← Chapters

လမ်းများသည် ကျဥ်းမြောင်း၏။

Vol. 11 Ch. 147

လမ်းများသည် ကျဥ်းမြောင်း၏။

Vol. 11 Ch. 147

"သွားကြစို့"

ဝမ်ဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့အဖွဲ့သည် ရှန်းလင်ရှေးဟောင်းနယ်မြေမှ ထွက်ခွာလာကြပြီး လေမြို့တော် ရှိရာဆီသို့ ဦးတည်ပျံသန်း လာကြသည်။

ရာထောင်ချီသော မှော်ဆေးဝါးပင်များကို မရိတ် သိမ်းနိုင်ခဲ့ဘူး ဆိုလျှင်တောင်မှ ရှန်းလင်ရှေးဟောင်း နယ်မြေသို့ လာရာခရီးတွင် ဝမ်ဖုန်းသည် အကျိုး အမြတ်များစွာ ရရှိခဲ့ပါသေးသည်။

သူသည် ဝမ်ချုံးယန်ကို ဆင့်ခေါ်မိလိုက်ရုံသာမက အသုံးမပြုရသေးသော အဆင့်မြင့်ကျပန်း ဆင့်ခေါ်ခွင့်တစ်ကြိမ်ကိုလည်း လက်ခံရရှိထားသည်။ ထိုဆင့်ခေါ်ခွင့်ကိုသာ အသုံးပြုလိုက်ပါက သူ၏ ရှန်ရှန့်ကျုံ ဂိုဏ်းတွင် နောက်ထပ် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်တစ်ယောက် ထပ်မံတိုးပွားလာပေလိမ့်မည်။

သိုသော်လည်း ဝမ်ဖုန်းသည် ဤဆင့်ခေါ်ခွင့်ကို ချက် ချင်းအသုံးပြုရန် အစီအစဥ်မရှိသေးပါချေ။ သူသည် ထိုဆင့်ခေါ်ခွင့်ကို သိမ်းဆည်းထားပြီး စနစ်ကို အဆင့်သုံးသို့ မြှင့်တင်ပြီးမှသာ အသုံးချရန် ကြံစည်ထားသည်။

သူသာ လေဧကရာဇ်ကို ကုသပေးလိုက်ပြီး လေဧကရာဇ်က သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးမည်ဆိုလျှင် စနစ်ကို အဆင့်သုံးထိတိုင် အဆင့်မြှင့်တင်နိုင်ပါလိမ့်မည်။ နာရီအနည်းငယ် ကြာအောင်ပျံသန်း ပြီးနောက်မှာ ဝမ်ဖုန်း နှင့်အခြားသူများသည် ခမ်းနားကြီးကျယ်သော မဟူရာမြို့တော်ကြီးကို တွေ့မြင်လိုက်ရသည်။ ဝမ်ဖုန်းတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်လက်ပျံသန်းခဲ့ကြသည်။ လေမြို့တော်တွင် ပျံသန်းခြင်းကို တားမြစ်ထားသည်။ ဤသည်မှာ လေဧကရာဇ်ကိုယ်တိုင် ချမှတ်ထားသော စည်းမျဥ်းဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ လွန်ဆန်ဝံ့ခြင်း မပြုကြချေ။

သို့သော်လည်း ဝမ်ဖုန်းနှင့် သူလူ့များကတော့ ခြွင်း ချက်ဖြစ်သည်။ သူတို့သည် လေအင်ပါယာကြီး၏ ဂုဏ်သရေရှိ ဧည့်သည်များ ဖြစ်သည့်အလျှောက် ဝမ်ဖုန်းတို့ တတွေကတော့ တော်ဝင်မြို့တော်ကြီး အတွင်း ပျံသန်းခွင့်ရှိကြသည်။

တစ်ခဏအကြာတွင် ဝမ်ဖုန်းနှင့် သူ့လူများသည် သူတို့အနားယူရန် လေဧကရာဇ်မှ စီစဥ်ပေးထားသော ဂုဏ်သရေခန်းမ ရှိရာသို့ ဆင်းသက်လိုက်ကြသည်။

" ဂိုဏ်းချုပ်ဝမ်...၊ ဂိုဏ်းချုပ်တို့ကို စောင့်ဆိုင်းဖို့ ဧကရာဇ်က ကျွန်မကို အမိန့်ပေးထားတာပါ ၊ ဂိုဏ်းချုပ်တို့ ပြန်လာရင် မဟာလေခန်းမကို သွားဖို့ မှာကြားထားပါတယ်"

ဝမ်ဖုန်းနှင့် အခြားသောသူများ ဂုဏ်သရေခန်းမအရှေ့သို့ သက်ဆင်းလိုက်သည့် အချိန်မှာပဲ လှပသော အစေခံမိန်းမပျိုလေး တစ်ယောက်က သူတို့ကို နှုတ်ဆက်လိုက်သည်။သူမသည် လေးလေးစားစား ဂါရဝပြုကာ ကျယ်လောင်သော လေသံဖြင့် ပြောဆိုလိုက်ပါသည်။

ပြဿနာ စတင်ဖြစ်ပေါ်လေပြီ။

အစေခံမလေး၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်မိသွားသည်။ သူ၏ မျက်ဝန်းများအတွင်း၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပါသည်။

သူ၏ပြန်အလာသည် လေဧကရာဇ် ရှင်သန်ခြင်း၊ သေဆုံးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ သူ့ကိုစောင့်ကြိုနေဖို့ အစေခံတစ်ယောက်ကိုပဲ လွှတ်တယ်ဆိုတာ ဖြစ်သင့်ပါရဲ့လား?။

ဖြစ်နိုင်သည်မှာ တစ်စုံတစ်ရာကတော့ မှားယွင်းနေပေသည်။ ထို့အတွက်ကြောင့်သာ လေဧကရာဇ်နှင့် တခြားသူများက သူ့အား လာရောက်မကြိုဆိုနိုင် ခြင်းပင် ဖြစ်ပေလိမ့်မည်။

တုံ့ဆိုင်းနေခြင်း အလျှင်းမရှိဘဲ ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်နှင့် အခြားသူများအား ခေါ်ဆောင်လျှက် မဟာလေခန်းမရှိရာသို့ ထွက်ခွာသွားခဲ့သည်။ မဟာလေခန်းမသည် လေဧကရာဇ် စံတော်မူရာ နန်းဆောင်ပင် ဖြစ်တော့သည်။ ဝမ်ဖုန်းတို့ မဟာလေခန်းမရှိရာသို့ သွားနေကြစဥ်တွင် တော်ဝင်မင်းသားသည်လည်း သူ၏ နန်းတော်ကြီးအတွင်း၌ ရှိနေလေသည်။

မှောင်မဲနေသော အခန်းကြီးထဲတွင်....

"ဦးရီးတော်... ရှန်ရှန့်ကျုံဂိုဏ်းကလူတွေ ပြန်ရောက် လာပြီလို့ သတင်းရထားတယ်" မုရှင်းချန်၏ အသံသည် မှောင်မဲနေသော အခန်းကြီးအတွင်း၌ ပဲ့တင် ထပ်သွားသည်။

"ပြပွဲကောင်းကြီး တစ်ပွဲတော့ စတင်ပြီပေါ့ကွာ..." အိုမင်းရင့်ရော်နေသည့် အသံတစ်သံသည်လည်း ထွက်ပေါ်လာလေသည်။

"ဦးရီးတော်ရဲ့ အကြံအစည်က တစ်ကယ့်ကို ကောင်းမွန်လှပါတယ်ဗျာ ၊ ရှင်းချန်က ဦးရီးတော်ဆီကနေ အများကြီး သင်ယူဖို့လိုအပ်ပါသေးတယ်.၊ ဦးရီးတော်ရဲ့ ဒဏ်ရာရော ဘယ်လိုအခြေအနေရှိလဲ?၊ ရှင်းချန် ကုသရေးဆေးတစ်ချို့ကို သွားရောက်ရှာဖွေ ပေးရမလား..."

"မလိုပါဘူး...၊ အဲ့ဒီအမျိုးသမီးက ဦးရီးတော်ကို ဓါးနဲ့ထိုးမိခဲ့ပေမယ့် ဦးရီးတော်က ပြတ်ပြတ်သားသား ပြန်လည်ဆုတ်ခွာခဲ့တာမလို့ ဒဏ်ရာက သိပ်မနက်ဘူး၊ အခုဆိုရင် အပြည့်အဝတောင် ပြန်ကောင်းလုနီးပါး ဖြစ်နေပြီ.."

"ဒါကောင်းတယ်...၊ ရှင်းချန်အတွက် လုပ်ပေးခဲ့တဲ့ အရာရာတိုင်းအတွက် ဦးရီးတော်ကို ကျေးဇူးတင်ပါတယ်..၊ ရှင်းချန်က ဦးရီးတော်ရဲ့ ကျေးဇူးတရားတွေ ကို နှလုံးသားထဲမှာ သေသေချာချာ မှတ်သားထားမှာပါ.."

"မင်းမှာ ဒီလိုစိတ်ထားမျိုး ရှိရင်ဘဲ ဦးရီးတော်က ကျေနပ်ပါပြီကွာ၊ ခဏလောက်တော့ ဆက်ပြီး သည်းခံလိုက်ဦး ၊ လူသတ်ဝိဇ္ဇာက သတ်ဖြတ်ရေးတာအိုနတ်ဘုရား (၁၂)ပါးကို ဦးဆောင်ပြီး လာနေပြီကွ..၊ နန်းပလ္လင်က မကြာခင်မှာ မင်းအတွက်ဖြစ်တော့မှာပါ.."

"ကျေးဇူးတင်ပါတယ် ဦးရီးတော် ၊ ကျွန်တော်က လူသတ်ဝိဇ္ဇာကို လေးစားနေတာ ကြာလှပါပြီ ၊ သူ့ကို တွေ့ဖို့မစောင့်နိုင်တော့ဘူး"

..........

ဝမ်ဖုန်းနှင့် သူ့လူများသည် မဟာလေခန်းမကြီးအ တွင်းသို့ အတားအဆီးမရှိဘဲ ဝင်ရောက်လာခဲ့ကြသည်။ သူတို့ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် မြင့်မြတ်သော လေဧကရာဇ် ၊ လေဧကရီနှင့် လေအင်ပါယာကြီး၏ ဆန်းကြယ်အဓိပတိအဆင့် အကြီးအကဲ မြောက်မြားစွာကို တွေ့မြင်လိုက်ကြရသည်။

" ဂိုဏ်းချုပ်ဝမ်... မတော်တဆမှုလေးတစ်ခု ရုတ် တရက် ဖြစ်လာတာကြောင့် ဒီဧကရာဇ်က ဂိုဏ်းချုပ်ဝမ်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက် မကြိုဆိုနိုင်ခဲ့ဘူး၊ ဂိုဏ်းချုပ်ဝမ် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်.." လေဧကရာဇ်က လေဧကရီ၊ အခြားသော အကြီးအကဲများနှင့်အတူ ဝမ်ဖုန်းအား အလျှင်အမြန် ဂါရဝပြုလိုက်ပြီး တောင်းပန်လိုက်သည်။

" ဘာဖြစ်တာလဲ.." ဝမ်ဖုန်းသည် သူ၏လက်ကို ဝှေ့ ယမ်းကာ မေးမြန်းလိုက်သည်။

အစက လေဧကရာဇ်သည် ဝမ်ဖုန်းတစ်ယောက် ခန္ဓာသန့်စင်သော မှော်ဆေးဝါးအား ရှာဖွေတွေ့ရှိပြီလားဟု မေးချင်ခဲ့သည်။ သို့သော်လည်း ဝမ်ဖုန်း၏အမေးစကားကို ကြားရသည့်အခါ လေဧကရာဇ်၏ မျက်နာကြီးတစ်ခုလုံးသည် အရုပ်ဆိုးသွားသည်။

"ဂိုဏ်းချုပ်ဝမ်တို့ ထွက်သွားပြီး မကြာခင်မှာဘဲ ချန်းလန်ဓါးဂိုဏ်းလို့ခေါ်တဲ့ ပုန်းကွယ်နေတဲ့ ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းက အင်ပါယာမြောက်ပိုင်းက ရွှမ်ကျင်းတောင်တန်းတွေဘက်မှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်၊ ဘာအကြောင်းကြောင့်လည်း မသိဘူး။ အဲ့ဒီ ချန်းလန်ဓါးဂိုဏ်းက လေအင်ပါယာနဲ့ ဆွေးနွေးဖလှယ်ဖို့ဆိုပြီး တပည့်တွေ တော်တော်များများ စေ လွှတ်လိုက်တယ်.."

"အင်ပါယာရဲ့ အခြေအနေကို ဂိုဏ်းချုပ်ဝမ်လည်း အတော်အတင့် ရိပ်စားမိမယ်လို့ ထင်ပါတယ်လေ ၊ ဒီဧကရာဇ်ရဲ့ လေအင်ပါယာက ပုန်းကွယ်နေတဲ့ ရှေး ဟောင်းဂိုဏ်းကြီးနဲ့တော့ မယှဥ်ပြိုင်နိုင်ခဲ့ဘူး၊ ဒါ့ကြောင့်မလို့ သဘောတူလိုက်ရုံပဲ တတ်နိုင်ခဲ့တယ်"

"ယွင်ဖေးလည်း ဒီပညာဖလှယ်တဲ့ သိုင်းပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး သူက ချန်းလန်ဓါးဂိုဏ်းက တပည့်တစ်ယောက်ကို မတော်တဆ သတ်မိလိုက်တယ်လေ၊ ချန်းလန်ဓါးဂိုဏ်းက အရမ်းကို ဒေါသထွက်သွားခဲ့ပြီးတော့ ဂိုဏ်းချုပ်ကိုယ်တိုင်ရောက်လာပြီး ယွင်ဖေးကို အတင်းအဓ္ဓမ ခေါ်ထုတ်သွားခဲ့တယ်"

လေဧကရာဇ်၏ ဒေါသထွက်နေသော အသံကြီးတစ်သံ သည် ခန်းမအတွင်း ဟိန်းထွက်သွားခဲ့သည်။ သူသာ ကောင်းကင်ဘုံ၏ ချို့ယွင်းချက်ကြီး (၅)ချက်နှင့် ရင်ဆိုင်ကြုံတွေ့နေရ၍ မဟုတ်ပါက ချန်းလန်ဓါးဂိုဏ်း အနေဖြင့် ဤမျှပမာဏအထိ မောက်မာနိုင်ပါမည်လော။ ဤသည်မှာ သူ၏လေအင်ပါယာအား လုံးဝ ပျက်ရယ်ပြုလိုက်ခြင်းပင်။

''သြော်... ရန်သူတွေအတွက် လမ်းတွေဆိုတာ တယ်လည်း ကျဥ်းမြောင်းသကိုး.."

ဤသည်ကိုကြားသည့်အခါ ဝမ်ဖုန်းသည် အေးစက်သော အပြုံးတစ်ပွင့်ဖြင့် လှောင်ရယ်ပြောဆိုလိုက်သည်။ အစက သူသည် ချန်းလန်ဓါးဂိုဏ်းနှင့် ပက်သက်ပြီး အလျှင်စလို ကိုင်တွယ်မဖြေရှင်း ချင်ခဲ့သေးပေ။ သို့သော်လည်း ချန်းလန်ဓါးဂိုဏ်းမှာ သေမင်းအား ကိုယ်တိုင်ကိုယ်ကျ ရှာဖွေနေလိမ့်မည်ဟု သူထင်မထားခဲ့။

" အိုး... ဂိုဏ်းချုပ်ဝမ်လည်း ချန်းလန်ဓါးဂိုဏ်းက လူတွေနဲ့ တွေ့ခဲ့သေးတာလား?"

ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ လေဧကရာဇ်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်း ရောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ လေဧကရီ အခြားသောသူများနှင့် လေဧကရာဇ်တို့က မျှော်လင့်စောင့်စားနေသော အကြည့်ဖြင့်ကြည့်ကာ မေးမြန်းလိုက်ကြသည်။

ဝမ်ဖုန်းသည် လေဧကရာဇ်၏ အမေးစကားကို ပြန်လည်းဖြေကြားခြင်း မရှိဘဲ လေဧကရီအားစူးစိုက်ကြည့်ကာ ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်သည် " မင်းရဲ့သားတော်က အတင်းအဓ္ဓမ ခေါ်ထုတ်ခံသွားရတာ တောင်မှ မင်းကအဲ့တာကို ဆက်လက်ဖုံးကွယ်ဖို့ ကြိုးစားနေတုန်းလား?"

ဝမ်ဖုန်းသည် လေဧကရီအား စတင်တွေ့မြင်လိုက်သည့် အချိန်မှစ၍ ထိုလေဧကရီမှာ မရိုးရှင်းကြောင်း သတိပြုမိထားပါသည်။ သူမ၏ ကံတရားမှာ လေဧကရာဇ်၏ ကိုယ်ပိုင်ကံတရားထက်တောင် မြင့်မားနေသေးသည်။ ဝမ်ဖုန်းသည်တောင် ဤအချက် အလက်ကြောင့် အလွန်အမင်း အံ့ဩခဲ့ရသေးသည်။

ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ လေဧကရာဇ်သာမက လေဧကရီ၏ မျက်ဝန်းသူငယ်အိမ်များသည်လည်း ပြင်းပြင်းထန်ထန် လှုပ်ရှားသွားသည်။ သူတို့၏ မျက်နာများထက်တွင် ထိတ်လန့်နေသော အမူအရာများ ထွက်ပေါ်လာခဲ့ကြသည်။ ဝမ်ဖုန်းသည် လေဧကရီ၏ လျှို့ဝှက်ချက်ကြီး တစ်ခုလုံးကို ရိပ်စားမိလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပါ။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ဤစကားများကို ကြားလိုက်ရသည့်အခါ အင်ပါယာ အကြီးအကဲများ၏ မျက်ဝန်းများသည် ထူးဆန်းသော အလင်းရောင်များ လင်းလက်သွားပြီး သူတို့သည် လေဧကရီအား စူးစိုက်ကြည့်မိလိုက်ကြသည်။ ဧကရီက သူတို့မသိအောင် အချက်အလက်အချို့ကို ဖုံးကွယ်ထားတာလား?။

"ထွက်သွားကြ.." လေဧကရာဇ်သည် အင်ပါယာအ ကြီးအကဲများအား ဝေ့ဝဲကြည့်ပြီး ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်သည်။ သူ၏စကား လုံးများထဲတွင် မလွန်ဆန်နိုင်သော အာဏာသံများ ပါဝင်နေပေသည်။

"မှန်လှပါ..." အင်ပါယာအကြီးအကဲများသည် လေဧကရီ ဖုံးကွယ်ထားသော အချက်အလက်များကို သိရှိလိုစိတ်ရှိသော်လည်း သူတို့သည် ဧကရာဇ်၏ အမိန့်ကိုတော့ မလွန်ဆန်ဝံ့ကြပါပေ။ သူတို့ဟာ လေးလေးစားစား ဂါရဝ ပြုလိုက်ပြီး အလျှင်အမြန်ပဲ ထွက်ခွာသွားကြာပါတော့သည်။

" ဧကရီဝင်မပါအောင် တားဆီးလိုက်တာ ငါကိုယ် တော်ပါဘဲ၊ ဂိုဏ်းချုပ်ဝမ် သိသွားပြီဆိုမှတော့ ဒီဧကရာဇ်ကလည်း ဆက်လက်ဖုံးကွယ် မနေတော့ပါဘူး"

အင်ပါယာအကြီးအကဲများ ထွက်ခွာသွားပြီးနောက်မှာ လေဧကရာဇ်သည် သက်ပြင်းချကာ ပြောဆိုလိုက်သည်။ "ဧကရီက သူမရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာပါ၊ သူမရဲ့ ကျင့်ကြံဆင့်က ဒီဧကရာဇ်ထက်တောင် မြင့်မားနေပြီး ဆန်းကြယ်သူတော်စင် အထွတ်အထိပ်အဆင့်မှာပဲ ၊ မလွှဲမရှောင်သာ အခြေအနေမှမဟုတ်ရင် ဧကရီက လှုပ်ရှားမှာ မဟုတ်ပါဘူး ၊ ဒီလိုမှ မဟုတ်ရင် ကပ်ဘေးကြီးတစ်ခု အစပြုလာလိမ့်မယ်"

"ဘာ ကပ်ဘေးဆိုးကြီးလဲ? ၊ မင်းတို့ လေအင်ပါယာကတောင်မှ မတားဆီးနိုင်ဘူးလား? ၊ မင်းရဲ့သားတော်တစ်ယောက်လုံး ဖမ်းခေါ်ခံသွားရတာတောင်မှ မင်းက မလှုပ်ရှားဘူးပေါ့လေ" ဝမ်ဖုန်းသည် သူ၏ မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး လေးနက်စွာ ပြော ဆိုလိုက်သည်။

"ဒီ အရာတွေအားလုံးကို ငါကိုယ်တော်ကိုပဲ အပြစ် တင်ရမှာပါပဲလေ ၊ အဲ့ဒီအချိန်တုန်းက ဒီဧကရာဇ်က ငယ်ရွယ်သေးပြီး မောက်မာလွန်းခဲ့တယ် ။ ဒီဧကရာဇ်က လေအင်ပါယာကြီးက ထွက်ခွာပြီး ပြင်ပကမ္ဘာကို လှည့်လည် စူးစမ်းခဲ့တယ် ။အဲ့ဒီအချိန်မှာပဲ မျှော်လင့်မထားဘဲ ဘေးဒုက္ခ ကျရောက်နေတဲ့ အင်ပါယာကြီးတစ်ခုထဲကို ရောက်ရှိသွားခဲ့တယ် ၊ ဒီဧကရာဇ်က အဲ့ဒီအင်ပါယာကြီးထဲမှာ အမျိုးသမီးတစ်ယောက်ကို မတော်တဆ ကယ်တင်မိခဲ့ပြီး ငါတို့နှစ်ယောက် ချစ်မိသွားခဲ့ကြတယ်"

"ဧကရီဘုရင်မကြီးက ထျန်းလန်ဒေသမှာရှိတဲ့ အင်မော်တယ်ရှေးဟောင်း မျိုးနွယ်စုတစ်စုက မင်းသမီးပါဘဲ ၊ ငါတို့အဆင့်အတန်းတွေက ကိုက်ညီမှု မရှိပါဘူးလေ ၊ ငါတို့ရဲ့ ချစ်ခြင်းကို အင်မော်တယ် ရှေး ဟောင်း မျိုးနွယ်စုက အပြင်းအထန်ကန့်ကွက် တား ဆီးခဲ့ကြတယ် ၊ အဆုံးမှာတော့.. ဧကရီက ဒီဧကရာဇ် နဲ့အတူ ခိုးရာလိုက်ပြေးခဲ့ပြီး လေအင်ပါယာကြီးကို အတူလိုက်ပါလာခဲ့တယ်..."

" ဧကရီသာ သူမရဲ့ ကျင့်ကြံဆင့်ကို ထုတ်ဖော် ပြသလိုက်မယ်ဆိုရင် သူမကို အင်မော်တယ်ရှေးဟောင်း မျိုးနွယ်စုက သတိပြုမိသွားပြီး လာရောက်ခေါ် ဆောင်ကြလိမ့်မယ် ၊ အဲ့ဒီအချိန်ကျရင် ဒီဧကရာဇ်သာမကဘဲ လေအင်ပါယာကြီး တစ်ခုလုံးလည်း ပြာမှုန်အတိ ပျက်စီးသွားကြရလိမ့်မယ်.."လေ ဧကရာဇ်သည် ပူဆွေးသောကများဖြင့် ပြည့်နှက်နေသော လေသံဖြင့် ပြောဆိုလိုက်ပါသည်။

All Chapters