← Chapters

ပြိုင်ဘက်ကင်းချုံးယန် ထွက်လာပြီ။

Vol. 11 Ch. 141

ပြိုင်ဘက်ကင်းချုံးယန် ထွက်လာပြီ။

Vol. 11 Ch. 141

ဝမ်ဖုန်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း လက်ရှိအချိန်တွင်သူသည် ချောက်ကမ်းပါးကြီးကိုအောက်ခံထား၍ ကြိုးတန်းပေါ်လမ်းလျှောက်နေရသည်နှင့် တူနေပေသည်။ သူသာသတိတစ်ချက် ကင်းမဲ့သွားပါက အဆုံးမဲ့ချောက်ကမ်းပါးကြီးအောက်သို့ ပြုတ်ကျသွားမည်ဖြစ်သည် ။

ဤဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် စွမ်းအားရှင်ငါးယောက်၏ခွန်အားမှာ အင်မတန်မှ သန်မာလွန်းလှသည်။ သူတို့ကိုသာမန်စွမ်းအားရှင်များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

တစ်ယောက်ထဲဆိုပါက ဂိုဏ်းချုပ်ဝမ်သည် လုံးဝကြောက်ရွံ့မည်မဟုတ်သော်လည်း ရန်သူက ငါးယောက်ဖြစ်နေရာ ဝမ်ဖုန်းအနေဖြင့် အလွန်အမင်းသတိထားနေရသည် ။ သူသာထိုငါးယောက်ထဲမှ တစ်ယောက်ယောက်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါက အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။ ငါးယောက်လုံး၏တိုက်ကွက်များကို ထိမိသွားလေသော် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားမည်ဖြစ်သည် ။ ဝမ်ဖုန်းသည် အချို့သောလှည့်ကွက်များကို အသုံးပြုနေခဲ့၍သာမဟုတ်ပါက ယခုချိန်ထိတိုင်အောင် ကြံကြံခံနိုင်မည်မဟုတ်ပါ။

ဟုတ်ပါပေသည်။ ဤသို့လှည့်ကွက်များကို အသုံးပြုနိုင်ခြင်းမှာလည်း ဝမ်ဖုန်၏အရှိန်က လုံလောက်အောင် မြန်ဆန်နေသောကြောင့်သာဖြစ်သည်။

ချန်းလန်ဓားဂိုဏ်း၏ စွမ်းအားရှင်ကြီး၅ယောက်သည် သူတို့၏လက်သီးများကို မကျေမချမ်း ဆုပ်ထားလိုက်ကြပြီး ဝမ်ဖုန်းအား စူးစူးရဲရဲမျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည် ။ သူတို့က ဒီပုရွက်ဆိတ်လေးတစ်ကောင်၏ ကစားခြင်းကို ခံနေရတာလား!?

" မင်းတို့အားလုံးက ချန်းလန်ဓားဂိုဏ်းရဲ့ အကြီးအကဲတွေမဟုတ်ကြဘူးလားကွ ။ မင်းတို့ရူးနေကြတာလား ။ ဖမ်းမမိဘူးဆိုရင်လည်း ဖမ်းမနေနဲ့တော့ ။ လေထုကိုချိတ်ပိတ်လိုက် ။ " တုံ့ဖုန်းပုပိုင်နှင့်တိုက်ခိုက်နေသော ယဲ့ကျန်းချန်သည် ဤမြင်ကွင်း‌ကိုတွေ့မြင်လိုက်ရသည့်အခါ ဒေါသတကြီး ဟစ်အော်ပြောဆိုလိုက်သည်။

ယဲ့ကျန်းချန်၏စကားများ ထွက်ပေါ်လာသည့်အခါ ချန်းနန်ဓားဂိုဏ်းမှ အကြီးအကဲ၅ယောက်၏ မျက်ဝန်းများသည် တောက်ပသွားခဲ့သည် ။ သူတို့သည် အလျင်အမြန်ဆုတ်ခွာလိုက်ကြပြီး သူတို့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို နှိုးဆွလိုက်ကြသည် ။

သူတို့၏ ခန္ဓာကိုယ်အတွင်းမှ အလင်းတန်းကြီးငါးတန်း ပေါက်ကွဲထွက်ပေါ်လာပြီး ငါးထောင့်ကြယ်ပုံသဏ္ဍာန် အဖြစ်သို့ပေါင်းစည်းသွားကာ ဝမ်ဖုန်းရှိရာအရပ်သို့ ပျံသန်းထွက်သွားခဲ့သည်။

သို့သော်လည်း ဤအချိန်တွင် ဝမ်ဖုန်းသည် လုံးဝထိတ်လန့်နေခြင်းမရှိပေ ။ သူသည် ပြုံးလိုက်ကာ သူ့ထံ ပျံသန်းလာသော ငါးထောင့်ကြယ်အစီအရင်ကြီးအား သောင်းသောင်းဖျဖျ ကြိုဆိုလိုက်လေသည်။

ထိုချန်းလန်ဓားဂိုဏ်းမှ အကြီးအကဲ၅ယောက်သည် သူတို့၏သေတွင်းကို သူတို့ကိုယ်တိုင် တူးမိလိုက်ကြပေပြီ။

လေဟာနယ်ကို ပိတ်ဆို့ ချိတ်ပိတ်ဖို့ဆိုသည်ကား ဆန်းကျယ်အဓိပတိအဆင့်ရှိသော စွမ်းအားရှင်ကြီးများအတွက်တောင် မလွယ်ကူလှပါ။ သူတို့သည် ဝမ်ဖုန်းကို ချိတ်ပိတ်တားဆီးလိုက်ရာတွင်လည်း သူတို့ကိုယ်တိုင်သည်လည်း ချိတ်ပိတ်မိလျက်သား ဖြစ်သွားကြသည်။

သူတို့ငါးယောက်စလုံး၏စွမ်းအားများကို စုပေါင်း၍ ချိတ်ပိတ်ထားသော အကာအရံကိုတိုက်ခိုက်ခြင်းမရှိပါက မည်သူတစ်ဦးတစ်ယောက်ကမှ ထိုချိပ်စည်းအတွင်းက ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပေ။

တစ်နည်းအားဖြင့်ပြောရပါလျှင် ဝမ်ချုံးယန် ရောက်လာပါက ဤလူငါးယောက်မှာ ပြေးစရာမြေမရှိပေတော့လေပြီ။

" စနစ် ၊ ဝမ်ချုံးယန်ကို ဆင့်ခေါ်လိုက်တော့ ။" ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ကျောပစ်၍ တည်ငြိမ်သောကိုယ်ဟန်ဖြင့် မတ်တပ်ရပ်နေ၍ ချန်းလန်ဓားဂိုဏ်း၏ အကြီးအကဲ၅ယောက်အား တည်ငြိမ်သောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ကာ သူတစ်ကိုယ်တည်းသာ ကြားနိုင်သောလေသံဖြင့် တီးတိုးရေရွတ်လိုက်သည် ။

" ဒင် ၊ ဝမ်ချုံးယန် မကြာခင်ရောက်လာပါတော့မယ် ။ "

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ စနစ်၏အေးစက်စက်လေသံသည် သူ၏စိတ်အတွင်း ပဲ့တင်ထပ်သွားလေသည်။

" ပြေးဦးလေ ။ မင်းဘယ်ကိုပြေးဦးမလဲကွ ။ "

" နာနာခံခံ သေလိုက်တာ ပိုကောင်းလိမ့်မယ် !။ "

" မင်းလို ပုရွတ်ဆိတ်လေးတစ်ကောင်အနေနဲ့ ငါးတို့ငါးယောက်လက်ထဲမှာ သေရတာကို ဂုဏ်ယူလိုက်သင့်တယ် ။ "

ချန်းလန်ဓားဂိုဏ်း၏အကြီးအကဲများသည် ဝမ်ဖုန်းအား စူးရဲသောမျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်ပြီး လှောင်ပြောင် ရယ်မောပြောဆိုလိုက်သည် ။ သူတို့၏လေသံများမှာ အမှုမထားဟန်၊အလေးမထားဟန်များနှင့်ပြည့်နှက်နေသည် ။

နောက်ဆုံးမှာ ဒီပုရွတ်ဆိတ်ကောင်လေးသည် သူတို့၏လက်ထဲ၌ သေရပေတော့မည် ။ သူတို့ဆုံးရှုံးသွားသောမျက်နှာများကိုလည်း ဤတစ်ကြိမ်တွင် ပြန်လည်ရရှိပေတော့မည် ။

" သေစမ်း! "

ချန်းလန်ဓားဂိုဏ်း၏ အကြီးအကဲငါးယောက်သည် တညီတညာတည်းအော်ဟစ်လိုက်ကြပြီး လေထုထဲကို ပျံသန်းလာကြသည် ။ သူတို့သည် ဝမ်ဖုန်းကို အထင်အမြင်သေးသောမျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် လက်ဝါးငါးချက်ကို တစ်ဆက်တည်းဆိုသလို ဝမ်ဖုန်းကို ဦးတည်၍ ထုတ်ဖော်လိုက်ကြလေသည် ။

ဧရာမတောင်တန်းကြီးပြိုဆင်းလာသလိုမျိုး ပြင်းထန်ခမ်းနားသော စွမ်းအားကြီးတစ်ရပ် ထွက်ပေါ်လာလေသည် ။ ဤသည်ကား လူအများကို ကမ္ဘာပြိုတော့မလို ခံစားလိုက်ရစေသည် ။

ချန်းလန်ဓားဂိုဏ်း၏အကြီးအကဲများသည် လက်ဝါးချက်၅ချက်ကို ထုတ်ဖော်လိုက်ပြီးသည့်နောက် နောက်ထပ်မည်သည့်လှုပ်ရှားမှုကိုမျှ ထပ်မံမပြုလုပ်‌တော့ပဲ ဝမ်ဖုန်းကို ရွှတ်နောက်နောက်အမူအရာများဖြင့် စိုက်ကြည့်လိုက်ကြသည် ။ သူတို့သည် ဒီပုရွတ်ဆိတ်လေးမှ သူတို့အား ဒူးထောက်တောင်းပန်လာမည်ကို စောင့်မျှော်လင့်နေကြ၏။

သို့သော်လည်း သူတို့၏လက်ဝါးချက်ကြီး ၅ချက်နှင့် ရင်ဆိုင်နေရတာတောင် ဝမ်ဖုန်းသည်ကား ထူးမခြားနား အမူအရာဖြင့် မတ်တပ်ရပ်နေဆဲပင် ။

ဝမ်ဖုန်း၏လက်ရှိအမူအရာသည် ချန်းလန်ဓားဂိုဏ်း၏ အကြီးအကဲများကို အံ့အားသင့်စေသွားခဲ့သော်လည်း သူတို့သည် သူတို့၏တိုက်ခိုက်မှုများကို ဝမ်ဖုန်းက ကာကွယ်နိုင်လိမ့်မည်ဟုတော့ ထင်မထားကြပါ။

ဟမ်...

ဤအချိန်မှာပဲ ဝမ်ဖုန်း‌အရှေ့ရှိလေထုသည် ရုတ်တရက်တုန်ခါလာပြီး ပုံရိပ်တစ်ခုသည် လေထုအတွင်းမှ ဘွားခနဲထွက်ပေါ်လာခဲ့သည် ။ ထိုပုံရိပ်ထွက်ပေါ်လာသည့်အခါ လူတိုင်း၏အာရုံများကို ဆွဲဆောင်သွားလေသည်။ ထိုလူမှာ ကမ္ဘာကြီးတစ်ခုလုံး၏ အလယ်ဗဟို၌ရှိနေသည့်အလား ရှိရှိသမျှလူတိုင်း၏ စိတ်အာရုံများကို ဆွဲဆောင်သွားလေတော့သည် ။

သူသည် အဖြူနှင့်အနက်ရောင်ရောစပ်ထားသည့် တာအိုဝတ်စုံကိုဝတ်ဆင်ထားပြီး မြင့်မားသော အရပ်အမောင်းရှိ၏ ။ သူ၏ခါးတွင်လည်း ဓာရှည်တစ်ချောင်းကို ချိတ်ဆွဲထားသည် ။

သူသည် ထွက်ပေါ်လာပြီးသည့်နောက်တွင် သူ၏ခေါင်းပေါ်၌ရှိနေသည့် လက်ဝါးချက်၅ချက်ကို လှည့်တောင်မကြည့်ခဲ့ပဲ ဝမ်ဖုန်းကိုကြည့်ကာ ဂါဝရပြုလျက်ပြောလိုက်သည် ။ " ချုံးယန်ရောက်လာပါပြီ ။ နောက်ကျသွားတဲ့အတွက် ကျေးဇူးပြု၍ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ် ။ "

" နောက်မကျပါဘူးကွာ ။ အချိန်ကိုက်ပဲ။ မင်းထွက်ပေါ်လာပြီဆိုမှတော့ ဒီတိုက်ပွဲကို အဆုံးသတ်လိုက်တော့ ။ " ဝမ်ဖုန်းသည် လက်ဆန့်ထုတ်ကာ ချုံယန်အား ထူမပေးလိုက်ပြီး အပြုံးတစ်ပွင့်နှင့်ပြောလိုက်သည် ။ ဝမ်ချုံးယန်သည် ခေါင်းညှိတ်ကာ ချန်းလန်ဓားဂိုဏ်း၏ အကြီးအကဲ၅ယောက်ကို လှည့်ကြည့်လိုက်သည် ။

ဝမ်ချုံးယန်၏အကြည့်များ သူတို့အပေါ်ကျရောက်လာသောအခါ ချန်းလန်ဓားဂိုဏ်း အကြီး၅ယောက်စလုံး၏ ခန္ဓာကိုယ်များသည် တုန်ရင်သွားကြသည် ။ သူတို့သည် သေမင်း၏အကြည့်အား တွေ့မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရချေသည် ။ မရဏတရား အငွေ့အသက်များကို သူတို့၏နှလုံးသားအတွင်းမှ ထိတွေ့ခံစားလိုက်ရ၏။

သူတို့အားလုံးသည် ဤရယ်ဖွယ်ကောင်းသော အတွေးအချို့ကို ခေါင်းထဲမှဖယ်ထုတ်တော့မည့်အချိန်တွင် ဝမ်ချုံးယန်က သူတို့ရှိရာအရပ်သို့ လက်ညှိုးညွှန်ပြလာသည် ။ ဤသည်မှာ လက်ညှိုးတစ်ချောင်းသာဖြစ်သော်လည်း ဝမ်ဖုန်းအပေါ် ပြိုကျသက်ဆင်းလာသော ဧရာမလက်ဖဝါးကြီး ၅ချက်သည် ရုတ်တရက်ဆိုသလို ပြိုကွဲပျောက်ကွယ်သွားတော့သည် ။

ဤမြင်ကွင်းမှာ အလွန့်ကိုဆန်းပြားလွန်းတာကြောင့် ရှိရှိသမျှလူတိုင်း၏ခန္ဓာကိုယ်များသည် တုန်ရင်သွားကြသည် ။ ဝမ်ချုံးယန်၏ လက်ညှိုးသည် လက်ဖဝါးကြီး၅ချက်ကို ဦးတည်ညွှန်ပြနေခြင်း မဟုတ်သော်လည်း ထိုလက်ညှိုးထွက်ပေါ်လာသည်နှင့်တပြိုင်နက် စွမ်းအားကြီးလှပါသည်ဆိုသော ဧရာမလက်ဖဝါးကြီး ၅ချက်သည် ရုတ်ချည်းပင် ပြိုကွဲပျောက်ကွယ်သွားရလေသည် ။

ဤသည်မှာ တိုက်ခိုက်ခြင်းနှင့်ခုခံခြင်းပင်ဖြစ်သည်။ အနှီလက်ညှိုးထွက်ပေါ်လာသည်နှင့်တပြိုင်နက် အရာအားလုံးသည် ဒူးထောက်ခစားအရှုံးပေးရပေလိမ့်မည်။

သူတို့အားညွှန်ပြနေသော လက်ညှိုးကို တွေ့မြင်လိုက်ရသည့်အခါ ချန်းလန်ဓားဂိုဏ်း၏ အကြီးအကဲ၅ယောက်စလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုကို တပြိုင်တည်းခံစားလိုက်ကြရသည် ။ သူတို့သည် ရှိရှိသမျှ ခွန်းအားများကိုအသုံးပြု၍‌ ဖောက်ထွက်လိုကြပါသော်လည်း ထိုလက်ညှိုးမှဖြစ်တည်လာသော ဖိအားများကို ရင်ဆိုင်ရုန်းကန်နိုင်ခြင်း မရှိကြပေ။ သူတို့အားလုံးသည် မလှုပ်ရှားနိုင်ကြတော့ပဲ သူတို့အပေါ်ပြိုကျသက်ဆင်းလာသော ဧရာမလက်ညှိုးကြီးကို စိုက်ကြည့်နေရုံသာ တတ်နိုင်ပေတော့သည် ။

ဟုတ်ပါပေသည် ။ သူတို့သာ လေထုကို ချိတ်ပိတ်ထားခြင်းမရှိပါက သူတို့ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည် ။ သို့သော်လည်း ထိုအကြီးအကဲ၅ယောက်သည် သူတို့သေတွင်းကို သူတို့ကိုယ်တိုင် တူးခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ယခုတွင် ချိတ်ပိတ်စည်းအတွင်း၌တည်ရှိနေကြပြီး ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းမရှိဘဲ သေဖို့ရန်သာ စောင့်ဆိုင်းနေကြရပေသည်။

အနှီလက်ညှိုးသည် မည်သည့်အဖျက်အမှောင့်ကိုမှ တွေ့ကြုံရခြင်းမရှိပဲ ချန်းလန်ဓားဂိုဏ်း၏ အကြီးအကဲ၅ယောက်ကို တိုက်ရိုက် ဖိချေလိုက်သည်။

ဗုန်း ... ဗုန်း .....

မီးရှူးမီးပန်းကြီးများ ပစ်ဖောက်သကဲ့သို့ သွေးမြူကြီး၅ခု ပေါက်ကွဲထွက်ပေါ်လာသည် ။‌ လေထုတစ်ခုလုံး သွေးညှီနံ့များဖြင့် လှိုင်လှိုင်ထလာ၏ ။ချန်းလန်ဓားဂိုဏ်း၏ အကြီးအကဲ၅ယောက်စလုံး ပျောက်ကွယ်သွားကြပေပြီ။

ဝမ်ဖုန်းသည် ထိတ်လန့်သွားခဲ့သည်!

မဟာနတ်ဆိုးရွှမ်ရှသည်လည်း ကြောင်အသွားပေသည်!

မဟာနတ်ဆိုးရွှမ်ရှအား လူသားသဲအိတ်တစ်ခုလို အသုံးပြု၍ ဆော့ကစားနေခဲ့သော ချန်းလန်ဓားဂိုဏ်း၏ စွမ်းအားရှင်ကြီး၉ယောက်စလုံးသည်လည်း နေရာမှာတင် အေးခဲသွားကြကာ သူတို့၏ခန္ဓာကိုယ်များသည်လည်း အဆက်မပြတ်တုန်ရီလာကြလေသည် ။ သူတို့၏ မျက်လုံးများထဲ၌ အဆုံးအစမဲ့သော အကြောက်တရားများ ထင်ဟပ်လျက်ရှိသည် ။

ဆန်းကြယ်အဓိပတိ အလယ်အလတ်အဆင့်ရှိသည့် စွမ်းအားရှင်ကြီး၅ယောက်က ဒီလိုမျိုး သေဆုံးသွားရတယ်တဲ့လား!?

ဒါကတကယ့်ကို ရူးလောက်စရာမြင်ကွင်းကြီးပဲ!

တစ်ဖက်မှာတော့ တုံ့ဖန်းပုပိုင်နှင့်တိုက်ခိုက်နေသည့် ယဲ့ကျန်းချန်သည် နေရာမှာတင် အေးခဲသွားခဲ့သည်။ လက်ရှိအချိန်တွင် သူ၏မောက်မာမှု မာနတရားများအားလုံးသည် ပြိုကွဲပျက်စီးသွားလေပြီ ။ သူသည် ဝမ်ချုံးယန်အား မယုံကြည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်ပါသည် ။ တုံ့ဖန်းပုပိုင်သည်လည်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကာ ဝမ်ချုံးယန်ကို မျက်မှောင်ကြီးကျုံ့လျက် စိုက်ကြည့်လိုက်သည် ။ ဤလူသည် တုံ့ဖန်းပုပိုင်အမည်ရ သူမကို သေစေနိုင်လောက်သည်အထိ ခြိမ်းခြောက်နိုင်သော ဒုတိယမြောက် တည်ရှိမှုကြီးဖြစ်သည်။

ပထမတည်ရှိမှုကြီးကား ရှန်ရှန့်ကျုံဂိုဏ်းမှ ကျန်းစန်ဖုန်းပင်ဖြစ်ချေသည်!

All Chapters