← Chapters

ကံတရား၏ သခင်ငယ်လေး

Vol. 11 Ch. 142

ကံတရား၏ သခင်ငယ်လေး

Vol. 11 Ch. 142

ဝမ်ချုံးယန်မှာ အလွန်သန်မာကြောင်းကို ဝမ်ဖုန်းက သိထားသော်လည်း ဤမျှအထိ သန်မာနေလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပါ။ သူသည် ကျန်းစန်ဖုန်းနှင့် ရင်ဆိုင်မတိုက်ခိုက် နိုင်ဘူးဆိုရင်တောင်မှ အင်အားချင်း အရမ်းကွာခြား နေသည်တော့ မဟုတ်ပေ။

ချန်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲ ယဲ့ကျန်းချန်၏နှလုံးသား တစ်ခုလုံးက လက်ရှိတွင် တုန်လှုပ်နေပါပြီ။ သူ၏မျက်လုံးများ က ဝမ်ချုံးယန်အား ပြူးကြောင်ငေးကြည့်နေမိသည်။

ထိုလူသည် သူ့လိုဘဲ ဆန်းကြယ်အဓိပတိအထွတ် အထိပ်အဆင့်တွင် ရှိသော်လည်း သူ၏တိုက်ပွဲဝင် စွမ်းရည်မှာ ဆန်းကြယ်သူတော်စင် အဆင့်များနှင့်တောင် ယှဉ်ပြိုင်နိုင်ပါသည်။ သူသည် ထိုသူ၏ ပြိုင်ဘက် လုံးဝမဟုတ်နိုင်ပါ။ သူသာ ဆက်လက်၍ဒီနေရာတွင် နေ,နေ ဦးမည်ဆိုလျှင် သေဖို့ရာသာ လမ်းရှိပေတော့သည်။

ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်တွင် ကွာခြားမှု သေးသေးလေးတစ်ခုကတောင် တိုက်ပွဲ အခြေအနေကို သက်ရောက်နိုင်ပါသည်။ ယဲ့ကျန်းချန်မှာ မောက်မာသော လူတစ်ယောက်ဖြစ်သော်လည်း အရူးတစ်ယောက် မဟုတ်ပါ။ ဝမ်ချုံးယန်၏ လက်ညိုးချက်မှ တစ်ဆင့် သူသည်သူနှင့် ဝမ်ချုံးယန်ကြား ရှိ ကွာခြားမှုမှာ ကောင်းကင်နှင့်မြေပြင်တမျှ ကျယ်ပြန့်လှကြောင်း သိရှိလိုက်ပါသည်။

ဘာကို ရတနာလဲ၊ အသက်မရှိတော့ဘူးဆိုရင် ဘယ်ရတနာက တန်ဖိုးရှိ ဦးမှာလဲကွ!

ဤသည်ကို တွေးမိလိုက်သည့်အခါ ယဲ့ကျန်းချန်သည် ချန်းလန်ဓါးဂိုဏ်း၏ ကျန်ရှိသောအကြီး အကဲ ကိုးယောက်ကို ဂရုစိုက်ခြင်းမရှိတော့ဘဲ ကိုယ်လွတ်ရုန်း ပြေးဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင် နက် ဝမ်းချုံးယန်၏ ပုံရိပ်က သူ၏ရှေ့ လေဟာနယ် အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာလေသည်။ ထို့ ပြင် တုံ့ဖန်းပုပိုင်ကလည်း ရုတ်တရက် ရောက်လာပြီး သူ၏လမ်းကို ပိတ်ဆို့လိုက်တော့သည်။

"မင်းတို့ကောင်တွေ ဒီအကြီးအကဲကို တားနိုင်လိမ့်မယ်လို့ ထင်နေတာလား၊ မင်းတို့က သန်မာပေမယ့်လည်း ဒီအကြီးအကဲက ဆန်းကြယ်အဓိပတိအထွတ်အထိပ် အဆင့်မှာကွ၊ ဒီအကြီးအကဲသာ အင်ကုန်အားကုန်သုံးပြီး ဖောက်ထွက်မယ်ဆိုရင် ဘာဖြစ် သွားမလဲ ၊ငါ သေရမယ်ဆိုရင်တောင် မင်းတို့လည်း တန်ဖိုးတစ်ခု ပြင်းပြင်းထန်ထန် ပေးဆပ်ရမှာပဲ"

ယဲ့ကျန်းချန်သည် ဝမ်ချုံးယန်အား ပြင်းထန်စွာ စူးစိုက်ကြည့်လိုက်ပြီး ဖြောင်းဖြပြောဆိုလိုက်သည်။

သူသည် တုံ့ဖန်းပုပိုင်အား သတ်ဖြတ်နိုင်ခြင်း မရှိသော်လည်း ထိန်းထားနိုင်ခြင်းတော့ ရှိပါသေးသည်။ သို့သော်လည်း ဝမ်ချုံးယန်ကသာ သူ့အား သတ်ဖြတ်ချင်နေပြီဆိုပါက သူ့တွင်ပြေးစရာ နယ်မြေရှိတော့မှာ မဟုတ်ပေ။

"ငါ့ရဲ့ရှေ့မှာ စကားပြောဖို့ မင်းအဆင့်မမှီသေးဘူး "

ဝမ်ချုံးယန်သည် အပြုံးဖွဖွပြုံးကာ ပြောလိုက်သည်။

သူသည် လက်ကိုဆန့်ထုတ်ကာ ဖမ်းဆုပ်သည့် သဏ္ဍာန် ပြုလုပ်လိုက်သည့်အခါ အေးစက်သောအလင်းများ ဖြာထွက်နေသည့် ရှည်လျားသည့် ဓါးရှည်တစ်ချောင်းသည် လေထုအတွင်း ရုတ်တရက် ထွက်ပေါ်လာလေသည်။ ဤသည်မှာ ဝမ်ချုံးယန်၏ လက်နက်ဖြစ်သော ကွမ်ကျန်းဓါး ပင်ဖြစ်သည်။ ဓါး၏ကိုယ်ထည်ကို ရှေးဆန်ပြီး လျှို့ဝှက်ဆန်းပြားသော မျဉ်းကြောင်းများဖြင့် ဖုံးအုပ်ထားပြီး ၎င်းဓါး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေထုတစ်ခုလုံးတွင် ထက်မြတ်သည့် အရှိန်အဝါ များဖြင့် ပြည့်နှက်သွားပါသည်။

"ပကဓိချီဖြင့် ဓားချက်သုံးချက်"

ဝမ်ချုံးယန်သည် ကွမ်ကျန်းဓါးအား မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး ခပ်သာသာဝှေ့ယမ်း လိုက်သည်။ ကြောက်မက်ဖွယ် ဓါးအလင်းတန်းကြီးတစ်ခုသည် ရုတ်ချည်းပင် ထွက်ပေါ်လာပါတော့သည်။ ယင်းနောက် သူသည် သူ၏လက်ကောက်ဝတ်ကို ဆက် လက် လှုပ်ရှားလိုက်ပါသည်။

ယဲ့ကျန်းချန်သည် လုံးထိတ်လန့်သွားသည်။

ဤသည်ကို မနီးမဝေးမှ စောင့်ကြည့်နေသော ဝမ်ဖုန်းသည် လုံးဝကို ကြောင်အသွားသည်။ ဝမ်ချုံးယန်၏ ဓါးကွက်မှာ အင်မတန်မှ သာမာန်ဆန်လှပြီး ဆန်းပြားမှု တစ်စုံတစ်ရာသော်မှ ပါဝင်မနေပေ။

သို့သော်လည်း ဝမ်ဖုန်းမသိလိုက်သည်က ဝမ်ချုံးယန်၏ ချီဟွာစန်းကျင်း အထူးသိုင်းကွက်တွင် လှုပ်ရှားမှု (၁၈)ကွက် ပါဝင်လေသည်။ လှုပ်ရှားမှု ငါးကွက်စီသည် လှုပ်ရှားမှုကြီး သုံးခုအဖြစ် ပြန်လည်ပေါင်းစည်းသွားသည်။ ယင်းနောက်မှ လှုပ်ရှားမှု သုံးခုက ဓါးချက် တစ်ချက်တည်း အဖြစ်ပြန်လည် ပေါင်းစည်းသွားခြင်း ဖြစ်ပါသည်။ဝမ်ချုံးယန်သည် ဓါး ချက်တစ်ချက်တည်းကိုသာ ထုတ်ဖော်လိုက်လေသည်။

သို့သော်လည်း ဤဓါးချက်က ချမ်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲ ယဲ့ကျန်းချန်ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။

ဝမ်ဖုန်း၏ အမြင်တွင် ဤဓါးချက်မှာ အလွန် အင် မတန် သာမာန်ဆန်လှသော်လည်း ယင်းဓါးချက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော ယဲ့ကျန်းချန်အတွက်တော့ ဝမ်ဖုန်းနှင့် မတူညီသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

အဆိုပါ ဓါးချက်က ဓါးချက်သုံးချက်အဖြစ် ခွဲဖြာသွားသယောင် ။ ယင်းမှာ ဓါးချက်သုံးချက်သာ ဖြစ်သော်လည်း ယဲ့ကျန်းချန်သည် ကမ္ဘာကြီးတစ်ခုလုံးက ဓါးများဖြင့်ပြည့်နှက်လာပြီး သူ့အား ဖိနှိပ်ထားသလို ခံစားလိုက်ရပေသည်။ ပြေးဖို့ရန် မြေမရှိတော့လေပြီ။

သူသည် လှုပ်ရှားဖို့ရာ ကြိုးစားလိုက်သော်လည်း ထောင်ချီသော ဓါးချီများက သူ့အား ပိုက်ကွန်တစ်ခုသဖွယ် ရစ်ပတ် ချုပ်နှောင်ထားလေသည်။

"မလုပ်နဲ့....."

"ဒီအကြီးအကဲက ချန်းလန်ဓါးဂိုဏ်းက မဟာအကြီးအကဲကွ၊ မင်းငါ့ကို သတ်ပစ်လို့မရဘူး"

ယဲ့ကျန်းချန်သည် ကောင်းကင်ကို မော့ကြည့်လျှက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို အရူးအမူး လှည့်ပတ်လိုက်သည့်အခါ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးတစ်ရပ်က သူ့၏ကိုယ်တွင်းမှာ ပေါက်ကွဲထွက်လာသည်။ သူသည် ဤချုပ်နှောင်မှုမှ ထွက်ပြေးလွတ်မြောက်ချင်သော်လည်း သူမည်မျှပင် ကြိုးစားနေကာမူ သူ၏ပတ်ပတ်လည်ရှိ ထက်မြသော ဓါးချီများက သူ့အားဆက်လက် ချုပ်နှောင်ထားဆဲသာ။ သူမည်မျှရုန်းကန်စေကာမူ အကျိုးမထူးခဲ့လေပြီ။

ဓါးအလင်းတန်း သုံးခုက ယဲ့ကျန်းချန် ၏ ခန္ဓာကိုယ်အား တိုက်ရိုက်ပိုင်းဖြတ်သွားသည်။ ချန်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲမှာ သုံးပိုင်းပြတ်လျှက် သေဆုံးသွားလေပြီ။ သူ၏ခန္ဓာကိုယ်ကြီးမှာ မြေပြင်ဆီသို့ ပြိုကျ ပျက်စီးသွားလေသည်။ ဖြတ်ပိုင်းရာများမှာ အလွန်တရာ သေသပ်တာကြောင့် သွေးတစ်စက်မှပင် မထွက်လိုက်ပေ။

"သေစမ်းကွာ..၊ အခုငါ့ရဲ့ စံပြပုဂ္ဂိုလ်ကို ဘယ်သူလုပ်ရတော့မှာလဲဟ.."

ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်ကို ဝမ်ချုံးယန်မှ တိုက်ကွက်တစ်ခုတည်းဖြင့် သုံးပိုင်းဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ မဟာနတ်ဆိုး ရွှမ်ရှသည် လုံးဝထိတ်လန့်သွားသည်။ သူသည် ထိတ်လန့်တကြား တီးတိုးရေရွတ်မိလိုက်ပါတော့သည်။

အစောပိုင်းတွင် တုံ့ဖန်းပုပိုင်သည် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်ရှိသော စွမ်းအားရှင်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည့်အတွက် နတ်ဆိုးအိုကြီး၏ နှလုံးသားအား အနိုင်ယူသွားလေသည်။ သို့သော်လည်း ယခုအချိန်မှာတော့ ဝမ်ချုံးယန် သည် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်ကို ဓါး တစ်ချက်ဖြင့် အနိုင်ယူခဲ့လေသည်။ ဤသည်မှာ နတ်ဆိုးအိုကြီးအား လုံးဝ ထိတ်လန့်သွားစေသည်။

စံပြပုဂ္ဂိုလ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာတစ်ယောက်တည်းပဲ ရှိရမယ်လေ။ တုံ့ဖန်းပုပိုင်ကိုသာ သူက စံပြပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပြီ ဆိုပါက ဝမ်ချုံးယန်ကတော့ " အာလား... ရှန်ရှန့်ကျုံ ဂိုဏ်းက အရမ်းသန်မာနေတာကိုဘဲ အပြစ်တင်ရမယ်၊ ခုချိန်ကစပြီး ဝမ်ချုံးယန်ရော တုံ့ဖန်းပုပိုင်ရောက ငါ့ရဲ့ စံပြပုဂ္ဂိုလ်တွေပဲကွ။

"ပြေးကြ..."

ဤအချိန်မှာဘဲ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအသံမျမှာ ချန်းလန်ဓါးဂိုဏ်း၏ ကျန်ရစ်သော ဆန်းကြယ်အဓိပတိအဆင့် အကြီးအကဲ ကိုးယောက်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မြောက်မြားစွာသော အကြီးအကဲများသည် တတ်စွမ်းသမျှ အင်အားများကို ထုတ်သုံးလျှက် အရပ်မျက်နှာ အသီးသီးဆီသို့ ထွက်ပြေးသွားကြတော့သည်။

ဝမ်ချုံးယန်နှင့် တုံ့ဖန်းပုပိုင်တို့သည် ဝမ်ဖုန်း ၏ အမိန့်ကိုတောင် စောင့်ဆိုင်းနေခြင်း မရှိတော့ဘဲ ထိုအကြီးအကဲများနောက် လိုက်သွားတော့သည်။

ကျန်ရစ်နေသေးသော ချန်းလန်ဓါးဂိုဏ်း၏ စွမ်းအားရှင်များကို ဝမ်ဖုန်းက သတ်ဖြတ်လိုက်လေသည်။ ချန်းလန်ဓါးဂိုဏ်းရရှိထားသော အောင်မြင်မှု အသီးအပွင့်မှာ လက်ရှိအချိန်မှာတော့ ဂိုဏ်းချုပ်ဝမ်၏ ရိတ်သိမ်းခြင်းကို ခံလိုက်ရလေပြီ။

"သောက်ကျိုးနည်း... မင်းမသေသေးဘူးလားဟ"

ဝမ်ချုံးယန်နှင့် တုံ့ဖန်းပုပိုင်တို့က ချန်းလန်ဓါးဂိုဏ်း၏ အကြီးအကဲများနောက် လိုက်သွားစဉ်တွင် ဝမ်ဖုန်းသည် ရတနာအား စိတ်ဝင်စားခြင်း မရှိသေးဘဲ ဘေးတဖက်တချပ်က မဟာနတ်ချိုး ရွှမ်ရှအား လှမ်းကြည့်လိုက်သည်။ မဟာနတ်ဆိုးရွှမ်ရှအား တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း ၏ တစ်ကိုယ်လုံးသည် လုံးဝကို ထိတ်လန့်သွားပါတော့သည်။

ဤအချိန်တွင် မဟာနတ်ဆိုးရွှမ်ရှ၏ မျက်နာသည် ဝက်ခေါင်းကဲ့သို့ ဖူးယောင်နေသည့်အပြင် မရေမတွက်နိုင်သော ဒဏ်ရာသေးသေးလေးများကလည်း သူ့တစ်ကိုယ်လုံးပေါ်တွင် ရှိနေလေသည်။ သူ့၏ ဝတ်ရုံ တစ်ခုလုံးကလည်း သွေးများဖြင့် စိုရွှဲနေလေသည်။

"ဒီနတ်ဆိုးအိုကြီးက ကောင်းကောင်း မခုခံနိုင်ခဲ့ပါဘူး၊ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းကို အရှက်ရစေမိပါပြီ" မဟာနတ်ဆိုး ရွှမ်ရှသည် နာကျင်မှုများကြားထဲမှ ဝမ်ဖုန်းအား ပြုံးလျက်ပြောလိုက်သည်။

"ဟင့်အင်း.. မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်၊ အခုတော့ မင်းရဲ့ဒဏ်ရာတွေကို ဂရုစိုက်လိုက်ပါဦး" ဤသည်ကို ကြားသည့်အခါ ဝမ်ဖုန်း၏ မျက်လုံးများသည် နူးညံ့သွားပြီး မဟာနတ်ဆိုး ရွှမ်ရှ၏ ပုခုံးကို ခပ်သာသာပုတ်ပေးလိုက်သည်။ ထို့နောက် ဒဏ်ရာကုသရေး ဆေးလုံးတစ်ချို့အား ပေးလျက် ညင်သာစွာ ပြောဆိုလိုက်လေသည်။

မဟာနတ်ဆိုးရွှမ်ရှသည် ပြုံးလိုက်သည်။ သူသည် တုံ့ဆိုင်းခြင်း အလျှင်းမရှိဘဲ ကုသရေးဆေးဝါး များကို ကောက်ယူလျှက် တခါတည်း မြိုချလိုက်ပါသည်။ သူဟာ သေလုမျှောပါး အရိုက်ခံခဲ့ရသော်လည်း ဂိုဏ်းချုပ်၏ အသိအမှတ်ပြုခြင်းကို ရရှိလိုက်သည့်အပြင် သူလေးစားအားကျရသော စံပြပုဂ္ဂိုလ်ကြီး နှစ်ယောက်ကလည်း သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လက်စား ချေပေးနေပေသည်။ ဤသည် မှာလုံးဝကို ထိုက်တန်လှပေသည်။

ဤအချိန်တွင် ဝမ်ချုံးယန်နှင့် တုံ့ဖန်းပုပိုင်တို့ကလည်း ချန်းလန်ဓါးဂိုဏ်း၏ အကြီးအကဲ ကိုးယောက်စလုံးကို သတ်ဖြတ်ပစ်လိုက်ပြီး ဝမ်ဖုန်းဆီသို့ ပြန်လာကြသည်။ သူတို့သည် မဟာနတ်ဆိုး ရွှမ်ရှ၏ လက်ရှိအခြေအနေကို တွေ့လိုက်ရသည့်အခါ အစဉ်အမြဲအေးစက်နေသော အလှလေး တုံံ့ဖန်းပုပိုင်သည်ပင် စာနာသနားမှု အရိပ်အယောင်များ ထုတ်ဖော်ပြသလာပေသည်။

"ဒင်..... ဆန်းကြယ်အဓိပတိအထွတ်အထိပ် အဆင့် ရန်သူတစ်ယောက်၊ ဆန်းကြယ်အဓိပတိအလယ် အလတ်အဆင့်ရန်သူ ငါးယောက် ၊ ဆန်းကြယ်အင်ပါယာအဆင့် ရန်သူကိုးယောက်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်၊ သန်မာသော ရန်သူများအား သတ်ဖြတ်ခြင်းအတွက် ဆုလဒ် ရရှိပါတယ်၊ ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်၊ အဆင့်မြင့် ကျပန်း ဆင့်ခေါ်ခွင့် တစ်ကြိမ်နဲ့ ဂိုဏ်းအမှတ် ငါးသောင်း ဆုချလိုက်ပါတယ်"

"ဒင်... ဒုတိယ မြောက် ရန်လိုသော အင်အားစုကြီးတစ်ခုကို အမြစ်ဖြတ်သတ်ဖြတ် နိုင်ခဲ့သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် ၊ ဆုလဒ်အနေဖြင့်

ဘွဲ့နာမ- ကံတရား၏ သခင်ငယ်လေးကို ရရှိပါတယ်"

သူ၏စိတ်အာရုံအတွင်း ပဲ့တင်ထပ်လာသော အေးစက်စက်လေသံက ဝမ်ဖုန်းကို ကြောင်အသွားစေသည်။ ဝမ်ဖုန်းက မေးလိုက်ပါသည်

"ကံတရားရဲ့သခင်ငယ်လေးဆိုတဲ့ ဘွဲ့နာမက ဘယ်လိုအသုံးပြုရတာလဲ"

All Chapters