လစဉ်ထောက်ပံ့ကြေး.....
Vol. 54 Ch. 748
ဒုတိယနေ့တွင်....
လီလော့ မျက်လုံးဖွင့်လိုက်သောအခါ ထူးဆန်းသော ဇိမ်ခံမျက်နှာကျက်တစ်ခု ပေါ်လာသည်။ မနေ့ညက လီကျင်းဇယ်ကို နှုတ်ဆက်ပြီး အစိမ်းရောင်နယ်သာခန်းမနယ်မြေမှာတည်းခိုအနားယူဖို့ တစ်စုံတစ်ယောက်ကစီစဉ်ပေးခဲ့သည်။
လီလော့ အိပ်ယာမှထကာ ပျင်းရိစွာ အကြောဆန့်လိုက်သည်။ အချိန်အတော်ကြာ ခရီးထွက်ပြီးနောက် ဤသည်မှာ သက်တောင့်သက်သာ အနားယူနိုင်သည့် ပထမဆုံး အကြိမ်ဖြစ်သည်။
ထိုအချိန်တွင် လီလော့၏ ဝေယျာဝစ္စများကိုလုပ်ဆောင်ပေးရန် အစေခံအချို့ရောက်လာခဲ့သည်။ လီလော့လည်း ငြင်းဆန်မနေဘဲ လက်ခံလိုက်သည်။
ငယ်ရွယ်ပြီးချောမောလှပတဲ့ အိမ်အကူတွေက သူ့ကို တိတ်တဆိတ် ခိုးကြည့်ရင်း သူ့လိုအပ်ချက်တွေကို ဆက်လက် ဖြည့်ဆည်းပေးခဲ့ကြသည်။ သူ၏ ချောမောသော မျက်နှာသည် အရပ်ရှည်သွယ်လျသော အသွင်အပြင်နှင့် ထူးထူးခြားခြား ဖြူဖွေးသော ဆံပင်များဖြင့် တွဲမြင်လိုက်သောအခါ အစေခံမိန်းကလေးများကို ရှက်သွေးဖြာစေခဲ့သည်။
တတိယသခင်၏သား ပြန်လာသည့်သတင်းသည် တစ်ရက်တည်းနှင့်ပင် နဂါးစွယ်ကလန်တစ်ခုလုံးပျံ့နှံ့နေပြီဖြစ်သည်။
တတိယသခင်လေး နဂါးခေါင်းလောင်းကို တီးခတ်ပြီး အထက်တန်းအဆင့်မှတ်တမ်းထဲကို တိုက်ရိုက်ဝင်ရောက်ခဲ့ကြောင်း လူတိုင်းသိကြသည်။
လီတိုင်ရွှမ်၏ ဂုဏ်သတင်းသည် နဂါးစွယ် ကလန်တွင် အလွန်ကျော်ကြားခဲ့ပြီး လွန်ခဲ့သော ဆယ်နှစ်ကျော်က သူထွက်ခွာသွားခဲ့သော်လည်း လူတိုင်းက သူ၏ ကြီးကျယ်ခမ်းနားသော တည်ရှိမှုကို မှတ်မိနေသေးသည်။ သူ့သားပြန်လာတာနဲ့ လူတိုင်းက သဘာဝအတိုင်း စပ်စုပြီး သူ့အကြောင်း သိချင်နေကြသည်။
"တတိယသခင်လေး...ဒီကျောက်စိမ်းအဆောင်က တောင်အတွင်းပိုင်းနယ်မြေမှာတည်ရှိပြီး ကျင့်ကြံဖို့အခန်းတစ်ခုလည်းရှိတယ်....ကျင့်ကြံဖို့အခန်းမှာ ပဉ္စမအဆင့်စွမ်းအင်၀င်္ကပါတစ်ခုရှိနေတာမို့ သဘာဝစွမ်းအင်ကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်ပါတယ်.... အဲ့ဒီ့အခန်းမှာ နေ့စဉ်ဆန္ဒရှိသလောက်ကျင့်ကြံနိုင်ပါတယ်...ဒါ့အပြင် တတိယခန်းမသခင်က သခင်လေးအတွက် လစဉ်ထောက်ပံ့ကြေးတွေပို့ပေးထားပါသေးတယ်....အနားယူလို့အဆင်ပြေပြီဆို မနက်ဖြန်ကျရင် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့မှာ စာရင်းပေးဖို့ လာခေါ်မယ်လို့လဲမှာခဲ့ပါသေးတယ်..."
အစေခံတစ်ယောက်က အထက်ပါအတိုင်တင်ပြရင်း ကျောက်စိမ်းသေတ္တာတစ်လုံးကိုပေးအပ်ခဲ့သည်။
လီလော့က ခေါင်းညိတ်ပြပြီး ပြုံးလိုက်သဖြင့် အစေခံများရှက်သွေးဖြာနေကြသည်။
နဂါးစွယ်ကလန်၏ တတိယသခင်လေးဖြစ်ရခြင်းသည် လော့လန်အိမ်တော်သခင်လေးဖြစ်ရခြင်းထက် များစွာသာလွန်ပုံရသည်။ လီလော့သည် ကျောက်စိမ်းသေတ္တာကို စိတ်လှုပ်ရှားစွာ မဖွင့်မီ ပြုံးလိုက်မိပြန်သည်။ ဤသည်မှာ မျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် သူခံစားနိုင်သော ထောက်ပံ့ကြေးဖြစ်ပေသည်။
အတွင်းတွင် သေသေသပ်သပ်စီထားသော ဖန်ပုလင်းများစွာရှိသည်။
လီလော့သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ထုတ်လွှင့်နေသော ဖန်ပုလင်းများထဲမှ တစ်လုံးကို ကောက်ယူပြီဖွင့်လိုက်ရာ အတွင်းမှ သန့်စင်သော အလင်းရောင်များ ထွက်ပေါ်လာသည်။
" အဆင့်ခုနှစ် သန့်စင်သောအလင်းတွေ "
သဘောကျစွာ သက်ပြင်းချရင်း လီလော့၏ မျက်ခုံးများ ပင့်တက်သွားသည်။ ဖန်ပုလင်းများအတွင်းရှိ ပစ္စည်းများ အားလုံးသည် အဆင့်ခုနှစ် သန့်စင်သောအလင်းများ ဖြစ်ကြပြီး ပဲ့တင်ထပ်သံပြုပြင်သူတစ်ဦးအနေဖြင့် သူ့ရှေ့က ပစ္စည်းများ၏ အရည်အသွေး ဘယ်လောက် အလွန်မြင့်မားကြောင်း သိနိုင်သည်။
"ဘယ်လောက်တောင် ဇိမ်ရှိလိုက်သလဲ...."
လီလော့ ကျောက်စိမ်းသေတ္တာကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ အဲဒီအထဲမှာ ပုလင်းရှစ်လုံးရှိနေသည်။ အကယ်၍ ၎င်းတို့ကိုရှပြည်ထောင်စုတွင်ရောင်းချမည်ဆုပါက ကောင်းကင်ရွှေ နှစ်သန်းကျော် ရရှိမည်ဖြစ်သည်။
လီလော့ လက်ထဲကပုလင်းကိုအောက်ချကာ နောက်ထပ်ကျောက်စိမ်းပုလင်းဆီသို့ ပြောင်းသွားသည်။ သူသည် ၎င်းကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ ရှူရှိုက်မိသူတိုင်းကို လန်းဆန်းစေနိုင်သော ဆေးရနံ့ကို ထွက်ပေါ်စေသည့် ဆေးလုံးများကိုမြင်လိုက်ရသည်။
"ဒါက အဆင့်မြင့် မူလနတ်ဆိုးဆေးလုံး လား?"
ဆေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင် စွမ်းအား လည်ပတ်မှုကို အရှိန်မြှင့်စေသည်ကို ခံစားနေရသည်။ သူ့အကြည့်တွေ ပူလောင်နေပြီး သူ့အတွေးတွေက ကြယ်တာယာခရီးရှည်ကောလိပ်မှာရှိနေတဲ့အချိန်တွေဆီ ပြန်ရောက်သွားခဲ့သည်။ သူအရင်ကရရှိခဲ့တဲ့ မူလနတ်ဆိုးဆေးလုံးဟာ ဒီဆေးနဲ့ ယှဉ်ရင် လုံးဝကို ညံ့ဖျဉ်းလွန်းသည်။
သူ့လက်ထဲတွင်ရှိသော အရာဝတ္ထုသည် သာလွန်ကောင်းမွန်သော အရည်အသွေးမြင့်ဆေးလုံးများဖြစ်သည်။
ဒါတွေအားလုံးဟာ ဒီအချိန်မှာ သူအရမ်းလိုအပ်နေတဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေပင်.....
"အထက်တန်းအဆင့်မှတ်တမ်းဝင်ရုံနဲ့ လစဉ်လတိုင်း ဒီလိုအံ့ဖွယ်ကျင့်ကြံမှုအရင်းအမြစ်တွေကို ငါရနိုင်တယ်.....ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်က တကယ့်ကို ထူးခြားတာပဲ..." လီလော့ သက်ပြင်းချလိုက်မိပြန်သည်။ ရှပြည်ထောင်စုတွင် အထင်ကြီးလေးစားခံရသော လော့လန်အိမ်တော်သခင်ဖြစ်ခဲ့သော်လည်း သူရရှိသော အရင်းအမြစ်များသည် ဤထက်ပိုကောင်းမည်မဟုတ်ပေ။
ထို့အပြင် လတ်တလောရရှိနိုင်သော အရင်းအမြစ်များ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို ဝင်ပြီးသည်နှင့် ထပ်မံရရှိမည်ဖြစ်သည်။
ရလဒ်ကောင်းများရရှိအောင်စွမ်းဆောင်နိုင်ပါက သူရရှိနိုင်သော ကျင့်ကြံမှု အရင်းအမြစ် ပမာဏက ကြောက်စရာကောင်းနေပေလိမ့်မည်။
ဤပစ္စည်းများ၏အကူအညီဖြင့်၊ အလယ်ပိုင်းကုန်းမြေမှ ထိပ်တန်းပါရမီရှင်များကို သိပ်မကြာခင်အမှီလိုက်နိုင်ပေလိမ့်မည်။
ဤသည်မှာ ကောင်းကင်တိုက်ကြီး၏ အတွင်းနှင့်အပြင်ဘက် ကွာဟမှု မည်မျှကြီးမားသည်ကို သရုပ်ပြခြင်းဖြစ်သည်။
"ဒီအဆင့်မြင့်မူလနတ်ဆိုးဆေးလုံးတွေ ဘယ်လောက်ထိ ထိရောက်မှု ရှိလဲ ဆိုတာ အရင် စမ်းသပ်ကြည့်မယ်....."
လီလော့ ပစ္စည်းများကို ကျောက်စိမ်းသေတ္တာထဲတွင် ပြန်သိမ်းဆည်းကာ သူ့အိပ်ခန်းမှ ကျင့်ကြံရေးအခန်းသို့အမြန်ထွက်လာခဲ့လိုက်သည်။
ကျင့်ကြံရေးအခန်းသည် အဆောက်အဦး၏ထိပ်ပိုင်းတွင် တည်ရှိပြီး အလယ်တွင် မြင့်မားသော အစိမ်းရောင် ကျောက်စိမ်းပလပ်ဖောင်းတစ်ခုကို မြင်တွေ့နိုင်သည်။ လီလော့ ဧရိယာထဲသို့ လှမ်းဝင်လိုက်သောအခါတွင် သူ့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ သဘာဝစွမ်းအင်များသည် ဧရိယာတစ်ခုလုံးတွင် ထူထပ်သော မြူများအဖြစ် ပေါင်းစပ်နေသည်။
ဤနေရာရှိ သဘာဝစွမ်းအင်သိပ်သည်းမှုသည် ကြယ်တာယာခရီးရှည်ကောလိပ်က ရှန်းလိသစ်ပင်ထက်ပင် ပိုမိုသိပ်သည်းသည်။
"ပဉ္စမအဆင့်စွမ်းအင်၀င်္ကပါ ?"
လီလော့၏ အကြည့်များ ကျောက်စင်္ကြံအနီးတစ်ဝိုက်သို့ရောက်ရှိသွားသည်။ မရေမတွက်နိုင်သော ရှုပ်ထွေးသည့်မှော်စာလုံးများသည် ၀င်္ကပါ ၏အခြေခံဖြစ်သည်။ ဤ၀င်္ကပါကို ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ထားပြီး ကျင့်ကြံခန်းထဲသို့ သဘာဝစွမ်းအင်များကို အဆက်မပြတ်စုပ်ယူသည့် ပြွန်တစ်ခုအဖြစ် လုပ်ဆောင်ပေးနေသည်။
စွမ်းအင်၀င်္ကပါသည် ရိုးရှင်းသော်လည်း ၎င်း၏ဖန်တီးမှုက ရှုပ်ထွေးလွန်းလှသည်။ လုံလောက်သော အခြေခံအုတ်မြစ်ရှိမှသာလျှင် ဤသို့သော၀င်္ကပါမျိုး တည်ဆောက်နိုင်ပေမည်။
လီလော့ ကျောက်တုံးစင်မြင့်ပေါ်သို့ တက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် အဆင့်မြင့် မူလနတ်ဆိုးဆေးလုံးစားသုံးပြီး နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ကိုအသက်သွင်းလိုက်လေတော့သည်။
သန့်စင်ရေး လုပ်ငန်းစဉ်သည် တစ်နာရီ ကြာမြင့်ခဲ့သည်။
နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ် လည်ပတ်နေသည်နှင့်အမျှ ဆေးလုံးသည် သူ့ခန္ဓာကိုယ်အတွင်းတွင် ပြန်လည်သန့်စင်လာသည်။
ထို့နောက်တွင်၊ လီလော့သည် ရေအလင်း ပဲ့တင်ထပ်သံနန်းတော် အနည်းငယ် ပိုအားကောင်းလာသည်ကို သတိပြုမိသည်၊ ယခုအခါတွင် ရေအလင်းပဲ့တင်ထပ်သံနန်းတော်အတွင်းတွင် အဲ့မိုကွမ်းစွမ်းအင်အသစ် ဆယ့်တစ်မျှင်ရှိနေပြီဖြစ်သည်။
ဤဆယ့်တစ်ခုထဲမှ ငါးမျှင်သည် နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ဖြင့်စုဆောင်းထားခြင်းဖြစ်ပြီး ကျန်သည့်ခြောက်မျှင်ကိုတော့ နတ်ဆိုးဆေးလုံးအကူညီဖြင့်ရရှိထားခြင်းဖြစ်သည်။
"ဒီဆေးလုံးက ကောလိပ်ကပေးတဲ့ ဆေးလုံးထက် အဆပေါင်းများစွာ ပိုကောင်းတယ်... "
လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။ ဤဆေးများသည် နှစ်ဆထိရောက်မှုရှိသည်။
ထောက်ပံ့ကြေးအဖြစ်ရရှိထားသော ဆေးလုံးသုံးဆယ်ကိုသန့်စင်လိုက်လျှင် အဲ့မိုကွမ်းစွမ်းအင်အမျှင် တစ်ရာ့ရှစ်ဆယ်ကျော်ရရှိပေမည်။
၎င်းသည် သူ၏ ကျင့်ကြံမှုအရှိန်ကို တုနှိုင်းမရလောက်အောင် တိုးတက်စေနိုင်သည်။
တွက်ချက်မှုများအပေါ် အခြေခံ၍ ကျင့်စဉ်နှင့်ဆေးလုံးကိုအတူတကွအသုံးပြုပါက တစ်လအတွင်း စွမ်းအင်အမျှင် ခုနှစ်ရာမှရှစ်ရာခန့်အထိစုဆောင်းနိုင်လိမ့်မည်။
ပို၍အရေးကြီးသည်မှာ၊ သူသည် ကျင့်စဉ်ကို တစ်နေ့လျှင် တစ်ကြိမ်ထက်ပို၍ အသုံးချနိုင်ပြီး သန့်စင်သည့်ပမာဏကို ထပ်တိုးနိုင်သည်။
ဤအခြေအနေတွင်၊ ရေအလင်းပဲ့တင်ထပ်သံနန်းတော်ကို ဖြည့်ရန် သုံးလခန့် အချိန်ယူရပေမည်။
၎င်းသည် မြန်ဆန်သည်ဟု ယူဆသော်လည်း လီလော့အတွက် မလုံလောက်နိုင်ပေ။
အကယ်၍ သူသည် စွမ်းအင်အမျှင်စုဆောင်းသည့် အရှိန်ကို ပိုမိုမြှင့်တင်လိုပါက၊ သူ့တွင် ပိုမိုမြင့်မားသော ကျင့်စဉ်သို့မဟုတ် မူလနတ်ဆိုးဆေးလုံးများကို ရယူရန် ရွေးချယ်စရာများရှိနေသေးသည်။
သူသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သို့ ဝင်ရောက်ပြီး သူ၏ လက်ရှိအခက်အခဲကို ဖြေရှင်းရန် နည်းလမ်းရှိမရှိ ကြည့်ရှုရမည်ဖြစ်သည်။
............................
လီလော့ အေးအေးဆေးအေး ကျင့်ကြံနေချိန်တွင် အစိမ်းရောင်နယ်သာခန်းမ၏ပင်မတောင်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။
အစည်းအဝေးခန်းမအတွင်းတွင်....
ကျုံးယုရှီ၊ လီရုန်ယွင့်နှင့် အစိမ်းရောင်နယ်သာခန်းမ၏ ဒုခန်းမသခင်များရှိနေကြသည်ယ ၎င်းတို့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် လီလော့ကို ပေးအပ်မည့်ရာထူးအကြောင်း လောလောဆယ် ဆွေးနွေးနေကြသည်။
ကျုံးယုရှီသည်က အခြားသောဒုခန်းမသခင်များကိုကြည့်ကာ "အစိမ်းရောင်နယ်သာတံခွန်အဖွဲ့မှာ အဖွဲ့ငယ်ငါးခုရှိပြီး လေးခုမှာ ခေါင်းဆောင်အသီးသီးရှိနေပြီမို့ အဖွဲ့ငါးတစ်ခုမှာပဲခေါင်းဆောင်နေရာကျန်တော့တယ်.... အဲ့တော့ လီလော့က အဖွဲ့၅ရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်...."
စုစုပေါင်းဒုခန်းမသခင်လေးယောက်ရှိနေပြီး
အခြားဒုခန်းမသခင်နှစ်ယောက်က ဤဆုံးဖြတ်ချက်အတွက် မှတ်ချက်တစ်စုံတစ်ရာမရှိသော်လည်း ၎င်းတို့၏မျက်လုံးများတွင် အလင်းတန်းများ ထွက်ပေါ်လာသည်။
လီရုန်ယွင့် ထိုစကားကိုကြားသောအခါ အေးစက်သောလေသံဖြင့်... "တကယ်လို့ ကျွန်မသာအမှတ်မမှားရင် အဖွဲ့၃နဲ့အဖွဲ့မှာ မနေ့ကထိ ခေါင်းဆောင်မရှိသေးဘူးမလား ... ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီး အဖွဲ့၅ ပဲကျန်တော့တာလဲ...."
အစိမ်းရောင်နယ်သာခန်းမတွင် ပြဿနာအများဆုံးသောအဖွဲ့မှာ အဖွဲ့၅ မှန်း သူမကောင်းကောင်းနားလည်သည်။ ၎င်းသည် အခြားလေးခုထက် အားနည်းသည်မဟုတ်သော်လည်း ကိုင်တွယ်ရခက်ခဲသော ပုဂ္ဂိုလ်များရှိနေခြင်းကြောင့် ဗရုတ်အကျဆုံးအဖွဲ့ဖြစ်နေခြင်းပင်....
သူမသည် မူလက လီလော့ကို အဖွဲ့၃ ခေါင်းဆောင်အဖြစ်တာဝန်ပေးရန် စီစဉ်ခဲ့သော်လည်း ကျုံးယုရှီက အဖွဲ့တွင် ခေါင်းဆောင်မရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ ဒါဟာသွေးရိုးသားရိုးမဟုတ်နိုင်ပေ။
ကျုံးယုရှီက ဘာသိဘာသာ ပြုံးလိုက်ပြီး..... "ဒီနေ့နဲ့မနက်ဖြန် ဘယ်တူပါ့မလဲ...အဖွဲ့၃အတွက် ဒီမနက်တင်ပဲ ခေါင်းဆောင်အသစ် ရွေးချယ်ခဲ့တာကို တတိယခန်းမသခင် မသိဘူးလား....ဒါ့ကြောင့် အဖွဲ့၅ တစ်ခုပဲကျန်တော့ဆယ်...မလုပ်ချင်လဲအတင်းမတိုက်တွန်းပါဘူး...."
လီရိုယွင် မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူမသည် ခေါင်းဆောင်အသစ်ကို နှုတ်ထွက်ရန် တိုက်တွန်းခဲ့ပါက လီလော့ကိုသာ ထိုနေရာတွင် အစားထိုးရင် ဝေဖန်မှုများနှင့် ရန်ငြိုးဖွဲ့မှုများကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။
ကျုံးယုရှီက ဒီယုန်မြင်လို့ ဒီချုံထွင်ထားခြင်းပင်....
"ဒုခန်းမသခင်... အကြီးအကဲက လီလော့ကို မျက်နှာပေးထားတဲ့ကိစ္စမှာ ရှင် လက်ဝင်မလျှိုပါနဲ့...."
ကျုံးယုရှီ က..."တတိယခန်းမသခင်၊ မင်းငါ့ကို မစွပ်စွဲနဲ့....ငါက ကလန်အကြီးအကဲရဲ့အမိန့်နဲ့ဆန့်ကျင်တာ ဘာများလုပ်မိလို့လဲ...."
လီရိုယွင်၏အကြည့်များ အေးစက်သွားသော်လည်း ဘာမှမပြောဘဲ လှည့်ထွက်သွားခဲ့သည်။
ကျုံးယုရှီက သူမထွက်သွားသည်ကိုကြည့်ပြီး ပြုံးလိုက်သည်။
အဖွဲ့၅သည် အစိမ်းရောင်နယ်သာခန်းမတွင် အရှုပ်ထွေးဆုံးနှင့် ကွဲပြားမှုအရှိဆုံးဖြစ်သည်။ များပြားလှသောအဖွဲ့ဝင်များသည် ဆူးပင်များဖြစ်ကြပြီး ၎င်းတို့သည် တစ်ဦးချင်းအားသန်ကြသော်လည်း ပုန်ကန်စိတ်ရှိသူများဖြစ်ကြသည်။ အကယ်၍ လီလော့သာ ထိုဒုက္ခများကို မကျော်လွှားနိုင်ခဲ့လျှငိ ထိုသတင်းကြောင့် ကလန်အကြီးအကဲ၏နှလုံးသားထဲတွင် သံသယများ မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်သည်။
ထိုသို့ဖြစ်လာသောအခါတွင်၊ သူ့ဖခင်ကိုယ်စား အောင်မြင်မှုများဆောင်ကျဉ်းဖို့ ကြိုးစားခြင်းသည် လူတိုင်း၏အမြင်တွင် ကြီးမားသောပြက်လုံးတစ်ခု ဖြစ်လာမည်ဖြစ်သည်။