နဂါးဘိုးဘေးကျမ်းစာ.....
Vol. 54 Ch. 754
အစိမ်းရောင်နယ်သာ လေ့ကျင့်ကွင်းအတွင်းရှိ ခေါင်းဆောင်များအတွင်သတ်မှတ်ပေးထားသော နားနေဆောင်တွင်.......
လီရှိ၊ မုဘီ နှင့် ကျောက်ယန်ဇီတို့သည် လီလော့နှင့်အတူ လိုက်ပါသွားခဲ့သော်လည်း လီရှိနှင့်မုဘီတို့က အကြောင်းပြချက်အချို့ကြောင့် ထွက်သွားကြပြီး လီလော့ကို ကျောက်ယန်ဇီနှင့်အတူ ချန်ထားခဲ့သည်။
နှစ်ယောက်သား လီလော့ကို အားကိုးပြီး ထောက်ပံ့ဖို့ ဆုံးဖြတ်ထားပေမယ့် သူတို့အတွက် အချိန်တစ်ခုတော့ လိုအပ်နေသေးသည်။ ထို့အပြင်၊ ၎င်းတို့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး ဒုက္ခပေးသူများအဖြစ် လူသိများကြပြီး ခေါင်းဆောင်သစ်နှင့် ပထမဆုံးတွေ့ဆုံစဉ်တွင် အညံ့ခံလိုက်ခြင်းက အနည်းငယ်သဘာဝမကျသလိုခံစားနေရသည်။
ထို့အပြင် ဤတာဝန်မျိုးကို ကျောက်ယန်ဇီ ကသယ အကောင်းဆုံးလုပ်ဆောင်နိုင်ပေလိမ့်မည်။ လှပမှုကိုမက်မောသော ယောင်္ကျားများအတွက် လှပသောအမျိုးသမီးတစ်ဦးကသာ ပို၍ဆွဲဆောင်မှုရှိစေမည်ဖြစ်သည်။
လီလော့ကလည်း မုဘီတို့ကို ယောင်ပေပေနှင့်အချိန်မဖြုန်းစေချင်ခဲ့ပေ။
"ခေါင်းဆောင်...ဒါကအစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ဝင်တွေအတွက်ပေးတဲ့ လစဉ်ထောက်ပံ့ကြေးပါ...."
ကျောက်ယန်ဇီသည် ဤတာဝန်ကို မနှစ်သက်ပုံမပေါ်ပေ။ သူမသည် လီလော့ ဆီသို့ ကျောက်စိမ်းသေတ္တာတစ်လုံးပေးလိုက်ပြီးချစ်စရာကောင်းသော အပြုံးကို ထိန်းသိမ်းထားသည်။
သူမ၏ ကော်လာအောက်တွင် ယောက်ျားလေးတိုင်းကို စွဲမက်ဖွယ်အိမ်မက်ထဲသို့ ဆွဲငင်နိုင်စေမည့် နှင်းတမျှဖြူဖွေးသောအသားအရေကို မြင်နိုင်သည်။ ကျောက်ယန်ဇီ၏အလှသည် နဂါးစွယ်ကလန် တံခွန်အဖွဲ့လေးခုတွင် ကျော်ကြားခဲ့သည်။ အမျိုးသားအများအပြားက သူမကို သဘောကျကြပြီး သူမပုံစံကလည်း ပေါင်းသင်းရလွယ်ကူပုံရသည်။ သူမ မျက်နှာပေါ်တွင် လှပသော အပြုံးကို ချိတ်ဆွဲထားကာ ရဲဝံ့ပွင့်လင်းစွာ ပြုမူခဲ့သည်။ ကံမကောင်းစွာနှင့် ဤနှစ်များတစ်လျှောက်လုံး အစိမ်းရောင်နယ်သာခန်းမ ၏ ချစ်စရာကောင်းပြီး လှပသော ဤပန်းလေးကို ဆွတ်ယူနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
လီလော့၏ အကြည့်သည် သူမ၏အသားအရေပေါ်သို့ ကျဆင်းသွားသော်လည်း သူ့အမူအရာ မပြောင်းလဲခဲ့ပေ။ ကျောက်ယန်ဇီသည် အလှမယ်ဟု ယူဆနိုင်သော်လည်း ထူးခြားသော အမျိုးသမီးများစွာနှင့် တွေ့ဆုံခဲ့ဖူးသူတစ်ဦးအနေဖြင် ဤမျှလောက်နှင့်စိတ်လှုပ်ရှားနေမည်မဟုတ်ပေ။
ကျန်းချင်းအာလို တုနှိုင်းမဲ့အလှတရားနှင့်ယှဉ်လျှင် ကျောက်ဇီယန်က သာမန်ဆန်လွန်းလှသည်။
ရင့်ကျက်မှုနှင့်ကျက်သရေအကြောင်း ပြောချင်လျှင် အစ်မချိုင်ဝေကပက် ကျောက်ယန်ဇီထက် သာလွန်နေသေးသည်။
ထို့ကြောင့် လီလော့၏ အကြည့်သည် ကျောက်စိမ်းသေတ္တာဆီသို့ လျှင်မြန်စွာ ပြောင်းသွားပြီး ကျောက်စိမ်းပုလင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ ပုလင်းထဲမှာ သူအရမ်းလိုချင်နေတဲ့ အထက်တန်းစား မူလနတ်ဆိုးဆေးလုံးတွေရှိနေသည်။
အတိအကျပြောရလျှင် ဆေးလုံးနှစ်ဆယ်ပါဝင်သည်။
ထို့အပြင် အဆင့်ခုနှစ် ဝိညာဉ်ရည်သုံးပုလင်းနှင့် သန့်စင်သည့်အလင်းများလည်း ပါသေးသည်။
၎င်းသည် အထက်တန်းအဆင့်မှတ်တမ်းဝငတစ်ဦးအဖြစ် သူရရှိခဲ့သည့်ပမာဏထက် သေးငယ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့ကြောင့် သူ၏ ကျင့်ကြံမှုအရှိန်ကို တိုးမြှင်နိုင်ပေမည်။
လီလော့၏မျက်နှာပေါ်တွင် ကျေနပ်မှုအရိပ်အမြွက်တချို့ပေါ်လာသည်။ခေါင်းဆောင်တစ်ဦးသာ ထိုကဲ့သို့သော အရင်းအမြစ်များကို လက်ခံရရှိပါက တံခွန်ကိုင်သာဆို မည်မျှရရှိနိုင်မည်နည်း.....
တစ်ဖက်တွင်မူ ကျောက်ယန်ဇီ အနည်းငယ် အံ့အားသင့်ပြီး အံ့သြသွားသည်။ သူမက ယောက်ကျားသားများကို ဆွဲဆောင်ဖို့ သာမာန်နည်းလမ်းများကို အသုံးပြုနေသော်လည်း သူမကို သိပ်ဂရုမစိုက်ကြောင်း သဘောပေါက်ခဲ့သည်။ သူသည် ကျောက်တုံးကဲ့သို့ မတုန်လှုပ်ဘဲ သူ၏အမူအရာ အတက်အကျကို မမြင်နိုင်ပေ။
သူမ၏ဆွဲဆောင်မှုအား ကောင်းစွာနားလည်ထားပြီး ၎င်းသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ရှိ အပေါင်းအသင်းများစွာ၏ တောက်လောင်သောအကြည့်များကို ဆွဲဆောင်နိုင်ခဲ့ပြီး အားလုံးနီးပါးက သူမကို သိမ်းပိုက်လိုကြသည်။
ကျောက်ယန်ဇီက ပြုံးလိုက်ပြီး ....
"ခေါင်းဆောင်၊ ဝိညာဉ်ရည်တွေနဲ့ သန့်စင်တဲ့အလင်းတွေက ရှင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား.... အဲဒါတွေကို တခြားအဆင့်တွေနဲ့ လဲလှယ်ချင်ရင် ခန်းမရဲ့ အတွင်းရေးဌာနကို သတင်းပို့လို့ရတယ်....."
လီလော့က ခေါင်းခါယမ်းလိုက်ပြီး..... "ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါဘာလုပ်ရမှာလဲ" ဟုသာ မေးလိုက်သည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ အကြောင်းကို သူ သိပ်နားမလည်သလို တံခွန်အဖွဲတေင်တွေ နေ့စဥ် ဘာတွေလုပ်ခဲ့လဲဆိုတာကိုလည်း မသိသေးပေ။
ဒါကို သူမကြားတဲ့အခါ လီလော့ အနားက ကူရှင်ပေါ်မှာ ဒူးထောက်ထိုင်ချလိုက်သည်။ သူမရဲ့လှိုင်းတွန့်သဏ္ဍာန်ခရမ်းရောင်ဆံပင်တွေ ကျဆင်းလာပြီး သူမရဲ့ နူးညံ့တဲ့ တင်ပါးတွေကို ဖုံးအုပ်လိုက်သည်။သေးသွယ်သော ခါးကို သူမ၏ ၀တ်ရုံအောက်တွင် ယောင်ဝါးဝါးမြင်နေရသည်။ ဒီလိုမြင်ကွင်းမျိုးက အမျိုးသားတိုင်းကို သွေးဆူစေမည်မှာ သေချာသည်။
လှည့်ကြည့်လိုက်သောအခါ သူမ၏ ထူထဲသောရေမွှေးနံ့က လီလော့ ၏နှာခေါင်းထဲသို့ အလုံးအရင်းနှင့်စိမ့်ဝင်လာပြီး သူ့အမူအရာက ခေတ္တမျှသာ တုန်လှုပ်သွားသည်။
ဤသိမ်မွေ့သောပြောင်းလဲမှုကို ကျောက်ဇီယန် သတိမပြုမိဘဲ သူမ၏နှလုံးသားအတွင်း၌ ကျေနပ်မှုအရိပ်အမြွက်ပေါ်လာသည်။ သူမရဲ့ ဆွဲဆောင်မှုကတော့ အခုချိန်ထိ အလုပ်ဖြစ်နေတုန်းပဲ.....
သူမသည် လီလော့ကို အနည်းငယ်နှိမ့်ချရန် ဤအပြုအမူများကို အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ အမှန်တော့၊ သူမအနေဖြင့် လီလော့၏နှလုံးကို အလွယ်တကူ လှုပ်ရှားနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ ယင်းအစား၊မျက်နှာသာရရှိရန် သူမ၏ဆွဲဆောင်မှုကို အသုံးပြုရန်သာ မျှော်လင့်ခဲ့သည်။
သူမ၏ အလှတရားဖြင့် လီလော့နှလုံးသားကို အမှန်တကယ် ဖမ်းစားနိုင်လျှင် သူမ၏ အမိန့်တိုင်းကို နာခံသော အစေခံတစ်ဦးကို ရရှိနိူင်လိမ့်မည်။ မည်သို့ပင်ဆိုစေ လီလော့၏ကိုယ်ပိုင်လက္ခဏာ၊ အရည်အချင်းနှင့် ပြောင်မြောက်မှုတို့ကြောင့် သူမ ရရှိနိုင်မည့်အကျိုးကျေးဇူးများက တွေးလို့ပင်မရနိုင်ပေ။
ကျောက်ယန်ဇီသည် ပြည့်တန်ဆာဂေဟာတစ်ခုတွင် မွေးဖွားခဲ့သော်လည်း သူမ၏အစ်မဖြစ်သူက သူမကို ယောက်ျားသားများလက်မှ အကာအကွယ်ပေးခဲ့သည်။ သို့တိုင် သူမသည် သူမ၏ မွေးရာပါအားသာချက်များကို လက်တွေ့အသုံးချဖို့ သင်ယူခဲ့ပြီး ပြည့်တန်ဆာဂေဟာမှ ထွက်ခွာကာ လက်ရှိအထွတ်အထိပ်သို့ ရောက်အောင် စွမ်းဆောင်နိူင်ခဲ့သည်။ ယခုလိုအနေအထားသို့ သူမ လာရောက်ခဲ့သော အကြီးမားဆုံးအကြောင်းရင်းမှာ မိမိကိုယ်မိမိ ကာကွယ်ရန်နှင့် မရေမတွက်နိုင်သော အကျိုးကျေးဇူးများရရှိရန်ဖြစ်သည်။
ကျောက်ယန်ဇီက.... "အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ နေ့စဥ်တာဝန်က လေ့ကျင့်ဖို့ပါပဲ.... ခေါင်းဆောင်အနေနဲ့ ကျန်အဖွဲ့ဝင်တွေနဲ့ အတူတူ ပြုစုပျိုးထောင်ပြီး သူတို့ရဲ့ အော်ရာ နဲ့ ရင်းနှီးအောင် လုပ်ရပါမယ်..... နဂါးဘိုးဘေးကျမ်းစာကိုသင်ယူပြီးရင် ခေါင်းဆောင်က လူတိုင်းရဲ့ ခွန်အားကို ခန္ဓာကိုယ်ထဲမှာ စုစည်းနိုင်ပြီး တစ်သားတည်းဖြစ်အောင် အမှန်တကယ် ထိန်းချုပ်နိုင်ပါလိမ့်မယ်..."
"နဂါးဘိုးဘေးကျမ်းစာ....အဲဒါက ဘာလဲ။" လီလော့၏ အကြည့်များ စူးရှလာသည်။
"နဂါးဘိုးဘေးကျမ်းစာက အဖွဲ့ခေါင်းဆောင်တွေသာ အသုံးချနိုင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပါ....ခေါင်းဆောင်ရဲ့ ငွေတံဆိပ်ကို အသက်သွင်းလိုက်ရင် ဒီပညာရပ်ကိုစတင်လေ့လာနိုင်ပါပြီ....အောင်မြင်အောင် လေ့ကျင့်ပြီးရင် ငွေတံဆိပ်ကို ကြားခံအဖြစ်အသုံးပြုပြီး အဖွဲ့သားတွေရဲ့ခွန်အားကို ချေးယူနိုင်ပြီ..... အဖွဲ့ဝင်ထောင့်ငါးရာကို အုပ်စိုးဖို့ တံဆိပ်နှစ်ခုစလုံးကို ပေါင်းစပ်လိုက်တဲ့အခါ စိတ်ကူးလို့တောင်မရနိုင်တဲ့ခွန်အားတွေရလာနိုင်တယ်...." ဟု ကျောက်ယန်ဇီက စိတ်ရှည်စွာ ရှင်းပြခဲ့သည်။
လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။ "ငါက အဖွဲ့၅ တစ်ခုလုံးရဲ့ အင်အားကို ပေါင်းစပ်ပြီး စည်းရုံးနိုင်ပြီလား?"
ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်သလဲ....ဒီခွန်အားကို ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ပင်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
"အံ့သြစရာမရှိပါဘူး.... လူတိုင်းရဲ့ ခွန်အားကို တသားတည်း ပေါင်းစည်းလိုက်တာကတံခွန် နှစ်ဆယ် တည်ရှိမှုရဲ့ အဓိကအကြောင်းအရင်းပဲ.... တံခွန်အဖွဲ့နှစ်ဆယ်တင်မကဘဲ အစောင့်တပ်မဟာငါးခုကလည်း ဒီအတိုင်းလုပ်နိုင်တယ်...." ဟု ကျောက်ယန်ဇီက ဆက်လက်ပြောပြသည်။
"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ မှာ တံခွန်ကိုင်ခေါင်းဆောင်တစ်ဦးကို ရွေးချယ်မယ်ဆို ထိုပုဂ္ဂိုလ်က အဖွဲ့ဝင်ရှစ်ထောင်ရဲ ခွန်အားကို စုဆောင်းနိုင်ပြီး မြို့စားအဆင့်ကိုတောင် တန်းတူရည်တူ တွန်းလှန်နိုင်ပါလိမ့်မယ်....နဂါးဘိုးဘေးကျမ်းစာကို လေ့လာပြီးတာနဲ့နဂါးအသက်ရှူသံ နတ်ဆိုးကျင့်စဉ်ကိုပါ သက်ယူရမယ်.....ဒါမှ အဖွဲ့သားတွေရဲ့စွမ်းအားကို တသားတည်းဖြစ်အောင်ပေါင်းစဉ်းနိုင်မှာ...."
လီလော့ စိတ်ထဲမှာ သိချင်သော အတွေးတစ်ခု ပေါ်လာသဖြင့် ခေါင်းညိတ်လိုက်သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ အုပ်စုလိုက်အတူတကွ ကျင့်ကြံခြင်းက အဓိပ္ပါယ်ရှိသည်။
တစ်ချိန်တည်းမှာပင် ကျောက်ယန်ဇီသည် လီလော့နှင့် ပိုမိုနီးကပ်လာသည်။ သူမ၏ မက်မွန်ပွင့်နှင့်တူသော မျက်လုံးများက သူ့အား စူးစိုက်စိုက်စိုက်ကြည့်နေစဉ်တွင် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် အနည်းငယ် နှင်းဆီရောင်ပြောင်းသွားသည်။ လေထဲမှာ သစ်ခွ ရနံ့တွေ ပျံ့လွင့်နေသည်။
"ခေါင်းဆောင်....ရှင် သေချာကြိုးစားလေ့ကျင့်ရမယ်....တသားတည်းအခြေအနေကို ရောက်အောင် မစွမ်းဆောင်နိုင်တဲ့သူတွေကို ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ယူဆတယ်..... သုံးကြိမ်ကြိုးစားလို့မှ မအောင်မြင်ရင် စည်းမျဉ်းစည်းကမ်းတွေအရ တခြားသူက ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်......"
လီလော့က နားလည်ကြောင်း ဖော်ပြပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင်တော့ မွှေးရနံ့က သူ့နှာခေါင်းထဲကို အဆက်မပြတ်ဝင်ရောက်လာသောကြောင့် နှုတ်ခမ်းထောင့် အနည်းငယ် လှုပ်ယမ်းသွားသည်။တဖက်သို့ လှည့်ကြည့်လိုက်ရာ ကျောက်ယန်ဇီ၏ ဆွဲဆောင်မှုရှိသော မျက်နှာနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကောက်ကြောင်းကိုမြင်လိုက်ရသည်။
မကြာသေးမီက ရှုံးနိမ့်ခဲ့သော ဤလက်အောက်ငယ်သားသည် ကျိုးကြောင်းဆီလျော်မှုမရှိသော မျှော်လင့်ချက်အချို့ရှိပုံရသည်။
လီလော့၏အကြည့်ကို သတိပြုမိလိုက်သဖြင့် ကျောက်ယန်ဇီ အနည်းငယ်ရှက်သွားပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
တတိယသခင်လေးသည် အားကျလောက်သောအရည်အချင်းများ ပိုင်ဆိုင်ထားသော်လည်း နောက်ဆုံးတွင် သူသည် လူငယ်တစ်ယောက်သာ ဖြစ်ပုံရသည်။ သူမသည် အလွန်ရိုးရှင်းသော နည်းလမ်းများဖြင့် သူ့ကို စွဲဆောင်နိုင်ခဲ့ပြီ.....
"ခေါင်းဆောင်ကြီး... ငါ့ကို အဲ့လိုမကြည့်ပါနဲ့......"
ယခုသူမ၏ပုံစံကိုကြည့်လျှင် သမာဓိကောင်းသော အမျိုးသားများပင်လျှင် စွဲလန်းသွားစေနိုင်သည်။
"ကျေးဇူးပြုပြီး အပြုအမူတွေ ဆင်ခြင်ပါ....ငါက စေ့စပ်ထားပြီးသားသူ.... "
ကျောက်ယန်ဇီ၏အပြုံးများ ချက်ချင်းပင် အေးခဲသွားလေတော့သည်။