← Chapters

ဒုတိယရန်လိုမှုတာဝန်။

Vol. 10 Ch. 133

ဒုတိယရန်လိုမှုတာဝန်။

Vol. 10 Ch. 133

ကြောက်မက်ဖွယ်သတ်ဖြတ်လိုခြင်းအငွေ့အသက်၏ရှေ့မှောက်တွင် ချန်းလန်ဓားဂိုဏ်းအကြီးအကဲသည် လျစ်လျူမရှုရဲပါချေ။ အသက်ပြင်းပြင်းရှူသွင်းလိုက်ရင်းဖြင့် ခန္ဓာကိုယ်တွင်းချီစွမ်းအင်များကို ကသုတ်ကရက်ဖြင့်ဖြာထွက်စေခဲ့သည်။ ချန်းလန်ဓားဂိုဏ်းအကြီးအကဲသည် ကြက်သွေးနီရောင်ကောင်းကင်မှ အသက်သေစေနိုင်လောက်သောပြင်းထန်မှုကို ခံစားနေရ၏။ ဤသည်မှာ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့ပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် အသက်ဘေးအန္တရာယ်ကို ခံစားရခြင်းဖြစ်ပေသည်။

ချန်းလန်ဓားဂိုဏ်းအကြီးအကဲသည် ချန်းလန်ဓားဂိုဏ်းမှ လောကကြီး၌ပြန်လည်ပါ်ထွက်လာချိန်တွင် ဤလောကတစ်ခွင်ကို ကိုင်လှုပ်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် ပြန်လည်ပေါ်လာထွက်သည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ကိုမူ မျှော်လင့်မထားခဲ့ပါချေ။

ချန်းလန်ဓားဂိုဏ်းအကြီးအကဲသည် ဓားကိုကိုင်မြှောက်၍ သူ၏ရင်အုံရှေ့တွင် တန်းမတ်စွာကိုင်ထားခဲ့သည်။ ခန္ဓာကိုယ်တွင်းမှချီစွမ်းအင်များသည် သူ၏လက်ထဲရှိဓားထဲသို့ ကသုတ်ကရက်စီးဆင်းနေခဲ့၏။ ဓားရှည်မှစူးရှသည့်အသံတစ်ခု မြည်ဟီးလာခဲ့ပြီး ကြီးမားလှစွာသောဓားရောင်ခြည်များ ဖြာထွက်လာခဲ့သည်။ သူ၏မျက်လုံးများရှိ သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် ဓားရှည်ထဲသို့ပြောင်းရွှေ့ဝင်ရောက်သွား၏။ အလင်းရောင်အောက်တွင် ဓားရောင်ခြည်သည် ပိုမိုပြင်းထန်ကြမ်းကြုတ်စွာသော အရှိန်အဝါတို့ဖြင့်လင်းလက်နေတော့သည်။

ဓားကိုအရှိန်ပြင်းပြင်းလွှဲယမ်းလိုက်ရာ ဓားရောင်ခြည်သည်လည်း ကြက်သွေးနီရောင်ကောင်းကင်သို့ ရုတ်ချည်းဖြာထွက်သွား၏။ ထက်ရှသည့်ဓားသွားမှ ကောင်းကင်အားဆုတ်ဖြဲလိုက်သည်ကဲ့သို့ လေဟာပြင်ကိုဆုတ်ဖြဲသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အဝေးရှိမဟာနတ်ဆိုးရွှမ်ရှနှင့် ချန်းလန်ဓားဂိုဏ်းသားများအားလုံးမှာ ကြောက်မက်ဖွယ်ဆန့်ကျင်တိုက်ခိုက်နေသူနှစ်ဦးကို ငေးစိုက်ကြည့်ရင်းဖြင့် အသက်ရှူနှုန်းကိုပင် ထိန်းထားမိလေသည်။ သူတို့အတွက်တော့ ထိုနှစ်ဦးမှမည်သူဖြစ်စေ သူတို့အားလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်နိုင်ပေသည်။

တုံ့ဖန်းပုပိုင်နှင့် ချန်းလန်ဓားဂိုဏ်းအကြီးအကဲ၏တိုက်ပွဲသည် မဟာနတ်ဆိုးရွှမ်ရှ၏တစ်ဘဝလုံး၌ မြင်တွေ့ခဲ့ဖူးသည်များထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးသော တိုက်ပွဲဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏ဆန်းကြယ်အင်ပါယာအဆင့်တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြသည်ကို မြင်တွေ့ခဲ့ဖူးသော်ငြား ၎င်းသည် တိုက်ပွဲဟုမဆိုသာဘဲ တိုက်ခိုက်သည်ဟုသာ ဆိုနိုင်ပေတော့မည်။

ကြီးမားစွာသောဓားရောင်ခြည်မှ ကြက်သွေးနီရောင်ကောင်းကင်ကို ခုတ်ပိုင်းလုနီးတွင် ကြက်သွေးနီကောင်းကင်သည် ပြိုင်ဘက်ကင်းစွာသော သိမ်မွေ့နူးညံ့မှုနှင့် ခမ်းနားထည်ဝါသည့်အသွင်သို့ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်မှာ အာခံတွင်းဖွင့်ဟထားသည့် ရှေးဟောင်းသားရဲမိစ္ဆာကြီးတစ်ကောင်အလား ထင်မှတ်ရပေသည်။

ဘုန်း!

ကြီးမားစွာသောဓားရောင်ခြည်သည် ‌ကြက်သွေး‌နီရောင်ကောင်းကင်ကို အမှားအယွင်းမရှိ ခုတ်ပိုင်းသွားခဲ့ပြီး ထစ်ချုန်းမြည်ဟီးသံတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။ ကြီးမားစွာသောဓားရောင်ခြည်သည် ‌ကြက်သွေးနီရောင်ကောင်းကင်၏ ဝါးမြိုခြင်းကိုခံလိုက်ရလေသည်။

ထို့နောက်ချက်ချင်းပင် ကြက်သွေးနီရောင်ကောင်းကင်ကြီးသည် လိုက်ကာစအလား ချန်းလန်ဓားဂိုဏ်းအကြီးအကဲရှိရာသို့ အလွန်တရာလျင်မြန်လှသောအရှိန်ဖြင့် ဖိကျလာခဲ့သည်။ ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှင့် မီတာ၁၀ခန့်မျှသော အကွာအဝေးသို့ရောက်သောအခါ ကြက်သွေးနီရောင်ကောင်းကင်လိုက်ကာသည် ကြက်သွေးနီရောင်စီးကြောင်းကြီးအဖြစ် ရုတ်ချည်းပြောင်းလဲသွား၏။ ညနေခင်း၏မိုးဖွဲလေးကဲ့သို့ အလွန်ပေါ့ပါးသော်ငြား သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ ပြည့်နှက်နေပေသည်။

ချန်းလန်ဓားဂိုဏ်းအကြီးအကဲမှာ မိမိပစ်လွှတ်လိုက်သော အားကုန်သုံးထားသည့်တိုက်ကွက်သည် အလွယ်တကူဖြိုခွင်းခံလိုက်ရပြီး မိမိအား ပြင်းထန်ကြမ်းကြုတ်စွာ တန်ပြန်တိုက်ခိုက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

သူတုံ့ပြန်ခဲ့ချိန်တွင် နောက်ကျသွားခဲ့လေပြီ။ ထိုအခိုက်တွင် ဦးခေါင်းလှုပ်ရှားသွားခြင်းနှင့်အတူ ကျိုးပြတ်နေရာမှသွေးများ ရေပန်းကဲ့သို့ပန်းထွက်လာခဲ့ပြီး မြေပြင်တစ်ခုလုံးမှာ သွေးနီရောင်များစွန်းထင်းသွားတော့သည်။

ဤသည်မှာ တုံ့ဖန်းပုပိုင်အား ဝမ်ဖုန်းဆင့်ခေါ်ခဲ့ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် သူမ၏ဓားစွမ်းရည်ကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ ထိုပြသမှုနှင့်အတူ သူမ၏ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ကျင့်ကြံမှုဖြင့် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်ကျင့်ကြံသူအား သတ်ပစ်ခဲ့လေသည်။

ဘုန်း!

ကြက်သွေးနီရောင်ဓားရောင်ခြည်သည် ချန်းလန်ဓားဂိုဏ်းအကြီးအကဲ၏လည်တိုင်ကို ခုတ်ပိုင်းပြီးနောက်တွင် မြေပြင်သို့ဆက်လက်ခုတ်ပိုင်းသွားလေရာ မြေပြင်တွင် မီတာ၁၀၀ခန့်ရှည်လျားသည့် အက်ကွဲကြောင်းကြီးဖြစ်တည်သွားစေခဲ့သည်။

အားလုံး အံ့အားမင်သက်ကုန်ကြ၏။ ချန်းလန်ဓားဂိုဏ်းသားများမှာ မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြောင်အစွာရပ်ကြည့်နေကြရင်းမှ တစ်ကိုယ်လုံးတုန်ယင်နေကြလေသည်။ ဝမ်ဖုန်း၏ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှသည်တော့ စိတ်လှုပ်ရှားမှုကြောင့် မတည်ငြိမ်နိုင်ဘဲရှိနေ၏။

ဝမ်ဖုန်း အရွေးမမှားခဲ့ပေ။ ဤသည်မှာ ကြောက်ခမန်းလိလိသောစွမ်းအားဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏အကြီးအကဲဖြစ်ပါ၏။

တုံ့ဖန်းပုပိုင်သည် သူ၏ဘက်တော်သားမဟုတ်ခဲ့ပါလျှင် မဟာနတ်ဆိုးရွှမ်ရှမှာ သေးထွက်သည်အထိ ကြောက်ရွံ့နေမိရပေမည်။

မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ မဝင်ရောက်မီတွင် ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူကို မမြင်တွေ့ဖူးခဲ့ချေ။ သို့သော် ယခုတွင်မူ သူ၏မျက်လုံးရှေ့၌ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ဦး သေဆုံးသွားသည်ကို မျက်မြင်တွေ့ခဲ့ရသည်။ ထို့ပြင် ထိုသေဆုံးမှုမှာ သူ၏ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတစ်ဦးမှ သတ်လိုက်ခြင်းဖြစ်၏။

ပြိုင်ဘက်ကင်းစွာသောဂုဏ်သရေကြီးမြတ်မှုကို ခံစားလိုက်ရလေရာ မဟာနတ်‌ဆိုးရွှမ်ရှမှာ အသိစိတ်လွတ်သွားတော့မည့်အလား စိတ်လှုပ်ရှားလာတော့သည်။ မဟာနတ်ဆိုးရွှမ်ရှသည်

'ကြည့်ကြစမ်းပါ! ဒါက ငါနတ်ဆိုးမိစ္ဆာအိုကြီးရဲ့ ကျောထောက်နောက်ခံပဲကွ! ဘယ်ကောင်ငါ့ကို စော်ကားရဲမလဲ!'ဟူ၍ ကောင်းကင်သို့အော်ဟစ်ပစ်လိုက်ချင်တော့သည်။

အဆုံးတွင်တော့ မဟာနတ်ဆိုးရွှမ်ရှသည် ဤအလေးထားအပ်သောအခိုက်အတန့်လေးကို မဖျက်ဆီးပစ်ခဲ့ပါ။ သို့သော် တုံ့ဖန်းပုပိုင်အား စိတ်ပြင်းပြစွာသောမျက်လုံးတို့ဖြင့် မလွှဲတမ်းကြည့်နေခဲ့ပေသည်။ ၎င်းအကြည့်မှာ အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးကိုကြည့်သော စိတ်ပြင်းပြသည့်အကြည့်မျိုးမဟုတ်ပါ။ ကြီးမြတ်သောတည်ရှိမှုအား လေးစားကိုးကွယ်ခြင်းသော စိတ်ပြင်းပြသည့်အကြည့်မျိုးဖြစ်ပါ၏။

ထိုအခိုက်အတန့်ဖြင့် တုံ့ဖန်ပုပိုင်သည် ရှန်ရှန့်ကျုံဂိုဏ်းတွင် နတ်ဆိုးအိုကြီးရွှမ်ရှ၏စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့တော့သည်။ ဝမ်ဖုန်းမှာမူ မဟာနတ်ဆိုးရွှမ်ရှအတွက် တိမ်တိုက်များထက်တွင်နေထိုင်သည့် နတ်ဘုရားကဲ့သို့ သိမ်မွေ့နူးညံ့၍ မှန်းဆရန်နက်နဲလွန်းကာ တွက်ချက်နိုင်စွမ်းထက်သာလွန်သည့် တည်ရှိမှုဖြစ်ပါ၏။

“အားး! အကြီးအကဲသေသွားပြီ!”

ချန်းလန်ဓားဂိုဏ်းသားတစ်ဦးမှ စူးဝါးစွာအော်ဟစ်၏။ သူတို့အားလုံးမှာ ကိုယ်စီစွမ်းအားသုံး၍ ထွက်ပြေးကုန်ကြလေသည်။ သူတို့သည် ဂိုဏ်းသို့ပြန်သွား၍ ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏စွမ်းအားမြင့်ကျင့်ကြံသူများကို အကြောင်းကြား၍ အကြီးအကဲအတွက် လက်စားချေလို၏။

နှမြောဖွယ်ကောင်းလှသည်မှာ နှစ်မီတာမျှပျံသန်းပြီးနောက်တွင် အေးစက်သည့်အလင်းများမှ သူတို့အားလုံး၏ဦးခေါင်းများသို့ ထိုးစိုက်နစ်ဝင်သွားခဲ့ခြင်းဖြင့် မျက်ခုံးနှစ်ခုကြားတွင် အနီစက်များဖြစ်တည်သွားစေခဲ့ခြင်းဖြစ်သည်။

ဘုန်း!

ချန်းလန်ဓားဂိုဏ်းသားများ၏ခန္ဓာကိုယ်များသည် မြေပြင်သို့ပြုတ်ကျလာကြသောကြောင့် အသံကျယ်ကြီးထွက်ပေါ်လာခဲ့သည်။

“ဒင်! အကြီးအကဲတုံ့ဖန်းပုပိုင်မှ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ဦးနဲ့ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ၅ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂိုဏ်းအမှတ်၅သောင်းနှင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်! ဒုတိယရန်လိုမှုတာဝန်ကို ဖွင့်လှစ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်: ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီး ချန်းလန်ဓားဂိုဏ်း! သင်ကိုယ်တိုင် သို့မဟုတ် ရှန်ရှန့်ကျုံဂိုဏ်း၏ကျင့်ကြံသူတစ်ဦးမှ ချန်းလန်ဓားဂိုဏ်း၏ကျင့်ကြံသူကို သတ်ဖြတ်နိုင်လျှင် သို့မဟုတ် ချန်းလန်ဓားဂိုဏ်း၏ကျင့်ကြံသူကို ခေါ်ယူနိုင်လျှင် သတ်မှတ်ထားတဲ့ဆုလာဘ်တွေကို ရရှိမှာဖြစ်ပါတယ်”

“သတ်ဖြတ်နိုင်ခဲ့တဲ့ ချန်းလန်ဓားဂိုဏ်းသားရဲ့ကျင့်ကြံဆင့် မြင့်မားတာနဲ့အမျှ၊ ‌လုယူခေါ်ဆောင်နိုင်တဲ့ ချန်းလန်ဓားဂိုဏ်းသားရဲ့ကျင့်ကြံဆင့် မြင့်မားတာနဲ့အမျှ ရရှိတဲ့ဆုလာဘ်လည်း တန်ဖိုးပိုမြင့်မားမှာဖြစ်ပါတယ်”

“ ဒင်! ဒုတိယအန္တိမရန်လိုမှုတာဝန်ကို ဖွင့်လှစ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်: ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီး ချန်းလန်ဓားဂိုဏ်းကို ဖျက်ဆီးပါ။ တာဝန်ပြီးမြောက်ခြင်းအတွက်ဆုလာဘ်: အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်ငါးခု။ သင့်အတွက် အထူးသီးသန့်လေ့ကျင့်မှု။ (သင့်အတွက် အထူးသီးသန့်လေ့ကျင့်မှုတွင် အဆင့်သတ်မှတ်ချက်မရှိပါ။ သို့သော် သင်၏တိုးတက်မှုအလိုက် အလိုအလျောက်အဆင့်မြှင့်တင်သွားပါလိမ့်မည်)။ သင့်အတွက် အထူးသီးသန့်လျှို့ဝှက်ဆန်းကြယ်စွမ်းရည် ( အဆင့်သတ်မှတ်ချက်မရှိပါ။ သင့်၏တိုးတက်မှုအလိုက် အဆင့်မြှင့်တင်နိုင်သည်)”

ထိုအချိန်တွင် ဝမ်ဖုန်း၏စိတ်တွင်း၌ စနစ်၏အေးစက်သည့်အသံသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ ထိုအသိပေးချက် ဝမ်ဖုန်း၏ကိုယ်ကို စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်စေခဲ့သည်။

ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်မှ ချန်းလန်ဓားဂိုဏ်းအကြီးအကဲကို သတ်ခဲ့စဉ်၌ပင် ထိုမျှစိတ်မလှုပ်ရှားခဲ့ပေ။

ဂိုဏ်းချုပ်ဝမ်သည် နောက်ဆုံးတွင်တော့ အထူးသီးသန့်လေ့ကျင့်မှုနှင့် အထူးသီးသန့်စွမ်းရည်များ ရရှိပေတော့မည်။ ယခုလက်ရှိ ဂိုဏ်းချုပ်ဝမ်၏ကျင့်ကြံမှုနှင့်စွမ်းအင်များသည် ဆင့်ခေါ်ထားသည့်စွမ်းအားမြင့်ကျင့်ကြံသူများထံမှ ရရှိထားခြင်းဖြစ်၏။

ဂိုဏ်းချုပ်ဝမ်၌ မိမိ၏ကိုယ်ပိုင်စွမ်းရည်ဟူ၍ ဘာမျှမရှိခဲ့လေရာ ဝမ်ဖုန်းသည် တစ်ခါတစ်ရံတွင် မိမိမှာ အမှန်တကယ် စနစ်၏သားတော်လေးဖြစ်ပါ၏လားဟု သံသယဝင်မိခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏စနစ်အဖေကြီးသည် သူ့အား စိတ်မပျက်စေခဲ့ပေ။

ဝမ်ဖုန်းသည် မြေပြင်ရှိချန်းလန်ဓားဂိုဏ်းအကြီးအကဲ၏ အလောင်းကိုကြည့်၍ မျက်လုံး၌ဝမ်းသာပီတိဖြစ်မှုများ ဖြတ်ပြေးသွားခဲ့သည်။ ချန်းလန်ဓားဂိုဏ်းသည် တကယ့်ကိုဂိုဏ်းကောင်းတစ်ခုဖြစ်ပါ၏။ သူတို့ကြောင့်မဟုတ်ခဲ့ပါလျှင် ဝမ်ဖုန်းသည် အဘယ်သို့များ ဒုတိယရန်လိုမှုတာဝန်ကို ဖွင့်လှစ်နိုင်ခဲ့ပါမည်နည်း။ မည်သည့်ခုနှစ်တွင်မှ သူ၏အထူးသီးသန့်စွမ်းရည်များကို မြင်တွေ့ရမည်မသိချေ။

ဤရှေးဟောင်းနတ်ဘုရားနယ်မြေခရီးစဉ်တွင် မှော်ဆေးလုံးရှာတွေ့သည်ဖြစ်စေ၊ ရှာမတွေ့ခဲ့သည်ဖြစ်စေ ဤတာဝန်ကိုဖွင့်လှစ်နိုင်ခဲ့ခြင်းသည်ပင် ကြီးမားလှစွာသော အကျိုးအမြတ်ရရှိမှုကြီး မဟုတ်ပါလော။

All Chapters