← Chapters

အိမ်ရှေ့မင်းသားရောက်လာခြင်း

Vol. 10 Ch. 127

အိမ်ရှေ့မင်းသားရောက်လာခြင်း

Vol. 10 Ch. 127

ဤကမ္ဘာကြီးပေါ်တွင် လေဧကရာဇ်ဦးညွှတ်နှုတ်ဆက်သည့်သူမှာ သူ့ကိုကယ်တင်ခဲ့သည့် ဝမ်ဖုန်းတစ်ဦးတည်းသာရှိလေသည်။

ဝမ်ဖုန်းသည်လည်း အနည်းငယ်ဦးညွှတ်လိုက်ပြီး အပြုံးတစ်ပွင့်နှင့် ပြန်ပြောလိုက်သည် ။

" အရှင်မင်းကြီးက ယဉ်ကျေးလွန်းနေပါပြီ ။ ဒါအပေးအယူတစ်ခုပါပဲလေ ။ "

" အပေးအယူက အပေးအယူပါပဲ ။ ဒါပေမယ့်လည်း ကျေးဇူးတရားကိုတော့ နားလည်သိတတ်ဖို့လိုသေးတယ်။ " လေဧကရာဇ်ကလည်း ပြုံးကာပြောဆိုလိုက်သည် ။

မုယွင်ဖေးကြောင့်သာမဟုတ်ပါက ဂိုဏ်းချုပ်ဝမ်သည် ဧကရာဇ်နှင့်အပေးအယူလုပ်မှာမဟုတ်သလို လေဧကရာဇ်သည်လည်း ကောင်ကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်နှင့်ရင်ဆိုင်ရင်း သေဆုံးသွားရမည်ဖြစ်ကြောင်းကို ကျိန်းသေသိထားပေသည် ။

ဤအကြောင်းကိုတွေးမိသွားတော့ လေဧကရာဇ်သည် မုယွင်ဖေးအား ကြင်နာမှူများပြည့်နေသော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည် ။ သူ့ကိုအစဉ်အမြဲ စိုးရိမ်ပူပန်နေစေရသော ဤသားတော်သည် နောက်ဆုံးမှာတော့ ကြီးပြင်းလာခဲ့ပေပြီ ။ သူသည်ကြီးပြင်းလာသည်နှင့်တစ်ပြိုင်နက် ဖခင်ကို ကယ်တင်ခဲ့လေသည် ။ ဤသားတော်သည်ကား တကယ့်ကို ကောင်းကင်က ကောင်းချီးပေးသော ‌သားတော်တစ်ပါးပင်ဖြစ်လေသည် ။

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ် ။ "

လေဧကရာဇ်၏အကြည့်များကို လက်ခံရရှိလိုက်သည့်အခါ မုယွင်ဖေးသည် ချက်ချင်းဆိုသလို အလျင်စလိုဖြင့် ဦးညွှတ်ဂါဝရပြုလိုက်သည်။

လေဧကရာဇ်သည်ခေါင်းငြိမ့်လိုက်ပြီး လက်ဆန့်ထုတ်ကာ သူ၏လက်ကို ပြတ်ရှရာတစ်ခုဖြစ်လာအောင် သူကိုယ်တိုင်ပြုလုပ်လိုက်လေသည် ။ ထို့နောက် လေထုအတွင်း လက်ချောင်းများကို ဝှေ့ယမ်းရေးဆွဲလိုက်သည်။ ထိုအခါ သွေးနီရောင်စကားလုံးများက လေထုအတွင်း ထွက်ပေါ်လာခဲ့သည် ။

" ဂိုဏ်းချုပ်ဝမ် ၊ ဒါက ကျုပ်တို့သဘောတူညီထားတဲ့ မဟာမိတ်စာချုပ်ပါပဲ ။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်လိုက်ပါဦး "

ဝမ်ဖုန်းသည် လေဧကရာဇ်ကို ဘာစကားတစ်ခွန်းမှမပြောပဲ လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။ သူသည်လည်း သူ၏လက်ချောင်းကို သွေးထွက်စေလျက် သွေးစာချုပ်တစ်ခုအား လက်မှတ်ရေးထိုးလိုက်သည် ။

သွေးစာချုပ်သည် ကောင်းကင်နှင့်မြေကြီး၏ အသိအမှတ်ပြုခြင်းကိုခံရသော ကျင့်ကြံသူတို့အသုံးပြုလေ့ရှိသည့် စာချုပ်စာတမ်းတစ်ခုဖြစ်သည် ။ ဤစာချုပ်တွင် တစ်ကြိမ်တစ်ခါလက်မှတ်ရေးထိုးလိုက်ပါက ပြန်လည်ပြင်ဆင်၍မရနိုင်တော့ပေ ။

ဟမျ .. ။

ဝမ်ဖုန်းသည် လေဧကရာဇ်၏ မဟာမိတ်စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်သည့်အခါ နန်းတော်ကြီးတစ်ခုလုံး လှုပ်ရမ်းသွားလေသည်။ ယင်းနောက် စိတ်မကူးနိုင်လောက်သော အရှိန်အဝါများ ရုတ်ခြည်းပေါ်လာ၍ ရုတ်ခြည်းပင်ပြန်လည်ပျောက်ကွယ်သွားတော့သည် ။

ဤသည်မှာ သူတို့၂ဦးကြားရှိစာချုပ်ကို မိုးမြေက အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

" ဂိုဏ်းချုပ်ဝမ်က ဘယ်တော့များ ခန္ဓာသန့်စင်ခြင်းဆေးဝါးကို သွားရှာမှာလဲ ။ "စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် လေဧကရာဇ်က ဝမ်ဖုန်းကိုကြည့်ကာ မေးမြန်းလိုက်သည် ။

လေဧကရာဇ်၏စကားဆုံးသွားသည့်အခါ လေဧကရီနှင့် အင်ပါယာအကြီးအကဲ ၅ယောက်တို့ကလည်း ဝမ်ဖုန်းကိုတပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ လေဧကရာဇ်သည် ယခုချိန်ခါတွင် သေခြင်းတရားမှ လွတ်‌မြောက်လာပြီဖြစ်သော်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမျိုးတော့ မဟုတ်သေးပါ ။ လေဧကရာဇ် အပြည့်အဝ အမြန်ဆုံးပြန်လည်ကောင်းမွန်လာလေလေ၊ လေအင်ပါယာကြီးအတွက်လည်း ပိုကောင်းလေလေဖြစ်ပါသည် ။

ဒါ့အပြင် ဂိုဏ်းချုပ်က မည်သို့မည်ပုံဖြင့် ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးကို ရှာဖွေမည်ဆိုတာကို သူတို့သိမထားသော်လည်း လေအင်ပါယာကြီးသည် ကမ္ဘာပေါ်တွင် တည်ရှိနေသည်မှာ ကြာလှပြီဖြစ်သည် ။ သို့သော်လည်း သူတို့သည် ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးမျိုးကို တစ်ကြိမ်တစ်ခါကမျှ ရရှိခဲ့ဖူးခြင်းမရှိပေ။ ဂိုဏ်းချုပ်ဝမ်ကိုယ်တိုင် ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးကို သွားရှာမည်ဆိုလျှင်တောင် ဤခရီးစဉ်သည် အလွန်အမင်းရှည်ကြာမည့်ခရီးစဉ်ဖြစ်လိမ့်မည် ။

" ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးကို ရှာဖွေဖို့ရန်အတွက် မနက်ဖြန် ငါခရီးထွက်မယ် ။ တစ်ချို့သတင်းအချက်များကိုရှာဖွေဖို့ရန်အတွက် လေအင်ပါယာ၏ မှတ်တမ်းနှင့်စာအုပ်အချို့ကိုတော့ ငှားရမ်းဖို့လိုလိမ့်မယ် ။ " ၀မ်ဖုန်းကပြုံးကာ ပြောဆိုလိုက်သည် ။

ဝမ်ဖုန်းတွင် နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီကျင့်စဥ်နှင့် စနစ်၏စစ်ဆေးရေးဆောင်ရွက်ချက်များရှိနေသော်လည်း သူသည် ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးကို ရှာဖွေဖို့ရန်အတွက် ပေါက်ရောက်ရာအလေ့အထ အစရှိသောအချက်အလက်များကို သိရှိရန်လိုအပ်ပါသေးသည် ။ ဒီလိုမှမဟုတ်ရင် သူရှာဖွေရမည့်နေရာမှာ အရမ်းကိုများပြားကျယ်ပြန့်သွားမည်ဖြစ်သည် ။ ထိုအကြောင်းအရာများကို သိရှိမထားပါက သူသည် မှော်ဆေးဝါးကို မည်သို့မည်ပုံသွားရောက်ရှာဖွေရမည်နည်း။

" ကောင်းပြီ ။ အချို့သော လျို့ဝှက်မှတ်တမ်းများမှလွဲပြီး လေအင်ပါယာ၏ကျန်မှတ်တမ်းများအားလုံးကို ဂိုဏ်းချုပ်ဝမ်ဖတ်ရှုနိုင်ပါတယ် ။ ရွှမ်ယိဂိုဏ်းချုပ်ဝမ်အနောက်ကို လိုက်သွားလိုက်ပါ ။ ဂိုဏ်းချုပ်ဝမ်လိုအပ်ချက်မှန်သမျှကို ငါတို့လေအင်ပါယာက ‌ဖြည့်ဆည်းပေးနိုင်သေးသရွေ့ အတတ်နိုင်ဆုံး လုပ်ပေးလိုက်ပါ ။ " လေဧကရာဇ်သည် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

" မှန်လှပါ အရှင်မင်းကြီး " ရွှမ်ယိသည်လေးလေးစားစား ဖြေကြားလိုက်သည် ။

" ဖခမည်းတော် ၊ ပဉ္စမမြောက်ညီတော် ပြန်ရောက်လာပြီလို့ သားတော်ကြားထားတယ် ။ သားတော်က ပဉ္စမမြောက်ညီတော်ကို အရမ်းလွမ်းဆွတ်လွန်းလို့ သူ့ကိုတွေ့ဆုံဖို့ရန်အတွက် ရောက်ရှိလာတာပါ ။ "

ဒီအချိန်မှာပဲ နန်းဆောင်အပြင်ဘက်၌ အသံတစ်သံ ထွက်ပေါ်လာသည် ။ ဤအသံထွက်ပေါ်လာသည့်အခါ လေဧကရာဇ်နှင့် ဧကရီတို့၏ မျက်နှာအမူအရာများသည် ချက်ချင်းပျက်ယွင်းသွားပါတော့သည် ။

အထူးသဖြင့် လေဧကရာဇ်ဖြစ်သည် ။ သူ၏မျက်နှာပေါ်တွင် ရွံရှာစက်ဆုပ်သောအမူအရာမျိုးသည် ဖုံးကွယ်၍မရနိုင်အောင် ထွက်ပေါ်လာလေသည် ။

သူ၏ခမည်းတော် လေဧကရာဇ် သေလုမျောပါးဖြစ်နေစဉ်ကတောင် အိမ်ရှေ့စံမင်းသားသည် အလျင်စလိုမရောက်လာခဲ့ပေ။ သို့သော်လည်း ပဉ္စမမြောက်မင်းသားမုယွင်ဖေး ပြန်ရောက်လာသည်ကိုကြားသိသည့်အခါ အိမ်ရှေ့မင်းသားက အပြေးအလွှားရောက်လာသည်တဲ့လား ။

တွေးကြည့်ကြစမ်းပါ ။ မည်မျှရယ်ဖွယ်ကောင်းလိုက်သနည်း ။ ထိုအိမ်ရှေ့မင်းသား၏ နှလုံးသားထဲတွင် ရာဇပုလ္လင် တစ်ခုတည်းသာရှိပေသည် ။

လေဧကရာဇ်ကို ပိုမိုစိတ်မသက်မသာဖြစ်စေသည့်အချက်မှာ သူသည် ထိုအိမ်ရှေ့စံမင်းသားကို ဖြုတ်မချနိုင်ခြင်းဖြစ်သည် ။

ကျင့်ကြံရေးကမ္ဘာကြီးတွင် တော်ဝင်မင်းသားများသည် နိုင်ငံ၏ပြယုတ်တစ်ခုဖြစ်သည်ဟူသော အဆိုအမိန့်တစ်ခုရှိလေသည် ။ ထိုအဆိုအမိန့်မှာ အတော်အသင့်မှန်ကန်သည်ဟု ဆိုနိုင်ပေသည် ။

ထိုအိမ်ရှေ့မင်းသားသည် အင်ပါယာ၏ အရေးကြီးသောအမတ်များကို မည်သို့မည်ပုံဆွဲဆောင်ထားမှန်းမသိ ဆွဲဆောင်ထားလေသည်။ ထို့အပြင် အရေးကြီးဆုံးအချက်မှာ အိမ်ရှေ့မင်းသား၏နောက်တွင် လေဧကရာဇ်ကိုယ်တိုင်တောင် ထွင်းဖောက်ရှာမတွေ့နိုင်သော စွမ်းအားကြီးမားသော အဖွဲ့အစည်းကြီးတစ်ခု ရှိနေပေသည်။

" ဝင်လာခဲ့ ။ "

လေဧကရာဇ်သည် သူ၏အမူအရာများကို ပြန်လည်ထိန်းသိမ်းလိုက်ပြီး ထူးမခြားနားသော အမူအရာဖြင့် ပြန်လည်‌ဖြေကြားလိုက်သည် ။

ခရက် ....

ကြီးမြတ်သော လေအင်ပါယာကြီး၏ အိမ်ရှေ့စံမင်းသား မုရှင်းချန်သည် နန်းဆောင်တံခါးကိုဖွင့်၍ အတွင်းပိုင်းသို့ ဝင်ရောက်လာလေသည် ။ ဤသည်မှာ ဝမ်ဖုန်းအနေဖြင့် လေအင်ပါယာ၏ အိမ်ရှေ့မင်းသားကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည် ။ ပထမအကြည့်ဝစ်ချက်နှင့်ပင် ဝမ်ဖုန်းသည် ထိုအိမ်ရှေ့မင်းသားမှာ အတော်လေး ရုပ်ရည်ချောမော ပြေပြစ်သည်ကို သိရှိလိုက်ရသည်။ သူသည် ဝမ်ဖုန်းလောက် ရုပ်ရည်ချောမောခြင်းမရှိသော်ငြားလည်း လူချောလေးတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည် ။ ဒုတိယအကြည့်မှာတော့ ဝမ်ဖုန်းသည် လေအင်ပါယာ၏ အိမ်ရှေ့စံမင်းသားမှာ ပြုံးနေသောကျားတစ်ကောင်ဖြစ်မှန်းကို သိလိုက်ရသည် ။

ထိုသူသည် နူးညံ့ယဉ်ကျေး၍ ကျော့ရှင်းသည့်ဟန်ပေါ်သော်လည်း ဝမ်ဖုန်းသည် သူ၏မျက်ဝန်းများမှတစ်ဆင့် ရက်စက်ကြမ်းကြုတ်မှုများကို ဖောက်ထွင်းမြင်လိုက်ရသည် ။

" ဖခမည်းတော်နှင့် ဧကရီဘုရင်မကြီးကို ဂါဝရပြုပါတယ် ။ "

လေအင်ပါယာ၏အိမ်ရှေ့စံမင်းသား မုရှင်းချန်သည် လေဧကရာဇ်က လုံလုံခြုံခြုံနှင့် ကောင်းကောင်းမွန်ကြီးထိုင်နေသည်ကို တွေ့လိုက်ရသည့်အခါ သူ၏မျက်လုံးသူငယ်အိမ်များအနည်းငယ်လှုပ်ရှားသွားခဲ့သည် ။ ထို့နောက်သူသည် လေးစားသောအမူအရာဖြင့် အလျင်အမြန်ဂါဝရ ပြုလိုက်လေသည်။

" ယဉ်ကျေးနေစရာမလိုပါဘူး ။ ဒါကတော့ ရှန်းရှန်းကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ ။ " လေဧကရာဇ်သည် ဝမ်ဖုန်းအားညွှန်ပြကာ ပျော့ပျောင်းသောလေသံဖြင့် မိတ်ဆက်ပေးလိုက်သည်။

" ကျွန်တော်ရှင်းချန်က ဂိုဏ်းချုပ်ဝမ်ကို ဂါဝရပြုပါတယ် ။ "

" လတ်တလောမှာ ရှန်းရှန်းကျုံဂိုဏ်းက ကမ္ဘာတစ်ခုလုံးမှာ ကျော်ကြားနေတာ ။ ရှင်းချန်က ရှန်းရှန်းကျုပ်ဂိုဏ်းကို လေးစားအားကျနေတာ ကြာပါပြီ။ ဂိုဏ်းချုပ်ဝမ်နှင့် ဒီနေ့မှာ ကံကောင်းထောက်မစွာ တွေ့ဆုံရလိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး ။ ဂိုဏ်းချုပ်ဝမ်က တကယ့်ကို အင်မော်တယ်အရှင်တစ်ပါးလို ကျော့ရှင်းတာပဲဗျ ။ ပြီးတော့ အရှိန်အဝါကလည်း ပုံမှန်မဟုတ်ပေဘူးပဲ ။"

မုရှင်းချန်သည် ထိတ်လန့်သွားသည် ။ သို့သော်လည်းသူ၏အမူအရာများကို အလျင်အမြန်ထိန်းသိမ်းလိုက်ပြီး ဝမ်ဖုန်းအား အပြုံးတစ်ပွင့်နှင့် ဂါရဝပြုလိုက်လေသည် ။

" မင်းသားက ယဉ်ကျေးလွန်းနေပါပြီ "။ ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုအနောက်ပစ်ထားရင်းမှ မတ်တပ်ရပ်လျက် ပြုံးကာ ပြောလိုက်သည် ။

" အရှင်မင်းကြီး ၊ လုပ်စရာမရှိတော့ဘူးဆိုရင် ဒီဂိုဏ်းချုပ်က အရင်ထွက်သွားနှင့်ပါတော့မယ် ။ " ဝမ်ဖုန်းသည် အိမ်ရှေ့စံမင်းသား၏ ပြဇာတ်ကိုကြည့်ရှုရန် အလွန်ပျင်းလွန်းနေသည် ။ ထို့ကြောင့် သူသည် လေဧကရာဇ်ကို ထွက်သွားခွင့်ပြုရန် တိုက်ရိုက်ပင် တောင်းဆိုလိုက်သည် ။ လေဧကရာဇ်သည်လည်း ခေါင်းငြိမ့်ကာ လက်ခံလိုက်လေသည် ။

ရွှမ်ယီသည် လစ်လျူရှုမထားရဲဘဲ လက်ဆန့်ထုတ်ပြီး ဝမ်ဖုန်းအား ဦးဆောင်လမ်းပြသွားလေသည် ။

မုရှင်းချန်သည် ဝမ်ဖုန်း၏နောက်ကျောကို အဓိပ္ပါယ်ပြည့်ဝနေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး နာမလည်နိုင်သောအပြုံးတစ်ခုက သူ၏မျက်နှာထက်၌ ဖြစ်ပေါ်လာလေသည် ။

" ပဉ္စမမြောက် ညီတော် ။ မင်းဒီနှစ်တွေအတွင်း ဘယ်ကိုများရောက်နေခဲ့တာပါလဲ ။ အတော့်ကို ဒုက္ခတွေ အများကြီးခံစားခဲ့ရမှာပဲနော် ။ "

ဝမ်ဖုန်းထွက်ခွာသွားပြီးနောက် မုရှင်းချန်သည် ရှေ့ထွက်လာကာ မုယွင်ဖေးကို လှမ်းဖက်လိုက်ပြီးနောက် သူသည် အလွန်ချိုသာသောစကားများကို အမူအရာမပျက်ပြောနေလေသည် ။

သူ၏စိတ်နေစိတ်ထားများကို သိနေသူမဟုတ်ပါက သူ့ကို အစ်ကိုကောင်းတစ်ယောက်အနေဖြင့် ထင်မှားသွားကြမည်မှာမလွဲဧကန်ပင် ။

" စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုတော် ။ ကျွန်တော်အဆင်ပြေပါတယ် ။ " မုယွင်ဖေးသညိ မုရှင်းချန်အား ပြန်ဖြေလိုက်လေသည် ။ မုယွင်ဖေးသည် မုရှင်းချန်၏ပွေ့ဖက်မှုမှ မသိမသာရုန်းပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်၍ ဦးညွှတ်ကာပြောဆိုလိုက်သည် ။

" ‌ကောင်းတယ် ။ အရမ်းကောင်းတယ် ။နောက်ဆုံးမှာတော့ ပဥ္စမမြောက်ညီတော် ပြန်လာပြီပဲ ။ အစ်ကိုတော်နဲ့နေလှည့်ပါ ။ အစ်ကိုတော်ကမင်းကို ဂရုစိုက်ပေးမှာပေါ့ ။ တစ်ခုခုလိုအပ်တာရှိရင် အစ်ကိုတော်ကိုသာပြောလိုက် ။ " မုရှင်းချန်သည် မုယွင်ဖေး၏ပခုံးကိုပုတ်လျက် ပျော့ပြောင်းစွာပြောဆိုလိုက်သည် ။

မုရှင်းချန်သည် ထိုတစ်လျောက်လုံးတွင် လေဧကရာဇ်၏အမြင်ကိုမေးမြန်းခြင်းမရှိခဲ့ပါ ။ လေဧကရာဇ်ကလည်း ဘာတစ်ခွန်းမှ မပြောခဲ့ပေ ။ သို့သော်လည်း သူတို့၂ယောက်စလုံးသည် တစ်ဦးကိုတစ်ဦး ပြတ်ပြတ်သားသား နားလည်ထားကြပါသည် ။

လေဧကရာဇ်သည် သူဘယ်လိုပဲပြောပြော သူ့သားတော်၏ရည်ရွယ်ချက်ကို ပြောင်းလဲနိုင်မှာမဟုတ်ဘူဆိုတာ သိထားလေသည် ။

မုရှင်းချန်သည်လည်း လေဧကရာဇ်က သူ့အပေါ်ကို မည်မျှကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ။ သူလုပ်စရာရှိတာကိုသာ သူဆက်လုပ်ရမည်ဟုသာ ခံယူထားသူဖြစ်သည် ။

" ခမည်းတော် ။ ပဉ္စမမြောက်ညီတော်က သားတော်တို့ ကြီးမြတ်သောလေအင်ပါယာကြီး၏ မင်းသားတစ်ပါးပဲလေ ။ ဒီလိုမြင့်မြတ်သောအဆင့်အတန်းမျိုးနှင့် သူရှန်းရှန်းကျုံဂိုဏ်းကို တပည့်တစ်ယောက်အနေနဲ့ ဝင်ရောက်သွားတာ မသင့်တော်ဘူး မဟုတ်လား ။"

" ဒါ့အပြင် ဂိုဏ်းချုပ်ဝမ်ကလည်း ယောင်ရီအင်ပါယာကြီးထဲမှာရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ပဲလေ ။ ပြီးတော့သူက ကျွန်တော်တို့လေအင်ပါယာထဲကို အကျိုးအကြောင်းပြောခြင်းမရှိဘဲနှင့်တောင် ဝင်ရောက်လာခဲ့တာ ။ ဒါက တကယ့်ကို မောက်မာလွန်းနေတာပဲမဟုတ်ဘူးလား ။ "

ကြီးမြတ်သော လေအင်ပါယာ၏ အိမ်ရှေ့စံမင်းသားမုရှင်းချန်သည် လက်သီးဆုပ်ဂါဝရပြုကာ လေဧကရာဇ်ကို လျှောက်တင်လိုက်သည်။ တစ်ခဏတွင် သူသည် ယဉ်ကျေးလေးစားဖွယ်ကောင်းသော မင်းသားတစ်ပါးအဖြစ်တည်ရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ သူ၏ ဇာတိသရုပ်မှန်ကို စတင်ပြသလာလေသည် ။

All Chapters