အစောင့်တပ်မဟာငါးခုနှင့် တံခွန်အခုနှစ်ဆယ်.....
Vol. 54 Ch. 743
လီကျင်းဇယ်၏ ပီတိစကားများကို နားထောင်ရင်း ကျောက်ရွှမ်းမင်က တလေးတစား ပြုံးကာ....
"ကလန်အကြီးအကဲက အမြင်စူးရှပါပေတယ်.... လီလော့ရဲ့အရည်အချင်းတွေက တကယ်ပဲ ထူးကဲလွန်းပါတယ်... ပဲ့တင်ထပ်သံသုံးခုအသုံးသူပြုသူတစ်ယောက်အနေနဲ့ လီလော့က ကောင်းကင်နဂါးမျိုးနွယ်ငါးခုမှာ အထွတ်အထိပ်နေရာထိ တက်လှမ်းနိုင်မှာသေချာပါတယ်...."
"လီလော့၊ မင်းက တကယ်ပဲ တတိယသခင်ရဲ့သားပီသပါပေတယ်...."
ကျန်သူများသည်လည်း နဂါးခေါင်းလောင်း
ဘေးမှ လူငယ်ကို လှမ်းကြည့်ရင်း အံ့သြနေကြသည်။
ဝေးလံခေါင်သီသော အရှေ့ပိုင်းကုန်းမြေမှ ပြန်လာသော ကောင်လေးသည် ထိုကဲ့သို့ ထူးချွန်ထက်မြက်သော အရည်အချင်းများ ပိုင်ဆိုင်ထားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ သူသည် နတ်ဆိုးနန်းတော်အဆင့် အဆင့်သာရောက်သေးသော်လည်း အဆင့်ကိုးပဲ့တင်ထပ်သံနှင့်ယှဉ်နိုင်သော ပဲ့တင်ထပ်သံသုံးခုကိုပိုင်ဆိုင်ထားသည်။
လီချင်းဖန်၏မျက်နှာပေါ်တွင်လည် အပြုံးများဖြင့် ပြည့်နှက်နေသည်။
ဒီတူလေးကိုမြင်ရတာ သူ့ညီငယ်ကိုမြင်နေရသလိုပဲ.....
လီကျင်းပန်က..... "သူ့ရဲ့ ပဲ့တင်ထပ်သံအဆင့်တွေက မဆိုးဘူး....ဒါပေမယ့် ပဲ့တင်ထပ်ထပ်သံပညာရပ်အပေါ် နားလည်မှု ဘယ်လိုရှိလဲဆိုတာ သိချင်မိတယ်.... သူက နတ်ဆိုးနန်းတော်အဆင့်မှာပဲရှိနေသေးတယ်ဆိုတော့ နည်းနည်းနိမ့်နေသေးတယ်...ဒါပေမယ့် အရင်းမြစ်တွေပံ့ပိုးပေးလိုက်ရင် သိပ်မကြာခင် ကျင်းထောင်နဲ့ဖန်းရိကို အမှီလိုက်နိုင်မှာပါ....."
လီကျင်းဇယ်၏ တင်းမာသော မျက်နှာမှာလည်း အခြားသော အကြီးအကဲများဘက်သို့ လှည့်လိုက်ချိန်တွင် အရင်လိုမဟုတ်ဘဲ တောက်ပနေသည်။
"အခု ရှောင်လော့က နဂါးခေါင်းလောင်းကို တီးခတ်လိုက်တဲ့အတွက် အထက်တန်းအဆင့်မှတ်တမ်းဝင်ဖြစ်နိုင်ပြီ...."
ဒီအချိန်မှာ သဘောထားကွဲလွဲမှု မရှိတော့ပေ။ လီလော့က စည်းကမ်းများကို လိုက်နာခဲ့ပြီး ယင်းကို ဆန့်ကျင်ပြောဆိုဝံ့သူသည် ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုဖြစ်နေပေမည်။
လီလော့က အေးဆေးတည်ငြိမ်စွာဖြင့် ဧရာမကျောက်တုံးကြီးပေါ်က ခုန်ဆင်းသွားသည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သော်လည်း မောက်မာမှုစိုးစဉ်းမျှ မဖော်ပြခဲ့ပေ။ ထို့နောက် လီကျင်းဇယ်နှင့်အကြီးအကဲများကို ဉီးညွတ်လိုက်သည်။
လီကျင်းထောင်နှင့် လီဖန်းရိတို့တွေ လီလော့ဆီရောက်လာကြီး....
"ညီလေး၊ မင်းက တကယ် အရည်အချင်း ရှိတဲ့သူပဲ.... မင်းရဲ့ ခွန်အားကို ကောင်းကောင်း ဖုံးကွယ်ထားတယ်ပေါ့....."
" အလယ်ပိုင်းကုန်းမြေမှာအဆင့်ရှစ်နဲ့အဆင့်ကိုးပဲ့တင်ထပ်သံတွေပေါများနေမယ်လို့ထင်ထားခဲ့တာ...ဒါ့ကြောင့် သိုသိုသိပ်သိပ်နေသင့်တယ်လို့ ထင်ခဲ့တာ....."
နှစ်ယောက်သား မျက်လုံးပြူးသွားကြသည်။ အလယ်ပိုင်းကုန်းမြေတွင် အရင်းအမြစ်များ ပိုမိုရရှိထားသော်လည်း အဆင့်ရှစ်နဲ့အဆင့်ကိုးပဲ့တင်ထပ်သံများသည် စျေးထဲမှဂေါ်ဖီထုပ်များလိုပေါများမနေပေ။
"အခုဆိုနင်က အထက်တန်းမှတ်တမ်းဝင်ဖြစ်သွားပြီ....ဒီအတိုင်းသာဆို လစဉ် ကျင့်ကြံမှု အရင်းအမြစ်တွေ ရရှိနိုင်ပြီ.... အဲ့ထဲမှာ အဆင့်မြင့် ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေအပြင် မူလနတ်ဆိုးဆေးလုံးတွေလဲပါတယ်...အားလုံးပေါင်း ကောင်းကင်ရွှေ တစ်သိန်းဖိုးလောက်ရှိမယ်....” ဟု လီဖန်းရိက ရှင်းပြခဲ့သည်။
လီလော့ ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားနေသော အလင်းတန်းတစ်ခု လင်းလက်လာသည်။
"အဆင့်မြင့် မူလနတ်ဆိုးဆေးလုံး? ဝိညာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ.....?"
ဤအရာများသည် သူအလိုအပ်ဆုံးပစ္စည်းများဖြစ်ပြီး၊ ၎င်းတို့သည် အဲ့မိုကွမ်းစွမ်းအင် စုပ်ယူမှုကို အရှိန်မြှင့် ပြုပြင်ပြီး သူ၏ ပဲ့တင်ထပ်သံကို အားကောင်းစေနိုင်သည်။
"ကျင်ကြံမှု အရင်းအမြစ်တွေတစ်လကို သိန်းနဲ့ချီပြီးပေးမှာ....?"
ဤသည်မှာ ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်များ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အထက်တန်းအဆင့်မှတ်တမ်းဝင်လိုက်ရုံဖြင့် ရှပြည်ထောင်စုရှိ မည်သည့်အင်အားစုထက်မဆို သာလွန်သော အရင်းအမြစ်များ ပိုမိုရရှိစေမည်ဖြစ်သည်။
သို့သော်လည်း လီလော့အတွက်ဤမျှလောက်နှင့် မလုံလောက်ပေ။
ဤသည်မှာ လူအများစုအတွက် များပြားလှသော်လည်း လီလော့တွင်ကိုယ်ပိုင်ပြသာနာများရှိနေသည်။ သူ့အတွက် ကန့်သတ်ချက်မရှိသော ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများ လိုအပ်သည်။
သူ၏ ရေလင်းရောင် ပဲ့တင်ထပ်သံသည် အဆင့်မြင့်အဆင့်ခုနှစ်ထိ ရောက်ရှိနေပြီဖြစ်သောကြောင့် လီလော့သည် ၎င်းအား အဆင့်ရှစ်သို့မြှင့်တင်ချင်ပေသည်။
ပိုများသောအရင်းမြစ်များ မည်သို့ရယူရမည်ကို တွေးတောနေစဉ် လီချင်းဖန်းက....
"အဖေ၊ ရှောင်လော့က မျိုးနွယ်စု မှတ်တမ်းဝင်ဖြစ်သွားပြီဆိုတော့ ခန်းမတစ်ခုကို ဝင်သင့်တယ်......"
"ဒါဆို ကြက်သွေးရောင်တိမ်တိုက်ခန်းမကိုဝင်ခိုင်းသင့်တယ်....သူ့အရည်အချင်းနဲ့သာဆို တစ်နှစ်အတွင်း တံခွန်ကိုင်ဖြစ်လာနိုင်တယ်...."
လီကျင်းပန်ကလည်း အခွင့်အရေးကို လက်လွတ်မခံပေ။ လီလော့သည် သံသယမကင်းလောက်သော အရည်အချင်းများကို သရုပ်ပြခဲ့ပြီး တစ်နှစ်အတွင် တံခွန်ကိုင်အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါက ၎င်း၏ တောက်ပမှုကို ကမ္ဘာသို့ ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။
လီကျင်းပန်၏ အကြံပြုချက်ကို ကြားပြီးနောက် လီဖန်းရိ၏ မျက်လုံးများ တောက်ပလာပြီး လီလော့၏ ပခုံးကို ပုတ်လိုက်သည်။
"ငါ့အဖေရဲ့ အကြံပြုချက်က အရမ်းကောင်းတယ်....နင့်အရည်အချင်းနဲ့ဆို တံခွန်ကိုင်ဖြစ်ဖို့မခက်ဘူး....နင်သာတံခွန်ကိုင်ဖြစ်လာရင် ဘယ်သူမှနင့်ကို လွယ်လွယ်ရန်စရဲမှာမဟုတ်တော့ဘူး...."
"ကြက်သွေးရောင်တိမ်တိုက်တံခွန်ကိုင်?"
လီလော့က စိတ်ဝင်တစား မေးလိုက်သည်။
"ဒေါ်လေးယွင့် နင့်ကို မပြောပြခဲ့ဘူးထင်တယ်.... အင်းလေ... တံခွန်ကိုင်တစ်ယောက်ဖြစ်ဖို့က သွေးရင်းသားတွေရဲ့ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပဲ.... မင်းကိုယ်တိုင် ဆုံးဖြတ်စေချင်လို့မပြောခဲ့တာဖြစ်မယ်...."
လီကျင်းထောင် ပြုံးလိုက်သည်။
"ဒါဆို အစ်ကိုကြီးကိုပဲ ထပ်ရှင်းပြဖို့ မေတ္တာရပ်ခံရတော့မယ်..." ဟု လီလော့က တောင်းဆိုလိုက်သည်။
"မင်းသိထားတဲ့အတိုင်း ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေက ကောင်းကင်နဂါးကလန်ငါးခုအဖြစ် ကွဲထွက်သွားတယ်....ကလန်တစ်ခုစီတိုင်းမှာ ခန်းမလေးခုရှိတယ်.... ခန်းမတစ်ခုစီတိုင်းမှာ တံခွန်တစ်ခုစီရှိနယ်....တံခွန်တွေကို ခန်းမတွေရဲ့နာမည်အတိုင်းပဲပေးထားတာ....ကလန်ငါးခုပေါင်းလိုက်ရင် တံခွန်အခုနှစ်ဆယ်ရှိတယ်....တံခွန်ကိုင်ဖြစ်ပြီဆိုတာနဲ့ အရင်းမြစ်တွေပိုရနိုင်ပြီ.."
အခုမှသာ တံခွန်အခုနှစ်ဆယ်အကြောင်း နားလည်လာခဲ့သည်။ ၎င်းသည် ပါရမီရှင်များထဲမှ ပါရမီရှင်များကို ရွေးထုတ်ရန် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းသည် ကောလိပ်တွင် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်နှင့် ဆင်တူသော်လည်း တံခွန်ကိုင်ဖြစ်ခွင့်ရခြင်းသည် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ တရားဝင် တပ်သားဖြစ်လာခြင်းနှင့် ညီမျှသည်။ ထို့ကြောင့် ကြယ်တာယာခရီးရှည်ကောလိပ်၏ ဓူဝံအဖွဲ့ဝင်တွေလို လွတ်လပ်မှုများကို ပိုင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။
"ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်က လူသန်းပေါင်းများစွာကို အုပ်ချုပ်နေရတာ.... တံခွန်တစ်ခုစီရဲ့လက်အောက်မှာ လူပေါင်း ရှစ်ထောင်ကျော်ရှိတယ်...ဒါ့ကြောင့် အခုနှစ်ဆယ်ဆိုတော့ လူပေါင်းတစ်သိန်းခြောက်သောင်းကျော်ရှိတဲ့လို့သတ်မှန်နိုင်တယ်.... နှစ်စဉ်နှစ်တိုင်း သူတို့နဲ့ပူးပေါင်းပြီး ဂုဏ်ပြုခံဖို့ တိုက်ပွဲဝင်နေကြသူတွေအများကြီးပဲ...."
"ဒါက ဘိုးဘွားစဉ်ဆက် ချမှတ်ထားတဲ့စည်းမျဉ်းပဲ..... အခုဆို ကလန်ရဲ့ မြို့စား အများစုဟာ တစ်ချိန်က တံခွန်အခုနှစ်ဆယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ဖူးသူတွေချည်းပဲ....."
လီလော့ အတော် ထိတ်လန့်သွားသည်။လူပေါင်းတစ်သိန်းခြောက်သောင်းဟူသည် ဧရာမစစ်တပ်ကြီးပင်.....
လီလော့ း၏အမူအရာပြောင်းလဲသွားသည်ကိုမြင်တော့ လီဖန်းရိ ပြုံးလိုက်မိသည်။
"ငါတို့သွေးမျိုးဆက်က တံခွန်အခုနှစ်ဆယ်ရဲ့အင်အားပဲ ပိုင်ဆိုင်ထားတယ် ထင်နေတာလား"
လီကျင်းထောင်လည်း အလားတူ ပြုံးလိုက်ပြီး....
"တံခွန်အခုနှစ်ဆယ်က ကလန်အတွက် ပါရမှရှင်အသစ်တွေကို အဆက်မပြတ်ရှာဖွေစုဆောင်းနေပေမယ့် အစောင့်တပ်မဟာငါးခုကသာသွေးမျိုးဆက်ကို အမှန်တကယ် အကာအကွယ်ပေးနေတာ..... သူတို့ကသာ ကောင်းကင်နဂါးကလန်ငါးခုရဲ့ အစစ်အမှန် ကာကွယ်သူတွေပဲ...."
"ဒါဆို အစောင့်တပ်မဟာငါးခုကရော...."
လီလော့ သက်ပြင်းချရင်း မေးလိုက်သည်။
"ကလန်တစ်ခုစီမှာ တပ်မဟာတစ်ခုစီရှိတယ်.... နဂါးစွယ်ကလန် ကို နဂါးစွယ်တပ်မဟာက ကာကွယ်ပေးထားတယ်..."
"အစောင့်တပ်မဟာငါးခုကို ဝင်ခွင့်ရဖို့က လူငယ်တိုင်းရဲ့ အိပ်မက်ပဲ....သူတို့ရဲ့ တံခါးဝဆီခြေလှမ်းနိုင်ဖို့ဆို အနည်းဆုံး ကောင်းကင်နစ်မြုပ်ခြင်းအဆင့်မှာရှိနေမှဖြစ်မယ်....ငါနဲ့ ဖန်းရိက နောက်နှစ်မှာ နဂါးစွယ်တပ်မဟာနဲ့ ပူးပေါင်းဖို့ စီစဉ်ထားတယ်" ဟု လီကျင်းထောင်က ရှင်းပြခဲ့သည်။
လီလော့ စကားလုံးများပျောက်ရှကုန်သည်။ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်များသာ တပ်မဟာသို့ဝင်နိုင်လျှင်.....
ဒါဟာကြောက်စရာကောင်းလောက်သောအတွေးပင်.....ရှပြည်ထောင်စုတွင် ကောင်းကင်နစ်မြုပ်ခြင်းအဆင့် တစ်ဦးစီတိုင်းသည် စစ်တပ်ကို ဦးဆောင်နိုင်သော ကျွမ်းကျင်ပညာရှင်အဖြစ် သတ်မှတ်ခံရသော်လည်း ၎င်းတို့သည် ဤနေရာတွင် လက်ရွေးစင်ခြေလျင်စစ်သားများသာ ဖြစ်နိုင်လိမ့်မည်။
တပ်မဟာငါးခုကို ပေါင်းစည်းမည်ဆိုပါက၊ မည်သို့သော စွမ်းအားမျိုးကို ပြသနိုင်မည်နည်း။
လီဖန်းရိက လီလော့၏ အတွေးများကိုသိနေဟန်ဖြင့်.... "တပ်မဟာငါးခု ပေါင်းလိုက်ရင် ဘုရင်အဆင့်တွေကိုတောင် သတ်နိုင်တဲ့ ကောင်းကင်နဂါး၀င်္ကပါ ဖွဲ့စည်းနိုင်တယ်...!"
ဤသတင်းစကားကြောင့် လီလော့၏ ဉီးရေပြားများပင် ထုံကျင်သွားခဲ့သည်။
ဘုရင်တစ်ပါးကို သတ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်စစ်တပ်တဲ့လား.....
ထိုခံစားချက်ကို အကျဉ်းချုပ်ဖော်ပြနိုင်သည့် တစ်ခုတည်းသောအရာမှာ စကားလုံးတစ်လုံးတည်းသာဖြစ်သည်။
ကြောက်စရာပင်.....