အခန်း (၁၃၀)
Vol. 13 Ch. 130
လီချန်ချင်း၏စကားကိုကြားသောအခါ ရွှယ်ချမ်းပိုင် သက်ပြင်းတစ်ချက်ချလိုက်လေသည်။ "ကောင်းပြီ....ငါဒီတစ်ခေါက်တော့ မင်းနဲ့ပူးပေါင်းလိုက်မယ်။"
"ဒါပေမယ့် မင်းသေတ္တာကိုရပြီဆိုတာနဲ့ မှောင်ခိုဈေးကွက်ကနေ မြန်မြန်ထွက်သွားဖို့ သတိရလိုက်ပါ။ မှောင်ခိုဈေးကွက်ထဲက ကျွမ်းကျင်သူတွေဟာ များသောအားဖြင့် မြို့စွန်တွေဆီပဲ ပြေးလိုက်ကြပြီး နောက်ထပ် မလိုက်ကြတော့ဘူး။ အရေးကြီးဆုံးကတော့ မင်းဘယ်သူဘယ်ဝါဆိုတာကို မသိစေနဲ့။"
"တာအိုတောင်တန်းဂိုဏ်းက ကျင့်စဉ်တွေမသုံးနဲ့။ ငါတို့ တာအိုတောင်တန်းဂိုဏ်းကို ဒုက္ခမဖြစ်စေဖို့ သတိရပါ။" ရွှယ်ချမ်းပိုင်က သတိပေးလေသည်။
"မှောင်ခိုဈေးကွက်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသူတွေကိုတော့ မင်းအတွက် ငါ သူတို့ကို ကိုင်တွယ်ပေးမယ်။"
"ကောင်းပြီ။"
တာအိုတောင်တန်းဂိုဏ်းမှ ကျင့်စဉ်များကို အသုံးမပြုနိုင်ခြင်းမှာ ပြဿနာမဟုတ်ပေ။ လီချန်ချင်းတွင် နဂါးနိုင်လက်ဝါးသိုင်းကွက်များ ရှိနေဆဲဖြစ်သည်။ ထိုတိုက်ကွက်ကို မည်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
"မင်းလုပ်ချင်ရင် လုပ်လိုက်ပါ။ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့မင်းသားက စည်းကမ်းကျအောင် သင်ခန်းစာပေးဖို့တော့လိုနေတာပဲ၊ ဒါပေမယ့် မြန်မြန်တော့လုပ်။" ရွှယ်ချမ်းပိုင် သက်ပြင်းချလိုက်သည်။
ဤရူးသွပ်မှုကြီးတွင် အဘယ်ကြောင့် လီချန်ချင်းနှင့် ပူးပေါင်းမိသည်ကိုပင် နားမလည်နိုင်တော့ချေ။ တစ်ဖက်တွင် မှောင်ခိုဈေးကွက်တွင် အထူးအဆင့် ကျွမ်းကျင်သူများ ရှိနေပေ၏။ တစ်ဖက်တွင်မူ ၎င်းတို့သည် မင်းသားတစ်ပါးကို သူ၏ နိုင်ငံအတွင်းတွင် တိုက်ခိုက်ရန် ကြံရွယ်နေကြပေသည်။
ဤလုပ်ရပ်နှစ်ခုလုံးသည် ဆင်ခြင်တုံတရားမရှိသော်လည်း ရွှယ်ချမ်းပိုင်ကိုယ်တိုင် လီချန်ချင်းနှင့်အတူ ဤရူးသွပ်မှုနောက်သို့ လိုက်ပါနေမိလေသည်။ ထိုအချိန်တွင် မင်းသား ရင်ဟဲသည် သစ်သားသေတ္တာကို ကိုင်ဆောင်ကာ အရှေ့ဘက်သို့ လျှောက်သွားပြီး ၎င်းပေါ်ရှိ သင်္ကေတများကို စဉ်းစားနေလေသည်။
သေတ္တာ၏ အကွက်တစ်ခုစီတွင် ယခင်က မမြင်ဖူးသော ထူးခြားသည့် သင်္ကေတများပါရှိပြီး အလွန်လျှို့ဝှက်ဆန်းကြယ်လှပေ၏။ နန်းတော်သို့ပြန်ရောက်ပြီးနောက် ဤသင်္ကေတများတွင် ရည်ညွှန်းချက်များရှိမရှိ စစ်ဆေးရန် စီစဉ်ခဲ့သည်။
သူ့ဉာဏ်ရည်ဥာဏ်သွေးဖြင့် လျှို့ဝှက်ချက်ကို အတိအကျ ပုံဖော်နိုင်မည်ဟု အခိုင်အမာ ယုံကြည်နေမိပေ၏။
"ကျန်းချင်း...." ရင်ဟဲသည် သေတ္တာကို စစ်ဆေးပြီးနောက် မိန့်ဆိုသည်။ "ဓားခုနစ်စင်းဖွဲ့စည်းပုံကို ရှာတွေ့နိုင်ရင် အဲဒါကို လေ့ကျင့်ဖို့ လူခုနစ်ယောက်ကို ရှာထားရမယ်။ အဲဒီအခါမှာ ငါ့ပြိုင်ဘက်က ဘယ်သူဖြစ်မလဲ။ ပဉ္စမမြောက်မင်းသားက ငါ့အရှေ့မှာ ကြွားဝါနိုင်ဦးမလားဆိုတာ ကြည့်ရမယ်...."
"အရှင်မင်းသား...ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံက အမှန်တကယ် အစွမ်းထက်ပေမယ့် ချင်းလဲ့ခုနစ်ယောက်လုံးက ပြီးပြည့်စုံခြင်းမူလအဆင့်တွေပါ။ ပြီးပြည့်စုံခြင်းမူလအဆင့်မူလအဆင့်ခုနစ်ယောက်ရဲ့ ပေါင်းစပ်အင်အားက ကြောက်ခမန်းလိလိပါဘဲ။ ဒါ့အပြင် သူတို့ခုနစ်ယောက်ကိုင်တောင်တဲ့ ဓားအားလုံးဟာ မြင့်မြတ်တဲ့ နတ်ဘုရားလက်နက်စာရင်းမှာ ပါနေတာကြောင့် သူတို့ရဲ့စွမ်းအားကို တုနှိုင်းလို့မရပါဘူး။"
"ချင်းလဲ့ခုနစ်ယောက်ပေါင်းစည်းခဲ့တဲ့ အကြောင်းအရင်းများစွာထဲက တစ်ခုဟာ မဟာသိုင်းဂိုဏ်းဝင်တစ်ဦးကို သတ်ဖို့ပါဘဲ။ အဲဒါက ဓားဖွဲ့စည်းမှုသာ ဖြစ်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကနေတောင် ရုန်းထွက်နိုင်ဖို့ ခက်မှာကို ကျွန်တော်စိုးရွံ့မိပါတယ်။" ကျန်းချင်းက ရင်ဟဲအား အလေးအနက် ရှင်းပြလေသည်။
"ကျုပ်တို့တွေ သေချာပေါက် ပြီးပြည့်စုံခြင်းမူလအဆင့်ခုနစ်ယောက်ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ငါတို့ရဲ့ မြောက်ပိုင်းအေးခဲနိုင်ငံဟာ ပြီးပြည့်စုံခြင်းမူလအဆင့်ခုနစ်ယောက်ပြည့်အောင်တောင် မမွေးထုတ်ပေးနိုင်သေးဘူး။ ဒါပေမယ့် မူလအဆင့်ရဲ့ အထွတ်အထိပ် ကျွမ်းကျင်သူ ခုနစ်ယောက်ကို စုစည်းလို့ရပါတယ်။"
"မြင့်မြတ်သန့်စင်တဲ့လက်နက်တွေအတွက်ကတော့ ငါတို့မြောက်ပိုင်အေးခဲနိုင်ငံဘဏ္ဍာတိုက်မှာ အဆင့် ၄၁ အဆင့်ရှိတဲ့ အနီရောင်သတ္ထုဓားတစ်လက်လည်းရှိတယ်။ ဒါ့အပြင် ဓားခြောက်ချောင်းကို ထုလုပ်ဖို့အတွက် အဖိုးတန်ပစ္စည်းများကို ကျုပ်က ရှာမယ်။ အဲ့လိုဆို ချင်းလဲ့ခုနစ်ယောက်ရဲ့ ခွန်အားကို မမှီရင်တောင်မှ ပြီးပြည့်စုံခြင်းမူလအဆင့်တယောက်ရဲ့ စွမ်းအားနဲ့တော့ ညီမျှလိမ့်မယ်လို့ ထင်မိပါတယ်" ရင်ဟဲက ကောက်ချက်ချလေ၏။
ရင်ဟဲ၏ ပြောစကားကို ကြားသောအခါ ကျန်းချင်းမှာ မချိပြုံးပြုံးမိသည်။ သူ့၏နဝမမြောက်မင်းသားမှာ အင်မတန် နုံအလွန်းပေသည်။
အနီရောင်သတ္ထုဓားသည် အမှန်တကယ်ပင် မြောက်ပိုင်းအေးခဲနိုင်ငံ ဘဏ္ဍာတိုက်တွင် ရှိနေသည်။ သို့သော် ဧကရာဇ်မင်းသည် ဤဓားကို သူ့အား မည်ကဲ့သို့ ပေါ့ပေါ့ဆဆ ပေးပါမည်နည်း။
ထို့အပြင် ရှားပါးကောင်းမွန်သောပစ္စည်းများမှ ထုလုပ်ထားသော ဓားများသည် ကောင်းမွန်သော်လည်း ၎င်းတို့သည် နတ်ဘုရားလက်နက်များနှင့် နှိုင်းယှဉ်၍မရပေ။ မြင့်မြတ်သောလက်နက်စာရင်းရှိ ဓားများ အားလုံးတွင် စိတ်ဝိညာဉ်များ ပါဝင်ပါသည်။ ၎င်းတို့သည် သာမန်ဓားများနှင့် မယှဉ်နိုင်ချေေ
ထို့အပြင် ဓားခုနစ်စင်းဖွဲ့စည်းပုံကို လေ့ကျင့်ရခြင်းသည် လွယ်ကူပါသလော...။
"ချင်းလဲ့ခုနစ်ဦးသေဆုံးပြီးနောက်ပိုင်း ဧကရာဇ်မင်းမြတ်က သူတို့ရဲ့ဓားတွေကို စုဆောင်းထားတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့တယ်။ အဲ့ဒါမှန်မမှန်ဆိုတာတော့ ငါမသိဘူး။ ဘဏ္ဍာတိုက်ထဲမှာလည်း မတွေ့ဖူးဘူး။ ကျန်ချင်း....အဲ့တာကို ဧကရာဇ်မင်းက တစ်နေရာရာမှာ ဝှက်ထားခဲ့တယ်လို့ မင်းထင်လား။" ရင်ဟဲက စိတ်ဝင်တစား မေးသည်။
ကျန်းချန်းပြန်လည်ဖြေခါနီးမှာပဲ နဂါးဟစ်ကြွေးသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေ၏။
ထိုဟစ်ကြွေးသံက သူ့နားစည်ကို တုန်ခါသွားစေပြီး တစ်ချိန်တည်းမှာပင် ကျန်းချင်းရှေ့မှာ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ထို့နောက် ရွှေရောင်နဂါးလက်သည်းသည် ရင်ဟဲအား ဖမ်းဆုပ်ထားလေ၏။
၎င်းမှာ လီချန်ချင်း၏ ၁၃ကွက်မြောက် နဂါးနိုင်လက်ဝါးသိုင်းဖြစ်ပြီး ၎င်း၏ပစ်မှတ်မှာ ရင်ဟဲ၏လက်ထဲရှိ သစ်သားသေတ္တာဖြစ်သည်။
"အရှင့်သား....သတိထားပါ..." ကျန်းချင်းက ထိတ်လန့်တကြားအော်ဟစ်သတိပေးလေ၏။
လီချန်ချင်းသည် လူတိုင်း၏ သတိလွတ်နေခြင်းကို အခွင့်ကောင်းယူကာ မထင်မှတ်ဘဲ လှုပ်ရှားခဲ့သည်။ နဂါးလက်သည်းကို ထုတ်လိုက်သည်နှင့် မှောင်ခိုဈေးကွက်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့လေသည်။
လှုပ်ရှားမှုက အင်မတန် ထင်ရှားလွန်ပေ၏။ ရောင်းသူရော ဝယ်သူရော အားလုံးက လီချန်ချင်းဘက်ကို လှမ်းကြည့်ကြသည်။ မှောင်ခိုဈေးကွက်တွင် လှုပ်ရှားဝံ့သူ တစ်ဦးရှိနေခြင်းကို အံ့အားသင့်နေမိကြလေ၏။
မည်သူက ဤမျှသတ္တိရှိပါသနည်း။ မှောင်ခိုဈေးကွက်မှာ လှုပ်ရှားဝံ့သူများသည် ဆိုးဆိုးရွားရွားအဆုံးသတ်ကြရလေသည်။ ယခင်က မှောင်ခိုဈေးကွက်မှာ ပြဿနာရှာရဲသူများ အားလုံး မရှုမလှအဆုံးသတ်ကြရလေသည်။
ကံကောင်းထောက်မ၍ လွတ်မြောက်နိုင်သူများပင် ထိုအဖြစ်အပျက်ကြောင့် မှောင်ခိုဈေးကွက်သို့ဝင်ခွင့် ပိတ်ပင်ခံရလေသည်။ ထို့အပြင် ၎င်းတို့ကို မှောင်ခိုဈေးကွက်နောက်ကွယ်မှ လူများ၏ အမဲလိုက်ခြင်းကိုလည်း ခံရနိုင်ပေ၏။
မှောင်ခိုဈေးကွက်သည် မြောက်ပိုင်းအေးခဲနိုင်ငံ၌သာမက စန်းယွမ်တိုက်တခုလုံးအထိကို ကျယ်ပြောလှသည်။ နောက်ကွယ်က အင်အားစုများကို လျှော့တွက်၍ မရပေ။ မှောင်ခိုဈေးကွက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို သုံးကြလေသည်။
ထို့ကြောင့် ကျန်းချင်းသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ နဝမမြောက် မင်းသားအား တိုက်ခိုက်သူကို မဆိုထားနှင့် မှောင်ခိုဈေးကွက်တွင် လှုပ်ရှားဝံ့သူ တစ်ဦးကိုပင် မျှော်လင့်မထားပေ။ သူတုံ့ပြန်သည့်အချိန်က နောက်ကျသွားပေပြီ။
ရင်ဟဲသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ဖြစ်သောကြောင့် လီချန်ချင်း၏ နဂါးလက်သည်းတိုက်ကွက်ကို သူမည်ကဲ့သို့ ခုခံနိုင်မည်နည်း။ လီချန်ချန်းကိုယ်တိုင်လည်း သူ့အစီအစဉ်အောင်မြင်မည်ဟု ခံစားမိသည်။
လီချန်ချင်း၏ နဂါးနိုင်လက်ဝါးကို မှတ်မိသူ တစ်ဦးမျှရှိမည်မဟုတ်ချေ။ လီချန်ချင်းသည် ပစ္စည်းခိုးယူပြီးနောက် ထွက်ပြေးသွားမည်ဖြစ်သည်။ မှောင်ခိုဈေးကွက်၌ သူမည်သူဖြစ်သည်ကို မည်သူသိမည်နည်း။
ဤသစ်သားသေတ္တာကို လုယူခြင်းဖြင့် ငွေသန်းပေါင်းများစွာကို ခြိုးခြံချွေတာနိုင်ခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် မာနကြီးသော မင်းသားကို သင်ခန်းစာတစ်ခု ပေးနိုင်ခဲ့သည်။
နဂါးနိုင်လက်ဝါးဖြင့် သေတ္တာကို ဖမ်းယူခါနီးမှာပဲ ရင်ဟဲ၌ သွေးအလင်းအတန်းတစ်ခု ပေါ်လာလေ၏။ သွေးအလင်းတန်းသည် ရင်ဟဲအား တိုက်ရိုက်ဖုံးအုပ်ပေးထားသည့် အကာတစ်ခုအသွင် ရှိသည်။
နဂါးလက်သည်းသည် ရွှေရောင်အလင်းတန်းနှင့် တိုက်မိသောအခါ သွေးအလင်းတန်းများသည် ချက်ချင်းပင် အက်ကွဲသွားလေ၏။ မင်းသားလည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
"မင်းသားကို ကာကွယ်ကြ...." ကျန်ချင်းက ဒေါသတကြီး အော်လိုက်သည်။ တခဏချင်းမှာပဲ မူလအဆင့်သိုင်းပညာရှင် တော်တော်များများက ရင်ဟဲ၏ရှေ့ကို ပိတ်ဆို့ဝန်းရံပေးပြီး ကာကွယ်ပေးကြလေ၏။
အားလုံး၏ အကြည့်များသည် လီချန်ချင်းဆီသို့ ဦးတည်နေကြပေ၏။
"ပန်းချီကား ရတနာကာကွယ်ခြင်း။" ထိုအချိန်တွင် ရွှယ်ချမ်းပိုင်က ရယ်မောလျက်ပြောသည်။ "အောင်မြင်ဖို့ အဲ့လောက်လွယ်မယ်လို့ ထင်နေတာလား။ ဒါက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့မင်းသားနော်။ သူ့မှာ အကာအကွယ်ရတနာတွေ ရှိမှာပေါ့ကွ။"
"အနာဂတ်မှာ ငါ့သားအတွက် ဒါတွေထဲက တစ်ခုကို ယူပေးရမယ်။" လီချန်ချင်း ချင့်ချိန်တွေးတောလိုက်ပေ၏။
"အတင့်ရဲလိုက်တဲ့သူခိုး....မင်းဘယ်လိုသတ္တိမျိုးနဲ့ နဝမမြောက်မင်းသားကို တိုက်ခိုက်ဝံ့တာလဲ။ မင်းက ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ။"
ကျန်းချင်းသည် လီချန်ချင်းကိုမြင်လိုက်သည်နှင့် စောစောက သစ်သားသေတ္တာကို ဝယ်ဖူးသည့်လူမှန်း သိလိုက်သည်။
စကားပြောပြီးနောက် ကျန်းချင်းသည် တော်ဝင်အထွတ်အထိပ်ပညာရှင်တစ်ယောက်ကို ဆင့်ခေါ်ရန်အတွက် သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲသီးကို ချက်ချင်း ခြေမွပစ်လိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။" ထိုအချိန်တွင် ရင်ဟဲ၏ မျက်နှာသည် ကြောက်ရွံ့မှု အရိပ်အယောင် မပြဘဲ လှောင်ပြောင်သရော်၍ပင် ပြောနေပေသေးသည်။
“ငါ့ကို ပြောင်ပြောင်တင်းတင်း လုယက်ရဲတဲ့သူကို ငါ တစ်ခါမှ မကြုံဖူးဘူ။"
"ဒူးထောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်စမ်း.....ငါမင်းရဲ့ မျိုးဆက်၉ဆက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင် မင်းမိသားစုတစ်ခုလုံး သေရလိမ့်မယ်။" ရင်ဟဲက မောက်မာစွာ ဟစ်ကြွေးလိုက်သည်။
"မင်းအိပ်မက်မက်နေတာလား။ ငါဒီနေ့ ဒီသေတ္တာကို ယူဖြစ်အောင်ကို ယူမယ်။" လီချန်ချင်းသည် မိသားစုတစ်ခုလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး သူလိုချင်သည့်အရာအတွက် အခြားသူများကို အတင်းအကြပ် ခိုင်းစေသော ထိုကဲ့သို့သောလူကို လုယက်ခဲ့မှုအတွက် အပြစ်မရှိဟု ခံစားမိသည်။
"မှောင်ခိုဈေးကွက်မှာ ပြဿနာရှာရဲတယ်ဆိုတော့ နေရဲအောင်လည်း သတ္တိမွေးထားပေါ့ကွာ...." လီချန်ချင်းသည် သူ့လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ဟန်ပြင်နေစဉ်မှာပဲ ပလုံးပထွေးအသံတစ်ခု ထွက်ပေါ်လာလေ၏။
ထို့နောက် ချက်ခြင်းပင် ပြင်းထန်သော ရောင်ဝါသည် လှိမ့်ဆင်းလာကာ လီချန်းချင်းဆီသို့ တည့်တည့် ဦးတည်သွားလေသည်။
"ဒါက မှောင်ခိုဈေးကွက်ကို ကြီးကြပ်သူပဲ.... "
"အရာအားလုံး သွားပြီ..." လီချန်ချင်း အဆုံးသတ်တော့မည်ဟု ကြည့်ရှုနေသော ပရိသတ်အများအပြားက ထင်ကြေးပေးခဲ့ကြသည်။ မှောင်ခိုဈေးကွက်မှာ ပြဿနာရှာခြင်းသည် ကြီးမားသော ရန်စခြင်းတစ်မျိုး ဖြစ်ပေ၏ ရလဒ်ကို ခန့်မှန်း၍ ရပေသည်။
သို့သော် ထိုအချိန်တွင် ရွှယ်ချမ်းပိုင်က သူ့လှုပ်ရှားမှုကို စတင်ခဲ့သည်။ ရွှယ်ချန်းပိုင်သည် သူ့လက်ချောင်းများကို မြှောက်လိုက်ရာ သူ့လက်ချောင်းထိပ်များမှ ဓားရောင်ဝါလှိုင်းတစ်ခု ပေါ်ပေါက်လာကာ ထိုရောင်ဝါသည် တိုးဝင်လာသမျှ ရောင်ဝါများကို ထက်ခြမ်းခြမ်းပစ်လေ၏။
ရွှယ်ချမ်းပိုင်၏ လှုပ်ရှားမှုများသည် တုံ့ဆိုင်းမနေဘဲ စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့လှပေသည်။ ထိုစဉ် သူ့နောက်ကျောဘက်တွင် ကြီးမားလှသည့်သံတူကြီးတစ်ခုကို သယ်ဆောင်ထားသည့်လူတယောက်သည် လေဟာနယ်ကြီးတစ်ခုထဲမှ ရုတ်တရက် ပေါ်လာလေသည်။
သူ၏ နက်မှောင်သော ကြွက်သားများနှင့် ခန္ဓာကိုယ်သည် အလွန်ကြံ့ခိုင်လှပြီး သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြင်းထန်သော ရောင်ဝါများကို ခံစားမိနိုင်ပြီး နှလုံးခုန်သံများပင် နှေးသွားနိုင်ပေသည်။
"အဲ့ဒါ ကျူရှောင်တင်းပုတ်မင်းသား ထီလင်း မဟုတ်လား။ သူ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပြီး အခု သူ မှောင်ခိုဈေးကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြန်ပြီ။"
"သူက အဆင့်မြင့်ဆရာသခင် သိုင်းပညာရှင်ပဲ။"
ထိုစွမ်းအားရှင်၏ အသွင်အပြင်ကြောင့် လူအချို့ ထိတ်လန့်သွားကြသည်။ ထိုလူသည် မူလအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။
ကျူရှောင်တင်းပုတ်မင်းသား ထီလင်း သည် တစ်ချိန်က စန်းယွမ်နယ်မြေရှိ ထင်ရှားသော သိုင်းသမားတစ်ဦးဖြစ်ပေ၏။
"နောက်ထပ် အဆင့်မြင့်ဆရာသခင် တယောက်ပါလား...." ထီလင်းသည် ရွှယ်ချမ်းပိုင်ရှေ့သို့ ခုန်တက်လိုက်လေသည်။
"မှောင်ခိုဈေးကွက်မှာ ပြဿနာရှာမိရင် အဆင့်မြင့်ဆရာသခင် အဆင့်ဖြစ်နေရင်တောင်မှ ညှာတာထောက်ထားမှုမရှိဘဲ အသတ်ခံရမယ်ကွ။" ရွှယ်ချမ်းပိုင်မှာ သူ့ဓားကိုဆွဲမထုတ်သေးဘဲ ငြိမ်နေရလေ၏။
ရွှယ်ချမ်းပိုင် မှောင်ခိုဈေးကွက်ထဲဝင်စဉ်က သူ၏ဓားကို လီချန်ချင်းထံ ပေးအပ်ခဲ့ပြီး သိုလှောင်လက်စွပ်ထဲ ထည့်ထားခဲ့မိသည်။ မဟုတ်ပါက ရွှယ်ချမ်းပိုင်၏ ချင်းရွှယ်ဓားကို မြင်ရုံမျှဖြင့် ရွှယ်ချမ်းပိုင် မည်သူမည်ဝါဖြစ်သည်ကို သတိထားမိကြမည်ဖြစ်သည်။
"မြန်မြန်သွား...." ရွှယ်ချမ်းပိုင် အော်ပြောသည်။
"ကောင်းပြီ။" လီချန်ချင်း ခေါင်းညိတ်လိုက်သည်။ လီချန်ချင်း အချိန်မဖြုန်းနေတော့ပေ။
လီချန်ချင်းသည် မူလက သေတ္တာကို လုယူချင်ခဲ့သော်လည်း ယခုအခါတွင် အဆိုပါ မူလအဆင့်စွမ်းအားရှင်များသည် ရင်ဟဲကို ကာကွယ်နေကြပေသည်။ လီချန်ချင်းအနေဖြင့် သေတ္တာကို လိုချင်လျှင် ထိုမူလအဆင့် ပညာရှင်များနှင့် အရင် ရင်ဆိုင်ရပေမည်။
သို့သော် လီချန်ချင်းတွင် အခြားအကြံဥာဏ်များ ရှိနေပေသေးသည်။ နဝမမြောက်မင်းသား ရင်ဟဲ၏ ပင်ကိုစရိုက်ကို မြင်လိုက်ရသောအခါ လီချန်ချင်းအနေဖြင့် သူ့အား သင်ခန်းစာပေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်လေသည်။
လီချန်ချင်းသည် သူ့လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မိုးမခသစ်ရွက်ကဲ့သို့ လေဟာနယ်ထဲတွင် လက်ကိုလှုပ်ရှားနေသည်။ သူရွေ့လျားနေသည်နှင့်အမျှ သူ့ရှေ့ရှိ လေဟာနယ်သည် တုန်ယင်လာလေ၏။
သူ့ပတ်ဝန်းကျင်တုန်ယင်နေသည်ကိုတွေ့လိုက်ရသောအခါ ကျန်းချင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
"အပြင်ပိုင်း တိမ်တိုက်လက်ဖဝါးသိုင်းကွက်...."
လီချန်ချင်း၏ လက်ဖဝါးမှာ မူလအဆင့်ပညာရှင်အားလုံးကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားလေသည်။
ရင်ဟဲမှာ ဖြစ်ပျက်နေသည်တို့ကို နားမလည်နိုင်ဖြစ်နေစဉ်မှာပဲ လက်ဖဝါးကြီးသည် သူ့ရင်ဘတ်ကို တိုက်ရိုက်ထိသွားသလို ခံစားလိုက်ရလေသည်။
"အဟွတ်....." လီချန်ချင်း၏ လက်ဖဝါးရိုက်ချက်ကြောင့် ရင်ဟဲ သွေများအန်ထွက်ကုန်လေသည်။
တစ်ချိန်တည်းမှာပင် လီချန်ချင်း၏ အခြားလက်တစ်ဖက်က နဂါးနိုင်လက်ဝါးသိုင်းဟန်ကို ဝှေ့ယမ်း၊ အကွက်ထုတ်ကာ နဂါးလက်သည်းကို လွှတ်ထုတ်ပြီး အဝေးကသေတ္တာကို တိုက်ရိုက်လှမ်းဆွဲယူပြီး သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ရပြီကွ...." လီချန်ချင်းသည် နတ်ဆိုးအိုကြီးရှန်း၏ သိုင်းကွက်ကို ခိုးသင်ထားခဲ့သော အပြင်ပိုင်းတိမ်တိုက်လက်ဖဝါးသိုင်းကွက်သည် ဤမျှအသုံးဝင်မည်ဟု မမျှော်လင့်ထားပေ။ လက်ဖဝါးပုံအသွင်အောက်တွင် လီချန်ချင်း၏လက်သည် စီးဆင်းနေသောတိမ်တိုက်တစ်ခုကဲ့သို့ ရွေ့လျားနေပြီး ထိုနေရာရှိ မည်သည့်နေရာကိုမဆို သူ၏လက်ဖဝါးဖြင့် ရိုက်ချနိုင်လေသည်။ ရင်ဟဲအနေဖြင့် အနောက်တွင် ပုန်းကွယ်နေလျှင်ပင် ရှောင်တိမ်းနိုင်မည်မဟုတ်ချေ။
ပြန်လည်မွေးဖွားခြင်းအဆင့်သာ ရှိသူသည် သူ၏ လက်ဖဝါးကို မည်သို့တားဆီးနိုင်မည်နည်း။
သို့ရာတွင် လီချန်ချင်းသည် ရင်ဟဲကို မသတ်ခဲ့ပေ။ ဒဏ်ရာအပြင်းအထန်ရစေ၍သာ သင်ခန်းစာပေးခဲ့လေသည်။ ရင်ဟဲကို တကယ်သတ်လျှင် မြောက်ပိုင်းအေးခဲနိုင်ငံက သူ့အားအလွတ်မပေးမည်ကို စိုးရိမ်မိသည်။
"အရှင့်သား..." ရင်ဟဲပတ်လည်ရှိ အစောင့်အကြပ်များ ပရမ်းပတာဖြစ်ကုန်ကြလေ၏။ ရင်ဟဲသာ ထိုနေရာတွင် သေဆုံးသွားပါက မည်သူမျှ အသက်ရှင်လျက်နေနိုင်မည် မဟုတ်ချေေ
လီချန်ချင်းသည် သူ၏လုပ်ငန်းကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လေသည်။ ထိုစဉ် လှည့်ကြည့်လိုက်သောအခါ ရွှယ်ချမ်းပိုင်နှင့် ထီလင်းတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ထီလင်း၏ ကျူရှောင်တူသည် ပင်လယ်ကို ဖြိုခွဲနိုင်သကဲ့သို့ အံ့အားသင့်ဖွယ် စွမ်းအားဖြင့် ခုန်တက်သွားသည်။ ရွှယ်ချမ်းပိုင်မှာမူ အေးဆေးတည်ငြိမ်လှပြီး ထီလင်းအား သူ၏လက်ချောင်းထိပ်မှ ဓားလှိုင်းနှင့်သာ အေးအေးဆေးဆေး တိုက်ခိုက်နေသည်။
ဤတွင် လီချန်ချင်း အံ့အားသင့်မိသည်မှာ ရွှယ်ချမ်းပိုင်သည် ဓားမဆွဲထုတ်ထားသည့်တိုင် ထီလင်းကို အညီအမျှ တိုက်နိုင်ခြင်းပင် ဖြစ်သည်။
"သွားကြရအောင်..." လီချန်ချင်းက ရွှယ်ချမ်းပိုင်ကို လှမ်းအော်ပြောလိုက်သည်။ ရွှယ်ချမ်းပိုင်လည်း ခေါင်းညိတ်ပြပြီး မှောင်ခိုဈေးကွက်အပြင်ဘက်သို့ ပြေးထွက်သွားကြလေ၏။
"ရပ်လိုက်ကြစမ်း...." နှစ်ယောက်သား ထွက်ပြေးဖို့ ကြိုးစားနေသည်ကို မြင်သောအခါ ထီလင်းက ချက်ချင်း တားဖို့ ကြိုးစားလေ၏။ လီချန်ချင်းလည်း အရှေ့သို့ ခုန်တက်လိုက်၏။
ထို့နောက် လီချန်ချင်းလက်ကို မြှောက်လိုက်သည်နှင့် တိမ်တိုက်လက်တစ်ဖက်က ပေါက်ကွဲထွက်လာပြီး ထီလင်းဆီသို့ ဒီရေလှိုင်းကဲ့သို့ ရွေ့လျားသွားလေ၏။
"ဟမ်...." ထီလင်း၏ ကျူရှောင်တူကြီးပင် တုန်ခါသွားကာ လက်ဝါးကို ရင်ဆိုင်လိုက်လေသည်။
ယင်းနောက် ခွန်အားလက်နက်နှစ်ခု ထိတွေ့ပွတ်တိုက်မိကြရာ လီချန်ချင်း၏ လက်ဖဝါးပုံရိပ်မှာ အက်ကွဲသွားပြီး ထီလင်းမှာလည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ထီလင်း၏မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာသည်။ တစ်ချက်မှာ ရွှယ်ချမ်းပိုင်က ဓားပင်ဆွဲမထုတ်ဘဲ သူ့အားး တိုက်နိုင်ခဲ့သည်။ နောက်တစ်ချက်မှာမှာ လီချန်ချင်းသည် အပြင်ပိုင်း တိမ်တိုက် တိုက်ကွက်ကို သိနေခြင်း ဖြစ်၏။
"အပြင်ဘက်တိမ်တိုက်လက်ကိုသုံးလိုက်တယ်ဆိုတော့ မင်းက ရှန်းမိသားစုကပဲ။ ငါတို့က မြောက်ပိုင်းအေးခဲနိုင်ငံက အလွတ်ပေးမှာမဟုတ်ဘူး။" ကျန်းချင်းသည် သတိလစ်နေသော နဝမမြောက် မင်းသားကို ကြည့်ကာ ထွက်ပြေးသွားသော လီချန်ချင်းကို လှမ်းအော်ပြောသည်။
သို့သော် ထိုအချိန်တွင် လီချန်ချင်းတို့နှစ်ယောက်သား အဝေးသို့ ရောက်နှင့်နေပြီဖြစ်သည်။
ထီလင်းသည် အဝေးသို့ လှမ်းမျှော်ကြည့်ရင်း ရေရွတ်မိသည်။ "ဒီနှစ်ယောက်ထဲက တစ်ယောက်ဟာ ရှန်းမိသားစုက အဆင့်မြင့် ပညာရှင်ပဲ။ သူ့ရဲ့ကျင့်စဉ်အရ သူဟာ နတ်ဆိုးရှန်း ဒါမှမဟုတ် ရှန်းမိသားစုထဲက ရှန်ဟုန် ဖြစ်နိုင်တယ်။ ဘယ်သူပဲဖြစ်ဖြစ်ကွာ...ရှန်းမိသားစုကို ငါတို့ရဲ့မှောင်ခိုဈေးကွက်ထဲကို ဝင်ဖို့ တားမြစ်တယ်။"
"ဒါပေမယ့် နောက်တစ်ယောက်က ဘယ်သူများလဲ။" တစ်ဖက်လူက သူ့သိုင်းပညာကို တမင်တကာ ဖုံးကွယ်ထားကြောင်း ထီလင်းသိသည်။ တစ်ဖက်လူ၏ အံ့အားသင့်ဖွယ် ဓားရောင်ဝါလှိုင်းကိုပင် ထီလင်း ခံစားနိုင်သော်လည်း သူ့ဓားကို တစ်ခါမျှ ဆွဲထုတ်ခြင်းမပြုခဲ့သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို သေချာမသိခဲ့ရပေ။
အမှန်စင်စစ်ပင် ဤကမ္ဘာပေါ်တွင် ဓားသမားများစွာ ရှိပေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ကြရသူများမှာ ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်ပြီး ယင်းခိုက်ရန်ဖြစ်ပွားမှုသည် အတော်လေးကို တုန်လှုပ်စေခဲ့ပေသည်။
မှောင်ခိုဈေးကွက်မှ စေလွှတ်လိုက်သော ကျွမ်းကျင်ပညာရှင်မှာ ထီလင်းဖြစ်သော်လည်း ပြိုင်ဘက်ကို မဖမ်းဆီးနိုင်ခဲ့ပေ။ ဤသည်မှာ အမှန်တကယ်ပင် မထင်မှတ်ဖွယ်ရာ ဖြစ်ပေ၏။
မှောင်ခိုဈေးကွက်တွင် ပညာရှင်များစွာရှိသော်လည်း ထီလင်းသည် ယနေ့တာဝန်ကျသူဖြစ်သည်။ သာမန်နေ့များတွင် ပြဿနာရှာသူများရှိပါက ထီလင်းသည် ပြီးပြည့်စုံသော မူလအဆင့်ပညာရှင်အဖြစ် ၎င်းတို့ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။
သို့သော် ယနေ့တွင် တူညီသောအဆင့်ရှိ ပညာရှင်နှစ်ဦးနှင့် တွေ့ဆုံရန် သူ မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ မခံချိမခံသာဖြင့် အင်မတန်ဒေါသထွက်ဖွယ်ရာ ဖြစ်ပေ၏။
ပြီးပြည့်စုံသော မူလအဆင့် ပညာရှင်နှစ်ယောက်မှာလည်း မှောင်ခိုဈေးကွက်တွင် လုယက်ရန် ပူးပေါင်းခဲ့ကြသည်မှာ ရှက်စရာမဟုတ်ပါလော။
လီချန်ချင်းနှင့် ရွှယ်ချန်းပိုင်တို့သည် မှောင်ခိုဈေးကွက်မှ လွတ်မြောက်ခဲ့ပြီး လှေငယ်တစ်စင်းပေါ်တက်ကာ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့ကြသည်။
"ကျေးဇူးတင်ပါတယ်။" လီချန်ချင်းက ရွှယ်ချမ်းပိုင်အား အပြုံးပန်းဆင်ကာပြောသည်။ "ဒါပေမယ့် မင်းရဲ့ဓားမဆွဲဘဲ ဒီ အဆင့်မြင့်ဆရာသခင် ကို အနိုင်ယူဖို့ ငါမမျှော်လင့်ထားဘူး။ မင်းရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ မဝေးတော့ဘူးလို့ ငါထင်တယ်။"
"မှောင်ခိုဈေးကွက်မှာ ပိုထက်မြက်တဲ့ ကျွမ်းကျင်သူတွေတောင် ရှိသေးတယ်။ ဒီနေ့တော့ သူတို့နဲ့မတွေ့ရတာ ကံကောင်းတာပဲ။" ထို့နောက် ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို ကြည့်ကာ ပြောသည်။"မင်းတကယ်ပဲ နတ်ဆိုးရှန်းရဲ့ တိမ်တိုက်လက်ကို သင်ယူခဲ့ပြီး အဲဒါကို တမင်တကာ သုံးခဲ့တာ တော်တော် စက်ဆုပ်ဖွယ်ကောင်းတယ်၊ မင်းက တကယ့်ကို ခွေးအိုကြီးပဲ။ မဟုတ်သေးဘူး ခွေးအိုကြီးလို့ ခေါ်တာက ခွေးသိက္ခာကျတယ်။ လူယုတ်မာဆိုတဲ့ စကားကပဲ မင်းနဲ့တန်တယ်။"
"ဒါကို အမြော်အမြင်ရှိတယ်လို့ခေါ်တယ်ကွ။ ဒါ့ပြင် ရှန်းမိသားစုကိုယ်တိုင်က ညံ့ဖျင်းတဲ့ စည်းကမ်းတွေကြောင့် သူ့တို့ကိုယ်သူတို့ အပြစ်ရှိသလိုခံစားနေကြရတာလေ။ သူ့အမေက သူ့ကို ခက်ခက်ခဲခဲ ပြုစုပျိုးထောင်ခဲ့ပေမယ့် ထာဝရရှင်သန်ခြင်း ဂိုဏ်းဝင်ဖို့ ထွက်ပြေးသွားတာ။ သင်ခန်းစာတစ်ခုရဖို့ ထိုက်တန်တယ်။" လီချန်ချင်းက ပြန်ခွန်းတုံ့ပြန်လေ၏။
"ဒါပေမယ့် ဒီသစ်သားသေတ္တာအတွက် မှောင်ခိုဈေးကွက်မှာ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်မယ်လို့ ငါမထင်ထားခဲ့ဘူး။" ရွှယ်ချမ်းပိုင်က အံ့အားသင့်စွာပြောသည်။ "မင်းမှာ တခြားအစီအစဉ်ရှိလား။"
"ဒီသစ်သားသေတ္တာကို ငါဖွင့်လို့ရတယ်။" လီချန်ချင်းက ပြုံးလျက် ပြန်တုံ့ပြန်၏။ "အထဲမှာ ရတနာတွေ ရှိကောင်းရှိနိုင်တယ်။ မင်း မကြည့်ချင်ဘူးလား။"
"တကယ်ဖွင့်လို့ရတာလား။" ရွှယ်ချမ်းပိုင်လည်း အားတက်သရော မေးလေသည်။"ယန္တရားကျွမ်းကျင်တဲ့ စီမာ မိသားစုတောင်မှ အဲဒါကို စစ်ဆေးပြီးမှ ဖွင့်လို့မရဘူး။ မင်းတကယ်ဖွင့်နိုင်ပါ့မလား။"
"တစ္ဆေဂိုဏ်းရဲ့ ကံကြမ္မာကြယ်နန်းတော်ကလူတွေက အဲဒီသင်္ကေတတွေကို ရှေးအကျဆုံးစာအုပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ကြပေမယ့် သူတို့လည်း နားမလည်နိုင်ကြဘူး။"
"ငါစမ်းကြည့်လို့ ရပါတယ်။ ငါထင်တာသာ မမှားရင် သေချာပေါက် အဆင်ပြေမှာ။"
ထို့နောက် လီချန်ချင်း ရုတ်တရက် သိချင်လာလေ၏။ "မြောက်ပိုင်း အေးခဲနိုင်ငံရဲ့ ကာကွယ်သူ ချင်းလဲ့ဓားဂိုဏ်းက ဘယ်လိုပျက်စီးသွားတာလဲ။ ချင်းလဲ့ရဲ့ အဆင့်မြင့်ဆရာသခင် ခုနစ်ယောက်က မဟာသိုင်းဂိုဏ်းကိုတောင် သတ်နိုင်ခဲ့တယ်ဆိုတော့ ချင်းလဲ့ဓားဂိုဏ်းက ဘယ်လိုမျိုးကျဆုံးသွားခဲ့ရတာလဲ။'
"ချီရှန်း အမိန့်ပြားကြောင့်ပေါ့ကွာ...." ရွှယ်ချမ်းပိုင်က ဖြည်းညှင်းစွာပြန်ဖြေလေသည်။