျှင် လုပ်တတ်ကြပေသည်။ သူတို့အမြင်သည့်အခါ၌ အေးစက်သည့် ခံစားချက်ကို ခံစားခဲ့ကြရသည်။

" ဒီတစ်ကြိမ်တော့ ဘယ်သူကံဆိုးမလဲမသိဘူး"

"တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ။ သေချာပေါက် ချန်ချင်းကုန်သွယ်ရေးပေါ့။ ချန်ချင်းကုန်သွယ်ရေးက မင်ဟိုင်ကုန်သွယ်ရေးကို အများကြီးစော်ကားခဲ့တာ။ ပြီးတော့ မကြာခင်က ခြိမ်းခြောက်စာတစ်စောင်တောင်လုပ်ခဲ့သေးတယ်။ ဟိုင်မိသားစု က သူတို့ကိုလွှတ်ပေးနိုင်မယ်ထင်လား" လူတိုင်းက ဤကိစ္စအား ဆွေးနွေးနေကြသည်။

" အာ ၊ အစက ချန်ချင်းကုန်သွယ်ရေးက ဒီလို ခြိမ်းခြောက်စာလုပ်ခဲ့တာ သူတို့မှာ အင်အားတချို့ရှိလို့ လို့ထင်ခဲ့တာ။ သူတို့က ဟိုင်မိသားစုကို တကယ်ယှဉ်နိုင်ပြီး ဟိုင်မိသားစုကို ဆွဲချဖို့ဖြစ်နိုင်မယ်ထင်တာ။ ဒါပေမယ့် အခုတော့ သူတို့က လေလုံးထွားနေတာပဲနေမှာ။ သူတို့ ခြိမ်းခြောက်စာထုတ်ထဲ့အချိန်ကနေ အခုထိ ဘာမှမလုပ်ကြသေးဘူး"

" ဟိုင်မိသားစုကို ဆွဲချမှာလား။ မင်းက တကယ်ကို အိပ်မက်မက်ရဲတာပဲ။ မင်ဟုန်ခရိုင်တစ်ခုလုံးမှာ ဟိုင်မိသားစုကို ဘယ်သူက ဆွဲချရဲမှာလဲ"

"ရလာဒ်အနေနဲ့ကတော့ ချန်ချင်းကုန်သွယ်ရေးက ပုန်းနေပြီး ထွက်တောင်ထွက်မလာရဲတော့ဘူး။ သူတို့က တကယ်အသုံးမကျတာပဲ!"

" အမှန်ပဲ။ သူတို့က ဟိုင်မိသားစုကို တန်ကြေးပြန်ပေးရမယ်လို့ ပြောခဲ့တယ်။ တန်ကြေးက ဘယ်နေရာမှာလဲ။ အခု သူတို့က တိုက်ခိုက်ခံရတော့မယ်" လူအများစုက ချန်ချင်းကုန်သွယ်ရေးအား စိတ်ပျက်နေခဲ့ကြသည်။

ဟိုင်မိသားစု၏ နောက်လိုက်အဖွဲ့ကြီးက ချန်ချင်းကုန်သွယ်ရေးသို့ ရောက်ခါနီးတွင် ချန်ချင်းကုန်သွယ်ရေးမှ လူများသည် သတင်းရထားခဲ့ပြီး မင်ဟိုင်ကုန်သွယ်ရေးမှ လူများက ပြသနာရှာရန်ရောက်နေကြသည်ကို သိထားပြီးဖြစ်သည်။

ယန်ပါးထောင်က ဦးဆောင်ကာ မိသားစုခေါင်းဆောင်အများစုနှင့် နောက်လိုက်များသည်လည်း သူ့နောက်မှ နေရာယူထားခဲ့ကြသည်။

"အိုး ၊ ဉက္ကဌ ယန် ၊ ဒီလောက်မြန်မြန်ပြန်တွေ့ရမယ်လို့ မထင်ထားဘူး" ရွှတ်နောက်နောက် အသံတစ်ခုထွက်လာခဲ့သည်။

ဟိုင်မိသားစု၏ နောက်လိုက်များကြားထဲမှ လူတစ်ချို့က ထမ်းစင်တစ်ခုကို သယ်ဆောင်လာခဲ့ကြပြီး ထိုအပေါ်၌ ဟိုဝူက ထိုင်နေခဲ့သည်။

ဟိုဝူက အားပါးတရပြုံးနေခဲ့ပြီး သူ၏ခြေထောက်များက ဒုက္ခိတဖြစ်နေသော်လည်း သူက စိတ်အခြေအနေကောင်းမွန်နေပေသည်။ နောက်ဆုံးတော့ သူက လက်စားချေနိုင်ပြီဖြစ်သောကြောင့်ပင်။

အရင်က ယန်ပါးထောင်သူ့အားဆက်ဆံသည့်နည်းလမ်းကို ယနေ့တွင် နောက်ဆုံးတော့ ကြမ်းတမ်းနိုင်ခဲ့ပြီဖြစ်သည်။ ဟိုဝူသည် အစက ဒီနေ့ မလာချင်ခဲ့ပေ။ ယန်ပါးထောင်ဆီသို့ သွားရခြင်းက သူ၏ ခြေထောက်များအား သူ့ခြေထောက်ဖြင့် နင်းချေကာ သူ့အား ကြမ်းပြင်ကို လျက်ခိုင်းခဲ့သည့်ထိုလူအား သူသည် အလိုအလျောက် အကြောက်တရားတစ်မျိုးကို ခံစားရပေသည်။

သို့သော်လည်း ဟိုင်မိသားစု၏ လူအိုကြီးက ရက်အနည်းငယ်အတွင်း လုကျင်းမြို့သို့လာမည်ကို ကြားသည့်အခါ၌ ဟိုဝူသည် ဟိတ်ဟန်ထုတ်ချင်လာခဲ့သည်။

ယန်ပါးထောင်က သေခြင်းတရားကို တကယ်မကြောက်ဘဲနေမည်ဟု သူမယုံကြည်ပေ။ ဟိုင်မိသားစု၏ လူအိုကြီး လာနေသည်ကို သိပြီးသည်နှင့် သူက ဒူးထောက်ပြီး သနားညှာတာမှုအတွက် အနူးအညွတ်မတောင်းပန်ဘဲ သူတို့နဲ့ သေတဲ့အထိတိုက်ခိုက်နေနိုင်ဦးမှာလား။

" ခင်ဗျားကို ကျန်းကျန်းမာမာတွေ့ရတာ ကောင်းလိုက်တာ" ဟိုဝူက ခနဲ့ခဲ့သည်။ " ဥက္က‌ဌ ယန် ကျုပ်ကို ထပ်တွေ့ဖို့ မျှော်လင့်မထားဘူးမဟုတ်လား"

" မင်းရဲ့ တတိခြေထောက်ကို မလိုချင်တော့ဘူးထင်တယ် ဟုတ်လား" ယန်ပါးထောင်သည် ဟိုဝူ၏ ခြေထောက်ကြားသို့ တစ်ချက်ကြည့်ခဲ့သည်။

"ဟီးဟီး" ဒီတစ်ကြိမ်တွင် ဟိုဝူသည် ကြောက်လန့်မနေခဲ့ဘဲ ရယ်ခဲ့သည်။ " ဥက္ကဌ ယန် ခင်ဗျားက အခြေအနေတွေကို နားမလည်သေးဘူးလို့ ကျုပ်ထင်တယ်။ ခင်ဗျားအတွက် ကျုပ်ကိုရှင်းပြစေချင်သေးလား"

"ဒီနေ့က ကျုပ်ရဲ့ တတိယခြေထောက်ကို ချိုးပစ်မယ့်အကြောင်းမဟုတ်ဘူး။ ခင်ဗျားပဲ ၊ ဉက္ကဌ ယန် နောက်ပြီးကျရင် ခင်ဗျားက ဒူးထောက်ပြီးတော့ ခင်ဗျားရဲ့ တတိယခြေထောက်ကို ချမ်းသာပေးဖို့ တောင်းပန်နေရမှာ" ဟိုဝူ၏ အကြည့်က ရှိနေသည့် လူတိုင်းဆီသို့ ရောက်သွားကာ "ပြီးတော့ ခင်ဗျားတို့အားလုံး အရင်က ကျုပ်ကို ခင်ဗျားတို့ရဲ့ ဥက္ကဌက ဘယ်လိုဆက်ဆံခဲ့လဲ။ ခင်ဗျားတို့ကို တစ်ပုံစံတည်း ပြန်ပြီး ဆက်ဆံပြမယ်။ ခင်ဗျားတို့တစ်ယောက်မှ လွတ်မြောက်မှာမဟုတ်ဘူး" "ဒီလူက ရူးသွားပြီပဲ" ကျောက်ရီချိုးသည် ခေါင်းခါကာ ပြောခဲ့သည်။ "မင်းတို့အားလုံး ဒီနေ့ ဒီကိုရောက်လာတာ ပြသနာဖြစ်ဖို့မဟုတ်လား။ဟိုင်တုံရှန့်လာနေပြီလား။ မင်းတို့ အမှိုက်တစ်သုတ်ကတော့ ငါတို့ ဥက္ကဌတောင် လှုပ်ရှားဖို့မလိုဘူး။ ငါတစ်ယောက်တည်းနဲ့ မင်းတို့အားလုံးလဲသွားအောင်လုပ်နိုင်တယ်" ပြန်လည်မွေးဖွားခြင်းအထွတ်အထိပ်အဆင့် ဖြစ်သည့် ကျောက်ရီချိုးသည် ဟိုင်မိသားစုမှ ထိုလူတစ်စုအား အသာလေး လှဲသိပ်နိုင်ပေသည်။

"ဟားဟားဟားဟား" ဟိုင်မိသားစု၏ နောက်လိုက်များက ဗြုန်းခနဲ ရယ်လိုက်ကြကာ အကြောက်အလန့်ကင်းမှုက အကြွင်းမဲ့လထွက်ပေါ်လာခဲ့သည်။

ဟိုဝူပင် ရယ်နေခဲ့ကာ "ခင်ဗျားနာမည်ကို ကျုပ်မသိပါဘူး ဒါပေမယ့် ခင်ဗျားရဲ့ ယုံကြည်ချက်ကိုတော့ လေးစားပါတယ်။ ကျုပ် ခင်ဗျကို အခုပြောပြမယ်။ ကျုပ်တို့ဒီနေ့လာတာက ခင်ဗျားတို့ဆိုင်ကို ဖျက်ဆီးဖို့မဟုတ်ဘူး။ ခင်ဗျားတို့အတွက် တခြားသတင်းတစ်ခုပေးချင်လို့လာခဲ့တာပဲ"

"ကျုပ်တို့ရဲ့ မိသားစုဘိုးဘေး ဟိုင်စုန့်ထောင်က ခင်ဗျားတို့နဲ့ ဖြစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ လက်စားချေဖို့ ရက်အနည်းငယ်အတွင်းမှာ လုကျင်းမြို့ကို ရောက်လာလိမ့်မယ်" ထိုစကားလုံးများအား ပြောပြီးသည်နှင့် ရောက်နေသည့် လူအားလုံး၏ အမူအရာများက ပြောင်းလဲစွားခဲ့ကြသည်။

ဟိုင်မိသားစုရဲ့ ဘိုးဘေး။ ဟိုင်စုန့်ထောင် ! အနီးအနားရှိ ကုန်သည်များသည်လည်း အံ့ဩသွားခဲ့ကြသည်။ ဟိုင်စုန့်ထောင်က လာနေပြီလား။ သူက တကယ်ကို အညှာအတာကင်းမဲ့တဲ့ စရိုက်ပဲ။ ပြီးတော့ ဟိုင်မိသားစု က အခုအခြေအနေထိ တိုးတက်လာခဲ့တာက သူ့ရဲ့ ကျေးဇူးကြောင့်ပဲ။

သူသည် ကျင့်ကြံဆင့်မြင့်မားကာ အကြင်နာတရားကင်းမဲ့သည်။ သူက လုကျင်းမြို့ကို လာမယ်ဆိုရင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စတင်တော့မှာ မဟုတ်လား။ ဤသည်ကို ကြားပြီးသည့်နောက်တွင် ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေတို့၏ မျက်နှာများက လေးနက်သွားကြသည်။

ထူးကဲမူလအဆင့် ဆရာသခင်တစ်ယောက်က သူတို့ စော်ကားနိုင်သည့် သူမဟုတ်ပေ။ ယန်ပါးထောင်သည် အစောပိုင်း မူလအဆင့် တစ်ယောက်သာဖြစ်ပြီး ဟုင်စုန့်ထောင်ရှေ့၌ ခုခံရန် စွမ်းအားပင်ရှိမည်မဟုတ်ပေ။ အကယ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတစ်ခု စတင်ခဲ့ပါက သူတို့ထဲက မည်သူမှ အသက်ရှင်လိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်၌ လေထုက အေးခဲသွားသည်ဟု ထင်ရကာ လူတိုင်းက တိတ်ဆိတ်နေကြသည်။ ဟိုဝူသည် လူတိုင်း၏ အမူအရာကိုကြည့်ပြီး ကျေနပ်နေပုံရကာ သရော်ခဲ့သည်။ "ခင်ဗျားတို့ကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးရမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ခုန်ချင်းကုန်သွယ်ရေးက အဆုံးသတ်ပြီပဲ"

" ခင်ဗျား ဒီနေ့ သနားညှာတာဖို့အတွက် ဒူးထောက်ပြီး စကားလုံးချိုချိုသာသာနဲ့ပြောပြီးတော့ ကျုပ်စိတ်တိုင်းကျမယ်ဆိုရင် ခင်ဗျားရဲ့ မိသားစုကကိုတော့ ချမ်းသာပေးနိုင်ပါတယ်။ အဲ့လိုမဟုတ်ဘူးဆိုရင် ဟိုင်မိသားစုက အမိန့်ပေးနေသရွေ့ ချန်ထင်မြို့က အဲ့ဒီမိသားစုငယ်လေးတွေ"

" တစ်ယောက်တောင်မှ လွှတ်ပေးမှာမဟုတ်ဘူး!" သူ၏ စကားများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

" မင်း ပြောရဲတယ် !" ပိုင်ကျင့်ဖေက အပြင်းအထန် ဒေါသထွက်နေခဲ့သည်။ ပိုင်မိသားစုက သူ့ဘဝပင် ! သူ့ရဲ မျိုးဆက်တွေ ၊ သူ့ရဲ့ မိသားစုဝင်တွေ ၊ သူ့ရဲ့ ဆွေမျိုးသားချင်းများ အားလုံး ရှိကြပေသည်။

ယန်ပါးထောင်၏ မျက်နှာသည်လည်း အလွန်အမင်း အေးစက်လာခဲ့သည်။

"အိုး" ဟိုဝူသည် မေးကို လက်ဖြင့်ထောက်ရင်း ပိုင်ကျင့်ဖေအား ပြုံးပြကာ " ခင်ဗျား စမ်းကြည့်လေ"

" ခင်ဗျားတို့ မိသားစုငယ်လေးက ကျုပ်တို့ ဟိုင်မိသားစုကို တောင်ခံနိုင်မလားဆိုတာ ကြည့်ကြတာပေါ့" ဟိုဝူ၏ စကားလုံးများက ပိုင်ကျင့်ဖေ ၊ ကျောက်ရီချိုး နှင့် အခြားမိသားစုငယ်များစွာ၏ ခေါင်းဆောင်များကို အထိတ်တလန့်ဖြစ်စေခဲ့သည်။

သူတို့အားလုံးသည် ယန်ပါးထောင်၌ အစီအစဉ်တစ်ခုရှိရန်မျှော်လင့်ရင်း သူ့အား ကြည့်ခဲ့ကြသည်။

"ချန်ချင်းကုန်သွယ်ရေးက ဒီတစ်ခါတော့ တကယ်အဆုံးသတ်ပြီပဲ။ ဟိုင်မိသားစုက တကယ် ဒေါသကြီးတယ်"

" ဟိုင်မိသားစုရဲ့ ခေါင်းဆောင်အိုကြီးကိုယ်တိုင်လာတယ်ဆိုတော့ သွေးချောင်းစီးတော့မှာပဲ။ ဟိုင်မိသားစုကို စော်ကားရဲတဲ့ဘယ်သူမဆို ကံဆိုး‌မိုးမှောင်ကျတာပဲ" အနီးနားရှိ ကုန်သည်များစွာက ခေါင်းယမ်းကာ ဟိုင်မိသားစု၏ ရက်စက်မှုကြောင့် ခြိမ်းခြောက်မှုကို အနာငယ်ခံစားခဲ့ရသည်။

သူတို့သည် ဟိုင်မိသားစုအား ကြောက်ရွံ့ကာနေထိုင်နေရခြင်းကို ကျင့်သားရလာခဲ့ကြပြီး ခုခံရန် ရည်ရွယ်ချက်မရှိကြပေ။

ထိုအခိုက်အတန့်၌ ဘေးမှကြည့်နေသည့် ကုန်သည်များသည် ကြားထဲက မြေစာပင်များ ဖြစ်မည်ကို စိုးရိမ်ကာ သူတို့၏ နေအိမ်များဆီသို့ တိတ်တဆိတ် နောက်ကြောင်းပြန်လှည့်သွားခဲ့ကြသည်။

ချန်ချင်းကုန်သွယ်ရေး၏ ငြိမ်သက်နေသည့် အဖွဲ့ဝင်များအား ကြည့်နေသည့် ဟိုဝူသည် သခင်အိုကြီး လာရောက်ခြင်းက သူတို့အား လုံလုံးလျားလျား ခြိမ်းခြောက်ပြီးခဲ့ပြီကို သိခဲ့ပေသည်။

ထိုအခိုက်အတန့်၌ ဟိုဝူ၏ မျက်လုံးထဲ၌ ဒေါသအရိပ်အယောင် ထွက်ပေါ်လာခဲ့သည်။ သူက လက်ကို မြှောက်လိုက်ကာ ယန်ပါးထောင်အား လက်ညှိုးထိုးလိုက်ရင်းဖြင့် "ဒူးထောက်" သူ၏ အသံက အလွန်တည်ငြိမ်နေသော်လည်း ကျောချမ်းဖွယ်အေးစက်နေခဲ့သည်။

တခြားဟိုင်မိသားစု၏ နောက်လိုက်များသည်လည်း ယန်ပါးထောင်အား ကြည့်လာခဲ့ကြသည်။

"ကျုပ်ရှေ့မှာ မူလအဆင့်ဆရာသခင်တစ်ယောက်က ဒူးထောက်ရတဲ့ခံစားချက်က ဘယ်လိုလဲဆိုတာကျုပ်တစ်ခုမှ မကြုံဖူးဘူး။ ဒီနေ့တော့ အခွင့်အရေးရခဲ့ပြီ" ဟိုဝူက စိတ်မဝင်စားစွာဖြင့်ပြောခဲ့သည်။ "ကျုပ်ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် ပိုကောင်းမယ်။ ခင်ဗျားရဲ့ မိသားစုကို သုတ်သင်မခံချင်ဘူး မဟုတ်လား"

All Chapters