အခန်း (၁၂၀)
Vol. 12 Ch. 120
နောက်ထပ်တစ်ခုကတော့ ရှေးဟောင်းတာအိုတောင်ရှိ ရှမူဟိုင်ထံသို့ ပို့ဆောင်ပေးရန် လီချန်ချင်းက ယန်ပါးထောင်အား အပ်နှံခဲ့သည့် အရာဖြစ်သည်။ အတွင်းထဲက စာ၌ ဤပစ္စည်းအား သူ့သား လီဟမ်ရှန့်ထံသို့ တစ်နည်းနည်းဖြင့် ပို့ဆောင်ပေးရန် ရှမူဟိုင်အား တောင်းဆိုထားခဲ့သည်။ ဤသည်က လီဟမ်ရှန်း၏ အသက်အားကာကွာ်ရန် လတစ်ဝက်ကျော် လီချန်ချင်း ဒုက္ခသုက္ခခံ၍ ထုလုပ်ထားသည့် ရတနာတစ်ခုဖြစ်သည်။
ချန်ထင်မြို့သည် မြောက်ပိုင်းအေးခဲနိုင်ငံနှင့်ဝေးကွာပေသည်။ လူတစ်ယောက်သည် ရွှေလင်းလန်သားရဲကို စီးသွားမည်ဆိုလျှင်ပင် ရောက်ရှိရန် နှစ်ရက်ခန့်အချိန်ယူရဦးမည်ဖြစ်သည်။
လီချန်ချင်းသည် အရင်က ရွှေလင်းလန်သားရဲအားကယ်တင်ခဲ့သည်ကို အလွန်ကျေးဇူးတင်နေခဲ့သည်။ ဤစီးတော်ယာဉ်က တခြားအရာများထက် ပို၍ သန်မာပေသည်။
ပျံသန်းနိုင်ရုံသာမက လိုအပ်သည့်အခါ၌လည်း တိုက်ခိုက်နိုင်ကာ သူ့သား၏ ခန္ဓာကိုယ်မှ အဆိပ်ကိုလည်း စုပ်ယူကာ ကူညီပေးနိုင်ခဲ့သည်။ လီချန်ချင်းနားမလည်နိုင်သည့်အရာမှာ စိတ်ဝိဉာဉ်ပန်းချီတစ်ခုက အသားနှင့် အရိုးအများကြီးစားရခြင်းကို ဘာကြောင့် နှစ်သက်နေရသလဲဆိုသည်ကိုပင်။
ကီလိမီတာ တစ်ရာတိုင်းတွင် အရိုးနှစ်ရိုးကို စားသောက်ခဲ့သည်။ ညရောက်လာသည့်အခါတွင် လီချန်ချင်းသည် အမှောင်ထဲတွင်သွားလာရန်အစီအစဉ်မရှိခဲ့ပေ။ သူ၏ အမြင်၌ ဆန်းကြယ်သည့် ကမ္ဘာကြီးထဲမှ ညအချိန်များသည် အလွန်အန္တရာယ်များပေသည်။
ထို့ကြောင့် သူသည် မြို့ငယ်လေးတစ်မြို့ကို ရှာဖွေကာ တစ်ညတာအတွက် အိပ်စက်ရန် အခန်းငယ်တစ်ခန်းကို ငှားခဲ့ပြီး နောက်တစ်နေ့တွင် ခရီးဆက်ခဲ့သည်။
လုကျင်းမြို့ ချန်ချင်းကုန်သွယ်ရေး၌ ယန်လီရှန့်သည် ကံကြမ္မာကြောင်တစ်ကောင် လက်ခံရရှိခဲ့သည်။ သူသည် ဤအရာက အဘယ်ကြောင့် ထိုမျှထူးဆန်းနေရသည့် အကြောင်းကို သိချင်ခဲ့သော်လည်း ယန်ပါးထောင်၏ ညွှန်ကြားချင်အတိုင်း ဝင်ပေါက်နှင့်မျက်နှာချင်းဆိုင်ကာ နေရာကောင်းတစ်ခုတွင် ချထားဆဲဖြစ်သည်။
"ကြွယ်ဝမှုတွေကို စုဆောင်းပေးတာလား" စာထဲ၌ရေးထားသည့် အချက်ကိုတွေ့ပြီး ယန်လီရှန့်သည် ခပ်ပေါ့ပေါ့သာ တွေးပြီးနောက် တချက်သာ ပြုံးလိုက်လေသည်။ ကြွယ်ဝခြင်းအားစုဆောင်းသည့်စွမ်းရည်သည် အလွန်သဘာဝလွန်ဖြစ်ပေသည်။ ယန်လီရှန့်၏ အမြင်၌ နတ်ဘုရားတို့၏ ကာကွယ်မှုကို တောင်းခံနေခြင်းနှင့်အတူတူပင်ဖြစ်သည်။
စာအရ ဤအရာသည် ဤအရာသည် ကုန်သွယ်ရေးကုမ္ပဏီအား အမှာစာများစွာနှင့် ဆုမွန်ကောင်းပေးနိုင်ပေသည်။ သို့သော်လည်း ယန်လီရှန့်သည် ၎င်းအားဖြစ်နိုင်ချေရှိသည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော် လုကျင်းမြို့၌ အမှာစာတင်ထားသည့် ကုန်သည်များသည် ပြည့်လျှံနေပြီဖြစ်သောကြောင့်ဖြစ်သည်။
အမှာစာတင်ရန် ကုန်သည်များမရှိကြတော့ပေ။ ထိုတိုင်းတစ်ပါးကုန်သည်များသည် အမှာစာတင်ရန် ဖြစ်နိုင်ချေနည်းပေသည်။ အများဆုံးမှာ သူတို့၏မိသားစုများမြည်းစမ်းရန်အတွက် ဒေသထွက် အထူးထုတ်ကုန်အဖြစ် သေတ္တာအနည်းငယ်ကို အိမ်ကိုယူဆောင်သွားပေလိမ့်မည်။ ထိုနေ့များတွင် သူတို့အားလုံးထဲမှ အများစုသည် တစ်ဦးချင်းဖောက်သည်များဖြစ်ကြသည်။
ထို့ကြောင့် ယန်လီရှန့်သည် ကံကြမ္မာကြောင်၏ အစွမ်းအစကို များစွာအာရုံမစိုက်ခဲ့ပေ။ သူသည် ၎င်းအား အပြင်အဆင်တစ်ခုအဖြစ် သဘောထားခဲ့သည်။ ၎င်းသည် ထူးဆန်းသော်လည်း အတော်လေး ကြည့်ကောင်းပေသည်။
ယနေ့တွင် လုကျင်းမြို့၏ ရာသီဥတုသည် ထူးထူးခြားခြား သာယာနေခဲ့သည်။ မနေ့က မိုးရွာခဲ့ပြီး လေထုက လတ်ဆတ်နေခဲ့သည်။ ဤအချိန်တွင် မြို့အနောက်တံခါးဆီသို့ ခရီးသွားလှည်းတန်းတစ်ခုဝင်ရောက်လာခဲ့သည်။ လှည်းတန်းအားဦးဆောင်လာသည့်လူသည် မြင်းတစ်ကောင်ကို ဦးဆောင်လာခဲ့ပြီး ကုန်ပစ္စည်းများတင်ဆောင်လာသည့် ကြီးမားသည့် လှည်းများက နောက်မှပါလာခဲ့သည်။
သူ၏ သားရေဖိနပ်သည် ရွံ့များဖုံးလွှမ်းနေပြီး အပြင်ဘက်လမ်းမက ရွံ့များထူထပ်နေသောကြောင့်ဖြစ်နိုင်ပေသည်။ သူသည် ရွံ့များကို မြေကြီးပေါ်သို့ ပွတ်ချနေခဲ့သည်။ ထို့နောက် သူ၏ သားရေ အပေါ်ဝတ်ရုံကို သမာန်ကာလျှံကာချွတ်ကာ သူ့နောက်ရှိ လှည်းကြီးပေါ်သို့ ပစ်တင်ခဲ့သည်။
သူသည် အနည်းငယ် ဝဖိုင့်နေပြီး အလွန်ချမ်းသာပုံပေါ်သည်။ သူဝတ်ထားသည့် သားရေအပေါ်ဝတ်ရုံသည် အရည်အသွေးမြင့်မားပြီး သူ့ခေါင်းထက်က ဦးထုပ်သည် အတော်အတန် တန်ဖိုးရှိပုံပေါ်သည့် ကျောက်များဖြင့် စီခြယ်ထားခဲ့သည်။
"ဒီလမ်းက တကယ်သွားဖို့ခက်တာပဲ" လူကြီးသည် မကျေမနပ်ညည်းညူကာ လှည်းအတွင်းရှိလူများကို လှည့်ပြောခဲ့သည်။ "အားလုံးပဲ ၊ အနားယူကြမယ်။ ကုန်ပစ္စည်းတွေကိုပြင်ဆင်ကြ။ ပိုပြီးကြည့်ကောင်းအောင်လုပ်ကြ။ မညစ်ပတ်စေနဲ့"
"လူအိုကြီး မို ၊ သူတို့ကို ပစ္စည်းတွေပို့ဖို့ ခေါ်သွား ပြီးတော့ စားသောက်ဖို့နဲ့ အနားယူဖို့ နေရာတစ်နေရာရှာ ၊ ကုန်တွေထပ်ဖြည့်။ ငါလုပ်စရာရှိတယ်" ပြောပြီးသည့်နောက်တွင် ထိုလူသည် ထွက်သွားခဲ့သည်။
"ဥက္ကဌ ဘာလုပ်မလို့လဲ" အသားညိုညိုနှင့် လူငယ်တစ်ယောက်သည် အနားကပ်လာပြီး စပ်စုစွာမေးခဲ့သည်။
"သူဘာလုပ်နိုင်မှာလဲ။ စားဖို့ သွားနေတာ" ကြိုးကို ဆွဲနေသည့် လူအိုကြီး မိုသည် သူ့အားတစ်ချက်ကြည့်ကာ ကူကယ်ရာမဲ့စွာပြောခဲ့သည်။ "လုကျင်းမြို့ကို လာတဲ့အခေါက်တိုင်း ဥက္ကဌက အစားအသောက်ကောင်းတွေစားတယ်။ ငါခန်းမှန်းတာတော့ သူက ထုံရှန့် မျှော်စင်ကို ထပ်သွားတာထင်တယ်"
ထုံရှန့် မျှော်စင်။
လုကျင်းမြို့၌ အကြီးဆုံးစားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။ လူဝကြီးသည် စားသောက်ဆိုင်အတွင်းသို့ ဝင်လာသည့်အခါ၌ ဆိုင်ရှင်၏ မျက်လုံးများသည် တောက်ပသွားပြီး အမြန်ထွက်လာကာ အပြုံးနှင့်ပြောခဲ့သည်။ "အစ်ကို ဖန့်ယီ မဟုတ်လား"
"ရှားရှားပါးပါးဧည့်သည်ပဲ။ မတွေ့ရတာအရမ်းကြာနေပြီ။ အများကြီး သတိရနေတာ!" ဆိုင်ရှင်သည် သူ့အားအလျင်စလိုနှုတ်ဆက်ခဲ့သည်။ ဤချမ်းသာသည့် ဖောက်သည် သည် သူလာသည့်အခါတိုင်း ဟင်းပွဲအများအပြားကို အမြဲတမ်းမှာယူလေ့ရှိသည်။
"ဟားဟား ၊ ငါ့ကို မြှောက်ပင့်မနေပါနဲ့။ ငါလတိုင်းလာပါတယ်" ဖန်းယီသည် ထိုင်ခုံတစ်ခုရှာကာ ထိုင်ပြီးနောက် အလျင်စလိုပြောခဲ့သည်။ "မြန်မြန် ၊ ငါမင်းဆိုင်က ဟင်းတွေကို စားချင်နေတာ သေတော့မယ်။ ထုံးစံအတိုင်းယူလာခဲ့"
"ကောင်းပါပြီ ၊ အခုချက်ချင်းစီစဉ်လိုက်ပါမယ်" ဆိုင်ရှင်သည် စီစဉ်ရန်အမြန်ထွက်သွားခဲ့သည်။ ဖန်းယီသည် သူ၏ဟင်းများကို စောင့်နေရင်း ပြတင်းပေါက်အပြင်ဘက်၌ သွားလာနေသည့် လူများကို စောင့်ကြည့်နေကာ ဤတစ်ခေါက်ကုန်ပစ္စည်းအသုတ်အကြောင်းလည်း တွေးနေခဲ့သည်။
ယခင်က လုကျင်းမြို့မှ ပြန်ဝယ်ခဲ့သည့် ကုန်ပစ္စည်းများသည် အရင်ကလောက်ရောင်းမကောင်းပေ။ ဤတစ်ခေါက်တွင် သူသည် စီးပွားရေးအခွင့်အလမ်းအသစ်တစ်ချို့ကို ရှာဖွေသင့်ပေသည်။
ဖန့်ယီတွေးနေသည့်အခိုက်တွင် ထူးခြားသည့် ရနံ့တစ်ခုပျံ့လွင့်လာခဲ့သည်။ ဖန့်ယီ၏ နှာခေါင်းသည် တရှုံ့ရှုံ့လုပ်ကာ အနံ့လာရာလမ်းကြောင်းကို လျင်မြန်စွာကြည့်ခဲ့သည်။
သူ့အနောက်ရှိစားပွဲတွင် စားသုံးသူတစ်ယောက်သည် တစ်ခုခုစားနေသည်ကိုတွေ့ခဲ့သည်။ အနံ့သည် အလွန်စွဲမက်ဖွယ်ကောင်းကာ ဤအနံ့သည် ဖန့်ယီပထမဆုံးအကြိမ်ရဖူးသည့်အနံ့ဖြစ်သည်။
ဤသည်က အစပ်အနံ့ဖြစ်ကာ ဝိဉာဉ်ချိတ်တံစဉ်ကဲ့သို့ ဖန့်ယီအား ချက်ချင်းကျဆုံးသွားစေခဲ့သည်။
"စားပွဲထိုး ၊ စားပွဲထိုး" ဖန့်ယီ သည် စားပွဲထိုးကို အမြန်ခေါ်ခဲ့သည်။
"လူကြီးမင်း ဘာမှာချင်လို့ပါလဲ" စားပွဲထိုးသည် အမြန်ပြေးလာခဲ့သည်။
"အဲ့ဒီဟင်းပွဲက ဘာလဲ။ ငါအရင်က ဘာလို့ အဲ့ဒါကို မသိရတာလဲ" ဖန့်ယီသည် စားပွဲကို ညွှန်ပြကာ အလျင်စလိုမေးခဲ့သည်။
စားပွဲထိုးသည် တစ်ချက်ကြည့်ကာ ပြုံးပြပြီးပြောခဲ့သည်။ "လူကြီးမင်း အဲ့ဒီတစ်ခုကို ပြောနေတာလား။ အဲ့တာက ဖားစွပ်ပြုတ် ၊ ငါးစွပ်ပြုတ် နဲ့ နောက်တစ်ခုက ပိန်းဥဘဲကင်ပါ"
"အဲ့ဒီဟင်းတွေက ဘာတွေလဲ။ ငါတစ်ခါမှမကြားဖူးဘူး" ဖန့်ယီသည် အံ့ဩနေခဲ့သည်။ မင်းတို့စားသောက်ဆိုင်က ဟင်းပွဲအသစ်တွေထွက်ထားတာလား"
"ဟုတ်ပါတယ်။ မီနူးကိုတစ်ချက်ကြည့်ကြည့်ပါ" စားပွဲထိုးသည် မီနူးကိုယူလာခဲ့ပြီး ပြောခဲ့သည် " ဒီဟင်းတွေကို စီချွမ်အစားအစာလို့ခေါ်ပြီး အများစုက စပ်ပါတယ်။ ဒါပေမယ့် မစပ်တာတွေလည်းရှိပါတယ်။ စားကြည့်ချင်ပါသလား"
"စားကြည့်မယ်။ အကြံနည်းနည်းပေးဦး" ဖန့်ယီသည် ချက်ချင်း စိတ်ဝင်စားခဲ့သည်။
"ကောင်းပါပြီ" ထို့နောက် စားပွဲထိုးသည် ဖန့်ယီအား နာမည်ကြီးသည့် ဟင်းပွဲတချို့ကို အကြံပေးခဲ့ပြီးနောက် ပြင်ဆင်ရန် အမြန်ထွက်သွားခဲ့သည်။
ဖန့်ယီသည် နောက်သို့ မကြာမကြာလှည့်ကြည့်ရင်း သားရေကျနေခဲ့သည်။ သူသည် မဟာယွမ်မင်းနေပြည်တော်မှဖြစ်ကာ ကုန်ပစ္စည်း ပို့ဆောင်ရန် မဟာယွမ်မင်းနေပြည်တော်မှ လုကျင်းမြို့သို့ လတိုင်း ခရီးထွက်ရပေသည်။ မဟာယွမ်မင်းနေပြည်တော်မှ လူများသည် စပ်သည့်အစားအစာများကို နှစ်သက်ကြပြီး ထုံရှန်းမျှော်စင်မှ အစပ်ဟင်းပွဲတစ်ချို့သည် အလံန်အရသာရှိပေသည်။
ရှားရှားပါးပါး ကြော်ထားသည့် ဟင်းများသာ ရောင်းချသည့် မဟာယွမ်မင်းနေပြည်တော်တွင် ဖန့်ယီသည် သူ၏ ပြင်းပြသည့်ဆန္ဒကို လုကျင်းမြို့ကို လာသည့်အခါတွင်သာ ကျေနပ်နိုင်ပေသည်။
သိပ်မကြာခင်တွင် ဟင်းပွဲတစ်ချို့ ရောက်လာခဲ့သည်။
"မြန်သားပဲ!" ဖန့်ယီသည် အတော်လေး အံ့အားသင့်နေခဲ့သည်။ ဟင်းတစ်ခွက်ချက်ပြုတ်ရန်ဘယ်လောက်ကြာသည်ကို သူသိထားပေသည်။ သို့သော်လည်း သူ့ရှေ့မှဟင်းပွဲသည် အလွန်လျင်မြန်စွာရောက်လာခဲ့သည်။
ခုနက သူမှာထားသည့် ဟင်းပွဲများက ရောက်မလာသေးပေ။
"လူကြီးမင်းရဲ့ ပိန်းဥဘဲကင် ၊ တိုဖူးအစပ်ကြော် ၊ ဝက်သားလွှာစွပ်ပြုတ် ၊ ငါးစွပ်ပြုတ် နဲ့ ကြက်အစပ်ဟင်း တို့ ရပါပြီ။ လူကြီးမင်းရဲ့ ဟင်းတွေကို ခံစားလိုက်ပါ" စားပွဲထိုးက အပြုံးဖြင့်ပြောခဲ့သည်။
ဖန့်ယီသည် တူကိုကောက်ယူရန်မစောင့်နိုင်တော့ဘဲ ငါးစွပ်ပြုတ်ကို တစ်လုပ်စားခဲ့သည်။ သူ့ပါးစပ်ထဲသို့ ငါးရောက်လာသည်နှင့် သူ့ခေါင်းထဲတွင် စကားလေးလုံးပေါ်လာခဲ့သည်။
စပ်တယ် ၊ ထုံတယ် ၊ လတ်ဆတ်တယ် ၊ မွှေးကြိုင်တယ်! ငါးက နူးအိနေပြီး အရိုးမပါဘဲ အစပ်နှင့် အထုံ၏ ထူးကဲ့သည့်အရသာကြားတွင် ၎င်း၏ လတ်ဆတ်မှုက မွှေးကြိုင်နေခဲ့သည်။ ဖန့်ယီသည် စပ်သည့်အစားအစာကို နှစ်သက်ပေသည်။
မဟာယွမ်မင်းနေပြည်တော်သည် အလွန်အေးကာ ငရုတ်သီးသားခြင်းက အလေ့အကျင့်ဖြစ်လာခဲ့ပြီးဖြစ်သော်လည ဤအစပ်နှင့် အထုံအရသာသည် ဖန့်ယီအား အံ့ဩမှုကို ပေးစွမ်းနေဆဲဖြစ်သည်။
ထို့နောက်သူသည် တို့ဖူးကို ဇွန်းအပြည့်ခပ်စားခဲ့သည်။ အစပ်အရသာနှင့်ရောနေသည့် အိစက်နေသည့် တို့ဖူးပူပူနွေးနွေးသည် အမဲသားနှင့် ပဲပိစပ်ေဆာ့၏ တမူထူးသည့် အရသာနှင့်ရောစပ်နေခဲ့သည်။
တို့ဖူးအစပ်ကြော်၏ ဆော့ထဲတွင် အသားနှင့်အသီးအရွက်၏ ပေါင်းစပ်ထားခြင်းသည် ပါးစပ်ထဲတွင် အရသာရှိသည့် အခန်းကဏ္ဍတစ်ခုကို ဖန်တီးနေခဲ့သည်။
ကိုက်လိုက်တိုင်း ပူလောင်နေပြီး သူ၏ ပါးစပ်အား အပူလောင်သွားနိုင်သည်အထိ ခံစားရကာ သူ၏ လျှာအားသက်သာစေရန်အတွက် မွှေပေးရန်လိုအပ်သော်လည်း မတတ်နိုင်ဘဲ တစ်ဇွန်းပြီး တစ်ဇွန်းစားနေခဲ့သည်။
အပူရှိန်က တို့ဖူး၏ အရသာကို ထပ်ပြီး တိုးလာစေကာ ၎င်းအား တောင့်မခံနိုင်တော့ပေ!
ဖန့်ယီ အသိဝင်လာသည့်အချိန်၌ သူသည် တို့ဖူးအစပ်တစ်ပန်းကန်အား စားပြီးနေပြီဖြစ်ကြောင်း တွေ့ခဲ့သည်။ အရမ်းအရသာရှိလှပေသည်။
ထိုအချိန်တွင် ဖန့်ယီထံ၌ ချွေးများစိုရွှဲနေခဲ့သည်။ သူ၏အစာအိမ်အတွင်းမှ အစာများ၏ နွေးသည့် ခံစားချက်သည် သူ၏ နှုတ်ခမ်းများကို ပူလာစေပြီး သူ၏စိတ်ဝိဉာဉ်ကိုပင် ရိုက်ခတ်ခဲ့သည်။ မယုံနိုင်စရာကောင်းလောက်အောင် သက်တောင့်သက်သာဖြစ်လှသည်။
ထိုအချိန်တွင် ဖန့်ယီအရင်မှာထားသည့် ဟင်းပွဲများသည်လည်း ရောက်လာခဲ့သည်။သူကြိုက်ခဲ့သည့် ဟင်းပွဲများကို ကြည့်ရင်း ဘာကြောင့်မှန်းမသိ တူကိုင်ရန် နည်းနည်းပျင်းစရာကောင်းသည်ဟု ခံစားခဲ့ရသည်။
သူသည် အသားတစ်ပိုင်းကို ကောက်ယူကာ စားလိုက်သော်လည်း ဖန့်ယီသည် မျက်မှောင်ကြုတ်ခဲ့သည်။ အရသာက အရင်ကနဲ့ တကယ်တူပေမယ့် အရသာက လုံးဝမကောင်းပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုစီချွမ်ဟင်းပွဲများက အမှန်တကယ် အံ့ဩစရာပင်။
"စားပွဲထိုး လာစစ်ဆေးပါဦး" နာရီဝက်ခန့်ကြာပြီးသည့် နောက်တွင် ဖန့်ယီသည် နောက်ဆုံးတွင် အဝဖြည့်ခဲ့ပြီး အစပ်ဟင်းရည်အားလုံးကို ပင်သောက်နေခဲ့သည်။
ထိုစီချွမ်ဟင်းပွဲတိုင်း၌ သူမတူသည့် အရသာများရှိကြပြီး ဖန့်ယီသည် မရပ်တန့်နိုင်ခဲ့ပေ။ ဖန့်ယီသည် မနက်ဖြန်မနက်တွင် လုကျင်းမြို့မှ ထွက်ခွာမည်ဟု တွေးထားသော်လည်း ထိုအစား သူသည် နောက်ထပ် နေ့လည်စာတစ်နပ်စားရန် နေ့လည်မှထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။
မဟာယွမ်မင်းနေပြည်တော်သို့ ပြန်လာပြီးသည့်နောက်တွင် ထိုကဲ့သို့ အစားအစာကောင်းများကို မစားနိုင်ရင် ဘယ်လိုလုပ်ရမလဲ။
"လူကြီးမင်းရဲ့ ဟင်းလျာတွေကို နှစ်သက်ပါရဲ့လား" စားပွဲထိုးက အပြုံးနှင့်မေးခဲ့သည်။
"အရသာရှိတယ်" ဖန့်ယီ၏မျက်နှာထက်တွင် ကျေနပ်နေသည့် အရိပ်အယောင်ရှိနေခဲ့ပြီးနောက် သူသည် ပေါ့ပေါ့ပါးပါးသက်ပြင်းချခဲ့သည်။
"မဟာယွမ်မင်းနေပြည်တော်ကို ပြန်ရောက်တာနဲ့ ဒါတွေကို နောက်ထပ်မစားနိုင်တော့ဘူး။ နောက်လမှာ မင်းတို့ဆိုင်ကို နောက်တစ်ခေါက်စားဖို့ ပြန်လာခဲ့မယ်"
ဖန့်ယီပြောသည်ကိုကြားပြီး စားပွဲထိုးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ ဆိုင်ရှင်မရှိသည်ကို တွေ့သောကြောင့် သူက တိုးတိုးပြောခဲ့သည်။ "လူကြီးမင်း မဟာယွမ်မင်းနေပြည်တော်ကို ပြန်ရောက်တဲ့နောက်မှာလည်း ဒါတွေကို စားနိုင်ပါသေးတယ်။ ကျွန်တော်ပြောပြမယ်။ ဒါတွေကို အသင့်စားအစားအစာတွေလို့ခေါ်တယ်။ လုကျင်းမြို့က ချန်ချင်းကုန်သွယ်ရေးမှာ ရောင်းတယ်"
"အသင့်စားအစားအစာလား" ဖန့်ယီသည် အတော်လေးအံ့အားသင့်ကာ အလျင်စလိုမေးခဲ့သည်။ "ငါ့ကို ပိုပြီးပြောပြပါဦး" ထို့နောက် စားပွဲထိုးလေးသည် ဖန့်ယီအား ချန်ချင်းကုန်သွယ်ရေးမှ အသင့်စားအစားအစာများအကြောင်း ပြောပြခဲ့သည်။
ဤသည်ကိုကြားပြီး ဖန့်ယီ၏ မျက်နှာသည် အလွန်စိတ်လှုပ်ရှားကာ သူ၏ပါးပြင်များသည် တုန်ခါသွားခဲ့သည်။
"မင်းပြောတာ အမှန်ပဲလား။ ဒီပစ္စည်းတွေက အိမ်မှာ အိုးထဲထည့်ပြီး အပူပေးရုံနဲ့ အဆင်သင့်စားလို့ရတယ်လား။ ပြီးတော့ ရေခဲအခန်းထဲမှာ အချိန်အကြာကြီးသိမ်းထားနိုင်တယ်လား။ စားချင်တဲ့ အချိန်မှာ ထုတ်စားနိုင်တယ်လား" ဖန့်ယီ၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။
"ဟုတ်ပါတယ်" စားပွဲထိုးသည် ခေါင်းကို ထပ်ခါထပ်ခါ ညိမ့်ခဲ့သည်။
"လူကြီးမင်း အခုစားခဲ့တာတွေအားလုံးက ရေခဲအခန်းထဲက ထုတ်ပြီး လာမချခင်မှာ အပူပေးခဲ့တာပါ။ မဟုတ်ရင် ဒီလောက်မြန်မြန်နဲ့ ဘယ်လိုလုပ်ပြင်ဆင်နိုင်မှာလဲ"
"ကောင်းတယ်။ ချန်ချင်းကုန်သွယ်ရေးကို တစ်ခါလောက်သွားကြည့်ရမယ်" ဖန့်ယီသည် အရသာရှိသည့် အစားအစာများစားရန် စိတ်လှုပ်ရှားနေရုံသာမက စီးပွားရေးအခွင့်အလမ်းတစ်ခုကိုလည်း ရှာတွေ့သွားခဲ့ခြင်းဖြစ်သည်။
"လူကြီးမင်း" စားပွဲထိုးသည် အလျင်စလိုပြောခဲ့သည်။ "ချန်ချင်းကုန်သွယ်ရေးကို သွားတဲ့အခါကျရင် ကျေးဇူးပြုပြီး ဆိုင်ရှင် ယန် ကို ကျွန်တော်တို့စားသောက်ဆိုင်က ဝူရှောင်းလျှို က ညွှန်းလိုက်တာလို့ ပြောပေးပါ။ အဲ့လိုပြောပေးရမယ်နော်"
"စိတ်မပူပါနဲ့!" ဖန့်ယီသည် ကျေကျေနပ်နပ်သဘောတူခဲ့သည်။ ထို့နောက် သူသည် ကျသင့်ငွေရှင်းရုံသာမက ဝူရှောင်းလျှိုအား ဘောက်ဆူး ငွေတုံး ငါးတုံး ကိုလည်း ပေးခဲ့သည်။
ဤသည်က ဝူရှောင်းလျှိုအား အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ ငွေတုံးငါးတုံး! သူ၏ တစ်လ လစာသည် ငွေတုံး တစ်တုံးကျော်သာဖြစ်သည်။
အကယ်၍ ဖန့်ယီသည် ချန်ချင်းကုန်သွယ်ရေးမှ အသင့်စားအစားအစာများဝယ်ယူခဲ့ပါက သူက ဝန်ဆောင်ခလည်း ရပေလိမ့်မည်။။ လုကျင်းမြို့ရှိ စားသောက်ဆိုင်အသီးသီးတွင် ချန်ချင်းကုန်သွယ်ရေးက စည်းရုံးထားသည့် စားပွဲထိုးများစွာရှိပေသည်။ စားသုံးသူများကို အသင့်စားအစားအစာဝယ်ယူရန် အကြံပေးနေသရွေ့ အမှာစာတွင် ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းကို ရရှိနိုင်ပေသည်။
နေ့လည်ရောက်ပြီးသည့်နောက်တွင် ချန်ချင်းကုန်သွယ်ရေး၌ လူနည်းသွားပြီဖြစ်သည်။ ယန်လီရှန့်သည် လမ်းထွက်လျောက်ရန် တွေးနေသည့်အချိန်တွင် သူသည် ဝဝဖိုင့်ဖိုင့်လူတစ်ယောက်ကို တွေ့ခဲ့သည်။
"ဆိုင်ရှင် ယန် က ဘယ်သူလဲ" ဖန့်ယီသည် ဝင်လာလာချင်း ပတ်ပတ်လည်ကို ကြည့်ခဲ့သည်။ ကုန်သွယ်ရေးလုပ်ငန်းအသစ်တစ်ခုသို့ ပထမဆုံးရောက်လာခြင်းဖြစ်သည်။
"ကျုပ်ပဲ" ယန်လီရှန့်သည်လည်း ရှေ့ထွက်လာခဲ့ပြီး တစ်ဖက်လူအား စပ်စုစွာကြည့်နေခဲ့သည်။ တစ်ဖက်လူက သားရေဘွတ်ဖိနပ်နှင့် သားရေ ဦးထုပ်ကို ဆောင်းထားသည်ကို တွေ့ပြီး ထိုလူသည် လုကျင်းမြို့သို့ ကုန်ပစ္စည်းအတွက်ရောက်လာသည့် မဟာယွမ်မင်းနေပြည်တော်ကကုန်သည်ဖြစ်ရမည်ဟု ချက်ချင်းသတိထားမိခဲ့သည်။
"လူကြီးမင်း ၊ ဘာများကြည့်ချင်ပါသလဲ" ယန်လီရှန့်သည် အပြုံးနှင့်ပြောခဲ့သည်။ "ကျွန်တော်တို့မှာ အရည်အသွေးမြင့်တာနဲ့ တန်ဖိုးနည်းတာ အားလုံးရှိပါတယ်။ လွတ်လွတ်လပ်လပ်ကြည့်ပါ"
"ဒီမှာ အသင့်စားအစားအစာရှိလား။ ကျုပ်ကို ထုံရှန့်အဆောက်အဦးက ဝူရှောင်းလျှို က ညွှန်းလိုက်တာပါ။သူက ဒီနေရာမှာ အသင့်စား အစားအသောက်တွေရောင်းတယ်လို့ပြောတယ်" ဖန့်ယီသည် စိတ်အားထက်သန်စွာမေးခဲ့သည်။ သူသည်တခြားဘာကိုမှစိတ်မဝင်စားပေ။ အသင့်စားအစားအစာများကိုသာ ဝယ်ချင်ပေသည်။
"အာ ဟုတ်ပါတယ်" ယန်လီရှန့် သည် ဖန့်ယီက အသင့်စားအစားအသောက်များဝယ်ရန်ရောက်လာသည်ဟု ထင်မထားခဲ့ပေ။
"စွန်းတု ၊ မီနူးယူခဲ့ပါဦး" ယန်လီရှန့် ခေါ်လိုက်သည့် လူငယ်လေးသည် မီနူးကို လျင်မြန်စွာယူလာခဲ့ပြီး ဖန့်ယီထံသို့ ကမ်းပေးခဲ့သည်။
ဖန့်ယီသည် သေသေချာချာကြည့်လိုက်ပြီး မီနူးပေါ်တွင် အမှန်တကယ်ပင် ဟင်းပွဲအမျိုးအစားများစွာရှိသော်လည်း သူက စီချွမ်အစားအစာများကိုသာ စိတ်ဝင်စားပေသည်။
ဖန့်ယီသည် ဤအသင့်စားအစားအစာများသည် မဟာယွမ်မင်းနေပြည်တော်တွင် သေချာပေါက် ကြီးမားသည့်ဈေးကွက်တစ်ခုဖြစ်လာလိမ့်မည်ဟု ခံစားခဲ့ရသည်။
မဟာယွမ်မင်းနေပြည်တော်မှ လူများသည် အစားကောင်းကို နှစ်သက်သူများဖြစ်ကြသည်။ ကြော်ထားသည့် အစားအစာများသည် ချက်ပြုတ်ရန် မဟာယွမ်မင်းနေပြည်တော်တွင် ရောင်းချရန်မလွယ်ကူသော်လည်း ကြော်ထားသည့် ဟင်းလျာများသည် ချက်ပြုတ်ရန်မခက်ခဲပါက ကင်ထား ၊ ပြုတ်ထားသည့် ဟင်းများထက် ပို၍ ရောင်းကောင်းပေလိမ့်မည်။
အသင့်စားအစားအစာများကို ထိန်းသိမ်းရန်လိုအပ်သည့် ရေခဲအခန်းကတော့ ဖန်းယီသည် ရယ်ရုံသာရယ်ခဲ့သည်။ မဟာယွမ်မင်းနေပြည်တော် တစ်ခုလုံးသည် တစ်နှစ်ပတ်လုံးနှင်းများဖုံးလွှမ်းနေသောကြောင့် ဘယ်ရေခဲအခန်းလိုအပ်နေမှာလဲ။
နေရာတိုင်းက ရေခဲအခန်းဖြစ်နိုင်ပေသည်။ ထို့ကြောင့် ဤအသင့်စားအစားအစာများက အလားအလာရှိသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
"အမဲသားတို့ဖူးအစပ်ကြော် ၊ ဘဲနှပ် ၊ ကြက်အစိမ်းကြော်အစပ် ၊ ငါးစွပ်ပြုတ် ၊ ဝက်သားလွှာစွပ်ပြုတ်" ဖန့်ယီသည် အရင်ဆုံး နေ့လည်က သူစားခဲ့သည့် ထိုဟင်းငါးပွဲကို ဝယ်ပြီး သူပြန်သည့်အခါ၌ စမ်းကြည့်ရန်ဆုံးဖြတ်ခဲ့သည်။
"ကောင်းပါပြီ ၊ ဘယ်လောက်များများလိုချင်ပါသလဲ" ယန်လီရှန့်သည် မေးခဲ့သည်။ "တစ်မျိုးကို တစ်ထောင်စီယူတာပေါ့" ဖန့်ယီသည် စဉ်းစားကာ ဒီတစ်ခေါက် ကုန်သွယ်ရေးခရီးစဉ်အတွက် ထိုအသင့်စားဟင်းလျာများကို ဝယ်ယူရန်သာ ဆုံးဖြတ်ခဲ့သည်။
သူ၏ လှည်းက ဒီလောက်တော့ သယ်နိုင်ရပေမည်။ ယန်လီရှန့်၏ အပြုံးက ရုတ်တရက်မှေးမှိန်သွားခဲ့သည်။ တစ်မျိုးကို တစ်ထောင်စီလား။
အသင့်စားအစားအစာများက ဈေးမနည်းပေ။ ဥပမာအားဖြင့် အမဲသားတို့ဖူးအစပ်ကြော်အား တစ်ပွဲလျှင် ဝမ်ငါးဆယ်ဖြင့် ရောင်းချပေသည်။ တစ်ပွဲလျှင် ငွေစ နှစ်လျှံကျသည့် ပိန်းဥဘဲနှပ် နှင့် ငါးစွပ်ပြုတ်လိုမျိုးဟင်းများကို မဆိုထားနှင့်။
ဤအမှာစာသည် လျန်ပေါင်း သောင်းချီကုန်ကျပေမည်။ ယန်လီရှန့်သည် ထိုကဲ့သို့ များပြားသည့် အမှာစာကို မကြုံဖူးခဲ့ပေ။
"ကျွန်တော်တို့ရဲ့ လက်ရှိကုန်ပစ္စည်းက မလုံလောက်ပါဘူး။ တကယ်လို့ လိုအပ်တယ်ဆိုရင် ရက်နည်းနည်းလောက်စောင့်ရမှာ စိုးရိမ်မိပါတယ်" ယန်လီရှန့်သည် လျင်မြန်စွာပြောခဲ့သည်။ သူတို့၌ သိုလှောင်ထားသည်များရှိပေသည်။ သို့သော်လည်း ထိုမျှများပြားသည့် အရေအတွက်ကတော့ အချိန်တစ်ချို့လိုအပ်ပေသည်။
"ရက်အနည်းငယ်လား"
"သုံးရက်ပါ" ယန်လီရှန့်သည် တွေးတွေးဆဆပြောခဲ့သည်။
"ကောင်းပြီ ၊ သုံးရက်အတွင်းပို့လိုက်ပါ" ဖန့်ယီသည် တစ်ခါတည်း ငွေတုံးငါးထောင်တန်သည့်
ငွေလက်မှတ်ကို ထုတ်ကာ ယန်လီရှန့်ထံသို့ လှမ်းပေးရင်း ပြောခဲ့သည်။ "ဒါက စရံငွေပါ"
"ကောင်းပါပြီ ၊ ကျုပ်နဲ့လိုက်ခဲ့ပါ။ စာချုပ်မှာ လက်မှတ်ထိုးရအောင်" ယန်လီရှန့်သည် ဖန့်ယီနှင့် စာချုပ်ကို အမြန်လက်မှတ်ထိုးခဲ့သည်။
ဖန့်ယီက စိတ်ကျေနပ်ကာပြန်သွားပြီးမှသာလျှင် ယန်လီရှန့်သည် ရုတ်တရက် ကံကြမ္မာကြောင်ရုပ်ကို ကြည့်ပြီး ရေရွတ်ခဲ့သည်။
"ဖြစ်နိုင်လား။ ဒီအရာက တကယ်အလုပ်ဖြစ်တာလား"