← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

"သဘောတူတယ်...." လီချန်ချင်းသည် အတိုချုံးသုံးသပ်ပြီးနောက် ရွှယ်ချမ်းပိုင်၏အဆိုပြုချက်ကို သဘောတူခဲ့သည်။

ရွှယ်ချမ်းပိုင်ပြောခဲ့သလိုပင် စိတ်ဝိညာဉ် အေးခဲခြင်းရေခဲသံကို သူ့ဆီ ပေးလျှင်ပင် မည်သည့်နေရာတွင် ဓားထုဆစ်ရမည်ကို မသိချေေ။

ချန်ထင်မြို့မှာရှိသည့် ပန်းပဲဆရာကို အားကိုးရမည်လော....။ လီချန်ချင်း ထိုသို့မလုပ်နိုင်ပေ။

ထုဆစ်ရန်အတွက် စိတ်မချရသော တစ်စုံတစ်ဦးနဲ့ ကြုံတွေ့ခဲ့ပါက လီချန်ချင်း လှည့်စားခံရပြီး သတ္တုရိုင်းများ ဆုံးရှုံးသွားနိုင်ပေသည်‌။

အလဲအလှယ်မှာ သိုလှောင်လက်စွပ် တစ်ခုမျှသာ ဖြစ်သည်။ သူ့လက်ထဲတွင် ကျန်နေသော လျှို့ဝှက်ဆန်းကြယ် သစ်သားဖြင့် နောက်ထပ် သိုလှောင်လက်စွပ် များစွာ ပြုလုပ်ရန် လုံလောက်ပေသည်။

အထူးသဖြင့် ရွှယ်ချမ်းပိုင်သည် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်သောကြောင့် ထိုပစ္စည်းအား ရွှယ်ချမ်းပိုင်ကို ပေးလိုက်ရခြင်းသည် ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။

အနာဂတ်တွင် လီဟမ်ရှန်းတစ်ယောက် ရှေးဟောင်းတာအိုတောင်တန်းနယ်မြေမှာ မတော်တဆ ပြဿနာတစ်ခုခု ဖြစ်ခဲ့လျှင်ပင် သူ့ကို ကာကွယ်ဖို့ နောက်ထပ်လူတစ်ယောက် တိုးလာမည်မဟုတ်ပါလော။

စက်ဘီးဖြင့်ခရီးနှင်ရာတွင် ချွေတာသင့်သည့်နေရာ၌ချွေတာပြီး သုံးသင့်သည့်နေရာတွင် သုံးရပေမည်။

သတ္တုရိုင်းပြဿနာကို ဖြေရှင်းနိုင်ခဲ့သော်လည်း လီချန်ချင်းမှာ လက်ရှိအချိန်အထိ ထွက်ခွာရန် အစီအစဉ်မရှိသေးပေ။ ယခုကဲ့သို့ မှောင်ခိုဈေးကွက်ကို ရောက်တုန်းရောက်ခိုက် ပတ်ဝန်းကျင်ကို ကောင်းကောင်းလှည့်လည်ကြည့်ရှုချင်ပေသေးသည်။

ဤနေရာတွင် လီချန်ချင်း၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်သည့် စိတ်ဝင်စားစရာကောင်းသောအရာများစွာရှိနေပေ၏။

ထို့အပြင် လီချန်ချင်းသည် နောက်ထပ် သစ်သားကောင်းများကို ထပ်မံရှာတွေ့ ချင်ပေသေးသည်။လျှို့ဝှက်ဆန်းကြယ်ရှေးဟောင်းသစ်ပင်သားကို နောက်တစ်ကြိမ်ထပ်မံရှာတွေ့ရန် မမျှော်လင့်ထားသော အခွင့် အရေးတစ်ခု လက်ဝယ်တွင် ရှိနေပြီဖြစ်သည်။

လီချန်ချင်းမှာ သူ့ကိုယ့်သူ ကံမဆိုးလှဟု ခံစားမိသဖြင့် ထပ်မံကံစမ်းလိုပေသေးသည်။

သစ်သားကောင်းများ ရှာဖွေဝယ်နိုင်လျှင် ပန်းချီရတနာများ ပိုမိုဖန်တီးနိုင်မည် ဖြစ်ပေ၏။

ထိုအရာများကို သားဖြစ်သူအား လက်ဆင့်ကမ်းပေးရန် ရှမူဟိုင်အား ယုံကြည်ရပြီး သားဖြစ်သူ၏ ခွန်အားမှာ ပို၍ပို၍ သန်မာလာမည်ဖြစ်သည်။

မှောင်ခိုဈေးအား လှည့်လည်ကြည့်ရှုရန်ကို ရွှယ်ချမ်းပိုင်လည်း မကန့်ကွက်ခဲ့ပေ။ ရွှယ်ချမ်းပိုင်လည်း တစ်ခေါက်ရောက်တုန်း ရောက်ခိုက် လက်ဆောင်ပေးဖို့ သင့်တော်မည့် ပစ္စည်းအချို့ကို ရှာဖွေချင်မိသည်.

မှောင်ခိုဈေးကွက်တစ်ခုလုံးသည် လီချန်ချင်း မျှော်မှန်းထားသည်ထက်ပင် ပိုမိုကြီးမား ကျယ်ပြန့်လှပေ၏။

လမ်းတစ်လျှောက်တွင်လည်း မျက်နှာဖုံးစွပ်ဈေးရောင်းသူများကို တွေ့ခဲ့ရပြီး သူတို့အားလုံးမှာ တစ်ယောက်နဲ့တစ်ယောက် အင်မတန်သတိထားနေကြပုံ ပေါ်ပေသည်။ အချို့သော ဝယ်သူများမှာ လူအများ သွားရည်တမျမျဖြစ်စေမည့် ရတနာများကို ကိုင်ဆောင်လာကြသည်။

လူများစွာသည် လောဘကို အထင်းသားတွေ့နေရသော်လည်း မည်သူမျှ လှုပ်ရှားခြင်းမရှိကြချေ။ မည်သူက ဘယ်သူဘယ်ဝါဖြစ်သည်ကိုပင် ဘယ်သူမှ မသိခဲ့ကြပေ။ မရှုပ်သင့်သည့်သူကို သွားရှုပ်မိလျှင် ကိုယ့်ပြဿနာကို ရှာမိပေမည်။

ထို့အပြင် မှောင်ခိုဈေးကွက်တွင် မဆင်မဖြင်လှုပ်ရှားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်း မဟုတ်ပါလော။

လီချန်ချင်းသည် ချောက်ထဲသို့ နက်သည်ထက်နက်အောင် လျှောက်သွားခဲ့ပြီး သစ်ရောင်းသည့်လူကို မတွေ့သေးပေ။

“ထင်းရောင်းတဲ့လူက တော်တော်နည်းပုံရတယ်။" ဤမှောင်ခိုဈေးကွက်တွင် ကုန်ပစ္စည်း အမျိုးအစားမစုံသဖြင့် လီချန်ချင်းမျက်မှောင်ကြုတ်လိုက်သည်။

"အဲဒါကို လူတွေက ဘာအတွက် ဝယ်ကြတာလဲ။" ရွှယ်ချမ်းပိုင်က လီချန်ချင်းကို တစ်ချက်ကြည့်လိုက်သည်။

"ခေါင်းတလားလုပ်မလို့လား..."

"ခေါင်းတလား..." လီချန်ချင်း မမေးဘဲမနေနိုင်တော့ပေ။ “သန်မာတဲ့သူတွေ သေဆုံးတဲ့အခါ သူတို့သုံးတဲ့ ခေါင်းတလားက သစ်သားနဲ့လုပ်ထားတာမဟုတ်လား။"

“သန်မာသူတွေ အများစုဟာ ကျောက်တုံးတွေကို အသုံးပြုကြတာလေ။" ရွှယ်ချမ်းပိုင်မှာ ကြောင်တိကြောင်တောင် ဖြေလိုက်သ်ည။

"မင်းက ခေါင်းတလားကို ဓားပြတိုက်မလို့ တွေးနေတာလား။"

"ချန်ယွင်နယ်မြေမှာ ဓားပြတွေ ရှိလား..." ထိုစကားကို ကြားပြီး လီချန်ချင်း စိတ်ဝင်စားသွားသည်။

"ရှိတယ်။" ရွှယ်ချမ်းပိုင်က ပြန်အဖြေပေးသည်။ "သင်္ချိုင်းဓားပြတော်တော်များများဟာ သင်္ချိုင်းတွင်းပစ္စည်းတွေကို ခိုးယူဖို့ သင်္ချိုင်းတွေဆီသွားကြတယ်။ သန်မာတဲ့လူတွေရဲ့ သင်္ချိုင်းပစ္စည်းတွေက ရတနာမျိုးစုံရှိပြီး ရတနာတွေကို သင်္ချိုင်းပစ္စည်းတွေအဖြစ် ထွင်းထုထားတာလေ။"

"ဒါပေမယ့် ချန်ယွင်နယ်မြေတစ်ခုလုံးမှာ ခေါင်းတလားတွေကို ခိုးချင်နေတာ မင်းတစ်ယောက်ထဲပဲလို့ ငါထင်တယ်။ မင်းနဲ့ရွယ်တူတွေက သေချာပေါက် မင်းကို လှောင်ပြောင်ကြမှာပဲ။" ရွှယ်ချမ်းပိုင်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"ငါလည်း တွေးနေတာ ငါနဲ့ရွယ်တူတွေထဲ တကယ်ကြီး ခေါင်းတလားကို လုယက်တဲ့သူ ရှိလားလို့။" လီချန်ချင်း ပြန်လည်တုံ့ပြန်သော်လည်း သူ့အကြည့်ကို တစ်စုံတစ်ခုက စွဲဆောင်နေပုံရသည်။

ရွှယ်ချမ်းပိုင်သည် လီချန်ချင်းအကြည့်များ၏ လားရာကိုကြည့်လိုက်ရာ အရှေ့ဘက်တွင် အလွန်ဝေးလံသော ဈေးဆိုင်တစ်ခုတွင် ထိုင်နေသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ထိုပိန်ပိန်ပါးပါးလူငယ်လေးသည် အသက်ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်ခန့်ရှိပြီး အဝတ်အစားများမှာလည်း စုတ်ပြဲနေသည်။ ထိုလူငယ်လေး မည်သည်တို့ တွေးနေသည်ကို မသိရသော်လည်း သူ့မျက်လုံးများမှာမူ အသက်မဲ့လှပေ၏။

ထို့ပြင် သူ့ရှေ့တွင် သစ်သားသေတ္တာကြီးကြီး ရှိနေသည်။ ၎င်းတို့ကို သစ်သားသေတ္တာများဟု ခေါ်မည့်အစား အလွန်ထူးဆန်းသော သစ်သားတုံးများဟု ခေါ်လျှင် ပိုသင့်လျော်ပေမည်။

ထိုသစ်သားတုံးများသည် စတုရန်းပုံဖြစ်ပြီး တစ်ခုချင်းစီတွင် ထူးဆန်းသော အမှတ်အသားများပါရှိသည်။

"သစ်သားကောင်း...." လီချန်ချင်းသည် ၎င်း၏တောက်ပမှုကိုကြည့်ရုံဖြင့် အရည်အသွေးမြင့်သစ်သားဖြစ်ကြောင်း သိလိုက်သည် ။ ပို၍အရေးကြီးသည် သစ်သားမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို လီချန်ချင်းခံစားလိုက်မိပေသည်။

ဤသစ်သားသည် သတ်ဖြတ်လိုသော အငွေ့အသက်များ အချိန်အတန်ကြာ ကိန်းအောင်းနေခဲ့ပုံပေါ်ပေ၏။ ဤသစ်သားသည် တိုက်ခိုက်ရေး ပန်းချီရတနာများ ပြုလုပ်ရန် အလွန်သင့်လျော်လှပေသည်။

သားဖြစ်သူသည် ပြန်လည်မွေးဖွားခြင်းအဆင့်ကို မရောက်ရှိသေးသော်လည်း စောစီးစွာ ကြိုတင်ပြင်ဆင်ထားသင့်ပေ၏။ သူ့သားကို တာထွက်မှာတင် အရှုံးမခံစေလိုပေ။

ထို့နောက် လီချန်ချင်းသည် ထိုလူငယ်ဆီသို့ တည့်တည့် လျှောက်သွားသည်။

"ပစ္စည်းကောင်းတယ်နော်။" လီချန်ချင်းသည် ထူးဆန်းသောပုံစံသစ်သားသေတ္တာကိုကြည့်ကာ သူ့လက်နှင့်ထိလိုက်သည်။ မရေမတွက်နိုင်သော ဓားများ၏ ပဲ့တင်ထပ်သံများကဲ့သို့ ထင်းထဲတွင်ပါရှိသော လူသတ်ချင်စိတ်ကို သူခံစားနိုင်ပေ၏။

"အသုံးမဝင်ပါဘူး။" ထိုအချိန်တွင် အနောက်မှ ရွှယ်ချမ်းပိုင်၏ အသံထွက်ပေါ်လာသည်။

"ဘာလို့ အသုံးမကျရမှာလဲကွ။ ဒီပစ္စည်းရဲ့ပုံစံက ထူးဆန်းပါတယ်။" လီချန်ချင်းက ခေါင်းလှည့်ပြီး မေးသည်။

"ဒီပစ္စည်းက ဒီမှောင်ခိုဈေးကွက်မှာ သုံးနှစ်ကျော်ရှိနေပြီ။" ရွှယ်ချမ်းပိုင်က ရှေ့သို့တက်လာပြီး လူငယ်ကိုကြည့်ကာမေးသည်။ "မင်းက ချင်းလဲ့ဓားဂိုဏ်းက နောက်ဆုံးလူမလား။"

ထိုလူငယ်သည် ရှုပ်ထွေးတွေဝေနေသော မျက်လုံးများကို မော့လိုက်ကာ သူ့ရှေ့တွင်ရပ်နေသည့် မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။ "ကျွန်တော်က ချင်းလဲ့ဓားဂိုဏ်းရဲ့ ဆယ်ဆက်မြောက် တပည့် ယဲ့ကျိဖန်ပါ။ ကျွန်တော့်ဂိုဏ်းက ကျန်ခဲ့တဲ့ ရတနာတွေကို ခင်ဗျားတို့ကြည့်ချင်လား။"

"ချင်းလဲ့ဓားဂိုဏ်း...." ထိုအမည်ကို လီချန်ချင်းတစ်ခါမျှ မကြားဖူးပေ။ သို့ဖြစ်၍ ရွှယ်ချမ်းပိုင်ဘက်သို့ လှည့်မေးသည်။ "ချင်းလဲ့ဓားဂိုဏ်းက ဘယ်လိုဂိုဏ်းလဲ။ ငါတစ်ခါမှ မကြားဖူးဘူး။"

"ချင်းလဲ့ဓားဂိုဏ်းဆိုတာ တစ်ချိန်က မြောက်ပိုင်းအေးခဲနိုင်ငံကို အကာအကွယ်ပေးထားတဲ့ဂိုဏ်းပဲ။" ရွှယ်ချမ်းပိုင် ကရှင်းပြသည်။

"ချန်ယွင်နယ်မြေမှာရှိတဲ့ ဓားဂိုဏ်းတွေထဲမှာ ချင်းလဲ့ဓားဂိုဏ်းရဲ့ အစွမ်းတွေက ထိပ်တန်းသုံးခုအဖြစ် သတ်မှတ်လို့ရတယ်။ ချင်းလဲ့ဓားဂိုဏ်းမှာ ချင်းလဲ့ (၇)ဦးရဲ့ ချင်းလဲ့လူသတ်ဓားခုနစ်ခုဖွဲ့စည်းပုံဟာ ဘယ်သူမှ တွန်းလှန်နိုင်စွမ်းမရှိတဲ့အရာပဲ။ သူတို့ ခုနစ်ဦးက တစ်ချိန်က မဟာသိုင်းဂိုဏ်းကို သတ်ဖို့အထိ ပေါင်းစည်းနိုင်ခဲ့တယ်လေ။"

"မဟာသိုင်းဂိုဏ်း...." လီချန်ချင်းက အံ့အားသင့်စွာ အော်လိုက်မိသည်။ "သူတို့က မူလအဆင့် ပညာရှင်တွေကိုတောင် သတ်ခဲ့တာလား။ အဲ့ဒီ ချင်းလဲ့ဓားဂိုဏ်းက တကယ်ကို အားကောင်းတာပဲ။"

"ချင်းလဲ့ခုနစ်ဦးလုံးက မူလအဆင့် စွမ်းအားရှင်တွေပဲ။ သူတို့ရဲ့ ဓားရေးသိုင်းစွမ်းရည်က အထူးကောင်းမွန်ကြတယ်။ အထူးသဖြင့် သူတို့ဟာ ဓားဖွဲ့စည်းဟာ ပြိုင်ဘက်ကင်းပဲ။ ချင်းလဲ့ဓားဂိုဏ်းဟာ တစ်ချိန်က သြဇာကြီးမားခဲ့ပေမယ့် နောက်ပိုင်းမှာ ဆုတ်ယုတ်သွားတဲ့အတွက်တော့ စိတ်မကောင်းစရာပဲ။"

ရွှယ်ချမ်းပိုင်သည် ယဲ့ကျိဖန်ဟုခေါ်သော လူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ "ငါမှတ်မိသလောက်ဆို ချင်းလဲ့ဓားဂိုဏ်းဟာ နဝမမြောက်မျိုးဆက်မှာ ပြိုကွဲခဲ့တာမဟုတ်လး။"

"မင်းက ခုနောက်ပိုင်းမှ ဂိုဏ်းဝင်ခဲ့တာ ထင်ပါတယ်။ ပြီးတော့ ချင်းလဲ့ဓားဂိုဏ်းက ပျက်သွားပြီမဟုတ်လား။"

"ဟုတ်ပါတယ်။" ယဲ့ကျိဖန်သည် အလွန်ဗိုက်ဆာနေပုံပေါ်ပြီး ခေါင်းညိတ်ပြကာ စကားသိပ်မပြောပေ။

ထို့နောက် ယဲ့ကျိဖန်က လီချန်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ "အစ်ကိုကြီး....အစ်ကို့မှာ ပိုင်းခြားသိမြင်တဲ့မျက်လုံးနဲ့ ဒီအရာကို ရတနာတစ်ခုလို့ မြင်ခဲ့တာပဲ။ ဒါကိုဝယ်သင့်တယ်။"

"မင်းက ဂိုဏ်းထဲဝင်တာမှမကြာသေးဘူး ဂိုဏ်းပျက်သွားတာလား။" လီချန်ချင်းသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။

ယဲ့ကျိဖန်ကြောင့် ကံဆိုးမိုးမှောင်ကျနေသည့် ဂိုဏ်းကြီး ဖျက်လိုက်ရသည်လော။

ထို့နောက် ဘေးမှာ ရပ်နေသည့် ရွှယ်ချမ်းပိုင်က သစ်သားသေတ္တာကို ညွှန်ပြလေသည်။ "ဒီအရာဟာ ချင်းလဲ့ဓားဂိုဏ်းပျက်ပြီး နှစ်အနည်းငယ်ကြာမှ တူးဖော်တွေ့ရှိခဲ့တာလို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး အခု ဒီကလေးလက်ထဲရောက်နေတာပဲ။"

“မှောင်ခိုဈေးကွက်မှာ သုံးနှစ်ရှိပြီ။ မရေမတွက်နိုင်တဲ့ စွမ်းအားရှင်တွေလည်း ဒါကို တွေ့ပြီးကြပြီ။ ဒါပေမယ့် အတွင်းက ယန္တရားက အရမ်းရှုပ်ထွေးတယ်။ ဘယ်သူမှ ဖွင့်လို့မရဘူး။ နောက်ပြီး အထဲမှာ ဖွင့်ပြီးသားဆိုရင်တောင် ဘယ်သူမှ မသိနိုင်ဘူး။။"

"ဒါက ရတနာပဲဖြစ်မလား အန္တရာယ်ပဲ ဖြစ်မလားဘယ်သူမှ မပြောနိုင်ဘူး။" ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို သတိပေးခဲ့သည်။

All Chapters