← Chapters

ဟိုင်စုန့်ထောင်ကို သတ်တာ ကမ္ဘာပေါ်က ဘယ်သူလဲ။

Vol. 11 Ch. 110

ဟိုင်စုန့်ထောင်ကို သတ်တာ ကမ္ဘာပေါ်က ဘယ်သူလဲ။

Vol. 11 Ch. 110

ထိုအခိုက်အတန့်၌ ယန်ပါးထောင်သည်လည်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုကဲ့သို့ သတ်ဖြတ်လိုစိတ်အား ထုတ်ဖော်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီဆိုတာကို သူမမှတ်မိနိုင်တော့ပေ။

တစ်စုံတစ်ယောက်က ယန်ပါးထောင်အား ထိုကဲ့သို့ ပြင်းပြသည့် သတ်ဖြတ်လိုစိတ်အ ထုတ်လွှတ်ရန် ရန်စခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဟိုဝူသည် ယန်ပါးထောင်အား ထိုကဲ့သို့ ပြင်းပြသည့် သတ်ဖြတ်လိုစိတ်အား ထုတ်ဖော်ရန် ရန်စနိုင်ခဲ့သည့် ထိပ်တန်းငါးယောက်ထဲမှ တစ်ယောက်ဖြစ်ပေသည်။

ဤသတ်ဖြတ်လိုစိတ်သည် ယန်ပါးထောင်အနီး၌ ရပ်နေသည့် ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေ တို့အား ရေခဲခန်းထဲသို့ ပြုတ်ကျသွားသလို ခံစားခဲ့ရသည်။ သူတို့သည် ယန်ပါးထောင်အား အံ့ဩစွာဖြင့်ကြည့်နေခဲ့ကြသည်။ ယန်ပါးထောင်က လုပ်ငန်းစနေတာဖြစ်နိုင်လား။

" ကျုပ်နောက်တစ်ခါထပ်ပြောမယ်"

" ဒူထောက်စမ်း!" ဟိုဝူသည် ပြင်းပြင်းထန်ထန်အော်ဟစ်ခဲ့သည်။ ရုတ်တရက် သူ၏မျက်လုံးများက နီရဲလာခဲ့ပြီး သွေးကြောများက ကြောက်မက်ဖွယ်ဖောင်းကားလာခဲ့သည်။ ယနေ့တွင် သူသည် ယန်ပါးထောင်အား ဖြစ်နိုင်သမျှနည်းလမ်းတိုင်းနှင့် အရှက်ခွဲတော့မည်ဖြစ်သည် !

ယန်ပါးထောင်အား အရှက်တကွဲဖြစ်ကာ လက်စချေရန်အတွက်က သူ့အား ဒုက္ခပေးနေပေသည်။ ယန်ပါးထောင်သည် အရူးတစ်ယောက်မဟုတ်ပါက သူ၏မိသားစုနှင့် ချန်ထင်မြို့ရှိလူတိုင်း၏ အသက်များအား လျစ်လျူရှုကာ လှုပ်ရှားမှု လုပ်ဝံ့မည်ဟု မယုံကြည်နိုင်ပေ။

သို့သော်လည်း နောက်တစ်စက္ကန့်၌ ဟိုဝူ၏ သူငယ်အိမ်များက ကျဉ်းမြောင်းလာခဲ့ပြီး သူ၏အမူအရာက နာကျင်လာခဲ့သည် ! ရုတ်တရက် ယန်ပါးထောင်၏ ပုံရိပ်က ဟိုဝူ၏ အရှေ့၌ ထွက်ပေါ်လာခဲ့သည်။

သူ၏အရှိန်က အရမ်းမြန်ကာ လူအများသည် အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။ ထိုအခိုက်အတန့်၌ ယန်ပါးထောင်၏ လက်များက ဟိုဝူ၏ လည်ပင်းအား ဖမ်းဆုပ်ထားခဲ့ပြီးဖြစ်သည်။

ဟိုဝူ၏ မျက်လုံးများက ပေါက်ထွက်လုမတတ်ပင်။ အနီးနားရှိ မင်ဟိုင်ကုန်သွယ်ရေးမှ လူများသည် ထိတ်လန့်နေခဲ့ကြသည်။ ယန်ပါးထောင်က တကယ်လှုပ်ရှားရဲပေသည်။ !

"ယန် .....ပါးထောင် ၊ ခင် ... ခင်ဗျား လုပ်ရဲ..."

ဟိုဝူသည် ယန်ပါးထောင်က သူ့အားလည်ပင်းညစ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ယန်ပါးထောင်၏လက်က သူ၏လည်ပင်းအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား‌သော်လည်း ဟိုဝူသည် ယန်ပါးထောင်က သူ့အား သတ်ရဲလိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။

" ခင်ဗျားတို့ တစ်မိသားစုလုံး ......."

"ဂျွတ်!" ဟိုဝူသည် စကားဆုံးအောင်‌မပြောနိုင်ခင်မှာပင် ယန်ပါးထောင်သည် လှုပ်ရှားမှုလုပ်ခဲ့ပေသည်။ စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိဘဲ သူ၏ လက်ဖဝါးအတွင်းမှ သူ၏ စစ်မှန်သည့် မူလအဆင့် အနှစ်သာရကို ခါထုတ်ခဲ့သည်။

ဟိုဝူ၏ လည်ပင်းမှ သူ၏ ကျောရိုးအထိ အရာအားလုံးသည် ယန်ပါးထောင်ကြောင့် ကြေမွသွားခဲ့ပြီး ဟိုဝူက ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် မင်ဟိုင်ကုန်သွယ်ရေး၏ နောက်လိုက်အားလုံးသည် အလွန်အံ့အားသင့်နေခဲ့ကြသည်။ ဟိုဝူက ဒီလိုမျိုးသေသွားတာလား။ ချန်ချင်းကုန်သွယ်ရေးကလူတွေက မလှုပ်ရှားရဲကြဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။

သူတို့ ရူးသွားကြတာလား။ သူတို့က ဟိုဝူရဲ့အလောင်းကို ဂေါ်ဖီထုပ်တစ်ထုပ်လို မြေကြီးပေါ်ကို လွှင့်ပစ်လိုက်ကြတယ်။ ဟိုဝူ၏ အလောင်းသည် လုံးဝ ကျိုးပဲ့နေပြီး ခြေသုတ်ခုံတစ်ခုကဲ့သို့ မြေကြီးပေါ်သိူ့ လွှင့်ပစ်ခံလိုက်ရကာ သူ၏ ကိုယ်အနေအထားက ထူးဆန်းနေပြီး သူ၏မျက်လုံးများ၌ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသေသွားသည့် အချိန်တိုင်အောင် ယန်ပါးထောင်က သူ့အားအမှန်တကယ်သတ်လိမ့်မည်ဟု ထင်မထားခဲ့သည်မှာ ဖြစ်နိုင်ပေသည်။

ယန်ပါးထောင်၏ အကြည့်သည်လည်း လူအုပ်ကြီးထဲသို့ လှည့်ပတ်သွားကာ မင်ဟိုင်ကုန်သွယ်ရေးမှ ထိုတပည့်များအား စိတ်မဝင်စားသည့်အကြည့်ဖြင့် တစ်ချက်ကြည့်ခဲ့သည်။ သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် နောက်ပြန်လှည့်ခဲ့ကြသည်။ ယန်ပါးထောင်၏ အကြည့်သည်သွေးဆာနေသည့် သားရဲတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ သူတို့၏ ကျောရိုးတစ်လျောက် အေးစိမ့်သွားစေခဲ့သည်။

လူတိုင်းသည် ယန်ပါးထောင်က သူတို့အား အရေးယူမည်ကို စိုးရိမ်နေခဲ့ကြသည်။ သူတို့က ပြန်လည်မွေးဖွားခြင်းအဆင့် တိုက်ခိုက်ရေးသမားများသာ ဖြစ်ကြပြီး သူတို့ထဲမှ အများစုက တင်လှမ်းခြင်းအဆင့်၌သာ ရှိနေကြဆဲပင်ဖြစ်သည်။ အကယ်၍ ယန်ပါးထောင်က သူတို့အ အရေးယူလာခဲ့ပါက မူလအဆင့်တစ်ယောက်အား မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

မဖြစ်နိုင်ပေ။ သူတို့သည် တစ်မိနစ်အတွင်းပင် မြေပြင်ပေါ်ရှိ အလောင်းကောင်များအဖြစ်သို့ ပြောင်းသွားနိုင်ပေသည်။

"ခင်ဗျား.... မလာခဲ့နဲ့ ။ ကျုပ်တို့က မင်ဟိုင်ကုန်သွယ်ရေးက နောက်လိုက်တွေပဲ ။ ခင်ဗျားကျုပ်တို့ကို ထိရဲမယ်ဆိုရင် ခင်ဗျား ....." ရှေ့ရှိ မင်ဟိုင်ကုန်သွယ်ရေးမှ နောက်လိုက်လေးသည် စကားထစ်နေခဲ့သည်။

သို့သော်လည်း သူသည် သူ့စကားအား ဆုံးအောင်မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤခြိမ်းခြောက်မှုက အသုံးမဝင်သည်ကို သဘောပေါက်သောကြောင့်ဖြစ်သည်။ မဟုတ်ပါက ဟိုဝူသည် ဒီနေရာ၌ သေဆုံးသွားလိမ့်မည်မဟုတ်ပေ။

" ထွက်သွား !"

'ထွက်သွား' ဆိုသည့်စကားလုံးသည် ကျယ်လောင်သည့် ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေခဲ့သည်။ ဤစကားလုံးသည် မင်ဟိုင်ကုန်သွယ်ရေးမှ နောက်လိုက်အားလုံးကို တစ်ခါတည်း နားစည်ပေါက်ကွဲသွားစေခဲ့သည်။

ချက်ချင်းပင် အားလုံး၏ ဦးခေါင်းက တုန်ဟီးသွားခဲ့ကြသည်။ အတိုင်းအဆမဲ့သည့် နာကျင်မှုက သူတို့၏ ဦးနှောက်တစ်ခုလုံးပျံ့နှံ့သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ နားရွက်များမှ သွေးများစီးကျလာခဲ့သည်။

ယန်ပါးထောင်ကြောင့် သူတို့၏ နားစည်များပေါက်ကွဲသွားသဖြင့် လူတိုင်း၏ မျက်နှာထက်ရှိအမူအရာက နာကျင်မှုဖြင့်ပြည့်နှက်နေခဲ့သည်။

လူများစွာသည် နာကျင်မှုကြောင့် မြေကြီးပေါ်တွင် လူးလိမ့်နေကြကာ သူတို့၏ ခေါင်းများက နာကျင်မှုဖြင့် ကိုက်ခဲနေပြီး ကမ္ဘာကြီးတစ်ခုလုံးက လုံးဝတိတ်ဆိတ်နေကာ သူတို့၏ စိတ်ထဲမှ တဝီဝီအသံများအားလုံးကို ကြားနိုင်နေပေသည်။

ထိုမျှများပြားသည့်လူများအား နားစည်ကွဲအောင်လုပ်နိုင်သည့် ကြိမ်းဝါးသံကဲ့သို့ ကြောက်စရာကောင်းသည့် ခွန်အားသည် တခြားကုန်သည်များကိုလည်း မူလအဆင့်၏ ခြိမ်းခြောက်မှုကို ခံစားရစေခဲ့သည်။

သို့သော်လည်း ယန်ပါးထောင်ပင် ဤမျှကြောက်စရာကောင်းလျှင် မင်ဟိုင်ကုန်သွယ်ရေး၏ လူအိုကြီးက ဘယ်လောက်အစွမ်းထက်နေမလဲ။

"သွားကြစို့" ယန်ပါးထောင်သည် လူအုပ်ကြီးအား လှည့်ကာပြောခဲ့သည်။ ချန်ချင်းကုန်သွယ်ရေးမှ လူများသည် ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်လာခဲ့ကြပြီး မြေပြင်ပေါ်၌ နာကျင်မှုဖြင့် လူးလိမ့်နေကြသည့် လူတစ်စုအားပစ်ထားခဲ့ကာ ဆိုင်သို့ ပြန်လာခဲ့ကြသည်။

ဤမြင်ကွင်းက အလွန်ဝမ်းနည်းစရာကောင်းပေသည်။ လူတိုင်းက သူတို့၏ ကျိုးပဲ့နေသည့် ခန္ဓာကိုယ်များအား တရွတ်ဆွဲကာ မင်ဟိုင်ကုန်သွယ်ရေးသို့ ပြန်သွားသည့်အခါ၌ မင်ဟိုင်ကုန်သွယ်ရေး၏ လမ်း‌အရှေ့၌ ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။

ဤမြင်ကွင်းက အရမ်းထိတ်လန့်စရာကောင်းသောကြောင့်ဖြစ်သည်။ မင်ဟိုင်ကုန်သွယ်ရေး၏ ဒါဇင်နှင့်ချီသည့် နောက်လိုက်များသည် မျက်နှာတစ်ခုလုံးသွေးများဖုံးလွှမ်း‌နေကာ တစ်ယောက်ချင်းစီက သူတို့၏ ကျိုးနေသည့် ခန္ဓာကိုယ်များကို တရွတ်ဆွဲလာခဲ့ကြသည်။ သူတို့အား မြင်သည့်အခါတွင် မင်ဟိုင်ကုန်သွယ်ရေးမှ လူများပင် ထိတ်လန့်သွားခဲ့ကြသည်။ ဒီလူတွေက မင်ဟိုင်ကုန်သွယ်ရေးက လူတွေလား။

လုကျင်းမြို့မှာ မင်ဟိုင်ကုန်သွယ်ရေးက လူတွေကို ဒီလိုမျိုး နာကျင်အောင် လုပ်ရဲတဲ့သူက အခုလိုမျိုး ဖျက်ဆီးပစ်လိုက်တာပဲ။

ဟိုင်တုံရှန့်သည် ဤသတင်းအားကြားသည့်အခါ၌ မယုံကြည်နိုင်ခဲ့ပေ။ ချန်ချင်းကုန်သွယ်ရေးက ထိုသို့ အဆင်အခြင်မဲ့သည့်လုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။

မင်ဟိုင်ကုန်သွယ်ရေးက ချန်ချင်းကုန်သွယ်ရေးကို သွေးနဲ့ဆေးကြောမှာကို တကယ်မကြောက်ကြဘူးလား။ ဟိုင်တုံရှန့်သည် ဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့ပြီး သနားစရာကောင်းသည့် အခြေအနေဖြင့် မင်ဟိုင်ကုန်သွယ်ရေးမှ နောက်လိုက်များစွာနှင့် ဟိုဝူ၏အလောင်းကို တွေ့ခဲ့ရသည့် အချိန်၌ ဟိုင်တုံရှန့်သည် အမှန်တကယ်ကို အလွန်အမင်းဒေါသထွက်လာခဲ့သည်။

ထိုအခိုက်အတန့်၌ လူတိုင်းသည် ဟိုင်တုံရှန့်၏ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ခံစားနိုင်ခဲ့ကြသည်။ မုန်တိုင်းတစ်ခု၏ အရှိန်အဝါပင်။

"ကောင်းတယ် ကောင်းတယ် !" ဟိုင်တုံရှန့်သည် အလွန်စိတ်ဆိုးနေကာ ဟားတိုက်ခဲ့သည်။ "ဟားဟားဟား တကယ်ကောင်းတယ်။ ငါ့ရဲ့ မင်ဟိုင်ကုန်သွယ်ရေးက အချိန်အကြာကြီး တော်တော်ကြင်နာနေခဲ့တာထင်တယ်။ လူအများက ငါ့ရဲ့မင်ဟိုင်ကုန်သွယ်ရေးရဲ့ ကြောက်စရာကောင်းပုံကို မေ့သွားကြပြီး ငါတို့ လူအိုကြီးရဲ့ ကြောက်စရာကောင်းမှုကို မေ့နေကြပြီပဲ!"

" ချန်ချင်းကုန်သွယ်ရေး က ကြီးကျယ်တဲ့ကိစ္စတစ်ခုကို လုပ်ခဲ့တာပဲ" ဟိုင်‌တုံရှန့်က သရော်ခဲ့သည်။ "စောင့်နေလိုက် ၊ ငါတို့ မင်ဟိုင်ကုန်သွယ်ရေးရဲ့ ဘိုးဘေးရောက်လာတဲ့အခါကျရင် သူက မင်းတို့ ချန်ထင်မြို့ကို သတ်ပစ်လိုက်မယ် ! မင်းတို့နဲ့ အတူ မင်းတို့ရဲ့ မိသားစုဝင်တွေကိုပါ သေခိုင်းကြတာပေါ့!" ဟိုင်တုံရှန့်၏ အသံက အလွန်ကျယ်လောင်‌ကာ အပြင်ဘက်၌ စောင့်ကြည့်နေကြသည့်သူအားလုံး ရှင်းရှင်းလင်းလင်းကြားနိုင်ပေသည်။

ထိုအခိုက်အတန့်၌ ဟိုင်တုံရှန့်ထံမှ တစ်ဟုန်ထိုးထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်ကို အမှန်တကယ် ခံစားရပေသည်။ လေထုက ဖိနှိပ်မှုဖြင့် ပြည့်နှက်နေကာ ကောင်းကင်က မှုန်မှိုင်းမှုဖြင့် လွှမ်းခြုံထားပြီး ကောင်းကင်ပြင်တစ်ခုလုံး အနီရောင်ပြောင်းတော့မတတ်ဖြစ်နေပြီး လေထုထဲရှိ အန္တရာယ်အငွေ့အသက်က သွေးနံ့ဖြင့် ရောနှောနေခဲ့သည်။

လမ်းမတစ်ခုလုံးသွေးဖြင့် ဆေးကြောထားသကဲ့သို့ပင်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ကောင်းကင်ထက်မှ အထုပ်တစ်ထုပ် ရုတ်တရက်ကျလာခဲ့သည်။

ဘုတ် ! အထုပ် သည် မြေပြင်နှင့်ရိုက်ခတ်မိသောကြောင့် ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာပြီး မင်ဟိုင်ကုန်သွယ်ရေးမှ နောက်လိုက်များ၏ နောက်သို့ ကျရောက်လာခဲ့သည်။

မင်ဟိုင်ကုန်သွယ်ရေးမှ လူများအားလုံးသည် နားထိုင်းနေကြပြီး အသံကို မကြားသည့်အတွက် အထိတ်တလန့်မဖြစ်ခဲ့ကြပေ။

သို့သော်လည်း ကောင်းကင်ထက်မှ ကျရောက်လာသည့် အထုပ်သည် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ဒါက ဘာကြီးလဲ။ ဘယ်ကနေ ကျလာတာလဲ။ ဟိုင်တုံရှန့်သည်လည်း မျက်မှောင်ကြုတ်ကာ မော့ကြည့်သော်လည်း ခေါင်မိုးပေါ်၌ ဘယ်သူမှမရှိပေ။

ထိုအခိုက်အတန့်တွင် အထုပ်က သူ့ဘာသူပြေသွားကာ အဝတ်စမှ ကင်းလွတ်သွားပြီး လူဦးခေါင်းတစ်ခုက လူ‌တိုင်းရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည်။

ထိုဦးခေါင်း၌ လုံးဝ မမှိတ်သေးသည့် ပြူးကျယ်နေသည့် မျက်လုံးများရှိပြီး ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ ပြူးကျယ်နေသည့် မျက်လုံးများဖြင့် သေဆုံးသွားသဖြင့် သူ၏ အမူအရာက ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းပေသည်။

" လူခေါင်း တစ်ခေါင်းပဲ !" တစ်ယောက်က အံ့အားသင့်စွာ ရေရွတ်ခဲ့သည်။ ဟိုင်တုံရှန့်သည် ဤမျက်နှာအား မြင်လိုက်သည့် အခိုက်၌ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။

သူ၏ ခေါင်းမှ ခြေဖျားတိုင်အောင် ရေခဲရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။ ဤမျက်နှာက ဟိုင်တုံရှန့်အတွက်ညအလွန်ရင်းနှီးပေသည်။ ဤသည်က ဟိုင်မိသားစု၏ ဘိုးဘေး ဟိုင်စုန့်ထောင်ပင်!

ဟိုင်မိသားစု၏ နောက်လိုက်များသည် ဟိုင်တုံရှန့်၏ အမူအရာကို သတိထားမိပြီး သူတို့၏ ခေါင်းများကို နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုဦးခေါင်းအားမြင်သည့်အခါ၌ အားလုံးသည် တူညီစွာ အံ့အားသင့်သွားခဲ့ကြသည်။

ဒါက ငါတို့ရဲ့ ဘိုးဘေးမဟုတ်လား။ သူ့ရဲ့ ခေါင်းပိုင်းက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ ဘေးမှကြည့်နေသည့် လူအများကြားတွင် ဟိုင်စုန့်ထောင်အား မြင်ဖူးသူအချို့ရှိကြသည်။ သို့သော်လည်း ထိုနေရာ၌ ဟိုင်မိသားစုနှင့် အတူစီးပွားရေးလုပ်နေသည့်လူတစ်ချို့ရှိရာ အကြည့်တစ်ချက်ဖြင့် ထို‌ဦးခေါင်းအား မှတ်မိခဲ့ကြသည်။

ထို့အပြင် လူအုပ်ကြားထဲ၌ ယွင်လင်ဂိုဏ်းမှ သူလျှိုများရှိကြပေသည်။ ထိုအခိုက်အတန့်၌ လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ကြသည်။ ဟိုင်စုန့်ထောင် သေသွားပြီ !

သတင်းထွက်လာပြီးပြီးချင်းပင် မြို့အနှံ့သို့ ကပ်ဘေးတစ်ခုလို ပျံ့နှံ့သွားခဲ့သည်။

" မင်း ကြားပြီးပြီလား ။ ဟိုင်မိသားစုက ဟိုင်စုန့်ထောင် သေသွားပြီ !"

"ဘယ်လို ! ဟိုင်စုန့်ထောင် သေသွားပြီလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ပါရမီရှင်အဆင့်အထွတ်အထိပ်ပဲ။ ဒီအကြောင်းကို ဘယ်သူကပြောလိုက်တာလဲ! ဒီလို ကောလဟာလကို ဖြန့်ရဲ့တယ်။ မင်ဟိုင်ကုန်သွယ်ရေးက ကြားသွားပြီး မင်းရဲ့ အရိုးတွေချိုးပစ်မှာကို မကြောက်ဘူးလား"

" တခြားဘယ်သူက ပြောရဦးမှာလဲ။ ဟိုင်စုန့်ထောင်ရဲ့ ခေါင်းက ဖြတ်ခံရပြီး မင်ဟိုင်ကုန်သွယ်ရေးရဲ့ တံခါးရှေ့ကို လာပစ်တာကို ဒီနေ့ လူတွေအများကြီးက မျက်မြင်တွေ့ခဲ့တာ !"

" ရင်ထိတ်စရာပဲ။ ဘယ်သူလုပ်တာလဲ"

"ဘယ်သူသိမှာလဲ"

" အဲ့တာက ဖြစ်နိုင်တယ်လို့ မင်းထင်လား..."

" ချန်ချင်းကုန်သွယ်ရေးလို့ ဆိုလိုတာလား။ မဖြစ်နိုင်ဘူး။ ချန်ချင်းကုန်သွယ်ရေးက အစွမ်းအစရှိလို့လား"

"ငါကတော့ လုံးဝဖြစ်နိုင်တယ်လို့ ထင်တယ်။ ချန်ချင်းကုန်သွယ်ရေးက အစွမ်းအစမရှိဘူးဆိုရင် ဟိုင်မိသားစုကို ထိပ်တိုက်ရင်ဆိုင်ရဲပါ့မလား။ အရင်က ဟိုဝူကို ရိုက်ခဲ့တယ်။ နောက်ကျတော့ ဟိုင်မိသားစုကနောက်လိုက်တွေအများကြီးကို မသန်မစွမ်းဖြစ်စေခဲ့တယ်။ ဟိုင်မိသားစုက ဘိုးဘေးကိုယ်တိုင်လာမယ်လို့ ပြောပေမယ့် သူတို့က မကြောက်ကြဘူး။ တကယ်လို့ ချန်ချင်းကုန်သွယ်ရေးက မလုပ်နိုင်ဘူးဆိုရင် တခြားလုပ်နိုင်မယ့်သူကို ငါမစဉ်းစားနိုင်တော့ဘူး"

" အဲ့ဒါပဲ..."ယွင်လင် ကုန်သွယ်ရေး၏ လင်းဝမ့်ဟွမ် သည်လည်း ဤသတင်းကို ကြားသည့်အခါ၌ ထိတ်လန့်သွားခဲ့သည်။

" အဒေါ် မုံ့ ချန်ချင်းကုန်သွယ်ရေးက တကယ်လုပ်ခဲ့တာပဲ" လင်းဝမ့်ဟွမ်သည် အလံန်အံ့ဩစွာပြောလာခဲ့သည်။ "အစတုန်းက ချန်ချင်းကုန်သွယ်ရေးက အများဆုံးမှ သူတို့ရဲ့ စီးပွားရေးကို ဝင်မစွက်ဖက်ဖို့ နောက်ကွယ်ကနေ ဖိအားပေးမယ်လို့ ထင်ပေမယ့် သူတို့က ဒီလောက် ရက်ရက်စက်စက်လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူတို့က ရေမြို့ကိုတိုက်ရိုက်သွားပြီး ဟိုင်စုန့်ထောင်ကို သတ်ခဲ့ကြတယ် !"

"သတင်းရပြီးတော့ ကျွန်မလည်း အံ့ဩသွားခဲ့တယ်။ ဟိုင်စုန့်ထောင်က နှစ်တွေအများကြီး မင်ဟိုင်ခရိုင်မှာ သောင်းကျန်းခဲ့တာ။ သူက အခုလို အသတ်ခံရတော့ အမှန်မဟုတ်ဘူးလို့ ခံစားရတယ်။ တကယ်တော့ ဟိုင်မိသားစုကို မုန်းတီးနေတဲ့ လူတွေအများကြီးရှိပေမယ့် သူတို့အားလုံးက ဟိုင်စုန့်ထောင်ကို ဘာမှမလုပ်နိုင်ခဲ့ကြဘူး" အဒေါ် မုံ့က ပြောခဲ့သည်။ "ဒါ့အပြင် ကျွန်မလည်း သတင်းစုံစမ်းကြည့်ခဲ့တယ်။ ရေမြို့က ဟိုင်မိသားစုက ဘာလှုပ်ရှားမှုမှမရှိသေးတာက အရမ်းထူးဆန်းတယ်"

" သူတို့ရဲ့ ဘိုးဘေးအသတ်ခံရတာကို ဟိုင်မိသားစုက မသိရသေးတာဖြစ်နိုင်လား" လင်းဝမ့်ဟွမ်သည် သရော်ခဲ့သည်။ "ပြောမရဘူး။ တကယ်ဖြစ်နိုင်တယ်။ ဒီကိစ္စမှာ ယွင်လင်ဂိုဏ်းက မီးထဲကို လောင်စာထပ်ထည့်သင့်လား"

" သခင်မလေး ၊ ဆိုလိုတာက .... သတင်းဖြန့်မှာလား" အဒေါ်မုံ့ က သိချင်စိတ်ပြင်းပြစွာမေးခဲ့သည်။

"ဟိုင်မိသားစုကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေတဲ့သူတွေဆီကို သတင်းဖြန့်မယ်။ ဟိုင်မိသားစုက ပြီးခဲ့တဲ့နှစ်တွေမှာ လူတွေအများကြီးကို စော်ကားခဲ့တယ်။ ပြီးတော့ အဖေကိုယ်တိုင် လှုပ်ရှားရမယ်။ ဟိုင်မိသားစုက ကျွန်မတို့အပေါ်ကို မှီခိုလာတဲ့အခါကျရင် ကျွန်မတို့က အကျိုးအမြတ်ဘယ်လောက်များများရနိုင်မလဲ"

"ပြီးတော့ ချန်ချင်းကုန်သွယ်ရေးက ပြန်ထိုင်ပြီးတော့ သေခြင်းတရားကို စောင့်နေမှာမဟုတ်ဘူး။ သူတို့က ဟိုင်စုန့်ထောင်ကို သတ်နိုင်ကြတယ်။ သူတို့ရဲ့ အင်အားက ခန့်မှန်းလို့မရနိုင်ဘူး။ တကယ်လို့ ကျွန်မတို့က အကျိုးအမြတ်အတွက် ယှဉ်ပြိုင်လာလို့ရှိရင် ကျွန်မတို့ ယွင်လင်ကုန်သွယ်ရေးက ချန်ချင်းကုန်သွယ်ရေးရဲ့ အကျိုးအမြတ်ကို ဦးစားပေးပြီး သူတို့အတွက် လမ်းကြောင်းပေးသင့်တယ်။ ပြိုင်ဘက်ရဲ့ ခွန်အားကို နားမလည်ခင် သူတို့ကို စော်ကားလို့မရဘူး"

" အဲ့လိုမဟုတ်ရင် ဒီနေ့ ဟိုင်မိသားစုရဲ့ ကံကြမ္မာက မနက်ဖြန် ကျွန်မတို့ယွင်လင်ဂိုဏ်းဖြစ်လာလိမ့်မယ်" လင်းဝမ့်ဟွမ်သည် သူမ၏ မျက်လုံးထဲ၌ စိုးရိမ်မှုများဖြင့် ပြောခဲ့သည်။

ချန်ချင်းကုန်သွယ်ရေးက အရမ်းလျှို့ဝှက်ဆန်းကြယ်ပေသည် ! သူတို့က ဟိုင်မိသားစုတောင်မသိလိုက်ဘဲ ဟိုင်စုန့်ထောင်ကို တိတ်တဆိတ်သတ်ပစ်နိုင်တယ်။

ဒီလိုအင်အားနဲ့ သူတို့က ကုန်သွယ်ရေးလုပ်ဖို့လာခဲ့တာ ... သူတို့ဘာတွေးနေတာလဲ။ ဤကိစ္စကြောင့် မင်ဟိုင်ကုန်သွယ်ရေး သည် မငြိမ်မသက်ဖြစ်နေခဲ့သည်။ လုကျင်းမြို့တစ်ခုလုံးသည်လည်း မငြိမ်မသက်ဖြစ်နေခဲ့ပေသည်။

ချန်ချင်းကုန်သွယ်ရေးတစ်ခုသာလျှင် ဝူတန်တောင်ကဲ့သို့ တည်ငြိမ်နေခဲ့သည်။ ဤသည်က မရေမတွက်နိုင်သည့် လူများအား ချန်ချင်းကုန်သွယ်ရေးသည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်စေခဲ့သည်။ သူတို့က အင်အားကြီးရုံသာမက အရမ်းလည်း တည်ငြိမ်ကြပေသည် !

အပြင်ဘက်၌ လောကကြီးက ကမောက်ကမဖြစ်နေခဲ့သည်။ လူတိုင်းသည် ဤကိစ္စ၏လုပ်ဆောင်ချက်အပိုင်းအစတစ်ခုကို သိချင်နေကြသော်လည်း ချန်ချင်းကုန်သွယ်ရေးသည် လှုပ်ရှားမှုတစ်ခုမှ မလုပ်ခဲ့ကြပေ။ အမှန်တကယ် ကြီးကျယ်ခမ်းနားပေသည်။

ထိုအခိုက်အတန့်တွင် ချန်ချင်းကုန်သွယ်ရေး၏ ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခု၌။

ယန်ပါးထောင်နှင့် အခြားသူနှစ်ယောက်သည် အတူထိုင်နေကြပြီး စားပွဲပေါ်တွင် အမွှေးတိုင်တစ်အိုး ၊ လက်ဖက်ရည်ကရားတစ်လုံး နှင့် မြေပဲစေ့တစ်ပန်းကန်ရှိသည်။

သူတို့သုံးယောက်သည် နေ့တစ်ဝက်ကြာအောင်သောက်နေခဲ့ကြသည်။ သို့သော်လည်း သူတို့သည် နေ့တစ်ဝက်လုံး စကားမပြောခဲ့ကြပေ။ သုံးယောက်လုံးသည် မေးခွန်းတစ်ခုကို စဉ်းစားနေကြသည်။

ဒီကိစ္စကို ဘယ်သူလုပ်တာလဲ။ ဟိုင်စုန့်ထောင်အသတ်ခံရသည့် သတင်းအားကြပြီးသည့်နောက်တွင် သူတို့သုံးယောက်သည် အချိန်အတော်ကြာ ကြောင်အနေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ဟိုင်မိသားစုမှ နောက်လိုက်များအား ရိုက်နှက်ပြီးသည့်နောက်တွင် သူတို့သုံးယောက်သည် အထုပ်အပိုးပြင်ပြီး ထွက်ပြေးရန် ဆုံးဖြတ်ထားခဲ့ကြသည်။ သူတို့သည် ချန်ချင်ကုန်သွယ်ရေး၌ ဒီထက်ပို၍ မနေနိုင်တော့ပေ။ ဟိုင်စုန့်ထောင် တကယ်ရောက်လာပါက သူတိူ့အားလုံး ထွက်ပြေးရန် အခွင့်အရေးပင် ရှိမည်မဟုတ်ပေ။ အကောင်းဆုံးလုပ်ဆောင်ချက်ကတော့ ချန်ထင်မြို့သို့ မြန်နိုင်သမျှ မြန်မြန်ပြန်ရောက်ရန်ဖြစ်သည်။ ဟိုင်စုန့်ထောင်၏ ခြိမ်းခြောက်မှုမှာ ချန်ထင်တစ်မြို့လုံး ဘာတစ်ခုမကျန်အောင် သေကျေပျက်စီးစေရန်ဖြစ်သည်။

နောက်ဆုံးတော့ ချန်ထင်မြို့သည် လီချန်ချင်း၏ ကာကွယ်မှုအောက်၌ ရှိပေသည်။ လီချန်ချင်းသည် တံခါးပိတ်ကျင့်ကြံနေသော်လည်း ဟိုင်စုန့်ထောင် တကယ်ရောက်လာကာ ချန်ထင်မြို့၌ ရန်ပွဲဖြစ်စေပါက လီချန်ချင်းသည် ကြားမဝင်ဘဲနေမှာတဲ့လား။

ထို့ကြောင့် သူတို့၏ ကျောထောက်နောက်ခံဖြစ်သည့် လီချန်ချင်းနှင့် ဆိုလျှင် ယန်ပါးထောင်သည် အရမ်း မစိုးရိမ်ပေ။ ဟိုင်စုန့်ထောင်သည် ယနေ့ လုကျင်းမြို့သို့ လာနေသည်ဟူသည့် သတင်းအား ကြားထားပြီးသောကြောင့် ယန်ပါးထောင်သည် ဟိုင်မိသားစု၏ မျိုးဆက်များအား ဆန့်ကျင်ရဲနေဆဲဖြစ်ပေသည်။

အဆိုးရွားဆုံးဖြစ်နိုင်ချေမှာ ချန်ထင်မြို့သို့ နောက်ကြောင်းပြန်လှည့်ပြီး ဆက်လက်တိုင်ခိုက်ရန်ပင် ဖြစ်သည်။ ဒူးထောက်ပြီး အသက်ဆုံးရှုံးရသည်ထက်တော့ ပိုကောင်းပေသည်။

ထို့ကြောင့် သူတို့သုံးယောက်သည် ပြန်ရောက်ပြီးသည့်နောက်တွင် သူတို့၏ ပိုင်ဆိုင်မှုများအား စတင်ထုတ်ပိုးခဲ့ကြပြီး သူတို့သယ်နိုင်သမျှသယ်သွားပြီး ကျန်တာများအား ထားခဲ့ရန် ပြင်ဆင်ထားကြသည်။ သူတို့၏ အသက်များက ဦးစားပေးဖြစ်ပေသည်။

သို့သော်လည်း သူတို့ထုတ်ပိုးမပြီးခင်မှာပင် အပြင်ဘက်၌ ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။ သူတို့သုံးယောက်သည် ရုတ်တရက်ထိတ်လန့်သွားခဲ့ကြပြီး စစချင်း တွေးခဲ့သည်မှာ ဟိုင်စုန့်ထောင်က ဒီလောက်မြန်မြန်ရောက်လာတာလား ဆိုသည်ပင်ဖြစ်သည်။

သို့သော်လည်း သူတို့၏ လက်အောက်ငယ်သားများက စုံစမ်းပြီးသည့်နောက်တွင် ဟိုင်စုန့်ထောင်တကယ်ရောက်လာတာဖြစ်သော်လည်း ခေါင်းပင်ဖြစ်သည်...... ဤသတင်းအား သိပြီးသည်နှင့်ချက်ချင်း ဤကိစ္စအား မည်သူလုပ်သလဲဆိုသည်ကို စတင်မှန်းဆခဲ့ကြသည်။

လီချန်ချင်းသည် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူက ဤသို့ တုံ့ပြန်ရန်မှာ ဖြစ်နိုင်ချေမရှိပေ။ ဟိုင်မိသားစုရဲ့ ရန်သူတစ်ယောက်ဖြစ်နိုင်လား။

ဘာလို့ ချန်ချင်းကုန်သွယ်ရေးကို အကူအညီများစွာ ရရနိုင်တဲ့ ဒီလို အရေးကြီးတဲ့အခိုက်အတန့်မှာ လက်စားချေဖို့ ရွေးချယ်ရတာလဲ။

" ဒါက မဟာအကြီးအကဲလို့ ကျုပ်ထင်တယ်" ယန်ပါးထောင်သည် လေးနက်စွာပြောခဲ့သည်။ " မဟာအကြီးအကဲက ဒီအကြောင်းကိုသိထားပြီးဖြစ်ရမယ်။ သူက အခုလောလောဆယ်မှာ တံခါးပိတ်ကျင့်ကြံနေတာတောင်မှ သူ့ရဲ့ တခြားမိတ်ဆွေတွေကို အကူအညီတောင်းပြီး ဒီကိစ္စကို ဖြေရှင်းခိုင်းတာဖြစ်ရမယ်။ ဒီလိုမဟုတ်ရင် ဒီလောက်တိုင်ဆိုင်မှာမဟုတ်ဘူး" ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေသည်လည်း တစ်ခဏမျှစဉ်းစားပြီးနောက်တွင်လက်ခံကာ ခေါင်းညိမ့်ခဲ့ကြသည်။

" အဲ့ဒါဖြစ်နိုင်တယ်" သူတို့သည် အခြား‌နောက်ထပ် ထင်မြင်ချင်ကို မစဉ်းစားနိုင်တော့ပေ။

"မဟာအကြီးအကဲ မှာ တခြားမဟာမိတ်တွေရှိတာပဲ" ယန်ပါးထောင်သည် ပြန်လည်းစဉ်းစားခဲ့သည်။ " အဲ့ဒီ မာစန်းထောင်က မဟာအကြီးအကဲရဲ့ ခြံဝင်းထဲမှာ သေသွားပေမယ့်လည်း မာစန်းထောင်က သူ့ရဲ့လက်တွေညစ်ပတ်ဖို့မထိုက်တန်ဘူးလို့ မဟာအကြီးအကဲ ကိုယ်တိုင်ပြောခဲ့တယ်။ အဲ့ဒါကြောင့် တခြားတစ်ယောက်က သတ်ခဲ့တာ အသိသာကြီးပဲ။ အဲ့ဒီလူကပဲ ဟိုင်စုန့်ထောင်ကို သတ်ခဲ့တာဖြစ်နိုင်တယ်" ဤသည်က ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေအား အံ့ဩသွားစေခဲ့သည်။ မာစန်းထောင်ကိုလီချန်ချင်းကိုယ်တိုင်သတ်တာမဟုတ်ဘူးလား။

" ဒီခန့်မှန့်ချက်က ဖြစ်နိုင်ချေအရှိဆုံးပဲ" ယန်ပါးထောင်သည် ပျော်မြူးစွာပြောခဲ့သည်။ " ဟိုင်စုန့်ထောင်သေသွားပြီဆိုတော့ ဟိုင်မိသားစုက အဆုံးသတ်ပြီပဲ"

"ခေါင်းဆောင် ဟိုင်မိသားစုက အဆုံးသတ်သွားပေမယ့် လုကျင်းမြို့မှာ မငြိမ်မသက်ဖြစ်နေပြီ။ သတင်းပျံ့တာနဲ့ချက်ချင်းပဲ တခြားအင်အားစုတွေက ဟိုင်မိသားစုတစ်ခုလုံးကို လက်ဝါးကြီးအုပ်ကြမှာ။ ဟိုင်မိသားစုရဲ့ စီးပွရေးလုပ်ငန်းတွေက မင်ဟုန်ခရိုင်က မြို့ပေါင်းတစ်ဒါဇင်ကျော်မှာရှိတယ်။ အခု ဒါက ကိတ်မုန့်ပူတစ်လုံးပဲ..." ပိုင်ကျင့်ဖေသည်အတော်လေး စိုးရိမ်နေခဲ့သည်။ ထိုကဲ့သို့ ကြီးမားသည့်မုန့်တစ်ခုသည် မည်သည့်အင်အားစုကမှ လက်ဝါးကြီးအုပ်နိုင်သည့် အရာမဟုတ်ပေ။ ယွင်လင်ကုန်သွယ်ရေးပင် မလုပ်နိုင်ချေ။

သူတို့ချန်ချင်းကုန်သွယ်ရေးက ဒီမုန့်ကို ကိုက်ရမှာမဟုတ်လား။

All Chapters