ရှေးဟောင်းဆန်းကြယ်သစ်ပင်
Vol. 13 Ch. 121
"ဒီ လာဘ်ခေါ်ကြောင် ဆိုတာက တကယ်ပဲ ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကျဉ်းနိုင်တာလား။ မဟာယွမ်မင်းနေပြည်တော်က ကုန်သည်က အသင့်စားအစားအသောက်တွေအများကြီးကိုဝယ်ဖို့ ဘယ်လိုလုပ် ချန်ချင်းကုန်သွယ်ရေးကို ရုတ်တရက်ရောက်လာရတာလဲ"
"ဒါပေမယ့်လည်း ဝန်ဆောင်ခပေးမယ်လို့ ကတိပေးထားတဲ့ ဝူရှောင်းလျှိုကိုကျေးဇူးတင်ရမယ်"
နောက်တစ်နေ့ နေ့လည်ခင်းတွင် လီချန်ချင်းသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။
အစက လီချန်ချင်းသည် မြောက်ပိုင်းအေးခဲနိုင်ငံက မဟာယွမ်မင်းနေပြည်တော်ကဲ့သို့ အလွန်အေးမည်ဟု ထင်ထားခဲ့သော်လည်း မြောက်ပိုင်းအေးခဲနိုင်ငံသည် သူထင်ထားသကဲ့သို့မဟုတ်ပေ။ နာမည်က လှည့်စားထားခြင်းဖြစ်သည်။ လမ်းတစ်လျောက်တွင် သူသည် တစ်နှစ်ပတ်လုံးနွေဦးရာသီကဲ့သို့ ခံစားခဲ့ရသည်။
နေရာတိုင်းတွင် ပေါများလှသည့် ကောက်ပဲသီးနှံများ ၊ အလွန်တရာလှပသည့် မြို့ငယ်လေးများ နှင့် ကြီးကျယ်ခမ်းနားသည့် မြို့ကြီးများကိုလည်း မြင်နိုင်ပေသည်။ မြို့များထဲတွင် စောင့်ကြပ်နေကြသည့် စစ်သည်များစွာရှိပေသည်။
လီချန်ချင်းသည် မရပ်တန့်ဘဲ မြောက်ပိုင်းအေးခဲနိုင်ငံ၏ မြောက်ပိုင်းအေးခဲမြို့သို့ ပျံသန်းလာခဲ့သည်။ အမှန်တကယ် မြောက်ပိုင်းအေးခဲမြို့သို့ ရောက်လာသည့်အချိန်တွင် ညနေစောင်းနေခဲ့ပြီဖြစ်ကာ ကောင်းကင်က မှောင်စပြုလာခဲ့ပြီဖြစ်သည်။
ပက်ဖြန်းနေသည့်နေရောင်က မြောက်ပိုင်းအေးခဲမြို့ပေါ်သို့ တိမ်းစောင်းကျရောက်နေကာ ဤခမ်းနားထည်ဝါသည့် မြို့ကို ကွဲပြားသည့် အလှတရားတစ်မျိုးကို ပေးစွမ်းနေခဲ့သည်။
ဤသည်မှာ လီချန်ချင်းသည် ချန်ထင်မြို့နှင့် အလွန်ဝေးကွာသည့်အရပ်သို့ ထွက်လာခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထူးဆန်းသည့်ကမ္ဘာတွင် နွေးထွေးသည့်အသိုက်အမြုံမှ အဝေးသို့ ထွက်လာခြင်းသည် ဘဝနှစ်ခုအား ရှင်သန်ခဲ့သည့် လူသားတစ်ယောက်ဖြစ်သည့် လီချန်ချင်းသည်ပင် အနည်းငယ် သတိရှိနေဆဲဖြစ်သည်။ သူ၏ အရင်ဘဝ၌ မြောက်ပိုင်းမှ တောင်ပိုင်းသို့ ရထားစီးလာသည့် ပထမဆုံးအကြိမ်ကဲ့သို့ပင်။
ထို့အပြင် ဤနေရာသည် စိတ်ကူးယဉ်ကမ္ဘာဖြစ်ကာ အပြင်ဘက်၌ ဘယ်လောက်အန္တရာယ်များကြောင်း လီချန်ချင်းသည် တွေးမကြည့်နိုင်ပေ။ ဓားပြများနှင့်ရင်ဆိုင်တွေ့ကာ ကောင်းကင်ထက်မှလူမသိသူမသိ ပစ်ချခံရရန် ဖြစ်နိုင်ချေများပေသည်။
ကံကောင်းထောင်မစွာဖြင့် လမ်းတစ်လျောက်တွင် အရာအားလုံးသည် အဆင်ပြေချောမွေ့နေပြီး လီချန်ချင်းသည် သူက အနည်းငယ် သံသယလွန်ကဲနေသည်ကို ဝန်ခံပေသည်။ ယခုတွင် သူသည် ထိုနေရာသို့ရောက်နေပြီ လီချန်ချင်းသည် အရမ်းမစိုးရိမ်တော့ပေ။
အနည်းဆုံးတော့ ဖေးက သူ့ဘေး၌ရှိနေပြီး လီချန်ချင်းအား ပို၍ သက်တောင့်သက်သာခံစားစေရသည့် အဖော်တစ်ယောက်ဖြစ်ပေသည်။
မြောက်ပိုင်းအေးခဲမြို့တော် အပြင်ဘက်တွင်။
လီချန်ချင်းသည် ဖေးအား သူ၏ပုခုံးပေါ်တွင် လှဲနေသည့် ခွေးပေါက်လေးအဖြစ်ပြောင်းခဲ့ပြီး မြို့တံခါးဆီသို့ ဦးတည်လာခဲ့သည်။
မြောက်ပိုင်းအေးခဲမြို့တော်သည် အမှန်တကယ်ပင် မြောက်ပိုင်းအေးခဲနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည်။ မြို့တံခါးသည် ကြီးမားကာ ခမ်းနားထည်ဝါပြီး လီချန်ချင်းသည် သန်မာသည့် ဖိနှိပ်ခြင်းအရှိန်အဝါတစ်ခုရှိသည့် ဤတံခါးရှေ့တွင်ရပ်နေခဲ့သည်။
မြို့တံခါးသည် မီတာပေါင်းရာချီမြင့်မားကာ ဧရာမကျောက်တုံးကြီးသည် မြောက်ပိုင်းအေးခဲမြို့တော်ဟူသည့် စာလုံးကိုရေးထားသည်။ ထိုစာလုံးများမှ ထွက်ပေါ်နေသည့် အရှိန်အဝါများမှာ ပြင်းထန်သည့်သတ်ဖြတ်ခြင်းနှင့် အေးစက်မှုဖြစ်သည်။
လီချန်ချင်းသည် ဤမြို့တံခါးအောက်၌ မရေမတွက်နိုင်သည့် သူရဲကောင်းဝိဉာဉ်များအား မြှုပ်နှံထားသည်ဟု တွေးကြည့်နိုင်ပေသည်။
ရှေးခေတ်ကတည်းက ဒီလိုမင်းနေပြည်တော်မျိုးက ဘယ်လိုလုပ်ငြိမ်းချမ်းနိုင်မှာလဲ။ ပတ်ဝန်းကျင်ကို ကြည့်တော့ မြို့တံခါး၌ မြို့စောင့်များရှိပေသည်။ သူတို့သည် သံချပ်ကာများကို ဝတ်ဆင်ထားပြီး သူတို့၏မျက်လုံးများသည် သိမ်းငှက်များကဲ့သို့ ဝင်ထွက်နေသည့် လူများကို စူးရဲစွာဖြင့် ကြည့်နေကြသည်။ သူတို့ထဲတွင် ခေါင်းဆောင်စစ်သည်တစ်ချို့သည် ငွေရောင်သံချပ်ကာကိုဝတ်ဆင်ထားကာ သူတို့အားလုံးသည် မူလအဆင့်ကျင့်ကြံခြင်းအဆင့်ရှိကြသည်။
သူတို့၏ ခန္ဓာကိုယ်များသည် သန်မာပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သွေးဆာနေသော စစ်ပွဲအရှိန်အဝါများကြောင့် သွားလာနေကြသော လူများအဖို့ ပြသနာမရှာရဲနိုင်လောက်အောင်ကို ကြောက်ရွံ့နေခဲ့ကြရလေသည်။
တရားဝင်လမ်းမကြီးတစ်လျောက် လျောက်လှမ်းလာပြီး လီချန်ချင်းသည် နောက်ဆုံးတွင် မြို့ထဲသို့ဝင်လာခဲ့သည်။ လမ်းအကျယ်သည် ချန်ထင်မြို့ရှိလမ်းများနှင့်ယှဉ်လျှင် အလွန်ကွာပေသည်။ ဒီနေရာရှိလမ်းများသည် ရထားလုံးဆယ်လုံးအား ပြည့်ကျပ်မှုမရှိဘဲ အလျားလိုက် သွားနိုင်သည်အထိ ကျယ်ဝန်းလှသည်။
လမ်းတစ်ဖက်တစ်ချက်စီတွင် သစ်ပင်များနှင့်ဆိုင်များ မျိုးစုံရှိပေသည်။ လမ်းမကြီးသည် သွားလာနေသည့် လူများဖြင့် အလွန်သက်ဝင်လှုပ်ရှားနေသော်လည်း အဝေးသို့လျောက်ပြီးသည့်နောက်တွင် လီချန်ချင်းသည် လမ်းပေါ်တွင် ဆိုင်များ ခင်းကျင်းနေသည့်သာမန်လူများ၏ အပြုအမူကို တွေ့နိုင်ပေသည်။
ထို့အပြင် လမ်းတစ်လျောက်ရှိ စံအိမ်များသည်လည်း ပြောမပြနိုင်လောက်အောင်ခမ်းနားကာ ထိုနေရာ၌ နေထိုင်သူများအားလုံးသည် အရာရှိမိသားစုများဖြစ်ကြသည်။
ဝင်ထွက်သွားလာနေသည့် သူများအားလုံးသည် အလွန်မြင့်မြတ်သော အရှိန်အဝါများရှိကြသည်။ အစေခံများသည်ပင် သပ်သပ်ရပ်ရပ်ဝတ်စားထားကြပြီး တံခါးဝတွင်ရပ်ထားသည့် ရထားလုံးများသည် အလွန်သက်တောင့်သက်သာရှိကာ ရထားလုံးများအား ဆွဲသည့် မြင်းများသည်ပင် သာမာန်မြင်းများမဟုတ်ဘဲ မြင်းအားလုံးသည် စိတ်ဝိဉာဉ်သားရဲသွေးမျိုးဆက်များပါဝင်နေပြီး လီချန်ချင်းအား တွေဝေသွားစေခဲ့သည်။
"အပြင်ဘက်ကမ္ဘာက တကယ်ကျယ်ပြောတာပဲ။ ဒီနေရာနဲ့ ယှဉ်ရင် ချန်ထင်မြို့က မြို့စွန်မြို့ဖျားသာသာပဲ" လီချန်ချင်းသည် သက်ပြင်းချခဲ့သည်။ သူ့အတွက် ယန်မိသားစုက အတော်ကောင်းမွန်နေပြီဖြစ်သော်လည်း ဒီနေရာနှင့်ယှဉ်ပါက ယန်မိသားစုသည် အတော်ကို သာမာန်ဖြစ်ပေသည်။
လမ်းတစ်လျောက် လျောက်လာရင်းဖြင့် စိတ်ဝင်စားစရာ အများအပြားကို ကြည့်ရှုရင်း လီချန်ချင်း၏ ဗဟုသုတသည်လည်း တိုးလာခဲ့သည်။
လီချန်ချင်းသည် စာအုပ်တစ်ထောင်ဖတ်ခြင်းက မိုင်တစ်ထောင်ခရီးထွက်ခြင်းလောက် မကောင်းဘူးဟု စာအုပ်ထဲ၌ ရေးသားသည့် ဆိုရိုးစကားက တကယ်မှန်သည်ဟု ခံစားခဲ့ရသည်။ သူသည် ဝမ်ရှု မျှော်စင်တွင် စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ခဲ့သော်လည်း ဒီနေရာတွင် မြင်ရကြားရသလောက် မကောင်းပေ။
သို့သော်လည်း လီချန်ချင်းသည် အဆင့်ကျော်ဖြတ်ခြင်း အဆင့်ငါးဆေးလုံးဝယ်ရန် ဒီနေရာသို့ လာရခြင်း၏ရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။လီချန်ချင်းသည် လမ်းတွင် ပို၍ကြီးသည့် ကုန်သွယ်ရေးလုပ်ငန်းနှစ်ခုကို တွေ့ခဲ့သော်လည်း လီချန်ချင်းက အဆင့်ကျော်ဖြတ်ခြင်း အဆင့်ငါးဆေးလုံးအား လိုချင်သည်ဟု ကြားသည်နှင့်ထိုကုန်သွယ်ရေးလုပ်ငန်းများသည် ခေါင်းခါကာ သူတို့၌ မရှိကြောင်းပြောခဲ့သည်။ လေလံပွဲကြီးအား စောင့်မည်ဆိုပါက တစ်ယောက်ယောက်က ထိုအရာကို လေလံပွဲသို့ ယူဆောင်လာနိုင်ခြေ ရှိပေလိမ့်မည်။
သို့သော်လည်း နောက်ထပ်လေလံပွဲအား အနည်းဆုံး နှစ်လအကြာတွင် ကျင်းပမည်ဖြစ်သည်။ လီချန်ချင်းသည် မစောင့်နိုင်ပေ။
သူ့သားသည် အဆင့်တက်ရန်အတွက် ဤဆေးလုံးကို စောင့်နေဆဲဖြစ်သည်။ ထို့ကြောင့် လီချန်ချင်းသည် မှောင်ခိုဈေးကွက်သို့သွားရန်သာ ရွေးချယ်နိုင်ခဲ့သည်။ သို့သော်လည်း ဤတစ်ခေါက်တွင် သူသည် ဒုက္ခရောက်နေပေသည်။ မှောင်ခိုဈေးကွက်က ဘယ်မှာလဲဆိုသည်ကို သူမသိပေ။
သူသည် လမ်းပေါ်ရှိလူတစ်ချို့ကိုမေးခဲ့ပြီး ထိုလူများသည် လီချန်ချင်းအား အံ့ဩစွာကြည့်ကာ ခေါင်းခါရင်း သူတို့လည်းမသိသည်ကို ပြသခဲ့ကြသည်။
လီချန်ချင်းသည် လမ်းပေါ်တွင် ကင်းလှည့်နေသည့် စစ်သည်တစ်ချို့ကိုတွေ့ပြီး သူသည် အစက ထိုစစ်သားများအား သိမလားဟု မေးချင်ခဲ့သော်လည်း ထိုအကြောင်းအားစဉ်းစားပြီးသည့်နောက်တွင် သူသည် လက်လျော့ခဲ့သည်။ တကယ်တော့ မှောင်ခိုဈေးကွက်သည် မမြင်နိုင်သည့်နေရာတစ်ခုဖြစ်ပြီး သူသည် စစ်သည်များမှ မသင်္ကာစရာလူတစ်ယောက်အဖြစ်သတ်မှတ်ကာ အဖမ်းခံရမည်ကို မလိုလားပေ။
တဖြည်းဖြည်းနှင့် ကောင်းကင်သည်လည်း မှောင်လာပြီး လီချန်ချင်းသည် မှောင်ခိုဈေးကွက်ဘယ်မှာရှိလဲဆိုသည်ကို အဖြေမရှာနိုင်ဘဲ အချိန်အတော်ကြာမေးမြန်းခဲ့သည်။
သို့သော်လည်း မှောင်လာပြီးသည့်နောက်တွင် မြောက်ပိုင်းအေးခဲမြို့တော်သည် ထိန်ထိန်လင်းကာ သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ သူသည် ခပ်ဝေးဝေးမှ ဂီတတူရိယာများတီးခတ်နေသည့် အသံကို ကြားခဲ့သည်။ လီချန်ချင်းသည် ထိုအသံနောက်လိုက်ရင်း မြေကွက်လပ်တစ်ခုတွင် သီချင်းဆိုရင်း ကနေကြသည့် အမျိုးသမီးများကိုတွေ့ခဲ့သည်။
လီချန်ချင်းသည် စန်းယွမ်နယ်မြေတွင် လူအများသည် မြေဝိုင်းအက ကနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော်လည်း ဤတစ်ခေါက်တွင် လီချန်ချင်းသည် ရုတ်တရက် သူ့ရှေ့ရှိအရာတစ်ခုထံမှ ဆွဲဆောင်ခံလိုက်ရသည်။
မြေကွက်လပ်ထဲတွင် ရှေးကျသည့် သစ်ပင်တစ်ပင်ရှိသည်။ ဤသစ်ပင်သည် မြေပြင်ထက်မှ ထုတ်လွှတ်နေသည့် အစွမ်းထက်သည့် စွမ်းအင်များဖြင့် ရစ်ပတ်နေပြီး နောက်ဆုံး၌ အကိုင်းအခက်များတွင် စုစည်းသွားကြသည်။ လီချန်ချင်းသည် ရှာဖွေရန် သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကို သုံးပြီးသည့်နောက်တွင် ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။
လီချန်ချင်းသည် ဤသစ်ပင်ကမရိုးရှင်းဟု အတိအကျပြောနိုင်သော်လည်း သူ၏ တိမ်ကောနေသည့် အသိပညာတို့က ဤသစ်ပင်ကဘာလဲဆိုသည်ကို မမှတ်မိနိုင်ခဲ့ပေ။
"ရောင်းရင်း အဲ့ဒီသစ်ပင်က ဘာလဲ" လီချန်ချင်းသည် သူ့နောက်က စိတ်လှုပ်ရှားစွာကြည့်နေသည့် လူတစ်ယောက်ကို သိချင်စွာမေးခဲ့သည်။
"ဒီသစ်ပင်လား" ထိုလူသည် လီချန်ချင်းအား တစ်ချက်ကြည့်ကာ သူသည် လီချန်ချင်းက ထိုမျှလှပသည့် အမျိုးသမီးများ ကပြနေသည်ကို မကြည့်ဘဲ သစ်ပင်အား စိတ်ဝင်စားနေမည်ဟု ထင်မထားခဲ့ပေ။
ဒါပေမယ့်လည်း သစ်ပင်ကို ကြည့်နေတာလား။
ဒီလူက ရူးနေတာလား။
"ရှေးဟောင်း ဆန်းကြယ်သစ်ပင်" ထိုလူက ပြန်ဖြေခဲ့သည်။ "မြောက်ပိုင်းအေးခဲနိုင်ငံမှာ ဘယ်အချိန်ကစပြီး ပေါက်လာသလဲဆိုတာ ကျုပ်မသိဘူး။ ပြီးတော့ ဘယ်အချိန်က စိုက်ခဲ့တယ်ဆိုတာကို ဘယ်သူမှမသိဘူး။ အဲ့တာက ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ရှိခဲ့တာလို့ ပြောကြတယ်"
"ရုတ်တရက်ပေါ်လာတာလား" လီချန်ချင်းသည် ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
"ဒါနဲ့ မှောင်ခိုဈေးက ဘယ်မှာရှိလဲဆိုတာ သိလား" လီချန်ချင်းသည် အသံကိုနှိမ့်၍မေးခဲ့သည်။
"မှောင်ခိုဈေးလား" ထိုလူသည် အံ့အားသင့်သွားခဲ့သည်။ "အဲ့လိုနေရာမျိုးက မြို့ပြင်မှာရှိဖို့ မဖြစ်နိုင်ဘူး။ မြို့တွင်းမှာ ရှိရမယ်။ အဲ့အကြောင်းကို ကြားဖူးပေမယ့် ဘယ်မှာရှိလဲဆိုတာ မသိဘူး။ တကယ်လို့ ခင်ဗျား ရှာချင်တယ်ဆိုရင် မနက်ဖြန်ကျရင် မြို့တွင်းထဲကို လှည့်မေးပေးနိုင်တယ်"
"မြို့တွင်းလား" လီချန်ချင်းသည် ကြောင်အသွားခဲ့သည်။ "ကျုပ်တို့က အခု မြို့ပြင်မှာလား"
"ဟုတ်တယ် ၊ မြို့တွင်းက မြောက်ပိုင်းအေးခဲမြို့တော်ရဲ့ အစစ်အမှန်နေရာပဲ။ တော်ဝင်မိသားစုကလည်း မြို့တွင်းမှာပဲရှိတာ။ ဒါကြောင့် ကျုပ်တို့ မှောင်ခိုဈေးအကြောင်းပြောရမယ်ဆိုရင် မြို့တွင်းမှာပဲဖြစ်နိုင်တယ်။ ဒါပေမယ့် မြို့တွင်းဂိတ်တွေက အခုပိတ်သွားပြီ။ ခင်ဗျားသွားချင်တယ်ဆိုရင် မနက်ဖြန်စောစောသွားသင့်တယ်" ထိုလူသည် လီချန်ချင်းက အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နေသည့် ပုံဖြင့် စကားဆုံးသည်နှင့် အဝေးကို ထွက်သွားခဲ့သည်။
သူသည် ကပြဖျော်ဖြေမှုကို သက်တောင့်သက်သာ ခံစားလိုပြီး လီချန်ချင်း၏ နားလည်ရခက်သည့် မေးခွန်းများကို မဖြေချင်ပေ။ လီချန်ချင်းသည် စဉ်းစားကာ ဤသည်ကဖြစ်နိုင်ချေရှိသောကြောင့် မနက်ဖြန်တွင် မြို့တွင်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ထိုမတိုင်ခင်တွင် လီချန်ချင်း၏ အကြည့်သည် ရှေးဟောင်းဆန်းကြယ်သစ်ပင်ထံတွင် ကျရောက်နေခဲ့သည်။ ရှေးဟောင်းဆန်းကြယ်သစ်ပင်၏ အသားသည် သိသိသာသာကို အရည်အသွေးကောင်းသည့် ပစ္စည်းဖြစ်ကာ ဆန်းကြယ်သည့်အစွမ်းလည်းပါဝင်ပေသည်။ ထိုသစ်သားအနည်းငယ်သာရခဲ့ပါက ပန်းချီရတနာကောင်းတစ်ခုကို ဖန်တီးနိုင်ပေမည်။
လီချန်ချင်းသည် ပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိသည့် ညသန်းခေါင်အချိန်ထိစောင့်ကာ သူကိုယ်တိုင် ခုတ်ရန်စီစဉ်ထားခဲ့သည်။ ထို့ကြောင့် လီချန်ချင်းသည် ပြန်လှည့်ကာ လက်နက်ဆိုင်တစ်ဆိုင်ကို ရှာဖွေပြီး ငွေတုံးဆယ်တုံးဖြင့် ဓားတစ်လက်ဝယ်ခဲ့သည်။
သူသည် ညသန်းခေါင်၌ လုပ်ငန်းစရန် စီစဉ်ထားခဲ့သည်။ သူသည် အနီးနားရှိ တည်းခိုခန်းတစ်ခုကိုရှာကာ အခန်းတစ်ခန်းငှားခဲ့သည်။ လီချန်ချင်းသည် တစ်ခဏမျှအိပ်ပြီး သစ်ခုတ်ရန်အတွက် ညသန်းခေါင်တွင်ပြန်ထရန်ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် သူက မထင်မရှားနေရာတစ်ခုမှ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုကိုသာလျင် ယူဆောင်ခြင်းဖြစ်သောကြောင့် မြောက်ပိုင်းအေးခဲမြို့တော်မှ လူများက သတိထားမိရန် မဖြစ်နိုင်ပေ။
တဖြည်းဖြည်းချင်း ညသန်ခေါင်သို့ ရောက်လာခဲ့သည်။ လီချန်ချင်းသည် ထလာခဲ့သည်။ သူသည် သေသေချာချာနားထောင်ပြီး အပြင်ဘက်ရှိလမ်းမများက တိတ်ဆိတ်နေသည်ကို တွေ့ခဲ့သည်။
" ဝှစ်! ဝှစ်! " ဤအခိုင်အတန့်တွင် လီချန်ချင်းသည် လေထုကို ဖြတ်သန်းလာသည့်အသံတစ်ခုကို ရုတ်တရက်ကြားခဲ့ရသည်။ အသံက ဗရမ်းပတာဖြစ်နေပြီး လူအများကြီးက ပြေးလွှားနေသကဲ့သို့ပင်။
လီချန်ချင်းသည် ဘေးသို့ ကြည့်လိုက်ကာ ခေါင်မိုးပေါ်တွင် ခုန်လွှားနေသည့် အနက်ရောင်အဝတ်အစားများနှင့် ပုံရိပ် ခြေက်ခု ခုနှစ်ခုကို တွေ့ခဲ့သည်။ သူတို့သည် အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်နောက်သို့ လိုက်နေခဲ့ကြသည်။
အဖြူရောင်ဝတ်စုံနှင့် လူသည် ခါးတွင် ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထားပြီး သူ၏ ခါးတွင် သွေးထွက်နေခဲ့သည်။ သူက သိသိသာသာကို ဒဏ်ရာရထားခဲ့သည်။
သို့သော်လည်း အဖြူရောင်ဝတ်စုံနှင့် လူ၏ ပုံရိပ်သည် အေးအေးလူလူလမ်းလျောက်နေသကဲ့သို့ အလွန်လျင်မြန်နေဆဲဖြစ်သော်လည်း နောင်မှလူများက အသည်းအသည်လိုက်နေကြရသည်။
"ကျွမ်းကျင်သူတွေအများကြီးပဲ!" လီချန်ချင်းသည်လည်း ဤသည်ကိုမြင်ပြီး အံ့ဩနေခဲ့သည်။ အနက်ရောင်ဝတ်စုံနှင့် လူခုနှစ်ယောက်သည် မူလအဆင့်များဖြစ်ကြသည်။
သူတို့ထဲမှ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်တွင် ပို၍ ပြင်းထန်သည့် အရှိန်အဝါတစ်ခုရှိပေသည်။ လီချန်ချင်း၏ အမြင်၌ သူသည် ရှမူဟိုင်ထက်ပင် ပို၍ သန်မာပေသည်။
"မဟာသခင်လား" လီချန်ချင်းသည် အတော်လေး ထိတ်လန့်သွားခဲ့သည်။ မူလအဆင့်အထွတ်အထိပ်၌ရှိသည့် သူများကို မဟာသခင်များဟု ခေါ်နိုင်ပေသည်။
ထိုကဲ့သို့ သန်မာသည့် လူတစ်ယောက်သည် ရှားပါးပေသည်။ သူတို့သည် မည်သည့်နေရာ၌ရောက်နေသည်ဖြစ်စေ ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသည်။
"အပြင်ဘက်ကမ္ဘာက တကယ်ကို အန္တရာယ်များတာပဲ။ သတ်ဖြတ်တဲ့ မဟာသခင်တစ်ယောက်ကို ကြုံတွေ့ရတာက သာမန်ပါပဲ" လီချန်ချင်းက သုံးသပ်ခဲ့သည်။
သူတို့အား ရန်မစသည်က ပိုကောင်းပေသည်။ လီချန်ချင်းသည် တိုက်ပွဲမှ သွေးများ စင်ခြင်းကို ရှောင်ရှားရန်အတွက် ခပ်ဝေးဝေးတွင် ပုန်းနေရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် လီချန်ချင်းသည် တစ်ခုခုမှားနေသည်ကို ခံစားခဲ့ရသည်။ အသံကရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြည်လင်သည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။"သန်းခေါင်ကျော်သွားပြီ" အသံ က အလွန်အေးတိအေးစက်ဖြစ်သည်။ လီချန်ချင်းသည် ခေါင်းလှည့်ကြည့်လိုက်ပြီး မလှမ်းမကမ်းရှိ ခေါင်မိုးပေါ်တွင် ရပ်နေသည့် လူများကို တွေ့ခဲ့သည်။ အဖြူရောင်ဝတ်စုံနှင့်လူသည် မပြေးတော့သော်လည်း အနက်ရောင်ဝတ်စုံနှင့်လူခုနှစ်ယောက်၏ ဝန်းရံခံထားရသည်။ အနက်ရောင်ဝတ်စုံနှင့် လူများသည် အဖြူရောင်ဝတ်စုံနှင့်လူအားသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
လီချန်ချင်းသည် အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်နှာထက်တွင် ကြောက်လန့်ခြင်းမရှိဘဲ ရေတွင်းကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သည်ကို မြင်နိုင်ပေသည်။
"မင်း ထပ်ပြီး မပြေးနိုင်တော့ဘူး" အနက်ရောင်ဝတ်စုံနှင့်လူသည် ရှေ့သို့တိုးလာခဲ့ပြီး သူမျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဆွဲချွတ်ခဲ့ပြီး ဆံပင်ဖြူနှင့် မုတ်ဆိတ်မွှေးများရှိသည့် အဘိုးအိုတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
အဘိုးအိုသည် သူ့လက်ကိုမြောက်လိုက်သောအခါတွင် သူ၏ဝတ်ရုံသည် လေမတိုက်ဘဲ လှုပ်ရှားလာခဲ့သည်။ သူ၏သိုင်းကွက်အထုတ်တွင် ကမ္ဘာကြီးတစ်ခုလုံး၏ လေတိုက်ခတ်မှုသည် ပြောင်းလဲသွားပြီး လေထုထဲတွင် ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူတစ်ယောက်၏ အရှိန်အဝါဖြင့် ပြည့်နှက်နေသည်ဟု ထင်ရပေသည်။
လီချန်ချင်းသည် မလှမ်းမကမ်း၌ရှိနေသည့်တိုင်အောင် ဤအဘိုးအို၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားနိုင်ပေသည်။ ထိုလူ၏ ကျင့်ကြံခြင်းသည် အမှန်ပင် အရမ်းအစွမ်းထက်ကာ မဟာသခင်တစ်ယောက်ဖြစ်ရန်ထိုက်တန်ပေသည်။
"အပြင်လူရဲ့ မိုးတိမ်လက်သိုင်း" အဖြူရောင်ဝတ်စုံနှင့်လူသည် အဘိုးအို၏ လက်ဖဝါးကိုငုံ့ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောခဲ့သည်။ "ဒီသိုင်းကျင့်စဉ်ကို သိပြီး ၊ မဟာသခင်အဆင့် ကျင့်ကြံခြင်းရှိတယ်ဆိုတော့ ခင်ဗျားက ကျယ်ပြန့်တဲ့ ကောင်းကင်ဘုံရဲ့ နာမည်ပျက်စာရင်းထဲကအဆင့် 19 မှာရှိတဲ့ နတ်ဆိုး ရှန့် ပဲဖြစ်ရမယ်"
"ဟီးဟီး" အဘိုးအိုသည် ပြုံးဖြဲဖြဲလုက်ကာ "ဂုဏ်ယူမိပါတယ်။ နာမည်ကျော် ချင်းရွယ်အာဏာဓားပိုင်ရှင် ၊ ရွယ်ချမ်းပိုင် က ကျုပ်ကို မှတ်မိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ဒါပေမယ့် ဒီနေ့ ကျုပ်ကို ပိုပြီးဂုဏ်ယူစေတာကတော့ အဲ့ဒီ ချင်းရွယ်အာဏာဓားပိုင်ရှင်က ကျုပ်လက်ထဲမှာ သေရတော့မှာကိုပဲ" နတ်ဆိုးအိုကြီး ရှန့် သည် အတော်လေး ဂုဏ်ယူနေခဲ့သည်။
"ကျုပ်ကို သတ်ဖို့က ခင်ဗျားက အဆင့်မမှီဘူး" ရွယ်ချင်းပိုင်သည် ခေါင်းခါခဲ့သည်။
"စကားပြောတာ တော်တော့။ မင်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာ" နတ်ဆိုးအိုကြီး ရှန့်နောက်က အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဒေါသထွက်စွာ အော်ဟစ်ခဲ့သည်။။
"မင်းက လမ်းအဆုံးကိုရောက်နေတာ ၊ ဒီမှာလာပြီး ကြွားမနေနဲ့"
"အိုး" ရွယ်ချင်းပိုင်သည် ခေါင်းငုံ့ပြီး သူ့ခါးကို ထိကြည့်ခဲ့သည်။ သူ့လက်တွင် သွေးများစွန်းထင်ခဲ့သည်။ "မင်းပြောတာ ဒါလား။ ငါက အရေးမစိုက်မိဘဲ မင်းတို့ရဲ့ ထောင်ချောက်ထဲကို ကျသွားတာပဲ"
"ခင်ဗျားတို့ ကျုပ်နောက်ကို မိုင်တစ်သောင်းကျော်လိုက်လာခဲ့တာ။ တကယ်လို့ ခင်ဗျားတို့ စောစောထွက်သွားမယ်ဆိုရင် ခင်ဗျားတို့ရဲ့ အသက်ကို ကယ်နိုင်ဦးမယ်။ ဒါပေမယ့် အခုတော့" ရွယ်ချမ်းပိုင်သည် ကောင်းကင်ရှိ လကို မော့ကြည့်ကာ "ဘာလို့လဲဆိုတော့ ညသန်းခေါင်ကျော်သွားပြီ"
"ညသန်းခေါင်ကျော်သွားပြီ?" လူများသည် ညသန်းခေါင်ကျော်သွားပြီက ဘာကိုဆိုလိုသည်ကို နားမလည်ကြပုံဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြသည်။
"သုံးရက်ကုန်သွားပြီ ပြီးတော့ သန်းခေါင်ကျော်သွားပြီ" ရွယ်ချင်းပိုင်၏ ဘယ်လက်သည် တဖြည်းဖြည်းဖြင့် သူ့ခါးထက်ရှိ ဓားရိုးပေါ်သို့ ရွေ့သွားခဲ့သည်။ "အခု ငါ့ဓားကို ဆွဲထုတ်နိုင်ပြီ" သူ့ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဓားအိမ်မှ ဓားဆွဲထုတ်သည့်အသံက တိတ်ဆိတ်သည့် ညယံတွင် ပဲ့တင်ထပ်လာခဲ့သည်။
နောက်တစ်ခဏတွင် လရောင် ထင်ဟပ်နေသည့် ဓားရှည်သည် ဓားအိမ်မှ ထွက်လာခဲ့သည်။ ဓားရိုးက နှင်းကဲ့သို့ ဖြူဆွတ်နေပြီး ဓားသွားသည် အေးစက်သည့် အထက်စီးဆန်မှုဖြင့် ပြည့်နှက်နေသည်ဟု ထင်ရသည်။ ဓားဆွဲထုတ်လိုက်သည်နှင့်ချက်ချင်း ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသည်ဟု ထင်ရပေသည်။
ဤအခိုက်အတန့်တွင် ရွယ်ချင်းပိုင်၏ အေးစက်သည့် အရှိန်အဝါနှင့် အတူ ဤကမ္ဘာကြီးသည် ရွယ်ချင်းပိုင်၏ ဓားပိုက်နက်ဖြစ်လာခဲ့သည်။
"ဒါက ချင်းရွယ်ဓားပဲ!" အနက်ရောင်ဝတ်စုံနှင့်လူက အံ့အသင့်စွာ ရေရွတ်ခဲ့သည်။ "နတ်ဘုရားလက်နက်စာရင်းမှာ အဆင့် ၁၁ ရှိတဲ့ နတ်ဘုရားလက်နက်ပဲ!" "အဆင့် ၁၁ လား" ဤအဆင့်ကိုကြားပြီး တခြားသူများ၏ မျင်လုံးများသည် တောက်ပလာခဲ့ပြီး လောဘတက်သည့် အရိပ်အယောင်များပင် ထွက်ပေါ်လာခဲ့ကြသည်။
ဤအခိုက်အတန့်တွင် နတ်ဆိုးအိုကြီး ရှန့်သည်လည်း နိုးနိုးကြားကြားဖြစ်လာခဲ့သည်။ အစက ရွယ်ချမ်းပိုင်အား ချောင်းမြောင်းတိုက်ခိုက်ပြီးနောက်တွင် သူသည် သူ့နောက်သို့ မိုင်တစ်သောင်းကျော်အောင်လိုက်ခဲ့သော်လည်း ရွယ်ချမ်းပိုင်သည် သူ့ဓားအား ဘယ်တုန်းကမှ မထုတ်ခဲ့ပေ။
ရွယ်ချမ်းပိုင်သည် အပြင်းအထန်ဒဏ်ရာရထားသောကြောင့် ဓားကိုဆွဲမထုတ်နိုင်ဟု ထင်ခဲ့သော်လည်း ယခုတွင် ရွယ်ချမ်းပိုင် ဓားမထုတ်ခဲ့ရသည့် အကြောင်းပြချက်တစ်ခု ရှိမည်ဟု ထင်ရပေသည်။
ဤသည်က ကြုံတောင့်ကြုံခဲလှသည့် သေရေးရှင်ရေးအခြေအနေတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း မခံစားခဲ့ရပေ။ တိတ်တဆိတ်စောင့်ကြည့်နေသည့် လီချန်ချင်းသည်လည်း အတော်လေး အံ့ဩသွားခဲ့သည်။ ဤအေးတိအေးစက် အဖြူရောင်ဝတ်စုံနှင့် လူက အမှန်တကယ်တော့ ရွယ်ချမ်းပိုင်ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
သူက ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ ဒုဂိုဏ်းချုပ်မဟုတ်လား။ ရွယ်ချမ်းပိုင်ကိုသတ်ဖို့ကြိုးစားနေတဲ့ အဲ့ဒီလူတွေက ဘယ်သူတွေလဲ။
"သူ့ကို သတ်!" နတ်ဆိုးအိုကြီး ရှန့် သည် နောက်ထပ် မစောင့်နိုင်တော့သည်ကို သိပေသည်။ အမိန့်ပေးသံတစ်ခုဖြင့် သူ၏ လက်ဖဝါးသည် ပင်လယ်သမုဒ္ဒရာများနှင့် မြစ်များကို မှောက်နေသကဲ့သို့ လှုပ်ရှားခဲ့သည်။ သူ၏ လက်ဖဝါး လှုပ်ယမ်းမှုအောက်တွင် လေဟာနယ်တစ်ခုလုံးသည် ထောင်ချီသည့် လက်ဖဝါးရာများနှင့် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးအုပ်သွားခဲ့သည်။
"သေစမ်း!" ကောင်းကင်ယံတွင် ပြည့်နှက်နေသည့် သတ်ဖြတ်လိုစိတ်သည် ရွယ်ချမ်းပိုင်အား လုံးလုံးလျားလျားလွှမ်းခြုံသွားခဲ့သည်။