← Chapters

တိုက်ပွဲစပြီ။

Vol. 11 Ch. 152

တိုက်ပွဲစပြီ။

Vol. 11 Ch. 152

မဟာနတ်ဆိုးရွှမ်ရှ၏ စကားဆုံးသည့်အခါ ထောင်ချီသောလူငယ်လေးများသည် စင်မြင့်ပေါ်သို့ခုန်တက်လာကြသည်။ စင်မြင့်တစ်ခုလုံးသည် လူများဖြင့်ရုတ်ချည်းပြည့်နှက်သွားသည်။

လေဧကရာဇ်၏ အမိန့်တော်ရှိသည်ဖြစ်လေရာ ဂိုဏ်းကြီးများမှာ မနှောက်ယှက်ရဲကြပေ။ သူတို့သည် သူတို့ဂိုဏ်းများရှိ ထိပ်တန်းပါရမီရှင်များအား ခေါ်ဆောင်လာခဲ့ကြသော်လည်း ထိုသူတို့အားပါဝင်ယှဥ်ပြိုင်ခွင့်တော့ မပေးခဲ့ကြပေ။ ပြောရလျှင် လေဧကရာဇ်သည် ထိုအချက်ကိုတော့ အမိန့်ပေးခဲ့ခြင်းမရှိခဲ့ပေ။ အလယ်အလတ်အဆင့်ပါရမီရှင်များစွာနှင့် ထိပ်တန်းအဆင့်ပါရမီရှင်တပည့်အနည်းငယ် ပါဝင်ယှဥ်ပြိုင်ခြင်းကတောင် ရှန်ရှန့်ကျုံဂိုဏ်းအတွက် အလွန်အမင်းကောင်းမွန်နေပြီဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် စင်မြင့်ပေါ်ရှိထောင်ချီသောလူငယ်လေးများအား ဝေ့ဝဲကြည့်လိုက်ပြီး ကျေနပ်အားရစွာခေါင်းညိမ့်လိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ပထမအကြိမ် ဂိုဏ်းသားခေါ်ယူခြင်းညီလာခံ နှင့် နှိုင်းယှဥ်ရပါလျှင် ဤဒုတိအကြိမ်ညီလာခံသည်က အဆရာပေါင်းများစွာ ပိုမိုကောင်းမွန်ပေသည်။

ဤဂိုဏ်းကြီးများသည် သူတ်ို့ကိုယ်သူတို့ သန်မာသည်ဟုအထင်ရှိကြသော်လည်း သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အစစ်အမှန်ခွန်အားကိုမူ မသိရှိထားကြပါ။ လူတိုင်းလူတိုင်းသည် အစက မဟာနတ်ဆိုးရွှမ်ရှပြောခဲ့သော စကားလုံးများမှာ လေလုံးထွားခြင်းဟု တွေးထင်ထားကြသည်။ သို့ပေတည်း မဟာနတ်ဆိုးရွှမ်ရှ တစ်ယောက်တည်းကသာ အစစ်အမှန်ဖြစ်ကြောင်း သိပေသည်။ ဂိုဏ်းချုပ်လက်အောက်က ဉာဏ်ပညာကြီးမားပြီး သိုင်းပညာစွမ်းအားမြင့်မားသော အကြီးအကဲများနှင့်ဆိုပါက မဖြစ်နိုင်သောအရာဟူ၍ မရှိပေ။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဒုတိယအကြိမ်ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ယခုအချိန်ကစပြီး တရားဝင်စတင်လိုက်တယ်လို့ ဒီအကြီးအကဲက ကြေညာလိုက်တယ်။ ဒီဂိုဏ်းသားစုဆောင်းခြင်းညီလာခံကြီးကို..."

မဟာနတ်ဆိုးရွှမ်ရှ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့်အတူ ရှန်ရှန့်ကျုံဂိုဏ်း၏ ဒုတိယအကြိမ်ဂ်ိုဏ်းသားစုဆောင်းခြင်းညီလာခံကြီးသည်လည်း စတင်ခဲ့လေသည်။

..........

တခြားတစ်ဖက်မှာတော့ ဝမ်ဖုန်းနှင့်အခြားသူများသည် ချန်းလန်ဓားဂိုဏ်း၏ ကမ္ဘာငယ်လေးအတွင်းသို့ ခိုးဝင်သွားကြသည်။

ချန်းလန်ဓားဂိုဏ်း၏ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် ဝမ်ဖုန်းသည် အဆိုပါဂိုဏ်း၏ ကမ္ဘာငယ်လေးတစ်ခုလုံးအား ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဤကမ္ဘာငယ်လေးမှာ စနစ်ကဆုချထားသော ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကမ္ဘာငယ်လေးထက် ဆယ်ဆမက ပိုမိုသေးငယ်လှပေသည်။

သို့ပါသော်လည်း ချန်းလန်ဓားဂ်ိုဏ်း ကမ္ဘာငယ်လေးအတွင်းရှိ ချီစွမ်းအင်များမှာ အလွန်အမင်းသိပ်သည်းပေါများလှသည်။ ယင်းမှာ ပြင်ပကမ္ဘာရှိ ချီစွမ်းအင်များထက် အနည်းဆုံးနှစ်ဆခန့် ပိုမိုသိပ်သည်းသည်။

ဤသည်မှာ ဝမ်ဖုန်း၏မျက်လုံးများကို ပိုမိုတောက်ပသွားစေပြီး သူ့ဘာသာတီးတိုးရေရွတ်လိုက်မိစေသည်။

"စနစ်၊ ချန်လန်ဓားဂိုဏ်းကမ္ဘာငယ်လေးထဲက ချီစွမ်းအင်သွေးကြောတွေကို ငါတို့ရှန်ရှန့်ကျုံဂိုဏ်းမှာ ပြောင်းလဲတပ်ဆင်လို့ရသလား။"

" ဒင်၊ ပိုင်ရှင်ဟာ ချန်းလန်ဓားဂ်ိုဏ်းကို ဖျက်စီးပြီးပြီဆိုလျှင် ဂိုဏ်းအမှတ်ငါးသောင်းကို အသုံးပြုပြီး ဒီကမ္ဘာငယ်လေးထဲက ချီစွမ်းအင်သွေးကြောကို စုပ်ယူနိုင်ပါလိမ့်မယ်။"

သူ့စိတ်အာရုံအတွင်း မြည်ဟီးထွက်ပေါ်လာသော အေးစက်စက်လေသံက ဝမ်းဖုန်းအား ကျေနပ်အားရစွာ ခေါင်းတဆက်ဆက် ငြိမ့်မိစေလိုက်သည်။ နောက်ဆုံးတော့ သူတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကမ္ဘာငယ်လေးသည်လည်း အသုံးဝင်လာပေတော့မည်။ ရှန်ရှန့်ကျုံဂိုဏ်းအပေါ်ထားရှိသော သူ၏အစီအစဥ်များသည်လည်း တဖြည်းဖြည်းအကောင်အထည်ပေါ်လာပြီဖြစ်သည်။

ဝမ်ဖုန်းသည် အဝေးတစ်နေရာက တောင်တန်းများပေါ်ရှိ တောက်ပသောနန်းတော်ကြီးများကို စူးစိုက်ကြည့်လိုက်လျှင် သူ၏မျက်ဝန်းများက ကျဥ်းမြောင်းသွားကာ သူ၏နှုတ်ခမ်းများအထက်၌ လှောင်ပြုံးများဖြစ်ပေါ်လာလေသည်။

သူတို့သည် အခုလက်ရှိတွင် တောအုပ်လေးတစ်ခုအတွင်းရောက်ရှ်ိနေကြခြင်းဖြစ်ပြီး သူတို့၏ရှေ့မှာတော့ ချန်းလန်ဓားဂိုဏ်းတည်ရှိရာ ချန်းလန်တောင်ကြီးရှိနေသည်။ ဤကမ္ဘာငယ်လေးတစ်ခုလုံးအတွင်းတွင် ချန်းလန်တောင်ထိပ်မှတပါး အခြားတည်ရှိသောအရာများမှာ သေးငယ်သော တောအုပ်လေးအချို့သာ ဖြစ်ကြလေသည်။

သူတိုသည်ချန်းလန်တောင်ကြီးနှင့် မီတာရာချီအကွာအဝေးတွင် ရှိနေသော်လည်း ဝမ်ဖုန်းသည် တောင်ကြီးထံမှလွင့်ပျံ့လာသော ကြောက်မက်ဖွယ် အရှိန်အဝါတချို့အား အကြမ်းဖျင်းခံစားသိရှိနေသည်။

"ဂိုဏ်းချုပ်ဝမ် တောင်ပေါ်တက်ပြီးတာနဲ့ တပြိုင်နက် ငါကိုယ်တော်စပြီး သတ်ဖြတ်မယ်။ မုယီ မင်းကတော့ ဒီမှာပုန်းအောင်းပြီးကျန်ရစ်ခဲ့။ ငါတို့ဆူဆူပူပူလုပ်နေတုန်းမှာ ခိုးဝင်သွားပြီး ယွင်ဖေးကို ကယ်တင်ခဲ့။"

လေဧကရာဇ်သည် ဝမ်ဖုန်းအား တလှည့်၊ မုယီအား တလှည့်ကြည့်ကာ နူးညံ့သောလေသံဖြင့် တီးတိုးပြောဆိုလိုက်သည်။

ဝမ်ဖုန်းသည် လေဧကရာဇ်အားကြည့်ကာ ခေါင်းညိမ့်လိုက်ပြီး ဝမ်ချုံးယန် နှင့် အခြားသူများအားဦးဆောင်ခေါ်သွားလျက် တောင်ကြီးရှိရာဆီသ်ို့ ထွက်ခွာလာခဲ့သည်။ လေဧကရာဇ်နှင့် အခြားသူများသည်လည်း အတူလိုက်ပါသွားခဲ့ကြသည်။

မုယီတစ်ယောက်တည်းကသာ သူ၏အရှိန်အဝါများကို ဖုံးကွယ်လျက်နေရစ်ခဲ့တော့သည်။ သူသည် ချန်းလန်တောင်ပေါ်သို့ အခြားသောနေရာတစ်နေရာမှ တက်သွားပါသည်။

ဝမ်ဖုန်း နှင့် အခြားသူများ တောင်ထိပ်ပေါ်သို့တက်သွားသည့်အခါ သူတို့သည် ကြီးမားသောတောင်ဂိတ်တံခါးဝကြီးအား တွေ့မြင်လိုက်ရသည်။ ထိုတောင်ဂိတ်တံခါးဝကြီး၏ အပေါ်တွင် ချန်းလန်ဓားဂ်ိုဏ်းဟု ကြီးမားသောစာလုံးကြီးလေးလုံးဖြင့် ရေးထွင်းထားသည်။ ထို့အပြင် ထိုဂိတ်တံခါးဝကြီးကို ဒါဇင်ကျော်သော ချန်းလန်ဓားဂိုဏ်းတပည့်များက စောင့်ကြပ်နေကြသည်။

ဂိတ်တွင်ရှိသော လူတိုင်းလူတိုင်း၏ ကျင့်ကြံဆင့်မှာ အနည်းဆုံး အပြောင်းအလဲသို့ဝင်ရောက်ခြင်း အဆင့်၏ အထက်၌ရှိကြသည်။

''မင်းတို့ဘယ်သူတွေလဲ!?''

ဝမ်ဖုန်းနှင့်အခြားသူများထွက်ပေါ်လာသည့်အခါ ချန်းလန်ဓားဂိုဏ်းရှိဂိုဏ်းသားများသည် သူတို့အားတွေ့မြင်သွားကြသည်။ သူတို့အားအော်ဟစ်မေးမြန်းတော့မည့် အချိန်မှာပဲ ဝမ်ဖုန်းနှင့်သူလူများ၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရလေသည်။

''အတင့်ရဲလိုက်တာ!''

''သူခိုးလေးတွေက ငါတို့ ချန်းလန်ဓားဂိုဏ်းကို ဝင်ရောက်ရဲတယ်ပေါ့လေ!''

ဝမ်ဖုန်းနှင့်သူ့လူများ ချန်းလန်ဂိုဏ်းသားတို့အား သတ်ဖြတ်ပြီးသည့် အချိန်မှာပဲ ဒေါသထွက်နေသော ဟိန်းဟောက်သံကြီး တစ်သံက ကမ္ဘာငယ်လေးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ဤကမ္ဘာငယ်လေးထဲတွင် ရုတ်တရက်လေပြင်းများတိုက်ခတ်လာပြီး အဝေးတစ်နေရာရှိ နန်းတော်ကြီးတစ်ခုဆီမှ ထိတ်လန့်ခြောက်ခြားဖွယ် အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာသည်။ တစ်ခဏ အကြာမှာပဲ ဒါဇင်ကျော်သောလူရိပ်များသည် ဝမ်ဖုန်းနှင့် သူ့လူများ၏ အရှေ့၌ ထွက်ပေါ်လာကြသည်။

ရှေ့ဆုံးကလူမှာ ရွှေရောင်ဘောင်ခတ်ထားသော အဖြူရောင်ဝတ်ရုံအားဝတ်ဆင်ထားပြီး ထွားကြိုင်းသောအရပ်အမောင်း၊ခန့်ညားသောအသွင်အပြင်ရှိကာ သူ့ကိုယ်ခန္ဓာမှ ထိတ်လန့်ခြောက်ခြားဖွယ်အရှိန်အဝါကြီးများ ထွက်ပေါ်နေသည်။

သူသည်ကား ချန်ရှောင်းရှောင်း ၊ ချန်းလန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ပင်ဖြစ်သည်။

ချန်ရှောင်းရှောင်းအား စိုက်ကြည့်နေသော ဝမ်ဖုန်း၏ မျက်လုံးများသည် အနည်းငယ်ကျဥ်းမြောင်းသွားသည်။ ချန်းလန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ ဆန်းကြယ်သူတော်စင်အဆင့်သို့ မရောက်သေးသော်လည်း သူသည်ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်အား ဖြတ်ကျော်ပြီးဖြစ်သည်။ သူသည် ဆန်းကြယ်သူတော်စင်အဆင့်နှင့် ခြေတလှမ်းစာမျှသာ ကွာဝေးပါတော့သည်။ သူ၏ကျင့်ကြံဆင့်မှာ ယနေ့ ကြီးမြတ်သောလေဧကရာဇ်၏ ကျင့်ကြံဆင့်နှင့် တူညီနေသည်။

သူ၏နောက်မှာတော့ ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်ကြီးငါးယောက် နှင့် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင် ခုနှစ်ယောက်တို့ရှိနေကြသည်။

ဝမ်ဖုန်းသည် ချန်းလန်ဓားဂိုဏ်း၏ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသော်လည်း ချန်းလန်ဓားဂိုဏ်းမှာတော့ စွမ်းအားရှင်ပေါင်းများစွာ ကျန်ရှိနေသေးဆဲပင်။ ဤပုန်းကွယ်နေသောရှေးဟောင်းဂိုဏ်းကြီး၏နောက်ခံမှာ အမှန်တကယ်ထိတ်လန့်ဖွယ်ကောင်းနေတော့သည်။

"သတ်ကြ!''

လေဧကရာဇ်နှင့် ဝမ်ဖုန်းတို့သည် တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်လိုက်ကြပြီး တုံ့ဆိုင်းခြင်းအလျှင်းမရှိဘဲ သတ်ဖြတ်ရန်ပြေးထွက်သွားကြသည်။ ဝမ်ချုံးယန်နှင့် အခြားသူများကလည်း နောက်ကောက်ကျနေခြင်းမရှိဘဲ သူတို့သည် သူတို့၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို နိုးဆွလိုက်ကာ သတ်ဖြတ်ရန်ပြေးသွားလိုက်ကြသည်။

လေဧကရာဇ်သည် ချန်းလန်ဓားဂိုဏ်း ဂိုဏ်းချုပ်ရှိရာဆီသို့ တိုက်ရိုက်ပြေးဝင်သွားပြီး ဝမ်ဖုန်း၊ဝမ်ချုံးယန်နှင့် တုံ့ဖန်းပုပိုင်တို့ကတော့ ချန်းလန်ဓားဂိုဏ်းရှိ ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့် ငါးယောက်နှင့် ရင်ဆိုင်လိုက်ကြသည်။ ကျန်ရှိသော ဆန်းကြယ်အဓိပတိအဆင့်အကြီးအကဲများကိုတော့ အင်ပါယာအကြီးအကဲများက ရင်ဆိုင်သွားကြသည်။

''မုပထျန်း မင်းကတော့ သေချင်နေတာပဲ!''

လေဧကရာဇ်နှင့်အခြားသူများက စကားတစ်ခွန်းမှမပြောဘဲ သတ်ဖြတ်ရန် ချက်ချင်းပြေးဝင်လာကြတာကို တွေ့လိုက်ရတော့ ချန်းလန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ ထိတ်လန့်သွားပြီး တချိန်တည်းမှာပဲ ဒေါသထွက်သွားခဲ့သည်။ သူသည်သူ၏ ဓားကိုချက်ချင်းဆွဲထုတ်လိုက်ပြီး ဓားနတ်ဘုရားတစ်ပါးကဲ့သို့ လေဧကရာဇ်ရှိရာဆီ လွှဲရမ်းခုတ်ပိုင်းလိုက်တော့သည်။

ဤအချိန်တွင် ချန်းရှောင်းရှောင်းကို သိပ်သည်းသောဓားစွမ်းရည်များက ဝန်းရံထားပြီး သူ့အနီးအနားတွင် ဓားကမ္ဘာငယ်တစ်ခုအလား ထင်မှတ်ရသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ထက်မြသောဓားအရှိန်အဝါများကြောင့် ကမ္ဘာငယ်လေးသည်ပင် ရုတ်ချည်းတုန်ခါလိုက်ရပေသည်။

ဤသည်ကိုတွေ့မြင်လိုက်ရသည့်အခါ လေဧကရာဇ်သည် ကြောက်လန့်မသွားသည့်အပြင် တိုက်ပွဲဝင်စိတ်ဓာတ်များကပါ ပိုမိုနိုးကြွလာတော့သည်။ လှံရှည်က်ိုကိုင်ဆောင်ထားသော မုပထျန်း၏ အသွင်အပြင်က စစ်နတ်ဘုရားတစ်ပါးနှင့်တူညီပေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရန်လိုသောသတ်ဖြတ်ခြင်းအရှိန်အဝါများ လွင့်ပျံ့နေသည်။ သူသည် လှံရှည်အား နဂါးတစ်ကောင်ကဲ့သို့ ထိုးသွင်းလိုက်သည်။ လှံရှည်မှ နဂါးဟိန်းသံသဲ့သဲ့အား ကြားလိုက်ရသည်။

မုပထျန်းနှင့် ချန်းရှောင်းရှောင်းတို့ တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက် တိုက်ခိုက်နေကြစဥ်တွင် ဝမ်ဖုန်းနှင့် အခြားသူသုံးယောက်ကလည်း ချန်းလန်ဓားဂိုဏ်းမဟာ အကြီးအကဲ ငါးယောက်နှင့် တိုက်ခိုက်နေကြသည်။ ဝမ်ချုံးယန်နှင့် ဝမ်ဖုန်းတို့သည် မဟာအကြီးအကဲနှစ်ယောက်စီက်ို ကိုင်တွယ်တိုက်ခိုက်နေပြီး တုံ့ဖန်းပုပိုင်ကတော့ အခြားမဟာအကြီးအကဲတစ်ယောက်အား တိုက်ခိုက်နေသည်။

ဝမ်ဖုန်း၏မျက်လုံများသည် တိုက်ခိုက်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်ဝလျက်ရှိပြီး သူသည်ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲနှစ်ယောက်အား မျက်စိဒေါက်ထောက် စောင့်ကြည့်နေသည်။ သူတို့သည် ဝမ်ဖုန်းနှင့်အဆင့်တူစွမ်းအားရှင်များ ဖြစ်ကြပါသည်။

သို့ပါသော်လည်း ဝမ်ဖုန်းသည် လုံးဝကြောက်လန့်နေခြင်းမရှိပါပေ။ သူသည်လေထုအတွင်း လက်ဆန့်ကာ စုပ်ကိုင်သည့်သဏ္ဍာန်ပြုလုပ်လိုက်သည့်အခါ လေထုထဲတွင် ရှည်လျားသောဓားရှည်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထက်မြသောဓားစွမ်းအင်အရှိန်အဝါများသည် သူ့ကိုယ်ခန္ဓာမှ လွင့်ပျံ့ထွက်ပေါ်လာချေသည်။

အကြိမ်ပေါင်းများစွာ ဖိနှိပ်သိပ်သည်းခြင်းခံထားရသော ဝမ်ဖုန်းကိုယ်အတွင်းရှိ သန့်စင်သော ချီစွမ်းအင်များသည် အရူးအမူးစတင်လှည့်ပတ်လာသည်။ ယင်းနောက် သူကိုင်ဆောင်ထားသော ရှည်လျားသော ဓားရှည်ကြီးသည် ကြောက်လန့်ဖွယ် ဓားအလင်းတန်းကြီးတစ်ခုအား ထုတ်ဖော်လိုက်လေသည်။ ဤဓားအလင်းတန်းကြီး၏ ပတ်ပတ်လည်တွင် ထိတ်လန့်ဖွယ်ကောင်းသော ထက်မြသည့်ဓားစွမ်းအင်များက ရစ်ပတ်လှည့်ပတ်လျက်ရှိသည်။ ယင်းဓားစွမ်းအင်တစ်ခုချင်းစီတိုင်းက အလွန်အမင်း ထက်မြက်ကြမ်းကြုတ်လှသည်။ ဝမ်ဖုန်းသည် ကြောက်လန့်ဖွယ်ဓားအလင်းတန်းကြီးကို ထုတ်လွှတ်နေသော ဓားရှည်အား တင်းကြပ်စွာကိုင်ဆောင်လျက် ဓားစွမ်းအင်များကို သိပ်သည်းစေလိုက်ပြီး ချန်းလန်ဓားဂိုဏ်းမဟာအကြီးအကဲနှစ်ယောက်ထံသို့ ပြေးဝင်သွားသည်။

"ရဲတင်းလိုက်လေ"

ဝမ်ဖုန်းက သူတို့နှစ်ယောက်အားတစ်ယောက်တည်းရင်ဆ်ိုင်တ်ိုက်ခိုက်ရဲကြောင်းတွေ့လိုက်ရသည့်အခါ မဟာအကြီးအကဲနှစ်ယောက်သည် ဒေါသထွက်သွားကြသည်။

သူတို့သည်လည်း ဓားရှည်များအား အသီးသီးဆွဲထုတ်လိုက်ကြပြီး ဝမ်ဖုန်းအားခုတ်ပိုင်းလိုက်ကြသည်။

All Chapters