← Chapters

ထာဝရ ရှင်သန်ခြင်းဂိုဏ်းက ပြန်ပေါ်လာတယ်၊ ဘယ်လောက်ဝေးဝေး ငါတို့ သူတို့ကို သေချာပေါက် ဆန့်ကျင်ရမယ် !

Vol. 13 Ch. 122

ထာဝရ ရှင်သန်ခြင်းဂိုဏ်းက ပြန်ပေါ်လာတယ်၊ ဘယ်လောက်ဝေးဝေး ငါတို့ သူတို့ကို သေချာပေါက် ဆန့်ကျင်ရမယ် !

Vol. 13 Ch. 122

ဒါကိုမြင်ပြီး လီချန်ချင်းရဲ့ နှလုံးသားဟာ တုန်ရီလာတော့သည်။ ပြင်ပတိမ်လက် ကျင့်စဉ် သည် ရှိန်လောက်သည့်ပုံပေါ်၍ အာကာသ ဟင်းလင်းပြင်ကို မွှေ့နိုင်ကာ ရွေ့လျား‌နေတဲ့ တိမ်တိုက်တွေအဖြစ် ပြောင်းလဲနိုင်ပြီး အဲဒီနယ်ပယ်ကို ဖိနှိပ်ဖို့ လက်ဖဝါး ရာ ထောင်နဲ့ချီပြီး ဖန်တီးနိုင်လေသည်။

" သူအဆင်ပြေရဲ့လား။ ရွှယ်ချမ်းပိုင်က ဒီလိုမျိုး သေမှာတော့ မဟုတ်ဘူးမလား။ သူက ပါရမီရှင်အဆင့် အထွတ်အထိပ်မှာရှိတဲ့ အဆင့်မြင့်ကျွမ်းကျင်သူအများကြီးရဲ့ တိုက်ခိုက်တာကို ခံရပြီး အပြင်းအထန် ဒဏ်ရာရနေတယ် "

လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကို ကယ်သင့်သလားဆိုတာကို တွေးဆနေလေသည်။ ပြီးတော့ ရွှယ်ချမ်းပိုင်က ရှေးဟောင်း တာအိုဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ဖြစ်တယ်။

သူရဲ့သားက ရှေးဟောင်းတာအိုဂိုဏ်းမှာ ကျင့်ကြံနေတုန်းပဲ။ တစ်ကယ်လို့ သူသာ အခု ရွှယ်ချမ်းပိုင်ကို ကယ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားမယ်ဆိုရင် အနာဂတ်မှာ ရှေးဟောင်းတာအိုဂိုဏ်းမှာ ရှိတဲ့ သူ့ရဲ့သားကို ရွှယ်ချမ်းပိုင်က ကူညီလိမ့်မလား။

လီချန်ချင်းက အဲ့လို တွေးနေပေမယ့် အနည်းငယ် ကြောင့်ကြနေဆဲ ဖြစ်လေသည်။ ပြိုင်ဘက်က မူလအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ယောက်ဖြစ်နေတယ် !

" ငါသူ့ကို နိုင်ပါ့မလား။ ငါ့အနေနဲ့ စန်းယွမ်းနယ်မြေကို ဖြတ်ကျော်လာကတည်းက ကြုံတွေ့ခဲ့ရတဲ့ အားအကောင်းဆုံး ပြိုင်ဘက်က လီကျင်းစုန့် ဖြစ်နိုင်တယ် "

တစ်ကယ်လို့ လီကျင်းစုန့်ကသာ သူ့ရဲ့ စံချိန်ဆိုရင် သူ့အနေနဲ့ မူလအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ယောက်ကို ယှဉ်ပြိုင်နိုင်သည်။ ဒါပေမယ့် လီကျင်းစုန့်ရဲ့ ကျင့်ကြံရေးက အဆင့်မြင့်ပန်းချီဆရာရဲ့ ကျင့်ကြံရေးအဖြစ် ဆုတ်ယုတ်သွားပြီးတော့ သူ့ရဲ့ တိုက်ခိုက်တဲ့ စွမ်းအားက အများဆုံးမှ မူလအဆင့် အထွတ်အထိပ်ဖြစ်လေသည်။

" ဒါကြီးက တစ်ကယ့်ကို ကျွမ်းကျင်သူ တစ်ယောက်လေ။ တစ်ကယ်လို့ ငါသာ သူ့ကို နိုင်အောင် မတိုက်နိုင်တဲ့အပြင် အသတ်ခံရခြင်းနဲ့ပဲ အဆုံးသတ်သွားရင် ကောင်းမှာ မဟုတ်ဘူး "

လီချန်ချင်းက တစ်ခဏလောက် တွန့်ဆုတ်နေလေသည်။ ဒါပေမယ့် အဆုံးမှာ လီချန်ချင်းက အံကြိတ်လိုက်ပြီး " ဟာကွာ ငါ့သားရဲ့ အနာဂတ်အတွက်ပဲ ငါစွန့်စားလိုက်မယ် ! "

ရွှယ်ချမ်းပိုင်ကား အလွန်အမင်း ဒဏ်ရာရနေလေသည်။ တစ်ကယ်လို့ သူနှင့် ရွှယ်ချမ်းပိုင်သာ တစ်ဖွဲ့တည်း ပေါင်းလိုက်ရင် သူတို့အနေနဲ့ ဒီကျွမ်းကျင်သူကိုတော့ သတ်နိုင်လောက်ပါတယ်။ သူတို့အနေနဲ့ သူ့ကို မသတ်နိုင်ဘူးဆိုရင်တောင် ရွှယ်ချမ်းပိုင်အနေနဲ့ အဲ့လူရဲ့ ဓားက လွတ်မြောက်နိုင်ပြီးတော့ နတ်ဆိုးအိုကြီး ရှန့် က သေချာပေါက် သူ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။

" ကံကြမ္မာက ရဲရင့်သူကို ကူညီမှာပါ။ စွန့်စားလိုက်ကြစို့ ! " လီချန်ချင်းက လှုပ်ရှားမလို့ ရှိသေး ရှေ့တည့်တည့်ကို ကြည့်ပြီး မင်သက်သွားတော့သည်။

သူက အသက်ရှူ တစ်ခဏမျှ အချိန်ပဲ တုန့်ဆိုင်းမိတာ ဖြစ်ပြီး မြင်ကွင်းက တုန်လှုပ်စရာ ကောင်းလောက်အောင် ပြောင်းလဲသွားတော့သည်။ သူ့ရဲ့ ရှေ့က မြင်ကွင်းက လီချန်ချင်းအား မယုံကြည်နိုင် ဖြစ်နေစေလေသည်။

အနက်ရောင်ဝတ်စုံနှင့် လူ ခြောက်ယောက်၏ ခေါင်းများသည် သေသပ်စွာ လွင့်ထွက်သွားတော့သည် ! သူတို့သည် ထိုနေရာမှာပဲ သေသွားတော့သည် ! သူတို့သည် ရွှယ်ချမ်းပိုင်က သူ့ရဲ့ ဓားကို ဆွဲထုတ်ပြီး တိုက်ရိုက်သတ်လိုက်တာတောင် မမြင်လိုက်ကြ‌ပေ။

နတ်ဆိုးအိုကြီး ရှန့် ကို ကြည့်လိုက်ရာ သူ့ရဲ့ လက်တစ်ဖက်ဟာ ပြတ်သွားပြီး သွေးတွေက ရေပန်းသဖွယ် ပန်းထွက်နေတော့သည်။ ခဏ ကြာပြီးတဲ့နောက် လီချန်ချင်းက အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် ပြုတ်ထွက်သွားတဲ့ လက်မောင်းက သူ့ရဲ့ရှေ့ကို ကျလာတဲ့ အသံဖြစ်သည်။ယှဉ်ကြည့်လိုက်ရင် ရွှယ်ချမ်းပိုင်က လုံးဝမလှုပ်ရှားထားသလို နေရာတွင်သာ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်ပြီး အသက်ရှူနှုန်းကလည်း ပုံမှန် ဖြစ်ဆဲ ဖြစ်လေသည်။

သူ့ရဲ့ ဆံပင်ရှည်ဟာ လေထဲမှာ လွင့်နေပြီး သူ့ရဲ့နောက်က လရောင်ဟာ သူ့ရဲ့ အေးစက်တဲ့အရှိန်အဝါကို ကမ္ဘာကြီးနဲ့ ပိုမို လိုက်ဖက်နေစေလေသည်။ လရောင်အောက်တွင် ရွှယ်ချမ်းပိုင်က ပြည်နှင်ဒဏ်ပေးခံရသည့် အင်မော်တယ်ဓားသမား တစ်ယောက်နဲ့ တူပြီး သူ့ရဲ့ ဓားစိတ်ဆန္ဒက လူတွေကို ဖိမ့်ဖိမ့်တုန်နေလောက်အောင်ကို ချွန်ထက် ပြင်းထန်နေလေသည်။

လီချန်ချင်းသည် အမှန့်ကို အံ့အားသင့်နေလေသည်။ ဘာတွေ ဖြစ်နေတာလဲ။ လူအများကြီးက ရုတ်တရက် ဘယ်လိုလုပ် သေသွားတာလဲ။ နတ်ဆိုးအိုကြီး ရှန့် ကရော မူလအဆင့်အထွတ်အထိပ် အဆင့် အစွမ်းထက် ကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူးလား။

သူ့ရဲ့လက်ကို ရွှယ်ချမ်းပိုင်က မျက်တောင်တစ်ချက်ခတ်စာမှာပဲ ဘာလို့ ဖြတ်လိုက်တာလဲ။ ရွှယ်ချမ်းပိုင်က မူလအဆင့်အထွတ်အထိပ်အဆင့် ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်နိုင်လောက်လား။

နတ်ဆိုးအိုကြီး ရှန့် က နှစ်လှမ်း နောက်ဆုတ်သွားပြီး သူ့ရဲ့မျက်နှာက စက္ကူလို ဖြူဖျော့သွားတော့သည်။ လီချန်းချင်းကို မပြောနဲ့ အဲဒီ ကိစ္စမှာ ပါဝင်နေတဲ့ သူတောင် ဘာဖြစ်သွားလဲ မသိလိုက်ပေ။ သူ့ရဲ့ လက်မောင်းက ပြတ်သွားပြီ။

" ချင်းရွှယ် အာဏာဓား ရဲ့ ဂုဏ်ပုဒ်က တစ်ကယ့်ကို အလကားမဟုတ်ဘူးပဲ " နတ်ဆိုးအိုကြီး ရှန့် သည် သူ့ရဲ့ လက်မောင်း ပြတ်တဲ့ နေရာကို အုပ်ထားပြီး အံကြိတ်ကာ ပြောလိုက်တယ် " ငါမလာခင်တုန်းက တစ်ယောက်ယောက်က ရွှယ်ချမ်းပိုင်ဆိုတဲ့ မင်းကို သွားရန်မစဖို့ သေခြင်းတရားကို သွားမရှာဖို့ အကြံပေးခဲ့ပေမယ့် ငါတော်တော် ဘဝင်မြင့်မိသွားတာပဲ ! "

" အမည်ပျက်စာရင်းမှာ နှစ်ပေါင်းများစွာကြာကတည်းက ငါ့ကို သတ်ချင်တဲ့သူ အများကြီးပဲ။ အင်ပါယာရဲ့ဓားသွား ရှုကောင်း နဲ့ အရူးသိုင်းသမား ကုဝမ်ရှင်း တို့ အဲ့ကျော်ကြားတဲ့ ကျွမ်းကျင်သူ နှစ်ယောက်ကို ငါ့လက်နဲ့ သတ်ခဲ့တာ။ ငါက ကျွမ်းကျင်သူနှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်ခံရတာကနေ လွတ်မြောက်ခဲ့ပြီး သူ့တို့ကို အရူးလိုလုပ်ထားခဲ့တာ ! ဒီနေ့မှာ ရွှယ်ချမ်းပိုင်ဆိုတဲ့ မင်းရဲ့ လက်ထဲမှာ ရှုံးသွားမယ်လို့ ထင်မထားဘူး " ရွှယ်ချမ်းပိုင်က နတ်ဆိုးအိုကြီး ရှန့် နဲ့ စကားဆက်ပြောပြီး အချိန်ဖြုန်းချင်ပုံ မပေါ်ပေ။ သူက သူ့ရဲ့ ချင်းရွှယ် ဓားကို မြှောက်လိုက်ပြီး နတ်ဆိုးအိုကြီး ရှန့် ကို မြန်မြန် သတ်ဖို့ အဆင်သင့်ပင် ဖြစ်နေလေသည်။

" နေဦး ! " နတ်ဆိုးအိုကြီး ရှန့် က ရုတ်တရက် ပြောလိုက်၏။ " ငါမင်းကို မေးခွန်း တစ်ခု မေးလို့ရမလား။ ငါအဖြေကို သိရပြီးမှ ငါ့ကိုသတ်လည်း မင်းအတွက် နောက်မကျသေးပါဘူး " ရွှယ်ချမ်းပိုင် ရဲ့ မျက်လုံးတွေသည် အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ " ပြော "

" မင်းက မူလအဆင့်အထွတ်အထိပ် အဆင့်ကို ရောက်ပြီးသား ဖြစ်ရမယ် ဟုတ်တယ်မလား။ အဲ့လိုမှမဟုတ်ရင် ငါက ဓားချက် တစ်ချက်တည်းနဲ့ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ " နတ်ဆိုးအိုကြီး ရှန့် က ရွှယ်ချမ်းပိုင်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

" ‌မရောက်သေးဘူး " ရွှယ်ချမ်းပိုင်က ခေါင်းရမ်းပြလိုက်သည်။ ထိုသို့ကြားလိုက်သောအခါ နတ်ဆိုးအိုကြီး ရှန့် သည် ပထမ၌ မင်သက်သွားပြီးနောက် သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

တစ်ကယ်လို့ ရွှယ်ချမ်းပိုင်သာ မူလအဆင့် အထွတ်အထိပ်ကို ရောက်ပြီးသားဆိုရင် သူ့အနေနဲ့ ရှုံးသွားတာကို ခံသာဦးမည်။ ဒါပေမယ့် အခုတော့ ရွှယ်ချမ်းပိုင်က အဲ့အဆင့်ကို မရောက်သေးပေ။

သူက သာမန်မူလအဆင့်မှာသာ ရှိသေးလေသည်။ သူနှင့် တူတူပဲဖြစ်သည်။ သူက သူ့ကိုယ်သူ ဆရာသခင်တစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူနေပြီး သူ့ရဲ့ ပြင်ပတိမ်လက် ကျင့်စဉ် နဲ့ စန်းယွမ်နယ်မြေကို လွှမ်းမိုးကာ သူ့အနေနဲ့ ကျွမ်းကျင်သူတွေကြားမှာ အလွှမ်းမိုးမခံရဘူးလို့ တွေးထားတာ ဖြစ်သည်။ တစ်ယောက်ယောက်က သူ့ကို အနိုင်တိုက်နိုင်ရင်တောင် သူ့အနေနဲ့ လှုပ်ရှားမှုအကွက် သုံးရာအတွင်းမှာ ရှုံးဖို့ မဖြစ်နိုင်ပေ။

သူနဲ့ အဆင့်တူတဲ့ ရွှယ်ချင်းပိုင်ဆီက ဓားချက် တစ်ချက်တောင် မခံနိုင်လိုက်မှာကို ဘယ်သူသိမှာလဲ။ ရွှယ်ချမ်းပိုင်က ချင်းရွှယ်အာဏာဓားဟူသည့် ဂုဏ်ပုဒ် ရှိနေတာ အံ့ဩစရာ မရှိပေ။

သူသည် လက်ထဲမှာ 11 ဆင့်မြောက် နတ်ဘုရား လက်နက်ကို ကိုင်ဆောင်ထားပြီး ဘယ်သူကမှ အဲဒါကို လုမယူရဲကြပေ။

" ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါ့မှာ နောက်ထပ် ပြောစရာ မရှိတော့ဘူး။ မင်း လုပ်နိုင်ပြီ " နတ်ဆိုးအိုကြီး ရှန့် က သူ့ရဲ့ မျက်လုံးတွေကို ဖြေးညင်းစွာ ပိတ်လိုက်ပြီး သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ပြင်ထားလေသည်။

" တစ်ကယ်လို့ မင်းသာ ထာဝရ ရှင်သန်ခြင်းဂိုဏ်းကို မဝင်ခဲ့ဘူးဆိုရင်၊ တစ်ကယ်လို့ မင်းသာ အဲ့ဒီ တစ္ဆေ မျိုးနွယ်ဝင်တွေနဲ့ ရောနှော မနေဘူးဆိုရင် မင်းရဲ့ မိသားစု ဘိုးဘေး ရှန့်ယန် အတွက် ဒီနေ့ မင်းကို ချမ်းသာပေးရင် ပေးလိုက်လိမ့်ဦးမှာ။ ဒါပေမယ့် မင်းက မှားယွင်းတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ပြန်လှည့်လို့ မရတော့ဘူး " သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် ရွှယ်ချမ်းပိုင်၏ မျက်လုံးထဲတွင် ထွက်ပေါ်လာလေသည်။

နောက်ခဏမှာပဲ ရွှယ်ချမ်းပိုင်က သူ့ရဲ့ဓားကို နတ်ဆိုးအိုကြီး ရှန့် ရဲ့ လည်ချောင်းတည့်တည့်ကို ထိုးလိုက်လေသည် ! သို့သော် ဓားဝင်သွားတာနဲ့ ရွှယ်ချမ်းပိုင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာတော့သည်။

ရွှယ်ချမ်းပိုင်အနေဖြင့် ထိုဓားထိုးသွင်းမှု၏ အထိအတွေ့နဲ့ ပတ်သတ်ပြီး တစ်ခုခု မှားယွင်းနေတာကို ရှင်းရှင်းလင်း ခံစားလိုက်ရသောကြောင့် ဖြစ်လေသည်။ အတုကြီးလား ။

" ဝှစ် ! " လရောင်အောက်တွင် လူတစ်ယောက် ထွက်ပေါ်လာပြီး သူ့ရဲ့ ကိုယ်ဖော့စွမ်းရည်သည် အံ့အားသင့်ဖွယ် မြန်ဆန်လေသည်။ အဲဒါက နတ်ဆိုးအိုကြီး ရှန့် ပဲ !

လက်မောင်းတစ်ဖက် ဆုံးရှုံးသွားသော်လည်း နတ်ဆိုးအိုကြီး ရှန့် လွတ်မြောက်ခြင်းမှ အဟန့်အတား ဖြစ်မသွားပေ။ နတ်ဆိုးအိုကြီး ရှန့် က ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ " ရွှယ်ချမ်းပိုင် ! မင်းက တစ်ကယ့်ကို ဖြုံလောက်ပါတယ်။ ဒါပေမယ့် ငါက မင်းလက်ထဲမှာ မသေချင်ဘူး။ ငါ့အနေနဲ့ ပိုကြီးတဲ့ အရာတွေ ပြီးမြောက်အောင် လုပ်ရဦးမယ် ! မင်းစောင့်နေလိုက် မင်းကို ငါမသတ်နိုင်ဘူးဆိုရင်တောင် ငါတို့ ထာဝရ ရှင်သန်ခြင်း ဂိုဏ်းက ဘယ်သူကမှ မသတ်နိုင်ဘူးလို့ မဆိုလိုဘူးလေ။ ငါတို့ အချိန်အကြာကြီး မင်းရဲ့သော့ကို စောင့်ကြည့်နေခဲ့တာကွ၊ မင်းမလွတ်နိုင်ပါဘူး ! "

" ဟားဟားဟား ! " နတ်ဆိုးအိုကြီး ရှန့် သည် တစ်ခမ်းတစ်နားနှင့် ထွက်သွားတော့သည်။ ရွှယ်ချမ်းပိုင်သည် သူ့ကို စောင့်ကြည့်နေပြီး သူ့ရဲ့ခန္ဓာကိုယ်ကို အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းကာ နတ်ဆိုးအိုကြီး ရှန့် ၏ နောက်သို့ လိုက်သွားလေသည်။

သို့သော် အရူးအမူး လွတ်မြောက်ချင်နေတဲ့ အဆင့်မြင့် ကျွမ်းကျင်သူ တစ်ယောက်ကို မိဖို့ တစ်ကယ် ခက်ခဲလေသည်။ ရွှယ်ချမ်းပိုင်အနေဖြင့် နတ်ဆိုးအိုကြီး ရှန့် က သူ့ကိုယ်သူ ပုံရိပ်ယောင်နဲ့ အစားထိုးဖို့ ပန်းချီရတနာကို သုံးလိမ့်မည်ဟု မျှော်လင့်မထားသေကြောင့် ဂရုမပြုခဲ့‌မိပေ။

နတ်ဆိုးအိုကြီး ရှန့် သည် သူ့ဘာသာ ကျေနပ်နေလေသည်။ သူသည် သူ၏ ပန်းချီရတနာမှာ ဒီတစ်ခါသုံးပြီး ကုန်းဆုံးတော့မည် ဖြစ်၍ ဝမ်းနည်းပက်လက်ဖြစ်နေသော်လည်း ကံတစ်ချက်ကောင်းတာက သူ့ရဲ့အသက်ကို ကယ်နိုင်ခဲ့လေသည်။

အသက်ရှူရှိုက်ချိန် တခဏမျှ ကြာချိန်တွင် နတ်ဆိုးအိုကြီး ရှန့် သည် လမ်းနှစ်လမ်းမျှ ထွက်ပြေးခဲ့ပြီ ဖြစ်၏။ ပိုင်ဟန်မြို့မှ လွတ်မြောက်ပြီး အစွန်အ‌ဖျားကို ရောက်တာနဲ့ ရွှယ်ချမ်းပိုင်က သူ့ကို မဖမ်းနိုင်တော့ဘူးဆိုတာကို သူ့အနေဖြင့် အခိုင်အမာ ယုံကြည်လေသည်။

ရွှယ်ချမ်းပိုင်ရဲ့ ဓားသိုင်းကျွမ်းကျင်မှုက တစ်ကယ် အားကောင်းပေမယ့် နတ်ဆိုးအိုကြီး ရှန့် လို အသက်ဘေးလွတ်ဖို့ စွန့်စားနေကြလူနဲ့ ရင်ဆိုင်ရတဲ့အခါ ရွှယ်ချမ်းပိုင် အနေဖြင့် အချိန်ခဏလေးနဲ့ သူ့ကို ဖမ်းမိဖို့ မဖြစ်နိုင်ပေ။

နတ်ဆိုးအိုကြီး ရှန့် က သူလွတ်တော့မယ်လို့ တွေးနေစဉ်မှာပင် ရုတ်တရက် သူ့ကို စိုက်ကြည့်နေသော အိမ်ခေါင်မိုးပေါ်က အစိမ်းရောင် ဝတ်ရုံနဲ့လူတယောက်ကို မြင်လိုက်ရသည်။

ထိုအမျိုးသားတွင် အရှိန်အဝါအတက်အကျ မရှိဘဲ ‌ဖြတ်သွားဖြတ်လာသော သာမန်လူလိုပင် ဖြစ်သည်။သို့သော် နှစ်ပေါင်းများစွာကြာ နာမည်ပျက်စာရင်းမှာ သေရေးရှင်ရေး အခြေအနေများစွာ ကြုံခဲ့ဖူးတဲ့ နတ်ဆိုးအိုကြီး ရှန့် သည် အဲ့လူက မရိုးရှင်းဘူးဆိုတာကို သဘာဝအလျောက် ခံစားမိလေသည်။

" မသေချင်ရင် ဖယ်စမ်း ! " နတ်ဆိုးအိုကြီး ရှန့် သည် သူ့ရှေ့က လူကို ဂရုမစိုက်ပေ။ ဒီလူက သူစိမ်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မှတ်ဉာဏ်ထဲက ကျွမ်းကျင်သူများ မဟုတ်ပေ။

သို့သော် တစ်ကယ်လို့ အဲ့လူက ခြိမ်းခြောက်တဲ့ အနေအထား မရှိရင်တောင်၊ တစ်ခဏလောက် သူ့ကို အပြင်းအထန် ပိတ်ဆို့ထားတယ်ဆိုရင်တောင် ရွှယ်ချမ်းပိုင်ဆီမှာ ဖမ်းမိသွားပြီး သေရလိမ့်မယ်။

ဒါပေမယ့် စွမ်းအင်လှိုင်းများပါရှိနေတဲ့ အဲဒီ အော်သံက လီချန်ချင်းရဲ့ အဝတ်အစားတွေကိုသာ တစ်ဖျတ်ဖျတ် လွင့်နေစေလေသည်။

လီချန်ချင်းက မလှုပ်ရှားဘဲ သူ့ရဲ့ မျက်လုံးတွေသည် အေးစက်မောက်မာမှုများနှင့် ပြည့်နှက်နေလေသည်။ အရင်က လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ရဲ့ ပါးစပ်မှ ထာဝရ ရှင်သန်ခြင်းဂိုဏ်းလို့ မကြားခင်အထိ အခြားလူများ၏ ကိစ္စတွင် ဝင်မစွက်ဖက်ချင်ပေ !

လီချန်ချင်းသည် ထာဝရ ရှင်သန်ခြင်းဂိုဏ်းကို အရိုးထဲထိ မုန်းသည်ဟု ပြောလို့ရနိုင်သည် ! သူ့ရဲ့ သား လီဟမ်ရှန်း အဆိပ်မိ သေဆုံးတော့မည့်၊ သေမင်း ခံတွင်းဝ ရောက်နေသည့် နောက်ဆုံးအချိန်တွင် အကူအညီမဲ့သည့် ခံစားချက်ကို လီချန်ချင်း တွေးမိသည့်အချိန်တိုင်း ထာဝရ ရှင်သန်ခြင်းဂိုဏ်းကို ကမူးရှူးထိုး သတ်ဖြတ်ပစ်ချင်စိတ်များ ခံစားခဲ့ရသည်။

ငါ့မိသားစုကို ထိခိုက်အောင်လုပ်တယ် ! ဘယ်လောက်ဝေးဝေး ငါသူ့ကို ဖြေရှင်းရမယ် ! ထို့ကြောင့် နတ်ဆိုးအိုကြီး ရှန့် လွတ်မြောက်သွားသောအခါ လီချန်ချင်းက သူ၏ လမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

တစ်ကယ်လို့ အခု သူ့မှာ လက်မောင်းပြတ် မရှိဘူးဆိုရင်တောင် သူ့ရဲ့ အထွတ်အထိပ်အခြေအနေမှာ ဆိုရင်တောင် လီချန်ချင်းအနေနဲ့ ထိုသူ့အား တိုက်ခိုက်ချင်မိလေသည်။ တစ်ကယ်လို့ သူ့ကိုမနိုင်ရင်တောင် သူ့ကို တားနိုင်ပြီး ရွှယ်ချမ်းပိုင် ဖမ်းဖို့အတွက် ‌စောင့်ပေးနိုင်ကာ သူနှင့် ပူးပေါင်း ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။

နတ်ဆိုးအိုကြီး ရှန့် သည် အော်ပြီးတဲ့နောက်တွင်ပင် လီချန်ချင်းက နေရာမှ မရွေ့တာကို တွေ့လိုက်ရ၍ အံ့အားသင့်သွားလေသည်။ ဒီလူက ကျင့်ကြံရေးမရှိဘူး။ သူက ပန်းချီဆရာ တစ်ယောက်ပဲ !

ဒါပေမယ့် ဘယ်လို ပန်းချီဆရာလဲ။ သူ့အနေဖြင့် ကမ္ဘာပေါ်က ပန်းချီသူတော်စင် အားလုံးနီးပါးကို မှတ်မိလေသည်။ ဒီလူက ပန်းချီသူတော်စင်မဟုတ်ဘူး။ အများဆုံးမှ အဆင့်မြင့် ပန်းချီဆရာ တစ်ယောက်ပဲ။

စွမ်းအားကြီး ပါရမီရှင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ သူက သာမန် မလောက်လေးမလောက်စား တွေ့ကရာ လူရဲ့ ပိတ်ဆို့တားဆီးခံနေရတာလား ။

" သေစမ်း ! " ထို့ကြောင့် နတ်ဆိုးအိုကြီး ရှန့် သည် လီချန်ချင်းနှင့် စကားပြောရင်း အချိန်ဖြုန်းဖို့ ဒုက္ခမခံပေ။ သူ့ရဲ့ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ပြင်ပတိမ်လက်ကျင့်စဉ် သည် ကောင်းကင်နှင့် မြေကြီးကို မွှေနှောက်ပြီး လီချန်ချင်းအား သူရှိနေသော ‌လေဟာနယ်သည် လှိုင်းဂယက်တွေထပြီး တုန်ရီနေသကဲ့သို့ ခံစားရစေလေသည် !

လက်ဖဝါးရိုက်ချက် တစ်ချက် ကျရောက်လာလေသည်။ လက်ဖဝါးရာသည် ထိုနေရာကို ဖျက်စီးနိုင်မယ့်ပုံပေါ်ပြီး မုန်တိုင်းတစ်ခုက လီချန်ချင်းကို နစ်မြုပ်စေတော့မည်ကဲ့သို့ သူ့၏ မျက်လုံးထဲတွင် ကျယ်ပြန့်လာလေသည် !

" တိမ်လက်ကျင့်စဉ် ! " နတ်ဆိုးအိုကြီး ရှန့် သည် အော်လိုက်ပြီး သူ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေလေသည်။

" သေလိုက်စမ်း ! " လီချန်ချင်းလည်း ဒေါသထွက်စွာ အော်လိုက်ရာ သူ၏ ပါးစပ်မှ ဟုန်ကျန်း၏ ခြင်္သေ့ဟိန်းဟောက်သံ ထွက်ပေါ်လာလေသည်။ လီချန်ချင်း၏ နောက်တွင် ကြီးမားသော ခြင်္သေ့ခေါင်းတစ်ခုသည် ကောင်းကင် နိယာမတစ်ခုသဖွယ် တိုးထွက်လာလေသည် !

တစ်ချိန်တည်းမှာပင် ခြင်္သေ့ခေါင်း၏ အထက်တွင် နဂါးတစ်ကောင်၏ အော်သံသည် ကောင်းကင်ကို လှုပ်ခါသွားစေလေသည်။ လီချန်ချင်းသည် သူ၏ လက်ဖဝါးကို မြှောက်လိုက်ကာ နဂါးနိုင်လက်ဝါး ငါးကွက်မြောက်သိုင်းကွက်ကိုပါ တပါတည်း ထုတ်သုံးချလိုက်တော့သည်။

“နဂါးကိုယ်ထင်ပြ”

ကြီးမားသော ပုံရိပ်ယောင် ရွှေရောင်နဂါးကြီးတကောင်သည် လီချန်ချင်း၏ ကိုယ်တွင်းအတွင်းအားများမှ ဖွဲ့စည်းလာကာ နတ်ဆိုးအိုကြီးထံသို့ ပြေးထွက်သွားခဲ့သည်။

ထိုအရာသည် တိမ်တိုက်ကျင့်စဉ် နှင့် တိုက်မိတော့သည် ! လက်ဖဝါးရာသည် ချက်ချင်းပင် ပြာတွေအဖြစ် ပြောင်းသွားပြီး ဟုန်ကျန်း၏ ခြင်္သေ့ဟိန်းဟောက်သံ သည် နတ်ဆိုးအိုကြီး ရှန့် ကို ပေါက်ထွက်မတတ် ခေါင်းကိုက်စေကာ သူ၏ ခန္ဓာကိုယ် အစစ်အမှန် အနှစ်သာရသည် လီချန်ချင်း၏ အော်သံကြောင့် ဆူပွက်လာပုံပေါ်လေသည်။

သူ၏ စိတ်ထဲတွင် တစ်ဝီဝီမြည်သံများသာ ရှိတော့သည် ! တစ်ချိန်ထဲတွင် နဂါးနိုင်လက်ဝါးသိုင်း၏ ရွှေနဂါးကြီးသည် ဖိနှိပ်ချလိုက်ပြီး နတ်ဆိုးအိုကြီး ရှန့် အား မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

လမ်းပေါ်က ဒုတ္ထာပြာပြားလေးတွေသည် နဂါးနိုင်လက်ဖဝါးကြောင့် ကြေမွသွားလေသည် ! နတ်ဆိုးအိုကြီး ရှန့် ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်ချခံလိုက်ရသည်။ " အား ! " နတ်ဆိုးအိုကြီး ရှန့် သည် သူ၏ ရင်ဘက်တွင် ချိုမြမှု တစ်ခု ခံစားလိုက်ရပြီး သွေးလတ်လတ်ဆတ်ဆတ် တစ်ပွက် ပန်းထွက်သွားတော့သည်။ သူ့အနေဖြင့် လမ်းမှာတွေ့တဲ့ ကြုံရာ လူတစ်ယောက်က ဒီလို ကြောက်စရာကောင်းတဲ့ ကျင့်ကြံရေး ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားပေ။

အဲဒီ နဂါးသိုင်းက ဘယ်ကမ္ဘာကလဲဟ !

" ပန်းချီ သူတော်စင် ! ငါ သူ့ကို မနိုင်နိုင်ဘူး။ ပြေးရမယ် ! " နတ်ဆိုးအိုကြီး ရှန့် သည် ပန်းချီသူတော်စင်နှင့် တွေ့ရလောက်အောင် အလွန် ကံမကောင်းလိမ့်မည်ကို တွေးမထားပေ။

ဒါပေမယ့် အရင်က ဒီသူတော်စင်ကို သူမမြင်ဖူးတာက ဘယ်လို ဖြစ်တာလဲ။ အဆင့်တက်လာတာ မကြာသေးတဲ့ လူလား။ မြေပြင်ပေါ်က လက်ဖဝါး ရိုက်ချက်နဲ့အတူ နတ်ဆိုးအိုကြီး ရှန့် သည် ကျင်းထဲမှ ထွက်ရန် သူ့ကိုယ်သူ လှုပ်ခါနေပြီး အခြားတစ်ဖက်မှ ပြေးဖို့ ပြင်ဆင်နေလေသည်။

ထိုအရာသည် လီချန်ချင်းကို အနည်းငယ် အံ့အားသင့်စေလေသည်။ မူလအဆင့်အထွတ်အထိပ်အဆင့်မှာ ရှိတဲ့ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်က ဒုတ္ထာပြာပြားတွေ ကွဲကြေသွားလောက်အောင် အားကောင်းပြီးတော့ ဒီလူအိုကြီးက အခုထိ ထနိုင်သေးတယ်ပေါ့ ။

သူသည် သာမန်ဒဏ်ရာရသလို ပုံပေါ်လေသည်။

" ပြေးဖို့ ကြိုးစားနေတာလား " လီချန်ချင်းသည် နတ်ဆိုးအိုကြီး ရှန့် ကို သွားခွင့်ပြုဖို့ ရည်ရွယ်ချက်မရှိပေ။ သူ့ရဲ့ဝတ်ရုံကို တစ်ချက်လှုပ်ခါမှု နှင့်အတူ သူ့နောက်ကျောတွင် သယ်လာသော ဓားသည် ပျံထွက်သွားပြီး လေကိုဖြတ်၍ နတ်ဆိုးအိုကြီး ရှန့် အား ခုတ်လိုက်လေသည် !

ဘန်း ! နောက်ထပ် မသဲမကွဲ အသံနှင့်အတူ ဓားသည် နတ်ဆိုးအိုကြီး ရှန့် ၏ နောက်ကြောတွင် နစ်ဝင်သွားလေသည်။ နတ်ဆိုးအိုကြီး ရှန့် သည် ယိမ်းယိုင်သွားပြီး နောက်ထပ် သွေးတစ်ပွက် ပန်းထုတ်လိုက်သော်လည်း လီချန်ချင်း စိတ်ကူးထားသည့် နတ်ဆိုးအိုကြီး ရှန့် က ဓားချက် တစ်ချက်တည်းဖြင့် နှစ်ပိုင်းကွဲသွားမည့် မြင်ကွင်းသည် ဖြစ်မလာခဲ့ပေ။

အဲ့အစား သူဝယ်လာခဲ့သော ဓားသည် ထိုအချိန်မှာပင် ကျိုးသွားပြီး နတ်ဆိုးအိုကြီး ရှန့် ၏ အရိုးတွင် တိုက်ရိုက် နစ်ဝင်နေလေသည်။

" ဘယ်လောက်တောင် မာတဲ့ အရိုးလဲက ! " လီချန်ချင်းသည် အလွန်အံ့အားသင့်နေလေသည်။ ဒါက လူတော့ ဟုတ်သေးရဲ့လား။ ဓားတွေ လှံတွေ မသက်ရောက်နိုင်ဘူး ! နတ်ဆိုးအိုကြီး ရှန့် သည် လီချန်ချင်းအား ပြင်းပြင်းထန်ထန် ပြန်စိုက်ကြည့်နေသော်လည်း လီချန်ချန်းအတွက် သူက ပြိုင်ဘက်မဟုတ်ဘူးဆိုတာ သိသောကြောင့် ပြေးဖို့ ဆုံးဖြတ်လိုက်လေသည်။

သို့သော် သူလှည့်လိုက်ချိန်တွင် နတ်ဆိုးအိုကြီး ရှန့် သည် တစ်ကယ် စိတ်ပျက်သွားလေသည်။ ရွှယ်ချမ်းပိုင်က သူ့ရှေ့မှာ ပေါ်လာပြီး ဖြစ်နေသည်။

ဓားအလင်းရောင်သည် ဟက်တက်ခွဲလိုက်သည်။ ထိုဓား၏ အလျင်သည် နတ်ဆိုးအိုကြီး ရှန့် မရှောင်တိမ်းနိုင်လောက်အောင် အလွန် မြန်လေသည်။ နတ်ဆိုးအိုကြီး ရှန့် ၏ ခေါင်းသည် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်မှ တစ်ခြားစီ ဖြစ်သွားလေသည်။

သူ၏ ခေါင်းသည် မျက်လုံးဖွင့်လျက်နှင့်အတူ မြေပြင်ပေါ်ကို လိမ့်သွားလေသည်။ သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် နတ်ဆိုးအိုကြီး ရှန့် သည် ကြီးမားစွာ ဝမ်းနည်းနေဘလသည်။ သူသည် ထာဝရ ရှင်သန်ခြင်းဂိုဏ်းကို ဝင်ခဲ့တာက သူ့ကိုယ်သူ သက်သေပြချင်သောကြောင့် ဖြစ်၍ ထာဝရ ရှင်သန်ခြင်း ဂိုဏ်းမှ ပလက်တီနမ်အဆင့် တာဝန်ကို လက်ခံခဲ့သည်။

ပလင်တီနမ်အဆင့် တာဝန်ကို အောင်မြင်ပြီးတဲ့ သူတိုင်း ထာဝရ ရှင်သန်ခြင်းဂိုဏ်း၏ အကြီးအကဲ အဖြစ် တိုးမြှင့်ခံရနိုင်သည်။ သတ်ဖြတ်ခြင်းတာဝန်တွေထဲက တစ်ခုသည် ‌ရွှယ်ချမ်းပိုင် ဖြစ်လေသည်။

သူ့အနေနဲ့ ရွှယ်ချမ်းပိုင်ကို ရင်ဆိုင်ရတဲ့အခါ ခုခံဖို့ စွမ်းအားမရှိ ဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။

" ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ ဓားလဲ " လီချန်ချင်းသည် ထိုအချိန်တွင် နတ်ဆိုးအိုကြီး ရှန့် ၏ ဘေးကို သွားလိုက်ပြီး သူ၏ ဓားကျိုးကို ဆွဲထုတ်လိုက်သည်။

ပါရမီရှင် အထွတ်အထိပ် အဆင့်မှာ ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ အရိုးတွေက ဒီလောက်တောင် မာတာလေ ! ဒါပေမယ့် ရွှယ်ချမ်းပိုင်ရဲ့ဓားက တစ်ချက်တည်းနဲ့ အဲ့လူရဲ့ ခေါင်းကို ပြတ်အောင် လုပ်နိုင်တယ်။

ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ နတ်ဘုရား လက်နက်လဲ။

" သူ လုံးဝ သေသွားပြီလား " လီချန်ချင်းသည် နတ်ဆိုးအိုကြီး ရှန့် က လှည့်ကွက် အချို့သုံးမည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။

" သေပြီ " ရွှယ်ချမ်းပိုင်သည် နတ်ဆိုးအိုကြီး ရှန့်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး နတ်ဆိုးအိုကြီး ရှန့် တစ်ကယ်သေပြီဆိုတာ အတည်ပြုလိုက်သည်။

ထို့နောက်တွင်မှ သူသည် လီချင်ချင်းအား ကြည့်လိုက်သည်။ လီချန်ချင်း၏ လောလောဆယ် ကြားဝင်မှုကြောင့်သာ မဟုတ်ရင် နတ်ဆိုးအိုကြီး ရှန့် သည် အမှန်တစ်ကယ် လွတ်မြောက်သွားနိုင်သည်။

" ကျေးဇူးတင်ပါတယ် " ရွှယ်ချမ်းပိုင်သည် လီချန်ချင်းအား ခေါင်းညိတ်ပြလိုက်သည်။

" ဘာမှ မဖြစ်ပါဘူး။ မင်းရဲ့ ဒဏ်ရာတွေရော အဆင်ပြေရဲ့လား " လီချန်ချင်းသည် ရွှယ်ချမ်းပိုင်၏ ဗိုက်ကို ကြည့်လိုက်သည်။ သူ၏ အဖြူရောင်အဝတ်အစားများသည် သွေးများနှင့် ရဲရဲနီနေကာ သွေးထွက်နေသည့် ပမာဏသည်လည်း အံ့ဩစရာကောင်းပြီး ရပ်မည့်ပုံ မရှိပေ။

" ဘာမှ မဖြစ်ဘူး " ရွှယ်ချမ်းပိုင်က ခေါင်းယမ်းပြလိုက်သည်။

" မြို့ပတ် ကင်းလှည့်အဖွဲ့က မကြာခင် ဒီနေရာကို ရောက်လာတော့မယ် " ရွှယ်ချမ်းပိုင်က ပြောလိုက်သည်။ " အဲဒီ စိတ်အနှောက်အယှက် ဖြစ်စရာ လူကို ရှောင်ဖို့ ငါတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ် "

" အိုး ဟုတ်ပြီ " လီချန်ချင်းသည် ရွှယ်ချမ်းပိုင် ပြောသော စိတ်အနှောက်အယှက် ဖြစ်စရာ လူကို မသိသော်လည်း ရွှယ်ချမ်းပိုင်မတွေ့ချင်ဘူးဆိုကတည်းက လွယ်လွယ် ဖြေရှင်းလို့ ရမည့်လူ မဟုတ်လောက်ပေ။

သူထွက်သွားမလို့ရှိသေး လီချန်ချင်းသည် မြေပြင်ပေါ်က နတ်ဆိုးအိုကြီး ရှန့် ၏ ခေါင်းကို ကြည့်လိုက်ပြီး ဆံပင်ကနေဆွဲလျက် သူနှင့်အတူ ယူသွားရန် ဆုံးဖြတ်လိုက်သည်။

" ခင်ဗျား ဒါကြီးနဲ့ ဘာလုပ်မလို့လဲ " ရွှယ်ချမ်းပိုင်က မေးလိုက်သည်။

" ပိုက်ဆံနဲ့ လဲမလို့ " လီချန်ချင်းက ပြောလိုက်၏။ " ဒီလူက အမည်ပျက်စာရင်းမှာ အတော် ကျော်ကြားတယ်ဆိုတော့ ပိုက်ဆံအများကြီး ရတန်လောက်တယ် "

All Chapters