← Chapters

အစိမ်းရောင်နယ်သာခန်းမ၏ လေ့ကျင့်ရေးကွင်းပြင်......

Vol. 54 Ch. 750

အစိမ်းရောင်နယ်သာခန်းမ၏ လေ့ကျင့်ရေးကွင်းပြင်......

Vol. 54 Ch. 750

နဂါးစွယ်တောင်တန်းတွင် နဂါး၏အစွယ်များကဲ့သို့ ကောင်းကင်ကို ထိုးဖောက်သွားသော ချွန်ထက်သောတောင်တန်းများဖြင့် ခမ်းနားထည်ဝါသော တောင်တန်းများပါဝင်သည်။ တောင်ထွတ်တစ်ခုစီကနေ ထက်ရှသောအောရှများဖြာထွက်နေပြီး ကောင်းကင်ကိုပိုင်းဖြတ်တော့မလိုပင်.....

အစိမ်းရောင်နယ်သာခန်းမ၏ တောင်ထွတ်သည်လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

အစိမ်းရောင်နယ်သာတောင်ထွတ်တွင် တံခွန်အဖွဲ့များအတွက် မရေမတွက်နိုင်သော လေ့ကျင့်ရေးကွင်းပြင်များရှိသည်။

လီရုန်ယွင့်သည် နံနက်ပိုင်းတွင် လီလော့ကို ထိုနေရာသို့ ပို့ဆောင်ခဲ့သည်။ လေ့ကျင့်ရေးကွင်းအနီးသို့ ရောက်သောအခါ မရေမတွက်နိုင်သော ကျောက်သားစခန်းများ၊ ကင်းမျှော်စင်များနှင့် လေ့ကျင့်ရေးကွင်းများကို တွေ့ခဲ့ရသည်။ လေ့ကျင့်နေသူများ၏ ပြင်းထန်သောအော်သံများကြားရပြီး ပဲ့တင်ထပ်သံစွမ်းအားများ တဟုန်ထိုးတက်လာသည်ကို ဧရိယာအနှံ့ ခံစားရနိုင်သည်။ သူတို့ ဦးတည်သွားသော လေ့ကျင့်ရေးကွင်းတွင် များပြားလှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပုံရသည်။

"ဒီမှာ အဓိကရုဏ်းဖြစ်နေသလိုခံစားနေရတယ်.... လေးလံတဲ့လေထုက မွန်းကြပ်စေတယ်...."

လီလော့က လေ့ကျင့်ရေးကွင်းအတွင်းပျံနှံနေသော ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုစိတ်များကို ခံစားရင်း အရိပ်အမြွက်ပြောခဲ့သည်။ သတ်ဖြတ်လိုစိတ်များ ပေါင်းစပ်ကာ နဂါးများနှင့် စပါးအုံးမြွေများသဖွယ် အစုလိုက်အပြုံလိုက်ဖြစ်တည်လာပြီး ကြီးမားသောရည်ရွယ်ချက်ဖြင့် ပေါက်ကွဲမည့်အခွင့်အရေးကို စောင့်မျှော်နေသကဲ့သို့ပင်။

"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ အဖွဲ့သား ရှစ်ထောင်က နဂါးငွေ့တန်းနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံကြတာမို့ တသားတည်းဖြစ်နေကြပြီ....အခုချိန်မှာ တံခွန်ကိုင်မရှိသေးဘူး.... တံခွန်ကိုင်ခေါင်းဆောင်တစ်ဦးရှိနေရင် ရွှေကျားတံဆိပ်ကိုသုံးပြီး အဖွဲ့သား ရှစ်ထောင်စလုံးရဲ့ အင်အားကို သူ့ခန္ဓာထဲမှာ စုဆောင်းနိုင်တယ်...အဲ့ဒီ့အင်အားက တော်တန်ရုံမြို့စားအဆင့်လောက်ကိုကြောက်လန့်တကြား ထွက်ပြေးစေနိုင်တယ်..." ဟု လီရုန်ယွင့်က ရှင်းပြခဲ့သည်။

လီလော့၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာသည်။ ဒါက အံ့သြဖို့ကောင်စလွန်းလှသည်။ တစ်စုံတစ်ယောက်က အင်အား ရှစ်ထောင်ကို စုစည်းပြီး မြို့စားအဆင့်များကိုပင် ခုခံနိုင်ပါသလား။ ကောင်းကင်၏ဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို တစ်ဖန်ပြန်သတိရမိပြန်သည်။ ယခင်ကောလိပ်ရှိ တူညီသောခန်းမများသည် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုကို ဘယ်သောအခါမှ မအောင်မြင်နိုင်ပေ။ သူတို့သည် တစ်ယောက်တည်း တိုက်ပွဲဝင်ရမည်ဖြစ်ပြီး စုပေါင်းဖို့ခက်ခဲလှသည်။

"သွားကြရအောင်.....တံခွန်အဖွဲ့သားတွေ စုဝေးနေချိန်မို့ ခေါင်းဆောင် တံဆိပ်ကို သူတို့ရှေ့မှာပေးအပ်ရမယ်.... အဲဒါက မင်းကို တရားဝင်အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်တဲ့သဘောပဲ....."

လီရုန်ယွင့်သည် လီလော့ အံ့အားသင့်စွာ ငေးမောနေသည်ကိုကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ ထို့နောက် ပဲ့တင်ထပ်သံ စွမ်းအားလှိုင်းများ သူ့ကို လွှမ်းခြုံသွားပြီး လေတိုးသံတွေကြားနေရသည်။ အချိန်အနည်းငယ်ကြာတော့ အလင်းရောင် ပျောက်ကွယ်သွားပြီး မြင့်မားတဲ့ စင်မြင့်တစ်ခုပေါ်ရောက်လာခဲ့သည်။ သူ့ရှေ့မှာ အလံတွေ လွင့်ပျံနေတဲ့ ဧရာမ လေ့ကျင့်ရေးကွင်းကြီးရှိနေသည်။ မရေမတွက်နိုင်သော အနက်ရောင် အရိပ်များသည် ထိုနေရာတွင် တိတ်တဆိတ် အာရုံစိုက်ပြီး ရပ်နေကြသည်။

လီလော့ ပေါ်လာသောအခါတွင် ထောင်ပေါင်းများစွာသော စူးရှသော အကြည့်များကို သိသိသာသာ ခံစားလိုက်ရသည်။

ထိုအကြည့်များထဲတွင် စူးစမ်းလိုမှု၊ ဆန်းစစ်မှုနှင့် မကျေနပ်မှု အရိပ်အမြွက်များ ရှိခဲ့သည်။ သူတို့၏ အကြည့်များသည် သူ့အပေါ် သက်ရောက်နေသော ပြင်းထန်သော ဖိအားလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။

အကယ်၍ လူတစ်ဦးသည် ထိုသို့သော စိစစ်မှုအောက်တွင် စိတ်ဓာတ်ပြတ်သားမှုမရှိပါက၊ အားနည်းချက်၏အရိပ်အမြွက်ကို ကောင်းစွာဖော်ပြနိုင်သည်။ လီလော့၏ အမူအရာသည် အံ့အားသင့်စရာ အဖြစ်အပျက်ကို တွေ့ကြုံပြီးနောက် ချက်ချင်းပင် ငြိမ်သက်သွားကာ ထိုအဖွဲ့ဝင်များ၏ အကြည့်များကို လေညင်းတစ်ခုလိုသာ သဘောထားလိုက်သည်။

တည်ကြည်မှုသည် ပြင်ပလွှမ်းမိုးမှုများကြောင့် ထိခိုက်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် လီလော့သည် အဖွဲ့သားများကို အကဲခတ်ဖို့ အခွင့်အရေးကို ရယူခဲ့သည်။ သူအာရုံစူးစိုက်ထားသည်မှာ ရှေ့တွင်ရပ်နေသူများဖြစ်သည်။ အထူးချွန်ဆုံးပုဂ္ဂိုလ် လေးဦးရှိကာ ၎င်းတို့တွင် ရိုင်းစိုင်းသော အသွင်အပြင်ရှိသည်။

လေးယောက်အုပ်စုအတွင်းတွင် စိမ်းညိုရောင် ၀တ်စုံဝတ် လူငယ်လေးတစ်ယောက်က ထင်သာမြင်သာအရှိဆုံးပင်... သူသည် အရပ်ရှည်ပြီး ဖြောင့်စင်းတဲ့ အသွင်အပြင်နဲ့ သူ့ဆံပင်တွေက နောက်ကျောမှာ လျော့ရဲရဲတွဲကျနေသည်။ သူက လွတ်လွတ်လပ်လပ်နဲ့ လွယ်လွယ်ကူကူ ပြုမူတတ်တဲ့သူတစ်ယောက်လို့ ထင်ရပေမယ့် အခုအချိန်မှာတော့ လီလော့ကို စေ့စေ့စပ်စပ် လေ့လာနေသည်။

လီလော့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သားများ၏ အချက်အလက်များ ယမန်နေ့က ဖတ်ရှုထားသောကြောင့် ထိုပုဂ္ဂိုလ်ကို အဖွဲ့၁၏ ခေါင်းဆောင် ကျုံးလင်မှန်း ချက်ချင်း သိလိုက်သည်။

၎င်းသည် ကျုံးယုရှီ၏တူဖြစ်ပြီး တံခွန်ကိုင် ရာထူးအတွက် အပြင်းထန်ဆုံးပြိုင်ဘက်ဖြစ်သည်။

ကျန်သုံးဦးသည် ကျန်အဖွဲ့များ၏ ခေါင်းဆောင်များ ဖြစ်ပေသည်။

ဤခေါင်းဆောင်သုံးဦးသည်လည်း လီလော့ ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပုံရသည်။ လီလော့၏ ရပ်တည်ချက်သည် အလွန်ထူးခြားလွန်းပြီး တံခွန်ကိုင်တွင် ဒဏ္ဍာရီဖြစ်ခဲ့သည့် လီတိုင်ရွှမ်၏သားဖြစ်သည်။

လီလော့၏အကြည့်သည် ပို၍တိတ်ဆိတ်သော အဖွဲ့ဆီသို့ လှည့်သွားကာ ရှေ့တွင်ရပ်နေသော လူသုံးဦးရှိသို့ကျရောက်သွားသည်။

ညာဘက်အစွန်တွင် အမျိုးသမီးတစ်ဦးရပ်နေသည်။ သူမသည် ခန္ဓာကိုယ်ပိန်သွယ်ပြီး တင်ပါးဖုံးသည်အထိရှည်လျားသောလှိုင်းတွန့်သဏ္ဍာန်ခရမ်းရောင်ဆံနွယ်များကိုပိုင်ဆိုင်ထားသည်။ သူမက ချစ်စရာကောင်းပုံရပြီး မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများကဆွဲဆောင်မှုတစ်ခု ရှိနေပုံရသည်။ သူမ၏ ကြီးမားသော ရင်သားနှင့် ပါးလွှာသော သေးသွယ်သောခါးကြောင့်အမျိုးသားများ၏ နှလုံးသားကို လှည့်စားနိုင်သည့် ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်ဟုဆိုနိုင်သည်။

၎င်းသည် အဖွဲ့၅မှ ကျောက်ယန်ဇီမှလွဲ၍ အခြားသူမဟုတ်ပေ။

အလယ်က တစ်ယောက်ကတော့ ဆံပင်တိုနှင့်လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် သာမာန်အသွင်အပြင်ကို ပိုင်ဆိုင်ထားသော်လည်း သူ့အကြည့်များက ဓားသွားကဲ့သို့ ထက်ရှနေသည်။

၎င်းမှာ လီမျိုးနွယ်ပါရမီရှင် လီရှီဖြစ်သည်။

နောက်ဆုံး ဘယ်ဘက်တွင် ထွားကျိုင်းသော အမျိုးသားတစ်ဦးရှိသည်။ သူ၏တည်ရှိမှုသည် သတ္တုများဖြစ်ဖန်တီးထားကဲ့သို့ မရွေ့ပြောင်းနိုင်သော ဖိအားကို ခံစားရစေသည်။

မုဘီသည် ငွေနတ်ဆိုးခန္ဓာအဆင့်ကျွမ်းကျင်သူဖြစ်သည်။

လီလော့ ပေါ်မလာပါက၊ သုံးယောက်ထဲမှ တစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။

လီလော့ ရောက်ရှိလာခြင်းသည် ၎င်းတို့၏အခွင့်အရေးများကို ပျက်ပြားစေသည့်အတွက် ဝမ်းနည်းစရာပင်။

သုံးယောက်သား ဤအချက်ကို နားလည်ကြပြီး၊ ရန်ငြိုးဖွဲ့မှုများ သူ့ဆီသို့ ပုံကျလာသည်။ ကျန်တဲ့ အဖွဲ့သားများကလည်း ရန်ငြိုးထားဟန်နဲ့ ကြည့်နေကြသည်။

လီလော့၏အနေအထားကို သူတို့သိကြသော်လည်း၊ သူသည် သူ့ဘဝတစ်လျှောက်လုံး နေထိုင်ခဲ့သည့် အရှေ့ပိုင်းကုန်းမြေမှ ပြန်လာပြီးနောက် လက်အောက်ခံဌာနခွဲတွင် အစားထိုးဝင်ရောက်လာခြင်းသည် ဤအထက်တန်းစားအများစုအတွက် သာယာသောအတွေးတစ်ခုမဟုတ်ပေ။

အပြင်ဘက်နယ်မြေများသည် ဆင်းရဲမွဲတေသောပြည်နယ်များဖြစ်သောကြောင့် ခန်းမသခင်၏အံ့ဖွယ်မျိုးရိုးဗီဇကို အမွေဆက်ခံရသော်လည်း သူ့ကိုသံသယဝင်နေကြသေးသည်။

"လူတိုင်း၊ ဒီနေ့ ဘာဖြစ်မယ်ဆိုတာ အားလုံးသိထားသင့်တယ်..... ဒါကြောင့် အပိုတွေပြောမနေတော့ဘူး.... ဒီနေ့ကစပြီး လီလော့က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ အဖွဲ့ ခေါင်းဆောင်ဖြစ်သွားပြီ...."

လီရုန်ယွင့်၏အကြည့်များသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တည်ငြိမ်စွာကြေညာလိုက်သည်။

မြို့စားအဆင့်တစ်ဉီး၏ အော်ရာကြောင့် အစိမ်းရောင်နယ်သာခန်းမမှ ပုန်ကန်သော လူငယ်များသည်ပင် နာခံစွာဖြင့်ဉီးညွှတ်နေရသည်။

လီရုန်ယွင့် နှင့် လီလော့ တို့၏ ဆက်ဆံရေးသည် အမြဲတမ်း ရင်းနှီးခဲ့သော ဆွေမျိုးတေံလိုဖြစ်နေသည်။ သူမသည် အစိမ်းရောင်နယ်သာခန်းမ၏တတိယခန်းမသခင်ဖြစ်ပြီး လျှော့မတွက်သင့်သောသူတစ်ဦးဖြစ်ကြောင်း လီလော့ ခဏမေ့နေခဲ့သည်။

အစိမ်းရောင်နယ်သာခန်းမသည် အစိမ်းရောင်နယ်သာခန်းမတံခွန်အဖွဲ့ကို အုပ်ချုပ်ရုံသာမက ကျယ်ပြန့်သော မြေနေရာများကိုလည်း ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နဂါးစွယ်ကိုယ်ပိုင်နယ်မြေတွင် နယ်ပယ်နှစ်ခုကို တာဝန်ယူထားကြပြီး ထိုနယ်မြေများသည် ရှပြာ်ထောင်စုထက်ပင် အဆပေါင်းများစွာ ကြီးမားပေသည်။ ၎င်းတို့၏တရားစီရင်ပိုင်ခွင့်အောက်ရှိ လူဦးရေသည် သန်းရာနှင့်ချီရှိကာ ၎င်းတို့ထဲတွင် လော့လန်အိမ်တော်လိုအင်အားစုများ မရေမတွက်နိုင်အောင် ပါဝင်သည်။

အစိမ်းရောင်နယ်သာခန်းမ၏တတိယခမ်းမသခင်အနေဖြင့် လီရုန်ယွင့်၏စကားလုံးတိုင်းသည် ၎င်းတို့၏နယ်ပယ်တွင်နေထိုင်ကြသောလူများ၏ဘဝများကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။

လီရုန်ယွင့်သည် မူလက နွေးထွေးပြီး နူးညံ့သိမ်မွေ့သူတစ်ဦးဖြစ်သော်လည်း သန်းပေါင်းများစွာ၏အသက်နှင့် သေဆုံးမှုများကို ထိန်းချုပ်နိုင်သည့်ရာထူးကြောင့် အချိန်နှင့်အမျှ သူ့အမူအရာ ပြောင်းလဲသွားမည်ဖြစ်သည်။

လီရုန်ယွင့် ကြေငြာပြီးနောက် သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ လက်ဖဝါးမှ အလင်းတန်းတစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။ ငွေရောင်ကျောက်သားတံဆိပ်တစ်ခု သူ့လက်ထဲမှာ ပေါ်လာသည်။

"လီလော့၊ တံဆိပ်ကို လက်ခံပါ" ဟု သူမက ဆက်ပြောခဲ့သည်။

လီလော့က လက်နှစ်ဖက်ကို လေးစားစွာ ဆန့်ထုတ်လိုက်ပြီး သူမဆီမှ ငွေတံဆိပ်ကို လက်ခံလိုက်သည်။

မရေမတွက်နိုင်သောလူများသည် ရှုပ်ထွေးသောအကြည့်များဖြင့် ဤမြင်ကွင်းကိုကြည့်ရှုနေကြသည်။

ငွေတံဆိပ်သည် လက်အောက်ခံခေါင်းဆောင်တစ်ဦး၏ သင်္ကေတဖြစ်သည်။ ၎င်းကိုလက်ခံခြင်းဖြင့် အဖွဲ့၅၏ လက်အောက်ခံအရာရှိဖြစ်လာပြီး သူ၏အမိန့်တိုင်းကို နားထောင်ရမည့် စစ်သည် ထောင့်ငါးရာကို ဦးဆောင်ရမည်ဖြစ်သည်။

ဒါက ခွန်အားကိုလည်း ကိုယ်စားပြုနေသည်။

နဂါးပုံသဏ္ဍာန်ထွင်းထားသော ငွေတံဆိပ်ကို လက်ခံရရှိပြီးနောက် လီလော့က လေ့ကျင့်ရေးကွင်းဘက်သို့ လှည့်ကာ "အဖွဲ့ရဲ့

ခေါင်းဆောင်အသစ် လီလော့က ရဲဘော်ရဲဘက်တွေကို နှုတ်ခွန်းဆက်ပါတယ်..." ဟု တည်ငြိမ်စွာပြောခဲ့သည်။

တစ်ဦးတစ်ယောက်မှ မတုံ့ပြန်သောကြောင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပါသည်။

အထူးသဖြင့် အဖွဲ့၅ တစ်ခုလုံးက အထင်ရှားပင်.... တကယ်တော့ ရှုံ့ချတဲ့ အကြည့်တွေနဲ့ကြည့်နေသူတွေတောင်ရှိနေခဲ့သည်။

လီရုန်ယွင့်သည် ဆက်ခံကြောင်းကြေညာပြီးနောက်တွင် သူမသည် တုန်လှုပ်နေသော လေထုကို သတိပြုမိပုံမပေါ်ဘဲ လီလော့ဘက်သို့ တိုက်ရိုက်လှည့်ကြည့်လိုက်ကာ....

"မင်း အစိမ်းရောင်နယ်သာခန်းမလေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရမယ်။ မင်းမှာ ပြဿနာတစ်ခုခုရှိနေရင် မင်းငါ့ကို ပင်မတောင်မှာလာရှာ..အခုချိန်ကစပြီး အဖွဲ့၅ ငိမင်းလက်ထဲလွှဲထားခဲ့ပြီ..." ဟု သူမက သတိပေးခဲ့သည်။

လီလော့သည် သူမ၏စကားနောက်ကွယ်က အဓိပ္ပါယ်ကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် လက်အောက်ခံခေါင်းဆောင်ရာထူးကို ပိုင်ဆိုင်ထားသော်လည်း၊ အဖွဲ့၅ ကို သူ၏သစ္စာရှိနောက်လိုက်များအဖြစ်သို့ ပြောင်းလဲလိုပါက သူ့အပေါ်တွင်သာ မူတည်မည်ဖြစ်သည်။

အကယ်၍ သူသည် ၎င်းတို့အား ထိန်းမနိုင်တော့ပါက၊ ထိုသတင်းသည် သဘာဝအတိုင်း ပျံ့နှံ့သွားမည်ဖြစ်ပြီး၊ သူသည် ကောင်းကင်နဂါးကလန်ငါးခု၏ အဖွဲ့ဝင်တိုင်းအတွက် ပြက်လုံးတစ်ခုဖြစ်လာမည်ဖြစ်သည်။

သူသည် မျိုးဆက်သစ်လူငယ်တစ်ဦးမျှသာဖြစ်ပြီး ယင်းကဲ့သို့ အာရုံစိုက်ခံရရန် အရည်အချင်းမရှိပေ။ သူတို့ အမှန်တကယ် လှောင်ပြောင်မယ့်သူကတော့ ကိုယ်တိုင် တောက်ပနေပေမယ့် အားနည်းတဲ့ သားလေးကို မွေးထုတ်ပေးခဲ့တဲ့ လီတိုင်ရွှမ်ကိုပင်....

လီရုန်ယွင့် ဘာမှပြန်မပြောတော့ဘဲ အလင်းတန်းတစ်ခုအဖြစ် ပျောက်သွားသည်။

သူမ ထွက်သွားသည့်အခိုက်တွင်၊ လူပေါင်းများစွာ စိတ်အေးလက်အေး အနားယူရင်း မူလကအသံတိတ်နေသော

လေ့ကျင့်ရေးကွင်းတစ်လုံး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အကြည့်များက လီလော့ဘက်သို့ လှည့်သွားကြလေသည်။

All Chapters