← Chapters

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း (၁၃၄)

Vol. 14 Ch. 134

ဓားအလင်းသည် ရှေ့သို့ ပြေးသွားကာ ကျောက်ပိုင်မင်အား အကာအကွယ်မဲ့သွားစေသည်။ သူ မတုံ့ပြန်ခင်မှာပဲ ဓားရှည်ကြီးက သူ့ရှေ့ကို ရောက်နေပြီဖြစ်၏။

"ဘယ်သူက သတ္တိရှိပြီး ငါ့ကို ချောင်းတိုက်ရဲတာလဲ...."

ကျောက်ပိုင်မင် ကြုံးဝါးလိုက်သည်။ ကျောက်ပိုင်မင်၏ သစ္စာကိုးပါးလှံသည် ကျန်းလန်ဓားနှင့် ထိပ်တိုက်တွေ့ကြလေ၏။ ကျောက်ပိုင်မင်၏ စွမ်းအားမှာ ပြင်းထန်လှပေသည်။

ကျန်းလန်ဓားသည် အရာအားလုံးကို ဖြတ်သွားသကဲ့သို့ လှံအလင်းနှင့် တိုက်မိသွားသည်။ ခဏကြာသည်အထိ သစ္စာကိုးပါးလှံက ကျန်းလန်ဓားကို ပိတ်ဆို့ထားခဲ့လေသည်။ ကျောက်ပိုင်မင်၏ စွမ်းအားသည် အလွယ်တကူ တွန်းလှန်နိုင်သာ စွမ်းအားမျိုး မဟုတ်ချေ။

"ကျန်းလန်ဓား....." သူ့ရှေ့မှဓားသည် နတ်ဘုရားစွမ်းအားလက်နက်စာရင်းမှ ကျန်းလန်ဓားဖြစ်မှန်း ကောက်ချက်ချပြီးနောက် ကျောက်ပိုင်မင်အား ကြောက်လန့်ပြီး အံ့အားသင့်သွားစေသည်။

ထိုဓားမည်သို့ ပေါ်လာပါသနည်း။ "ဒါတကယ်ကျန်းလန်ဓားပဲ....."

မျှော်စင်ပေါ်ရှိ အဘိုးကြီးနှင့် လူလတ်ပိုင်းအမျိုးသားတို့သည် အဝေးမှ မျှော်ကြည့်ရင်း ရုတ်တရတ် မတ်တပ်ထရပ်လိုက်ကြကာ သူတို့၏ မျက်နှာများသည်လည်း အံ့သြမှုများနှင့် ပြည့်နှက်နေသည်။

ယင်းမှာ ချင်းလဲ့ဓားအရှင်ခုနစ်ပါး၏ ဓားဖြစ်ပေ၏။ ချင်းလဲ့ဓားဂိုဏ်း ဖျက်ဆီးခံရပြီးကတည်းက ချင်းလဲ့ဓားခုနစ်ချောင်း ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ချင်းလဲ့ဓားအရှင်ခုနစ်ပါးသေဆုံးပြီးနောက် ချင်းလဲ့ဓားခုနစ်ချောင်းကို မြောက်ပိုင်းအေးခဲနိုင်ငံ ဧကရာဇ် ရင်ဖန်ချီက စုဆောင်းသိမ်းဆည်းထားသဖြင့် ချင်းလဲ့ဓားခုနစ်ချောင်း၏နေရာကို မည်သူမျှမသိရှိကြပေ။

သို့သော် ယခုကဲ့သို့ ကျန်းလန်ဓားပေါ်ထွက်လာမည်ဟု မည်သူမျှ မျှော်မှန်းမထားမိကြချေ။ ၎င်းအား ရစ်ပတ်ဖွဲ့နှောင်ထားသော ဓားစိတ်ဆန္ဒနှင့် ရွှေရောင်ဓားရှည်ကြီးသည် ချင်းလဲ့ဓားအရှင်ခုနစ်ပါး အသက်ရှိနေသေးသကဲ့သို့ အသွင်ကို ဆောင်ပေ၏။ ထိုသူမှာ မည်သူဖြစ်နိုင်ပါသနည်း။

ရွှယ်ချမ်းပိုင်လည်း နောက်သို့ ခြေလှမ်းဆုတ်သွားကာ ကျန်းလန်ဓားကို ကြည့်နေမိသည်။ လီချန်ချင်းဘက်မှ လှုပ်ရှားမှုတစ်ခု စခဲ့ပြီဖြစ်ကြောင်း ရွှယ်ချမ်းပိုင် နားလည်၏။

"ဒီကောင်က တကယ်ကြီး ကိုယ့်ဒုက္ခကိုယ် တွင်းတူးရှာနေတာပဲ။ အခုထိ ထွက်မသွားသေးဘူးလားဟ...." ရွှယ်ချမ်းပိုင်တစ်ယောက်တည်း ရေရွတ်နေမိသည်။

မြောက်ပိုင်းအေးခဲနိုင်ငံတစ်ခုလုံးသည် ကျန်းလန်ဓား၏အသွင်အပြင်ကြောင့် ထိတ်လန့်တုန်လှုပ်ကြကာ ထိုအခိုက်အတန့်တွင် ကျန်းလန်ဓားသည် ပို၍ပင် ရောင်ခြည်ဖြာထွက်နေကာ ကျောက်ပိုင်မင်အား ဝေဟင်ကောင်းကင်ယံကနေပင် တိုက်ခိုက်နေလေသည်။

ကျောက်ပိုင်မင်၏ လှံတံကျင့်စဉ်သည် ကျယ်ပြောလှပြီး အစွမ်းထက်သည်ဖြစ်ရာ လှံတံအချက်တစ်ခုချင်းစီက ကျန်းလန်ဓား နောက်ပြန်ဆုတ်ခွာရန် တွန်းအားအပြည့်ပေးကာ ခံစစ်ထိုးလျက်ရှိသည်။

ကျန်းလန်ဓားသည် အံ့အားသင့်ဖွယ် စွမ်းအားရှိသော်လည်း ကျောက်ပိုင်မင်ကို မကိုင်တွယ်နိုင်သေးပေ။

"ချင်းလျူ..."

"ရှီယု။"

"ရန်ချူး"

"ရူချန်" ခေါ်သံများစွာ ထွက်ပေါ်လာသည်နှင့်အမျှ နောက်ထပ်ဓားလေးစင်းမှာလည်း ပျံတက်သွားကာ ကျောက်ပိုင်မင်အား ပစ်မှတ်ထား တိုက်ခိုက်ကြလေသည်။ ဓားငါးချောင်းကို တစ်ပြိုင်နက် လွှတ်ကာ တိုက်ခိုက်လေ၏။

မျက်စိကျိန်းလောက်စရာ အလင်းတန်းငါးခုသည် ကောင်းကင်တစ်ခွင်ကို ဆေးရောင်ခြယ်နေလေတော့သည်။

“ဒီ…”

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ပင် ရှိသည်။ ဓားငါးချောင်းကို မြင်လိုက်ရသောအခါ ကျောက်ပိုင်မင်မှာလည်း မယုံကြည်နိုင်ဖြစ်သွားသည်။နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ဓားများသည် ထူးဆန်းစွာ ပေါ်ထွက်လာလေ၏။

ထိုဓားငါးချောင်းသည် ကျောက်ပိုင်မင်အား ဝိုင်းရံထားလျက် တိုက်ခိုက်ကြလေသည်။

ရန်ချူး၏ပြင်းထန်သောအရှိန်အဟုန်၊ ရှီယု၏တစ်ဟုန်ထိုးတောက်ပနေသောဓားအလင်း၊ နူးညံ့သိမ်မွေ့လှသော မိုးမခဓား ချင်းလျူ နှင့် ရူချန်၏ လေးလံလှသော အလေးချိန်တို့ ပေါင်းစပ်တိုက်ခိုက်ကြရာ ကျောက်ပိုင်မင်အား ဧရာမဖိအားများကို ပေးလေတော့သည်။

သို့သော် ကျောက်ပိုင်မင်မှာလည်း ခေသူမဟုတ်ချေ။ သူ၏ လှံတံတိုက်ကွက်တိုင်းသည် ပင်လယ်ပြင်မှ ထွက်ပေါ်လာသော ရေလွှမ်းမိုးခြင်းကိုပင် ဖြစ်စေသည့် နဂါးတစ်ကောင်နှင့်တူပြီး ရပ်တန့်၍မရပေ။

"ဒီရေလှိုင်း...." ကျောက်ပိုင်မင် ကြုံးဝါးလိုက်ရာ သစ္စာကိုးပါးလှံ၏ တိုက်ကွက်များမှာ မြွေကြီးတစ်ကောင် လေဟာနယ်တစ်ခုကို ဝါးမျိုနေသည့်နှယ် ရှိလေသည်။

ဟထားသော မြွေပါးစပ်ကြီးသည် အရာအားလုံးကို မျိုချလိုက်သည်။ ထိုအချိန်၌ ဓားငါးချောင်း၏ တောက်ပမှုကို ကြီးမားသောပါးစပ်မှ မျိုချသွားပုံပေါ်လေသည်။ ကျောက်ပိုင်မင်၏ လှံတိုက်ကွက်တိုင်းသည်အမှန်တကယ် ကမ္ဘာကြီးကိုပင် ဝါးမျိုနိုင်သည့် စိတ်ဆန္ဒများ ရှိနေလေ၏။

ပြင်းထန်လှသော စွမ်းအားများသည် တိုက်ကြီးရှစ်တိုက်ကိုပင် လှုပ်ခတ်သွားစေသည်။

"ကြောက်စရာကောင်းလိုက်တဲ့ လှံချက်တွေပဲ။" ထိုတိုက်ကွက်ကိုမြင်လိုက်ရသောအခါ အားလုံး ကျောက်ပိုင်မင်၏ ခွန်အားကို အံ့သြတုန်လှုပ်သွားကြပေသည်။ ကျောက်ပိုင်မင်သည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ ထိပ်တန်း ဗိုလ်ချုပ်ကြီးဖြစ်ပြီး လက်ရှိ မြောက်ပိုင်းအေးခဲနိုင်ငံတွင်လည်း နံပါတ်တစ်စွမ်းအားရှင်တစ်ဦး ဖြစ်လေ၏။

ထိုအချိန်တွင် ဓားငါးချောင်းသည် လေဟာနယ်မုန်တိုင်းထဲတွင် ပျောက်ကွယ်သွားပုံရသည်။ ကျောက်ပိုင်မင်၏ လှံတိုက်ကွက်များကို ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့၏ အားနည်းချက်များကို ဖော်ထုတ်ပြခဲ့ရလေသည်။

"ကျူရှန်....ရှုကုန်...."

ဝူး.....

နောက်ဆုံး ဓားနှစ်ချောင်းလည်း လေထဲသို့ ပျံတက်သွားသည်။ ထိုအချိန်တွင် လူတိုင်းသည် ဓားများ ပျံသန်းလာသည့် ဦးတည်ရာကို သတိပြုမိကြသည်။ ထိုဓားနှစ်စင်း ဦးတည်လာသည်မှာ မြောက်ပိုင်းအေးခဲနိုင်ငံ၏ မြို့ရိုးပေါ်၌ ရပ်နေသည့် အရပ်ရှည်ရှည်အမျိုးသားတစ်ဦးဆီမှ ဖြစ်သည်။

ထိုအမျိုးသားသည် မျက်နှာဖုံးစွပ်ထားသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။ ထိုအမျိုးသားမှာ အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ထူးခြားသော အသွင်အပြင် ပုံပန်းသဏ္ဍာန်လည်း မရှိချေ။ သူ့ဘယ်ဘက်လက်က ဓားသေတ္တာကို ကိုင်ထားပြီး ညာလက်က ကောင်းကင်ကို ညွှန်ပြနေလေသည်။

ဓားခုနစ်လက်ကို အနက်ဝတ်ရုံဖြင့် ထိုလူက ထိန်းချုပ်ထားသည်။

"သူဘယ်သူလဲ...."

လူတိုင်းသည် လီချန်ချင်းကို ကြည့်ပြီး အံ့ဩမှင်တက်နေမိကြသည်။ စန်းယွမ်နယ်မြေတွင် ထိုသို့သောလူရှိပါသလော.... ထိုလူသည် ဓားခုနစ်လက်ကို သူ့ဘာသာသူ ထိန်းချုပ်နိုင်ပြီး ၎င်းတို့ကို ထိန်းချုပ်ရန် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကိုလည်း အသုံးပြုခဲ့သည်။ ဤပုဂ္ဂိုလ်၏ နတ်စွမ်းအားသည် အလွန်စွမ်းအားကြီးလှပေ၏။ ထိုသူသည် ပန်းချီ သူတော်စင် ဖြစ်ရပေမည်။

ထိုလူသည် ပန်းချီသူတော်စင် သို့မဟုတ် ပန်းချီနှင့် ကိုယ်ခံပညာနှစ်ခုလုံးကို ကျင့်ကြံသူ ဖြစ်သည်။

"ဒီကောင်တော့....." ရွှယ်ချမ်းပိုင်သည် လီချန်ချင်း မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံရမည်ကို စိုးရိမ်နေသော်လည်း ထိုသို့သော ပုံစံနှင့် လီချန်ချင်းကို ကြည့်ပြီး ပြုံးမိသည်။

လီချန်ချင်းသည် မျက်နှာဖုံးဝတ်ထားရုံတင်မကဘဲ အဝတ်အစားပါ လဲထားလေသည်။

အကယ်၍ ဓားခုနစ်ချောင်းသာ ရှိမနေခဲ့လျှင် ရွှယ်ချမ်းပိုင်သည်လည်း ထိုလူသည် လီချန်ချင်းဖြစ်ကြောင်း သိမည်မဟုတ်ချေ။ မူလက လီချန်ချင်းအား အရင်ထွက်သွားစေချင်ခဲ့သော်လည်း လီချန်ချင်းသည် သူ့အား လာကယ်ဖို့ အမှန်ပင် သတ္တိရှိခဲ့လေ၏။

တစ်ချိန်တည်းမှာပင် ရွှယ်ချမ်းပိုင်က ကောင်းကင်ပေါ်က ဓားခုနစ်လက်ကို လှမ်းကြည့်လိုက်သောအခါ သူ့နှလုံးသားသည်ပင် တုန်လှုပ်သွားမိသည်။ ရွှယ်ချမ်းပိုင်သည် လီချန်ချင်း၏ နတ်ဘုရားစိတ်ဝိညာဉ်ကို လျှော့တွက်ထားမိပြီး လီချန်ချင်းမှာ ဓားခုနစ်ချောင်းကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့လေသည်။

ယင်းသည် အမှန်ပင် အံ့ဩဖွယ်ရာ ဖြစ်ပေ၏။ သို့သော် ရွှယ်ချမ်းပိုင် အံ့ဩမဆုံး ဖြစ်နေစဉ်မှာပဲ နောက်ထပ်မြင်ကွင်းတစ်ခုက မြောက်ပိုင်းအေးခဲနိုင်ငံရှိ အမှောင်ထဲမှ စောင့်ကြည့်နေကြသည့် သန်မာသော စွမ်းအားရှင်များကိုပင် ထိတ်လန့်စေခဲ့သည်။

All Chapters