← Chapters

တံခွန် ရွေးချယ်ခြင်း.....

Vol. 54 Ch. 744

တံခွန် ရွေးချယ်ခြင်း.....

Vol. 54 Ch. 744

လီလော့၏ ထိတ်လန့်တုန်လှုပ်မှုသည် လီဖန်းရိနှင့်လီကျင်းထောင်အတွက် သာမန်တုံ့ပြန်မှုတစ်ခုလိုပင်။ ထို့အပြင် တပ်မဟာငါးခု၏ဂုဏ်သတင်းသည် မူလကောင်းကင်တိုက်ကြီး တစ်ခွင်လုံးတွင် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ အသန်မာဆုံးနှင့် အကြွင်းမဲ့ကာကွယ်သူများအဖြစ် ကျော်ကြားသည်။

တပ်မဟာများ ပြန့်ကျဲနေသောအခါတွင် အထင်ကြီးလောက်စရာမဟုတ်ပေ၊ သို့သော် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံနဂါး၀င်္ကပါကို ဖွဲ့စည်းလိုက်သည်နှင့် သာမာန်ဘုရင်အဆင့်များပင်လျှင် ၎င်း၏စွမ်းအားကို ရှောင်ရှားရပေမည်။

ထို့အပြင်၊ ၎င်းသည် ကျူးကျော်သူများကို ကိုင်တွယ်ရန် ကောင်းကင်နဂါးကလန်ငါးခုပိုင်ဆိုင်ထားသော ဝှက်ဖဲများထဲမှ တစ်ခုသာဖြစ်သည်။

"နဂါးစွယ်တပ်မဟာက မင်းအတွက် အလှမ်းဝေးနေသေးပေမယ့် လောလောဆယ် တံခွန်ကိုင်ဖြစ်အောင်ကြိုးစားသင့်တယ်... မင်းသာ တံခွန်ကိုင်ဖြစ်လာပြီဆို လက်ရှိအခြေနေအပေါ် မူတည်ပြီး နောက်ထပ်အရင်းအမြစ်တွေ ပံ့ပိုးပေးလိမ့်မယ် “

လီကျင်းထောင်က ပြောနေရင်းကနေ အသံကို လျှော့လိုက်ပြီး.... "လူတိုင်းကအရင်းအမြစ်ကို လိုချင်ကြတာမို့ အသေအလဲကြိုးစားနေကြတာ... တတိယဦးလေးကလည်း ဒီလိုပါပဲ.... သူက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ထဲကို ကိုယ်ပိုင်ခွန်အားနဲ့ ခန်းမသခင်ဖြစ်လာခဲ့တာ....သူ့ခေါတ်အခါကဆို အစိမ်းရောင်နယ်သာတံခွန်က ကျန်တဲ့တံခွန်လေးခုရဲ့ ထိပ်ဆုံးမှာရှိနေတာခဲ့တာ...."

လီလော့ ခေါင်းညိတ်လိုက်သည်။ တံခွန်နှစ်ဆယ်သည် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ အခြေခံမဏ္ဍိုင်များထဲမှ တစ်ခုဖြစ်ပြီး ပါရမီရှင်များ အဆက်မပြတ်ထွက်ပေါ်နေမှသာလျှင် ၎င်း၏ရှင်သန်မှုကို အာမခံနိုင်မည်ဖြစ်သည်။

တံခွန်ကိုင်ဖြစ်လာလျှင် သူရနိုင်သည့် အပိုအရင်းအမြစ်များနှင့်ပတ်သက်၍လည်း စိတ်လှုပ်ရှားနေပါသည်။

"တကယ်တော့ ငါက ခရမ်းဝိဉာဉ်ခန်းမရဲ့ တံခွန်ကိုင်....ဖန်းရိက ကြက်သွေးတိမ်တိုက်ခန်းမရဲ့တံခွန်ကိုင်.... မင်းက နည်းနည်း အားနည်းနေပေမယ့် အရည်အချင်းရှိတာမို့ သေချာပေါက် အနာဂတ်မှာ တိုးတက်ဖို့ အခွင့်အရေးရှိတယ်”ဟု လီကျင်းထောင်က ဆက်ပြောခဲ့သည်။

" တံခွန်ကိုင်ဆိုတဲ့အတိုင်း တံခွန်အဖွဲ့ကိုဉီးဆောင်ရသူတွေရဲ့လက်အောက်မှာ မရေမတွက်နိုင်တဲ့ အခြားခေါင်းဆောင်တွေရှိတယ်.... " ဟု လီဖန်းရိကလည်း ရှင်းပြခဲ့သည်။

"ဝိုး၊ ဒါဆို အစ်ကိုတို့နှစ်ယောက်က တပ်သား ရှစ်ထောင်စီ ကွပ်ကဲရတဲ့ ဗိုလ်ချုပ်ကြီးနှစ်ယောက်ပေါ့...."

လီလော့ သက်ပြင်းချလိုက်မိပြန်သည်။

အခြားသောရှုထောင့်မှကြည့်လျှင် သူ့အစ်ကိုနှင့်အစ်မသည် လူပေါင်း ရှစ်ထောင်ကို အမိန့်ပေးနိုင်သူများပင်... ထို့အပြင်၊ ၎င်းတို့သည် နဂါးစွယ်ကိုယ်ပိုင်နယ်မြေ မှ အရည်အချင်းအရှိဆုံးလူငယ်များဖြစ်သည်။ အကယ်၍ ထိုသို့သော အင်အားကိုသာ ရှပြည်ထောင်စုသို့ပို့လိုက်လျှင် အတိုက်အခံအားလုံးကို ခြွင်းချက်မရှိ ချေမှုန်းပစ်နိုင်မည်ဖြစ်သည်။

ဒီလို ခွန်အားမျိုးကို လော့လန်အိမ်တော်ကတောင် မပိုင်ဆိုင်နိုင်ပေ။

ကျင်းထောင် သူ့စကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး.....

"ငါ့ရဲ့အကြီးမားဆုံးနောင်တက ခရမ်းဝိဉာဉ်ခန်းမရဲ့ တံခွန်ကိုင် ဖြစ်နေရခြင်းပဲ..."

လီလော့ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ထိုစဉ် လီဖန်းရိက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဒီလူမိုက်ကို လျစ်လျူရှုထားလိုက်.... သူက ပျင်းရိပြီး တနေကုန် အနားယူချင်နေတာ...တိုးတက်ချင်စိတ်မရှိတဲ့ကောင်... အခုဆို ရွှေအလင်းခန်းက ငါတို့အားလုံးကို လွှမ်းမိုးနေပြီ.... နဂါးစွယ်ကလန်သားအစစ်တွေကို အပြင်လူတွေလွှမ်းမိုးနေတာဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ.."

လီကျင်းထောင် အနည်းငယ် လန့်သွားပြီး....

"ဖန်းရိ...ရွှေအလင်းခန်းမကလည်း နဂါးစွယ်ကလန်ကပဲလေ....သူတို့အားကောင်းတာက နဂါးစွယ်ကလန်အတွက်ကောင်းတဲ့အရာပဲမဟုတ်ဘူးလား...."

"အေး...နင် အဲ့လိုတွေ့လုပ်နေလို့ နောက်ကွယ်မှာ နင့်ကိုကျိန်ဆဲနေတဲ့ ငါတို့မျိုးဆက်ထဲက ကလန်သားတွေဘယ်နှယောက်ရှိနေလဲ နင်သိ မလား" လီဖန်းရိက အေးစက်စွာ ပြုံးလိုက်သည်။

ကျင်းထောင်.... "ငါ့ကို နည်းနည်းပါးပါး အကောင်းမြင်ပေးကြပါဉီးဟာ... ငါ့အဖေသာ ရိုက်မယ်လို့ မခြိမ်းခြောက်ရင် တံခွန်ကိုင်ဖြစ်ဖို့ တွေးကိုတွေးမထားဘူး...."

ထို့နောက် လီလော့ ကိုကြည့်ရင်း... "ညီလေး... မင်း ခရမ်းဝိဉာဉ်ခန်းမကိုလာခဲ့ပါလား... မင်း ပိုသန်မာလာတာနဲ့ ငါရာထူးအပ်လိုက်မယ်...ဒီရာထူးက ငါ့အတွက် ဖိအားများလွန်းတယ်...."

လီလော့ သူ့၏အကြီးဆုံးအစ်ကိုကြောင့် အရှက်ရသွားသည်။

"နင့်ကို 'လီကျင်းထောင်' လို့ မခေါ်ဘဲ လီကွေးလို့ခေါ်ရမှာ...."

လီကျင်းထောင်သည် လီဖန်းရိ၏ သရော်လှောင်ပြောင်မှုနှင့် ရင်ဆိုင်ရသော်လည်း ရှက်ရွံမနေပေ။ ထိုအစား ဖော်ရွေစွာပင် ပြုံးပြနေသေးသည်။

လီလော့ ခေါင်းယမ်းလိုက်သည်။ အစ်ကိုအကြီးဆုံးက အသက်မပြည့်သေးပေမယ့် စိတ်ထားနူးညံ့လွန်းသည်။ ပင်ကိုယ်စရိုက်အရ၊ သူသည် အမှန်တကယ်ပင် ရှေးဟောင်းလိပ်တစ်ကောင်နှင့်တူသည်။ သို့သော်လည်း သူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းက လီလော့ ကို အထင်ကြီးသွားစေခဲ့သည်။

သူ၏ဒုတိယအစ်မ လီဖန်းရိကတော့ စိတ်မြန်လက်မြန်ရှိပြီး လျှာစောင်းလဲထက်လှသည်။ သို့သော်လည်း သူမတွင် လီကျင်းထောင်ပေါ်တွင် ဆိုးရွားသော ရည်ရွယ်ချက်များ မရှိခဲ့ဘဲ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် စိတ်ပျက်နေခြင်းသာ....

"ဒါဆို ရွှေအလင်းခန်းမက အခုအချိန်မှာ အသန်မာဆုံးပေါ့...."

ရွှေအလင်းခန်းမ၏ခန်းမသခင်မှာ ကျောက်ရွှမ်းမင်ဖြစ်သည်။

လီဖန်းရိက ခေါင်းညိတ်လိုက်ကာ ....

"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကသာ အသန်မာဆုံး.... ဘာကြောင့်လဲဆိုတာ မင်းနားလည်နိုင်လောက်မှာပါ.... တတိယဦးလေးက ခန်းမသခင်ဖြစ်ပြီး သူ့မျိုးဆက်ရဲ့ အထူးချွန်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်တယ်၊ သူက ဘိုးဘေးတွေရဲ အသိအမှတ်ပြုမှုကိုတောင်ခံခဲ့ရတယ်.... အဲ့တုန်းကဆို နဂါးစွယ်ကိုယ်ပိုင်နယ်မြေက လူငယ်တွေတင်မကဘဲ ကလန်လေးခုက လူငယ်တွေကပါ အစိမ်းရောင်နယ်သာခန်းမကိုဝင်ချင်ကြတယ်.... "

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူမရဲ့အမူအရာက မှုန်မှိုင်းသွားလေသည်။

“ဒါပေမယ့် တတိယဦးလေး ထွက်သွားပြီးကတည်းက အခြေအနေတွေ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်.... ခန်းမသခင် မရှိတော့မို့ အတွင်းပိုင်းအခြေအနေက ဖရိုဖရဲဖြစ်သွားတယ်...အစိမ်းရောင်နယ်သာခန်းမက သူ့ရဲ့အရင်က ဂုဏ်သိက္ခာနဲ့ အင်အားတွေ အများကြီးဆုံးရှုံးသွားပြီ.... ရလဒ်အနေနဲ့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က တဖြည်းဖြည်း အားနည်းလာတယ်လေ.....တံခွန်နှစ်ဆယ်ထဲမှာ အကောင်းဆုံးဖြစ်ခဲ့တယ် ဆိုတာတောင် ပုံပြင်တစ်ခုလိုဖြစ်နေပြီ..... အခု နဂါးစွယ်ကလန် တစ်ခုလုံးရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ...."

လီလော့ ခေါင်းညိတ်လိုက်သည်။ ဒါက သူ့အတွက် အံ့သြစရာ မရှိပေ။ လီတိုင်ရွှမ်သည် အစိမ်းရောင်နယ်သာခန်းမ၏ အမာခံဖြစ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ပျောက်ကွယ်သွားခြင်းနှင့်အတူ အစိမ်းရောင်နယ်သာခန်းမသည်လည်း သိသာထင်ရှားစွာ ယိုယွင်းလာခဲ့သည်။

"နဂါးစွယ်တပ်မဟာက မင်းအတွက် အလှမ်းဝေးနေသေးပေမယ့် လောလောဆယ် တံခွန်ကိုင်ဖြစ်အောင်ကြိုးစားသင့်တယ်... မင်းသာ တံခွန်ကိုင်ဖြစ်လာပြီဆို လက်ရှိအခြေနေအပေါ် မူတည်ပြီး နောက်ထပ်အရင်းအမြစ်တွေ ပံ့ပိုးပေးလိမ့်မယ် “

လီကျင်းထောင်က ပြောနေရင်းကနေ အသံကို လျှော့လိုက်ပြီး.... "လူတိုင်းကအရင်းအမြစ်ကို လိုချင်ကြတာမို့ အသေအလဲကြိုးစားနေကြတာ... တတိယဦးလေးကလည်း ဒီလိုပါပဲ.... သူက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ထဲကို ကိုယ်ပိုင်ခွန်အားနဲ့ ခန်းမသခင်ဖြစ်လာခဲ့တာ....သူ့ခေါတ်အခါကဆို အစိမ်းရောင်နယ်သာတံခွန်က ကျန်တဲ့တံခွန်လေးခုရဲ့ ထိပ်ဆုံးမှာရှိနေတာခဲ့တာ...."

လီလော့ ခေါင်းညိတ်လိုက်သည်။ တံခွန်နှစ်ဆယ်သည် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ အခြေခံမဏ္႑ိုင်များထဲမှ တစ်ခုဖြစ်ပြီး ပါရမီရှင်များ အဆက်မပြတ်ထွက်ပေါ်နေမှသာလျှင် ၎င်း၏ရှင်သန်မှုကို အာမခံနိုင်မည်ဖြစ်သည်။

တံခွန်ကိုင်ဖြစ်လာလျှင် သူရနိုင်သည့် အပိုအရင်းအမြစ်များနှင့်ပတ်သက်၍လည်း စိတ်လှုပ်ရှားနေပါသည်။

"တကယ်တော့ ငါက ခရမ်းဝိဉာဉ်ခန်းမရဲ့ တံခွန်ကိုင်....ဖန်းရိက ကြက်သွေးတိမ်တိုက်ခန်းမရဲ့တံခွန်ကိုင်.... မင်းက နည်းနည်း အားနည်းနေပေမယ့် အရည်အချင်းရှိတာမို့ သေချာပေါက် အနာဂတ်မှာ တိုးတက်ဖို့ အခွင့်အရေးရှိတယ်”ဟု လီကျင်းထောင်က ဆက်ပြောခဲ့သည်။

" တံခွန်ကိုင်ဆိုတဲ့အတိုင်း တံခွန်အဖွဲ့ကိုဉီးဆောင်ရသူတွေရဲ့လက်အောက်မှာ မရေမတွက်နိုင်တဲ့ အခြားခေါင်းဆောင်တွေရှိတယ်.... " ဟု လီဖန်းရိကလည်း ရှင်းပြခဲ့သည်။

"ဝိုး၊ ဒါဆို အစ်ကိုတို့နှစ်ယောက်က တပ်သား ရှစ်ထောင်စီ ကွပ်ကဲရတဲ့ ဗိုလ်ချုပ်ကြီးနှစ်ယောက်ပေါ့...."

လီလော့ သက်ပြင်းချလိုက်မိပြန်သည်။

အခြားသောရှုထောင့်မှကြည့်လျှင် သူ့အစ်ကိုနှင့်အစ်မသည် လူပေါင်း ရှစ်ထောင်ကို အမိန့်ပေးနိုင်သူများပင်... ထို့အပြင်၊ ၎င်းတို့သည် နဂါးစွယ်ကိုယ်ပိုင်နယ်မြေ မှ အရည်အချင်းအရှိဆုံးလူငယ်များဖြစ်သည်။ အကယ်၍ ထိုသို့သော အင်အားကိုသာ ရှပြည်ထောင်စုသို့ပို့လိုက်လျှင် အတိုက်အခံအားလုံးကို ခြွင်းချက်မရှိ ချေမှုန်းပစ်နိုင်မည်ဖြစ်သည်။

ဒီလို ခွန်အားမျိုးကို လော့လန်အိမ်တော်ကတောင် မပိုင်ဆိုင်နိုင်ပေ။

ကျင်းထောင် သူ့စကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး.....

"ငါ့ရဲ့အကြီးမားဆုံးနောင်တက ခရမ်းဝိဉာဉ်ခန်းမရဲ့ တံခွန်ကိုင် ဖြစ်နေရခြင်းပဲ..."

လီလော့ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ထိုစဉ် လီဖန်းရိက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဒီလူမိုက်ကို လျစ်လျူရှုထားလိုက်.... သူက ပျင်းရိပြီး တနေကုန် အနားယူချင်နေတာ...တိုးတက်ချင်စိတ်မရှိတဲ့ကောင်... အခုဆို ရွှေအလင်းခန်းက ငါတို့အားလုံးကို လွှမ်းမိုးနေပြီ.... နဂါးစွယ်ကလန်သားအစစ်တွေကို အပြင်လူတွေလွှမ်းမိုးနေတာဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ.."

လီကျင်းထောင် အနည်းငယ် လန့်သွားပြီး....

"ဖန်းရိ...ရွှေအလင်းခန်းမကလည်း နဂါးစွယ်ကလန်ကပဲလေ....သူတို့အားကောင်းတာက နဂါးစွယ်ကလန်အတွက်ကောင်းတဲ့အရာပဲမဟုတ်ဘူးလား...."

"အေး...နင် အဲ့လိုတွေ့လုပ်နေလို့ နောက်ကွယ်မှာ နင့်ကိုကျိန်ဆဲနေတဲ့ ငါတို့မျိုးဆက်ထဲက ကလန်သားတွေဘယ်နှယောက်ရှိနေလဲ နင်သိ မလား" လီဖန်းရိက အေးစက်စွာ ပြုံးလိုက်သည်။

ကျင်းထောင်.... "ငါ့ကို နည်းနည်းပါးပါး အကောင်းမြင်ပေးကြပါဉီးဟာ... ငါ့အဖေသာ ရိုက်မယ်လို့ မခြိမ်းခြောက်ရင် တံခွန်ကိုင်ဖြစ်ဖို့ တွေးကိုတွေးမထားဘူး...."

ထို့နောက် လီလော့ ကိုကြည့်ရင်း... "ညီလေး... မင်း ခရမ်းဝိဉာဉ်ခန်းမကိုလာခဲ့ပါလား... မင်း ပိုသန်မာလာတာနဲ့ ငါရာထူးအပ်လိုက်မယ်...ဒီရာထူးက ငါ့အတွက် ဖိအားများလွန်းတယ်...."

လီလော့ သူ့၏အကြီးဆုံးအစ်ကိုကြောင့် အရှက်ရသွားသည်။

"နင့်ကို 'လီကျင်းထောင်' လို့ မခေါ်ဘဲ လီကွေးလို့ခေါ်ရမှာ...."

လီကျင်းထောင်သည် လီဖန်းရိ၏ သရော်လှောင်ပြောင်မှုနှင့် ရင်ဆိုင်ရသော်လည်း ရှက်ရွံမနေပေ။ ထိုအစား ဖော်ရွေစွာပင် ပြုံးပြနေသေးသည်။

လီလော့ ခေါင်းယမ်းလိုက်သည်။ အစ်ကိုအကြီးဆုံးက အသက်မပြည့်သေးပေမယ့် စိတ်ထားနူးညံ့လွန်းသည်။ ပင်ကိုယ်စရိုက်အရ၊ သူသည် အမှန်တကယ်ပင် ရှေးဟောင်းလိပ်တစ်ကောင်နှင့်တူသည်။ သို့သော်လည်း သူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းက လီလော့ ကို အထင်ကြီးသွားစေခဲ့သည်။

သူ၏ဒုတိယအစ်မ လီဖန်းရိကတော့ စိတ်မြန်လက်မြန်ရှိပြီး လျှာစောင်းလဲထက်လှသည်။ သို့သော်လည်း သူမတွင် လီကျင်းထောင်ပေါ်တွင် ဆိုးရွားသော ရည်ရွယ်ချက်များ မရှိခဲ့ဘဲ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် စိတ်ပျက်နေခြင်းသာ....

"ဒါဆို ရွှေအလင်းခန်းမက အခုအချိန်မှာ အသန်မာဆုံးပေါ့...."

ရွှေအလင်းခန်းမ၏ခန်းမသခင်မှာ ကျောက်ရွှမ်းမင်ဖြစ်သည်။

လီဖန်းရိက ခေါင်းညိတ်လိုက်ကာ ....

"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကသာ အသန်မာဆုံး.... ဘာကြောင့်လဲဆိုတာ မင်းနားလည်နိုင်လောက်မှာပါ.... တတိယဦးလေးက ခန်းမသခင်ဖြစ်ပြီး သူ့မျိုးဆက်ရဲ့ အထူးချွန်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်တယ်၊ သူက ဘိုးဘေးတွေရဲ အသိအမှတ်ပြုမှုကိုတောင်ခံခဲ့ရတယ်.... အဲ့တုန်းကဆို နဂါးစွယ်ကိုယ်ပိုင်နယ်မြေက လူငယ်တွေတင်မကဘဲ ကလန်လေးခုက လူငယ်တွေကပါ အစိမ်းရောင်နယ်သာခန်းမကိုဝင်ချင်ကြတယ်.... "

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူမရဲ့အမူအရာက မှုန်မှိုင်းသွားလေသည်။

“ဒါပေမယ့် တတိယဦးလေး ထွက်သွားပြီးကတည်းက အခြေအနေတွေ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်.... ခန်းမသခင် မရှိတော့မို့ အတွင်းပိုင်းအခြေအနေက ဖရိုဖရဲဖြစ်သွားတယ်...အစိမ်းရောင်နယ်သာခန်းမက သူ့ရဲ့အရင်က ဂုဏ်သိက္ခာနဲ့ အင်အားတွေ အများကြီးဆုံးရှုံးသွားပြီ.... ရလဒ်အနေနဲ့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က တဖြည်းဖြည်း အားနည်းလာတယ်လေ.....တံခွန်နှစ်ဆယ်ထဲမှာ အကောင်းဆုံးဖြစ်ခဲ့တယ် ဆိုတာတောင် ပုံပြင်တစ်ခုလိုဖြစ်နေပြီ..... အခု နဂါးစွယ်ကလန် တစ်ခုလုံးရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ...."

လီလော့ ခေါင်းညိတ်လိုက်သည်။ ဒါက သူ့အတွက် အံ့သြစရာ မရှိပေ။ လီတိုင်ရွှမ်သည် အစိမ်းရောင်နယ်သာခန်းမ၏ အမာခံဖြစ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ပျောက်ကွယ်သွားခြင်းနှင့်အတူ အစိမ်းရောင်နယ်သာခန်းမသည်လည်း သိသာထင်ရှားစွာ ယိုယွင်းလာခဲ့သည်။

လူငယ်သုံးဦးတို့ အချင်းချင်း တိုးတိုးတိတ်တိတ် ပြောနေကြစဉ် သက်ကြီးရွယ်အိုများကြား အချေအတင် စကားများသံ ထွက်ပေါ်လာသည်။

လီကျင်းပန်နှင့်လီချင်းဖန်တို့နှစ်ယောက်က လီလော့ကို အလိုရှိကြသည်။ တစ်ချိန်တည်းမှာပင်၊ ကျောက်ရွှမ်းမင်ကလည်း အခွင့်ရေးကိုလက်လွတ်မခံဘဲ လီလော့ကို သူ့ခန်းမဆီ ဝင်ရန်ဖိတ်ခေါ်ချင်နေသည်။ သူဘာတွေ

တွေးနေတယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပေမယ့် ဒီလုပ်ဆောင်ချက်က လီလော့ ရဲ့ အလားအလာကို သက်သေပြနေခြင်းပင်....

နောက်ဆုံးတွင် ကလန်အကြီးအကဲက လက်ကို ဝှေ့ယမ်းကာ ဆုံးဖြတ်ချက်ချပြီးကြောင်းအချက်ပြလိုက်လေသည်။

"လုမနေကြနဲ့.... လီလော့က တိုင်ရွှမ်ရဲ့သွေးသား.. သူ အစိမ်းရောင်နယ်သာခန်းမနဲ့ နှစ်အတော်ကြာ ဝေးကွာနေခဲ့တာတောင် မင်းတို့က ကျန်တာလေးတွေကို တူးဖော်ချင်သေးတာလား.....တကယ်ဆို ငါတို့က ရှောင်လော့ကို အစိမ်းရောင်နယ်သာခန်းမကိုဝင်ခွင့်ပေးပြီးသူ့အတွက် နေရာတစ်ခု စီစဉ်ပေးသင့်တယ်...."

ထို့နောက် လီလော့ ဘက်သို့လှည့်ကာ ပြုံးလိုက်ပြီး... "ဘယ်လိုထင်လဲ ရှောင်လော့..."

လီကျင်းထောင်နှင့်လီဖန်းရိတို့ ထိုစကားများကို ကြားလိုက်ရသည့်အခါအနည်းငယ် စိတ်ပျက်သွားသည်။

"အဘိုး... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က အားလုံးထဲမှာ ဖရိုဖရဲဖြစ်ဆုံးအဖွဲ့ ဖြစ်နေပြီ....လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တံခွန်ကိုင်ရာထူးအတွက် ပြိုင်ဆိုင်မှုတွေ အပြင်းအထန် ပြင်းထန်ခဲ့ပေမယ့် အခုက မတူတော့ဘူး.... နတ်ဆိုးနန်းတော်အဆင့်ပဲရောက်သေးတဲ့ မောင်လေးကို ရာထူးကြီးကြီးမားမားရာထူးပေးလိုက်ရင် ကောင်းကျိုးထက်ဆိုးကျိုးတွေပဲပိုများလာလိမ့်....လက်အောက််သားတွေကရောကြည်ဖြူပါ့မလား..."

ဤကန့်ကွက်ချက်သည် လီလော့၏ ခွန်အားကို မယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ အစိမ်းရောင်နယ်သာခန်းမ၏ အတွင်းပိုင်းအခြေအနေကို ရှင်းရှင်းလင်းလင်း သိနေသောကြောင့်ပင်.... လီလော့သာ လုံလောက်သော ကြံ့ခိုင်မှု မရှိပါက၊ ၎င်းသည် အဆုံးမဲ့ ဒုက္ခများကိုသာ လှုံ့ဆော်ပေးလိမ့်မည်။ လီလော့သည် ပါရမီနှင့်အရည်အချင်းရှိကောင်းရှိနိုင်သော်လည်း မကြာသေးမီနှစ်များအတွင်း အစိမ်းရောင်နယ်သာအလံတော် တွင် အဆုံးမဲ့ပြသာနာများဖြစ်ပျက်နေခဲ့ပြီဖြစ်သည်။

"ဖန်းရိ...နင် အဘိုးကို ဘယ်လိုတွေပြောနေတာလဲ...." လီကျင်းပန်က သမီးဖြစ်သူကို ဟန့်လိုက်သည်။

လီကျင်းဇယ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီ..... "ဖန်းရိ ပြောတာဘာမှားလို့လဲ.... ဒါပေမယ့် အရေးအကြီးဆုံးက ရှောင်လော့ရဲ့ထင်မြင်ချက်ပဲ....."

ထို့နောက် လူတိုင်းက လီလော့ကို လှည့်ကြည့်နေကြသည်။

"အစိမ်းရောင်နယ်သာခန်းမက အရင်တုန်းက ကျွန်တော့်အဖေ ဦးဆောင်ခဲ့တဲ့ နေရာပါ...အဖေက အစိမ်းရောင်နယ်သာတံခွန်ကို ထင်ရှားကျော်ကြားအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး အခု ခဏတဖြုတ် အနားမှာ မရှိတော့ဘူးဆိုတော့ သားဖြစ်တဲ့ ကျွန်တော်ကပဲ အဖေ့တာဝန်ကို လက်လွှဲယူရတော့မယ်..."

ရှင်းရှင်းပြောရရင် သူ့အဖိုးလည်း ဒီလို ဆန္ဒရှိတယ်ဆိုတာကို ခံစားနိုင်တာကြောင့် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့မှာ ပါဝင်ဖို့ ဆန္ဒရှိခဲ့ပါသည်။

လီကျင်းဇယ်က အားရပါးရ ပြုံးလိုက်ပြီး....

" သတ္တိကတော့ ချီးကျူးထိုက်ပါပေတယ်...."

လီလော့ဘက်ကဆုံးဖြတ်ချက်ချပြီးကြောင်းနှင့် ပြောင်းလဲ၍မရတော့ကြောင်း အားလုံးနားလည်လိုက်ကြသည်။ ယခုဆို အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် အထူးအမှတ်အသားပါရှိသော ခေါင်းဆောင်သစ်တစ်ဦး ရှိလာပေတော့မည်။

ကျောက်ရွှမ်းမင်ကလည်း အလားတူ ပြုံးလိုက်ပြီး ခပ်ပိန်ပိန်လူတစ်ယောက်ကို အချိန်တန်ပြီဖြစ်ကြောင်း အချက်ပြလိုက်လေသည်။

"ကလန်အကြီးအကဲ၊ ဒီနေ့ ဆုံးဖြတ်ချက်ချပေးရမယ့် နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်....."

အားလုံးက ခပ်ပိန်ပိန်နှင့်ဝတ်စုံဖြူဝတ်ဆင်ထားသူဆီ လှည့်ကြည့်လိုက်သည်။

လီဖန်းရိက လီလော့နားကို တိုးတိုးကပ်ပြောခဲ့သည်က.... "သူက အစိမ်းရောင်နယ်သာခန်းမရဲ့ ဒုခန်းမသခင် ကျုံးယုရှီ....သူက တတိယဉီးလေးရဲ့ ခန်းမသခင် ရာထူးကို အမြဲတမ်း မက်မောနေတာ...."

" ဘာကိစ္စများလဲ ကျုံးယုရှီ..."

ကျုံးယုရှီသည် စကားဆက်မပြောမီ ချက်ချင်း ဦးညွှတ်ပြီး လေးလေးစားစား နှုတ်ဆက်လိုက်သည်။

"အစိမ်းရောင်နယ်သာခန်းမရဲ့ ခန်းမသခင် ရာထူးလစ်လပ်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ အတွင်းပိုင်းအခြေအနေ အစိတ်စိတ်အမွှာမွှာ ဖရိုဖရဲဖြစ်နေပါပြီ....ဒီပြသာနာက ဆယ်နှစ်နီးပါးကြာမြင့်ခဲ့ပြီး အစိမ်းရောင်နယ်သာခန်းမကို သိသိသာသာထိခိုက်စေပါတယ်.... နဂါးစွယ်ကလန် ဆက်လက်တိုးတက်နေဖို့ ခန်းမသခင်အသစ်ကိုရွေးချယ် ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါရစေ..."

[TN/ ကျင်းထောင်သည် ဆူနာမီလှိုင်းများကို ဖန်တီးသော ဝေလငါးကို ဆိုလိုသည်...ကွေးဆိုသည်မှာ လိပ်ကိုဆိုလိုခြင်းပင်....]

All Chapters