← Chapters

ချန်းလန်ဓားဂိုဏ်းသို့ သွားရောက်ခြင်း။

Vol. 11 Ch. 150

ချန်းလန်ဓားဂိုဏ်းသို့ သွားရောက်ခြင်း။

Vol. 11 Ch. 150

ဝမ်ဖုန်းနှင့်လေဧကရာဇ်တို့ တော်ဝင်ဘဏ္ဍာတိုက်ဆီမှပြန်လာပြီး မဟာလေခန်းမကြီးအတွင်းသို့ရောက်ရှိလာသောအခါ သူတို့သည် တုံ့ဖန်းပုပိုင်နှင့်တင်းဖန်းတို့ ခန်းမကြီးအတွင်း မတ်တပ်ရပ်လျက်စောင့်နေကြသည်ကို ‌တွေ့လိုက်ရသည်။ ချီမိန်ချွှေရွှယ်နှင့် အခြားသူများကတော့ ဂိုဏ်းတပည့်စုဆောင်းမှုများပြင်ဆင်ရန် မဟာနတ်ဆိုးရွှမ်ရှနောက် လိုက်ပါသွားကြပြီဖြစ်သည်။

ဟုတ်ပါပေသည်။ ချီမိန်ချွှေရွှယ်နှင့် အခြားသူများမှာ ဟန်ပြသာဖြစ်သည်။ အမှန်တကယ် အလုပ်ကြိုးစားလုပ်စားလုပ်ကိုင်ရမည့်သူမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ မဟူရာဘဏ္ဍာထိန်းကြီး မဟာနတ်ဆိုးရွှမ်ရှနှင့် ကြီးမြတ်သော လေအင်ပါယာ၏အကြီးအကဲ ရွှမ်ယိတို့သာ ဖြစ်ပေသည်။

ဤအချိန်တွင် ကြီးမြတ်သော လေအင်ပါယာကြီးတစ်ခုလုံး၌ မုန်တိုင်းထန်နေပေသည်။ ရွှမ်ယိက ကြီးမြတ်သော လေအင်ပါယာအတွင်းရှိ သန်မာသောပုဂ္ဂိုလ်အားလုံးကို ဧကရာ၏အမိန့်တော်အကြောင်း ပြောပြလိုက်သောအခါ အင်ပါယာတစ်ခုလုံးသည် ပွက်ပွက်ဆူနေသော‌ ရေနွေးအိုးကြီးကဲ့သို့ ဆူပူအုံကြွလာလေတော့သည်။

" မြတ်စွာဘုရား ၊ ဘာတွေများဖြစ်သွားတာလဲ ။ ဘာဖြစ်လို့အင်ပါယာက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ သေအတူရှင်မကွာ မဟာမိတ်တွေဖြစ်လာရတာလဲ ?။ "

" ရှန်ရှန့်ကျုံဂိုဏ်းက ဘာများလုပ်ခဲ့လို့လဲ။အင်ပါယာကတောင် သူတို့ကိုကူညီဖို့ အကောင်းဆုံးကြိုးစားနေပါလား ။ "

" ထိပ်တန်းဂိုဏ်း‌အပေါ် ရန်စမိမှာကို အင်ပါယာက မကြောက်ဘူးလား ။ "

" အင်ပါယာမှာရှိတဲ့ တော်ဝင်စစ်တပ်ကြီးနဲ့ဆိုရင် ထိပ်တန်းဂိုဏ်း‌တွေကတောင် ဘာများလုပ်နိုင်ကြမှာလဲကွ ။ "

ကြီးမြတ်သောလေအင်ပါယာတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးသည် အံအားတသင့်ဆွေးနွေးနေလေကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင် သံသဝင်မှု ၊ ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိလေသည် ။

..........

အိမ်ရှေ့စံ စံအိမ်တော်အတွင်းတွင်

''ရှန်ရှန့်ကျုံဂိုဏ်းက ကောင်းကင်ဘုံချို့ယွင်းချက်ငါးခုကနေ အဲ့ဒီ့လူအိုကြီးကို တကယ်ပဲ ကူညီနိုင်ခဲ့တာပဲ ။ ''မုရှင်းချန်သည် မှောင်မဲနေသော မျက်နှာကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

" ခုလိုဖြစ်သွားတော့ရော ဘာအရေးလဲကွာ ။ လူသတ်ဝိဇ္ဇာ‌ ရောက်လာတာနဲ့ အရှင်မင်းကြီးလည်း ဘာမှ တတ်နိုင်တော့မှာမဟုတ်ပါဘူး ။ " အမှောင်ထုကြီးအတွင်းတွင် လှောင်ရယ်သံကြီးတစ်သံ ထွက်ပေါ်လာသည် ။ ယင်းနောက် ခြောက်ခြားဖွယ်ရာပုံရိပ်တစ်ခုကို ဝေဝေဝါးဝါးမျှ မြင်လိုက်ရပေသည် ။

" အဲ့ဒီလူအိုကြီးက ကောင်းကင်ဘုံချို့ယွင်းချက်ကြီးငါးချက်ကို ရင်ဆိုင်ကျော်ဖြတ်ပြီးပြီဆိုတော့ ဆန်းကြယ်သူတော်စင်အဆင့်ကို အဆင့်တက်ဖို့ သိပ်မကြာတော့ဘူး ။ လူသတ်ဝိဇ္ဇာကရော တားနိုင်ပါ့မလား ။ " မုရှင်းချန်သည် စိုးရိမ်ပူပန်စွာဖြင့်ပြောဆိုလိုက်သည်။

သူသည် သူ၏ဦးရီးတော်ထံမှ လူသတ်ဝိဇ္ဇာ မည်မျှသန်မာကြောင်း ကြားဖူးပေသည် ။ သို့သော်လည်း သူသည် လူသတ်ဝိဇ္ဇာ၏ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ပေ။ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်များမှာ သုံးပြည်ထောင်အတွင်း ထွက်ပေါ်ခဲ့ဖူးခြင်းမရှိပေ ။ ထိုလူအိုကြီးသာ ဆန်းကြယ်သူတော်စင်အဆင်သို့ တက်ရောက်သွားပါက သုံးပြည်ထောင်အတွင်းရှိမည်သို့သောသူက သူ့အား တားဆီးနိုင်မည်နည်း ။ သူ၏ရန်သူဖြစ်ဝံ့မည်နည်း ။

ဒီလိုဆိုပါက နန်းပုလ္လင်ကိုရယူလိုသည့် သူ၏ရည်ရွယ်ချက်သည်လည်း အလှမ်းဝေးသွားပြီဖြစ်သည် ။

" ဒါက ပထမဆုံးနှင့်နောက်ဆုံးအကြိမ် သတိပေးတာပဲ။ လူသတ်ဝိဇ္ဇာရဲ့ခွန်အားကို ဘယ်တော့မှ သံသယမဝင်မိစေနဲ့ ။''

အမှောင်ထုအတွင်းမှ ထူးခြားမနားသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက မုရှင်းချန်တစ်ကိုယ်လုံးကိုတောင် တုန်ယင်သွားစေသည် ။ မုရှင်းချန်သည် အလျင်အမြန် ပြန်လည်ပြောဆိုလိုက်သည် ။

" ဒါက ရှင်းချန်အမှားပါ ။ ဦးရီးတော် ရှင်းချန်ကို ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ် ။ "

" လူသတ်ဝိဇ္ဖာက ဆန်းကြယ်သူတော်စင်အဆင့်က လူတစ်ယောက်ကိုတောင် တိုက်ကွက် တစ်ကွက်ထဲနဲ့ သတ်ခဲ့ဖူးတယ်ကွ ။ "

သူ့နားစည်တွင် ပဲ့တင်ထပ်လာသောအသံက မုရှင်းချန်၏ မျက်လုံးသူငယ်အိမ်များကို လှုပ်ခါသွားစေခဲ့သည် ။ သူ၏နှလုံးသားတစ်ခုလုံးလည်း မငြိမ်မသက် လှိုင်းထန်သွားပါသည် ။ သူ၏ဦးရီတော်က သူ့အား လိမ်လည်ပြောဆိုမည်မဟုတ်ပေ။ ဒီလိုဆိုပါက လူသတ်ဝိဇ္ဇာက အရမ်းကို ကြောက်ဖို့ကောင်းမနေဘူးလား ။

သူ၏ဦီးရီတော်ထွက်လာသည်နှင့်တပြိုင်နက် ချန်းလန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကို‌ယ်တိုင်ထွက်လာပြီး မုယွင်ဖေးအား ဖမ်းဆီးသွားတာကိုတော့ မပြောတော့ပါဘူးလေ ။

မုရှင်းချန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ သူသည်ဤမျှလောက်ကြောက်စရာကောင်းသော လူသတ်ဝိဇ္ဇာ၏ အကူအညီဖြင့်ဆိုပါက မည်သည့်အင်မော်တယ်ဂိုဏ်းကမှ သူတို့အားတားဆီးနိုင်တော့မည်မဟုတ်ပါ ။

" ဒီကမ္ဘာကြီးက မင်းထင်ထားသလို မရိုးရှင်းဘူးကွ ။ ဒီရှေးဟောင်းနယ်မြေကြီးက‌ပျောက်ကွယ်သွားတာ ကြာလှနေပြီ ။ အဲ့ဒီ့အရာကြီး ပျောက်ကွယ်သွားကတည်းက ထူးခြားလှပါတယ်၊ စွမ်းအားကြီးလှပါတယ်ဆိုတဲ့ ရှေးဟောင်းနယ်မြေကြီးလည်း ချောင်တစ်ချောင်က ဝက်ခြံသာသာ ဆုတ်ယုတ်သွားကြတာပဲ ။အခုတော့ ဒီရှေ့ဟောင်းနယ်မြေက စွမ်းအားရှင်တွေက သူတို့ကိုယ်သူတို့ ထိပ်တန်းစွမ်းအားရှင်လို့ ခေါ်ဆိုသတ်မှတ်နေကြတာ တကယ့်ကို သနားစရာပဲလား ။ "

အမှောင်ထုအတွင်းမှ ခြောက်ခြားဖွယ်ပုံရိပ်က လှောင်ရယ်ပြောဆိုလိုက်သည်။

" ဦးရီးတော် ၊ အဲ့ဒီအရာဆိုတာ ဘာများလဲ ။ " မုရှင်းချန်၏ မျက်ဝန်းများမှ ထူးဆန်းသောအကြည့်ဖြင့် မေးလိုက်သည်။

" ငါကိုယ်တိုင်လည်းမသိဘူး၊ ဒါပေမယ့် အဲ့ဒီအရာကြောင့်ပဲ တကယ့်ကြီးမြတ်လှပါတယ်ဆိုတဲ့ ဂိုဏ်းကြီးတွေတောင် ဖုံးကွယ်နေကြတာပဲ။ မင်းတို့ရဲ့လေအင်ပါယာကြီးအပါအဝင် အခြားအင်ပါယာကြီး၂ခုကလည်း အဲ့ဒီ့အရာအတွက် သူတို့ရဲ့ခွန်အားတွေကို တိတ်တဆိတ် စုဆောင်းနေကြတာ၊ သူတို့ပြသထားတဲ့ခွန်အားက ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလောက်ပဲရှိသေးတယ် ။"

" အဲ့ဒီအရာက ‌လောကကြီးထဲ ထွက်ပေါ်လာတဲ့အခါ တကယ့် မကောင်းဆိုးဝါးတွေလည်း ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျမှ မင်းတို့တွေ ထင်နေတဲ့ တကယ့်စွမ်းအားကြီးမားတဲ့ စွမ်းအားရှင်တွေက ပုရွက်ဆိတ်သာသာတွေပဲဆိုတာ မင်းတွေ့လိမ့်မယ်။"

ဤသည်ကိုကြားလ်ုက်ရသည့်အခါ မုရှင်းချန်သည် တိတ်ဆိတ်ကျသွားသည်။ သူသည် ဘာပြောရမလဲ မသိတော့ပေ ။ သူ့ဦးရီးတော် ယခုထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းအချက်အလတ်များမှာ အလွန်အင်မတန် များပြားနေသည်။

" ချန်းလန်ဓားဂိုဏ်းကတောင် ရှန်ရှန့်ကျုံဂိုဏ်းကို မတုန်လှုပ်စေဘူးဆိုလျှင် အဲ့ဒီ့ဂိုဏ်းရဲ့စွမ်းအားက အသေးအဖွဲမဟုတ်တော့ဘူး။ အဲ့ဒီလိုဆိုရင် မင်းဒါကို သည်းခံထားသင့်တယ်။ လူသတ်ဝိဇ္ဇာရောက်လာတာနဲ့တပြိုင်နက် ရှန်ရှန့်ကျုံဂိုဏ်းရော ကြီးမြတ်သောလေအင်ပါယာကပါ တားဆီးနိုင်တော့မှာမဟုတ်ဘူး! "။

" ရှင်းချန် နားလည်ပါပြီ!"

.........

" ဂိုဏ်းချုပ်ဝမ် ၊ ဒီဧကရာဇ်က အင်ပါယာအကြီးအကဲ၅ယောက်ကို ဆင့်ခေါ်ပြီးပါပြီ။ ကိုယ်တော်တို့ အခုပဲ ချန်းလန်ဓားဂိုဏ်းကိုသွားပြီး အမှန်တရားကို ရှာဖွေကြတော့မလား။ "

မဟာလေခန်းမကြီးအတွင်း လေဧကရာဇ်သည် ဝမ်ဖုန်းအားကြည့်ကာ မေးမြန်းလိုက်သည်။

သူ၏ ကျင့်ကြံဆင့်အား ပြန်လည်ရရှိပြီးနောက်ပိုင်းတွင် လေဧကရာဇ်သည် တဒင်္ဂလေးတောင် တုံ့ဆိုင်းမနေခဲ့ပါပေ။ မည်သူတစ်ဦးကမျှ သူ၏ရှေ့တွင် မောက်မာထောင်လွှားဝံ့ခြင်း မရှိခဲ့ကြချေ။ ပုန်းကွယ်နေသောရှေးဟောင်းဂိုဏ်းကြီးဆိုရင်တောင်မှ သူ့အားမျက်နှာသာ အနည်းငယ်မျှ ပေးကြရမည်ဖြစ်သည်။

လက်ရှိတွင် ဧကရာဇ်သည် အလွန်အမင်း ဒေါသထွက်နေပါသည်။ချန်းလန်ဓားဂိုဏ်းက လူတွေရဲ့အလောင်းကို မြေမြုပ်စရာမရှိလောက်အောင် သတ်ပစ်မယ်ကွ ။

ဂိုဏ်းသားစုဆောင်းရေးတာဝန်ကို မဟာနတ်ဆိုးရွှမ်ရှ ၊ ချီမိန်ချွှေရွှယ်နှင့် အခြားသူများက တာဝန်ယူထားပြီး ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်ဖြစ်သော ရွှမ်ယိကိုယ်တိုင်လည်း ကူညီပေးနေသည်။ ထိုကိစ္စအတွက် ဝမ်ဖုန်း ပူပန်စရာမလိုတော့ပေ။

မြင့်မြတ်သောလေမြို့တော်သည် ကြီးမြတ်သောလေအင်ပါယာကြီး၏ အဓိကအခြေစိုက်စခန်းပင်ဖြစ်သည်။ မည်သူကများ သူ့ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုစည်းရေး ညီလာခံကို နှောင့်ယှက်နိုင်ပေလိမ့်မည်နည်း။ ကြီးမြတ်သော ယောင်ရီဧကရာဇ်ပင်လျှင် တားဆီးဝံ့ခြင်းရှိမှာမဟုတ်ပေ။

ထို့အတွက်ကြောင့်သူသည် လေဧကရာဇ်အပါအဝင် အခြားသောသူများနှင့်ပူးပေါင်းပြီး ချန်းလန်ဓားဂိုဏ်းအား စိတ်ချလက်ချ ချေမှုန်းနိုင်ပေသည်။ လေဧကရာဇ်သည် အမှန်တရားကို ရှာဖွေပြီး ချန်းလန်ဓားဂိုဏ်းအား အသားတစ်ချို့ကိုတစစီလုပ်ချင်နေသော်လည်း ဝမ်ဖုန်းကတော့ ချန်းလန်ဓားဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေပါသည် ။

" ရွှမ်အာ၊ရွှမ်စန်း၊ရွှမ်စီ၊မုယီ၊မုအာ။ ဝမ်ဖုန်းခေါင်းညိတ်ပြလိုက်သည့်အခါ လေဧကရာဇ်သည် လေသံတိုးတိုးဖြင့် ပြောလိုက်သည် ။

" အရှင်မင်းကြီးအား ဂါဝရပြုပါတယ် "

" ဂိုဏ်းချုပ်ဝမ်ကို ဂါဝရပြုပါတယ် "

လေဧကရာဇ်၏စကားသံ ဆုံးသည်နှင့်တပြိုင်နက် လူငါးယောက်သည် ရုတ်တရက်ထွက်ပေါ်လာပြီး လေဧကရာဇ်နှင့်ဝမ်ဖုန်းတို့ကို ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။

" ဒီဧကရာဇ်နဲ့အတူ ချန်းလန်ဓားဂိုဏ်းကိုသွားပြီး တရားမျှတမှုသွားတောင်းကြတာပေါ့ ။ " လေဧကရာဇ်သည် သူ၏မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး အေးစက်သော လေသံဖြင့်ပြောလိုက်သည်။

" မှန်လှပါ "

လေဧကရာဇ် ပြန်လည်မသက်သာလာခင်က အင်ပါယာအကြီးအကဲ ၅ယောက်သည် ချန်းလန်ဓားဂိုဏ်းကို အနည်းငယ်ကြောက်ရွံ့နေခဲ့မိသော်လည်း ယခုတွင်တော့ ချန်းလန်ဓားဂိုဏ်းအား ကြောက်ရွံ့ခြင်းမရှိတော့ပါပေ။ ယခင်အရှက်ရမှုများအတွက် ပြန်လည်ပေးဆပ်စေရမည်ဖြစ်သည်။

" တုံ့ဖန်း ၊ ချုံးယန် ၊ တင်းဖန်း မင်းတို့အားလုံး ဒီဂိုဏ်းချုပ်နဲ့ ချန်းလန်ဓားဂိုဏ်းကိုသွားကြမယ်။ " ဝမ်ဖုန်းသည် တုန်ဖန်းပုပိုင်နှင့်အခြားသူများကို ဝေ့ဝဲကြည့်လျက်ပြောလိုက်သည်။

တုံ့ဖန်းပုပိုင်နှင့် အခြားသူများသည် ခေါင်းသာညိတ်လိုက်ကြပြီး ဘာစကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။

တကယ်တော့ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းကိုလည်း သူနှင့်အတူ လိုက်ပါစေချင်ခဲ့သည်။ ချန်းလန်ဓားဂိုဏ်းသည် မြောက်များစွာသော ဆန်းကြယ်အဓိပတိအဆင့်အကြီးအကဲများ ၊ ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ရှိသော မဟာအကြီးတစ်ယောက်ကို ဝမ်ဖုန်းသည် သတ်ဖြတ်ခဲ့ဖူးသော်လည်း ဘာပဲပြောပြော ၎င်းဂိုဏ်းမှာပုန်းကွယ်နေသော ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သောကြောင့် သူတို့၏ခွန်အားမှာ မှန်းဆ၍မရနိုင်ပေ။

သို့ပါသော်လည်း ယောင်ရီဧကရာဇ်မှာ သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို မျက်မုန်ကျို‌းနေသူဖြစ်ရာ ဂိုဏ်းကိုကာကွယ်ဖို့ ထိပ်တန်းစွမ်းအားရှိသည့်ကျင့်ကြံသူတစ်ယောက်မရှိနေလျှင် သူစိတ်ချလက်ချ ဖြစ်နေလိမ့်မည်မဟုတ်ပေ။ ကံကောင်း‌ထောက်မစွာဖြင့် သူသည် ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်သို့ အဆင့်တက်သွားခဲ့သည်။ တုံ့ဖန်းပုပိုင်နှင့်အခြားသောသူများအပြင် လေဧကရာဇ်ပါ ပါဝင်လေနေရာ သူတို့၏ခွန်အားမှာ လုံလောက်သင့်ပေသည်။

ချန်းလန်ဓားဂိုဏ်းသာ အဲ့သလောက်ထိ စွမ်းအားကြီးမည်ဆိုလျှင် သူ့တွင် မြောက်များစွာသော ဆင့်ခေါ်ခွင့်များရှိနေလေသည်ဖြစ်ရာ ဆင့်ခေါ်ခွင့်အချို့ကို အသုံးချနိုင်ပေသည်။

" ဧကရီ ၊ ငါကိုယ်တော် ဒီမှာမရှိတဲ့အချိန်အတွင်း နန်းတော်ကိုစောင့်ရှောက်ဖို့ မင်းကိုပဲ လက်လွှဲခဲ့ရ‌တော့မှာပဲ ။ " လေဧကရာဇ်သည် ဧကရီအား စူးစိုက်ကြည့်လျက် ပျော့ပြောင်းနူးညံ့သောလေသံဖြင့်ပြောလိုက်သည် ။

ဤကမ္ဘာကြီးတစ်ခုလုံးတွင် သူ၏လေသံအား ပျော့ပြောင်းနူးညံ့စေသည့်သူမှာ လေဧကရီမှတစ်ပါးအခြားမရှိတော့ပေ။ သူ၏ မောင်းမဆောင်တွင် ကြင်ယာတော်ဘယ်လောက်များများရှိပါစေ သူ၏နှလုံးသားကတော့ အစမှအဆုံးထိတိုင် ဧကရီတစ်ဦးတည်းနှင့် ပြည့်နှက်နေသည်။

" စိုးရိမ်တော်မမူပါနဲ့ အရှင်မင်းကြီး ။ " လေဧကရီသည် ပြုံးလျက် ပြန်လည်ဖြေကြ့ားလိုက်သည်။

လေဧကရာဇ်သည် ခေါင်းညှိတ်လိုက်သည်။ ယင်းနောက် သူသည် ဝမ်ဖုန်းတို့နှင့်အတူ ရွှမ်ကျင်းတောင်တန်းဆီသို့ ထွက်ခွာသွားတော့သည်။

တော်ဝင်မြို့တော်အထက်၌ ဖြတ်ကျော်ပျံသန်းနေရင်း နန်းရင်ပြင်ကိုငုံ့ကြည့်လိုက်သည့်အခါ ဧကရာဇ်၏အမိန့်တော်ကြောင့် ရောက်ရှိလာကြပြီဖြစ်သော လူငယ်မျိုးဆက် အတော်များများကို တွေ့မြင်လိုက်ရသည်။ ဘုရင်မင်းမြတ်တစ်ပါး၏ အာဏာစက်မှာ တစ်ကယ်ပဲ ထက်မြတ်လှပါပေတယ် !။

All Chapters