← Chapters

အားလုံးကိုတုန်လှုပ်စေသောမဟူရာနဂါး.....

Vol. 54 Ch. 752

အားလုံးကိုတုန်လှုပ်စေသောမဟူရာနဂါး.....

Vol. 54 Ch. 752

လေ့ကျင့်ရေးကွင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေချေပြီ......

အဖွဲ့၅မှ တပ်သား ထောင့်ငါးရာစလုံး အနည်းငယ် လန့်ဖျပ်သွားကာ အချင်းချင်း ညည်းတွားကြတော့သည်။ လီလော့၏ အကြံပြုချက်က သူတို့ကို သိသိသာသာ တုန်လှုပ်စေခဲ့သည်။

ထိုအချိန်တွင် ကျောက်ယန်ဇီ၊ လီရှိ နှင့် မုဘီ တို့သည် တခဏတာ မှင်သက်နေကြပြီး လီလော့ ကို မကြည့်မီ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

အစောပိုင်း နတ်ဆိုးခန္ဓာအဆင့်က ၎င်းတို့ကို တစ်ချက်လှုပ်ရုံဖြင့် အန္တရာယ်ပြုနိုင်သည်ဟု သတ္တိရှိရှိ ပြောနေချေပြီ.....

သူတို့ကြားတွင် အဆင့်တစ်ခုကွာခြားနေသည်မဟုတ်လော......

သူတို့သည် စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုအရ လီလော့ကို ကျော်လွန်နေကြသူများပင်.....

သို့သော်လည်း လီလော့ ဤမျှလောက်ထိမိုက်မဲမည့်သူမဟုတ်ပေ.... သူ့မှာ အပြည့်အ၀ယုံကြည်ရတဲ့ ဝှက်ဖဲရှိနေတာများလား......

ကျောက်ယန်ဇီ နှုတ်ခမ်းကို ကိုက်လိုက်သည်နှင့် သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများမှတစ်ဆင့် အမျှော်အမြင်ရှိသည့် အကြည့်တစ်ခု ထွက်ပေါ်လာသည်။ ဤခေါင်းဆောင်အသစ်သည် သူတို့၏ ရိုင်းစိုင်းသောဆန္ဒများကို ချေမှုန်းရန် ရှင်းရှင်းလင်းလင်း တွေးတောနေပြီး ငါးစားချနေချေပြီ.....

ဒါက အခွင့်ကောင်းတစ်ခုပဲ.....

လီလော့ ဘာကို အားကိုးရမှန်း သူမ မသိပေမယ့် သူ့အမူအရာက တကယ့်ကို ချီးကျူးစရာပဲ ...ခန်းမသခင်ရဲ့သားပီသပါပေတယ်.....

အကယ်၍ သူသည် ထူးခြားသောစွမ်းရည်များဖြင့် နဂါးစွယ်ကလန်တွက် မွေးဖွားလာခဲ့ပါက၊ ယခုအချိန်တွင် နဂါးစွယ်ကလန်အတွင်းမှ အခြားမျိုးရိုးများကို ကောင်းကောင်းဖိနှိပ်နိုင်ပေလိမ့်မည်။

သုံးယောက်သား တယောက်ကို တယောက် ကြည့်နေကြသည် ။ အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ကြသောကြောင့် ၎င်းတို့၏ အားသာချက်များကို ကောင်းစွာနားလည်ထားကြသည်။ ထို့ကြောင့် သူတို့ ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။ ဤသည်မှာ သူတို့ကိုယ်တိုင်အစပျိုးထားသောကိစ္စမို့ သူတို့ကိုယ်တိုင်အဆုံးသတ်ရပေမည်။

နောက်ဆုံးတွင်၊ သက်ရှိအဆောက်အအုံတစ်ခုလို ခိုင်ခံ့သော မုဘီ ရှေ့ထွက်လာသည်။

သူသည် အဆင့်ရှစ် သတ္တုပဲ့တင်ထပ်သံပိုင်ဆိုင်ထားပြိး အပြင်းထန်ဆုံး ခံစစ်သမား ဖြစ်သည်။ လီလော့က ဒါကို အကြံပြုဝံ့တဲ့အတွက် မုဘီဟာ ဒီစိန်ခေါ်မှုအတွက် အသင့်တော်ဆုံးသောသူပင်....

မုဘီက.... "အဖွဲ့ခွဲခေါင်းဆောင်က ကျွန်တော့်ကို သူ့ရဲ့ အစောပိုင်းနတ်ဆိုးခန္ဓာအဆင့်ခွန်အားနဲ့ စိန်ခေါ်ဖို့ သတ္တိရှိတာကြောင့် ဒါကို မတုံ့ပြန်ရင် ဘယ်သူကမှ ကျွန်တော့်စကားကို နားထောင်တော့မှာမဟုတ်ဘူး.... ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော် ခေါင်းဆောင်ရဲ့ သတ္တိကိုလေးစားနေမှာပါ...."

ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ထူထပ်သော မီးခိုးရောင် ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာပြီး သူ့ကို ဖုံးအုပ်ထားကာ သူ့ခန္ဓာကိုယ် တဖြည်းဖြည်း အရွယ်အစား ကြီးထွားလာသည်။ ခဏအကြာတွင် သူသည် အမြင့်သုံးမီတာရှိသော ဧရာမလူသန်ကြီးအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင်၊ သူ့အရေပြားအောက်တွင်မရေမတွက်နိုင်သော ငွေရောင်လိုင်းများ တောက်ပနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်အကွက်များ ဖြစ်ပေါ်လာသည်ကို မြင်တွေ့နိုင်သည်။

မခံချင်စိတ်နှင့် ခံ့ညားထည်ဝါသော အော်ရာများ သူ့ထံမှ ဖြာထွက်နေသည်။

သူသည် ယဉ်ကျေးသိမ်မွေ့စွာ မလုပ်ဆောင်ဘဲ သူ၏ ခွန်အားအပြည့်အဝကို ချက်ချင်းပြသခဲ့သည်။

လေ့ကျင့်ရေးကွင်းအပြင်ဘက်မှ မရေမတွက်နိုင်သော အကြည့်များက ဤတိုက်ပွဲကို အာရုံစိုက်နေခဲ့သည်။

လီလော့သည် မုဘီထံမှ ဖိနှိပ်ချုပ်ချယ်သော အရိပ်အယောင်ကို ခံစားနိုင်သော်လည်း သူ၏အမူအရာမှာ မှေးမှိန်သွားခဲ့သည်။ ပြိုင်ဘက်က သူ့ထက် သိသိသာသယ အားကောင်းပေမယ့် သူအရင်က ကြုံဖူးတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ဘာဆိုဘာမှမဟုတ်ပေ။

ဖေဟောင်နှင့်ရှန်ကျင်းရှောင်တို့က ပြင်ပအကူအညီတွေ ချေးယူထားပေမယ့် ကိုယ်ပိုင်အရည်အချင်းရှိကြသူများပင်.....ထိုသို့သောသူများနှင့် ရင်ဆိုင်ဖူးသောကြောင့်ငွေနတ်ဆိုးခန္ဓာအဆင့်နဲ့ ရင်ဆိုင်ရတာ ယှဉ်ရတာ သိပ်မခက်ပေ....

လီလော့သည် သူ၏ ပဲ့တင်ထပ်သံနန်းတော်များကို အသက်သွင်းနေစဉ် ငြိမ်သက်နေခဲ့သည်။ ရေနှင့်နဂါး ပဲ့တင်ထပ်သံစွမ်းအားများ ရောနှောနေသကဲ့သို့ သည်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ စီးဆင်းသွားသည်။

ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစပ်ထားတဲ့စွမ်းအား......

ပဲ့တင်ထပ်သံစွမ်းအားများကို သူ့လက်ထဲသို့ ပို့လွှတ်လိုက်ပြီး အမြန်နှုန်းဖြင့် အစီအရင်အချို့ကို ဆက်တိုက်ဖန်တီးနေသည်။

ထိုအချိန်တွင်၊ သူ့ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများ ကြောက်မက်ဖွယ်ကောင်းသော နှုန်းဖြင့် ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရပြီး ပုံသဏ္ဍာန်မရှိသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေပုံရသည်။

ဤအငွေ့အသက် ပေါ်လာသည့်အခိုက်တွင် မုဘီသည် သူနှင့် အနီးဆုံးဖြစ်နေသဖြင့် အရှင်းလင်းဆုံး ခံစားလိုက်ရသည်။

အစောပိုင်း နတ်ဆိုးခန္ဓာအဆင့် တစ်ဦးချင်းစီသည် သူ့အတွင်း၌ ထိုသို့သောခံစားချက်ကို ဖြစ်ပေါ်စေနိုင်ပုံကို သူနားမလည်နိုင်ခဲ့ပါ။

သူ့ရဲ့ပဲ့တင်ထပ်သံစွမ်းအားတွေက သာမန်အစောပိုင်း နတ်ဆိုးခန္ဓာအဆင့်တွေထက် များစွာ အားကောင်းသော်လည််း သူနှင့် လီလော့ကြားတွင် ကြီးမားသော ကွာဟချက် ရှိသည်။

"ဒီခံစားချက်ကဘာကြီးလဲ...."

“သူအသက်သွင်းနေတဲ့ပညာရပ်ကြောင့်လား...."

“ အဆင့်မြင့် နဂါးအဆင့်ပညာရပ်လား...."

""မဟုတ်သေးဘူး.."

" မြို့စားအဆင့်ပညာရပ် များလား?"

သူ့စိတ်ထဲမှာ ပေါ်လာတဲ့ ဒီအတွေးကြောင့် အနည်းငယ် ထိတ်လန့်သွားပုံရသည်။ ကျုံးလင်သည်ပင် မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ၊ ထို့ကြောင့် လီလော့ မည်ကဲ့သို့ လုပ်နိုင်မည်နည်း။

သူ ဆက်တွေးတောရင်းနဲ့ လီလော့ရဲ့ အမူအရာ သိသိသာသာ ဖျော့သွားပြီး သူ့ခန္ဓာကိုယ်တွင်းက ပြင်းထန်တဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေ သုံးပုံနှစ်ပုံလောက် ကုန်ဆုံးသွားလေသည်။

ထို့နောက် သူသည် ယခင်က ပြုလုပ်ခဲ့သော လက်ဟန်အစီအရင်များကို ခွဲထုတ်လိုက်သည်။

အလွန်ကြောက်စရာကောင်းသော ဖိအားတစ်ခုသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ကွင်းပြင်တစ်ခုလုံးကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ပျက်ပြယ်သွားသည့်တိုင် အားလုံးကငိတုန်လှုပ်သွားစေသည်။

လူတိုင်း၏ နီရဲနေသော မျက်လုံးများရှေ့တွင် လီလော့၏ လက်ဖဝါးကြားမှ အနက်ရောင် အလံတစ်ခု ထွက်ပေါ်လာသည်။

ဝေါင်းးးးးးး

လေ့ကျင့်ရေးကွင်းတစ်ခုလုံးတွင် ပြင်းထန်သော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။

လီလော့သည် အနက်ရောင်နဂါးအလံတော်ကို ဆုပ်ကိုင်လိုက်ပြီး ခံစားချက်မဲ့စွာလွှဲယမ်းလိုက်လေသည်။

မြို့စားအဆင့်ပညာရပ်....မရဏမြစ်ရဲ့မဟူရာနဂါးအလံတော်........

လေဟာနယ်အက်ကွဲသွားပြီး အတွင်းမှ ရေများ တဟုန်းဟုန်း ရိုက်ခတ်နေသံကို ကြားရသည်။ ခဏကြာတော့ အနက်ရောင် အရည်တွေ ထွက်ပေါ်လာသည်။

အနက်ရောင်မြစ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မည်သည့်အရာမဆို အေးခဲသွားပုံပေါ်သည့် အဆုံးမရှိ အေးခဲနေသော လေထုကို ထုတ်လွှတ်လိုက်သည်။

ကြီးမားသောလှိုင်းလုံးကြီးများ ပြိုကျလာသည်နှင့်အမျှ မြစ်ရေပြင် နှစ်ခြမ်း ကွဲသွားကာ မီတာတစ်ရာရှည်သော အနက်ရောင်အရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် အနက်ရောင်မြစ်သည် နဂါး၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာကောင်းကင်သို့ ပျံတက်သွားသည်။

နဂါးကြီးသည် မြစ်၏ပံ့ပိုးမှုဖြင့် အထက်ကောင်းကင်၌ လွင့်မျောနေ၏။

ဒီမြင်ကွင်းကို လူတိုင်းမြင်တွေ့ခဲ့ရပြီး အေးစက်တဲ့ ရင်ခုန်သံတွေကို နေရာအနှံ့မှာ ကြားနေရသည်။

ကျောက်ယန်ဇီနှင့် လီရှိတို့တောင် ကြောက်ရွံ့ထိတ်လန့်ကာ အသက်ရှုကြပ်သွားခဲ့သည်။

"ဒါက မြို့စားအဆင့်ပညာရပ်လား?"

စစ်မှန်သော မြို့စားအဆင့်ပညာရပ်ကသာလျှင် လူအများကို ထိုကြောက်ရွံ့မှုမျိုး လှုံ့ဆော်ပေးနိုင်သည်။

လီလော့သည် မြို့စားအဆင့်ပညာရပ်ကို အမှန်တကယ် လေ့ကျင့်သင်ယူနိုင်ခဲ့သည်။

ငွေနတ်ဆိုးခန္ဓာအဆင့် နှင့်တိုက်ရိုက်ရင်ဆိုင်ရဲသော သတ္တိရှိခြင်းသည် အံ့သြစရာမဟုတ်ပေ။

ဝေါင်းးးးးးး

နဂါးနက်သည် လေဟာနယ်ကို ဖြိုခွဲလိုက်ကာ မူဘီကို တိုက်ရိုက် နှိမ်နင်းခဲ့သည်။

မုဘီ၏ နှလုံးသားသည် ကမောက်ကမ ဖြစ်ခဲ့ရသည်။ သူသည် စွမ်းအားအားလုံးကို လျင်မြန်စွာ နှိုးဆော်လိုက်ပြီး မီးခိုးရောင် ပဲ့တင်ထပ်သံစွမ်းအားများက သူ့နောက်ကွယ်မှ လေဟာနယ်တွင် ပေါင်းစည်းသွားသည်။

ဘာကိုမှ ထိန်ချန်မထားရဲပေ။

"နဂါးအဆင့်ပညာရပ်....လျှို့ဝှက်ဆန်းကြယ်သောသတ္တုနတ်ဆိုးခေါင်းလောင်း..!"

နှိမ့်ချသော ဟိန်းသံနှင့်အတူ၊ တမှိတ်အတွင်း ပဲ့တင်ထပ်သံစွမ်းအားများသည် ဆယ်မီတာမြင့်သော မီးခိုးရောင် သတ္တုခေါင်းလောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ခိုင်ခံ့ပြီး အလျှော့မပေးသောသွင်ပြင်ဖြင့် ဖျက်ဆီးနိုင်စွမ်းမရှိသည့်ခံစားချက်ကို ပေးသည်။

ဒါက သူပိုင်ဆိုင်ထားသော အပြင်းထန်ဆုံး ခံစစ်ပညာပင်....

ဒေါင်!

သတ္တုခေါင်းလောင်းကြီး ပေါ်ပေါက်လာသောအခါတွင် နဂါးနက်သည် ပရိသတ်များ၏ အံ့သြထိတ်လန့်ဖွယ်ရာ အကြည့်များအောက်တွင် ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ကောင်းကင်၌ မိုးခြိမ်းသံကဲ့သို့ နားကွဲလောက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

တစ်နည်းအားဖြင့် ထိုအသံသည် အစိမ်းရောင်နယ်သာခန်းမအတွက် ခေတ်သစ်တစ်ခု ရောက်ရှိလာခြင်းကို ညွှန်ပြနေပုံရသည်။

All Chapters