← Chapters

ရွေးချယ်ခံ

Vol. 11 Ch. 144

ရွေးချယ်ခံ

Vol. 11 Ch. 144

တုံ့ဖန်းပုပိုင်သည် အကာအရံအလွှာငယ်လေးဆီသို့ သွားရောက်နေစဉ်ကာလအတွင်း သူမကိုယ်တွင်းရှိ စွမ်းအားများကို နှိုးဆွထားသည်။ သူမ၏နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးစီမှ ထူးခြားဆန်းပြားသောအရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာလျက်ရှိသည် ။ ဤတစ်ကြိမ်တွင် တုံ့ဖန်းပုပိုင်သည် သူမကိုယ်သူမ အဆုံးစွန်တိုင်အောင် သတိထားဆောင်ရွက်လျက်ရှိပေသည်။

ကြိုတင်ပြင်ဆင်မှုအားလုံးပြီးသွားပြီးနောက်တွင် တုံ့ဖန်းပုပိုင်သည် သူမ၏သွယ်လျသောလက်လေးကို ဆန့်ထုတ်လိုက်ပြီး တောက်ပဝင်းလက်နေသော အကာအကွယ်အလွှာအား ထိတွေ့လိုက်သည် ။

တုံ့ဖန်းပုပိုင်ထိတွေ့လိုက်သောနေရာတွင် ရုတ်တရက် လှိုင်းထသွားခဲ့သည်။

ဗုန်း !

ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ တုံ့ဖန်းပုပိုင်သည် လွင့်ပျံထွက်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည် ။ ဝမ်ချုံးယန်သည် လျင်မြန်စွာရွေ့လျားသွားပြီး လွင့်ပျံထွက်လာသော တုံ့ဖန်းပုပိုင်ကို ဖမ်းဆီးလိုက်သည်။

သို့သော်လည်း တုံ့ဖန်းပုပိုင်၏ ခန္ဓာကိုယ်လေးကို ဖမ်းယူလိုက်သော ဝမ်ချုံးယန်ပင်လျှင် ပြင်းထန်သောတွန်းကန်အားကြောင့် အနောက်သို့ ခြေသုံးလှမ်းမျှဆုတ်လိုက်ရပေသည် ။

ဤအချိန်တွင် တုံ့ဖန်းပုပိုင်၏ လှပသောမျက်နှာလေးသည် စာရွက်တစ်ရွက်ကဲ့သို့ဖြူဖျော့နေပြီး သူမနှုတ်ခမ်းထောင့်မှ သွေးများစီးကျလျက်ရှိသည်။ သူမ၏ လှပသောမျက်ဝန်းအိမ်များတွင် အကြောက်တရားများထင်ဟပ်နေသည် ။

"ဘာဖြစ်သွားတာလဲ?"

ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်နားသို့ အလျင်စလိုပြေးလာပြီး သူမအား ကုသရေး ဆေးတစ်လုံးကိုတိုက်ကျွေးလိုက်ကာ မျက်မှောင်ကြီးကြုတ်လျက် မေးလိုက်သည်။

ဤမြင်ကွင်းမှာ အလျင်အမြန်ဖြစ်ပျက်သွားခြင်းဖြစ်ပြီး ဝမ်ဖုန်းသည်တောင် ဘာတစ်ခုမှသတိမပြုမိလိုက်ကာ သူသည် တုံ့ဖန်းပုပိုင် လွင့်ပျံထွက်လာသည်ကိုသာ မြင်လိုက်ရပေသည်။

ဘေးတစ်ဖက်တစ်ချက်တွင် မတ်တပ်ရပ်နေသော မဟာနတ်ဆိုးကြီးရွှမ်ရှသည် ပိုလို့သာ ထိတ်လန့်သွားခဲ့သည်။

တုံ့ဖန်းပုပိုင်သည် သူ၏စံပြပုဂ္ဂိုလ်ဖြစ်သည်။ သူမသည် ဆန်းကြယ်အဓိပတိ အလယ်အလတ်အဆင့်ရှိသော စွမ်းအားရှင်များကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်သူဖြစ်သည် ။ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်များနှင့်တောင် ရင်ဆိုင်တိုက်ခိုက်နိုင်သူဖြစ်သည်။ သို့သော်လည်း အဆိုပါအကာအရံလေးအား ထိတွေ့ရုံမျှနှင့် လွင့်စင်ထွက်သွားခဲ့သည်။

တုံ့ဖန်းပုပိုင်သည် ဝမ်ဖုန်း၏‌မေးခွန်းကို ချက်ခြင်းပြန်မဖြေဆိုခဲ့ပေ။ သူမသည် ဝမ်ဖုန်းတိုက်ကျွေးလိုက်သော ကုသရေးဆေးလုံးကို မျိုချလိုက်ပြီး တင်ပလ္လင်ခွေထိုင်ကာ အရင်ဆုံးကုသလိုက်ပါသည် ။

ဆယ့်ငါးမိနစ်လောက်ကြာသည့်အခါ တုံ့ဖန်းပုပိုင်၏မျက်နှာလေးသည် နှင်းဆီရောင် ပြန်လည်သန်းလာခဲ့သည်။ သူမက မတ်တပ်ထရပ်ကာ ပြောဆိုလိုက်သည် ။

" ကျွန်မ အကာအရံလွှာကို ထိလိုက်တော့ အရမ်းကိုကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခုက ကျွန်မလက်ကနေ ခန္ဓာထဲစီးဝင်သွားခဲ့တာ ။ အဲ့ဒီစွမ်းအားနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ ကျွန်မလုံးဝ ပြန်လည်ခုခံချိန်‌တောင်မရလိုက်ဘူး !"

"ကျွန်မရဲ့ ကြိုတင်ကာကွယ်မှုအားလုံးကလည်း ချက်ခြင်းကို ဖျက်ဆီးခံလိုက်ရတယ် ။ ... ဒီလိုကြိုတင်ပြင်ဆင်ထားလို့သာမဟုတ်ရင် ကျွန်မ အခုချိန်လောက်ဆို သေနေလောက်ပြီ။ "

ဤအချိန်တိုင်အောင် တုံ့ဖန်းပုပိုင်သည် ကြောက်ရွံ့ထိတ်လန့်မှုများ ခံစား‌နေရသေးသည်။ သူမ ဒီလောကကို ရောက်လာပြီးကတည်းက ဒါဟာ ပထမဆုံးအကြိမ် စိတ်ပျက်အားငယ်မှုကို ခံစားရရှိမိခြင်းပင်ဖြစ်သည်။

ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့် ရန်သူများနှင် တိုက်ခိုက်ခဲ့ရစဉ်ကတောင် တုံ့ဖန်းပုပိုင်သည် အကြောက်တရားကို စိုးစဉ်းမျှမခံစားခဲ့ရပေ။ သို့သော်လည်း ဤအကာအရံလွှာလေးအား ထိတွေ့လိုက်ရသည့်တစ်ခဏမှာတော့ သူမသည် မရဏ‌မင်းနှင့် ရင်ဆိုင်တွေ့ကြုံလိုက်ရသည့်အလား ခံစားလိုက်ရပေသည်။

တုံ့ဖန်းပုပိုင်၏စကားကိုကြားလိုက်ရတော့ ဝမ်ဖုန်းသည် တုန်လှုပ်သွားသည် ။ သူ၏မျက်လုံးသူငယ်အိမ်များသည် ကျဉ်းမြောင်းသွားကာ သူ့မျက်နှာတစ်ခုလုံးသည် အလွန်အမင်းကို လေးနက်တည်ကြည်သွားပြီး သူသည် အကာအရံငယ်လေးအား လှည့်၍ကြည့်ရှုလိုက်သည်။ ဒီရာနှင့်ချီတဲ့ မှော်ဆေးပင်တွေကို ကြည့်ရုံသာကြည့်ပြီး ယူဆောင်၍ မရနိုင်တော့ဘူးလား ။

ဤရာနဲ့ချီသော မှော်ဆေး၀ါးပင်များသည် ရှေးဟောင်းဧကရာဇ်တောင်တန်းတစ်ခုလုံး၏ မှော်ဆေးပင်များကို စုဆောင်းထားခြင်းဖြစ်နေမှာကို သူကြောက်နေမိသည် ။ သူသာဤဆေးပင်တွေကို မယူဆောင်နိုင်ပါက အချိန်တိုကာလအတွင်းမှာ နောက်ထပ်မှော်ဆေးပင်များကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်သလို၊ လေဧကရာဇ်ကိုလည်းကယ်တင်နိုင်မည်မဟုတ်တော့ပေ။

ဤနည်းဖြင့်ဆိုလျှင် သူသည် လေအင်ပါယာ၏ယုံကြည်ချက်များကို ဆုံးရှုံးလိုက်ရုံသာမက သူရင်းနှီးထားရသည့် ရှန်ရှန့်ကျုံဂိုဏ်း၏ ကံတရားများကိုလည်း ဆုံးရှုံးရပေလိမ့်မည် ။

" ဂိုဏ်းချုပ်၀မ် ၊ ဒီလူအိုကြီးကို ကြိုးစားခွင့်ပေးပါ ။" ဝမ်ဖုန်း၏ အလိုမကျမှုအရိပ်အယောင်များကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ချုံးယန်က ဂါရဝပြုလျက်ပြောလိုက်သည်။

ဝမ်ဖုန်းသာမက ဝမ်ချုံးယန်သည်လည်း ရာနဲ့ချီတဲ့မှော်ဆေးပင်များကို လက်လွှတ်လိုက်ရမည်ကို မမြင်လိုပါ။ ရတနာပစ္စည်းနှင့်တွေ့မြင်လိုက်ရသည့်အခါ မည်သူကမျှ လက်လွှတ်ဆုံးရှုံးခံချင်ကြမည်မဟုတ်ပေ။

ဟုတ်ပါသည် ။ ဤသို့တွေးတောဆုံးဖြတ်ရခြင်းမှာလည်း အကာအရံငယ်လေးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒ အရှိန်အဝါများကို မခံစားရသောကြောင့်ပင်ဖြစ်သည်။ ဒီလိုမှမဟုတ်ရင် ဝမ်ချုံးယန်သည်လည်း ကြိုးစားဆောင်ရွက်ရဲမည် မဟုတ်ပေ။

ဝမ်ဖုန်းသည် တဒင်္ဂကြာအောင် တွေးတောပြီးနောက် ခေါင်းညှိတ်လ်ုက်သည် ။ အန္တရာယ်မရှိဘူးဆိုမှတော့ ကြိုးစားကြည့်တာ အချည်းနှီးမဖြစ်ပါဘူးလေ ။ ကျရှုံးသွားရင်လည်း ဒဏ်ရာအနည်းငယ်ရရုံသာဆိုတော့ ကြိုးစားကြည့်ကြတာပေါ့ ။

ဤမှော်ဆေးဝါးပင်များကို ဝမ်ဖုန်းသည် လုံးဝ လက်လွှတ်ဆုံးရှုံးမခံချင်ပါပေ။

" ဒီတစ်ကြိမ်မှာ မှာတော့ ရှင့်ရဲ့စွမ်းအားတွေကို အသုံးမပြုမိစေနဲ့ ။ တုံ့ဖန်းပုပိုင်သည် ဝမ်ချုံးယန်အား ရုတ်တရက် မော့ကြည့်ပြီး စိုးရိမ်ပူပန်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

ဤသည်ကိုကြားတော့ ဝမ်ချုံးယန်သည် ခပ်သာသာခေါင်းညှိတ်လိုက်ရင်း အကာအရံငယ်လေးဆီ လျောက်လှမ်းသွားတော့သည် ။ တုံ့ဖန်းပုပိုင်သည် သူ့လောက်သန်မာခြင်းမရှိသော်လည်း သူတောင် တုံ့ဖန်းပုပိုင်နှင့် ထိပ်တိုက် တိုက်ခိုက်ရမည်ဆိုပါက ဝမ်ချုံးယန်သည်ပင် အလွယ်တကူအနိုင်ယူနိုင်မည်မဟုတ်ပါ ။

ပြိုင်ဘက်ကင်းတုံ့ဖန်းပုပိုင်ကတောင် လွင့်စင်ထွက်သွားသည်ဖြစ်ရာ ဤအကာအရံလွှာလေး၏ ခံစစ်စည်းမှာ မည်မျှသန်မာကြောင်းကို တွေးကြည့်ပါလေ။

ဝမ်ဖုန်းနှင့်အခြားသူများသည် ဝမ်ချုံးယန်အားကြည့်ကာ အသက်အောင့်လိုက်ကြရသည်။

ဗုန်း ! ။

ဤတစ်ကြိမ်တွင်လည်း ထူးခြားမှုမရှိပါပေ။ ဝမ်ချုံးယန်သည် အကာအကွယ်လွှာလေးအား ထိတွေ့လိုက်သည့်တစ်ခဏမှာပဲ သူ၏ခန္ဓာကိုယ်သည်လည်း တုံ့ဖန်းပုပိုင်ကဲ့သို့ပင် လွင့်စင်ထွက်သွားတော့သည် ။ သို့သော်လည်း ဤ တစ်ကြိမ်မှာတော့ တန်ပြန်အားက ဝမ်ချုံးယန်အား ထိခိုက်စေခြင်းမရှိပဲ အသာအယာ လွင့်စင်ထွက်သွားအောင် တွန်းကန်လိုက်ခြင်းသာဖြစ်သည်။

ဝမ်ချုံးယန်သည် ဝမ်ဖုန်းနှင့်အခြားသူများရှိရာစီ ပြန်လည်ဆုတ်ခွာလာပြီး ဝမ်ဖုန်းအားကြည့်ကာ ခေါင်းယမ်းလိုက်သည်။ သူ့လို ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်ရှိသည့်သူတောင် ဤအကာအရံလေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ကူကယ်ရာမဲ့သွားရသည်။

ဝမ်ဖုန်း၏မျက်နှာကြီးသည် မဲမှောင်သွားကြပြီး တွေဝေခြင်းအရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူ၏ဘေးနားတွင်ရှိနေသော အသန်မာ‌ဆုံး ဆရာသခင်၂ပါးသည်ပင် ဘယ်အရာကိုမှ မပြုလုပ်နိုင်ခဲ့ပေ။ ဒီမှော်ဆေးဝါးပင်တွေကို ဒီလိုနဲ့ပဲ လက်လွှတ်ဆုံးရှုံးခံလိုက်ရတော့မှာလား ။

" ဒီဂိုဏ်းချုပ် ကြိုးစားကြည့်မယ် ။" ဝမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။ ဤရတနာများသည် အလွန်အမင်း တန်ဖိုးကြီးလှပေသည်။ စနစ်ပိုင်ရှင်ဖြစ်သော ဂိုဏ်းချုပ်ဝမ်သည်ပင် ဤရတနာများ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ပါပေ။

" ဂိုဏ်းချုပ် ၊ ပြန်လည်စဉ်းစားပါဦး ။ "

ဝမ်ဖုန်း၏အသံက်ုကြားလိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းအားလှည့်ကြည့်ပြီး အံအားသတင့်ပြောကြားလိုက်သည်။သူသည် ဝမ်ဖုန်းအား လက်လျော့အရှုံးပေး လိုက်ရန် ဖျောင်းဖျချင်နေခဲ့သည်။ပြောရပါလျှင် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံး၏ အဓိကထောက်တိုင်ကြီးပင်မဟုတ်ပါလော။

တုံ့ဖန်းပုပိုင်နှင့် ဝမ်ချုံးယန်တို့သည် ဝမ်ဖုန်းအားလှည့်ကြည့်မိလိုက်ကြသော်လည်း သူတို့ဘာစကားတစ်ခွန်းမှ ဝင်မပြောခဲ့ကြချေ။ သူတို့သည်လည်း ဝမ်ဖုန်းအား စိုးရိမ်နေမိကြသည်။ သို့သော် ဝမ်ဖုန်း၏ဆုံးဖြတ်ချက်ကို သူတို့မပြင်ဆိုင်မှန်းသိထားကြပေသည်။

" ဒီဂိုဏ်းချုပ်ကလည်း အဲ့လောက် အားမနည်းပါဘူးကွ ။ ဒီဂိုဏ်းချုပ် ကြိုးစားကြည့်ပါမယ်လေ ။ အလုပ်မဖြစ်တော့မှပဲ အရှုံးပေးလိုက်ကြတာပေါ့။ " ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအားကြည့်လိုက်ပြီး အသာအယာပြုံးလျက် ပြောဆိုလိုက်သည်။

သူသည် စကားဆုံးဆုံးချင်းမှာပင် အကာအရံလွှာလေးဆီသို့ ချဉ်းကပ်သွားသည်။ဤတစ်ကြိမ်တွင် တုံ့ဖန်းပုပိုင်သာမက ဝမ်ချုံးယန်သည်ပင် သူတို့၏ ကိုယ်တွင်းစွမ်းအင်များကို လှုံ့ဆော်လျက် ဝမ်ဖုန်းအား အချိန်မရွေးကယ်တင်ရန် ပြုလုပ်လိုက်ကြသည်။

သို့သော်လည်း ဝမ်ချုံးယန်နှင့်အခြားသူများကို အံ့အားသင့်သွားစေနိုင်မည့်မြင်ကွင်း ကြီးတစ်ခု ဖြစ်ပေါ်လာပေသည် ။ ဂိုဏ်းချုပ်ဝမ်၏လက်ကား အကာအရံငယ်လေးအား အလွယ်တကူဖြတ်သန်း၍ဝင်သွားလေသည်။

မဟာနတ်ဆိုးရွှမ်ရှသည် သူအိပ်မက်မက်နေတာလားကို စစ်ဆေးဖို့ရန် သူ့ပေါင်ကိုတောင် ဆွဲဆိတ်လိုက်မိသည်။

ရလဒ်က.... နာတယ်ဟ! ဒါအိမ်မက်မဟုတ်ဘူး!

ဖြစ်နိုင်တာက ဂိုဏ်းချုပ်ဝမ်က ရွေးချယ်ခံလား။ သူ့ထက်သန်မာတဲ့ စံပြပုဂ္ဂိုလ်ကြီး ၂ဦးတောင် ဒီအကာအရံလွှာလေးကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ ရလာဒ်အနေနဲ့ကတော့ ဂိုဏ်းချုပ်ဝမ် ထွက်လာတာနဲ့ အကာအရံလွှာလေးက ချက်ခြင်းကို အရှုံးပေးသွားတယ်တဲ့လား ။

ဝမ်ချုံးယန်နှင့်တုံ့ဖန်းပုပိုင်တို့သည် သူတို့၏မျက်လုံးများကို မယုံကြည်နိုင်စွာ ပွတ်သပ်လိုက်မိကြသည်။ သူတို့သည်လည်း ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ကြသည်။

ဝမ်ချုံးယန်နှင့်တုံ့ဖန်းပုပိုင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့ကို ဆင့်ခေါ်ခဲ့သည့် လူလို့မပြောရဘူး ။ တကယ့်ကို ထူးခြားဆန်းပြားသည့်လူပါလား ။

ဝမ်ဖုန်းသည်တော့ ပိုလို့တောင် စိတ်ရှုပ်သွားရသည်။ သူသည် သူ၏လက်ကို အကာအရံလွှာလေးမှ ဆွဲထုတ်လိုက်ပြီး နောက်တစ်ကြိမ် အထဲကိုပြန်ထည့်လိုက်သည်။ သူသည် ရှေ့တိုးနောက်ဆုတ် အကြိမ်ပေါင်းများစွာလုပ်ကြည့်ပြီး သူ၏လက်အား တွေဝေသောအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ငါဆိုတဲ့ ဂိုဏ်းချုပ်ဝမ်က ဒီကမ္ဘာကြီးထဲမှာ တုဖက်မပြိုင်နိုင်တဲ့ အစစ်အမှန်ပါရမီရှင်များလား ။ဒီကမ္ဘာကြီးကို တစ်ချိန်ချိန်မှာ လွှမ်းမျုးချုပ်ကိုင်နိုင်မယ့်သူလား ။ စကြဝဠာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေလောက်သည့် ရွေးချယ်ခံလူသား ဖြစ်နေတာများလားဟ ။

ဝမ်ဖုန်းသည် ခေါင်းခါယမ်းလိုက်ပြီး ပေါက်ကရအတွေးများကို စွန့်လွှတ်လိုက်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အရှေ့ကို လျှောက်လှမ်းသွားလိုက်သည်။ ထူးခြားမှုတစ်စုံတစ်ရာမရှိပါဘဲ ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် အကာအရံငယ်လေးအားဖြတ်သန်း၍ အလွယ်တကူဝင်ရောက်သွားပါတော့သည်။

အကာအရံအလွှာငယ်လေးအတွင်းသို့ ရောက်သွားသည်နှင့် တပြိုင်နက် ဝမ်ဖုန်းသည် လုံးဝကို ထိတ်လန့်တုန်လှုပ်သွားပါတော့သည်။ အကာအရံငယ်လေးအတွင်းတွင်၊ အင်မတန်သိပ်သည်းသော ထူးခြားဆန်းကျယ်သည့် စွမ်းအင်များရှ်ိနေသည်။ လေထုအတွင်းတွင် ထူးခြားဆန်းပြားသော အမွှေးနံ့တစ်ခုကိုလည်း ရနေခဲ့သည် ။ မယှဉ်သာလောက်အောင် ခမ်းနားသော စွမ်းအားတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားပါတော့သည်။

ဝမ်ဖုန်း၏ ကျင့်ကြံအဆင့်သည်လည်း ကြန့်ကြာနေခြင်းမရှိပဲ အရူးအမူးကို မြင့်တက်သွားပါတော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အဆုံးအစမဲ့သော တွင်းနက်ကြီးတစ်ခုအလား ကြီးကျယ်ခမ်းနားသော စွမ်းအားများကို အငမ်းမရ ဝါးမျိုးစုပ်ယူလျက်ရှိသည်။

ရာ၊ထောင်နှင့်ချီသော မှော်ဆေးဝါးပင်များကို ဤနေရာငယ်လေးတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် သိမ်းဆည်းထားပြီးဖြစ်သည်။ နှစ်ရာချီသက်တမ်းရှိသော မှော်ဆေးဝါးပင်များ၏တည်ရှိမှုကြောင့် ဤနေရာငယ်လေးအတွင်းတွင် အသိပ်သည်းဆုံး အသန့်စင်ဆုံးသော စွမ်းအားများ ပါဝင်နေပေသည်။

All Chapters