အဖွဲ့၅...
Vol. 54 Ch. 749
ညအချိန်တွင်....
လီလော့သည် တစ်နေ့တာလုံး ကျင့်ကြံခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့သည်။
သူသည် အဆင့်ခူနှစ် ဝိညာဉ်ရည်သုံးပုလင်းကို အသုံးပြုကာ ပဲ့တင်ထပ်သံကိုအဆင့်မြှင့်ခဲ့သည်။ အဆင့်မြင့် မူလနတ်ဆိုးဆေးလုံး ဆေးငါးလုံးကိုလည်း အသုံးပြုခဲ့ပြီး နတ်ဆိုးကျင့်စဉ်ကိုပါသုံးခဲ့သည်။ ထို့ကြောင့် အဲ့မိုကွမ်း အလင်းတန်းများ အရေအတွက် တိုးလာခဲ့သည်။
ယနေ့ သူတိုးတက်ခဲ့သော အရှိန်သည် ရှပြည်ထောင်စုတွင်ရှိနေစဉ်ကထက် သာလွန်သည်။
ဤသည်မှာ လုံလောက်သော အရင်းအမြစ်ရှိခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။
လီလော့ ကျင့်ကြံရေးအခန်းမှ ထွက်သွားပြီးနောက် အိမ်အကူများက အာဟာရပြည့်ဝပြီး အရသာရှိသော စားသောက်ဖွယ်ရာများကို ခင်းကျင်းပေးခဲ့သည်။
သူထမင်းစားနေစဉ်တွင် တတိယခန်းမသခင်လီရုန်ယွင့် ရောက်ရှိလာကြောင်း အိမ်အကူတစ်ဦးက သတင်းပို့ခဲ့သည်။
ထို့ကြောင့် စားသောက်ခြင်းကို လက်စသတ်ကာ သူ့အိမ်အပြင်သို့ ချက်ချင်းထွက်လာခဲ့သည်။
"လီလော့....ကျင့်ကြံရေးအခန်းဆီရောက်ပြီးပြီလား...."
" ဒါတွေအားလုံး စီစဉ်ပေးလို့ ဒေါ်လေးယွင့်ကိုကျေးဇူးတင်ပါတယ်...."
လီရိုယွင် ခေါင်းညိတ်လိုက်ကာ....
"ငါလာရတဲ့ အကြောင်းရင်းက တံခွန်အဖွဲ့အကြောင်းပြောပြမလို့ပဲ...."
သူတို့နှစ်ဦးသည် ကျောက်စိမ်းအိမ်အပြင်ဘက်တွင် ဘေးချင်းကပ်လျှောက်လာရင်း၊ လီလော့က ယနေ့အဖြစ်အပျက်များအကြောင်း လီရုန်ယွင့် ရှင်းပြနေသည်ကို ဂရုတစိုက်နားထောင်နေခဲ့သည်။
"ဒါဆို အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ အဖွဲ့၅က မကောင်းဘူးလား?"
လီလော့ လေးနက်သောမေးခွန်းကိုမေးနေသော်လည်း အံ့သြပုံမပေါ်ပေ။
"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ မှာ အားလုံးပေါင်း လူပေါင်း ရှစ်ထောင်ရှိပြီး သူတို့အားလုံးကို နဂါးစွယ်ကိုယ်ပိုင်နယ်မြေက အရည်အချင်းအရှိဆုံး လူငယ်တွေထဲက ရွေးချယ်ထားတာ..... သူတို့က ဘယ်နေရာမှာမဆို ထူးထူးခြားခြား အထက်တန်းစားတွေအဖြစ် သတ်မှတ်ခံရမယ့်သူတွေပါ....တိတိကျကျပြောရရင် မာနကြီးတဲ့သူတွေပေါ့.... အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ငြင်းဆန်ပြီး ကလန်ကဆန်လုပ်တတ်တဲ့သူတွေကို အဖွဲ့၅ဆီပို့ထားကြတာ...အရည်အချင်းရှိကြပေမယ့် ဘယ်သူ့မှလူမထင်ကြတဲ့ လူဆိုးလေးတွေလေ...."
"ဒါက သိပ်မဆိုးပါဘူး အဖွဲ့၅ ကို ပေါင်းစည်းနိုင်ရင် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ မှာ ခိုင်မာတဲ့ ခြေကုပ်တစ်ခု ပိုင်ဆိုင်နိုင်မှာပါ" ဟု လီလော့က ပြောကြားခဲ့သည်။
"မင်းက သတ္တိရှိတယ်...." လီရုန်ယွင့် ပြုံးလိုက်မိသည်။ လီလော့သည် လုံးဝစိုးရိမ်ပုံမပေါ်ဘဲ အကောင်းမြင်စိတ်များကိုသာ အာရုံစိုက်နေခဲ့သည်။
"ဒါကို ပြီးမြောက်အောင် လုပ်နိုင်ရင် မင်းရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနိုင်လိမ့်မယ်.... ဒါက ပန်းခြံထဲမှာ လမ်းလျှောက်နေသလို လွယ်ကူမှာမဟုတ်ဘူး...."
သူမက ဝတ်ရုံမှ စာအုပ်တစ်အုပ်ကို လီလော့ဆီ ထုတ်ပေးလိုက်ရင်း.....
"ဒါက အဖွဲ့၅ရဲ့ အဖွဲ့သား ၁၅၀၀ရဲ့ တစ်ဉီးချင်း အချက်အလက်တွေပါ.... ထိပ်ဆုံး သုံးယောက်က အရေးအကြီးဆုံးဖြစ်ပြီး သူတို့က အသန်မာဆုံးတွေမို့ မရေမတွက်နိုင်တဲ့ နောက်လိုက်တွေရှိကြတယ်..."
လီလော့ ထိုစာအုပ်ငယ်ကို ဆောလျင်စွာ လက်ခံပြီး ၎င်းကို လှန်ကြည့်လိုက်သည်။
မုဘီ....အဆင့်ရှစ် သတ္တုပဲ့တင်ထပ်သံ...ငွေနတ်ဆိုးခန္ဓာအဆင့်....
ကျောက်ယန်ဇီ... အဆင့်ရှစ်..ပန်းနဂါးငါး ပဲ့တင်ထပ်သံ....ငွေနတ်ဆိုးခန္ဓာအဆင့်..
လီရှိ...အဆင့်ရှစ် ရွေဉီးချိုမြွေနဂါးပဲ့တင်ထပ်သံ.....ငွေနတ်ဆိုးခန္ဓာအဆင့်
နတ်ဆိုးခန္ဓာအဆင့်တွင် ငွေ၊ ရွှေ၊ နှင့် ဖန်သားဟူ၍ အပိုင်းသုံးပိုင်းရှိသည်။ ထို့ကြောင့် ငွေနတ်ဆိုးခန္ဓာသည် ပထမအဆင့်ဖြစ်သည်။
"ငွေနတ်ဆိုးခန္ဓာအဆင့် သုံးယောက်?"
ဒါကို မြင်လိုက်တာနဲ့ လီလော့ မျက်ခုံးပင့်လိုက်မိသည်။
"သာမန်အတိုင်းဆို ငွေနတ်ဆိုးခန္ဓာအဆင့် ခွန်အားရှိသူတွေကို တံခွန်ကိုင် ရာထူးအတွက် ယှဉ်ပြိုင်ခွင့်ပြုကြတယ်.... သူတို့ သုံးယောက်က အဆင့်တူနေကြတာမို့ အဖွဲ့၅မှာ ခေါင်းဆောင်ရွေးရခက်နေခဲ့တာ" ဟု လီရုန်ယွင့်က ရှင်းပြခဲ့သည်။
"သူတို့က ပုန်ကန်ပြီး တစ်ယောက်စကားတစ်ယောက် နားမထောင်တာ အံ့သြစရာတော့ မဟုတ်ဘူး။ သူတို့အားလုံးက တော်ရုံတန်ရုံ ကြံ့ခိုင်ကြတာမှမဟုတ်တာ...." လီလော့ စာရင်းကို ဆက်လက်ဖတ်ရှုရင်း ခေါင်းညိတ်လိုက်သည်။ ဤသုံးယောက်မှလွဲ၍ ကျန်အများစုမှာ အစောပိုင်း နတ်ဆိုးနန်းတော်အဆင့်တွင်ရှိပြီး သူနှင့် နှိုင်းယှဉ်နိုင်သည်။
"မင်းက အဖွဲ့၅ ကို မင်းရဲ့အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲချင်တယ်ဆိုရင် ဒီသုံးယောက်ကို အနိုင်ယူဖို့ မင်းရဲ့ကိုယ်ပိုင်ခွန်အားကို အားကိုးရလိမ့်မယ်" လို့ လီရုန်ယွင့်က ဆက်ပြောခဲ့သည်။
"ဒါက လွယ်တော့မလွယ်ဘူး.... သူတို့က ကျွန်တော့်ထက် အဆင့်မြင့်တယ်..."
လီလော့ ပြုံးလိုက်သည်။ သူသည် အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်တွင်သာ ရှိသေးသည်။
"ဒါက ခက်ခဲနိုင်ပေမယ့် မလုပ်နိုင်ရင် ကလန်အကြီးအကဲကိုသွားပြောပေးမယ်.... ကျုံးယုရှီက အခြေအနေတွေကို စွက်ဖက်တယ်လို့ သံသယဖြစ်မိတယ်...မင်းအဖိုးသာ ပြောလိုက်ရင် ဒီလူမရိုးမသားလုပ်ရဲမှာမဟုတ်ဘူး...."
"အဖိုးကို ဒီလိုအသေးအမွှားကိစ္စလေးတွေနဲ့ နှောင့်ယှက်ရမယ်ဆိုရင် နဂါးစွယ်ကလန်မှာ ခြေကုပ်ရနိုင်စေဖို့အတွက် အထောက်အကူဖြစ်မှာ မဟုတ်ဘူး....."
ဖခင်၏ ပရိယာယ်ကြောင့် နဂါးစွယ်ကလန်သို့ပြန်လာခဲ့ရသည်။ အမှောင်ထဲမှ သူ့ကို စိုက်ကြည့်နေသော မရေမတွက်နိုင်သော မျက်လုံးများရှိပြီး သူ့အဖိုးထံမှ ကြုံသလိုအကူအညီတောင်းလျှင် ဆိုးဆိုးရွားရွား မှတ်ချက်ပေးခံရလိမ့်မည်။
သူသည် ဤနေရာတွင် လူသစ်ဖြစ်ပြီး သူလုပ်ဆောင်ရမည့်အရာမှာ ခြေကုပ်တစ်ခု အခိုင်အမာ ရယူဖို့ပင်... ထို့ကြောင့် သူ့ကိုယ်သူသာ အားကိုးနိုင်သည်။
"ဒါဆို မင်းဆုံးဖြတ်ချက်ချပြီးပြီလား"
လီလော့က သက်ပြင်းတစ်ချက်ချရင်း စာအုပ်ငယ်ကို ပေါ့ပေါ့တန်တန် ပွတ်သပ်လိုက်ကာ... "သုံးယောက်ထဲက တစ်ယောက်ယောက်က မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်ဖူးလား" ဟု မေးလိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? စစ်မှန်တဲ့ မြို့စားအဆင့်ပညာရပ်ကိုသုံးနိူင်ဖို့ဆို ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ရောက်နေဖို့လိုတယ်လေ...ဒါက လွယ်ကူတဲ့အရာမှ မဟုတ်တာ.... ပြီးတော့ ကောင်းကင်ဘုံနဂါးကလန်ကငါးခုမှာ ဒါမျိုးလုပ်နိုင်တဲ့သူ လက်တစ်ဆုပ်စာပဲရှိတယ်....."
ထိုစကားက လီလော့ကို သက်သာရာရသွားစေသည်။ သူ၏ လက်ရှိအင်အားသည် အစောပိုင်း နတ်ဆိုးနန်းတော်အဆင့်တွင် ရှိကောင်းရှိနိုင်သော်လည်း ပဲ့တင်ထပ်သံသုံးခု၏ အကူအညီဖြင့်၊ နှောင်းပိုင်း နတ်ဆိုးနန်းတော်အဆင့်ထက် အားနည်းနေမည်မဟုတ်ပေ။
ပဲ့တင်ထပ်သံနှစ်ခု၏ပေါင်းစပ်မှုနှင့် မရဏမြစ်၏မဟူရာနဂါးအလံတော်ကိုအသုံးပြုလိုက်ပါက ငွေနတ်ဆိုးခန္ဓာအဆင့်လောက်ကို ယှဉ်နိုင်ဖို့မခက်ပေ။
"ဒေါ်လေးယွင့် ကျွန်တော် အဖွဲ့၅ ကို သွားမယ်.... နောက်ဆုံး ပန်းတိုင်က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ခေါင်းဆောင် ဖြစ်လာဖို့ပဲလေ..." ဟု လီလော့က ပြောကြားခဲ့သည်။
သူ့အဖိုးပြောခဲ့သည့်စကားအပေါ်အခြေခံ၍ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို ပိုမိုမြင့်မားလာစေရန်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ၎င်း၏အခြေခံအုတ်မြစ်ကို ထွင်းထုပြီး တံခွန်အဖွဲ့တစ်ခုလုံးကို ထိန်းချုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် တံခွန်ကိုင် ရာထူးသည် သူ၏ဆန္ဒအတွက် အရေးကြီးသည်။
"တံခွန်ကိုင်ခေါင်းဆောင်...." လီရိုယွင် မျက်မှောင်ကြုတ်လိုက်သည်။
"နောက်ထပ် တံခွန်ကိုင် ရွေးချယ်မှုပွဲက သုံးလနေရင်ကျင်းပလိမ့်မယ်.... အပြင်းထန်ဆုံးပြိုင်ဖက်က အဖွဲ့၁ရဲ့ ကျုံးလင်ပဲ... သူက ကျုံးယုရှိရဲ့တူဖြစ်ပြီး ရွှေနတ်ဆိုးခန္ဓာအဆင့်ရောက်နေပြီ....."
"ရွှေနတ်ဆိုးခန္ဓာအဆင့်...?"
လီလော့ မျက်မှောင်ကြုံ့လိုက်မိသည်ယ ခွန်အားကွာဟချက်မှာ အတော်အတန် များပြားသောကြောင့် သူသည် မြို့စားအဆင့်ပညာရပ်နှင့် ပဲ့တင်ထပ်သံသုံးခု သုံးလျှင်ပင် ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ပေ။ ဒါပေမယ့် သုံးလအတွင်း အများကြီးပြောင်းလဲသွားနိုင်ပေသည်။
"ဒေါ်လေးယွင့်.... နဂါးစွယ်ကလန်မှာ ပိုသန်မာတဲ့ နတ်ဆိုးကျင့်စဉ်ရှိလား..."
အရေးကြီးဆုံးအချက်မှာ အဲ့မိုကွမ်းစွမ်းအင်များ သန့်စင်ရန် ပိုမိုမြင့်မားသော နတ်ဆိုးကျင့်စဉ်ဖြင့်သာ ပိုမိုလျင်မြန်စွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။
"မင်း လောလောဆယ် အဆင့်ငါး နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ကို လေ့ကျင့်နေတယ်မလာ...."
လီလော့ ခေါင်းညိတ်လိုက်တော့ လီရုန်ယွင့်ကပြုံးလိုက်ပြီး....
"ဒီနတ်ဆိုးကျင့်စဉ်က ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်အတွက် ထူးခြားတယ်...ဒါပေမယ့် မင်းလေ့လာသင်ယူခဲ့တဲ့ကျင့်စဉ်ကို တံခွန်နှစ်ဆယ်မှာ တော်တော်များများလေ့ကျင့်ကြတာမို့ အခြေခံကျင့်စဉ်လို့ပြောလို့ရတယ်....."
လီလော့၏ နှလုံးသားသည် တုန်လှုပ်သွားသည်။ "အခြေခံအကျဆုံးဆိုတော့ ပိုမြင့်တဲ့အဆင့်ရှိတယ်လို့ ပြောနေတာလား...."
"နဂါးငွေ့တန်း နတ်ဆိုးကျင့်စဉ်ကို ...နဂါးငွေ့တန်းသုံးသွယ်၊ခြောက်သွယ်၊ကိုးသွယ်ဆိုပြီးအဆင့်သုံးဆင့် ခွဲခြားထားတယ် အဆင့်တွေက အဆင့်ငါး၊အဆင့်ခုနှစ်၊အဆင့်တစ်ဆယ်...."
လီလော့ လေအေးတသုတ်ရှိုက်သွင်းမိလိုက်သည်။ အဆင့်ငါးကျင့်စဉ်သည် ရှပြည်ထောင်စုတွင် အကောင်းဆုံးဖြစ်နေသော်လည်း နဂါးစွယ်ကလန်တွင် အခြေခံကျင့်စဉ်သာသာမျှသာဖြစ်သည်။ အဆင့်တဆယ်ကျင့်စဉ်သာဆို မည်မျှ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်မည်နည်း။
သူသာ အဆင့်တဆယ်ကျင့်စဉ်ကို သင်ယူကျင့်ကြံနိုင်လျှင်.......
လီလော့ ဖြစ်နိုင်ခြေများကို တွေးကြည့်ရင်း လောဘတက်လာသည်။
"ဒါဆို အဖေက ဘာလို့ အခြေခံကျင့်စဉ်ကို ထားခဲ့တာလဲ...."
လီလော့ မချိတင်ကဲအံကြိတ်မိလိုက်သည်။ အကယ်၍ သူ့အဖေသာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုချန်ထားပေးခဲ့လျှင် အခုနေလောက်ဆို နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်လောက်ရောက်နေပေမည်။
"ရိုးရိုးသားသားပြောရရင် တိုင်ရွှမ်က မင်းအတွက် ပိုကောင်းတဲ့ အရာ မထားပေးချင်ခဲ့တာမဟုတ်ဘူး... သူ မတတ်နိုင်ခဲ့တာပါ.... နဂါးငွေ့တန်းခြောက်သွယ်နဲ့ကိုးသွယ်ကိုကျင့်ကြံနိုင်ဖို့ဆို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့လိုတယ်.... ပြီးတော့ ဉာဏ်အလင်းပွင့်ဖို့လည်း လိုအပ်တယ်....ဒီကျင့်စဉ်တေံကိုရရှိဖို့ နဂါးကျောက်စာ စမ်းသပ်မှုကိုကျော်ဖြတ်နိုင်မှရမှာ....တံခွန်အဖွဲ့က ပါရမီရှင်တော်တော်များများက နဂါးငွေ့တန်းခြောက်သွယ်ကိုလေ့ကျင့်နိုင်ကြပေမယ့် မင်းအဖေက နဂါးကျောက်စာလမ်းကြောင်းကိုအောင်မြင်စွာဖြတ်ကျော်နိုင်ပြီး နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို လေ့ကျင့်နိုင်ခဲ့တယ်....လက်ရှိမျိုးဆက်မှာ ဘယ်သူမှသူ့ကိုမမှီနိုင်သေးဘူး....."
"ဒေါ်လေးယွင်... စောင့်ကြည့်နေလိုက်ပါ... မကြာခင်မှာ နဂါးစွယ်ကလန်မှာ အဲ့လိုလုပ်နိုင်တဲ့သူ နောက်တစ်ယောက်ရှိလာလိမ့်မယ်...."
လီရုန်ယွင့် သူပြောနေသည့်အရာကို နားလည်သွားသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူမ အမှတ်မထင် မဲ့လိုက်မိသည်။ ဒီကောင်က သူထင်ထားတာထက်တောင် အရေထူတာပဲ .........
"ကောင်းပြီ....မင်းက အရည်အချင်းရှိတယ်.... ဒါပေမယ့် အဖွဲ့၅ ရဲ့ ရက်စက်တဲ့အဖွဲ့ဝင်တွေနဲ့ ဆက်ဆံဖို့ အာရုံစိုက်သင့်တယ်လို့ ငါထင်တယ်....ဒါက နဂါးစွယ်ကလန်မှာ မင်းရဲ့စွမ်းရည်တွေကို ပထမဆုံးအကြိမ် ပြသတာဖြစ်လိမ့်မယ်....ဒီပြသာနာကို ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်ရင် ကောလာဟလနဲ့ သံသယတွေ ပြန့်ပွားမှုကို ရှောင်ရှားဖို့ ခက်ပါလိမ့်မယ်.....”
လီလော့က ပြုံးပြီး ခေါင်းငြိမ့်ပြပြီး နေရောင်ကို စူးစူးရဲရဲ မော့ကြည့်လိုက်သည်။
တာဝန်ကျေတဲ့သားတစ်ယောက်အနေနဲ့ မိဘတွေကို မျက်နှာပျက်အောင်လုပ်လို့မဖြစ်ဘူး........