← Chapters

များပြားလှသောရတနာများ။

Vol. 11 Ch. 143

များပြားလှသောရတနာများ။

Vol. 11 Ch. 143

"ဒင်၊ ဘွဲ့နာမများကို လဲလှယ်ရောင်းချလို့မရနိုင်ပါ။ ဘွဲ့နာမတွေဆိုတာက ပိုင်ရှင်ရဲ့လုပ်ဆောင်မှုတွေအပေါ်မူတည်ပြီး စနစ်ကဆုချထားတဲ့ ဘွဲ့တွေပဲဖြစ်ပါတယ်။''

"ဒင်၊ ဘွဲ့နာမ: ကံတရားရဲ့သခင်ငယ်လေး"

''ပိုင်ရှင်သည် ၎င်းဘွဲ့နာမည်ကို ဝတ်ဆင်လိုက်သည်နှင့်တပြိုင်နက် အင်အားကြီးရန်သူတွေဆီကနေ ကံတရားကို ခိုးယူနိုင်မှာပဲဖြစ်ပါတယ်။ အင်အားကြီးရန်သူတွေဆီက ကံတရားကို တစ်ကြိမ်တစ်ခါ ခိုးယူလိုက်တိုင်း ဘွဲ့နာမမှာ အတွေ့အကြုံရမှတ်တွေ တိုးလာမှာဖြစ်ပါတယ်။ အတွေ့အကြုံရမှတ်တွေသာ ပြည့်သွားမယ်ဆိုရင်တော့ ဘွဲ့နာမကို နောက်တစ်ဆင့်ထိရောက်အောင် တိုးမြှင့်နိုင်မှာပဲဖြစ်ပါတယ်။ ''

"ဒင်၊ ပိုင်ရှင်သာ ကံတရားရဲ့သခင်ငယ်လေးဘွဲ့နာမကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပြီးပြီဆိုရင် အင်အားကြီးရန်သူတွေဆီကနေ ခိုးယူထားတဲ့ ကံတရားတွေက်ို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကိုယ်ပိုင်ကံတရားအဖြစ် ပြောင်းလဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ''

ဝမ်ဖုန်း၏ စိတ်သန္တာန်အတွင်း အေးစက်စက်အသံက ပဲ့တင်ထပ်သွားသည်။ ဝမ်ဖုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားတာကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကတောင် တုန်ရင်လာပါတော့သည်။

ကံတရားဆိုသည်မှာ စိတ်ကူးယဥ်ဆန်သော၊ မမြင်မတွေ့နိုင်သော၊ ကိုင်တွယ်၍မရနိုင်သောအရာပဲဖြစ်သည်။ သို့သော်လည်း ကံတရားမှာ ကျင့်ကြံသူတိုင်းအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်။

အဘယ်ကြောင့်ပါရမီရှင်လူငယ်မျိုးဆက်များမှာ အလွန်အင်မတန်ကံကောင်းရသနည်း? သူတို့သည်အပြင်ထွက်လိုက်သည်နှင့်တပြိုင်နက် ရတနာများနှင့်တွေ့ကြုံကြရသည်။ ဤသည်မှာ ထိုပါရမီရှင်လူငယ်တို့၏ကံတရားက သာမာန်လူများထက် များစွာသာလွန်နေသောကြောင့် မဟုတ်ပါလော။

သူသာ အခြားသောသူများရဲ့ ကံတရားကိုခိုးယူပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ကိုယ်ပိုင်ကံတရားအဖြစ်ပြောင်းလဲနိုင်ပါက သူတစ်ယောက်တည်းသာအကျိုးရှိမည်မဟုတ်ဘဲ ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံးရှိ စွမ်းအားရှင်များကလည်း အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

သူ၏ နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီကျင့်စဥ်သည် အခြားသောသူများ၏ ကံတရားအား ဖောက်ထွင်းမြင်နိုင်လေသည်။ ဤဘွဲ့နာမကတော့ အခြားသူများ၏ ကံတရားက်ို ခိုးယူရရှိစေနိုင်သည်။ ဤအရာနှစ်ခုသည် ပြီးပြည့်စုံသော တွဲဖက်စွမ်းရည်မဟုတ်ပါလော။

ငါတော့ပွပေါက်တိုးပြီဟေ့!

ဂိုဏ်းချုပ်ဝမ်သည် အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး တီးတိုးပြောဆိုလိုက်သည်။ သူသည် တုံ့ဆိုင်းနေခြင်းအလျှဥ်းမရှိဘဲ ဘွဲ့နာမကို တပ်ဆင်အသုံးပြုလိုက်ပါတော့သည်။

ဝမ်ဖုန်းသည် ဘွဲ့နာမကို တပ်ဆင်အသုံးပြုရာတွင် ထူးခြားသောခံစားချက်ကို ရရှိလိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း မည်သို့သောအပြောင်းအလဲကိုမှ ခံစားရခြင်းမရှိပါ။

ဂိုဏ်းချုပ်ဝမ်သည် ဒီအကြောင်းက်ိုအဖက်လုပ်စဥ်းစားမနေတော့ပေ။ သူသည်အကွာအဝေးတစ်ခုမှာ ရှိနေသော အကာအရံလွှာကိုစူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက ဝင်းလက်တောက်ပလာပါသည်။ ဤအချိန်သည်မှာ အောင်မြင်မှု အသီးအပွင့်များက်ိုခူးဆွတ်ရမည့်အချိန်ပဲ ဖြစ်သည်!

"သွားကြစို့။ ချန်းလန်ဓားဂိုဏ်းရဲ့ အောင်မြင်မှုတွေကို သွားပြီး သိမ်းယူလိုက်ကြတာပေါ့ကွာ။"

ဝမ်ဖုန်းသည် သူ၏လက်ကိုပေါ့ပါးစွာဝှေ့ရမ်းလိုက်ပြီး ဝမ်ချုံးရန် နှင့် အခြားသူများကိုခေါ်ဆောင်လျက် အကာအရံအလွှာရှိရာဆီသို့ တဖြည်းဖြည်းချဥ်းကပ်သွားတော့သည်။

သူတို့သည် အကာအရံအလွှာထဲသ်ို့ ဝင်ရောက်လိုက်သည်နှင်တပြိုင်နက် ဝမ်ဖုန်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည် တုန်ရင်သွားကြသည်။ အကာအရံအလွှာအတွင်းရှိ အခြေအနေမှာ သူတို့အားထိတ်လန့်သွားစေသည်။

အကာအရံအလွှာအတွင်းရှိနေရာလွတ်တစ်ခုလုံးသည် ရေခဲကမ္ဘာကြီးဖြစ်နေလေသည်။ ဝမ်ဖုန်း နှင့် သူ့လူတို့မတ်တပ်ရပ်နေသော မြေပြင်သည်လည်း ထူထည်းသောရေခဲများဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး သူတို့၏မြင်ကွင်းရှေ့မှာတော့ အလွန်မြင့်မားသောစင်မြင့်ကြီးရှိနေသည်။ စင်မြင့်၏အောက်ခြေမှ စင်မြင့်၏အပေါ်ဘက်ဆီသို့ ၉၉ထစ်သော လှေကားထစ်တို့က ဆက်သွယ်ပေးထားသည်။

လှေကားထစ်များပေါ်တွင်လည်း ထူထည်းသောရေခဲအလွှာများကို တွေ့မြင်နေရသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာလွတ်နယ်မြေသည် အလွန်အမင်းအေးစက်နေသော်လည်း ရှေးဟောင်းသချိုင်းကျောက်စာမှာ ထုတ်လွှတ်နေသောအေးစက်သည့်လေများလောက်တော့ ကြောက်လန့်စရာမကောင်းသေးပေ။ ဒီလိုမှမဟုတ်ရင် ဝမ်ဖုန်းနဲ့ အခြားသူများက အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်ရဲမှာမဟုတ်တော့ပေ။

ဟုတ်ပါပေသည်။ ရှေးဟောင်းကျောက်စာတိုင်မှထုတ်လွှတ်နေသော အေးစက်စက်လေများက ဝမ်ဖုန်းနဲ့အခြားသူများကို ကြောက်လန့်စေခဲ့သည်။ ချန်းလန်ဓားဂ်ိုဏ်းရှိ စွမ်းအားရှင်ကြီးများဆိုပါက အစောကတည်းကသေဆုံးသွားမှာဖြစ်သည်။

တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ ဝမ်ဖုန်းနှင့်သူ့လူများသည် လှေကားထစ်များကို ဖြတ်ကျော်လျက် စင်မြင့်ကြီး၏ ထိပ်ဆုံးဆီသို့ ရောက်လာကြပေသည်။ ဤသည်မှာ အလွန်တရာကြီးမားကျယ်ပြန့်သော စင်မြင့်ကြီးဖြစ်သည်။ စင်မြင့်၏အလယ်တွင် သေးငယ်သောအကာအရံလွှာလေးတစ်ခု နောက်ထပ် တည်ရှိနေပါသည်။ ဝမ်ဖုန်းနှင့် အခြားသူများသည်အနားသို့ချဥ်းကပ်သွားပြီး အကာအရံအလွှာလေး၏ အတွင်းပိုင်းကို တွေ့မြင်လိုက်ရသည့်အခါ လုံးဝကို ကြောင်အ ထိတ်လန့်သွားကြသည်။

သူတို့လေးယောက်စလုံးသည် အေးခဲသွားကြပြီး အကာအရံလွှာလေး၏ အတွင်းပိုင်းကို ဗလာမျက်ဝန်းများဖြင့် စူးစ်ိုက်ကြည့်မိနေကြတော့သည်။

အကာအရံအလွှာလေး၏အတွင်းပိုင်းထဲရှိရေ ခဲထုကြီးများ၏အထက်တွင် သလင်းကျောက်များဖြင့်ပြုလုပ်ထားသော ရှေးဟောင်းခေါင်းတလားတစ်လုံးသည် ရေပြင်ညီအတိုင်း လှဲလျောင်းတည်ရှိနေသည်။ ထိုခေါင်းတလားဆီမှ အေးစက်သောလေထုများ ပျံနှံ့လာလျက်ရှိပြီး ခေါင်းတလားကိုကြည့်ရသည်မှာ အလွန်အမင်းထူးခြားလှသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ ခေါင်းတလားကြီး၏ အပြင်ဘက်အလွှာတွင် ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့သော ရှေးဟောင်းအငွေ့အသက်များကိုတွေ့မြင်နေရသည်။ ခေါင်းတလား၏အပြင်ဘက်အလွှာပေါ်တွင် ဓားအလင်းတန်းများ၊ ဓားအရိပ်များကိုရေးထွင်းထားသည်။ ခေါင်းတလားပေါ်ရှိအမှတ်သဏ္ဍာန်များသည် အလွန်အမင်းနက်ရှိုင်းပြီး ခမ်းနားကြီးကျယ်ကာ စွမ်းအားကြီးမားသော အရိပ်အယောင်များကိုဖော်ပြလျက်ရှိသည်။ ဤခေါင်းတလားကြီးတည်ရှိခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာနေပြီဖြစ်ကြောင်းကို မည်သူကမှမတွေးဆနိုင်ကြပေ။

သို့သော်လည်း ရှေးဟောင်းသလင်းကျောက်ခေါင်းတလားက ဝမ်ဖုန်း နှင့် အခြားသူများအား ကြောင်အသွားစေခဲ့ခြင်းမဟုတ်ပါ။ သူတို့အားကြောင်အသွားစေသည့်အရာမှာ ခေါင်းတလားကြီး၏ ဘေးနားတွင်ရှိနေသော အရာများပင်ဖြစ်ပါတော့သည်။

အဲတာ့တွေက မှော်ဝင်ဆေးဝါးအပင်တွေမဟုတ်လား။ သလင်းကျောက်ခေါင်းတလားအား ခစားနေသည့်အလား ဗဟိုထား၍ ပတ်ပတ်လည်တွင် မှော်ဆေးဝါးအပင်ရာပေါင်းများစွာ ပေါက်ရောက်နေကြသည်။

ထိုမှော်ဝင်ဆေးဝါးအပင်များတွင် တချို့ကလိပ်ပုံသဏ္ဍာန်ရှိကြသည်။ တချို့က ဖီးနစ်ငှက်ပုံသဏ္ဍာန်၊တချို့ကအပြာရောင်နဂါးသဏ္ဍာန်တွေရှိကြသည်။ ရာချီသောမှော်ဝင်မှော်ဝင်ဆေးဝါးပင်များက

ဝမ်ဖုန်းနှင့် အခြားသူများအား တွေဝေမိန်းမောသွားစေခဲ့သည်။

"ဒီ.. ဒီနေရာကဘယ်လိုနေရာကြီးလဲ။"

မဟာနတ်ဆိုး ရွှမ်ရှသည် တုန်ယင်နေသောလေသံဖြင့် ပြောဆိုလိုက်ပါသည်။

မဟာနတ်ဆိုးရွှမ်ရှသည် လုံးဝထိတ်လန့်သွားသည်။ သူ့ဘဝတစ်ခုလုံးတွင် မှော်ဝင်ဆေးဝါးတစ်ခုကိုမှ တွေ့မြင်ဖူးခြင်း မရှိခဲ့ပါပေ။ ယခုတော့ သူရဲ့ရှေ့မှာ ရာချီသောမှော်ဝင်ဆေးဝါးတွေရှိနေတယ်တဲ့လား။ သူ၏စိတ်ကအလွန်အမင်းခိုင်မာနေ၍သာ ယခုအချိန်ထိခိုင်မြဲစွာ မတ်တပ်ရပ်နေနိုင်ခြင်း ဖြစ်ပါတော့သည်။

"ဂိုဏ်းချုပ် မှော်ဝင်ဆေးဝါးတွေက ရှေးဟောင်းခေါင်းတလားကြီးရဲ့ဘေးမှာ ပေါက်နေကြတာပဲ။ ဒီအခြေအနေကိုကြည့်ရရင် ရှေးဟောင်းဧကရာဇ်တောင်တန်းတစ်ခုလုံးက မှော်ဝင်ဆေးဝါးတွေ ဒီနေရာမှာပဲ စုပြုံပေါက်နေတာဖြစ်ရမယ်။'' ဝမ်ဖုန်း၏ဘေးနားတွင်ရှိနေသော ဝမ်ချုံးရန်က အမူအရာမဲ့သော လေသံဖြင့် ပြောဆိုလိုက်သည်။

ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ပြီး သူ၏မျက်ခုံးများက ကျဥ်းမြောင်းသွားသည်။ သူသည် ပဟေဠိဆန်သောအမူအရာဖြင့် ပြောဆိုလိုက်သည်။

"အဲဒီလူက ဘယ်သူများလဲ။ ဒီသလင်းကျောက်ခေါင်းတလားကြီးရဲ့ဘေးနားမှာ ရှေးဟောင်းဧကရာဇ်တောင်ကြားတစ်ခုလုံးက မှော်ဆေးပင်တွေကို စိုက်ပျိုးနိုင်တဲ့ထိတောင် စွမ်းအားကြီးမားတဲ့သူ၊ သူကဘယ်သူများဖြစ်မလဲ။ ပြီးတော့ သလင်းကျောက်ခေါင်းတလားရဲ့အထဲမှာကော ဘာရှိနေတာလဲ။ ဒီ ရာနှင့်ချီတဲ့မှော်ဆေးဝါးတွေကို ခေါင်းတလားရဲ့ဘေးမှာ စိုက်ပျိုးရတဲ့ထိတောင် ခေါင်းတလားထဲမှာ ဘယ်အရာကများတည်ရှိနေတာလဲ။"

ဝမ်ဖုန်း၏ သံသယများဖြင့်မေးမြန်းသံကို ကြားလိုက်ရသည့်အခါ ဝမ်ချုံးရန်ရော တုံ့ဖန်းပုပိုင်တို့ကပါ အဖြေမပေးနိုင်ဘဲ ငြိမ်ကျသွားကြသည်။

လက်ရှိအချိန်တွင် ဝမ်ဖုန်း၊ ဝမ်ချုံးရန် နှင့်အခြားသူများအားလုံး၏နှလုံးသားထဲတွင် မရေမတွက်နိုင်သော မေးခွန်းပေါင်းများစွာ ဖြစ်တည်လာကြသည်။ ဤခေါင်းတလားကြီးနှင့် သူတို့မြင်တွေ့နေရသောမြင်ကွင်းက သူတို့၏နှလုံးသားကို လှုပ်ခါသွားစေခဲ့သည်။

စနစ်၏ပိုင်ရှင်ဖြစ်သောဝမ်ဖုန်းသည် ဤအခြေအနေကိုတွေ့မြင်ရသည့်အခါ ထိတ်လန့်သွားပေသည်။ ရာနှင့်ချီသောမှော်ဝင်ဆေးဝါးတွေကို ခေါင်းတလားကြီးဘေးမှာ စီစီရီရီပေါက်ရောက်စေလျက်စိုက်ပျိုးထားသည်။

ဤသတင်းသာထွက်ပေါ်သွားပါက အင်ပါယာကြီးသုံးခုသာမက တိုက်ကြီးတစ်ခုလုံးပါ လှုပ်လှုပ်ရွရွဖြစ်သွားစေလိမ့်မည်။

"ချန်းလန်ဓားဂိုဏ်းကလူတွေ ဒီနေရာကိုတန်းတန်းစွဲဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ငါလည်း ဒီအဖြစ်အပျက်ကို မျက်မြင်မကြုံတွေ့ရရင် ယုံနိုင်မှာမဟုတ်ဘူး။"

ဝမ်ဖုန်းသည် သလင်းကျောက်ခေါင်းတလားကြီးဘေးတွင် ပေါက်ရောက်နေသော ရာချီသည့်မှော်ဆေးဝါးများက်ို ဝေ့ဝဲကြည့်ရင်း သက်ပြင်းချကာပြောဆိုလိုက်သည်။ သူတို့တွေတောင်မှ ဤရာနှင့်ချီသည့် မှော်ဆေးဝါးပင်တို့၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရပေသည်။ချန်းလန်ဓားဂိုဏ်းမှ လူတွေဆိုရင်တော့ ပြောဖွယ်မရှိတော့ပြီ။

ရှေးဟောင်းမှော်ဆေးပင်တို့သည် ကမ္ဘာမြေကြီးက အလ်ိုအလျှောက်မွေးဖွားပေးလိုက်သော သဘာဝရတနာများဖြစ်ကြပါသည်။ ဆေးပင်တစ်ပင်စီတိုင်းတွင် အဆုံးအစမဲ့သော မှော်ပညာအကျိုးသက်ရောက်မှုများပါရှိသည်။ ဆန်းကြယ်အဓိပတိအဆင့်က စွမ်းအားရှင်များတောင် မှော်ဆေးပင်တစ်ပင်ကိုရရှိလိုက်ပါက ရတနာတစ်ခုလိုသဘောထားကြမှာဖြစ်သည်။ ဆန်းကြယ်အင်ပါယာအဆင့်စွမ်းအားရှင်များဆိုရင်တော့ ရူးခါသွားပေလိမ့်မည်။

"ဂိုဏ်းချုပ် ကျွန်မကြိုးစားကြည့်ပါ့မယ်။"

တုံ့ဖန်းပုပိုင်သည် အမူအရာမဲ့သော လေသံဖြင့်ပြောဆိုလိုက်သည်။

ဒီမတိုင်ခင် ချန်းလန်ဓားဂိုဏ်းမှ စွမ်းအားရှင်များသည် ဤရာနှင့်ချီသော မှော်ဆေးဝါးများကို မျက်မြင်တွေ့ကြုံခဲ့ရပါသော်လည်း သူတို့သည် တစ်ပင်တစ်လေတောင်မှ ရယူနိုင်ခဲ့ခြင်းမရှိပါပေ။ သိသာထင်ရှားစွာဖြင့် ဤနေရာသည် မြင်နေရသလို ရိုးရှင်းမှုမရှိပါပေ။

ဤသည်ကိုကြားတော့ ဝမ်ဖုန်းသည် ခပ်သာသာခေါင်းငြိမ့်ပြလိုက်သည်။ တုံ့ဖန်းပုပိုင်ရဲ့ကျင့်ကြံဆင့်သည် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူမ၏ခွန်အားသည် ဆန်းကြယ်အဓိပတိအဆင့်ထက်ကျော်လွန်နေပါပြီ။ ပြသာနာတစ်စုံတစ်ခု တွေ့ခဲ့မည်ဆိုလျှင်တောင် သူမကတော့ခုခံနိုင်စွမ်းရှိပါလိမ့်မည်။

အထူးခြားဆန်းပြားဆုံးအရာမှာ ရှေးဟောင်းခေါင်းတလားကို သလင်းကျောက်ဖြင့်ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ဝမ်ဖုန်းနှင့် အခြားသူများသည် ထိုသလင်းကျောက်အား ဖောက်ထွင်း၍အတွင်းပိုင်းသို့ မြင်နိုင်ခြင်းမရှိပေ။

တုံ့ဖန်းပုပိုင်သည် အကာအရံအလွှာငယ်လေးဆီသ်ို့ တရွေ့ရွေ့ချည်းကပ်သွားပြီး၊ ဝမ်ဖုန်းနှင့် အခြားသူများသည် အသက်များအောင့်ထားလိုက်မိကြသည်။ ဝမ်ဖုန်း၏ဘေးနားတွင်ရှိနေသော ဝမ်ချုံးရန်သည် တုံ့ဖန်းပုပိုင်အား စူးစိုက်ကြည့်လျက် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို တိတ်တဆိတ်နှိုးဆွထားလိုက်သည်။

တုံ့ဖန်းပုပိုင်သာ အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့ရပါက သူသည်ကယ်တင်ဖို့ရာ အသင့်ပြင်နေခြင်းဖြစ်သည်။

All Chapters