← Chapters

အဘိုးနှင့်စကားစမြည်ပြောခြင်း......

Vol. 54 Ch. 747

အဘိုးနှင့်စကားစမြည်ပြောခြင်း......

Vol. 54 Ch. 747

လီကျင်းဇယ်၏ စိတ်နေစိတ်ထား ကောင်းမွန်ကြောင်း မည်သူမဆို မြင်နိုင်သည်။အချစ်ရဆုံးသောသား ပြန်မလာသေးသော်လည်း လီလော့ နဂါးစွယ်ကလန်သို့ ပြန်ပို့ခံရပြီး ထိုအပြုအမူသည် သားဖြစ်သူ၏ ရည်ရွယ်ချက်ကို ထင်ရှားစေသည်။ သူသည် အတိတ်က ဖြစ်ပျက်ခဲ့သောကိစ္စများအတွက် နဂါးစွယ်ကလန်ကို မနာကျည်းတော့ပေ။

လီလော့၏ ပင်ကိုယ်စရိုက်ကလည်း သူ့စိတ်ကြိုက်ဖြစ်နေသည်။

ဒီမြေးမှာ လီတိုင်ရွှမ်ထက် မနိမ့်ကျတဲ့ အရည်အချင်းတွေရှိပြီး စိတ်ပိုင်းဖြတ်ပြီး မယိမ်းယိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိနေသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် နေရာဒေသအလိုက် လိုအပ်သည့်အခါတွင် သူ၏တောက်ပမှုကို ဖုံးကွယ်ထားနိုင်ခဲ့သည်။ ဤသည်မှာ သူ့အဖေထက်သာလွန်သော အရည်အချင်းဖြစ်သည်။ဒါဟာလည်း ကြီးပြင်းလာရသည့် ကိုယ်ပိုင်အတွေ့အကြုံများ မတူညီသောကြောင့် ဖြစ်နိုင်သည်။ လီတိုင်ရွှမ်သည် အနှောင်အဖွဲ့ကင်းသော ဘဝတစ်ခုကို ခံစားခဲ့ရပြီး နဂါးစွယ်ကလန်၏ အကာအကွယ်ဖြင့် ပင်ပန်းမှုများစွာမရှိဘဲ အခြားသူများအားလုံးကို ကျော်လွှားနိုင်သည့် မာနကြီးသူဖြစ်လာခဲ့သည်။

သူ့ဘဝတစ်လျှောက် လွယ်ကူလွန်းသောကြောင့် အချို့သော အရေးကြီးသည့်အခိုက်အတန့်များတွင် ခံနိုင်ရည်မရှိခဲ့ပေ။

ယုံကြည်မှုရှိဖို့ အရေးကြီးပေမယ့် ခေါင်းမာလွန်းခြင်းကြောင့် အခြားသူများ၏ထောင်ချောက်ထဲလွယ်လွယ်ကျဆင်းခဲ့ရသည်။

လီကျင်းဇယ်က အရက်ခွက်ကို ချလိုက်ပြီး .....

"ရှောင်လော့.... နဂါးစွယ်ကလန်မှာ မင်းရဲ့ ထက်မြက်မှုကို ဖုံးကွယ်ထားစရာ မလိုဘူး..... ဒီနေရာက ရှပြည်ထောင်စုနဲ့မတူဘူး..လုပ်ကြံမယ့်သူတွေရှိနေမှာ စိတ်မပူနဲ့... မင်းသာစည်းကမ်းလိုက်နာနေသရွေ့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ကြွက်လိုကောင်တွေတောင် မင်းကိုဘာမှမလုပ်နိုင်ဘူး...."

လီလော့ ဤစကားကြောင့် စိတ်လှုပ်ရှားသွားသည်။ သူက ခေါင်းညိတ်ပြီး တိုက်ရိုက်မေးလိုက်တော့သည်။

"အဘိုး...နဂါးစွယ်ကလန်က ထင်သလောက်မအေးချမ်းဘူးမလား....."

"မင်း ခန်းမသခင်ကျောက်ရွှမ်းမင်ကိုရည်ညွှန်းနေတာလား....."

လီလော့ ခေါင်းညိတ်လိုက်သည်။ သူ၏အကြီးဆုံးဦးလေးနှင့် ဒုတိယဦးလေးတို့ ထိပ်တိုက်တွေ့သောအခါ ယခင်အငွေ့အသက်ကို ကြည့်ပြီး သူတို့ကြားတွင် နက်နဲသော မကျေလည်မှုတွေ ရှိနေပုံရသည်။

"သူ့ကို နဂါးသွေးကလန်က အကြံပြုထားတာ.... သူတို့က တောင်တန်းအုပ်ချုပ်သူကလန်မို့ သူတို့မှာ လုပ်ပိုင်ခွင့်ရှိပါတယ်..... သူတို့ရဲ့ ရည်ရွယ်ချက်က နဂါးစွယ်ကလန်ကို နည်းနည်းပါးပါး ဒုက္ခဖြစ်စေဖို့ပဲ... ”

"အဘိုး သူ့ကိုဘာလို့မငြင်းလိုက်တာလဲ..."

လီကျင်းဇယ်သည် နဂါးစွယ်ကလန်၏အကြီးအကဲဖြစ်ပြီး သူသာလျှင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်နိူင်သူပင်...

"မင်းအဖေ ရှိနေရင်တောင် ငါသေချာပေါက်လက်ခံဉီးမှာပဲ......"

လီလော့ ပိုလို့တောင် အံ့သြသွားသည်။ သူ့အဖေအနားမှာရှိနေရင် ကျောက်ရွှမ်းမင်

ကိစ္စက ပြဿနာနည်းနည်းပဲရှိတော့မှာ မဟုတ်ဘူးလား......

"မင်းအဖေရှိတုန်းက ခန်းမလေးခုက နာခံတတ်တဲ့ သိုးလိုဖြစ်ပြီး တခြားကလန်လေးခုကို နှိမ်နှင်းဖို့ ပိုလို့တောင် ကြောက်စရာကောင်းတဲ့ အင်အားပြသဖို့ အတူတကွ လုပ်ဆောင်နိုင်ခဲ့တယ်.... အဲဒီအချိန်တုန်းကဆို ငါတို့ရဲ့ ညီညွတ်မှုနဲ့ စည်းလုံးညီညွတ်မှုမပျက်ပြားရအောင် အပြင်လူတွေကိုဝင်ခွင့်ပြုမှာမဟုတ်ဘူး....မင်းအဖေမရှိတော့တဲ့နောက်ပိုင်း နဂါးစွယ်ကလန်ရဲ့ခန်းမလေးခုစလုံးအားနည်းသွားခဲ့တယ်...မင်းရဲ့အကြီးဆုံးဦးလေးနဲ့ဒုတိယဦးလေးတို့က မင်းအဖေရဲ့ စံနှုန်းကို လိုက်မမှီကြဘူး... ကျောက်ရွှမ်းမင်က မင်းရဲ့ဦးလေးတွေ ဆက်ပြီး တိုးတက်အောင်လုပ်ဖို့ ဖိအားတွေပေးမယ်ဆိုတာ ငါသိထားလို့ပဲ....” လို့ လီကျင်းဇယ်က ရှင်းပြခဲ့သည်။

"ဒါဆို ဦးလေးတွေကို တွန်းအားပေးဖို့ ကျောက်မင်းရွှမ်းကို လက်ခံခဲ့တာပေါ့...ဒါပေမယ့်.ရလဒ်က ထင်သလောက်မကောင်းဘူးမလား......." "

လီလော့ အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

နောက်ဆုံးတွင်၊ ရွှေအလင်းခန်းမသည် အသန်မာဆုံးဖြစ်လာပြီး ကျောက်ရွှမ်းမင် ၏ဂုဏ်သတင်းကို မြှင့်တင်ပေးခဲ့သည်။ သူ့ဦးလေးများက သူ့ကို ဟန့်တားရန် ဘာမှမတတ်နိုင်ပေ။

လီကျင်းဇယ်သည် ကူကယ်ရာမဲ့ ခေါင်းညိတ်ပြီး.... "ငါ့သားအကြီးဆုံးက အမြဲတမ်း စိတ်ထားပျော့ညံ့ပြီး တိုက်ခိုက်ချင်စိတ်မရှိဘူး....ဒုတိယသားကျပြန်တော့လည်း တိုက်ခိုက်ချင်စိတ်ရှိပေမယ့် လုပ်ရည်ကိုင်ရည်မရှိဘူး... သူတို့နှစ်ယောက်က တိုင်ရွှမ်နဲ့မတူဘူး... ရွှေအလင်းခန်းမက ကျောက်မင်ရွှမ်း ပြောခဲ့သလို နဂါးစွယ်ကလန်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူတို့ရဲ့စွမ်းဆောင်ရည်တွေက ငါတို့အပေါ် ကောင်းစွာထင်ဟပ်စေပါတယ်.... အစိမ်းရောင်နယ်သာခန်းမမှာ ရန်ပွဲတွေ ပြည့်နှက်နေတာကလည်း အမှန်တရားပဲမို့ ဒီပြသာနာမှာ ကျောက်မင်ရွှမ်း ဝင်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေအရေးမကြီးတော့ဘူး..."

လီကျင်းဇယ်ထံမှ ကြီးစိုးနေသောအော်ရာများ ဖြာထွက်ကာ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် စွမ်းအားရှိပြီး သူ၏ ယုံကြည်မှုကို ပြသခဲ့သည်။

"ငါ နဂါးဖန်းမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နေသရွေ့ ကျောက်ရွှမ်းမင် ဘယ်လောက်ပဲ အံ့သြစရာကောင်းနေပါစေ၊ သူက ငါတို့ကလန်အတွက် အလှပြသက်သက်ပဲဖြစ်နေရမယ်....မလွှဲသာမရှောင်သာအခြေနေနဲ့ထပ်ကြုံလာရင် ဘာကိုမှဖက်တွယ်မနေဘဲ အရာအားလုံးစွန့်လွှတ်ဖို့ပြင်ဆင်ထားပြီးပြီ...."

လီလော့သည် လီကျင်းဇယ် ဤမျှ ပွင့်လင်းမြင်သာစွာထုတ်ပြောမည်ဟု တစ်ခါမျှ မမျှော်လင့်ထားသဖြင့် အနည်းငယ် ထိတ်လန့်သွားသည်။ သူတို့ရဲ့ကလန်က တကယ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကို မမွေးထုတ်ခဲ့ဘူးဆိုရင် တကယ်ဘဲ ရာထူးစွန့်ဖို့ ဆန္ဒရှိလား။

"ဒီကမ္ဘာမှာ ထာဝရတည်မြဲတာဘယ်အရာမှမရှိဘူး.... နဂါးစွယ်ကလန်လည်း ဒီအတိုင်းပါပဲ..... ဒါက ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်နဲ့ အခြားသော ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်တွေနဲ့လည်း သက်ဆိုင်တယ်.... အချိန်တွေကြာလာတာနဲ့အမျှ ဘယ်လောက်ပျောက်ကွယ်သွားလဲဆိုတာ ဘယ်သူက သိနိုင်မလဲ.....?"

လီကျင်းဇယ်သည် လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ပြီး.... "ဒါပေမယ့်၊ နဂါးစွယ်ကလန်က ကံကောင်းတယ်.... ပထမဆုံး လီတိုင်ရွှမ်၊ ပြီးတော့ မင်းရောက်လာတယ်..... ဟားဟား...တိုင်ရွှမ် ပြန်လာမယ့်နေ့နဲ့ မင်း ရင့်ကျက်ကြီးပြင်းလာမယ့် နေ့ကို စောင့်နေမယ်.... မင်းတို့နှစ်ယောက်သာ အနားမှာရှိနေရင် ငါတို့ကလန် တိုးတက်လာမယ်ဆိုတာ အာမခံနိုင်ပြီ.... အနည်းဆုံးတော့ အနာဂတ်မှာ အရာအားလုံးက အရမ်းစိတ်ဝင်စားဖို့ကောင်းလာမှာပါ....."

လီလော့က ခြောက်ကပ်စွာပြုံးလိုက်ပြီး....

"အဘိုး...အဘိုးရဲ့မျှော်လင့်ချက်တွေကအရမ်းကြီးမားတယ်...!"

"မင်းက လိမ္မာတဲ့မြေးလေးပါ...." လီကျင်းဇယ် က သူ့ကို ပြုံးပြလိုက်သည်။

"အဘိုး၊ ကျွန်တော်မှာ အရေးတကြီး အကူအညီတောင်းစရယ နှစ်ခုရှိတယ်...."

လီလော့၏ အမူအရာက ရုတ်တရက် လေးနက်လာသည်။

"ပြောပါ..."

"ပထမအချက်က ကျွန်တော်မိဘတွေရဲ့ သူငယ်ချင်းကောင်း နွားသိုးကြီးပေါင်ပေါင်ကြောင်းမှာ အဲဒီနေ့တုန်းက..."

လီလော့ စကားမဆုံးခင် လီကျင်းဇယ် က ခေါင်းညိတ်ပြီး..... "ငါ သူ့ကို သိပါတယ်....မင်းမိဘတွေ လိုက်ဖမ်းခံရတုန်းက သူငယ်ချင်း တော်တော်များများ သူတို့ကို ရှောင်ဖို့ ရွေးချယ်ခဲ့တာ....ပေါင်ပေါင်ကတော့ ဒုက္ခရောက်မယ်မှန်းသိရက်နဲ့ မင်းမိဘတွေနောက်လိုက်ခဲ့တာ....သူက သစ္စာတရားကြီးမားပြီးရိုးသားဖြောင့်မတ်သူပါ..."

"ဦးလေးပေါင်ရဲ့ မြို့စားရဲတိုက်တွေပျက်စီးသွားတယ်...အဖေတို့လည်း ပြန်လည်ထူထောင်ဖို့ နည်းလမ်းရှာနေကြပါတယ်....ကျွန်တော်တို့မိသားစုပေါ် သူ့အကြွေးတွေ အရမ်းများနေတော့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူ့ကို ကူညီချင်တယ်...အဖေတို့သိရင်လည်း သဘောတူမယ်လို့ယုံကြည်တယ်...." လီလော့က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"မင်းက ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထားတတ်တဲ့သူပဲ..." ဟု လီကျင်းဇယ်က ချီးကျူးခဲ့သည်။ သူတို့ရဲ့ အမျိုးအနွယ်တွေကို ကျေးဇူးကန်းပြီး အေးစက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မည်ကို ဘယ်သူမှ မလိုလားပေ။

လီလော့ဟာ သူ့အဖေနဲ့ အတော်လေး အကျင့်စရိုက်တူပေသည်။

"သူ့ရဲ့ မြို့စားရဲတိုက်တွေ ပြန်လည်ထူထောင်ဖို့ နည်းလမ်းရှာပေးမယ်..."

လီကျင်းဇယ်သည် ဤကတိကိုတည်ရန် တွန့်ဆုတ်မနေပေ။ နွားသိုးကြီးပေါင်ပေါင် သည် တချိန်လုံး လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ကို ကာကွယ်ပေးခဲ့သဖြင့် နဂါးစွယ်ကလန်က သူ့အား အကြွေးတင်ခဲ့သည်။

"ဒါဆို နောက်တစ်ခုကဘာလဲ... မြန်မြန်ပြောပါ"

လီလော့က သူ့အဖိုးကို ဝမ်းသာအားရ ကျေးဇူးတင်ကြောင်းပြောပြီး သူ့အမူအရာက လေးလံသွားပြန်သည်။

"ကျွန်တော် နဂါးစွယ်ကလန်ကို ပြန်လာရတဲ့ အခြားအကြောင်းရင်းက ကလန်ရဲ့ ရတနာစံအိမ်ကနေ ရတနာတစ်ခု လိုချင်တာကြောင့်ပါ.... အဲဒါကို အမှတ်အသားကိုးခုကြာပန်းလို့ ခေါ်တယ်....ပြီးတော့ အဲဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်....ဘယ်လိုရနိုင်လဲဆိုတာ အဖိုးသိလား.....ဂယ"

"အမှတ်အသားကိုးခုကြာပန်း? မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင့်မှန်းတတ်နေပြီပဲ.... အဲဒါက ဘိုးဘေးတွေ ကမ္ဘာ့နယ်နိမိတ်က ရခဲ့တဲ့ ဆန်းကြယ်ရတနာတစ်ခုပဲ.. အခု အဲ့ကြာပန်းကို နဂါးသွေးကလန်က ထိန်းချုပ် ထားတဲ့ ဘဏ္ဍာတိုက်ထဲမှာ ထားထားတယ်.... မင်း ဒီ ပစ္စည်းကို လိုချင်သေးလား...."

လီလော့ အလျင်စလို ခေါင်းညိတ်လိုက်သည်။

လီကျင်းဇယ် သက်ပြင်းချလိုက်ပြီး....

“ဒီလိုရတနာတစ်ခုရဖိို့ သာမာန်လူတစ်ယောက်အတွက် ခက်ခဲနိုင်တယ်... ငါသာလိုချင်တယ်ဆိုရင် တခြားကလန်ခုမျိုးနဲ့ ညှိနှိုင်းဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ရှိရမယ်....ဒီကြာပန်းကို သန့်စင်လိုက်တာနဲ့ ခန်းမသခင်တွေတောင် အဆင့်တက်နိုင်ပြီ....."

လီလော့၏ နှလုံးသား နစ်မြုပ်သွားသည်။ လီရုန်ယွင့်က ဒီလိုရတနာမျိုးရှိတယ်လို့သာ ပြောခဲ့ပေမယ့် လိုအပ်ချက်နဲ့ ပတ်သက်ပြီး ဘာမှ မပြောခဲ့ပေ။ ခန်းမသခင်တွေတောင် ဒီပစ္စည်းကို လိုချင်ရင် ဘယ်မလဲသူ့အတွက်အခွင့်အရေး.....

"ဒါကို မင်းစိတ်ပူနေဖို့ မလိုဘူး....မင်းကိုဘယ်သူမှ မတားနိုင်တာ သေချာအောင် ငါကူညီပေးမယ်.....အဲဒါကိုတရားဝင်ရယူဖို့ နည်းလမ်းတစ်ခုကိုလည်း စဉ်းစားပေးပါ့မယ်..."

"ကျေးဇူးတင်ပါတယ် အဘိုး!"

လီလော့ အဆုံးမရှိ ဝမ်းသာသွားသည်။ သူ့အဖိုး၏အကူအညီဖြင့် ဤရတနာကို ရရှိရန် အခွင့်သာပေလိမ့်မည်။

လီကျင်းဇယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး..... "မင်း လက်ရှိအာရုံစိုက်ထားရမှာက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့မှာ ခြေကုပ်ယူဖို့ပဲ... ဒါမှမဟုတ်ရင် ကျုံးယုရှီက ပြဿနာရှပြီး မင်းအဖေရဲ့ ရာထူးကို လုယူသွားလိမ့်မယ်..... တကယ်တော့ မင်းပြန်လာတာက ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ရဲ့ မရေမတွက်နိုင်တဲ့ အကြီးအကဲတွေရဲ့ အကြည့်တွေကို ဆွဲဆောင်လိုက်တာပဲ....."

လီလော့က ခေါင်းညိတ်လိုက်ပြီး... "စိတ်ချပါ အဘိုး...သူတို့ မျက်စိကန်းသွားတဲ့အထိ တောက်ပအောင် အစွမ်းကုန် ကြိုးစားပါ့မယ်....."

လီလော့၏ ရုတ်တရတ်ဆန်သောအဖြေကြောင့် လီကျင်းဇယ် အံ့အားသင့်သွားခဲ့သည်။ သူ့မြေးဖြစ်သူရဲ့ သူ့ကိုယ်သူယုံကြည်မှုကတော့ သူ့အဖေကို တကယ်အမှတ်ရစေခဲ့သည်။

"ကောင်းပြီ....အစိမ်းရောင်နယ်သာတံခွန်ကိုင် ရာထူးက လစ်လပ်နေတယ်... အဖွဲ့ခေါင်းဆောင်အနေနဲ့၊ မင်းမှာ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ အခွင့်အာဏာရှိတယ်.....မင်း သာတံခွန်ကိုင်ရာထူးကိုရနိုင်ရင် အမှတ်အသားကိုးခုကြာပန်းကိုယူနိုင်မယ့်နည်းလမ်းပြောပြပေးမယ်...."

လီလော့က အရက်ခွက်ကို မြှောက်လိုက်ပြီး တစ်ချက်တည်းသောက်လိုက်သည်ယ

တံခွန်ကိုင်????

သူသည် ထိုရာထူးကို ရနိုင်ဖို့ မည်သည့် အခက်အခဲကိုမဆို ဖြတ်ကျော်သွားရမည်။ဒါမှသာ ချင်းအာအတွက် အမှတ်အသားကိုးခုကြာပန်းကိုရယူနိုင်လိမ့်မည်။

All Chapters