← Chapters

အခန်း (၁၃၁)

Vol. 14 Ch. 131

အခန်း (၁၃၁)

Vol. 14 Ch. 131

"ဟင်…ချီရှန်းအမိန့်ပြား…" လီချန်ချင်း သိချင်လာမိသည်။ "ချီရှန်းအမိန့်ပြားနဲ့ ဘာဆိုင်လို့လဲကွ…" လီချန်ချင်းသည် ရှမူဟိုင်ဆီမှ ချီရှန်းအမိန့်ပြားအကြောင်း အနည်းငယ် လေ့လာခဲ့ဖူးသည်။

ကမ္ဘာပေါ်တွင် ချီရှန်းအမိန့်ပြားသုံးခု ရှိပေ၏။ ၎င်းတို့အား အင်မတန် စွမ်းအားကြီးမားလှသော ချီရှန်းတစ္ဆေအရှင်က ထုတ်ဝေခဲ့ပေသည်။ ထိုအမိန့်ပြားသုံးခုအား ချီရှန်းဝိညာဉ်သခင်အား အကူအညီများ ပေးစွမ်းအပ်နှင်းခဲ့သော အင်အားစုများထံ ကျေးဇူးတုန့်ပြန်သော နည်းလမ်းတစ်သွယ်အနေဖြင့် ပေးအပ်ခဲ့လေသည်။

ချီရှန်းအမိန့်ပြားကို ပိုင်ဆိုင်သူ မည်သူမဆို ချီရှန်းတစ္ဆေအရှင်အား အလိုရှိရာကို တောင်းဆိုနိုင်ပေ၏။

အကယ်၍ သင်သည် ချီရှန်းအမိန့်ပြားကို ကိုင်ဆောင်ထားသူဖြစ်ပါက တစ္ဆေအရှင်က သင့်အား အကူအညီပေးမည်ဖြစ်သည်။ မည်သို့သော ကိစ္စမျိုးပင် ဖြစ်စေကာမူ သင် တစ်စုံတစ်ယောက်ကို သတ်ချင်သည်ဖြစ်စေ၊ အကာအကွယ်ယူချင်သည်ဖြစ်စေ သို့မဟုတ် ရတနာများကို အလိုရှိသည်ဖြစ်စေ တစ္ဆေအရှင်က သင့်ဆန္ဒများကို ဖြည်ဆည်းပေးမည် ဖြစ်ပေ၏။

၎င်းအခြေအနေမှာ စန်းယွမ်နယ်မြေ၏ Dragon Ball anime ကဲ့သို့ပင် ဖြစ်လေသည်။ သို့ရာတွင် ချီရှန်းအမိန့်ပြား၌ ကောင်းချီးရော ကျိန်စာရော နှစ်မျိုးလုံး ပါဝင်နေပြီး စန်းယွမ်နယ်မြေ၌ပင် အဆုံးသတ်သွားနိုင်သည်။

ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းအကြောင်းကို တွေးကြည့်ရုံနှင့်ပင် လီချန်ချင်း နောင်တရမိလေသည်။ လီချန်ချင်းသည် ထိုကဲ့သို့သောရတနာ၏ တန်ဖိုးကိုပင် နားမလည်ဘဲ သူ့သားကို ပေးပစ်ခဲ့ဖူးလေသည်။

မသိနားမလည်မှုသည် အင်မတန်ပင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းပေ၏။ ရတနာတောင်ကြီးကို ပိုင်ဆိုင်ထားလျှင်ပင် မည်သို့အသုံးပြုရမှန်း မသိဖြစ်နေတတ်လေသည်။

"ချီရှန်းအမိန့်ပြားနှစ်ခုကိုတော့ သုံးပြီးတာကြာပြီ။" ရွှယ်ချမ်းပိုင်သည်အဝေးသို့ စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။ "ပြောရရင် ဟာသတစ်ခုလိုပဲကွ။ ချီရှန်းအမိန့်ပြားကတော့ လူအတော်များများရဲ့ လက်ထဲကို ရောက်ဖူးပေမယ့် ဘယ်သူမှ မကာကွယ်နိုင်ခဲ့ကြဘူး။ အဆုံးသတ်ကျ လူသားတွေဟာ အမိန့်ပြားနှစ်ခုကိုပဲ အသုံးပြုနိုင်ခဲ့ကြတယ်လေ။"

"ယွင်ဟောင် တစ္ဆေမျိုးနွယ်တွေက အဲ့အတွက် တိုက်ခိုက်နေကြတာ နှစ်တွေတောင် အတော်ကြာပြီ။ ဒါပေမယ့် ဘယ်သူမှ ချီရှန်းအမိန့်ပြားကို အမှန်တကယ် မရယူနိုင်ခဲ့ကြဘူး။"

"ဒါတကယ် ရယ်ရတာပဲ။" လီချန်ချင်းသည်လည်း တစ္ဆေမျိုးနွယ်အတွက် ဝမ်းနည်းဖွယ်ရာလေးကို ခံစားမိပေသည်။

"ပထမဆုံးချီရှန်းအမိန့်ပြားကို ဆေးဘုရင်တောင်ကြားက သုံးခဲ့တာ။ ဒုတိယအမိန့်ပြားကတော့ မြောက်ပိုင်း အေးခဲနိုင်ငံရဲ့ လက်ရှိအုပ်ချုပ်သူ ရင်ဖန်ချီ သုံးခဲ့တာပေါ့ကွာ။"

"မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ နိုင်ငံရေးအုံကြွမှုတွေ ဖြစ်နေစဉ်အတွင်းမှာ ဆဌမမင်းသားက တော်ဝင်မြို့တော်အတွင်းကို သူ့ စစ်တပ်ကို ဦးဆောင်ပြီး မြောက်ပိုင်းအေးခဲနိုင်ငံကို စစ်အတွင်း ဆွဲခေါ်သွားတော့တာပဲ။"

"ဆဌမမင်းသားက အိမ်ရှေ့စံမင်းသားကိုသတ်ပြီး သူ့ရဲ့စစ်တပ်ကို တော်ဝင်လွှတ်တော်ထဲအထိကိုပါ ဦးဆောင်ခဲ့တယ်။ အဲ့ဒီတော့ နိုင်ငံရဲ့ကာကွယ်သူဖြစ်တဲ့ ချင်းလဲ့ဓားဂိုဏ်းက အရေးယူရပြီပေါ့ကွာ။ ချင်းလဲ့ဓားဂိုဏ်းရဲ့ တပည့်တွေက စစ်တပ်နဲ့ နေ့ရောညပါ တိုက်ခိုက်ခဲ့တယ်။ ချင်းလဲ့ဓားဂိုဏ်းရဲ့ ဓားအရှင် ခုနစ်ပါးအနက် လေးပါး ရောက်လာချိန်မှာ ဆဌမ မင်းသားရဲ့ စစ်သားထဲက ထိပ်တန်းစွမ်းအားရှင်အားလုံးကို သတ်ပစ်နိုင်ခဲ့တယ်။"

"ဘာဖြစ်လို့ ချင်းလဲ့ဓားဂိုဏ်းရဲ့ ဓားအရှင်လေးပါးပဲ လာခဲ့တာလဲ။" သိလိုစိတ်အပြည့်ဖြင့် လီချန်ချင်း မေးလိုက်လေသည်။

"လေးယောက်ဆို လုံလောက်ပြီလေ။" ရွှယ်ချမ်းပိုင်က လီချန်ချင်းအား မျက်စိတစ်ချက်ဝေ့ကြည့်ကာ ဖြေလိုက်သည်။

"သူတို့တစ်ဦးစီတိုင်းဟာ အထူးအဆင့်တွေပဲ။ ပြီးတော့ သူတို့အားလုံးက သန်မာကြတယ် နတ်ဆိုးရှန်းထက်တော့ ပျော့ညံ့မနေဘူး။ ဒါကြောင့် လေးယောက်လာရင်ကိုပဲ မြို့ထဲက စွမ်းအားရှင်တွေအားလုံးကို သတ်ပစ်ဖို့ လုံလောက်ပြီ။"

"ဒါပေမယ့် အဲ့တာ မမှန်ဘူးလေကွာ။ ဆဌမ မင်းသားက အရူးမှ မဟုတ်တာဟ။ ချင်းလဲ့ဓားဂိုဏ်းရဲ့ ဓားအရှင် ခုနစ်ပါးကို ရှုံးမယ်သာ သူသိရင် ဘာလို့ ဆူပူအုံကြွမှုကို လုပ်ခဲ့မှာလဲ။" တစ်ခုခုမှားနေသည်ဟု လီချန်ချင်း ခံစားမိသည်။

"ဆဌမ မင်းသားက သူ့ရဲ့ စွမ်းအားရှင် စစ်တပ်အပြင် အထူးအဆင့်စွမ်းအားရှင်တွေရော အားလုံးပေါင်း ကိုးဦးလောက်ကို စုစည်းခဲ့တာ။ သူအရဲစွန့်လို့ရမယ်လို့ ထင်ခဲ့တာပေါ့လေ။"

"ဒါပေမယ့် အဲ့အချိန်မှာ ဆဌမမင်းသားဖက်က အထူးအဆင့် လေးယောက်က စတုတ္ထမင်းသား ရင်ဖန်ချီဘက်က ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြဘူး။ ရင်ဖန်ချီက သူ့လူတွေကို ဦးဆောင်ပြီး ရုတ်တရတ်လှုပ်ရှားခဲ့တာ…ပြီးတော့ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ဧကရာဇ်ကို သတ်ပစ်ခဲ့တယ်။" လီချန်ချင်းသည် ထိုအဖြစ်အပျက်ကို နားထောင်ပြီး ခံစားချက်တစ်စုံတစ်ရာပင် မပြခဲ့ပေ။ ထိုကဲ့သို့သော အဖြစ်အပျက်များသည် သမိုင်းရာဇဝင်တွင် ကြားဖူးနားဝ ရှိနေကျ ဖြစ်ပေ၏။

ထီးနန်းအတွက် ညီအစ်ကိုချင်း သတ်ဖြတ်မှု၊ သားအဖချင်းသတ်ဖြတ်မှုများသည် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။ လီချန်ချင်းအနေဖြင့် ရင်ဖန်ချီသည် အထူးအဆင့်လေးဦးကို အတွင်းလူအဖြစ်ထားကာ အကွက်ကျကျ စီမံထားမည်ကိုမူ မမျှော်လင့်ခဲ့ပေ။

"ချင်းလဲ့ဓားဂိုဏ်းက စွမ်းအားရှင်တွေကလည်း ရင်ဖန်ချီက သူတို့တိုက်ခိုက်မှုကို အမြတ်ထုတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲ့တော့ ဧကရာဇ်လည်း သေပြီး အိမ်ရှေ့စံမင်းသားလည်း မရှိတော့ဘူးဆိုတော့ ဧကရာဇ်ကိုသတ်ပြီး ထီးနန်းဆက်ခံမယ့် ရင်ဖန်ချီကို အမြင်မကြည်ကြတော့တဲ့အတွက် သူ့ကို သတ်ချင်ကြတယ်။"

"အထူးအဆင့် စွမ်းအားရှင်လေးယောက်က ချင်းလဲ့ဓားသခင်လေးပါးကို တားဖို့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတယ်။ အဆုံးသတ်မှာ မြောက်ပိုင်းအေးခဲနိုင်ငံကို ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့သူတစ်ဦး ရောက်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြဘူး။"

"ချီရှန်းတစ္ဆေအရှင်…." ထိုအချိန်၌ ချီရှန်းတစ္ဆေအရှင် ရောက်လာခဲ့မည်ဟု လီချန်ချင်း မှန်းမိသည်။ ရွှယ်ချမ်းပိုင်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသူဟု သတ်မှတ်သည်မှာ လူအနည်းငယ်သာ ရှိပေ၏။

"ဟုတ်တယ်…ရင်ဖန်ချီက ချီရှန်းအမိန့်ပြားကို လက်ဝယ်ရထားတာမလို့ ချီရှန်းတစ္ဆေအရှင်က ရောက်လာခဲ့တယ်။ အဲ့ဒီလိုနေ့ရက်မျိုးအတွက် သူက အချိန်အကြာကြီးကတည်းက ကြံစည်ခဲ့တာလေ။"

"ချင်းလဲ့ဓားသခင်လေးပါးက ပူးပေါင်းတိုက်ခိုက်ခဲ့ပေမယ့် သူတို့က ချီရှန်းတစ္ဆေအရှင်ရဲ့ ပြိုင်ဘက်မဟုတ်တာကြောင့် အသတ်ခံခဲ့ကြရတယ်။ " ရွှယ်ချမ်းပိုင်သည် နောင်တရနေသည့်လေသံနှင့် ပြောလိုက်သည်။

"တကယ်လို့သာ ချင်းလဲ့ဓားအရှင်ခုနစ်ပါးလုံးသာ အဲ့နေရာမှာ စုံစုံညီညီ ရှိခဲ့မယ်သာဆိုရင် ချီရှန်းတစ္ဆေအရှင်ကို ယှဉ်တိုက်နိုင်ခဲ့ကြမှာ။ အနိုင်မတိုက်နိုင်ရင်တောင်မှ အနည်းဆုံးတော့ အသက်တော့ရှင်နိုင်ကြမှာပဲ …။"

"မဟာသိုင်းဂိုဏ်းအဆင့်တယောက်ကို သတ်နိုင်ခဲ့တဲ့ ချင်းလဲ့ဓားအရှင်ခုနစ်ပါးဟာ ချီရှန်းတစ္ဆေအရှင်ကို မယှဉ်နိုင်ဖူးတဲ့လား….။" လီချန်းချင်းလည်း အံအားသင့်မိသည်။

"ချီရှန်းဝိညာဉ်အရှင်သခင်က မူလအဆင့်ရဲ့ အထွတ်အထိပ်၊ မဟာသိုင်းဂိုဏ်းနယ်ပယ်ကို ရောက်နေပြီး မြေကမ္ဘာအင်မော်တယ်အဆင့်ကို မတက်လှမ်းရသေးဘူးလို့ ကောလဟာလတွေ ရှိခဲ့တယ်။ ဒါပေမယ့် အဲ့တာက ကောလဟာလသပ်သပ်ပါပဲကွာ….မှန်လား မှားလားတော့ ငါလည်းသေချာမသိဘူး။ ဒါပေမယ့် မဟာသိုင်းဂိုဏ်းအဆင့်ကြားမှာတောင် ကွဲပြားမှုလေးတွေ ရှိတယ်။" ရွှယ်ချမ်းပိုင်က လီချန်ချင်းအား ရှင်းပြလေသည်။

"ငါနားလည်ပြီ။"

"အဲ့တာက အဆင့်တူချင်းဖြစ်ပြီး မူလအဆင့်ရဲ့ အထူးအဆင့်ကို ရောက်နေတဲ့ နတ်ဆိုးရှန်းက မင်းရဲ့ ဓားနှစ်ချောင်းကို တောင့်မခံနိုင်ခဲ့သလိုပဲ။ အခြေခံသဘောတရားတူတယ်။" လီချန်ချင်းက ပြုံးလျက်သား ပြောသည်။

"ချင်းလဲ့ဓားအရှင်လေးပါး သေဆုံးပြီးနောက်မှာ ချီရှန်းဝိညာဉ်အရှင်သခင်က ချင်းလဲ့ဓားဂိုဏ်းကို တိုက်ရိုက်သွားပြီး နောက်ထပ် ဓားအရှင်သုံးပါးကို သတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ရင်ဖန်ချီက ချီရှန်းအမိန့်ပြားကို ရထားတာလေ။ ချီရှန်းဝိညာဉ်အရှင်သခင်ဆီ သူ့ရဲ့တောင်းဆိုမှုက ချင်းလဲ့ဓားအရှင်ခုနစ်ပါးကို သတ်ဖို့ပဲ။"

"ချင်းလဲ့ဓားဂိုဏ်းဟာ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ တော်ဝင်မိသားစုအပေါ် သစ္စာရှိတယ်ဆိုတာ ရင်ဖန်ချီ ကောင်းကောင်းကြီး သိတယ်လေ။ တကယ်လို့ ချင်းလဲ့ဓားအရှင်ခုနစ်ပါးသာ မသေခဲ့ရင် သူနောက်ထပ် အခွင့်အရေးဆိုတာ ရမှာ မဟုတ်တော့ဘူး။"

"ဒါကြောင့် ချင်းလဲ့ဓားဂိုဏ်းပျက်ဆီးတာဟာ ချီရှန်းအမိန်ပြားကြောင့်လို့ ပြောလို့ရတယ်။" ရွှယ်ချမ်းပိုင်က ပြောသည်။ "ချင်းလဲ့ဓားအရှင်ခုနစ်ပါးဟာ အတိတ်က အရာတစ်ခုပဲ ဖြစ်လာတယ်။ မြောက်ပိုင်းအေးခဲနိုင်ငံမှာ ချင်းလဲ့ဓားဂိုဏ်းမရှိတော့ပေမယ့် ခုချိန်ထိ အင်အားကြီးဆဲပဲ။"

"တော်ဝင်မိသားစုထဲမှာ အထူးအဆင့်စွမ်းအားရှင် နှစ်ယောက်ရှိတယ်။ တစ်ဦးချင်းစီဟာ ထူးခြားပြောင်မြောက်ပြီး စွမ်းအားကြီးမားကြတယ်။"

"ကျောက်ပိုင်မင်ရောလား…." လီချန်ချင်းမေးလိုက်သည်။

"ဟုတ်တယ်။ သူကလည်း သူတို့ထဲကတစ်ယောက်ပဲ ဒါပေမယ့် သူက တော်ဝင်လွှတ်တော်လို မဟုတ်ဘူး။ သူ့ကို လွှတ်တော်ရဲ့ ပြင်ပက အေးဆေးတည်ငြိမ်တဲ့ဗိုလ်ချုပ်လို့ ပြောရင် ပိုမှန်မယ်။"

ထိုစဉ် လှော်ခတ်လာသော လှေငယ်လေးမှာ ခရီးအတော်အတန်ရောက်ပြီဖြစ်ပြီး တစ်ဖက်ကမ်းမှာ အလင်းရောင်ကို လှမ်းမြင်နေရပြီဖြစ်သည်။

ရွယ်ချမ်းပိုင်နှင့်အတူ မှောင်ခိုဈေးရှိရာ ဟုန်လွီချိုင့်ဝှမ်းမှ ထွက်ခွာလာပြီးနောက် လီချန်းချင်းသည် မြို့တွင်းနောက် ဇိမ်ခံတည်ခိုခန်းလေးတစ်ခုကို တွေ့ခဲ့သည်။ လီချန်းချင်းအနေဖြင့် ဈေးဝယ်ရာ၌ ပိုက်ဆံများစွာ မသုံးစွဲခဲ့ရသောကြောင့် သူ့လက်ထဲတွင် ငွေရှစ်သန်းရှိနေဆဲဖြစ်သည်။

ထို့ကြောင့် လီချန်ချင်းသည် စားသောက်ဆိုင်ထဲက ဆိတ်ငြိမ်သော ဝင်းလေးတစ်ခုကို ငှားရမ်းခဲ့သည်။ ၎င်း၌ အရာအားလုံးရှိသည့်အပြင် အိမ်စေများကိုလည်း ထားရှိပေးထားပေ၏။

သို့သော် လီချန်ချင်းသည် အားလုံးကို ထွက်သွားခိုင်းခဲ့သည်။ လီချန်ချင်း၌ အခြားသူများကို အသိမခံစေလိုသည့် လျှို့ဝှက်ချက်များ ရှိနေလေသည်။

'ချလပ်….."

လီချန်ချင်းသည် သိုလှောင်လက်စွပ်ထဲမှ ထူးဆန်းသောသေတ္တာကို ထုတ်ယူပြီး‌ မြေပြင်ပေါ် ပစ်ချလိုက်သည်။ ထိုအခါ သေတ္တာမှာ အတွင်း၌ အလွန်လေးလံသောအရာများ ပါနေသကဲ့သို့ အုံးခနဲမြည်သံကြီး ထွက်သွားလေ၏။

"မင်းတကယ်ကြီး သေတ္တာကို ဖွင့်နိုင်တာလား။" ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို သံသယများစွာဖြင့် ကြည့်နေမိသည်။ ထိုသေတ္တာမှာ ကံကြမ္မာကြယ်နန်းတော်နှင့် စီမာ မိသားစုပင် မဖွင့်နိုင်ခဲ့သော အရာဖြစ်ပေ၏။

"ငါထင်တာတာ မမှားရင် ဖွင့်နိုင်မှာပါ။" လီချန်ချင်းသည် ထိုသို့ပြောရင်း သေတ္တာကြီးကို စတင်ကလိလေသည်။

လီချန်ချင်းသည် သေတ္တာပေါ်က လေးထောင့်ကွက်များကို လိမ်ရစ်ကြည့်ရာ လေးထောင့်ကွက်ပေါ်ရှိ သင်္ကေတတစ်ခုချင်းစီသည် အဆက်အပြတ် ပြောင်းလဲကုန်ကြပေ၏။

"တစ်ဖက်မှာရှိတဲ့ သင်္ကေတတွေတူသွားဖို့ စီမာမိသားစု ကြိုးစားကြည့်ခဲ့ဖူးတယ် ဒါပေမယ့် မအောင်မြင်ဘူး။" လီချန်ချင်း ဦးတည်နေသည့်အရာကို ရွှယ်ချမ်းပိုင် နားလည်ပေ၏။

"သူတို့က တုံးလို့ပါကွာ။" လီချန်ချင်းက ရယ်လျက် ပြန်တုံ့ပြန်သည်။ ပထမဆုံး အကြည့်တစ်ချက်မှာတင် သေတ္တာသည် ရောင်စုံအန်စာတုံးပုံကုဗတုံးမှန်း သိသာလေသည်။

(Rubik’s cubeပါ၊ အရောင်တွေရောနေတဲ့ ခြောက်မျက်နှာရှိပြီးတော့ မျက်နှာပြင်တိုင်းကို အရောင်တူဖြစ်ရအောင် လှည့်ဆော့ရတဲ့ ဉာဏ်ကစားနည်းပါ)

အတိတ်ဘဝ၌ လီချန်းချင်းသည် အန်စာတုံးပုံ ကုဗတုံးနှင့် ဆော့ကစားဖူသည်။ လီချန်ချန်းမှာ လေးလွှာကုဗတုံးကို မဖြေရှင်းနိုင်သဖြင့် သုံးလွှာကုဗတုံးကိုသာ ကိုင်တွယ်ခဲ့ရလေသည်။

ဤကမ္ဘာပေါ်ရှိမည်သူမျှ အန်စာတုံးပုံ ကုဗတုံးနှင့် ကစားဖူးခြင်းမရှိဘဲ ၎င်းအား ဖြေရှင်းရန် လုပ်နည်းစနစ်ရှိသည်ကိုလည်း မည်သူမျှ မသိကြပေ။ သူတို့ မည်သို့အောင်မြင်နိုင်ပါမည်နည်း။

တစ်ချိန်တည်းမှာပင် လီချန်ချင်းသည် ဤသေတ္တာကို ပြုလုပ်ခဲ့သူအား လေးစားမိသည်။ အံစားတုံးပုံ ကုဗတုံးကို ဖန်တီးနိုင်သည်မှာ အထင်ကြီးလောက်စရာပင် ဖြစ်၏။

သို့သော်လည်း ဤမျှကြီးမားလှသော အံစာတုံးပုံ ကုဗတုံးဖြင့် ကစားရသည်မှာ လီချန်ချင်းအတွက် ပထမဆုံးဖြစ်သည်။ လီချန်ချင်းမှာ လေးထောင့်ကွက်များကို လိမ်ရစ်ပြောင်းရွှေ့ရင်း ပျော်ရွှင်နေမိသည်။

အချိန်အတန်ကြာသောအခါ ရွှယ်ချမ်းပိုင်မှာ ငြီးငွေ့လာပြီး တည်းခိုခန်းဝင်းထဲက ခုံလေးတစ်ခုံမှာ သွားထိုင်နေလိုက်သည်။ ထို့နောက် ဝိုင်သိုလှောင်ခန်းမှ ဝိုင်လေးတစ်အိုးကိုယူကာ ဖြည်းညှင်းစွာ သောက်နေသည်။

ရွှယ်ချမ်းပိုင်ကို မြင်လိုက်သူတိုင်းမှာ ကောင်းကင်ယံ၌ ထွန်းလင်းတောက်ပနေသော လမင်းကြီးကိုကြည့်ရင်း ငွေစန္ဒာလမင်းကြီးအား ဝိုင်တစ်ခွက်သောက်ရန် သူက ဖိတ်ခေါ်နေသယောင် ခံစားစေရလိမ့်မည် ဖြစ်သည်။

တစ်နာရီခွဲကျော်ကြာပြီးနောက် လီချန်ချင်းသည် ကုဗတုံး၏ နောက်ဆုံးဘက်အခြမ်းသို့ ရောက်လာပြီ ဖြစ်၏။

"ဂျလပ်…."

သေတ္တာမှ ဆတ်ခနဲ အသံထွက်သွားရာ သူအောင်မြင်ပြီဟု လီချန်ချင်း သိလိုက်လေသည်။

"တကယ်ကြီးပွင့်သွားတာလား။" ဝိုင်သောက်နေသော ရွှယ်ချမ်းပိုင်မှာ ခေါင်းကို ဆတ်ခနဲလှည့်လိုက်ပြီး အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသော အကြည့်နှင့်ကြည့်လိုက်လေသည်။

စီမာမိသားစုနှင့် ကံကြမ္မာနန်းတော်အား ဒုက္ခများစေခဲ့သည့် ရတနာသေတ္တာကို လီချန်ချင်းက အမှန်တကယ် ဖွင့်နိုင်ခဲ့လေ၏။ လီချန်ချင်းမှာ အမှန်တကယ် ထူးခြားပြောင်မြောက်သော လူတစ်ဦးဖြစ်သည်ဟု ရွှယ်ချမ်းပိုင် ဝန်ခံရပေမည်။

သေတ္တာပွင့်သံထွက်ပေါ်လာပြီးနောက် သစ်သားအပိုင်းအစများမှာ ဖြည်းညှင်းစွာ ပြန့်ကျဲသွားလေ၏။ အတွင်းရှိ စက်ယန္တရားများမှာ ရှုပ်ထွေးလှပြီး သေတ္တာမှာ ဖြည်းညှင်းစွာ ပြေကျသွားလေ၏။

ရွှယ်ချမ်းပိုင်သည် ဝိုင်ခွက်ကို ကိုင်ကာ လျှောက်လှမ်းလာရင်း လာရောက်စူးစမ်းလေသည်။ လီချန်ချင်းမှာမူ အလွန် စိတ်လှုပ်ရှားနေပေ၏။ သေတ္တာအစိတ်အပိုင်းအားလုံးမှာ တဖြည်းဖြည်း ပြန့်ကျလာပြီ လီချန်ချင်းရှေ့ရှိနေသည့်အရာသည် အခြားသော သစ်သားသေတ္တာဖြစ်သွားလေ၏။

"ဒါ….ဒါက ရုရှားအရုပ်လိုမျိုးလား…." လီချန်ချင်းသည် အတွင်းထဲက သစ်သားသေတ္တာကို ယူလိုက်သည်။ ထိုသေတ္တာ၏သစ်သားကို ထိလိုက်သည်နှင့် လီချန်ချင်းအား အံ့အားသင့်သွားစေ၏။

သေတ္တာ၏အသားမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်။ ၎င်းမှာ သေတ္တာအတွင်းရှိ တစ်စုံတစ်ခုကို ဖိနှိပ်ထားနိုင်သကဲ့သို့ ဖိနှိပ်ထားသော သက်ရောက်မှုရှိပုံပေါ်၏။

ထို့အပြင် ဤသစ်သားသစ်သားသည် သန့်စင်ထားသော သေတ္တာမဟုတ်ဘဲ အခွံနှင့်ပိုတူသည်ဟု လီချန်ချင်း ခံစားမိသည်။

သေချာအနီးကပ်ကြည့်လျှင် ၎င်းပေါ်၌ ယန္တရားများ ရှိနေသကဲ့သို့ သေးငယ်သောပုံစံကွက်လေးများလည်း ပါလေ၏။ သေတ္တာ၏ထိပ်တွင် ခလုတ်ဝိုင်းတစ်ခုပါသည်။ လီချန်ချင်းသည် ထိုခလုပ်ဆီသို့ လက်လှမ်းလိုက်ပြီး ၎င်းကို တိုက်ရိုက်နှိပ်လိုက်လေ၏။

နောက်တစ်ချက်နှိပ်လိုက်သောအခါ သေတ္တာသည် အလိုအလျောက် ပွင့်သွားသည်။ ရုတ်တရက်ပင် အံ့အားသင့်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒအလုံးအရင်းကြီးသည် သစ်သားသေတ္တာထဲမှ ဖောက်ထွက်လာလေသည်။ ချွန်မြကာ ကွဲပြားခြားနားနေသော ဓားခုနစ်ချောင်း၏ စိတ်ဆန္ဒများသည် လိမ်ယှက်သွား၍ မုန်တိုင်းထန်နေသည့်နှယ် သေတ္တာကြီးအား အကြမ်းပတမ်း တုန်လှုပ်သွားစေသည်။

လီချန်ချင်း ရုတ်တရတ် ထိတ်လန့်သွားလေ၏။ သစ်သားသေတ္တာပွင့်သွားသောအခါ အတွင်း၌ ခေါက်ထားသော ယပ်တောင်ကဲ့သို့ လှလှပပ ပြန့်ကျဲလာသော ဓားခုနစ်ချောင်း ရှိလေသည်။

ဓားခုနစ်ချောင်းမှာ ကန့်လန့်ဖြတ်နေကြပြီး ဓားများ၏ အသံများမှာ ငှက်များ တွန်ကြူးနေသံနှင့်တူသည်။

" ချင်းလဲ့ဓားအရှင်ခုနစ်ပါးရဲ့ ဓားတွေ…." ထိုအချိန်တွင် ရွှယ်ချမ်းပိုင် မယုံကြည်နိုင်ဖြစ်နေပေသည်။

ချင်းလဲ့ဓားအရှင်ခုနစ်ပါးသေဆုံးပြီးနောက် ဓားများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ချင်းလဲ့ဓားအရှင်ခုနစ်ပါးဓားများကို ရင်ဖန်ချီက စုဆောင်းထားပြီး နန်းတွင်းရတနာသိုက်တွင် သိုလှောင်ထားသည်ဟု လူအများထင်ခဲ့ကြသည်။

"ဖိနှိပ်လိုက်…" ထိုစကားတစ်ခွန်းပြောပြီး ရွှယ်ချန်းပိုင်သည် ရှေ့သို့ ခြေလှမ်းတိုးသွားကာ ဓားခုနစ်ချောင်းဆီသို့ သူ့လက်ဖဝါးကို အသာအယာတင်လိုက်သည်။ ဂနာမငြိမ်ဖြစ်နေသော ဓားခုနစ်ချောင်းသည် ရွှယ်ချမ်းပိုင်၏ အရှိန်အဝါနှင့် ထိတွေ့လိုက်သောအခါ ငြိမ်ကျသွားလေ၏။

ရွှယ်ချမ်းပိုင်၏ ကိုယ်ပိုင်ဓားဆန္ဒသည် ဓားခုနစ်ချောင်းအား အညံ့ခံစေခဲ့သည်။

"ချင်းလဲ့ဓားအရှင်ခုနစ်ပါး ရဲ့ဓားခုနစ်ချောင်းလား…" လီချန်းချင်း မျက်စပင့်လိုက်မိသည်။ သူရမ်းသန်းကာ ဖွင့်လိုက်သော သေတ္တာမှာ အမှန်ပင် အဖိုးတန်နေပေ၏။

"ဟုတ်တယ်။" ရွှယ်ချမ်းပိုင် အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုဓားခုနစ်ချောင်းမှာ နတ်ဘုရားအဆင့်လက်နက်စာရင်းရှိ ပစ္စည်းကောင်းများ ဖြစ်ပေ၏။

"ချင်းလဲ့ဓားအရှင်ခုနစ်ပါး ရဲ့ ဓားခုနစ်ချောင်းကို မတူညီတဲ့ ရှားပါးသတ္တုရိုင်းခုနစ်မျိုးကနေ ထုလုပ်ထားတာ။ ဓားတစ်ချောင်းချင်းစီဟာ နတ်ဘုရားလက်နက်စာရင်းမှာပါတယ်။ သူတို့ရဲ့အဆင့်က အရမ်းမမြင့်ပေမယ့် ဓားခုနစ်ချောင်း အတူစုံတဲ့အခါ သူတို့က လုံးဝကို ပြိုင်ဘက်ကင်းသွားတယ်”

ရွှယ်ချမ်းပိုင်က လက်ကို ဝှေ့ယမ်းလိုက်ရာ မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ ရွှေရောင်ဓားတစ်ချောင်းသည် ဓားအိမ်အတွင်းမှ ပျံတက်လာကာ မြေပြင်သို့ ထိုးစိုက်သွားလေ၏။

ထိုဓားမှာ ရွှေရောင်ရှိပြီး လူအများအားအဆုံးမဲ့သော ချွန်ထက်မှုကို ခံစားမိစေသည်။

"ဒီဓား… “ကျန်းလန်”က နတ်ဘုရားလက်နက်စာရင်းမှာ အဆင့်၈၂ရှိတယ်။" သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ အစိမ်းရင့်ရောင် ဓားရှည်တစ်ခု ပျံတက်လာပြန်၏။ ထိုဓားသည် လီချန်ချင်းအား ငြိမ်သက်အေးချမ်းမှုကို ခံစားမိစေသည်။

"ဒီဓား…ချင်းလျူက နတ်ဘုရားလက်နက်စာရင်းမှာ အဆင့်၈၄ရှိတယ်။" နက်ပြာရောင်ဓားရှည် ပျံတက်လာလေ၏။

"ဒီဓား ရှီယုက နတ်ဘုရားလက်နက်စာရင်းမှာ ၇၇ရှိတယ်။" မီးတောက်ရဲရဲ ဓားရှည်၏ ဓားသွားများသည် မီးတောက်များနှင့် တဖွားဖွားလောင်ကျွမ်းနေပုံ ရှိသည်။

"ဒီဓား ရန်ချူးက နတ်ဘုရားလက်နက်စာရင်းမှာ အဆင့်၇၄ရှိတယ်။" နောက်ထပ် အနက်ရောင် ဓားတစ်စင်း ပျံတက်လာပြန်သည်။ ထိုဓားသည် လီချန်ချင်းအား ကြီးလေးသော တည်ငြိမ်မှုကို ပေးစွမ်းသည်။

"ဒီဓား ရူချန်က နတ်ဘုရားလက်နက်စာရင်းမှာ အဆင့် ၈၅ရှိတယ်။" နောက်ဆုံးဓားနှစ်စင်းမှာ အတူတကွ ပျံတက်လာပေ၏။ တစ်ခုမှာ အစိမ်းရောင်ဓားရိုးနှင့်အတူ လေညှင်းကို ဆော်သွေးလာသည့် လေဟာနယ်ကို ဆုတ်ဖြဲနိုင်သည့်အသွင်ရှိပြီး ကျန်တစ်လက်မှာ ဓားတစ်ချက်ဝှေ့ရုံဖြင့် ကျယ်လောင်သော မိုးထစ်ချုန်းသံများနှင့်အတူ ညအမှောင်ထုကိုပင် ဖြိုခွင်းပစ်နိုင်သည့် ခရမ်းရောင်ဓားသွားဖြစ်သည်။

"ဒီဓားနှစ်ချောင်း ကျူရှန်နဲ့ ရှုကုန် တို့ကတော့ နတ်ဘုရားလက်နက်စာရင်းမှာ အဆင့် ၉၁နဲ့ ၉၄ ရှိတယ်။" သူ့ရှေ့က ဓားခုနစ်ချောင်းကို ကြည့်ရင်း ရွှယ်ချမ်းပိုင် သက်ပြင်းပင် မချရဲပေ။

နတ်ဘုရားလက်နက်စာရင်းဝင် ဓားခုနစ်စင်းသည် ယနေ့အချိန်တွင် မျက်စိရှေ့မှောက်တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဓားသမားတို့၏ အတိတ်မှာမူ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

"စွမ်းအားကြီးလိုက်တဲ့ ဓားတွေ…"ဤအခိုက်အတန့်တွင် လီချန်ချင်း၏ ခံစားချက်များ အင်မတန် ရှုပ်ထွေးနေပေ၏။ ချင်းလဲ့ဓားအရှင်ခုနစ်ပါး ရဲ့ ဓားခုနစ်စင်းသည် ဤဓားသေတ္တာထဲတွင် ရှိနေခဲ့‌ပေ၏။

ဤမျှ စွမ်းအားကြီးသောဓားများမှာ အဘယ်ကြောင့် ဤဓားအိမ်ထဲတွင် အဆုံးသတ်ခဲ့ရပါသနည်း။

ထိုစဉ် ဓားသေတ္တာ၏အပေါ်ဘက်ရှိ အပေါက်ကြီးကို လီချန်ချင်း သတိထားလိုက်မိသည်။ လီချန်ချင်းသည် စူးစမ်းလိုစိတ်အပြည့်နှင့် အပေါက်ဆီလက်လှမ်းလိုက်တာ အပေါက်တွင်းမှ တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်လေသည်။

"အလိပ်တစ်ခု…." လီချန်းချင်းသည် အတွင်းမှ ပန်းချီကားလိပ်ကို ဆွဲထုတ်မိလိုက်လေ၏။ ၎င်းကိုဖွင့်ကြည့်လိုက်ရာ အစိမ်းရောင်ကြာပန်းတစ်ခက်ပါသည့် ပန်းချီကားကို တွေ့လိုက်ရပေသည်။

အစိမ်းရောင်ကြာပန်းတွင် ပွင့်ချပ်ခုနစ်ခုရှိ၏။ ပန်းချီတစ်ခုလုံးမှာ လူသတ်လိုစိတ်များပြည့်နေသည့် ရောင်ဝါကို ပေးစွမ်းလေသည်။ ၎င်း၏တည်ရှိမှုမှာ အလွန်လွှမ်းမိုးနိုင်စွမ်းရှိပေ၏။

ပန်းချီကားထဲရှိ အစိမ်းရောင်ကြာပန်းကိုယ်တိုင်ပင် လူထသတ်တော့မည် အရိပ်အယောင်များ ဖုံးလွှမ်းနေလေသည်။

"ဒီတော့ ဒါက လူတိုင်းလိုချင်နေကြတဲ့ သတ်ဖြတ်ခြင်းခုနစ်ပါးနဲ့အစိမ်းရောင်ကြာပန်း ပန်းချီကားပေါ့လေ။ ဒါကို ဓားသေတ္တာထဲမှာ ဝှက်ထားလိမ့်မယ်လို့ မထင်ထားမိဘူး။ ကြည့်ရတာ ဒီပစ္စည်းဟာ ချင်းလဲ့ဓားဂိုဏ်းရဲ့ ရတနာဖြစ်ပုံပဲ။"

ရွှယ်ချမ်းပိုင်သည် အစိမ်းရောင်ကြာပန်းပန်းချီကိုမြင်သောအခါ ပန်းချီကားမှ ဖြာထွက်နေသည့် သတ်ဖြတ်လိုခြင်းရောင်ဝါများကို မြင်နိုင်ပေသည်။

"သတ်ဖြတ်ခြင်းခုနစ်ပါးနဲ့ အစိမ်းရောင်ကြာပန်း ပန်းချီကားအပြင် ချင်းလဲ့ဓားခုနစ်ချောင်းလုံးရောက ဈေးကောင်းကောင်းရတယ်မဟုတ်လား။" လီချန်ချင်းက ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့်ပြောသည်။

ထိုစကားကိုကြားလိုက်သည့် ဝိုင်သောက်နေသော ရွှယ်ချမ်းပိုင်မှာ သီးသွားလေသည်။ သတ်ဖြတ်ခြင်းခုနစ်ပါးနှင့်အစိမ်းရောင်ကြာပန်း ပန်းချီကားနှင့် ဓားခုနစ်ချောင်းကိုရသော မည်သူမဆို ဩဇာကြီးမားလာရန် ကြိုးစားမည် မဟုတ်ပါလော။

သို့သော် လီချန်ချင်းကမူ နောက်ထပ်ငွေအမြောက်အမြားရရန် ရောင်းချရန်အတွက် စဉ်းစားနေသည် မဟုတ်လော။ သူ့ရှေ့ရှိ တပ်မက်ဖွယ်ကောင်းသော ရတနာများကို ပိုက်ဆံနှင့် အလဲအလှယ်လုပ်တော့မည်လော။

"မင်းလောဘကြောင့် ရူးသွားပြီလား။" ရွှယ်ချမ်းပိုင် ထဆဲလိုစိတ်ကို အောင့်အီးကာ မမေးဘဲ မနေနိုင်တော့ပေ။

"ဒါက ငါ့အတွက် အသုံးမဝင်ဘူးလေ။ ဓားသုံးဖို့ လူခုနစ်ယောက် မရှာနိုင်ရင် ဘယ်လိုသုံးရမှန်းလည်း ငါမသိဘူး။ ဒီတော့ ဘာလို့ သိမ်းထားနေဦးမှာလဲကွ။" လီချန်ချင်းသည် ဓားခုနစ်ချောင်းအား တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်လေသည်။

"ဒါပေမယ့် မင်းပြောမှ တွေးမိတော့တယ်…." လီချန်ချင်းသည် သူ့လက်ချောင်းများကို လှုပ်လိုက်ရာ ဓားခုနစ်ချောင်းသည်လည်း ချက်ချင်းပင် တုန်ရီလာကာ အားလုံး လီချန်ချင်း ဘေးပတ်လည်တွင် ပျံတက်ကာ သူ့အား ဝန်းရံလာကုန်ကြလေ၏။

All Chapters