← Chapters

အရှုံးပေးခြင်း......

Vol. 54 Ch. 753

အရှုံးပေးခြင်း......

Vol. 54 Ch. 753

ပေါက်ကွဲသံက မိုးခြိမ်းသံတမျှကျယ်လောင်နေသည်။

လူအားလုံး၏ အကြည့်များသည် တိုက်မိသည့်နေရာကို စူးစိုက်ကြည့်နေကြသည်။

လူတိုင်း ပထမဆုံးမြင်နေရသည့်အရာမှာ မုဘီကို ဝိုင်းရံထားသည့် မီးခိုးရောင်သံခေါင်းလောင်းတစ်ခုဖြစ်သည်။ သူသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် အပြင်းထန်ဆုံးသော ခံစစ်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူ၏ လျှို့ဝှက်ဆန်းကြယ်သောသတ္ထုနတ်ဆိုးခေါင်းလောင်းပညာရပ်ကိုပင် အသုံးပြုခဲ့သည်။ ယင်းကြောင့် သူသည် ရွှေနတ်ဆိုးခန္ဓာအဆင့် ကျုံးလင်ကို အချိန်အတော်ကြာအောင် ခုခံနိုင်ခဲ့သည်။

အနက်ရောင် နဂါးကြီးက သတ္တုခေါင်းလောင်းကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်ပြီး အေးစိမ့်သောလေထုကို လှည့်ပတ်ကာ အနက်ရောင်ရေများ စီးကျလာသည်။

၎င်း၏အကျိုးသက်ရောက်မှုကို ခံစားလိုက်ရသောအခါ မုဘီ၏အမူအရာ ခက်ထန်သွားသည်။

မီးတောင်ပေါက်ကွဲသလိုမျိုး အရှိန်အဟုန်နဲ့ အရှိန်မြှင့်တက်လာတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားကို သူ ခံစားနေရငည်။ ဤစွမ်းအင်သည် အလွန်ဆိုးရွားလွန်းသဖြင့် အသံဗလံများပင် ထွက်ပေါ်လာသည်။

ထို့အပြင် မုဘီ အံ့အားသင့်သွားသည်မှာ နဂါးခြေသည်းများကို ဖုံးအုပ်ထားသော အနက်ရောင်ရေသည် ကြောက်မက်ဖွယ်ကောင်းသော အဆိပ်သင့်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ သတ္တုခေါင်းလောင်းကို ဖြတ်သွားသည်နှင့် ရေထိသည့်နေရာတိုင်းတွင် သေးငယ်သော အပေါက်များ ပေါ်လာသည်ကို ခံစားရနိုင်သည်။

မူလက အလွန်ခိုင်ခံ့မာကြောသော သတ္တုခေါင်းလောင်းကို တစ်ချက်ရိုက်ရုံဖြင့် အပေါက်များစွာဖြစ်ပေါ်စေသည်။

အနက်ရောင်ရေက သူ့ခံစစ်ကို အားပျော့စေကာ နဂါးလက်သည်းက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြန်သည်။

ပေါင်းစပ်တိုက်ခိုက်မှုကြောင့် မုဘီ ဖိအားများစွာကို ခံစားခဲ့ရသည်။

ခရက်....

ခဏအကြာတွင် သတ္တုခေါင်းလောင်းပေါ်တွင် သေးငယ်သောအက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

မုဘီ ထိုအရာကိုမြင်လိုက်သောအခါ သူ့မျက်လုံးများ မှိန်ဖျော့သွားကာ စွမ်းအားများကို ပို၍ပင် အထိန်းအကွပ်မဲ့စွာ အလျင်စလို လွှင့်ထုတ်လိုက်သည်။ သို့သော်လည်း သူ၏ ခံစစ်စွမ်းရည်မှာ အလျှော့အတင်းရှိနေပြီဖြစ်ပြီး ချို့ယွင်းချက်တစ်ခုကို တွေ့ရှိလိုက်သည်နှင့် တိုက်ပွဲအဆုံးသတ်သွားချေပြီ။

ထိုအချိန်တွင်၊ နဂါးသည် မီးခိုးရောင်ခေါင်းလောင်းမှ ထွက်ပေါ်လာသော အားနည်းချက်ထဲသို့ တိုးဝင်လာကာ အနက်ရောင်ရေများ ဖုံးလွှမ်းနေသော အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

ဒိုင်း!

ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်ကာ အထူးတည်ဆောက်ထားသော မြေပြင်ကိုပင် ကွဲအက်စေခဲ့သည်။

မီးခိုးရောင်သတ္တုခေါင်းလောင်းကို အနက်ရောင်နဂါးကြီးက ဖျက်စီးပြီးနောက် အနက်ရောင်အလင်းတန်းက မုဘီ ကို အပြင်းအထန် ထိမှန်သွားခဲ့သည်။ သူသည် ချက်ချင်းလက်နှစ်ဖက်ကိုကန့်လန့်ဖြတ်၍ခုခံကယ သူ့ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အစက်အပြောက်များသည် သူ့လက်မောင်းများဆီသို့ ကူးပြောင်းသွားပြီး ၎င်းတို့ကို ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ဝုန်းးးးးးးး

ပြင်းထန်ရက်စက်သော ပဲ့တင်ထပ်သ့စွမ်းအားများ နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

မုဘီ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မီတာများစွာအကွာအထိ နောက်ဆုတ်လိုက်ပြီးမှသာ သူ့ကိုယ်သူ တည်ငြိမ်အောင် ဟန်ချက်ထိန်းနိုင်ခဲ့သည်။

သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်ရင်း မျက်စိမျက်နှာပျက်နေလေ၏။ သူ့လက်မောင်းပေါ်က အသွေးအသားတွေ အရည်ပျော်သွားပြီး အရိုးတွေကိုတောင်မြင်နေရသည်။

မုဘီ တိတ်ဆိတ်နေသည်။

ကျန်တဲ့ အဖွဲ့၅ တစ်ဖွဲ့လုံးကလည်း အလားတူ မြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။

လီရှိ နဲ့ ကျောက်ယန်ဇီလည်း အများနည်းတူပင်.....

မုဘီသည် ၎င်းတို့ထဲတွင် ခံနိုင်ရည်အရှိဆုံးသော ခံစစ်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အစောပိုင်းနတ်ဆိုးနန်းတော်အဆင့် လီလော့ ကြောင့် ဒဏ်ရာရသွားခဲ့သည်။

လေ့ကျင့်ရေးကွင်းကို စောင့်ကြည့်နေတဲ့ အကြည့်ပေါင်းများစွာကလည်း အလားတူ ထိတ်လန့်သွားကြသည်။

ဒါက မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခုပင်....

အနီးနားရှိ တောင်ထိပ်တစ်ခုပေါ်တွင် လီရုန်ယွင့်က ပြုံးပြီး ထိုမြင်ကွင်းကိုကြည့်နေသည်။

"လီလော့က သူ့အဖေနဲ့ ယှဉ်နိုင်သားပဲ....."

အခုဆိုနဂါးစွယ်ကလန်မှာ မျှော်လင့်ခြင်းအရိပ်အမြွက်အချို့ရှိလာချေပြီ.....

သူမ ထိုနေရာတွင် ဆက်မနေတော့ဘဲ အစိမ်းရောင်နယ်သာခန်းမ၏ အရေးကိစ္စများကို စီမံခန့်ခွဲဖို့ ထွက်ခွာသွားလေတော့သည်။

လီလော့၏ တဟုန်ထိုး စွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မုဘီကို စိုက်ကြည့်ရင်း အသင့်အနေအထားဖြင့်....

"ဒါဆို?"

မုဘီသည် ဖော်မပြနိုင်လောက်အောင် ရုပ်ဆိုးသော အမူအရာဖြင့် တိတ်ဆိတ်နေပြီး နောက်ဆုံးတော့ သူက ခေါင်းညိတ်လိုက်ကာ.... "ငါရှုံးပြီ...."

ထို့နောက် သူသည် လီလော့ ကို လေးလေးစားစား ဉီးညွတ်ပြီး.... "ဒီနေ့ကစပြီး မင်းဟာ အဖွဲ့၅ရဲ့ခေါင်းဆောင်ပဲ...."

လီရှိ နှင့် ကျောက်ယန်ဇီတို့ သက်ပြင်းမချမီ တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ သူတို့ရှုံးသွားပြီ..... ဒီလောင်းကြေးကို သဘောတူခဲ့ကြသူတွေမို့ ရလဒ်ကို လက်ခံရပေတော့မည်။ လီလော့ သည် ပဲ့တင်ထပ်သံသုံးခုကို ပိုင်ဆိုင်ထားပြီး မြို့စားအဆင်ပညာရပ်ကိုပင် တတ်မြောက်ထားသည်။ သူ့ရဲ့ ပေါက်ကွဲအားက ငွေနတ်ဆိုးခန္ဓာအဆင့်ကိုတောင် ဒဏ်ရာရစေနိုင်သည်။ သို့ရာတွင်၊ ချို့ယွင်းချက်များလည်း ရှိနေသေးသည်။

သူသည် လုံလောက်သော ပဲ့တင်ထပ်သံစွမ်းအားများကို မပိုင်ဆိုင်ခဲ့ဘဲ ထိုပညာရပ်ကို အချိန်တိုအတွင်း ထပ်မံအသုံးမချနိုင်တော့ပေ။ အကယ်၍ ပြိုင်ဘက်သည် စစ်မှန်သော သေခြင်းရှင်ခြင်းတိုက်ပွဲတွင် သူ၏ပထမဆုံးလှုပ်ရှားမှုကို ရှောင်တိမ်းနိုင်ခဲ့ပါက၊ နောက်ထပ်ဖိအားပေးရန် ခက်ခဲပေလိမ့်မည်။ သို့ပေမယ် ဒါက သူတို့သဘောတူထားတဲ့ အလောင်းအစားရဲ့ သဘောသဘာဝဖြစ်ပြီး သူတို့ဘက်က ငြင်းပယ်မယ်ဆိုရင် ဂုဏ်သိက္ခာကို ဆုံးရှုံးစေရုံသာမက လီလော့ ကိုလည်း စော်ကားမိသလိုဖြစ်နေပေမည်။

သူတို့နှစ်ယောက်၏ နှလုံးသားထဲတွင် အနည်းငယ် ခါးသီးသွားသည်။ ၎င်းတို့သည် အရင်းအမြစ်များ ပိုမိုရယူလိုသောကြောင့် ခေါင်းဆောင်ရာထူးအတွက် များစွာ ရုန်းကန်ခဲ့ကြရသည်။ သို့သော်လည်း ဒါတွေဟာ အိမ်မက်တစ်ခုလို ဖြစ်သွားခဲ့ချေပြီ.....

အဆုံးတွင် ရိုသေလေးစားစွာ ဉီးညွတ်ရုံမှတပါးရွေးချယ်စရာမရှိတော့ပေ။

" ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်...."

အငယ်တန်းခေါင်းဆောင် သုံးဦး အရှုံးပေးလိုက်သည်ကို တွေ့လိုက်ရသဖြင့် ကျန်အဖွဲ့ဝင်များကလည်း.ဉီးညွတ်လိုက်ကြသည်။

ဤသည်မှာ လီလော့ကို လက်ခံကြောင်း ပြသခြင်းပင်။

"အားလုံးပဲ.....ဒီနေ့ကစပြီး ငါတို့ဟာ ညီအကိုမောင်နှမတွေပဲ.... ငါက အခုချိန်မှာ နတ်ဆိုးနန်းတော်အဆင့်မှာ ရှိကောင်းရှိနိုင်ပေမယ့် မင်းတို့ငါ့ကို ယုံကြည်လိမ့်မယ်လို့ မျှော်လင့်တယ်....အခုချိန်ကစပြီး ငါတို့အဖွဲ့ကို ဘယ်သူမှ မလှောင်ပြောင်စေရဘူး....."

လီလော့ က သူ့ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တောက်ပစွာပြုံးလိုက်သည်။ သူ့အသံသည် တည်ငြိမ်ပြီး ရန်လိုမှုနည်းပါးစွာ ခပ်အေးအေး ထွက်ပေါ်လာသည်။

တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံခဲ့ရပြီးနောက်၊ သူ့ကို သာမန် နတ်ဆိုးနန်းတော်အဆင့် အဖြစ် မည်သူမျှ လှောင်ပြောင်ဝံ့မည်မဟုတ်ပေ။ သို့သော် သူပြောခဲ့သည့်စကားများက ဆိုးရွားလှသည်မဟုတ်ပေ။ ပြင်ပနတ်ဘုရားတိုက်ကြီးတွင် ကြီးပြင်းလာသော်လည်း မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်သင်ယူနိုင်ခဲ့သည်။ ဒါက သူ့ရဲ့ အရည်အချင်းနဲ့ ခံယူချက်က အံ့မခန်းလို့ ဆိုလိုခြင်းပင်... ကြွယ်ဝသော အရင်းအနှီးများ ပေးဆောင်ပါက ကောင်းကင်သို့ ပျံတက်သွားမည်ဖြစ်ပြီး အဖွဲ့၅သည်လည်း အလားတူပင် သူနှင့်အတူ ဂုဏ်သတင်းကျော်ဇောလာပေမည်။

ထိုနားလည်မှုနှင့်အတူ သူတို့သည် အနာဂတ်အတွက် မျှော်လင့်ချက်အရိပ်အမြွက်ဖြင့် လီလော့ကို အမြင်သစ်ဖြင့် ကြည့်လိုက်ကြသည်။

"အားလုံး...လေ့ကျင့်စရာရှိတာလေ့ကျင့်ကြတော့....."

လီလော့က သူတို့အား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ အဲဒီနောက်မှာတော့ သူ့နှင့်အတူ သုံးယောက်ကျန်နေခဲ့သည်။

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး "ခေါင်းဆောင်က ငါတို့အတွက် ညွှန်ကြားချက်တစ်ခုခုရှိလား" လို့ အေးအေးဆေးဆေးမေးလိုက်ကြသည်။

လီလော့က သူတို့ကို စေ့စေ့ကြည့်ပြီး..

" မင်းတို့ သုံးယောက်လုံး မွေးကတည်းက ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပေမယ့် ဒီနေ့ မင်းတို့ရဲ့ ရလဒ်တွေက တကယ်ကို ချီးကျူးစရာပါ..... မင်းသုံးယောက်လုံးက ခေါင်းဆောင်ရာထူးကို ရအောင်ယူဖို့ သိသိသာသာ ကြိုးစားခဲ့ကြတာကို ငါသိတယ်....ဒီရာထူးကြောင့်ရလာမယ့် အရင်းအမြစ်တွေကို မျှော်လင့်နေကြတယ်ဆိုတာလည်း ငါသိတယ်...."

သုံးယောက်သား ငြိမ်သက်နေကြသည်။

"ဒါပေမယ့် မင်းတို့ တခြားသူတွေကို အပြစ်မတင်နဲ့ ငါ့အပေါ် အာဃာတတွေ မထားမိဖို့ ငါမျှော်လင့်ပါတယ်..... အဲဒီအစား မင်းတို့သာ ဉာဏ်ကောင်းမယ်ဆိုရင် ဒါက ကောင်းတဲ့အချက်ပဲဆိုတာ သဘောပေါက်လိမ့်မယ်"

" ဘယ်လိုတဲ့အချက်ကောင်းလဲ" မုဘီက တည့်တိုးဆန်စွာမေးလိုက်သည်။

လီရှိက ဘာမှပြန်မပြောဘဲ ကျောက်ယန်ဇီ ကတေယ့ တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး သူမရဲ့ ချစ်စဖွယ် ပြုံးနေလေ၏။

"ဘာလို့လဲဆိုတော့ ငါတို့တွေ သိပ်မကြာခင် တံခွန်ကိုင်ရွေးချယ်ပွဲနဲ့ကြုံရတော့မယ်" ဟု ကျောက်ယန်ဇီက ဖြေလိုက်သည်။

"အဟုတ်ပဲ...." လီလော့ ခေါင်းညိတ်လိုက်သည်။

ကျန်တဲ့ နှစ်ယောက်က သူ ဒီလောက် ပြောင်ပြောင်တင်းတင်း ပြောမယ်လို့ မထင်ထားဘဲ ဘယ်လို တုံ့ပြန်ရမလဲ မသိကြတော့ချေ.....

"ငါက ပြင်ပနတ်ဘုရားတိုက်ကြီးကနေ ကလန်ကို အခုမှ ပြန်လာခဲ့တယ်.... နဂါးစွယ်ကလန်မှယ ကျွန်တော့်မှာ အခြေအမြစ်မရှိဘူး.... ဒါပေမယ့် ငါ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ပဲလို့ ထင်နေတာလား......"

လီလော့မှာ ဂုဏ်သိက္ခာရှိတဲ့ နောက်ခံရှိတယ်ဆိုတာ သုံးယောက်သား သိကြပြီးဖြစ်လို့ ဒီလိုနိမ့်ကျတဲ့ရာထူးကို ဘယ်လိုနည်းနဲ့ ရည်ရွယ်နိုင်မှာလဲ။

"ငါက အဖွဲ့၅ ခေါင်းဆောင်အဖြစ် အကြာကြီးဆက်ရှိနေမှာ မဟုတ်ဘူး..... ငါ့ရဲ့ ရည်မှန်းချက်တွေက ဒီရာထူးထက် အများကြီးမြင့်တယ်.....ငါအဆင့်တက်သွားတာနဲ့

ဒီရာထူးကို မင်းတို့ သုံးယောက်အတွက် ချန်ထားခဲ့ရမှ. မဟုတ်ဘူးလား၊ ဒါ့အပြင် လက်အောက်ခံအဖွဲ့ခွဲတွေရဲ့ခေါင်းဆောင် ရာထူးလောက်နဲ့ မင်းတို့တွေ ကျေနပ်လိုက်တော့မှာလား..... ?"

လီလော့၏ စကားလုံးများသည် အေးဆေးစွာပြောနေသော်လည်း စကားလုံးတိုင်းက သူတို့အတွက်တော့ မိုးကြိုးချပစ်သလို ခံစားရသည်။

"အစိမ်းရောင်နယ်သာခန်းမက ငါ့အဖေ့လက်ထဲမှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်....လက်ရှိ ပရမ်းတာအဖြစ်အပျက်တွေက ယာယီလောက်ပါပဲ.... နောက်ပြီး ငါ့အဖေက သေသွားတာလည်း ငါ့အမေကိုလည်း မေ့မနေကြနဲ့.....ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေက ငါ့အမေကသိပ်မသဘောမကျဘူးဆိုပေမယ့် သူကလည်းအစိမ်းရောင်နယ်သာခန်းမရဲ့တစိတ်တပိုင်းပဲလေ....."

သုံးယောက်သား အနည်းငယ် ထုံကျင်သွားကြသည်။ တန်တိုင်လန်သည် မူလကောင်းကင်တိုက်ကြီး၏ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးဖြစ်သည်။သူမ ကျော်ကြားခဲ့စဉ်က ကမ္ဘာကို တုန်လှုပ်စေခဲ့ပြီး လူအများကြားတွင် ဒဏ္ဍာရီအဖြစ် သတ်မှတ်ခံခဲ့ရသည်။

လီလော့ ပြောနေတာတွေကို သုံးယောက်စလုံးနားလည်ကြသည်။ ယနေ့ချိန်တွင် သူ့တွင် ရပ်တည်မှု အများအပြား မရှိနိုင်သော်လည်း သူ့နောက်တွင် ကြီးမားသော စွမ်းအားများ ရှိနေသေးသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရည်ရွယ်ချက်များက ရှင်းရှင်းလင်းလင်းပင်။

လီလော့က သူတို့ကို ခေါ်ယူချင်နေပြီး ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ဖို့ မျှော်လင့်နေသည်။

"မင်းတိူ့ရဲ့အခြေအနေတွေကို ငါသိပြီးပြီ.... မင်းတို့တွေမှာ ကာကွယ်ရမယ့်အရာတွေကိုယ်စီရှိကြတာမို့ မင်းတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ခွန်အားတွေကို ငါတန်ဖိုးထားတယ်...... ရည်မှန်းချက်တွေကို ပြီးမြောက်အောင်မြင်ချင်ရင် နဂါးစွယ်ကလန်မှာ ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဖြစ်လာဖို့ ငါနဲ့အတူ ယုံယုံကြည်ကြည် ပူးပေါင်းလိုက်ပါ...." ဟု လီလော့က ခိုင်မာသော အသံဖြင့် ပြောကြားခဲ့သည်။

ကျောက်ယန်ဇီ၊လီရှိနှင့်မုဘီတို့ တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး တုန်လှုပ်ချောက်ချားနေသော ခံစားချက်များကို မြင်လိုက်ရသည်။

သူတို့ထက်ငယ်တဲ့ ဒီခေါင်းဆောင်က ကွဲပြားခြားနားတဲ့ အရည်အသွေးတွေရှိနေတယ်.....

များစွာစဉ်းစားပြီးနောက် သုံးယောက်သား အနည်းငယ် စိတ်လျှော့လိုက်ကြပြီး ယခုတစ်ကြိမ်တွင်တော့ ရိုသေလေးစားစွာဖြင့် အလေးပြုကြသည်။

"ကျွန်တော်တို့ ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။ အနာဂတ်မှာ မင်းရဲ့အမိန့်ကိုနာခံပါ့မယ်...."

ဤနှုတ်ခွန်းဆက်မှုသည် လီလော့ ၏စကားကြောင့် သူတို့အမှန်တကယ် ယိမ်းယိုင်သွားကြောင်း ထင်ရှားစေသည်။

ဒါကိုမြင်တော့ လီလော့ ပြုံးလိုက်သည်။ သူ့အနားမှာ သစ္စာရှိတဲ့ ရဲဘော် သုံးယောက်နဲ့အတူ ခြေကုပ်စခန်းတစ်ခုကို ထူထောင်ဖို့ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ။

လူသုံးဦးကို ဆွဲဆောင်ခြင်းသည် ခက်ခဲသည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ဤအရာသည် သူ၏ ကြီးစိုးသော အရည်အချင်းကြောင့် မဟုတ်ကြောင်းသဘောပေါက်ခဲ့သည်။ သူသည် ၎င်းတို့အား အကျိုးကျေးဇူးများဖြင့် ဆွဲဆောင်ခဲ့ပြီး သူ၏နောက်ခံကို ပြသခြင်းဖြင့် လေးနက်စွာ ထိတ်လန့်စေခဲ့သည်။

All Chapters