အခန်း (၁၁၉)
Vol. 12 Ch. 119
ယန်ပါးထောင်၏ တံခါးဝ၌ ရှိသည့် အစောင့်များသည် လီချန်ချင်းလာနေသည်ကိုတွေ့ပြီး အလျင်အမြန် အရိုအသေပေးခဲ့သည်။ လီချန်ချင်းသည် ခေါင်းညိမ့်ပြခဲ့ပြီး တစ်ခါတည်း ဝင်သွားခဲ့သည်။ စာရင်းစာအုပ်များကြောင့် နစ်မြှုပ်လုနီးပါးဖြစ်နေသည့် ယန်ပါးထောင်ကို တွေ့ပြီး မနေနိုင်စွာပြုံးခဲ့သည်။ အမှန်တော့ ဤသည်က လက်ရှောင်သည့် ဆိုင်ရှင်တစ်ယောက်၏ အကျိုးကျေးဇူးဖြစ်ပေသည်။
ထိုသို့မဟုတ်ဘဲ သူသည် ထိုအရာများကို ကြည့်ရှုရပါက သေချင်စိတ်ဖြစ်လာပေလိမ့်မည်။
"ဘယ်သူလဲ။ ငါ အလုပ်များနေတယ်လို့ မပြောထားဘူးလား။ နှောင့်ယှက်ချင်တာလား" ယန်ပါးထောင်သည် မျက်မှောင်ကြုတ်ကာမော့ကြည့်ခဲ့ပြီး လီချန်ချင်း ဖြစ်နေသည်ကိုသာ တွေ့ခဲ့သည်။
"မဟာအကြီးအကဲ" ယန်ပါးထောင်သည် လျင်မြန်စွာထကာ ပြောခဲ့သည်။ "ဘာလို့ မဟာအကြီးအကဲ ကိုယ်တိုင်ရောက်လာရတာလဲ။ တစ်ခုခုရှိရင် အမိန့်သာပေးလိုက်ပါ"
"ငါကထွက်လာပြီး ပတ်ဝန်းကျင်ကို လမ်းလျောက်ချင်ရုံပါပဲ မဟုတ်ရင် ငါ့ခန္ဓာကိုယ်က ထုံထိုင်းလာတော့မှာ" လီချန်ချင်းသည် တောင်သဖွယ် စာရင်းစာအုပ်ပုံကိုကြည့်ကာ မနေနိုင်စွာပြောခဲ့သည်။ "အခုတစ်လော စီးပွားရေးကောင်းရဲ့လား"
"ဟုတ်ကဲ့ ၊ ချန်ချင်း ကုန်သွယ်ရေးက တကယ်ကောင်းပါတယ်။ အထူးသဖြင့် ပန်ကိတ်လိုမျိုး အသင့်စားအစားအစာတွေ။ ပြီးတော့ ဟိုင်မိသားစု ကုန်သွယ်ရေးက ဒေဝါလီခံလိုက်ရတာကြောင့်မို့ သူတို့ရဲ့ အရင်ဖောက်သည် ကိုးဆယ်ရာခိုင်နှုန်းက ကျွန်တော်တို့ဆီကို ရောက်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက အရည်အသွေးမြင့်ပြီးတော့ ဈေးလည်းသင့်တော်လို့ သူတို့က ကျွန်တော်တို့နဲ့ စီးပွားရေးလုပ်ရတာကို တကယ် သဘောကျနေကြတာ"
"လတ်တလောမှာ အမှာစာတွေ တဖွဲဖွဲရောက်လာပြီး ကျွန်တော်တို့ကို တော်တော်လေး အလုပ်များစေခဲ့တယ်။ ချန်ထင်မြို့က မိသားစုအများစုက လုကျင်းမြို့ကို ကုန်ပစ္စည်းထောက်ပံ့ရင်း အလုပ်ရှုပ်နေကြတာ။ ချန်ထင်မြို့က စက်ရုံတွေက တကယ်တော့ နည်းနည်း အလုပ်မနိုင်တာမျိုးတော့ ဖြစ်နေကြတယ်" ယန်ပါးထောင်သည် ညှိုးငယ်သည့်အပြုံးဖြင့်ပြောခဲ့သည်။
"အင်း" လီချန်ချင်းသည် ခေါင်းညိမ့်ပြခဲ့သည်။ "လျှို့ဝှက်ထားရမယ့် ကိစ္စတွေသာမရှိဘူးဆိုရင် လူများများငှားဖို့ စမ်းကြည့်ရမယ်။ ချန်ချင်းကုန်သွယ်ရေးရဲ့ ထုတ်ကုန်တွေက ချန်ထင်မြို့က လူတွေအပေါ်မှာပဲ မှီခိုမနေနိုင်ဘူး။ တကယ်လို့ ငါတို့ ဒီလိုပဲဆက်လုပ်နေရင် တဖြည်းဖြည်းနဲ့ ဝယ်လိုအားရှိမှာမဟုတ်ဘူး"
"အခုက လုကျင်းမြို့တစ်မြို့တည်းပဲ။ နောင်ကျ တခြားဆိုင်ခွဲတွေဖွင့်တဲ့အခါကျ ဘယ်လိုလုပ်မလဲ။ ပိုပြီးတောင်မှ ကူကယ်ရာမဲ့နေမှာမဟုတ်လား"
"မဟာ အကြီးအကဲ မှန်ပါတယ်" ယန်ပါးထောင်သည် ချင့်ချိန်ခဲ့သည်။ "ကျွန်တော်တို့မှာ အရင်က ဒီလိုကိစ္စတွေမရှိခဲ့ပေမယ့် အခုတော့ အဲ့ဒါတွေကို စဉ်းစားရတော့မယ်။ လူငှားဖို့အတွက်ကတော့ မင်ဟုန်ခရိုင်ကနေ အဖွဲ့တစ်ဖွဲ့စုဆောင်းနိုင်တယ်။ အနာဂါတ်ဝယ်လိုအားတိုးမြင့်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ လူသစ်စုဆောင်းမှုကို တိုးချဲ့ရမယ်"
"ဒါက အလုပ်သမားငှားတဲ့အကြောင်းတင်မဟုတ်ဘူး။ စီမံခန့်ခွဲရေးအရည်အချင်းတွေလည်း လိုသေးတယ်" လီချန်ချင်းသည် ယန်ပါးထောင်အား တစ်ချက်ကြည့်ကာ "ဒါက ချန်ချင်းကုန်သွယ်ရေးရဲ့ အစပဲ။ စီးပွားရေးချဲ့ထွင်တဲ့အခါမှာ ယန်လီရှန့်တစ်ယောက်တည်းနဲ့ အရာအားလုံးကို မကိုင်တွယ်နိုင်ဘူး။ တခြားချန်ချင်းကုန်သွယ်ရေးအခွဲတွေဖွင့်တဲ့အခါမှာ ယန်မိသားစုက အကြီးအကဲ ဘယ်လောက်များများကို စီမံခန့်ခွဲဖို့ ပို့နိုင်မှာလဲ" ယန်ပါးထောင်သည် လီချန်ချင်း၏ စကားများ၏ ချင့်ချိန်တွေးတောနေပုံပေါ်ကာ ငြိမ်သက်နေခဲ့သည်။
ကမ္ဘာကြီးတွင်ဖြစ်စေ စန်းယွမ်နယ်မြေတွင် ဖြစ်စေ အရည်အချင်းရှိသူများသည် ရှားပါးသည်ကို လီချန်ချင်းသည် အလွန် ရှင်းလင်းပေသည်။ယန်မိသားစုသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စီးပွားရေးလုပ်လာခဲ့သော်လည်း သူတို့က မိသားစုလုပ်ငန်းတွင်သာ လုပ်ဆောင်ခဲ့ကြပေသည်။ ဤစီးပွားရေးသည် မိသားစုဝင်များ လုံးလုံးလျားလျားစီမံနိုင်သည့် ချန်ထင်မြို့ထဲရှိ သေးငယ်သည့် နေရာများ၌သာဖြစ်ပေသည်။ အရည်အချင်းရှိသည့်သူများအား စုဆောင်းသည့်အကြောင်းကို သူတို့တစ်ခါမှ မတွေးဖူးခဲ့ပေ။
ထို့ကြောင့် လီချန်ချင်းပြောသည့်အရာသည် ယန်ပါးထောင်အား နိုးကြားစေခဲ့သော်လည်း သူ့အား ဘေးကျပ်နံကျပ်လည်းဖြစ်စေခဲ့သည်။ သူသည် ယခင်က ဤအကြောင်းအား မတွေးခဲ့ဖူးပေ။ ထို့နောက် ယခုတွင် သူသည် ထိုအရည်အချင်းရှိသည့်သူများအား မည်သည့်နေရာ၌ သွားရှာရမည်ကိုပင်မသိချေ။
အဆုံးတော့ ဤကမ္ဘာ၌ အရည်အချင်းစုဆောင်းခြင်း ဈေးကွက်မရှိပေ။ ယန်ပါးထောင်၏ စိတ်ရှုပ်ထွေးနေမှုကို ကြည့်ပြီး လီချန်ချင်းသည် ပြုံးကာပြောခဲ့သည်။ "ကောင်းပြီ ၊ အဲ့ဒီအကြောင်းကို မင်းကိုယ်တိုင် စိတ်ပူမနေပါနဲ့။ ချန်ချင်းကုန်သွယ်ရေးမှာ ဥက္ကဌ သုံးယောက်ရှိတာပဲ။ မင်းဘာလုပ်ရမယ်လို့ မသိဘူးဆိုရင် သူတို့နဲ့ ဆွေးနွေးနိုင်တယ်။ ကျောက်ရီချိုးက အရမ်းထက်မြက်တယ်။ စီမံခန့်ခွဲမှုအရည်အချင်းရှိတဲ့သူတွေက ဘယ်ကနေရှာရမလဲဆိုတာ သူသိရမယ်။ ဒါနဲ့ မင်း အဆင့် ငါး ဆေးလုံးရှာပြီးပြီလား"
"အဆင့်ချို့ဖျက်ခြင်း အဆင့်ငါးဆေးလုံး... သတင်းမရသေးပါဘူး" ယန်ပါးထောင်သည် ကူကယ်ရာမဲ့စွာပြောခဲ့သည်။ "ဒီရက်တွေမှာ အဲ့ဒီအကြောင်းစုံစမ်းဖို့ ပုကျင်းမြို့နဲ့ ကုန်သွယ်ရေးလုပ်ငန်းမျိုးစုံကို လူလွတ်ခဲ့တယ်။ ဒါပေမယ့် အဆင့်ငါးဆေးလုံးက ရှာဖို့ တကယ်ခက်တယ်။ မင်ဟုံ ခရိုင်က နယ်မြေအကြီးကြီး ဖြစ်တာတောင်မှ မကြီးမားဘူးပဲ။ အဆင့်ငါးဆေးလုံးကို ရှာဖို့ မြောက်ပိုင်းအေးခဲနိုင်ငံကို သွားရမယ်ထင်တယ်"
"မြောက်ပိုင်းအေးခဲနိုင်ငံက ကျွန်တော်တို့နဲ့ အနီးဆုံး နိုင်ငံကြီးပဲ"
"မဟာယွမ်မင်းနေပြည်တော်ကလည်း ကျွန်တော်တို့နဲ့ နီးပေမယ့် မဟာယွမ်မင်းနေပြည်တော်ထဲမှ တော်တဲ့ ဆေးဖော်စပ်နိုင်တဲ့ ဆေးဆရာတွေမရှိဘူး။ မွေးရာပါ ပတ်ဝန်းကျင်အနေအထားကြောင့် ဖြစ်မယ်ထင်တယ်။ တကယ်လို့ မဟာ အကြီးအကဲကလိုအပ်တယ်ဆိုရင် သူတို့ရဲ့ ကံကြမ္မာကို စမ်းကြည့်ဖို့ မြောက်ပိုင်းအေးခဲနိုင်ငံကို တစ်ယောက်လွှတ်လိုက်ပါမယ်" ယန်ပါးထောင်သည် လီချန်ချင်းအတွက် စိစစ်ပေးခဲ့သည်။
"မလိုပါဘူး။ ငါ့ဘာသာပဲသွားလိုက်တော့မယ်" လီချန်ချင်းသည် ပေါ့ပေါ့ပါးပါးအသက်ရှုထုတ်ခဲ့သည်။ မင်ဟုံခရိုင်မှာ မရှိဘူးဆိုရင် ဘာလို့ မြောက်ပိုင်းအေးခဲနိုင်ငံကို သူကိုယ်တိုင်မသွားရမှာလဲ။
သူ့သားရဲ့ အဆင့်တက်ခြင်းက ရောက်လာတော့မှာ။ သူ့သားရဲ့ ကျင့်ကြံခြင်းကို မကြန့်ကြာစေနိုင်ဘူး
"ဒါနဲ့ ဒါကို မင်းကိုပေးမယ်။ ချန်ချင်းကုန်သွယ်ရေးဆီကို ပို့ပေးပြီး ဆိုင်ထဲမှာထားခိုင်းလိုက် ဖြစ်နိုင်ရင် ဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင်မှာထား" လီချန်ချင်းသည် ပြောရင်းဖြင့် သူ့လက်ထဲရှိ သေတ္တာကို ဖွင့်ခဲ့သည်။
"ဒါကဘာလဲ..." သေတ္တာထဲရှိအရာကိုတွေ့ပြီး ယန်ပါးထောင်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ ဒါကဘာလဲ။ အရမ်းထူးဆန်းသလိုပဲ။
သူအရင်ကတစ်ခါမှမမြင်ဖူးခဲ့သည့်အရာတစ်ခုဖြစ်ပြီး သူ၏စိတ်ထဲ၌ သူ့ရှေ့၌ရှိသည့် အရာနှင့် ကိုက်ညီမည့် စိတ်ဝိဉာဉ်သားရဲအမျိုးအစားကို ဖော်ပြရန် စကားလုံးမရှိပေ။
ဘယ်နေရာကနေများ မဟာအကြီးအကဲက ဒီလောက်ထူးဆန်းတဲ့အရာတွေကိုမြင်ဖူးခဲ့ရတာလဲ။
"ဒါက ပန်းချီရတနာနဲ့ တူတယ်" လီချန်ချင်းသည် ရှင်းပြခဲ့သည်။
"ပန်းချီရတနာ!" ယန်ပါးထောင်သည် အလွန်တရာအံ့ဩသွားခဲ့သည်။ ယန်မိသားစုအတွက် ပန်းချီရတနာတစ်ခုသည် ဇိမ်ခံပစ္စည်းများထဲမှ ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။ ယန်ပါးထောင်သည် မူလအဆင့်သို့ ရောက်လာသော်လည်း သူသည် ထိုကဲ့သို့သော အရာမျိုးအကြောင်းကို မတွေးဝံ့ခဲ့ပေ။
ပန်းချီရတနာတစ်ခုစီတိုင်းသည် အဖိုးမဖြတ်နိုင်ပေ။ ဘယ်မှာမှ ဝယ်လို့မရပေ။ သို့သော်လည်း လီချန်ချင်းသည် သူ့အား ပန်းချီရတနာတစ်ခုပေးခဲ့သည်။
"ဒါပေမယ့် ဒီပန်းချီရတနာက အရမ်း ထူးဆန်းတယ်။ ကြောင်နဲ့တူပေမယ့် အရမ်းဘယ်လိုကြီးလဲမသိဘူး" ယန်ပါးထောင်သည် သူ့ရှေ့၌ရှိသည့် သစ်သားပန်းပုရုပ်ကို သေသေချာချာစူးစမ်းနေခဲ့သည်။
"ကောင်းလိုက်တဲ့ မျက်လုံး" လီချန်ချင်းသည် ပြုံးခဲ့သည်။ "အဲ့တာကို လပ်ကီးကြောင်လို့ခေါ်တယ်"
"လပ်ကီးကြောင်" ယန်ပါးထောင်သည် အံ့ဩနေခဲ့သည်။ "ဒီလို စိတ်ဝိဉာဉ်သားရဲမျိုးတစ်ခါမှ မကြာဖူးဘူး။ ဘယ်လိုတောင် ထူးဆန်းတဲ့ကြောင်လဲ။ ကြည့်ရတာ ကမ္ဘာကြီးထဲမှ ကျွန်တော်တစ်ခါမှ မကြားဖူးတဲ့ စိတ်ဝိဉာဉ်သားရဲတွေအများကြီးရှိတယ်ထင်တယ်"
"အဟွတ်" လီချန်ချင်းသည် ချောင်းဆိုးခဲ့သည်။ ယန်ပါးထောင်မဆိုထားနှင့် စန်းယွမ်နယ်မြေအရှင်ပင် ဤ လာဘ်ခေါ်သည့်ကြောင်ကို မြင်ဖူးလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လီချန်ချင်းသည် ပြောနေဆဲဖြစ်သည်။ "ဟုတ်တယ် ကမ္ဘာကြီးက အရမ်းကြီးမားတယ်။ ထူးဆန်းတဲ့အရာတွေအများကြီးရှိတယ်။ အနာဂါတ်မှာ မင်းရဲ့ကျင့်ကြံခြင်းကပိုမြင့်လာတဲ့အခါကျရင် များများသွား ၊ များများတွေ့ကြုံရရင် ပိုပြီးသိလာလိမ့်မယ်။ ကမ္ဘာကြီးထဲမှာ စိတ်ဝိဉာဉ်သားရဲတွေအများကြီးရှိတယ် အဲ့တာတွေက လပ်ကီးကြောင် ၊ ဒိုရေမွန် ၊ ဂါဖီး မင်းမမြင်ဖူးသေးဘူးမလား"
"စိတ်ဝိဉာဉ်သားရဲကြောင်အမျိုးအစားတွေလား" ယန်ပါးထောင်သည် လီချန်ချင်းအား အံ့အားသင့်စွာကြည့်ရင်း အလွန်အဓိပ္ပါယ်မရှိပြောခဲ့သည်။ ဘာလို့ကြောင်နာမည်တွေက အဲ့လောက်ထူးဆန်းနေတာလဲ။ "ဒါပေမယ့် ဒီလပ်ကီးကြောင် ပန်းချီရတနာက ဘာသုံးရတာလဲ" ယန်ပါးထောင်သည် ချန်ချင်းကုန်သွယ်ရေးအတွက် ဤပန်းချီရတနာကို ဘာအတွက်သုံးရသည်ကို သိချင်ခဲ့သည်။
"နာမည်မှာပါတဲ့အတိုင်းပဲ ကံကြမ္မာကြောင်က ကြွယ်ဝခြင်းတွေကို ဆွဲဆောင်ဖို့အတွက်ပဲ" လီချန်ချင်းသည် ရှင်းပြခဲ့သည်။ "ကမ္ဘာကြီးထဲက အရာအားလုံးမှာ ထူးခြားတဲ့ စွမ်းအင်အမျိုးအစားတစ်ခုရှိတယ်။ ဥပမာ မင်းက ဓားထိုးခံရမယ်ဆိုရင် မင်းရဲ့ အသက်ဓာတ်က ဆုံးရှုံးနေတာပဲ။ တကယ်လို့ မင်းက အပြင်ထွက်တဲ့အခါမှာ ခွေးချေးပုံကိုနင်းမိမယ်ဆိုရ်ု မင်းကံနိမ့်နေတယ်လို့ ဆိုလိုတာပဲ"
"ပိုက်ဆံရှာတဲ့အခါမှာ ကြွယ်ဝတဲ့စွမ်းအင်စီးကြောင်းတစ်ခုလည်းရှိတယ်။ စီးပွားရေးသမားတွေအကြောက်ဆုံးအရာက အဲ့ဒီကြွယ်ဝခြင်းစွမ်းအင်စီးကြောင်း ပျောက်ကွယ်သွားမှာကိုပဲ။ ဒီ ကံကြမ္မာကြောင် ပန်းချီရတနာကို ကြွယ်ဝခြင်းစွမ်းအင်တွေကိုစုစည်းပေးဖို့သုံးကြတယ်။ ကြွယ်ဝခြင်းစွမ်းအင်တွေအလျှံအပယ်ရှိနေတဲ့အခါ ပိုများတဲ့ အမှာစာတွေကလည်း သဘာဝကျကျရောက်လာလိမ့်မယ်။ ဒီလိုနဲ့ ငါတို့ရဲ့ ဝင်ငွေက တိုးလာမှာ"
"ဘယ်လိုရတနာပါလိမ့်!" လီချန်ချင်း၏ ရှင်းပြချက်ကို နားထောင်ပြီးသည့် နောက်တွင် ယန်ပါးထောင်၏ မျက်လုံးများသည် ပေါက်ထွက်လုမတတ်ဖြစ်လာခဲ့သည်။ဒီလိုရတနာမျိုးနဲ့ဆိုရင် ပိုက်ဆံရှာဖို့ ခက်မှာမဟုတ်တော့ဘူး။
"အဲ့တာကို ချန်ချင်းကုန်သွယ်ရေးဆီကိုပို့ပြီး ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကြည့်လိုက်။ ငါက မြောက်ပိုင်းအေးခဲနိုင်ငံကိုသွားပြီး အဆင့်ငါးဆေးလုံးရှာနိုင်မလားလို့ ကြည့်မယ်" လီချန်ချင်းသည် ညွှန်ကြားခဲ့သည်။
"ဟုတ်ကဲ့" ယန်ပါးထောင်သည် ကံကြမ္မာကြောင်ကို ဂရုတစိုက်လှမ်းယူရင်း ထိုကဲ့သို့ ရတနာကို တစ်ခုခုထိခိုက်သွားမှာ စိုးရိမ်နေခဲ့သည်။
"အရင်ဆုံး ငါ့ကို ဒီလရဲ့ ပိုက်ဆံကိုပေးဦး" လီချန်ချင်းသည် ယန်ပါးထောင်အားပြောခဲ့သည်။ ယန်ပါးထောင်သည် ငွေလက်မှတ်အထပ်လိုက်ကို မဆိုင်းမတွထုတ်ယူကာ လီချန်ချင်းအား ကမ်းပေးခဲ့သည်။ "ကျွန်တော် ဒီမြေစာချုပ်တွေကို ရောင်းလို့မရဘူး။ ချန်ချင်းကုန်သွယ်ရေးအခွဲတွေဖွင့်တဲ့အခါကျရင် သုံးချင်တယ်။ ဒီစာချုပ်တွေကို မဟာ အကြီးအကဲရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ ယူဆတယ်။ တကယ်တော့ ဒါတွေအကုန်လုံးကို အကြီးအကဲက လုပ်ခဲ့ပြီး ကျွန်တော်တို့က ပိုက်ဆံယူနေတာ မမှန်ဘူးလို့ ခံစားရတယ်။ပြီးတော့ ဒီမှာ ငွေစ ၈ သန်း ရှိတဲ့ ငွေလက်မှတ်တွေပါ။ ဒါတွေက အကြီးအကဲပိုင်တဲ့အရာပါ။ဒါတွေကိုအရင်သုံးနိုင်ပါတယ်"
ငွေစ ၈ သန်း။
လီချန်ချင်း၏ လက်ရှိ ကောင်းမွန်နေသည့် စိတ်အခြေအနေနှင့်ပင် ထိုငွေစ ၈ သန်းအား မြင်ရခြင်းသည် သူ၏အသက်ရှုခြင်းကို လေးလံသွားစေခဲ့သည်။
တကယ် အရမ်းများလွန်းသောကြောင့် ဖြစ်သည်။ သူသည်အရင်က ထိုမျှ ကြွယ်ဝမှုမျိုးကို တစ်ခါမှ မထိန်းသိမ်းခဲ့ဖူးပေ။ သူ၏ယခင်ဘဝတွင် သူ့၌ အများဆုံးရှိသည့် ပိုက်ဆံမှာ ၈သောင်းကျော်သာဖြစ်သည်။
ကူးပြောင်းလာခြင်းက တကယ်ကို ကောင်းပေသည်....
ခြံဝင်းလေးထဲသို့ ပြန်ရောက်ပြီး သူသည် အဝေးသို့ ခဏသွားမည့်အကြောင်းကို ကျန့်ဖုကွမ်းအားပြောခဲ့သည်။ ကျန့်ဖုကွမ်းသည် လီချန်ချင်းအား သူကိုလိုက်လာစေချင်သလားလို့ အလျင်စလို မေးခဲ့သည်။
"မလိုပါဘူး။ မင်းက အိမ်မှာနေခဲ့ပြီး စစ်ယောင်နဲ့ အတူတူရှိနေပေးလိုက်။ ငါ မကြာခင်ပြန်လာခဲ့မယ်" လီချန်ချင်းသည် သူတစ်ယောက်တည်းက မြန်မြန်သွားနိုင်သည်ဟု ခံစားခဲ့ရသည်။
"ဖေး ၊ သွားကြစို့" လီချန်ချင်းသည် ဖေး အားခေါ်ခဲ့သည်။ ဖေးသည် နောက်မှ လျင်မြန်စွာလိုက်လာခဲ့သည်။ ချန်ထင်မြို့မှ ထွက်သွားပြီးသည့်နောက်တွင် လီချန်ချင်းသည် ဖေးအား စီးနင်းကာ မြောက်ပိုင်းအေးခဲနိုင်ငံဆီသို့ ဦးတည်လာခဲ့သည်။
ဒီတစ်ကြိမ်တွင် လီချန်ချင်းသည် အတွေ့အကြုံရှိခဲ့ပြီဖြစ်သည်။ သူသည် မထွက်ခွာမီ ယန်ပါးထောင်ဆီမှ မြေပုံကို သေသေချာချာမေးခဲ့သည်။ မဟုတ်ပါက နောက်ဆုံးတစ်ခေါက်ကလို အရှက်ရနေပေလိမ့်မည်။
ထိုနေ့တွင် ယန်ပါးထောင်သည် စန်းယွမ်ပို့ဆောင်ရေးဌာနသို့ ပစ္စည်းနှစ်ခုကို ပို့ဆောင်ပေးရန် အပ်နှံခဲ့သည်။ တစ်ခုက လီချန်ချင်းပေးခဲ့သည့် ကံကြမ္မာကြောင်ဖြစ်သည်။
ထို့အပြင် ယန်ပါးထောင်သည် ယန်လီရှန့်ဆီသို့ စာတစ်စောင်ကို ရေးပြီး ကံကြမ္မာကြောင်ကို ကောင်းကောင်းကာကွယ်ရန်နှင့် ဝင်ပေါက်၌ နေရာချထားရန်လည်း ထပ်ခါထပ်ခါ ညွှန်ကြားခဲ့သည်။
ဤသည်က ကြွယ်ဝမှုများကို ယူဆောင်လာနိုင်သည့် ရတနာတစ်ခုပင် !