← Chapters

နတ်ဆိုးလှိုဏ်ဂူ၏ ၇၂လွှာ......

Vol. 54 Ch. 756

နတ်ဆိုးလှိုဏ်ဂူ၏ ၇၂လွှာ......

Vol. 54 Ch. 756

ကျောက်ယန်ဇီက လီလော့၏ အကြွင်းမဲ့ယုံကြည်မှုကို ပြက်ရယ်ပြုခဲ့သည်။ ဤသည်မှာ လူငယ်များ၏ ခေါင်းမာခြင်းပင်ဖြစ်သည်။ သူသည် ပြင်ပနတ်ဘုရားတိုက်ကြီးတွင် စေ့စပ်ထားသူပင် မရှိဘဲ လေကျယ်နေခြင်းသာဖြစ်ပေလိမ့်မည်။

ထင်ရှားကျော်ကြားသော နောက်ခံသမိုင်းကြောင်းရှိသည့် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များက သူမအား စိတ်ကူးယဉ်ခဲ့ကြသည်မှာ သူမ၏အလှတရားအတွက် ခိုင်မာသော သက်သေပင်ဖြစ်သည်။ လီလော့ သည် သူမကို ပိုးစုန်းကြူးတစ်ကောင်အဖြစ် သူ၏စေ့စပ်ထားသူကို လမင်းအဖြစ် တင်စားသည်မှာ ချဲ့ကားလွန်းနေခြင်းပင်....

ကျောက်ယန်ဇီ၏ဒေါသစိတ်ကြောင့် လီလော့ အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ တကယ်ကို ထူးဆန်းတဲ့ မိန်းမတစ်ယောက်ပဲ....မင်း သူ့ကို မက်မောရင် မင်းကို ရွံရှာလိမ့်မယ်....ဒါပေမယ့် မင်း သူ့ကို လျစ်လျူရှုထားရင် သူမ စိတ်ရှုပ်ပြီး မကျေမနပ်ဖြစ်လိမ့်မယ်....ဖြေရှင်းရခက်လိုက်တာ....

ထို့ကြောင့် သူသည် ခေါင်းကို ခါယမ်းကာ သူမကို အနှောက်အယှက်မပေးတော့ပေ။

"ခေါင်းဆောင်.... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က ခန်းမက သတ်မှတ်ထားတဲ့ အလုပ်တွေကို အခါအားလျော်စွာ လုပ်ဆောင်ပေးရမယ်..တာဝန်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရင် ဆုလာဘ်တွေရနိုင်တယ်...ဒါကလည်း အရင်းအမြစ်တွေ ပိုမိုရရှိနိုင်တဲ့ နည်းလမ်းတစ်ခုပဲ..... ကောင်းကင်နဂါးကလန်ငါးခုရဲ့ တံခွန်အဖွဲ့နှစ်ဆယ်စလုံး တစုတဝေးတည်းလေ့ကျင့်ရတဲ့နေရာတစ်ခုရှိသေးတယ်....."

ဒါက သူ့ရဲ့ စူးစမ်းချင်စိတ်ကို တိုးစေခဲ့သည်။

"အဲဒါဘယ်နေရာလဲ?"

"နတ်ဆိုးလှိုဏ်ဂူ ခုနှစ်ဆယ့်နှစ်လွှာ"

"အဲ့တာဘာကြီးလဲ...."

"အရှင်းဆုံးပြောရရင် တံခွန်အဖွဲ့နှစ်ဆယ်ကိုလေ့ကျင့်လေ့ကျင့်ပျိုးထောင်ပေးတဲ့အဓိကနေရာပါ...အဲ့နေရာကို ဘိုးဘေးတွေက နတ်ဆိုးပုတီးစေ့ကနေဖန်တီးထားတာ...အဲ့နေရာက ကမ္ဘာကြီးရဲ့ နတ်ဆိုးစွမ်းအင်တွေကိုပြန်လည်သန့်စင်ပြီး အထူးနတ်ဆိုးစွမ်းအင်တွေအဖြစ်ပြောင်းလဲပေးတယ်....အဲ့ထဲမှာ နတ်ဆိုးတစ်ကောင်ကိုသတ်လိုက်ရင် နတ်ဆိုးစွမ်းအင်တွေထွက်လာပြီး အဲ့တာတွေကို ကိုယ်ပိုင်အဲ့မိုကွမ်းစွမ်းအင်အဖြစ်ပြန်လည်သန့်စင်နိုင်တယ်...."

လီလော့ သူမ၏ရှင်းပြချက်ကိုကြားသောအခါ တုန်လှုပ်သွားပြီး ....."ဒါက လမ်းလျှောက်နေတဲ့ မူလနတ်ဆိုးဆေးလုံးပဲ မဟုတ်လား"

"အင်း...ခပ်ဆင်ဆင်ပါပဲ....ဒါကြောင့် နတ်ဆိုးလှိုဏ်ဂူခုနစ်ဆယ့်နှစ်အလွှာက တံခွန်အဖွဲ့နှစ်ဆယ်ရဲ့ လူကြိုက်အများဆုံးနေရာဖြစ်နေတာပေါ့.....အဆင့်ပိုမြင့်တဲ့အလွှာတွေမှာ ကမ္ဘာမြေကြီးရဲ့ စွမ်းအင်ပမာဏ ပိုသိမ်သည်းတဲ့ နတ်ဆိုးတွေရှိနေတာမို့ အားလုံးကအနက်ရှိုင်းဆုံးအလွှာကို ဝင်ရောက်ချင်ကြတယ်..... အပြင်ဘက် မှတ်တမ်းတင်ကျောက်တုံးမှာ နောက်ဆုံးရောက်နိုင်ခဲ့တဲ့အလွှာကိုမှတ်တမ်းတင်ပေးထားတာမို့ ပြိုင်ဆိုင်မှုတွေလည်းမြင့်မားတယ်...."

"အလွှာတွေ တိုးဖို့ ခက်သလား"

" ခက်တာပေါ့.... အလွှာတစ်ခုစီမှာရှိတဲ့ နတ်ဆိုးအရေအတွက်က ဘယ်သူ့ကိုမဆို ကြောက်ဖို့ကောင်းလောက်အောင် များပြားတယ်.... တစ်ယောက်ယောက်က သူတို့ရဲ့ အစွမ်းရှိသမျှ မြှင့်တင်ရမှာ ဖြစ်ပြီး အလွှာအသစ်တစ်ခုဆီ ရောက်ဖို့ အချိန်အများကြီး လိုအပ်တယ်.....ဒါကြောင့် ဒီလေ့ကျင့်ခန်းက ဘက်ပေါင်းစုံကို စမ်းသပ်နေသလိုပဲ.... အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်တာတောင် ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆုတ်ခွာခဲ့ရသူတွေမနည်းဘူး..အဲ့နေရာမှာ ခေါင်းဆောင်တစ်ယောက်ရဲ့အခန်းကဏ္ဍက အင်မတန်အရေးကြီးတယ်....."

"ဒါပေမယ့်လည်း နတ်ဆိုးခေါင်းဆောင်ကို အနိုင်ယူနိုင်ရင် ဆုလာဘ်တွေအများကြီးရနိုင်သေးတယ်.... အကြီးမားဆုံးပံ့ပိုးသူတွေက ဝေစုများများရနိုင်တယ်.... ရာနှင့်ချီတဲ့ အဲ့မိုကွမ်းအလင်းတန်းတွေက အပြင်မှာ တလကျင့်ကြံတာနဲ့ညီမျှတယ်"

"ခဏ.... ရာနဲ့ချီတဲ့ အဲ့မိုကွမ်းအလင်းတန်းတွေ?"

လီလော့၏ မျက်လုံးထဲတွင် အကြည့်များ ပြောင်းလဲသွားသည်။ ကလန်တွင် ရရှိနိုင်သော မူလနတ်ဆိုးဆေးလုံးများသည် သူရနိုင်သည့် အကောင်းဆုံးဆုလာဘ်ဟု အမြဲတွေးနေခဲ့သည်။ ရှင်းပါတယ်၊ သူက ရေတွင်းထဲမှာ ဖားတစ်ကောင်ဖြစ်နေခဲ့သည်။

နတ်ဆိုးလှိုဏ်ဂူ ခုနှစ်ဆယ့်နှစ်လွှာသည် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ရာတွင် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ အရေးကြီးဆုံးရတနာဖြစ်နေမှာ အမှန်ပင်......

ထိုနေရာမျိုးသည် မြေနတ်ဆိုးခန္ဓာအဆင့် များအတွက် နိဗ္ဗာန်ဘုံလိုပင်.....

ဤသည်မှာ ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်တို့သာ ပိုင်ဆိုင်သော အခြေခံအုတ်မြစ်ဖြစ်သည်။

“အမိုက်စားပဲ...”

လီလော့ သက်ပြင်းချလိုက်မိသည်။ သူနောက်ဆုံးမြင်ဖူးသည့် အတိုင်းအဆမဲ့ အဖိုးတန်ပစ္စည်းမှာ လုံကူရှန့်ပိန်း ဖြစ်သည်။ ထိုအရာသည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရှိ ကောလိပ်များအားလုံး တုန်လှုပ်ချောက်ချားစေသည့် အရာတစ်ခုဖြစ်သည်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးသည် ကမ္ဘာခြားသက်ရှိဘုရင်နှစ်ပါးကို ချိတ်ပိတ်ရန် ၎င်း၏ စွမ်းအားကို အသုံးချခဲ့သည်။ သို့သော် နဂါးကလန်တွင်မူ ဤအရာမျိုးကို မျိုးဆက်သစ်လူငယ်များကို ပျိုးထောင်ရန်နှင့် ၎င်းတို့ကို ပိုမိုအားကောင်းစေရန်အတွက်သာ အသုံးပြုခဲ့သည်။

မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးခြင်းနှင့် အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို မှန်မှန်ထောက်ပံ့ပေးခြင်းသည် အခြားသော ရှေးဟောင်းပစ္စည်းများကို ပိုင်ဆိုင်ခြင်းထက် ပို၍ပင်တန်ဖိုးရှိပေသည်။

နောက်ကြောင်းပြန်ပြောရရင် ဒါဟာ ပညာရှိပြီး အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုပင်.....

"ကောင်းကင်ဘုံနဂါးကလန်ငါးခုမှာ နတ်ဆိုးလှိုဏ်ဂူကိုဝင်ဖို့ နတ်ဆိုးတောင်ထွတ်လို့ခေါ်တဲ့ နေရာကို တည်ဆောက်ထားတဲ့.... ခုနစ်ရက်အတွင်းဝင်ပေါက်ပွင့်လိမ့်မယ်...."

"ဒါဆို ဘယ်တံခွန်အဖွဲ့က ပထမနေရာရထားလဲ...?"

"လောလောဆယ်မှာ နဂါးသွေးကလန်ရဲ့ ရွှေသွေးတံခွန်အဖွဲ့ရ လေးဆယ့်သုံးလွှာမှတ်တမ်းနဲ့ ပထမနေရာရထားတယ်...."

"ရွှေသွေးတံခွန်အဖွဲ့??? ဒါဆို အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ကရော..

ဘယ်အလွှာရောက်နေပြီလဲ"

"ငါတို့....ငါတို့က နှစ်ဆယ့်ခုနစ်လွှာကနဲ့ အဆင့်ဆယ့်လေး.... "

ကွာခြားမှုက မိုးနှင့်မြေလိုပင်.....

ကျောက်ယန်ဇီ အနည်းငယ် အားကိုးရာမဲ့နေဟန်ဖြင့်..... "ဒီကိစ္စမှာ ရွေးချယ်စရာ သိပ်မရှိဘူး....အစိမ်းရောင်နယ်သာခန်းမက နှစ်တွေကြာလာတာနဲ့အမျှ ဆက်ပြီး ကျဆင်းနေခဖဲ့တာ.... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ လည်းဒီအတိုင်းပဲ....ခန်းမသခင်ရှိတုန်းကဆို အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ က အသန်မာဆုံးပဲ....သူက အလွှာပေါင်း ခုနစ်ဆယ့်နှစ်လွှာကို အမှန်တကယ် အောင်နိုင်ခဲ့တယ်...ဒါက ကောင်းကင်နဂါးကလန်ငါးခုရဲ့သမိုင်းတစ်လျှောက်မှာ အထင်ရှားဆုံး အောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်...."

ခန်းမသခင် တည်ထောင်ခဲ့သော မှတ်တမ်းများကို ပြောပြနေချိန်တွင် သူမမျက်နှာပေါ်၌ ကြည်ညိုလေးစားမှုများပြည့်နှက်နေသည်။

အစိမ်းရောင်နယ်သာခန်းမ၏ ရွှေခေတ်ကာလကိုတည်ထောင်ခဲ့သော လီတိုင်ရွှမ်ကို မလေးစားတဲ့သူမရှိနိုင်ပေ။

"အလွှာ ခုနစ်ဆယ့်နှစ်လွှာလုံးကို အောင်မြင်ဖို့ ခက်သလား" လီလော့က စိတ်ဝင်တစား မေးလိုက်သည်။

ကျောက်ယန်ဇီက ဂုဏ်ယူစွာဖြင့်....

" နှစ်တရာအတွင်း ခန်းမသခင်လီတိုင်ရွှမ်တစ်ယောက်ပဲအောင်မြင်ခဲ့ပါတယ်ဆို...လွယ်သလားခက်သလားစဉ်းစားကြည့်ပေါ့.."

လီလော့ထံမှ နောက်ထပ် သက်ပြင်းတစ်ချက် ထွက်ပေါ်လာသည်။ သူ့အဖေက တကယ်ကို အထင်ကြီးစရာကောင်းတယ်.... အစိမ်းရောင်နယ်သာခန်းမရဲ့နေရာတိုင်းမှာ သူရဲ့သြဇာလွှမ်းမိုးမှုကျန်နေသေးတာ အံ့သြစရာမဟုတ်တော့ဘူး....

"ခန်းမသခင်ရဲ့အောင်မြင်မှုသော့ချက်တွေထဲကတစ်ခုက နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ပဲ..... ဒီကျင့်စဉ်က နတ်ဆိုးကျင့်စဉ်တွေထဲမှာ အဆင့်မြင့်ဆုံးပဲ.... ကျွမ်းကျင်တာနဲ့ တံခွန်အဖွဲ့ တစ်ခုလုံးရဲ့စွမ်းအားကိုအာရုံခံနိုင်တယ်.... "

ထို့နောက် သူမက.... "ခေါင်းဆောင်....ရှင်လည်း နဂါးငွေ့တန်းကျင့်စဉ်ကိုကျင့်ကြံနေတာပဲမလား..."

လီလော့ ခေါင်းညိတ်လိုက်သည်။

"နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ကိုလေ့ကျင့်နေတာ...."

ဤအဖြေကြောင့် ကျောက်ယန်ဇီ တိတ်ဆိတ်သွားခဲ့ပြီး သူ၏အားနည်းချက်အပေါ် စီရင်ဆုံးဖြတ်နေပုံရသည်။

"ခေါင်းဆောင်....နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်က အသုံးအများဆုံး နဂါးငွေ့တန်းကျင့်စဉ်.... ကျန်တဲ့ ခေါင်းဆောင်တွေက နဂါးငွေ့တန်းခြောက်သွယ်ကျင့်စဉ်ကို အသုံးပြုကြတဲ့ အဲ့ထဲမှာ လီရှိ၊မုဘီနဲ့ ကျွန်မလည်းပါတယ်...."

လီလော့က..... "ပြင်ပနတ်ဘုရားတိုက်ကြီးမှာ ပိတ်မိနေခဲ့တဲ့သူအတွက် ဒါကအကောင်းဆုံးကျင့်စဉ်ဖြစ်နေခဲ့တာ....."

ကျောက်ယန်ဇီက " ကျွန်မတို့တွေက အစိမ်းရောင်နယ်သာခန်းမကိုဝင်ကတည်းက နဂါးဉမင်ထဲကိုဝင်ခဲ့လို အခုလို နဂါးငွေ့တန်းခြောက်သွယ်ကျင့်စဉ်ကိုသုံးနိုင်တာ.."

"ဒါကြောင့် ခေါင်းဆောင်. နဂါးဉမင်ကို မြန်မြန်သွားပြီး နဂါးငွေ့တန်းကျင့်စဉ်အတွက် ဉာဏ်အလင်းရယူလိုက်ပါ... နဂါးငွေ့တန်းခြောက်သွယ်ကျင့်စဉ်ကို ရယူပြီးတာနဲ့ ကြီးထွားနှုန်းကို မြှင့်တင်ပေးနိုင်လိမ့်မယ်...နို့မို့ဆို လက်အောက်ငယ်သားတွေကလှောင်ပြောင်ကြလိမ့်မယ်...."

သူမ၏စကားများက ကြမ်းတမ်းသော်လည်း လီလော့အတွက်အသုံးဝင်သည်။

ဒါဟာ သူ ရှေ့တစ်လှမ်းတိုးဖို့ အမှန်တကယ် လိုအပ်တဲ့အရာပင်.....

"ကောင်းပြီ ....ငါမနက်ဖြန် သွားလိုက်မယ်"

သို့သော်၊ သူ့အဖေသည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုအမှန်တကယ် လေ့ကျင့်နိုင်ခဲ့သည်။ အကယ်၍သူသာ ခြောက်သွယ်ကျင့်စဉ်ကိုလေ့ကျင့်နေလျှင် သူ့အဖေပြန်လာတဲ့အခါ... "ကောင်စုတ်လေး.... မင်း ငါ့ခြေဖျားတောင်မမှီသေးပါဘူးကွာ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ လှောင်ပြောင်နေမှာ သေချာသည်။

သူ၏ မာနကြီးသောအမူအရာကို တွေးတောရင်း လီလော့ အလွန်စိတ်ပျက်သွားပြီး ရုတ်တရတ် မတ်တပ်ထရပ်လိုက်သဖြင့် ကျောက်ယန်ဇီကို ထိတ်လန့်သွားသည်။

"မဟုတ်ဘူး! မနက်ဖြန်အထိ မစောင့်တော့ဘူး.... အခုပဲ သွားလိုက်မယ်......"

သူ့တွင် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် ကို လေ့လာရန်အပြင်အခြားရွေးချယ်စရာမရှိခဲ့ပေ....

All Chapters