အဖွဲ့၅ ၏ခေါင်းဆောင်......
Vol. 54 Ch. 751
လီရုန်ယွင့် ထွက်သွားသည့်အခိုက်တွင် အခြားအဖွဲ့ဝင်များက လီလော့ကို စူးစမ်းစစ်ဆေးနေကြပြီး လေ့ကျင့်ရေးကွင်းအတွင်းမှ တီးတိုးသံများ ထွက်ပေါ်လာသည်။
လီလော့က ဘယ်သူလဲ၊ သူဘယ်ကလာတယ်ဆိုတာ လူတိုင်းသိကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် လီတိုင်ရွှမ် ၏သားနှင့် မျိုးရိုးအကြီးအကဲ၏ မြေးဖြစ်သဖြင့် အတော်ပင် ထူးချွန်သူဖြစ်သည်။
လီတိုင်ရွှမ် မည်မျှထူးချွန်သည်ကို အခြေခံ၍ တစ်စုံတစ်ခုမျှ အမှားအယွင်းမရှိခဲ့လျှင် သူသည် နဂါးစွယ်ကလန်၏ နောက်တက်မည့်အကြီးအကဲ ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် လီလော့သည် နဂါးစွယ်ကလန် တတိယမျိုးဆက်၏ အထူးချွန်ဆုံးအဖွဲ့ဝင်တစ်ဦးဟု ယူဆနိုင်သည်။
လီတိုင်ရွှမ် အပြင်ဘက်ကုန်းမြေတစ်ခုဆီ ထွက်ပြေးသွားသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်နေခြင်းကြောင့် ရလဒ်အနေဖြင့် လီလော့သည် ဆင်းရဲနွမ်းပါးသောပြည်နယ်၌ နှစ်များစွာကို ဖြုန်းတီးပစ်ခဲ့ရသူပင်....
သူ့တွင် လုံးဝလက်လှမ်းမမီသော အထောက်အထားတစ်ခု ပိုင်ဆိုင်ထားသော်လည်း တစ်ချိန်တည်းမှာပင် နှိမ့်ကျသော နောက်ခံရှိနေသည်။ အဖွဲ့ဝင်များသည် သူ့အပေါ် မည်ကဲ့သို့ ခံစားရမည်ကို မသိသည့် ဆန့်ကျင်ဘက် ခံစားချက်မျိုး ခံစားနေရသည်။
"ခေါင်းဆောင်လီလော့က လက်ရှိမှာ အစောပိုင်းနတ်ဆိုးခန္ဓာအဆင့်ပဲ ရှိသေးတယ်ဆို...."
"ဟားးဟားး အစောပိုင်းနတ်ဆိုးခန္ဓာအဆင့် အဆင့်ပဲရှိသေးတဲ့ ခေါင်းဆောင်လား.....
ဒီနှစ်တွေတစ်လျှောက်မှာ သူတစ်ယောက်ပဲ ဒီရာထူးရနိုင်တာ....ငါတောင်မနာလိုဖြစ်မိတယ်....."
"အဖွဲ့၅က ဟိုသုံးယောက်ကိုပဲ သနားမိတယ်..... သူတို့အားလုံးက ငွေနတ်ဆိုးခန္ဓာအဆင့်တွေမို့ ခေါင်းဆောင်ရာထူးအတွက် တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားကြတယ.... ဒါပေမယ့် ...."
တိုးတိုးတိတ်တိတ် အတင်းအဖျဉ်းများ ပြန့်နှံ့နေပြီး ကျန်လေးဖွဲ့က အဖွဲ့၅ စိတ်ဝင်တစားနဲ့ ပြဇာတ်ကြည့်သလိုကြည့်နေကြသည်။
အခြားတစ်ဖက်တွင်မူ အဖွဲ့၅ကလူတွေ အနည်းငယ် စိတ်တိုသွားပြီး ဒေါသထွက်နေကြသည်။
"အဟမ့်..."
ထိုအချိန်တွင် အဖွဲ့၁မှ ကျုံးလင်သည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး လီလော့ ကို ခပ်ပြုံးပြုံးဖြင့်ကြည့်ကာ.... "ဂုဏ်ယူပါတယ် အဖွဲ့ခွဲခေါင်းဆောင် လီလော့....ခန်းမသခင်က အစိမ်းရောင်နယ်သာခန်းမ ကိုယ်စား မှတ်တမ်းများစွာကို ဖန်တီးခဲ့ဖူးသူပါ...အခု မင်းရောက်လာပြီဆိုတော့ ကိုယ်တိုင် မှတ်တမ်းအသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီပဲ....အစောပိုင်း နတ်ဆိုးခန္ဓာအဆင့်နဲ့ ဒီရာထူးမျိုးရတာ မင်းကပထမဆုံးပဲ....."
လီလော့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ သို့ဝင်ရောက်ခြင်းသည် တံခွန်ကိုင်ရာထူးကိုရရှိရန်ဖြစ်ကြောင်း သူ၏ဦးလေးဖြစ်သူက အသိပေးထားပြီးဖြစ်သောကြောင့် မလိုလားအပ်သောရည်ရွယ်ချက်များကိုဖုံးကွယ်ထားခြင်းမရှိပေ။ ထိုအရာသည် သူ့အတွက် ရည်စူးထားသည့်အရာဖြစ်ပြီး အခြားမည်သူ့ကိုမှ လုယူခွင့်မပြုနိုင်ပေ။
ပေါ့ပါးသော ရယ်မောသံက ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
တစ်ဖက်တွင်တော့ လီလော့က " ငါ့ကို အခုချိန် ချီးကျူးနေစရာ မလိုပါဘူး....
ငါ နောက်ထပ် မှတ်တမ်းသစ်တွေ တင်ပြီးမှ ပေါင်းပြီးချီးကျုးလိုက်ပါ ဒါဆိုမင်းအတွက်အချိန်ကုန်ပိုသက်သာနိုင်မှာ....."
ကျုံးလင်က လီလော့ ဒီလို ပြန်ဖြေဖို့ မမျှော်လင့်ထားတာကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ ဤသူသည် သာမန်မဟုတ်သောဆန္ဒကိုပြသသည့် သူ၏စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည့် အရိပ်အမြွက်မျိုး အနည်းငယ်မျှ မပြခဲ့ပေ။
ဟုတ်ပါတယ်၊ လီလော့ ရဲ့ စကားကို တုံ့ပြန်တာက ပြုံးနေဖို့သာပင်.... တခြားဘာမှ ပြောစရာ မလိုတော့ဘဲ ကျုံးလင် လှည့်ထွက်လာခဲ့လိုက်သည်။
လီလော့သည် သူ့မျိုးရိုးအလိုက် အထူးရာထူးကို ကိုင်စွဲထားပြီး မည်သူမဆို မနာလိုနိုင်သော အရည်အချင်းရှိသည့် ပဲ့တင်ထပ်သံသုံးခုကို ပိုင်ဆိုင်ထားသော်လည်း လုံလောက်သော အရင်းအမြစ်များကို မရနိုင်ဘဲ သူ့ဘဝတစ်လျှောက်လုံး ကုန်ဆုံးခဲ့ရသည်မှာ သနားစရာပင်။
သူသည် အစောပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင်ရှိနေဆဲဟူသောအချက်ကို အားလုံးသိအောင်
ပြောထားပြီးဖြစ်သည်။
နောက်သုံးလအကြာတွင် ကျင်းပမည့်တံခွန်ကိုင်ရွေးချယ်ပွဲတွင် တံခွန်ကိုင်ရာထူးကို အရယူနိုင်ပါက လီလော့၏အိမ်မက်များကိုရိုက်ချိုးပြီးသားဖြစ်နေပေလိမ့်မည်။
ထိုအချိန်တွင် သူ့ဦးလေးသည် ခန်းမသခင် ရာထူးအတွက် ရုန်းကန်နေစရာမလိုတော့ပေ။
ကျုံးလင် ထွက်ခွာသွားပြီးနောက် အဖွဲ့၁ ကလည်း အလားတူ ထွက်ခွာသွားခဲ့သည်။ ကျန်ခေါင်းဆောင် သုံးဦးသည် လီလော့ အပေါ် ရန်လိုမှု တစ်စုံတစ်ရာကို ဖော်ပြခြင်း မရှိသော်လည်း ပိုမိုနီးစပ်ရန် ကြိုးပမ်းခြင်း မရှိခဲ့ပေ။ အားစိုက်ထုတ်မှုမရှိဘဲ ဤရာထူးအပ်နှင်းခံရသူတိုင်းကို ငြင်းပယ်မည်ဟူသော သဘောထားကိုပြောင်ပြောင်တင်းတင်းပြသနေသလိုပင်.... ကျန်သူများသည် ရုန်းကန်မှုများနှင့် တိုက်ပွဲပေါင်းများစွာကိုဖြတ်သန်းပြီး ဤရာထူးကိုရရှိ ခဲ့ကြသော်လည်း ပြင်ပကုန်းမြေမှ ရောက်လာသူတစ်ယောက်ကအားထုတ်ကြိုးပမ်းမှုတစ်စုံတစ်ရာမရှိဘဲ အလွယ်တကူ ရရှိခဲ့သည်။ ထို့ကြောင့် သူတို့လည်း အနည်းငယ် မကျေမနပ်ဖြစ်နေကြသည်။
အရေးအကြီးဆုံးမှာ၊ လီလော့၏ ထင်ရှားသော ခွန်အားသည် ခေါင်းဆောင်တစ်ဉီးတွင်ရှိသင့်သောအနေအထားတွင် ရှိမနေခြင်းပင်....
ထို့ကြောင့် သူသည် ဤရာထူးကို ရရှိရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့အဖေကြောင့်ဟု ယူဆကြသည်။
ကျန်ခေါင်းဆောင် သုံးဦးက ထွက်ခွာကြပြီး ဤပြဿနာကို အဖွဲ့၅မှ ထိပ်တန်း ၃ ဦး ဖြေရှင်းရန် ချန်ထားခဲ့သည်။
ထိုနှစ်ဖွဲ့ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု မလွဲမသွေ ပေါ်ပေါက်လာပြီး ၎င်းတို့၏ အတွင်းရေးပြဿနာ ဖြစ်လာပေမည်။
ကျန်လေးဖွဲ့ ထွက်သွားတော့ ကွင်းထဲမှာ အဖွဲ့၅တစ်ဖွဲ့သာ ကျန်တော့သည်။ သို့သော်လည်း နောက်ဆက်တွဲဖြစ်လာမည့်အရာများကို စောင့်ကြည့်နေသည့် အကြည့်များစွာရှိကြောင်း လူတိုင်း ခံစားနိုင်သည်။
လီလော့က အဖွဲ့၅ ဘက်လှည့်၍ အုပ်စုရှေ့တွင် ရပ်နေသော မှုန်ကုပ်ကုပ် သုံးယောက်ကို ကြည့်လိုက်သည်။
"မင်းတို့ ငါ့ကိုမယုံဘူးလား?"
လီလော့၏ မယဉ်ကျေးသော စကားလုံးများကို ကြားလိုက်ရတော့ ဂိုဏ်းခွဲများ အုံကြွလာကာ ခေါင်းဆောင် သုံးဦးဖြစ်သည့် ကျောက်ယန်ဇီ၊ လီရှိနှင့် မုဘီ တို့ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။ ၎င်းတို့၏ ခေါင်းဆောင်သစ်သည် သူတို့မျှော်လင့်ထားသည်ထက် ပို၍ပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။
"ကလန်အကြီးအကဲရဲ့မြေး၊ခန်းမသခင်ရဲ့သားမို့ ယုံကြည်သင့်သလား...ဒါမှမဟုတ် မင်းရဲ့ခွန်အားကြောင့် မယုံကြည်သင့်ဘူးလား....ငါမသိတော့ဘူး...."ဟု မုဘီက မှုန်ကုပ်ကုပ်နဲ့ပြန်ဖြေလိုက်သည်။
လီရှိက.... "ကျူပ်ကတော့ ဘိုးဘေးတွေပြောခဲ့သလို အဆင့်တန်းကအရေးမကြီးဘူး...ခွန်းအားကသာ စည်းမျဉ်းပဲလို့ယုံကြည်တယ်...."
"အိုး.. ခေါင်းဆောင်က ပြင်ပကုန်းမြေက အခုမှ ပြန်လာတာလေ... ဒီလိုစည်းမျဉ်းတွေကို ဘယ်လိုသိမှာလဲ..." လီရှီဦးဆောင်သောအဖွဲ့မှ တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
အားလုံး တသောသောရယ်မောနေချိန်မှာ
ကျောက်ယန်ဇီက ချစ်စဖွယ်အကြည့်ဖြင့် အနည်းငယ်ပြုံးလိုက်ပြီး....
"ခေါင်းဆောင် ရှင် စိတ်မဆိုးသင့်ဘူး..ရှင်က လူသစ်ဆိုတော့ ရှင့်အကြောင်း ဘယ်သူမှမသိနိူင်သေးဘူး ...ရှင့် အရည်အချင်းတွေကို သက်သေပြလိုက်တာနဲ့ အားလုံးရှင့်ကိုယုံကြည်လာမှာပါ....."
သူမ၏စကားများသည် အကြံဉာဏ်တစ်ခုကို အစဖော်ပေးနေသလိုပင်.... ကြိုးစားမှုမရှိဘဲ လီလော့ ရာထူးရရှိတာကို သူမ မပျော်သော်လည်း၊ သူ့ကို နှောင့်ယှက်ဖို့ မသင့်ကြောင်းခံစားနေရသည်။ သူ၏အထောက်အထားနှင့် နောက်ခံသမိုင်းကြောင်းမှာ ကဲ့ရဲ့စရာမရှိသလို ဆက်ဆံရေးပျက်ပြားအောင်လုပ်နေလို့လဲအကျိုးမရှိနိုင်ပေ။
ဘိုးဘေးများ၏ စကားအတိုင်းဆို တံခွန်အဖွဲ့ နှစ်ဆယ်တွင် အားလုံး ညီတူညီမျှ ဖြစ်သည်ဟု ဆိုနိုင်သည ဖြစ်ချင်တော့ လီလော့သည် အဆက်အစပ်မရှိသော ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေ၊ ၎င်း၏အထောက်အထားတစ်ခုတည်းက သူ့ကို အလွယ်တကူ ဖြုတ်ချလိုက်နိုင်သည်။
"မုဘီ...မင်းက ထျန်းမူမြို့ရဲ့လမ်းပေါ်မှာသူတောင်းစားအဖြစ်မွေးဖွားခဲ့တယ်....အစားတစ်လုတ်အတွက် ခွေးတွေကြောင်တွေနဲ့သတ်ပုတ်ခဲ့ရပြီး ကိုယ့်အစွမ်းအစကို သိလာတယ်.... နောက်ပိုင်း မိဘမဲ့တွေနဲ့ အိမ်ခြေရာမဲ့ကလေးတွေကို မွေးစားပြီး သံမဏ်နဂါးဂိုဏ်းကိုတည်ထောင်ခဲ့တယ်.....မရေမတွက်နိင်တဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးမှ အစိမ်းရောင်နယ်သာခန်းမကိုရောက်လာတာ...."
"လီရှီ....မင်းက ကလန်ကပစ်ပယ်ထားတဲ့ ကလန်ငယ်လေးတစ်ခုကနေ မွေးဖွားလာတဲ့သူ.....မင်းရဲ့ကလန်က ကျင့်ကြံမှု အဆင်ပြေစေဖို့ သူတို့ရဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို စုစည်းပေးထားတာမို့ သူတို့ရဲ့ မျှော်လင့်ချက်တွေအတွက် မင်းအသက်ရှင်နေရတာ.....အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး ကလန်ရဲ့ဂုဏ်သိက္ခာကိုမြှင့်တင်ပေးဖို့တာဝန်ကိုပုခုံးထမ်းထားရတဲ့သူ....."
"ကျောက်ယန်ဇီ..."
ဒီအချိန်မှာ လီလော့ ဆက်မပြောတော့ပေ။
သူမကို ပြည့်တန်ဆာဂေဟာတစ်ခုတွင် မွေးဖွားခဲ့ပြီး အစ်မဖြစ်သူကပြုစုစောင့်ရှောက်ပေးခဲ့သည်။ သူမ၏အစ်မသည် သူမ၏လွတ်လပ်ခွင့်ကိုဝယ်ရန် စုဆောင်းထားသမျှကို ညီမဖြစ်သူအတွက် အရင်းအမြစ်များဝယ်ယူပံ့ပိုးပေးပြီး နောက်ဆုံးတွင် ကျောက်ယန်ဇီကို ပြည့်တန်ဆာအိမ်မှလွတ်မြောက်အောင် ကြိုးပမ်းပေးခဲ့သည်။ ထို့နောက် သူမ ရုန်းကန်ပြီး ရှေ့ဆက်တိုးကာ အစွမ်းကုန်ကြိုးစား၍ နဂါးစွယ်ကလန်၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်လာရန် ရည်မှန်းထားသည်။ အားလုံးက သူ့အစ်မအတွက် အကာအကွယ်နှင့် ငြိမ်းချမ်းမှုရရှိရန်ဖြစ်ပြီး သူမကို ဘဝတစ်လျှောက်လုံးပျော်ရွှင်စွာအသက်ရှင်းေလိုခြင်းကြောင့်ပင်.....
ဤသည်မှာ လီရုန်ယွင့် သူ့ကို ပေးခဲ့သော အချက်အလက်များဖြစ်သည်။ ပထမနှစ်ယောက်မှာ ချီးကျူးစရာကောင်းတဲ့ နောက်ခံသမိုင်းကြောင်းတွေရှိပေမယ့် ကျောက်ယန်ဇီ ဟာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုလျှို့ဝှက်ချက်တွေကို ထုတ်ပြောဖို့ မလိုအပ်ပေ။
သူတို့သုံးဦးစလုံး ဘဝနာခဲ့ကြသူများဖြစ်ကြသည်။ သူတို့အားလုံးသည် အစပိုင်းတွင် ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ကြပြီး ခါးသီးပင်ပန်းစွာကျင့်ကြံခြင်းကြောင့်သာ လက်ရှိအခြေအနေရောက်သည်အထိ အောင်မြင်ခဲ့ကြသည်။
မုဘီ၊ လီရှိ အထူးသဖြင့် ကျောက်ယန်ဇီ တို့၏ အမူအရာများ ပြောင်းလဲသွားသည်။ လီလော့ သူ့အကြောင်း ဘာမှဆက်မပြောတော့မှသာ တင်းထားသမျှကို ဖြေလျှော့လိုက်သည်။
သို့သော်လည်း လီလော့ ဤစကားများကို အဘယ်ကြောင့် ပြောခဲ့သည်ကို သူတို့ သိသည်။
အဲဒါက သူတို့နဲ့ပတ်သက်တဲ့အကြောင်းတွေကို ခရေစေ့တွင်းကျသိနေကြောင်း သက်သေပြခဲ့နေခြင်းပင်....လီလော့ကို သူတို့ မလေးစားသလို သူတို့ကိုလည်း လေးစားနေစရာဘာအကြောင်းမှမရှိကြောင်း ခြိမ်းခြောက်နေသလိုပင်.....
ပြင်ပကုန်းမြေမှလာသော တတိယသခင်လေးသည် တုံးအနေသူမဟုတ်ပေ။
ဒေါသနှင့် နာကြည်းမှု အရိပ်အမြွက်များ သူတို့၏ နှလုံးသားထဲတွင် ပေါ်လာသည်။ သူသည် သူတို့ အလေးထားသောအရာများကို အစဖော်လိုက်သဖြင့် ပုန်ကန်ထကြွရန် သတ္တိမရှိတော့ပေ။
သူတို့၏ အရှိန်အဟုန်များ သိသိသာသာ ကျဆင်းသွားသည်။
ထိုအချိန်တွင် လီလော့က "မင်းတို့ ငါ့ကို မယုံရင် မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်....."
မုဘီ၊ လီရှိ နှင့် ကျောက်ယန်ဇီတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
"ခေါင်းဆောင် ဘာပြောနေတာလဲ"
ကျောက်ယန်ဇီက ချစ်စရာကောင်းပြီး တောက်ပတဲ့ အပြုံးကို ထုတ်ဖော်လိုက်သည်။
"မင်းတို့ သုံးယောက်ထဲက ကိုယ်စားလှယ်ရွေးလိုက်.... ငါ့ကို ထိခိုက်ဒဏ်ရာမရှိဘဲ လှုပ်ရှားအောင်လုပ်နိုင်ရင် ခေါင်းဆောင်ရာထူးကို ငါလွှဲပေးမယ်..... ငါအနိုင်ရရင် မင်းတို့ သုံးယောက် ငါ့စကားကို နားထောင်ရမယ်.....မတော်မတရားညှင်းပန်းတာမျိုးတွေလုပ်မှာမဟုတ်ဘူး....ဒါပေမယ့် နည်းနည်းလောက်ပုန်ကန်ဖို့အရိပ်အယောင်မြင်တာနဲ့ သနာညှာတာမှုမရရှိဘူးလို့ အပြစ်မတင်ကြနဲ့....."
လီလော့ စင်မြင့်ပေါ်၌ ရပ်ကာ အေးစက်သော အကြည့်ဖြင့် လူသုံးယောက်ကို ငုံ့ကြည့်နေသည်။
သူ၏စကားများက အားလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။ လူတိုင်း၏မျက်နှာတွင် အံ့သြထိတ်လန့်ဖွယ်ရာများကို မြင်တွေ့နိုင်သည်။
လီလော့ သူတို့ကို ဒီလို လိုက်လျောပေးလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပေ။
နတ်ဆိုးခန္ဓာအဆင့်က ငွေနတ်ဆိုးခန္ဓာအဆင့် သုံးယောက်ကို စိန်ခေါ်မယ်တဲ့.....ခေါင်းဆောင် ဉီးနှောက်ဖောက်စားခံလိုက်ရပြီလား....