စီနီယာ အစ်ကို ကျန့်ကျန်းရှန် ။
Vol. 110 Ch. 1539
“ ဒါက ကျန့်ကျန်းရှန် ... အကြောင်းပဲ။ ”
မုချွမ်မှ ဆိုသည်။ လင်းယွန် သည်လည်း၊ အစ်ကို ကျန့်ကျန်ရှန်အား တိမ်လွှာဓား ဂိုဏ်း၌ အဘယ်ကြောင့် ပိတ်လှောင် ထားသည်ကို၊ သိချင် နေသည်။
အစ်ကို ကျန့်၏ အရည် အချင်းနှင့်၊ နားလည်နိုင် စွမ်းမှာ၊ သူ့ထက် အားနည်းသည် မဟုတ်ချေ။
အချို့သော ကဏ္ဍ များတွင် သူ့ထက်ပင် အားကောင်း နေခဲ့သည်။ ထိုကဲ့သို့ ဉာဏ်ကြီးရှင် တစ်ဦးသည် ဓားဂိုဏ်း၌ ရှိနေ ခဲ့သော်၊ သူတော်စင် ဖြစ်နေ နိုင်ပြီ။
“ ဒါက ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်ပဲ၊ ဒါကြောင့် ဖြည်းဖြည်းချင်း ပြောရအောင် ရော့ ဝိုင်သောက်။ ”
မုချွမ်မှ မည်သည့် နေရာမှ စတင် ပြောရ မည်ကို ချိန်ဆ နေဟန်ဖြင့်၊ ဝိုင်ခွက်ကို အချိန်ယူ သောက်ကာ၊ သက်ပြင်းချ လိုက်၏။
“ ရှေးဟောင်း နယ်မြေ ကိုးခုနဲ့၊ စလိုက် ရအောင်၊ ခွန်လွန်မှာ နယ်မြေတွေ အများကြီး ရှိပေမယ့်၊ ရှေးဟောင်း နယ်မြေ ကိုးခုသာ အထင် ကရပဲ၊ ...
... ကောင်းကင် နယ်မြေ၊ မြေကြီး နယ်မြေ၊ တော်ဝင် နယ်မြေ၊ ပျက်စီးခြင်း နယ်မြေ၊ လျှပ်စီး နယ်မြေ၊ မီး နယ်မြေ၊ ရေခဲ နယ်မြေ၊ လေ နယ်မြေနဲ့ သူတော်စင် နယ်မြေပဲ၊ ...
... ကဲ ... ဒါတွေ ခဏထား ... ၊ နဂါး တံခါး ဆိုတဲ့ ... ၊ အုပ်စိုးရှင် နယ်မြေ အကြောင်း ပြော ပြမယ်၊ သူက ရှေးဦးခေတ် တည်းက ရှိခဲ့တဲ့ မြင့်မြတ်မြေ၊ သူ့မှာ ရှေးဟောင်း နယ်မြေ (၉) ခုထက် ရှေးကျတဲ့၊ ဘုံဗိမာန် (၉)ခု ရှိတယ်။ ”
“ သူတို့က အခု ... ဘယ်မှာလဲ။ ”
လင်းယွန်က မေးသည်။ မုချွမ်မှ ခေါင်းယမ်းလျက်၊
“ ငါ ... မသိဘူး ... ၊ နဂါး တံခါးက မြင့်မြတ်မြေ ဖြစ်တယ် လို့သာ ... ၊ ဆရာ ပြောခဲ့ တာ၊ ရှေးဦးခေတ် ဒါမှ မဟုတ်၊ ရွှေခေတ်တုန်း ကတော့၊ နဂါး တံခါးနဲ့ ယှဉ်နိုင်တဲ့၊ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ ရှိခဲ့တယ်၊ ...
... နဂါး တံခါးက ခွန်လွန်ကို အုပ်စိုးဖို့ ရည်ရွယ်ချက် မရှိ ပေမယ့်၊ သူသာလျှင် ခွန်လွန် ရဲ့ စစ်မှန်သော ဘုရင်ပါ၊ နတ်နဂါး အင်ပါယာ မဟုတ်ဘူး ။ ”
လင်းယွန် တစ်ယောက် အတွေးနက် သွားသည်။ ပယင်း နယ်မြေ၌ ရှိစဉ် ကပင်၊ နဂါး တံခါး အကြောင်း များစွာ ကြားခဲ့ ဖူးသည်။
ခွန်လွန် နယ်မြေကို ရောက်ပြီးနောက် ၎င်းနှင့် ပတ်သက်သည့် သဲလွန်စ များစွာကို တွေ့ရှိ ထား၏။
ဧကရာဇ် ကိုးပါး ပင်လျှင် နဂါး တံခါးနှင့် ပတ်သက် ချေပြီ။ အိုင်းရစ်ဓား သူတော်စင်သည် နဂါး တံခါး အစောင့် ဖြစ်နိုင်သည် ဟုပင် ခရမ်းငယ်မှ ဆိုလာ၏။
“ အဲဒီ နဂါး တံခါး နယ်မြေက၊ ရွှေခေတ်မှာ ရှေ့တန်း စစ်မြေပြင်ပဲ ... ၊ မြင့်မြတ်တဲ့ ဘုံဗိမာန် (၉) လုံးက၊ နတ်ဘုရားတွေ တိုက်ပွဲ ဖြစ်ရာ နေရာ၊ ...
... ဒီတိုက်ပွဲမှာ၊ နဂါး တံခါးရဲ့ ဘုံဗိမာန် (၉)လုံး ပြိုကျပြီး၊ ရွှေခေတ်နဲ့ အတူ ... ချုပ်ငြိမ်း သွားတယ်၊ ဒါကြောင့် အမှောင်ခတ် ရောက် လာရ တာပဲ၊ ...
... နှစ်ပေါင်း တစ်ရာကျော် ကြာသွား တဲ့နောက် မှာတော့၊ ဧကရာဇ် (၉) ပါး ထွက်ပေါ် လာပြီး၊ အမှောင် ခေတ်ကို နှိမ်နင်းဖို့ ကြိုးစား ကြတယ်။ ”
လင်းယွန် တစ်စုံ တစ်ရာကို ခန့်မှန်း မိလာသည်။
“ အစ်ကို ကျန့်ရဲ့ ကိစ္စက၊ နဂါး တံခါးရဲ့ မြင့်မြတ်တဲ့ ဘုံဗိမာန် တွေနဲ့ ... ၊ သက်ဆိုင်နေ တာလား။ ”
“ ဟုတ်တယ် ... ။ ”
မုချွမ်မှ ခေါင်းညိတ် သည်။
“ ရှေးဟောင်း နယ်မြေ (၉)ခု စီမှာ၊ နဂါး တံခါးရဲ့ မြင့်မြတ်တဲ့ ဘုံဗိမာန် တစ်ခုစီ ရှိတယ်၊ ငါတို့ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ဘုံဗိမာန် ကိုတော့ ...
... လျှို့ဝှက် ပျက်စီးခြင်း နန်းတော်လို့ ခေါ်တယ်၊ အဲဒီ နေရာက နတ်ဘုရား တွေရဲ့၊ စစ် မြေပြင် ဖြစ်ခဲ့ တာကြောင့် ... ၊ သူတော်စင် တွေတောင် အနား မကပ်ရဲ ကြဘူး၊ ဒါကြောင့် ချိတ်ပိတ် လိုက်ကြတယ်၊ ...
... နှစ်ကာလ ကြာလာတာနဲ့ အမျှ ... ၊ တံဆိပ် အားနည်း လာပြီး၊ (၁၀) နှစ် တစ်ကြိမ် ပြန်ပွင့် လာတယ် ...
... အဲဒီ အချိန်မှာ ... ၊ လောက နိယာမ နယ်ပယ် အောက်က၊ ကျင့်ကြံ သူတိုင်း အတွက်၊ ကံစမ်းရာ နယ်မြေ အဖြစ် ပြောင်းလဲ သွားတယ်၊ ...
... ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ တန်ခိုး ကြီးဂိုဏ်း (၈)ဂိုဏ်းက တပည့်တွေ စေလွှတ်ပြီး၊ ရတနာတွေ ရှာဖွေ ခိုင်းလာတယ်၊ အစပိုင်းမှာ ဓားဂိုဏ်းက ဒီဂိုဏ်း တွေကို ဦးဆောင် ခဲ့တယ်၊ ဒါကြောင့် ...
... ယှဉ်ပြိုင် တိုက်ခိုက် ကြတယ် ဆိုပေမယ့်လည်း သေဆုံးမှု မရှိခဲ့ ကြဘူး၊ ဒါက ကောင်းကင်ယံ ဂိုဏ်း မသန်မာ လာခင် အချိန်လောက် အထိ ပါပဲ။ ”
မူချွမ်က သက်ပြင်းချ လိုက်သည်။ ထိုအချိန်မှ စပြီး၊ အရာရာ ပြောင်းလဲသွား တော့၏။
ထျန်ရွှမ်ဇီသည် ရှေးဟောင်း ပျက်သုဉ်း မြေကို အုပ်စိုးရန် ရည်မှန်း ချက်ဖြင့်၊ လူတိုင်း အပေါ်၊ ကြီးစိုး လာတော့သည်။
ထို့ကြောင့် သဘာဝ အတိုင်း နံပါတ် (၁) အင်အားစု ဖြစ်သော ဓားဂိုဏ်းကို အနိုင် ယူရန် ကြိုးစား လာ၏။
သို့သော် ဓားဂိုဏ်း၌ သက်တံဓား သူတော်စင် ရှိနေသည့် အတွက်၊ ထင်တိုင်း မကျဲရဲ ခဲ့ချေ။
နှစ်ပေါင်း ငါးရာ အတွင်း၊ သူတော်စင် ဖြစ်လာ သောကြောင့်၊ သူ့ အရည်အချင်းမှာ လေးစား စရာ ပေပင်။
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
-ဟူသော ကြွေးကြော်သံ ကိုပင်၊ ရွတ်ဆို ခဲ့သည်။ ပျက်စီးခြင်း နန်းတော် နယ်မြေ ဖွင့်ချိန် တိုင်း၊ ဓားဂိုဏ်းကို ပစ်မှတ်ထား တော့သည်။
ထို့ကြောင့် လွန်ခဲ့သော (၁၉) နှစ်၊ ပျက်စီးခြင်း နန်းတော် ဖွင့်ချိန်၌၊ ကျန့်ကျန်းရှန် က ဓားဂိုဏ်းကို ဦးဆောင်သော အခါတွင်၊ သဘာဝ အတိုင်း သားကောင် ဖြစ်လာ၏။
“ ဒီတစ်ကြိမ် မှာတော့ ... ၊ ဓားဂိုဏ်းရဲ့ တပည့် သုံးပုံ-နှစ်ပုံ နီးပါး သေခဲ့ ရတယ်၊ ဒါက ကျန့်ကျန်းရှန်ကို၊ စိတ်လွတ် သွားစေတယ်။ ”
“ ဒါက ဘယ်လိုမှ မဖြစ် နိုင်တာ။ ”
လင်းယွန်က ငြင်းချက် ထုတ်လိုက်သည်။ ကျန့်ကျန်းရှန် ဟူသည် နဂါး သွေးလွှတ်ကြော နယ်ပယ် ချန်ပီယံ ဖြစ်၏။
ထို့ကြောင့် ဓားဂိုဏ် အနေဖြင့်၊ ဤမျှ ဆိုးရွားသော ဆုံးရှုံးမှုကို ခံစား ခဲ့ရ ခြင်းမှာ၊ အဓိပ္ပါယ် မရှိချေ။
“ အဲဒီ တုန်းက ... ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ဘယ်သူမှ မသိ ခဲ့ကြဘူး၊ ပျက်စီးခြင်း နန်းတော်ကို ရောက်တဲ့ အချိန်မှာ ... ၊
... ကျန့်ကျန်းရှန်ရဲ့ ဂျူနီယာ ညီမ တစ်ယောက်ကို၊ ကောင်းကင်ယံ ဂိုဏ်းက ဖမ်းစီး သတ်ပစ် လိုက်တယ်။ ”
ကောင်းကင်ယံ ဂိုဏ်း၏ လုပ်ရပ်သည်၊ လွန်လွန်း သဖြင့်၊ လင်းယွန် သည်ပင် ဒေါသ ထွက်လာ သည်။
“ ညီလေး ကျန့်က ဒေါသ မထိန်းနိုင် တော့ဘဲ၊ ကောင်းကင်ယံ ဂိုဏ်းကို တစ်ယောက် တည်းနဲ့၊ ဝင်သတ် ခဲ့တယ်၊ သူ့မှာ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ တွေရဲ့ ...
... တိုက်ခိုက်မှုကို တားဆီး နိုင်တဲ့ ... ၊ ရတနာ ရှိတယ်၊ ဒါကြောင့် ... ကောင်းကင်ယံ ဂိုဏ်းရဲ့ ... တပည့်ပေါင်း တစ်ထောင် နီးပါးကို သတ်ပစ်တယ်၊ ...
... နောက်ဆုံးတော့၊ ငါတို့ရဲ့ ဆရာ ရောက်သွားပြီး၊ ထျန်ရွှမ်ဇီနဲ့ လှုပ်ရှားမှု သုံးကြိမ် ဖလှယ် ခဲ့တယ်၊ ဒီသုံးကြိမ် အတွင်းမှာ ထျန်ရွှမ်ဇီက ဆရာ့ကို၊ ...
... လက်ရည်တူ တိုက်ခိုက် နိုင်တာကြောင့် ကျော်ကြားမှု တစ်ဟုန်ထိုး မြှင့်တက် သွားတယ်၊ အဲ့ဒီ အချိန်က စပြီး၊ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ဒုတိယ အသန်မာဆုံး သူတော်စင် ဖြစ်လာတယ်၊ ...
... နှစ်ဖက် စလုံးက စစ်ပွဲကို ရပ်ပြီး၊ ပြန်လည် ဆုတ်ခွာ ခဲ့တယ်၊ ဆရာ ကတော့ ညီလေး ကျန့်ကို ဂိုဏ်းက မောင်းထုတ် လိုက်တယ်။ ”
ထိုစကားကို ကြားသော အခါတွင်၊ ခံစားချက်များ မြင့်တတ် လာသည်။ သူ့ အစ်ကို ကျန့်သည် တကယ်ပင် ဒေါသ ကြီးပေ၏။
“ သူ့ကို ဒေါသကြီး တယ်လို့ ပြောချင် တာလား၊ နောက်ထပ် တစ်ခု ရှိသေးတယ် ... ။ ”
မုချွမ်က ခါးသီးသော အမူအရာကို ထုတ်ဖော်လျက် ခေါင်းငုံ့ သွားလေသည်။
“ ဘာ လဲ။ ”
“ ညီလေး ကျန့်က ... ၊ အရိယာ ဓားသုတ္တန်ကို မရွေးခဲ့ ဖူးလို့၊ ငါပြောတာ မှတ်မိ သေးလား၊ အမှန်တော့ မဟာ ကောင်းကင် ဓားသုတ္တန်ကို ရွေးခဲ့တာ။ ”
“ ဒါက ပျောက်နေတာ ကြာပြီ မဟုတ်လား။ ”
လင်းယွန် သတိရ သွားသည်။
“ ဟုတ်တယ်၊ မဟာ ကောင်းကင် တောင်ထိပ် အမွေ အနှစ်ကို ဆုံးရှုံးခဲ့ ရပြီး၊ ဓား သုတ္တန်က မပြည့်စုံ တော့ဘူး၊ ငါတို့ ဆရာ တောင်၊ ဒီဟာနဲ့ ပတ်သတ်ပြီး၊ ...
... ဘာမှ လုပ် မပေး နိုင်ဘူး ... ၊ ညီလေး ကျန့်က သူ့အရည် အချင်း အပေါ် ယုံကြည်ပြီး၊ ရွေးချယ် ခဲ့တာ၊ ပန်းတိုင်က သူတော်စင် ဖြစ်လာတဲ့ အချိန် ကျရင်၊ ...
... မဟာ တော်ဝင် ဓားကျမ်းကို ပြီး မြောက်အောင် ဖြည့်စွက် ဖို့ပဲ၊ ဒါက နည်းနည်း တော့ ဖြစ်နိုင်ခြေ များတယ်။ ”
ထိုအပိုင်း အရောက်တွင်၊ မုချွမ် မျက်ဝန်း ထဲ၌ စိတ် ခံစားချက်များ လှိုင်းထ လာသည်။
“ အဲဒီ လူယုတ်မာ ထျန်ရွှမ်ဇီက၊ ကြောက်စရာ ကောင်းတယ်၊ သူက ဓားဂိုဏ် အပေါ် စောင့်ကြည့်ပြီး၊ ညီလေး ကျန့်ရဲ့ လုပ်ရပ် တွေကို သိနေတယ်၊ ဒါကြောင့် ... သူ့တပည့် တွေကို ပျက်စီးခြင်း နန်းတော် ထဲမှာ၊ ...
... ပြဿနာ ရှာဖို့၊ စေခိုင်း ခဲ့တယ်၊ ဒီလှည့်ကွက် လေးထဲမှာ၊ ညီလေး ကျန့်က လုံးလုံး ကျရှုံး သွားပြီး၊ တိုက်ပွဲကြီး ဖြစ်လာတယ်၊ ...
... ကောင်းကင်ယံ ဂိုဏ်းရဲ့ တပည့် ထောင်ဂဏန်းလောက် သတ်ပြီး ချိန်မှာ၊ သူ့ကို ဖမ်းမိ သွား တာကြောင့်၊ ဆရာက ထျန်ရွှမ်ဇီနဲ့ အလဲ အလှယ် လုပ်ပြီး၊ တိမ်လွှာ ဓားဂိုဏ်းမှာ တစ်သက်လုံး နေဖို့၊ အပြစ်ပေး လိုက်ရ တော့ တာပဲ။ ”
ထိုစကားကို ကြားသော အခါ လင်းယွန် အကြည့်များ အေးစက် လာ၏။ ထျန်ရွှမ်ဇီသည် သူတော်စင် တစ်ပါးနှင့် မလိုက်ဖက် စွာပင်၊ ကောက်ကျစ် လွန်းလေသည်။
ဤသို့သော ရန်သူ မျိုးမှာ အလွန် ကြောက်စရာ ကောင်းသောကြောင့် ကျောရိုး တစ်လျှောက် အေးစက် လာ၏။
ထျန်ရွှမ်ဇီ အသက်ရှင် နေသမျှ ကာလ ပတ်လုံး၊ ဓားဂိုဏ်းက အေးချမ်း နိုင်တော့မည် မဟုတ်ချေ။
“ ငါတို့ မင်းကို ပြောပြဖို့၊ အစီစဉ် မရှိ သေးပေမယ့်၊ ကျင်းကြွယ်က မင်းကို လိုက်သတ် နေတာကို မြင်တော့ သတိ ပေးဖို့ ... ၊ ဆုံးဖြတ် လိုက် တာပဲ၊ မင်း ဘယ်လောက်ပဲ အရည် အချင်း ရှိရှိ၊ သတိ မထားရင် ... သူတို့ လှည့်ကွက်ထဲ ဝင်သွား နိုင်တယ်။ ”
မုချွမ်က လင်းယွန်အား စိုက်ကြည့်ကာ သတိပေး စကား ပြောလေသည်။
“ ညီလေး ကျန့်ရဲ့ ... ၊ အဖြစ် ဆိုးကြီး ကနေ၊ မင်း ... သင်ယူ နိုင်အောင် ကြိုးစားပါ။ ”
“ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ပျက်စီးခြင်း နန်းတော်ကို ဝင်မယ်။ ”
“ ဟုတ်တယ် ... ဝင်ရမယ်၊ နဂါး တံခါးရဲ့ မြင့်မြတ်တဲ့ ဘုံဗိမာန်တွေ ပြိုကျ သွားပြီ ဆိုရင် တောင် ... ၊ လျှို့ဝှက်ချက်တွေ အများကြီး ရှိသေးတယ်၊ သူ့ ဆီက ...
... တစ္ဆေ ဝိညာဉ် ပညာရပ်၊ တစ်ခုလောက် ရရုံနဲ့ ...၊ ဂိုဏ်းရဲ့ အုတ်မြစ်ကို တိုးလာ စေတယ်၊ ဒါကြောင့်လည်း ကောင်းကင်ယံ ဂိုဏ်းက မြန်မြန် ကြီးထွား လာတာပဲ။ ”
မုချွမ်က ထောက်ခံ၏။ အစ်ကို ကျန့်တွင် ဤမျှ ကြေကွဲဖွယ် ပုံပြင် တစ်ပုဒ် ရှိလိမ့် မည်ဟု၊ လင်းယွန်မှ မမျှော်လင့် ထားချေ။
သူ့အရည် အချင်း များကို၊ ထျန်းရွှမ်ဇီ ကစားကွက်၌ ဖြုန်းတီး မိခဲ့သည်။ ထိုကြိုးထုံး မပြေသော်၊ နဂါးသွေး လွှတ်ကြော အတွင်း တစ်သက်လုံး ပိတ်မိမည် ဖြစ်၏။
“ အရိယာ ဓားသုတ္တန်ကို ... ၊ တတိယ အဆင့် အထွတ် အထိပ် ရောက်နေပြီ၊ မဟုတ် လား၊ ငါမှာ လှည့်ကွက်လေး တစ်ခု ရှိတယ်။ ”
မုချွမ်က အကြောင်းအရာ ပြောင်းကာ ပြုံးလိုက်သည်။
“ ဘာ လှည့်ကွက်လဲ။ ”
“ ရောင်ဝါ ဖုံးကွယ်နည်း။ ”
သူ့စကားဆုံး သည်နှင့် မုချွမ် ရောင်ဝါမှာ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့၊ ရုတ်တရက် ကျဆင်း သွားသည်။ မည်မျှ စစ်ဆေး ကာမူ၊ ဘုရင် တစ်ပါး ရောင်ဝါ မရှိ တော့ချေ။
“ ဒါကို လိပ်နက် အသက်ရှူနည်း လို့ ခေါ်တယ်၊ ငါ့ အသက်နဲ့ ရင်းပြီး ရလာတဲ့ ပညာ ရပ် တစ်ခုပဲ၊ ပညာရပ် အပြည့် အစုံကို၊ ...
... နတ်လိပ် အသွင်ပြောင်း ခြင်းလို့ ခေါ်တယ်၊ ဒါပေမယ့် ... အဲဒါက မပြည့်စုံတော့ မင်း နားလည် နိုင်ပါ့ မလား မသိဘူး၊ စိတ်ဝင် စားလား။ ”
***