← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

“မဟာအကြီးအကဲ ဒါက အကိုလီ ပေးလိုက်တဲ့စာပါ” ယန်ယုယွင်က စာတစောင်ကို လီချန်ချင်းအား ထုတ်ပေးလိုက်တော့လေသည်။

“ငါ့ သားက နေကောကောင်းရဲ့လား”

စာကိုမဖောက်သေးပဲ လီချန်ချင်းသည် ယန်ယုယွင်အား လီဟမ်ရှန်း၏ အခြေအနေကို မေးလိုက်လေသည်။

သူ့သား၏ အကြောင်းအရာများကို ပိုပြီးသိရလေလေ၊ သံသယဝင်စေလောက်မည့် အပြုအမူများကို ရှောင်ရှားနိုင်လေလေ ဖြစ်လေ၏။ ယန်ယုယွင်ကလည်း လီချန်ချင်းအား သူမသိသလောက်ကို ပြောပြခဲ့လေသည်။

ယန်ပါးထောင် ထွက်သွားပြီးသည့်နောက်တွင် သူက ယန်မိသားစု၏ သတ္တမမြောက်အကြီးအကဲကို ချက်ချင်းပင် ခေါ်ယူခဲ့လေတော့သည်။

“မိသားစုခေါင်းဆောင်၊ ကျုပ်ကို ဆင့်ခေါ်တာ အရေးကြီးကိစ္စများ ဖြစ်လို့လား”

သတ္တမမြောက်အကြီးအကဲမှာ အထဲသို့ ဝင်လာရင်းနှင့်ပင် မေးလိုက်လေတော့သည်။

“သတ္တမမြောက်အကြီးအကဲ၊ ခင်ဗျားကို ကျုပ်တို့ရဲ့ ယန်မိသားစုက ကလေးတွေရဲ့ ပညာရေးကဏ္ဍအပိုင်းမှာ တာဝန်ပေးထားခဲ့တာနော်။ အဲ့ဒါကြောင့် ကျုပ်က ခင်ဗျားကို မိန်းကလေးငယ်လေးတယောက်ကို ကျောင်းအပ်ပေးစေချင်တယ်။ အဲ့ကလေးမလေးက မဟာအကြီးအကဲရဲ့ ခြံဝင်းထဲက ကောင်မလေးပဲ”

ယန်ပါးထောင်က ညွှန်ကြားလိုက်လေသည်။

“ကျန်းစစ်ယောင်လို့ခေါ်တဲ့ ကလေးမလေးကို ပြောတာလား မိသားစုခေါင်းဆောင်”

သတ္တမအကြီးအကဲက ပြုံးကာ ဆိုလိုက်လေသည်။

“အဲ့ဒီ့ ကလေးမလေးက တော်တယ်။ အခုတလောမှာ စာသင်ကျောင်းရဲ့ အပြင်ဘက်ကနေပြီး အတွင်းဖက်က စာသင်ကြားနေတာတွေကို တိတ်တိတ်လေး နားထောင်နေတတ်တယ်လေ။ မဟာအကြီးအကဲက အခုလိုမျိုးပြောလာပြီဆိုမှတော့ မနက်ဖန် ကျောင်းလာတက်လို့ရအောင် ကျုပ်စီစဉ်လိုက်ပါ့မယ်”

“အဲ့ဒါလေးတင်ပဲ မဟုတ်သေးဘူး” ယန်ပါးထောင်၏ အသံမှာ ချက်ချင်းပင် ရေခဲတမျှအေးစက်သွားခဲ့တော့လေ၏။

“ကျုပ်တို့ စာသင်ကျောင်းမှာ သင်ကြားနေတဲ့ ကလေးတွေရဲ့ မိဘတွေအားလုံးကို တခါတည်း သတိပေးထားလိုက်။ ကျန်းစစ်ယောင်ကို ကလေးတယောက်ယောက်က အနိုင်ကျင့်ခဲ့တာတို့၊ မတရားလုပ်တာတို့ကို ကျုပ်သိရဲ သိကြည့်၊ လုပ်တဲ့ ကလေးရဲ့ မိသားစုတခုလုံးကို ချန်ထင်မြို့ကနေ နှင်ထုတ်ပစ်မယ်။ ပြီးတော့ တောင်ဘက်တောင်တန်းတွေမှာ တသက်လုံး မိုင်းတူးရမယ့် ပြစ်ဒဏ်ကို ခံစားရမယ်လို့ သတိပေးထားလိုက်။ ကျုပ်ပြောတာကို နားလည်တယ်မဟုတ်လား”

ထိုစကားကို ကြားသော် သတ္တမမြောက်အကြီးအကဲ၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့တော့သည်။ ထိုပြစ်ဒဏ်မှာ အဟုတ်ကို ပြင်းထန်လွန်းလှပေသည်။

“ဒီအမိန့်က မဟာအကြီးအကဲရဲ့ အမိန့်ဖြစ်တယ်။ တယောက်ယောက်က တလွဲလုပ်ခဲ့ရင် ကျုပ်ယန်ပါးထောင်ကို မထောက်ထား မညှာတာတတ်ဘူးလို့ အပြစ်မတင်မိကြပါစေနဲ့”

ယန်ပါးထောင်က တည်ကြည်စွာပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ” သတ္တမမြော က်အကြီးအကဲက အလျင်အမြန်ပင် သဘောတူလိုက်လေသည်။

“ကျန်းစစ်ယောင်ကို အနိုင်မကျင့်ကြနဲ့။ ပြီးတော့ သူမကို လျစ်လျူရှုမယ်လဲ မကြံနဲ့။ ငါတို့ယန်မိသားစုရဲ့ ကျောင်းမှာ သူမကို အေးအေးသက်သာလေး စာသင်နိုင်ပါစေ။ သူမ ကျောင်းကပြန်လာတိုင်း မပြုံးလာဘူးဆိုရင်တော့ ခင်ဗျားပဲ တာဝန်ယူရမှာနော်”

ယန်ပါးထောင်က သတ္တမမြောက်အကြီးအကဲကို စိုက်ကြည့်လိုက်လေသည်။

“ကျုပ်နားလည်ပါတယ်” သတ္တမမြောက်အကြီးအကဲမှာ ကူကယ်ရာမဲ့နေသည့်တိုင် လက်ခံရုံပဲ တတ်နိုင်ခဲ့လေသည်။ ကျောင်းတော်သို့ ဘိုး‌ဘေးလေးတယောက်ရောက်ရှိလာခြင်းနှင့်ပင် ဆင်တူနေခဲ့သေးသည်။

ကျန့်ဖုကွမ်းက ကျန်းစစ်ယောင်လေးကို အဝတ်အစားသစ်များ ဝယ်ပေးရန်အတွက် ဈေးသို့ ခေါ်သွားခဲ့တော့၏။ ကျန်းစစ်ယောင်လေးမှာလည်း ကျောင်းတတ်ရတော့မည် ဖြစ်သဖြင့် ပျော်ရွှင်စွာဖြင့် ပြုံးနေခဲ့တော့လေသည်။

သမီးဖြစ်သူ ပျော်ရွှင်နေသည်ကို မြင်တွေ့ရသောကြောင့် ကျန့်ဖုကွမ်းသည်လည်း လွန်စွာ စိတ်ကျေနပ်နေခဲ့တော့လေသည်။ ကျန်းစစ်ယောင်လေး၏ လက်ပိစိလေးကို တွဲရင်းနှင့် သူက အပူအပင်ကင်းမဲ့စွာ လမ်းလျှောက်နေခဲ့တော့သည်။ သူက ထိုကဲ့သို့ လွတ်လွတ်လပ်လပ်နှင့် မနေရသည်မှာ လွန်စွာ ကြာမြင့်ခဲ့ချေပြီ။

လီချန်ချင်းနှင့် ယန်ယုယွင်မှာ အချိန်တခုကြာအောင် စကားပြောနေခဲ့၏။ ယန်ယုယွင် ထွက်သွားပြီးမှသာ သူက စာကို ဖွင့်ပြီး သားဖြစ်သူ၏ လက်တလောအခြေအနေကို သိအောင် ကြိုးစားလိုက်တော့သည်။

စာပါအကြောင်းအရာများမှာ ဘာမှ ထူးထူးခြားခြားမဟုတ်သည့်တိုင် လီချန်ချင်းကတော့ စိတ်ဝင်စားနေခဲ့မိတော့သည်။ စာထဲတွင်တော့ လီဟမ်ရှန်းမှာ အဆင့်တက်ဖို့အတွက် အဆင့်ငါးဆေးလုံးလိုအပ်နေကြောင်းကို ရေးသားထားသည်က လီချန်ချင်း၏ အာရုံကို ဖမ်းစားသွားခဲ့တော့လေသည်။ လီချန်ချင်း၏ မျက်ခုံးများမှာ တွန့်ကွေးသွားခဲ့လေတော့သည်။

“အဆင့်ငါးဆေးလုံး? အဲ့တာက ရဖို့ ခက်ခဲလွန်းလို့လား?”

လီချန်ချင်းက တီးတိုးရေရွတ်လိုက်တော့သည်။

“ရှေးဟောင်းတာအိုဂိုဏ်းမှာတောင် မရှိဘူးဆိုမှတော့ တော်တော်လေးကို ရဖို့ခက်လို့ ဖြစ်ပါလိမ့်မယ်”

စာကို ဖတ်ရှုပြီးသော် အဆင့်ငါးဆေးလုံးကို ရရှိအောင် မည်သို့ လုပ်ရမလဲဆိုသည်ကို လီချန်ချင်းက ထိုင်တွေးနေခဲ့တော့လေသည်။

ဆေးဘုရင်တောင်ကြားမှာကော ရနိုင်မလား။ မူချင်းကောကို သူ မေးသင့်လား။ သူမက သူ့အတွက်ဆိုရင် တခုခုတော့ စီစဉ်ပေးလောက်မှာပါ။

သို့သော် ထိုကိစ္စကို သေချာတွေးကြည့်ပြီးသည့်နောက်တွင်တော့ သူမအား လောလောဆယ်တွင် အကူအညီမတောင်းရန် လီချန်ချင်းက ဆုံးဖြတ်လိုက်လေ၏။ ထို့အပြင် မူချင်းကောက သူ့အား သူမ၏ လှပသော မျက်လုံးရွှဲကြီးများနှင့် ထူးဆန်းစွာ အမြဲကြည့်ကြည့်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သူက အခြားနေရာမှ ဆေးလုံးကို ရအောင် စီစဉ်ရန်တွေးခဲ့လေတော့သည်။

နောက်တနေ့နံနက်ခင်းတွင် ယန်ပါးထောင်က လီချန်ချင်းနှင့် တွေ့ရန် ထပ်မံ၍ ‌ရောက်လာခဲ့ပြန်လေတော့သည်။ ထိုသို့လာခဲ့ရခြင်းမှာလည်း လီချန်ချင်းက ယန်ပါးထောင်အား သစ်သားကောင်းတွေရှိရင် ယူလာပေးဖို့ ပြောထားသောကြောင့် ဖြစ်သည်။

ယန်ပါးထောင်က သစ်သားများ ယူလာခဲ့ပေသည်။

“မဟာအကြီးအကဲ ဒါက စိတ်ဝိဉာဉ်ရွှေသစ်သားပါ” ယန်ပါးထောင်က လီချန်ချင်း၏ အရှေ့တွင် သစ်သားတုံးအကြီးကြီးကို တင်လိုက်ပြီး ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။

“ဒီစိတ်ဝိဉာဉ်ရွှေသစ်သားက ဒဏ္ဍာရီလာသစ်သားလောက် မကောင်းမွန်ပေမယ့် သူက ရှားပါးတဲ့သစ်တမျိုးပါပဲ။ ဘာလို့လဲဆိုတော့ သူမှာ ရွှေရည်ပါဝင်နေတာကြောင့်ပါ အကြီးအကဲ။ ပြောကြတာကတော့ အထူးနည်းလမ်းတွေကို အသုံးပြုပြီးတော့ ဒီသစ်သားကနေ ရွှေကို ထုတ်ယူနိုင်ပါတယ်တဲ့”

“ အို” လီချန်ချင်းက ထိုကဲ့သို့သော မှော်ဆန်သည့် သစ်သားရှိလိမ့်မည်ဟု မတွေးထားခဲ့မိပေ။ ထိုကဲ့သို့သော စိတ်ဝိဉာဉ်ရွှေသစ်သားကို မြင်သော် လီချန်ချင်းက သူ လုပ်ချင်သော အရာတခုကို ချက်ချင်း အကြံထွက်ပေါ်လာခဲ့တော့သည်။

“ဒါနဲ့ ပါးထောင်‌‌ရေ။ အဆင့်ငါးဆေးလုံးကို ငါဘယ်မှာဝယ်ရမလဲဆိုတာကို သိလား”

လီချန်ချင်းက ယန်ပါးထောင်အား မေးလိုက်လေသည်။

“အဆင့်ငါးလား” ယန်ပါးထောင်က အတော်လေး အံ့အားသင့်သွားခဲ့၏။ ထိုကဲ့သို့သော အဆင့်မြင့်ဆေးလုံးမျိုးသည် လွန်စွာကျွမ်းကျင်သော ‌ဆေးပညာရှင်သာ ဖော်စပ်သန့်စင်နိုင်လိမ့်မည် ဖြစ်သည်။

“ အဆင့်ငါးဆေးလုံးဆိုတာက အရမ်းကို အဆင့်မြင့်လွန်းပါတယ်။ ကျွန်တော်တို့ဆီမှာ အဲ့လိုဆေးလုံးမျိုး လုံးဝကို မရှိပါဘူး။ မင်ဟုန်ခရိုင်တခုလုံးမှာတောင် မရှိပါဘူး”

ယန်ပါးထောင်က တချက်တွေးတောလိုက်ပြီး ပြောလိုက်၏။

“မြောက်ပိုင်းအေးခဲနိုင်ငံမှာတော့ ရှိနိုင်လောက်ပါတယ်။ အဲ့ဒီ့နေရာမှာ မှောင်ခိုဈေးကွက်တခုရှိနေခဲ့တယ်လေ။ အဲ့ဒီ့နေရာမှာ ဘယ်ပစ္စည်းမဆိုရှိနေတယ်။ အဲ့မှာတော့ ရှိနိုင်လောက်ပါရဲ့”

“မှောင်ခို‌ဈေး?” လီချန်ချင်းမှာ တွေဝေသွားခဲ့လေတော့သည်။ စန်းယွမ်တိုက်ကြီးမှာ ဒီလိုနေရာမျိုးလည်း ရှိနေသေးတာလား။ ဒါပေမယ့် မြောက်ပိုင်းအေးခဲနိုင်ငံက ဝေးတယ်မဟုတ်ဘူးလား။

သူက မင်ဟုန်ခရိုင်ကနေ မြောက်ပိုင်းအေးခဲနိုင်ငံကို ထွက်သွားမယ်ဆိုရင် ရထားလုံးနဲ့ဆိုရင်တောင် တလလောက်တော့ အချိန်ပေးရလိမ့်မယ် မဟုတ်ဘူးလား။

“ဆေးဝယ်ဖို့က ဘယ်လောက်ကုန်မလဲ” လီချန်ချင်းမှာ ဈေးကို တက်နိုင်မနိုင်ဆိုတာကို သူသိလိုသေးသည်။

“အဲ့ဒါတော့ ကျွန်တော်လည်း မသိပါဘူး” ယန်ပါးထောင်က အိုးတိုးအမ်းတမ်းနှင့် ပြောလိုက်လေသည်။

“ကျွန်တော်မြင်ဖူးတဲ့ အဆင့်အမြင့်ဆုံးဆေးလုံးက အဆင့်၃ ဆေးပါ။ အဆင့်ငါးဆေးကိုတော့ လုံးဝကို မမြင်ဖူးသေးတာပါ”

All Chapters