← Chapters

ခန္ဓာနှစ်ခုလား?

Vol. 11 Ch. 146

ခန္ဓာနှစ်ခုလား?

Vol. 11 Ch. 146

"ချင်အာ ၊ သူမက ဘယ်သူများလဲ.."

ဝမ်ဖုန်းသည် ဤမေးခွန်းမှာ အဖြေမရှိနိုင်ကြောင်း နားလည်ထားပါသည်။ သို့သော်လည်း သူအရမ်းကို သိလိုစိတ် ဖြစ်နေမိသည်။ တချိန်တည်းမှာလည်း အရမ်းကို ထိတ်လန့်နေမိသည်။

ဤသည်မှာ ယဲ့မုချင်ကိုသူ ရှေးဟောင်းသလင်းကျောက် ခေါင်းတလားအတွင်း၌ တွေ့မြင်ရသည့် ဒုတိယအကြိမ်ပင် ဖြစ်ပါသည်။ နှစ်ကြိမ်စလုံးသည် ရှန်းလင်ရှေးဟောင်းနယ်မြေထဲ၌ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်မှာ ရှန်းလင်ရှေးဟောင်းနယ်မြေ အတွင်းပိုင်းရှိ ကြေးဝါခန်းမထဲ၌ဖြစ်သည်။ ဤတစ်ကြိမ်မှာတော့ ရှန်းလင်ရှေးဟောင်းနယ်မြေ အောက်ခြေ၌ ဖုံးကွယ်ထားသော ရှေးဟောင်းဧကရာဇ်တောင်တန်း အတွင်းရှိ ရှေးဟောင်းဂူဗိဗာန်ကြီး အတွင်း၌ ဖြစ်သည်။

ဖြစ်နိုင်တာက ဒီဂူဗိဗာန်ကြီးကို ယဲ့မုချင်အတွက် တည်ဆောက်ထားတာများလား?။

ဒီမှော်ဝင်ဆေးဝါးတွေ အားလုံးကိုလည်း သူမအတွက် စိုက်ပျိုးပေးထားတာများလား?။

ဤအချိန်တွင် ဝမ်ဖုန်းသည် ရှေးဟောင်းသလင်းကျောက် ခေါင်းတလားကြီးထဲ၌ လှဲလျောင်းနေသည့်သူမှာ ယဲ့မုချင်၏ အမွှာညီမ သို့မဟုတ် အမွှာအမဖြစ်ရမည်ဟု တွေးထင်လိုက်မိသည်။ ပြောရလျှင် လူတစ်ယောက်ထဲမှာ ခန္ဓာကိုယ်နှစ်ခု ရှိနေတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သို့သော်လည်း ဤအတွေးအကြံမှာ အလျှင်အမြန်ပင် ပေါ်ပေါက်လာပြီး အလျှင်အမြန်ပင် ပျောက်ကွယ်သွားပါသည်။

ဝမ်ဖုန်းသည် ယဲ့မုချင်နှင့် အချိန်အကြာကြီး အတူရှိနေခဲ့ရခြင်း မရှိသော်လည်း သူတို့နှစ်ယောက်သည် နေ့နေ့ညည အချိန်ကာလများကို အတူတကွ ဖြတ်သန်းကြသူများ ဖြစ်ပါသည်။ ဒါ့အပြင် ယဲ့မုချင်၏ မျက်နှာသည်လည်း မြင်တွေ့ဖူးသူတိုင်း မမေ့ရက်နိုင်အောင် အလွန်တရာလှပလေသည်။

ထို့အပြင် ယဲ့မုချင်၏ ကောက်ကြောင်း ၊ခန္ဓာကိုယ် အဝေ့အဝိုက်လေးများက ဝမ်ဖုန်း၏ စိတ်သံသန္တာန်အတွင်း၌ မြဲမြံစွာ တံဆိပ် ခတ်နှိပ်ပြီးဖြစ်သည်။ သူသည် အကြည့်တစ်ချက်ဖြင့်ပင် ရှေးဟောင်းသလင်းကျောက် ခေါင်းတလားကြီးအတွင်း၌ လှဲလျောင်းနေသည့်သူမှာ ယဲ့မုချင်ဖြစ်ကြောင်း အသေအချာ သိနိုင်ပါသည်။ ထို့ကြောင့်ပဲ ဝမ်ဖုန်းသည် ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာဘဲ ကြောင်အနေမိသည်။

ဝမ်ဖုန်းသည် ကြေးဝါခန်းမကြီးအတွင်းတွင် ဖြစ်ပျက်ခဲ့သလိုမျိုး ရှေးဟောင်းသလင်းကျောက် ခေါင်းတလားထဲက ယဲ့မုချင်သည် ရုတ်တရက် နိုးထလာမလား ဆိုတာကို တွေးမိသွားသည်။ ထို့ကြောင့် သူသည် နေရာမှာပင် မလှုပ်မယက် မက်တတ်ရပ်နေပြီး စောင့်ဆိုင်းနေခဲ့သည်။

" ဂိုဏ်းချုပ်က ဘာဖြစ်လို့ မှော်ဆေးဝါးတွေကိို ဆက်မခူးတော့တာလဲဟ..."

အကာအရံအလွှာ၏ အပြင်ဘက်တွင် ရှိနေသော မဟာနတ်ဆိုး ရွှမ်ရှသည် ပဟေဠိဖြစ်နေသော အမူ အရာဖြင့် တီးတိုးမေးမြန်းလိုက်သည်။

ဂိုဏ်းချုပ် ၊ မအစမ်းပါနဲ့.. ဒီလောက်များတဲ့ ရှေး ဟောင်း မှော်ဆေးဝါးပင်တွေကို ခူးယူရမယ်လေကွာ။

ဝမ်ချုံးယန်နှင့် တုံ့ဖန်းပုပိုင်တို့၏ မျက်နာထက်တွင်လည်း သံသယ ဖြစ်နေသော အမူအရာများ ထုတ် ဖော်ပြသလာကြာသည်။ သူတို့သည် ဝမ်ဖုန်း၏ လက်ရှိ အမူအရာများမှာ ပုံမှန်မဟုတ်ကြောင်း ရှာတွေ့လိုက်ကြသည်။

သို့သော်လည်း သူတို့သည် အကာအရံ အလွှာငယ်လေး အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိလေရာ အပြင်၌ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပါတော့သည်။

တစ်နာရီ တိတိ ကုန်လွန်သွားသည်။ ဝမ်ဖုန်းစောင့်ဆိုင်းနေသော ယဲ့မုချင်မှာ ရုတ်တရက် နိုးထလာခြင်း မရှိသေးပေ။

ဝမ်ဖုန်းသည် သက်ပြင်းဖွဖွ ချလိုက်ပြီး လျှို့ဝှက်စွာ မေးမြန်းလိုက်သည်။ " စနစ်... လူတစ်ယောက်တည်းမှာ ခန္ဓာကိုယ်နှစ်ခု ရှိနိုင်ဖို့ဆိုတာ ဖြစ်နိုင်လို့လား."

" ဒင်... ကျင့်ကြံသူတွေဆိုတာ မိုးကောင်းကင်ကို ဆန့်ကျင်တဲ့ သူတွေပါ၊ ဒီဖြစ်ရပ်တွေက ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် ပိုင်ရှင်ရဲ့ အဆင့်က လုံလောက်အောင် မြင့်မားခြင်းမရှိသေးပါဘူး"

စနစ်၏ အေးစက်စက် စကားသံများကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်ဝန်းများက တောက်ပသွားသည်။ ယဲ့မုချင်မှာ ခန္ဓာကိုယ်နှစ်ခု ရှိနေတာများလား?။ ဒါဆို သူရော ဘာလုပ်ရမလဲ?။ သူလည်း ခန္ဓာကိုယ် နှစ်ခုခွဲခြားပြီး...

ဝမ်ဖုန်းသည် ခေါင်းခါလိုက်ပြီး ပေါက်တတ်ကရ အ တွေးများကို ခါထုတ်လိုက်သည်။ ပြီးတော့သူ ထပ်မေးလိုက်သည်။ " ယဲ့မုချင်ရဲ့ အထောက်အထားတွေကို ရှာပေးနိုင်မလား စနစ်"

" ဒင်... ပိုင်ရှင်၏ လက်ရှိ ကျင့်ကြံဆင့်မှာ လုံလောက် အောင် မမြင့်မားသေးတာကြောင့် စုံစမ်း စစ်ဆေးဖို့ မဖြစ်နိုင်ပါဘူး ၊ ပိုင်ရှင်ရဲ့ ကျင့်ကြံဆင့်က ဆန်းကြယ်သူတော်စင် ဒါမှမဟုတ် ဒီထက်မြင့်မယ် ဆိုရင်တောင် ဒီကိစ္စကို စုံစမ်းပေးဖို့ မဖြစ်နိုင်ပါဘူး ၊ ဒီအမျိုးသမီးရဲ့ ဖြစ်တည်မှုက ပိုင်ရှင် တွေးထင်ထားတာထက် အများကြီး ပိုပါတယ် ၊ ဒါကြောင့်မလို့ ဒီကိစ္စကို ဆက်လက်စုံစမ်းဖို့ တွေးမနေပါနဲ့တော့.."

ဝမ်ဖုန်းသည် မျက်မှောင် ကြုတ်လိုက်သည်။ စနစ်၏ တားမြစ်သတိပေးချက်ကို ရရှိခြင်းမှာ သူ့အတွက် ဤသည်မှာ ပထမဆုံး အကြိမ်ပဲ ဖြစ်သည်။ ကြည့်ရတာ ယဲ့မုချင်၏ ဇစ်မြစ်က တကယ့်ကို ထိတ်လန့်ဖွယ်ရာ ပင်၊ စနစ်တောင်မှ ယဲ့မုချင်ကို ကြောက်လန့်နေရသည်။

ဟုတ်ပါသည်၊ ဝမ်ဖုန်းသိထားပါသည်။ ဤသည်မှာ သူ၏ ကျင့်ကြံဆင့်က လုံလောက်အောင် မမြင့်မားသေးတာကြောင့် စနစ်က လုပ်ဆောင်နိုင်စွမ်း မရှိသေးခြင်းသာ ဖြစ်သည်။

" ဒါပေမယ့် ဒီခန္ဓာကိုယ်ကို တာအို ခန္ဓာကိုယ်လို့ ခေါ်တာကို တော့ ပိုင်ရှင်ကို အသိပေးလို့ရပါတယ်"

" တာအိုခန္ဓာကိုယ် ဆိုတာ ဘာများလဲ?"

" ပိုင်ရှင်ရဲ့ အဆင့်က လုံလောက်အောင် မမြင့်မားသေးကြောင့် သိခွင့်မရှိပါဘူး"

နောက်ဆုံးတော့လည်း သူ့ရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်းနေတာပဲဟ!

ဝမ်ဖုန်းသည် သက်ပြင်း ဖွဖွချလိုက်သည်။ နောက် ထပ် ဘယ်မေးခွန်းကိုမှ မမေးမြန်းတော့ပေ။ သူသည် ရှေးဟောင်းသလင်းကျောက် ခေါင်းတလားကြီးထဲက ယဲ့မုချင်ကို နက်နက်ရှိုင်းရှိုင်း တစ်ခေါက် ကြည့်လိုက်ပြီး အကာအရံအလွှာ အပြင်ဘက်ကို လှည့်ထွက်ခဲ့လိုက်သည်။

သူသည် မှော်ဆေးဝါးပင်များကို ဆက်လက်ခူးယူခြင်း မပြုတော့ပါ။ သူသာ မှော်ဆေးဝါးပင်များကို ဆက်လက်ခူးယူလိုက်ပါက ယဲ့မုချင်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်သွားမှာကို ကြောက်လန့်နေသည်။ ထိုအကျိုး သက်ရောက်မှုက နည်းပါးနေလျှင်တောင်မှ ဝမ်ဖုန်းသည် ယဲ့မုချင်အား နာကျင်ထိခိုက် စေလိုခြင်း မရှိပါပေ။

သူသည် ရွှမ်းဝူမှော်ဆေးဝါးကို အမှန်တကယ် လိုအပ်နေ၍ မဟုတ်ပါက ဝမ်ဖုန်းသည် ခူးယူထားပြီးသော ထိုဆေးပင်ကိုတောင် ပြန်စိုက်ပေးလောက်သည်။

"ဂိုဏ်းချုပ်၊ မှော်ဆေးဝါးပင်တွေကို ဘာလို့ဆက် မခူးတော့တာလဲ"

အကာအရံအလွှာမှ ဝမ်ဖုန်းထွက်လာသည်နှင့် တစ် ပြိုင်နက် မဟာနတ်ဆိုး ရွှမ်ရှသည် ဝမ်ဖုန်းဆီ အပြေးတစ်ပိုင်းဖြင့် ရောက်လာပြီး သံသယများဖြင့် မေးမြန်းလိုက်သည်။

တုံ့ဖန်းပုပိုင်နှင့် ဝမ်ချုံးယန်တို့သည် ဘာစကားတစ်ခွန်းမှ မပြောခဲ့ကြသော်လည်း သူတို့နှစ်ယောက် က ဝမ်ဖုန်းအား စူးစိုက်ကြည့်မိ လိုက်ကြသည်။ သိသာစွာနဲ့ဘဲ သူတို့သည်လည်း ဝမ်ဖုန်းက အဘယ့်ကြောင့် မှော်ဆေးဝါးများကို ဆက်လက်ခူးယူခြင်း မရှိသည်ကို သ်ိချင်ခဲ့ကြသည်။

"ရှေးဟောင်းခေါင်းတလားကြီးထဲမှာ ရှိနေတဲ့လူက ဒီဂိုဏ်းချုပ်နဲ့ ပက်သက်နေတယ်၊ ဒီဂိုဏ်းချုပ်က သူမရဲ့ ပစ္စည်းတွေကို မထိချင်ဘူး" ဝမ်ဖုန်းက မဟာနတ်ဆိုး ရွှမ်ရှအား တစ်ချက် ဝေ့ကြည့်လိုက်ကာ တီးတိုးပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ မ ဟာနတ်ဆိုး ရွှမ်ရှသာမကာ တုံ့ဖန်းပုပိုင်နှင့် ဝမ်ချုံးယန်တို့ကတောင် ထိတ်လန့်သွားခဲ့ကြသည်။ သူတို့သည် အကာအရံ အလွှာထဲက ရှေးဟောင်းခေါင်းတလားကြီးအား လှည့်ကြည့်မိလိုက်ကြပြီး ယင်းနောက်မှ တဖန် ဝမ်ဖုန်းအား ပြန်လည် လှည့်ကြည့်မိလိုက်ကြသည်။

မဟာနတ်ဆိုး ရွှမ်ရှသည် သူ၏ပါးစပ်အား ဖွင့်ဟ လျှက် တစ်စုံတစ်ခုကို ပြောချင်ခဲ့သည်။ သို့သော်လည်း သူဟာ နောက်ဆုံးမှာ ဘာစကားတစ်ခွန်းကိုမှ မပြောခဲ့ပါပေ။ တုံ့ဖန်းပုပိုင်နှင့် ဝမ်ချုံးယန်တို့ကလည်း မည်သည့်စကားကိုမှ ပြောဆိုမလာခဲ့ပေ။

ဝမ်ဖုန်းသည် မဟာနတ်ဆိုး ရွှမ်ရှနှင့် တခြားသောသူများကို လျစ်လျူရှုထားခဲ့သည်။ ဤအချိန်တွင် သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေး နေမိသည်။ သူသည် ရှေးဟောင်းသလင်းကျောက် ခေါင်းတလားကြီးအား လည်ပြန် လှည့်ကြည့်လျှက် ပြောဆိုလိုက်သည် " သွားကြရအောင် ၊ အခုငါတို့မှာ ရွှမ့်ဝူ မှော်ဆေးဝါးလည်း ရနေပြီဆိုတော့ ထွက်သွားရမယ့်အချိန်ပဲ "

အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ရှေးဟောင်းခေါင်းတလားကြီးထဲမှာ လှဲလျောင်းနေသူသည် ယဲ့မုချင် ဖြစ်ကြောင့် သိလာရသည့်အခါ ဝမ်ဖုန်းသည် တစ်စုံတစ်ခုကို ခပ်ရေးရေးမျှ ခံစားလိုက်မိသည်။ သူမ ဒုက္ခရောက်နေတာလား?။

သူပိုပြီး လျှင်လျှင်မြန်မြန် သန်မာလာချင်တယ်။ ယဲ့မုချင်ရဲ့ ဘေးဒုက္ခတွေကို ကာကွယ်ကူညီ ပေးနိုင်တဲ့အထိ တိုင်အောင် သူပိုပြီးသန်မာ လာချင်တယ်။

ယဲ့မုချင်က ဘယ်သူပဲဖြစ်ပါစေ၊ သူဆိုတဲ့ ဝမ်ဖုန်းက သူမကို ဘဝတစ်လျှောက်လုံး ကာကွယ်ပေးသွားမည်။

ဘယ်သူကမှ သူရဲ့ချင်အာကို ထိခိုက်အောင် မလုပ်နိုင်စေရဘူးကွ ။

လူတစ်စုသည် ရှေးဟောင်းဂူသချိုင်းထဲက တိတ် ဆိတ်စွာနဲ့ဘဲ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။

ဝမ်ဖုန်း၏ နှလုံးသားသာမက မဟာနတ်ဆိုးရွှမ်ရှနှင့် တခြားသောသူများ၏ နှလုံးသားသည်လည်း ဤအချိန်တွင် ထုံကျင်နေကြသည်။

နှစ်ပေါင်းမည်မျှကြာအောင် ရှေးဟောင်းသလင်းကျောက် ခေါင်းတလားကြီးသည် မြေကြီးအောက် ခြေတွင် နစ်မြုပ်ခံထားရကြောင်း သူမသိပါပေ။ ထို့ပြင် ထိုခေါင်းတလားကြီးပေါ်တွင် တုန်လှုပ်စရာကောင်းသော လက်ရေးမူများကိုလည်း ရေးထွင်းထားပါသည်။ ဤ ရှေးဟောင်းသလင်းကျောက် ခေါင်းတလားကြီး၏ မူလ ဇစ်မြစ်မှာ အလွန်ပင် ထွတ်လန့်ဖွယ် ကောင်းပေလိမ့်မည်။

ဒီလို လူပုဂ္ဂိုလ်တစ်ယောက်က ဂိုဏ်းချုပ်နှင့် ပက်သက်နေတယ် တဲ့လား။ ဒါဆို ဂိုဏ်းချုပ်ရဲ့ မူလဇစ်မြစ်ကရော..။

မဟာနတ်ဆိုး ရွှမ်ရှသည် အလွန်အမင်း ထိတ်လန့်သွားကာ ဆက်လက်တွေးတော ဝံ့ခြင်း မရှိပါတော့ချေ။

ရှေးဟောင်းဂူဗိဗာန် အတွင်းမှ ထွက်ခွာလာပြီးနောက်တွင် ဝမ်ဖုန်းနှင့် အခြားသူများသည် ရှေးဟောင်း ဧကရာဇ်တောင်တန်းမှ တုံ့ဆိုင်းခြင်း အလျှင်းမရှိဘဲ ထွက်ခွာလာခဲ့ကြသည်။

တစ်ခဏ အကြာတွင် ဝမ်ဖုန်းနှင့် အခြားသူများသည် ရှန်းလင် ရှေးဟောင်းနယ်မြေ အတွင်းသို့ ပြန်လည် ရောက်ရှိလာကြသည်။ ဝမ်ဖုန်းသည် သစ်ပင်အမြစ်များ ၏ အလယ်တွင် ဖုံးကွယ်နေသော အပ်ကွဲကြောင်း ကြီးကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည် " ချုံးယန် ၊ ဒီဝင်ပေါက်ကိုကာကွယ်ဖို့ ဖုံးကွယ်ရေး အစီအရင် တစ်ခုကို အသုံးပြုလိုက်ပါ"

ဧကရာဇ်တောင်တန်းသည် ယဲ့မုချင်နှင့် ပက်သက်နေသည်။ ထို့ကြောင့် ဝမ်ဖုန်းသည် ဧကရာဇ်တောင်တန်း အတွင်းသို့ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဝင်ရောက်စေလိုခြင်းမရှိပါပေ။

ဝမ်ချုံးယန်၏ ပဥ္စမ အဆင့် အစီအရင်ပညာ ဖြင့်ဆိုလျှင် သူခင်းကျင်းလိုက်သော ဖုံးကွယ်ရေး အစီအရင်ကို ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များကတောင် အစီအရင်ပညာ၌ ကျွမ်းကျင်ခြင်းမရှိပါက ရှာတွေ့နိုင်မှာ မဟုတ်ပါပေ။

ဝမ်ချုံးယန်သည် ခေါင်းညိမ့် လိုက်သည်။ သူသည် သူ၏ လက်ကောက်ဝတ်ကို ခါယမ်းလိုက်သည့်အခါ အစီအရင် အလံငါးခုသည် သူ၏ လက်အတွင်း၌ ဖြစ်ပေါ်လာသည်။ သူသည် သူ၏ စွမ်းအင်များကို အသုံးပြု၍ အစီအရင်အလံ ငါးခုကို ဝင်ပေါက် ပတ်ပတ်လည်တွင် ထိုးစိုက်လိုက်သည်။

"ဒြပ်စင်ငါးပါး မသေမျိုး ဖုံးကွယ်ရေး အစီအရင်အသက်ဝင်စေ"

ဝမ်ချုံးယန်က ခပ်ဖွဖွ ဟစ်ကြွေးလိုက်သည့်အခါ အစီအရင် အလံငါးခုစီမှာ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ အလင်းတန်းငါးခုသည် ပြန့်ကားသွားကာ တစ်ခုနှင့်တစ်ခု ထိစပ်မိသွားလျှက် အကာအရံအလွှာ ကြီးတစ်ခုအဖြစ် ဖြစ်တည်သွားကာ ဝင်ပေါက်အား ဖုံးကွယ်လိုက်ကြသည်။

အကာအရံအလွှာကြီး အပြည့်အဝ ဖြစ်တည်သွားသည့် အခါ ဝင်ပေါက်အား ထပ်မံ တွေ့မြင်ရခြင်း အလျှင်းမရှိတော့ပေ။

ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေသော ဝမ်ဖုန်းသည် ဤသည်ကို တွေမြင်လိုက်ရသည့်အခါ သူ၏ စိတ်ဝိညာဥ် စွမ်းအင်ကို ဖြန့်ကျက်ပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက်သူသည် ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်သည်။ အဆင့်ငါး အစီအရင် ပညာရှင်ဟု ဆိုသည့်အတိုင်းပါပင်။ သူ၏ ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့် ကျင့်ကြံဆင့်ဖြင့်တောင်မှ ဝမ်ဖုန်းသည် ဝင်ပေါက်၏ အ ရှိန်အဝါကို ယောင်ဝါးဝါးသာ ခံစားသိရှိနိုင်တော့ သည်။

All Chapters