အခန်း (၁၃၇)
Vol. 14 Ch. 137
"အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကလည်း ထာဝရရှင်သန်ခြင်းဂိုဏ်းကို အရမ်းအလေးထားတယ်။ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံရဲ့ အချက်အလက်တွေကနေ နည်းနည်းတော့ လေ့လာခဲ့ရတယ်။"
"ထာဝရရှင်သန်ခြင်းဂိုဏ်းက သော့လို့ခေါ်တဲ့အရာတစ်ခုကို ရှာနေတယ်။ အဲ့ဒီသော့က ဘာလဲဆိုတာ ကျွန်မတို့ မသိသေးဘူး။ ဒါပေမယ့် ထာဝရရှင်သန်ခြင်းဂိုဏ်းအတွင်းမှာ ဆုကြေးငွေတွေတောင် ထုတ်ထားတာ။ ဆုကြေးငွေ စာရင်းမှာလည်း လူအများကြီးပါတယ်။ ထာဝရရှင်သန်ခြင်းဂိုဏ်းက အဲ့လူတွေကို ဖမ်းဖို့ စီစဉ်နေပုံရတယ်။"
"ဒါပေမယ့်လည်း ဆုကြေးစာရင်းမှာ ဘယ်သူပါတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ လောလောဆယ်တော့ လူလေးယောက်လောက်ပဲ သိပါတယ်။"
"ဘယ်သူတွေလဲ " လီချန်ချင်းက မေးလိုက်သည်။
"ရှေးဟောင်းတာအိုတောင်တန်းနယ်မြေက နယ်မြေရဲ့ ဒုဂိုဏ်းချုပ် ရွှယ်ချမ်းပိုင်....." လုချောင်းချောင်းက ဆိုသည်။
"အဲ့တာ.... ငါသိပြီးသားပဲ။" လီချန်ချင်း ခေါင်းညိတ်သည်။ ဆုကြေးငွေကြောင့် ရွှယ်ချမ်းပိုင်ထံရောက်လာသောလူများသည် ရွှယ်ချမ်းပိုင်၏ လက်ချက်ဖြင့်ပင် ဇီဝိန်ချုပ်ကြရမည်ဖြစ်သည်။
"ဆေးဘုရင်တောင်ကြားက ယင်ချန်းလီ....ကျွန်မ အဲ့နာမည်နဲ့ သိပ်တော့ မရင်းနီးးဘူး။" လုချောင်းချောင်း ရေရွတ်လိုက်သည်။ ဒုတိယနာမည်ကိုကြားလိုက်သည်နှင့် လီချန်ချင်း၏ အမူအရာမှာ ပြောင်းလဲသွားလေ၏။"
ယင်ချန်းလီ.... ထိုချာတိတ်လေးက ဆုကြေးစာရင်းထဲမှာပါနေသည်လော။ အဘယ်ကြောင့်နည်း.... သူ့ခွန်အားသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ရှိသည်မဟုတ်ပါလော။
"တတိယတစ်ယောက်ကတော့ မြောက်ပိုင်းအေးခဲနိုင်ငံက ကျောက်ပိုင်မင်...."လုချောင်းချောင်းက တတိယအမည်ကို ပြောလိုက်သည်။
"ကျောက်ပိုင်မင်....." လုချောင်းချောင်းသည် ထိုလူကို ဆုကြေးစာရင်းတွင် ပါ၀င်ရန် မမျှော်လင့်ထားပေ။ သို့သော် ကျောက်ပိုင်မင်ကို ကိုင်တွယ်ရန် ထာဝရရှင်သန်ခြင်းဂိုဏ်းအတွက် အနည်းငယ် ခက်ခဲပုံရသည်။
ထိုလိပ်ခွံကဲ့သို့ မာကျောသောသူသည် ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းမှုကိုပင် တားဆီးနိုင်သည်။ ထာဝရရှင်သန်ခြင်း ဂိုဏ်းအနေဖြင့် ပြင်ဆင်မှုအပြည့်မရှိဘဲ ကျောက်ပိုင်မင်အား ပြဿနာရှာရဲမည် မဟုတ်ချေ။
"နောက်ဆုံးလူက တစ္ဆေဂိုဏ်း ကံကြမ္မာခန်းမရဲ့ တော်ဝင်စွမ်းအားရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မင်ပန်ထူပါ။ ဒီလူလေးယောက်ပဲ ကျွန်မသိတယ်။"
"ဒီလူလေးယောက်က အဆက်အသွယ်ရှိလား။" လီချန်ချင်းက မေးသည်။
"ရှိပုံမပေါ်ဘူး။" လုချောင်းချောင်းက သူမခေါင်းကိုခါလိုက်သည်။
"အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကလည်း သူတို့လေးဦး အဆက်အသွယ်ရှိမယ်လို့ ထင်ပုံမပေါ်ဘူး။" လီချန်ချင်း ပဟေဠိဖြစ်သွားမိသည်။
လုချောင်းချောင်းနှင့် ခဏကြာ စကားစမြည်ပြောဆိုပြီးနောက် လုချောင်းချောင်းသည် လီချန်ချင်းအား လီဟမ်ရှန်းထံသို့ စာတစ်စောင်ရေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် အရုဏ်ဦးအချိန်မှသာ သူမ ထွက်သွားလေသည်။
ရှေးဟောင်း တာအိုတောင်တန်းနယ်မြေတွင် နေရောင် ထွန်းလင်းတောက်ပလျက်ရှိပေ၏။ နေ့သစ်တစ်ခုစတင်ပေပြီ။ ရှေးဟောင်းတာအိုတောင်တန်းနယ်မြေ၏ တပည့်များသည်လည်း ကျင့်ကြံခြင်းများ ပြုလုန်ရန် နိုးထလာကြပြီး ရွှယ်ချမ်းပိုင်သည်လည်း ရှေးဟောင်းတာအိုတောင်တန်းနယ်မြေသို့ ပြန်လည်ရောက်ရှိပြီဖြစ်သည်။
ပြန်လာပြီးနောက် ရွှယ်ချမ်းပိုင်သည် မူဟိုင်ဖုန်း၌ ရှမူဟိုင်ကို ဦးစွာရှာဖွေခဲ့ပြီး သူ့အားလီချန်ချင်း ပေးအပ်ခဲ့သည့် ဆေးပြားကို ရှမူဟိုင်ဆီသို့ပေးပို့ရန် စီစဉ်ခဲ့သည်။
မူဟိုင်ဖုန်းသို့ရောက်သောအခါ ထိုနေရာ၌ ဗလာနတ္ထိဖြစ်နေကြောင်း ရွှယ်ချမ်းပိုင်း တွေ့ခဲ့ရသည်။ ရှမူဟိုင်သည် ဂိုဏ်းတွင် ရှိမနေဘဲ ထျန်ဟိုင်မြို့သို့ သွားခဲ့ကြောင်း သိရှိခဲ့ရသည်။ ဤသည်မှာ ရွှယ်ချမ်းပိုင်အား ကျဉ်းထဲကြပ်ထဲ ရောက်စေပေသည်။
ရှမူဟိုင်မှာလည်း အနီးဝန်းကျင်တွင် ရှိမနေသည့်အပြင် လီဟမ်ရှန်းသည်လည်း အဆင့်တက်ဖို့ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသောကြောင့် သူမည်သည်ကို လုပ်ရမည်နည်း။"
"ငါတော့ မင်းကို အကြွေးတင်သွားပြီကွာ.....။" ကူကယ်ရာမဲ့ သက်ပြင်းချရင်း ရွှယ်ချမ်းပိုင်လှည့်ထွက်ကာ ချင်ကျူးတောင်ဆီသို့ ဦးတည်လိုက်သည်။ ရှမူဟိုင် ရှိမနေသောကြောင့် သူကိုယ်တိုင်လုပ်ရပေတော့မည်။
လီဟမ်ရှန်း၏ စံအိမ်အပြင်ဘက်တွင်ရပ်နေရင်း ရွှယ်ချမ်းပိုင်အား ဆေးလုံးပေးရန် မည်သည့်အကြောင်းပြချက်အား သုံးသင့်သည်ကို အချိန်အတော်ကြာ စဉ်းစားခဲ့သည်။
သူသည် လီဟမ်ရှန်း၏ ဆရာမဟုတ်ပေ။ သူ့ကို မပြောမဆိုနှင့် ဆေးလုံးပေးလိုက်ခြင်းသည် လီဟမ်ရှန်းကို စိတ်မသက်မသာဖြစ်စေရုံသာမက သူမည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားသော လီချန်ချင်းကိုလည်း အခက်အခဲဖြစ်စေပေမည်။
ရွှယ်ချမ်းပိုင်တွေးနေစဉ်မှာပင် တံခါးက ရုတ်တရက် ပွင့်သွားလေ၏။ လီဟမ်ရှန်းက အပြင်ထွက်ဟန် ပြင်လိုက်စဉ် အပြင်ဘက်တွင် ရွှယ်ချမ်းပိုင်ရပ်နေသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။
"ဟမ်....ဒုဂိုဏ်းချုပ်....." လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင်ကို မြင်မြင်ချင်း မမှတ်မိသော်လည်း ရွှယ်ချမ်းပိုင်ခါးရှီ ချင်းရွှယ်ဓားကို ချက်ခြင်းသတိထားလေငဘ်။
မျောလွင့်ပုံရိပ်ခန်းမတွင် ချင်းရွှယ်ဓား၏ပုံကို သူမြင်ဖူးသောကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် တန်းသိပေသည်။
လီဟမ်ရှန်း အလွန်အံ့သြသွားသည်။ လီဟမ်ရှန်းအနေဖြင့် ချင်ကျူးတောင်ပေါ်တွင် ရွှယ်ချမ်းပိုင်ကိုတွေ့မြင်ရရန် ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
"ငါပါ...." ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။
ဒီကလေးက လီချန်ချင်းရဲ့ သားကော ဟုတ်ရဲ့လား။ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်က အရမ်းကို ညံ့ဖျင်းလွန်းနေတယ်။ အဲ့ဒါကိုတောင်မှ သေမျိုးနယ်ပယ်စာရင်းမှာ နံပတ်တစ်ကို ရစေခဲ့တာလား။
သူ၏ ပင်ကိုစွမ်းရည်သည် ညံ့ဖျင်းသော်လည်း သူ့အတွင်း၌ တဟုန်ထိုးထွက်နေသော သွေးနှင့် ချီစွမ်းအားသည် အတုအယောင် မဟုတ်ချေ။
"မင်္ဂလာပါ ဒုဂိုဏ်းချုပ်..." လီဟမ်ရှန်းက အလျင်အမြန် အရိုအသေပေးလိုက်သည်။
"ရိုကျိုးနေစရာမလိုပါဘူးကွာ...." ရွှယ်ချမ်းပိုင် ခေါင်းညိတ်လိုက်သည်။
" ဒုဂိုဏ်းချုပ် ဒီကို ဘာလို့ရောက်နေတာလဲ။" လီဟမ်ရှန်းမှာ အံ့အားသင့်မိနေဆဲဖြစ်သည်။
"ကောင်းပြီ..." ရွှယ်ချမ်းပိုင် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။
သူဒီကို ဘာလာလုပ်သနည်း။ အခုချိန်ထိ လီဟမ်ရှန်း တွေးမရပေ။
သူဘာလုပ်ရမည်နည်း။
"ရေဆာလို့ပါကွာ....ဖြတ်သွားရင်း ရေလေးတစ်ခွက်လောက် သောက်ချင်လို,,,," နောက်ဆုံးတွင် ရွှယ်ချမ်းပိုင်မှာ ပြီးပြည့်စုံသည်ဟု ခံစားမိသော ဆင်ခြေတစ်ခုကို တွေးလိုက်မိပေ၏။