တော်ဝင်စာကြည့်တ်ိုက်
Vol. 10 Ch. 128
အင်ပါယာအကြီးအကဲ လေးယောက်တို့သည် ဤမြင်ကွင်းကို ထူးမခြားနားအမူအရာဖြင့်သာ စောင့်ကြည့်နေကြသည်။ သူတို့သည် ဧကရာဇ်နှင့် တော်ဝင်မင်းသား အကြားရှိ ကိစ္စများတွင် ဝင်ပါမည်မဟုတ်ပါ။
ဤသည်မှာ သူတို့ကြောက်လန့်နေ၍မဟုတ်ဘဲ သံသယများကို ရှောင်ရှားလို့၍သာဖြစ်သည်။ သူတို့သည် ဧကရာဇ်အပေါ်တွင်သာ သစ္စာစောင့်တည်မည်ဖြစ်သည်။ နိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်လိုက်မိပါက သူတို့၏သဘောသဘာဝများနှင် သစ္စာစောင့်တည်မှုများသည် ပြောင်းလဲသွားနိုင်ပေသည်။
ထို့အတွက်ကြောင့် သူတို့၏ အဆင့်အတန်းသည် အလွန်အမင်းသီးသန့်ဆန်လှသည်။
လေဧကရာဇ်သည် အိမ်ရှေ့မင်းသားအား စိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာက ပြောင်းလဲခြင်းအလျဥ်းမရှိဘဲ ပြောဆိုလိုက်သည်။
မင်းသားကဘယ်လိုများတွေးထင်လို့လဲ။
"ပဥ္စမမြောက်ညီတော်က ရှန်ရှန့်ကျုံဂ်ိုဏ်းကနေ ခွဲထွက်လာသင့်တယ်လို့ ဒီသားတော်က ယုံကြည်ပါတယ်။"
"ရှန်ရှန့်ကျုံဂိုဏ်းက လက်တလောမှာ သုံးပြည်ထောင်မှာ ကျော်ကြားလာပေမယ့် သူတို့ရဲ့နောက်ခံက တိမ်လွန်းတယ်။ ပြီးတော့ ပဥ္စမမြောက်ညီတော်ရဲ့ အဆင့်အတန်းက မြင့်မြတ်လွန်းပါတယ်။ ဒါကြောင့်မလို့ သူက ရှန်ရှန့်ကျုံဂိုဏ်းကို ဂိုဏ်းသားတစ်ယောက်အနေနဲ့ဝင်ရောက်တာက မသင့်တော်ပါဘူး။
"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတော့ အနည်းငယ်သတိပေးလိုက်ပြီး စည်းမျဥ်းတွေကိုသိအောင်ပြုလုပ်လိုက်ပါ။"
လေအင်ပါယာ၏ အိမ်ရှေ့မင်းသားသည် လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး အမူအရာမဲ့စွာဖြင့်ပြောဆိုလိုက်သည်။
သူသည် အရာအားလုံးကို လေဧကရာဇ် နှင့် မုယွင်ဖေးတို့အတွက် တွေးတောပြောဆိုနေသည့်အလား ပြုမူနေသည်။
"အစ်ကိုတော် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခြင်းမဝင်ခြင်းက ကျုပ်ရဲ့ကိစ္စပါ။ အစ်ကိုတော် ဝင်ရောက်စွပ်ဖက်သင့်တဲ့ကိစ္စမဟုတ်ဘူး။"
ဘေးတစ်ဖက်မှာ မတ်တပ်ရပ်နေသော မုယွင်ဖေးသည် သည်းမခံနိုင်တော့ဘဲ မုရှင်းချန်ကို စိုက်ကြည့်ကာ အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။
ရှန်ရှန့်ကျုံဂိုဏ်းအား ဝင်ခွင့်ရရှိခြင်းက မုယွင်ဖေး၏ဘဝတွင် ကံအကောင်းဆုံးအရာကြီးတစ်ခုဖြစ်ပါသည်။ ဒါ့အပြင်ဂိုဏ်းချုပ်က သူ၏ခမည်းတော်က်ိုလဲ ကယ်တင်ခဲ့သေးသည်။ သူသည် အသက်ရှိနေစဥ်ကာလအတွင်း ရှန်ရှန့်ကျုံဂ်ိုဏ်းသားတစ်ယောက်သာဖြစ်ရပေမည်။ သေဆုံးသွားလျှင်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဝိညာဥ်ဖြစ်ရမည်ဟု ကျိန်ဆိုခဲ့ပြီးဖြစ်သည်။
သ်ို့သော်လည်း မုရှင်းချန်က သူ၏အကြံအစည်များကို ဖျက်စီးပစ်ချင်နေသည်။ သူမည်သို့မည်ပုံနားလည်လက်ခံပေးရပါမည်နည်း။
"ပဥ္စမမြောက်ညီတော်၊မင်းက ငယ်လွန်းသေးတယ်။ ဒီကမ္ဘာကြီးမှာရှိတဲ့ အန္တရာယ်တွေကို မင်းနားမလည်ပါဘူး။ ရှန်ရှန့်ကျုံဂ်ိုဏ်းရဲ့ ဂိုဏ်းချုပ်က မင်းရဲ့အဆင့်အတန်းကိုသိမြင်လို့ မင်းကိုအသုံးချပြီး လေအင်ပါယာထဲကို ထိုးဖောက်ဝင်ရောက်ချင်နေတာ။"
မုရှင်းချန်သည် မုယွင်ဖေးကို စိုက်ကြည့်ကာ ခါးသီးသောအမူအရာဖြင့် ပြောဆိုလိုက်သည်။
မုရှင်းချန်၏ စကားလုံးများက မုယွင်ဖေးက်ို ဒေါသတကြီးရယ်မောလာအောင် လှုံ့ဆော်လိုက်သည်။ သူသည် မုရှင်းချန်ကို ဘာစကားတစ်ခွန်းမှမပြောဘဲ နက်နက်ရှိုင်းရှိင်း စိုက်ကြည့်လိုက်ပါသည်။
ဘယ်သူဘယ်ဝါပဲဖြစ်ပါစေ ရှန်ရှန့်ကျုံဂိုဏ်းအပေါ်ထားရှိသော သူ၏သစ္စာကိုတော့ ယိုင်နဲ့အောင်မပြုလုပ်နိုင်ပါပေ။
"ဒီကိစ္စကို နောက်မှဆွေးနွေးကြတာပေါ့၊ မင်းအရင်ပြန်သွားလိုက်တော့။"
လေဧကရာဇ်သည် သူ၏လက်ကိုဝှေ့ရမ်းလိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် ပြောဆိုလိုက်သည်။
"မှန်လှပါ ခမည်းတော်။"
အိမ်ရှေ့စံမင်းသားသည် အလွန်အမင်းတဲ့တိုးဆန်စွာ ဦးညွှတ်လိုက်ပြီး ချက်ချင်းတန်း၍ လှည့်ထွက်သွားလိုက်သည်။
"ယွင်ဖေး၊ မင်းလဲပဲ သွားသင့်ပြီ။ မင်းရဲ့မယ်တော်က မင်းနေထိုင်ခဲ့တဲ့နန်းဆောင်ကို အမြဲသန့်ရှင်းရေးလုပ်ခိုင်းထားတာ။ မင်းဒီကိုပြန်မလာခဲ့တာ ငါးနှစ်လောက်တောင်ရှိပြီလေ။ သွားပြီးတော့ကြည့်လိုက်စမ်းပါဦး။"
လေဧကရာဇ်သည် မုယွင်ဖေကို ပျော့ပျောင်းနူးညံ့သောအကြည့်ဖြင့် ကြည့်လိုက်ကာ ကြင်နာစွာပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
မုယွင်ဖေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားသည်။ လေဧကရာဇ်နှင့် လေဧကရီတို့အား ဦးညွှတ်ဂါရဝပြုလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။
အင်ပါယာအကြီးအကဲလေးယောက်သည်လည်း ဉာဏ်အမျှော်အမြင်ရှိစွာဖြင့် ထွက်ခွာသွားကြတော့သည်။
လေဧကရာဇ်သည် ဧကရီဘုရင်မကြီးနှင့် နှစ်ဦးတည်းစကားပြောဆိုလိုခြင်းဖြစ်သည်။ သူတို့သာအခြေအနေကိုမရိပ်မိဘဲ ဆက်လက်ရှိနေဦးမည်ဆိုလျှင် ဧကရာဇ်၏ အမျက်တော်ရှခြင်းကို ခံရပေလိမ့်မည်။
"တကယ်တော်တဲ့ သားကောင်းရတနာပါပဲလား!?''
လူတိုင်းထွက်ခွာသွားတဲ့အချိန်မှာ လေဧကရာဇ်သည် ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။ ဧကရီဘုရင်မကြီး၏ရှေ့တွင် သူသည် သူ၏စိတ်ခံစားချက်များကို ဖုံးကွယ်ထားခြင်းအလျဥ်းမရှိတော့ပါပေ။
"အရှင်မင်းကြီး စိတ်ဆိုးတော်မမူပါနဲ့။ ကြင်ယာတော်လင်ရဲ့ အဆင့်အတန်းကို အရှင်မင်းကြီးလဲသိထားပြီးသားပဲလေ။ ဒီလိုအခြေအနေမျိုး တစ်နေ့နေ့ဖြစ်လာလိမ့်မယ်လို့ကြိုတွေးထားသင့်တယ်။ ဒါ့အပြင် အိမ်ရှေ့မင်းသားရဲ့နောက်ကွယ်ကအင်အားကလည်း အဲဒီနေရာကနေ လာခဲ့တာပဲဖြစ်ရမယ်။
လေဧကရီသည် ဧကရာဇ်ရဲ့ကျောပြင်ကို ညင်သာစွာပုတ်လိုက်ပြီး နူးညံ့သောလေသံဖြင့်ပြောလိုက်သည်။
"ဒါတွေအားလုံးဟာ ငါဧကရာဇ်ရဲ့ အမှားပါပဲကွာ။"
လေဧကရာဇ်သည် သက်ပြင်းဖွဖွချလိုက်သည်။
လေဧကရီသည် ဧကရာဇ်ရဲ့ကျောပြင်ကို ကျောက်စိမ်းသားကဲ့သို့ ဖြူဖွေးသောလက်တစ်စုံဖြင့် ခပ်ဖွဖွပုတ်ရင်း အမူအရာမဲ့သောမျက်နှာဖြင့် ဧကရာဇ်အားစိုက်ကြည့်လိုက်သည်။
ရှင်သာအရင်တုန်းကတည်းက ဂရုစိုက်ခဲ့လျှင် ဒီလိုပြသာနာတွေဖြစ်လာပါ့မလား။
"ဒီနှစ်တွေမှာ ငါအတော်မှားသွားတယ်ကွာ"
လေဧကရာဇ်သည် ဧကရီဘုရင်မကြီးအား ချစ်ခင်ကြင်နာသောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး ပျော့ပျောင်းသောလေသံဖြင့် ခပ်ဖွဖွပြောဆိုလိုက်သည်။
"ဒီကြင်ယာတော်ပြောပါရစေ အရှင်မင်းကြီး၊ယွင်ဖေး က အရင်တုန်းကတည်းက ဒီလိုအကြပ်အတည်းမျိုးနဲ့ အခြေအနေကို တွေ့ကြုံခဲ့ဖူးတယ်။ တကယ်လို့ကိစ္စတွေသာ ပိုဆိုးရွားလာမယ်ဆိုရင် ဒီကြင်ယာတော်ကမြင့်မားတဲ့ကျင့်ကြံဆင့်ကို နောက်တစ်ကြိမ်ထုတ်ဖော်ပြသရပါလိမ့်မယ်။"
"ဒါပေမဲ့ အရှင်မင်းကြီးရယ်၊ ဒီကြင်ယာတော်ရဲ့ အားနည်းချက်က အရှင်မင်းကြီးနဲ့ ယွင်ဖေးတို့ပဲရှိပါတယ်။ အခုအရှင်မင်းကြီးကတော့ ပြသာနာမရှိပေမယ့် ယွင်ဖေးက ဒီအရှုပ်အထွေးတွေထဲမှာ ပါဝင်ပတ်သက်သွားမှာကို ဒီကြင်ယာတော် စိုးရွံ့မိတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကြင်ယာတော်က ယွင်ဖေးကို ပြသာနာမတက်စေချင်ဘူး။ ဒါကြောင့်မို့ အရှင်မင်းကြီးလဲနားလည်ပေးပါ။" လေဧကရီသည် ဧကရာဇ်အားစိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
"ဒါဟုတ်ပါတယ်လေ။ ငါကိုယ်တော်လည်း ယွင်ဖေးတစ်ခုခုဖြစ်မှာကို မမြင်ချင်ဘူး။ ရှင်းရှန်သာ တကယ်ရူးသွပ်လွန်းပြီး ယွင်ဖေးကို ထိခိုက်အောင်လုပ်ရဲမယ်ဆိုရင် မင်းထပ်ပြီးဖုံးကွယ်ထားဖို့ မလ််ိုတော့ပါဘူး။ မင်းလုပ်စရာရှိတာကိုသာ လုပ်လိုက်ပါ။" လေဧကရာဇ်သည် ခေါင်းငြိမ့်လိုက်ပြီး လေးလေးနက်နက်ပြောကြားလိုက်သည်။
အိမ်ရှေ့စံအိမ်တော်သို့ပြန်ရောက်သွားပြီးဖြစ်သော မုရှင်းချန်သည် စာဆက်လက်ဖတ်ရှု့ခြင်းမရှိတော့ဘဲ အမှောင်ခန်းထဲမှာ တစ်ယောက်တည်းသာ ထိုင်နေလိုက်သည်။
"မယုံနိုင်စရာပဲ၊ ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်ရဲ့ဝေဒနါတွေကို သူကုသပြီးသွားပြီလား။ အပြည့်အဝမကုသရသေးရင်တောင် တဝက်လောက်သက်သာနေပြီလို့ ငါထင်တယ်။" ပိန်းပိတ်အောင်မှောင်မည်းနေသော အခန်းထဲတွင် အိမ်ရှေ့စံမင်းသား၏အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
"တကယ်ကိုအံ့ဖွယ်ပဲ၊ ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်၊ ဟိုးယခင်အချိန်ကတည်းကနေ ယခုအချိန်ထိတိုင်အောင် ကောင်းကင်ဘုံရဲ့ ကပ်ဘေးကြီးကို ဘယ်သူမှမလွှတ်မြောက်နိုင်ခဲ့ဘူး။ အခုတော့ လေဧကရာဇ်က ပထမဆုံးလွှတ်မြောက်နိုင်သူ ဖြစ်တော့မယ်ထင်တယ်။" မှောင်မည်းနေသောအခန်းထဲတွင် အိုမင်းရင့်ရော်နေသောအသံတစ်သံက ထွက်ပေါ်လာသည်။ ထိုလေသံတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပါဝင်နေသည်။
"သွားပြီးတော့ စစ်ဆေးကြည့်လိုက်၊ သူပြန်ကောင်းလာရတဲ့ အကြောင်းအရင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ သက်ဆိုင်နေရမယ်။"
"အိုး.."
"သူမှာသာ လုပ်ဆောင်နိုင်မယ့် စွမ်းရည်ရှိမယ်ဆိုရင် ဘာဖြစ်လို့အခုချိန်ထိစောင့်နေရမှာလဲ။ သူအရင်တည်းက ပြန်ကောင်းလာခဲ့ပြီပေါ့။ ဒါပေမဲ့ အဲသလိုမဖြစ်ခဲ့ဘူးလေ။ အခုလို သူသေလုမျောပါးဖြစ်နေတဲ့အချိန်မှာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရောက်လာပြီး ပြန်ပြီးတော့သက်သာသွားခဲ့တယ်။"
"ဒါ့အပြင် အင်ပါယာအကြီးအကဲငါးယောက်တို့ကလည်း ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်ကို အရမ်းကိုလေးလေး
စားစား ဆက်ဆံနေကြတယ်။ "
အိမ်ရှေ့မင်းသားရဲ့အသံကနောက်တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်။
"ရှန်ရှန့်ကျုံဂိုဏ်း ဟုတ်လား။ ဒီဂိုဏ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ဇစ်မြစ်ရှိပြီးတော့ ဘယ်ကမှန်းမသိဘဲ ထွက်ပေါ်လာတာ။ ဒါကပုန်းကွယ်နေတဲ့ ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းပဲဖြစ်ရမယ်။ မုယွင်ဖေး ကသာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အထောက်အပံ့ကိုရသွားပြီဆိုရင်.."
''ဘာကိုပုန်းကွယ်နေတဲ့ရှေးဟောင်းဂိုဏ်းလဲ၊ ခင်ဗျားတို့ ကြောက်နေတာလား?''
လေအင်ပါယာ၏ အိမ်ရှေ့စံမင်းသားသည်လှောင်ရယ်ပြောဆိုလိုက်သည်။
"ဒါ့အပြင် လေဧကရာဇ်က အပြည့်အဝမကောင်းသေးဘူးဆိုတာကို ကိုယ်တော်သိလိုက်ရတယ်။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဧကရာဇ်ကိုအပြည့်အဝမကုသပေးရသေးဘူး။ အခုကိုယ်တော်ထပ်မစောင့်ချင်တော့ဘူး။"
"မင်းကဒီလိုဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီဦးရီးတော်ကလည်း မင်းကိုစိတ်မပျက်စေရပါဘူး။"
"ကျေးဇူးပါ ဦးရီးတော်။"
မှောင်မည်းနေသောအခန်းကြီးသည် တဖန်ပြန်လည်တိတ်ဆိတ်သွားလေသည်။
ဂိုဏ်းချုပ်ဝမ်သည် သူ့ရှေ့ကမြင်ကွင်းကို ထိတ်လန့်တကြားစိုက်ကြည့်နေသည်။ သူ့ဘေးတွင်တော့ တုံ့ဖန်းပုပိုင် နှင့် မဟာနတ်ဆိုးရွှမ်ရှတို့က မတ်တပ်ရပ်နေကြသည်။ သူ၏အရှေ့မှာတော့ လေအင်ပါယာ၏အကြီးအကဲ ရွှမ်ယိရှိနေသည်။
"ဂိုဏ်းချုပ်ဝမ်၊ ဒီစာအုပ်တွေအားလုံးက လေအင်ပါယာရဲ့စာအုပ်တွေပါပဲ။ ဂိုဏ်းချုပ်ကြိုက်နှစ်သက်သလို ဖတ်ရှု့နိုင်ပါတယ်။" ရွှမ်ယိသည် ဝမ်ဖုန်းအား စိုက်ကြည့်လိုက်ပြီး ပြုံးကာပြောဆိုလိုက်သည်။
ဝမ်ဖုန်းသည် မသိလိုက်ဘာသာဖြင့် ခေါင်းငြိမ့်လိုက်မိသည်။ သူမအံ့သြဘဲမနေနိုင်တော့ပါ။ ဤသည်မှာ အင်ပါယာ၏ အမွေအနှစ်တွေပဲလား။
တော်ဝင်စာကြည့်တိုက်ကြီးသည် အလွန်အဆမတန် ကြီးမားကျယ်ပြန့်ပြီး ဝမ်ဖုန်း နှင့် အခြားသူများသည် စာကြည့်တိုက်၏ ပထမအထပ်တွင် မတ်တပ်ရပ်နေကြသည်။ ဤကြီးမားကျယ်ပြန့်သောခန်းမကြီးထဲတွင် စာအုပ်စင်များရှိနေပြီး ထိုစာအုပ်စင်များပေါ်တွင် စာသပ်သပ်ရပ်ရပ်စီထားသော စာအုပ်များဖြင့်ပြည့်နှက်လျက်ရှိသည်။ မျက်စိတစ်ဆုံး ကြည့်ကြည့်လိုက်မိသမျှဟာ စာအုပ်များသာဖြစ်ပေသည်။
ပထမအထပ်မှာတွင်ပင် ဝမ်ဖုန်းသည် အနည်းဆုံးစာအုပ် သန်းနှင့်ချီရှိရမည်ဟု တွေးဆလိုက်မိသည်။ စာကြည့်တိုက်ကြီးတစ်ခုလုံးဆိုပါက စာအုပ်စာပေမည်မျှတောင် ရှိနေလိမ့်မည်နည်း။
ဤသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းတွင် မရှိသေးသော နောက်ခံအချက်တစ်ခုပင်ဖြစ်သည်။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် သုံးပြည်ထောင်နှင့် ခွန်အားအရာတွင် ယှဥ်ပြိုင်နိုင်ပြီဖြစ်သော်လည်း အထွေထွေနောက်ခံတွင်မူ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် အားနည်းနေသေးသည်။ သူ၏ရှန်ရှန့်ကျုံသည် မြောက်များစွာတိုးတက်ရန် ကြိုးစားရဦးမည်ဖြစ်သည်။
ဝမ်ဖုန်းသည် သက်ပြင်းချလိုက်ပြီး ရွှမ်ယိကိုကြည့်ကာ ကျယ်လောင်စွာမေးလိုက်သည်။
'' မှော်ဆေးဝါးနဲ့ပတ်သတ်တဲ့မှတ်တမ်းတွေ ဒီမှာရှိလား။ ''
"ရှိပါတယ်၊ ဒါပေမယ့် အရမ်းကိုနည်းလွန်းတယ်။ ရှေးဟောင်းစာအုပ်တွေထဲမှာအချက်အလက်တချို့ကိုပဲ တွေ့ဖူးတာပါ။" ရွှမ်ယိကခေါင်းငြိမ့်ကာပြောဆိုလိုက်သည်။
ရွှမ်ယိသည် လက်တဖက်ကို အသာအယာဝှေ့ရမ်းလိုက်သည့်အခါ သူရှေ့ရှိစာအုပ်စင်များသည် အလိုအလျောက်ရွေ့လျားလာပြီး ၎င်းစာအုပ်စင်များပေါ်မှာ ရှေးဟောင်းစာအုပ်တချို့သည် သူ့အလိုလိုပျံသန်းလာကာ ရွှမ်ယိ၏ လက်အတွင်းသို့ သက်ဆင်းသွားလေတော့သည်။