← Chapters

အခန်း (၁၃၈)

Vol. 14 Ch. 138

အခန်း (၁၃၈)

Vol. 14 Ch. 138

"ဟို...အဲ့တာ..." လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင် ရေသောက်ချင်၍ဝင်လာသည်ကို အံ့ဩမိသည်။ ထိုအကြောင်းပြချက်သည် အဓိပ္ပါယ်ရှိသော်လည်း တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသည်။

မည်သို့ပင်ဆိုစေကာမူ လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင်ကို စိတ်အားထက်သန်စွာ ကြိုဆိုခဲ့သည်။ ရှုခွေသည်ပင် ရှေးဟောင်းတာအိုတောင်တန်း၏ ဒုဂိုဏ်းချုပ်ကို ၎င်းတို့ထံ လာရောက်ရန် မမျှော်လင့်ခဲ့ပေ။

ရွှယ်ချမ်းပိုင် ရေသောက်ချင်၍ ဝင်လာသည့်အပေါ် ရှုခွေ အံ့ဩမှင်သက်သွားမိပြီး ရွှယ်ချမ်းပိုင်အတွက် ရေအမြန်ဝင်ယူပေးသည်။

ရွှယ်ချမ်းပိုင်သည် ခြံဝန်းကို လှမ်းကြည့်လိုက်သည်။ သူ့သိုလှောင်လက်စွပ်ကွင်းထဲတွင် အဆင့်ခြောက်ဆေးလုံးပုလင်းရှိသော်လည်း ၎င်းကို မည်ကဲ့သို့ ပေးရမည်ကို တွေးနေမိသည်။

"ရေရပါပြီဗျ...." ထိုစဉ် ရှုခွေသည် ရေယူလာပေသည်။

"အကြီးအကဲ...ဒီမှာ ရေရပါပြီ။" လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင်အား ရေကို လက်ကမ်းပေးလိုက်သည်။ ရေခွက်ကို လက်ခံပေးပြီးနောက် ရွှယ်ချမ်းပိုင်သည် ရေဇလုံကို စိုက်ကြည့်ကာ ခဏလောက် စဉ်းစားပြီးနောက် တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"အကြီးအကဲ....နောက်တစ်ခွက် သောက်ဦးမလား။" လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင် ရေမဝဖြစ်မည်ကိုစိုး၍ မေးလိုက်သည်။

"မလိုတော့ပါဘူးကွာ..." ရွှယ်ချမ်းပိုင်က လျစ်လျူရှုကာ ပြန်ဖြေလိုက်သ်ည။ "ငါအရမ်းရေငတ်နေချိန် မင်းအိမ်ရှေ့က ဖြတ်လာမိတာပဲ။ မင်းက ငါကို ဆိုးဝါးတဲ့အခြေအနေကနေ ကယ်တင်ပေးမယ့် ရေတစ်ခွက်ကို ပေးခဲ့တာပဲ။ မဟုတ်ရင် ငါဒီမှာရေငတ်ပြီးသေသွားနိုင်တယ်။ တကယ်အန္တရာယ်ရှိတာနော်။

လီဟမ်ရှန်း"?"

ရေငတ်လို့သေမယ်တဲ့လား။

အကြီးအကဲ ဘာတွေပြောနေတာလဲ။

"ဒီနေ့ မင်းငါ့အသက်ကို ကယ်ခဲ့တယ်ဆိုတော့ မင်းက ငါ့အသက်သခင်ပဲကွာ။" ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်းကိုကြည့်ကာ လေးနက်စွာပြောသည်။

လီဟမ်ရှန်း "???" အသက်သခင်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အကြီးအကဲ ကပျာကယာတွေ ဖြစ်နေတာလား၊ စိတ်ကောမှန်သေးရဲ့လား။ လီဟမ်ရှန်းမှာ ဆိုလိုရင်းကို နားမလည်နိုင်ဖြစ်နေစဉ်မှာပဲ ရွှယ်ချန်းပိုင်သည် ကျောက်စိမ်းပုလင်းကို ထုတ်ကာ သူ့ဘေးရှိ စားပွဲပေါ်တွင် တင်လိုက်သည်။

"ငါက သူတစ်ပါးကို အကြွေးတင်ရတာကို မကြိုက်ဘူးကွာ။ မင်းငါ့အသက်ကို ကယ်ခဲ့တာဆိုတော့ မင်းကို ပေးစရာ များများစားစားတော့မရှိဘူး။မင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်တော့မှာဆိုတော့ မင်းကို ဒီအဆင့်ခြောက်ဆေးလုံးကို ပေးမယ်။ မင်းရဲ့ရေတစ်ခွက်ကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ဒီအဆင့်ခြောက်ဆေးလုံးကို ယူလိုက်ပါ။"

ထိုသို့ပြောပြီးနောက်တွင် ရွှယ်ချမ်းပိုင်မှာ မီးခိုးငွေ့လို ချက်ချင်းပင် ပျောက်ကွယ်သွားတော့လေသည်။

လီဟမ်ရှန်း..."???"

လီဟမ်ရှန်းမှာ ရွှယ်ချမ်းပိုင် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားသည့်တိုင် ဖြစ်ပျက်သွားသည်တို့ကို နားမလည်နိုင်သေးပေ။

ထို့နောက် စားပွဲပေါ်မှ ဆေးပုလင်းကို ဖွင့်လိုက်သည်။ အတွင်းမှ ခရမ်းရောင်ဆေးလုံးတစ်လုံး ထွက်လာလေ၏။ တဟုန်းဟုန်းတောက်နေသော ဆေးလုံး၏ စွမ်းပကားမှာ အံ့ဖွယဖြစ်ပြီး မွှေးရနံ့မှာလည်း သင်းကြိုင်လှသည်။ အမှန်ပင် အဆင့်ကျော်ဖြတ်ခြင်း ဆေးလုံးဖြစ်ပေ၏။

ထို့ပြင် ထိုဆေးလုံးမှာ အမှန်ပင် အဆင့်ခြောက်ဆေးလုံးဖြစ်ပြီး ဆေးလုံးပေါ်တွင် ပုံစံကွက်များပင် ပါရှိသည်။ သို့ရာတွင် လီဟမ်ရှန်းမှာ အံ့အားသင့်မိနေဆဲဖြစ်သည်။

သူ မနက်စာအဖြစ် စားသုံးခဲ့သည့် မှိုများကို ကောင်းစွာ မသန့်စင်ခဲ့သဖြင့် အဆိပ်သင့်နေသည်ဟုတောင် သံသယဝင်မိသည်။ မဟုတ်လျှင် ထိုသို့ လက်ခံဖွယ်ရာ မရှိသည့်ဖြစ်ရပ်က မည်သို့ ဖြစ်နိုင်မည်နည်း။

ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်းအား အဆင့်ကျော်ဖြတ်ခြင်း ဆေးလုံးကို ကို အမှန်ပင် ပေးခဲ့ကြောင်း ကောက်ချက်ချ အတည်ပြုနိုင်ခဲ့သည့်တိုင် လီဟမ်ရှန်း အံ့အား သင့်မိနေဆဲဖြစ်သည်။

လီဟမ်ရှန်းသည် အဆင့်ကျော်ဖြတ်ခြင်း အဆင့်ငါးဆေးလုံးနှင့် ပတ်သတ်ပြီး စိတ်ပူပန်သောကရောက်နေရကြောင်း သူ့ဖခင်ထံ စာရေးပြီးဖြစ်သည်။ အကယ်၍ လီချန်ချင်းတွင်သာ အမှန်တကယ် ပြဿနာရှိနေပါက မကြာမီတွင် အဆင့်ငါးဆေးလုံ့းကို ရရှိလိမ့်မည်ဟု လီဟမ်ရှန်းထင်ခဲ့သည်။

သို့သော် ဤွဆေးလုံးအား ရှမူဟိုင်မှ သူ့အားပေးမည်ဟု လီဟမ်ရှန်း ကြိုတင်ခန့်မှန်းခဲ့သည်။ ယခုမူ ထိုဆေးလုံးအား ပေးသူမှာ ရွှယ်ချမ်းပိုင် ဖြစ်နေပေ၏။

ထို့ပြင် ၎င်းသည် အဆင့်ငါးဆေးလုံးမဟုတ်ဘဲ အဆင့်ခြောက်ဆေးလုံးဖြစ်လေသည်။ အရာများသည် လီဟမ်ရှန်း မျှော်မှန်းထားသည်ထက် ကျော်လွန်သွားပုံရပြီး သူ့ကို စိတ်ရှုပ်ထွေးစေခဲ့လေသည်။

ဤွဆေးလုံးသည် သူ့အဖေနဲ့ သက်ဆိုင်သည်လော။ ထိုသို့မဟုတ်လျှင်လည်း ဤသည်မှာ လွန်ကဲသော တိုက်ဆိုင်မှု ဖြစ်နေပေ၏။ သို့သော် ထိုသို့ပြုခဲ့ခြင်းဖြစ်လျှင်မူ သူ့အဖေသည် ရွှယ်ချမ်းပိုင်ကို မည်သို့သိမည်နည်း။

ရွှယ်ချမ်းပိုင်မျာ စန်းယွမ်နယ်မြေတစ်ခုလုံး၌ ကျော်ကြားသော ချင်းရွှယ်အာဏာဓားအရှင်ဟုလူသိများသည့် အင်အားကြီးလှသည့် ရှေးဟောင်း တာအိုတောင်တန်းဂိုဏ်း ဒုဂိုဏ်းချုပ်ဖြစ်သည်။

လီဟမ်ရှန်းမှာ သူ့လက်ထဲက ဆေးပြားကို စိုက်ကြည့်ရင်း လေးလေးနက်နက် တွေးတောကာ ယခုလောလောဆယ် သိပ်မတွေးသင့်သေးကြောင်း ဆုံးဖြတ်လိုက်သည်။ သူအရင်ဆုံး ပြန်လည်မွေဖွားခြင်းအဆင့်ကို ဖြတ်ကျော်ရပေမည်.

လီဟမ်ရှန်း ဤဆေးကို စောင့်နေခဲ့သည်မှာကြာပြီ ဖြစ်၏။

"ညီ၄...." ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ အစေခံသည် တံခါးကို အမြန်ဖွင့်လိုက်ရာ ကျိုကျွင်းသည် အပြင်မှ အထဲသို့ ဝင်လာလေလည်။ သူဝင်လာသည်နှင့် လီဟမ်ရှန်းကို‌ အပြုံးလေးဖြင့် ပြောသည်။

"ညီ၄...ငါမင်း အရေးကြီးတာတစ်ခုပြောစရာရှိတယ်..." စကားမဆုံးခင်မှာပင် ကျိုးကျွင်းသည် လီဟမ်ရှန်းလက်ထဲမှာ ဆေးလုံးတစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရရာ အတွေးနယ်ထဲတွင် လမ်းပျောက်သွားမိလေသည်။

"ညီ၄ ကိုင်ထားတာ ဘာကြီးလဲ။" ကျိုးကျွင်းသည် ရှေ့သို့လျှောက်လာပြီး လီဟမ်ရှန်းလက်ထဲက အရာကို စူးစမ်းကြည့်သည်။ "ဘုရားရေ....ဒါအဆင့်ကျော်ဖြတ်ခြင်း ဆေးလုံးမဟုတ်လား။ ဆေးလုံးပေါ်မှာ ပုံစံကွက် ခြောက်ခုနဲ့ ဒီအရည်အသွေး....။ မိုက်လိုက်တာ....ဒါအဆင့်ကျော်ဖြတ်ခြင်း အဆင့်ခြောက်ဆေးလုံးပဲ။"

"မင်းဒါကိုဘယ်ကရခဲ့သလဲ။ " ကျိုးကျွင်းအံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"စီနီယာအစ်ကို့ကို ဘယ်လိုရှင်းပြရမလဲ။ ရှင်းပြရင်လည်း ယုံပြန်ဦးမှာ မဟုတ်ဘူး။" လီဟမ်ရှန်းက ရှင်းပြချင်သော်လည်း အခြေအနေက ကမောက်ကမနိုင်လွန်းသည်ဟု သူခံစားမိသည်။

"မင်း အိမ်သာထဲမှာ ဘယ်လို အီးပါးလဲဆိုတာကို ပြောတာကလွဲပြီး ငါမင်းကို ယုံမယ်။" ကျိုးကျွင်းသည် လီဟမ်ရှန်းကို အံ့ဩသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဖြစ်ပုံက...." လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင်နှင့် ဖြစ်ပျက်ခဲ့သမျှကို ကူကယ်ရာမဲ့ ရှင်းပြခဲ့လေသည်။ ကျိုးကျွင်းကလည်း မှင်တက်စွာ နားထောင်သည်။

"အစ်ကိုနားလည်လား။" လီဟမ်ရှန်းသည် ကျိုကျွင်းကို လေးလေးနက်နက် ကြည့်နေသော်လည်း ကျိုးကျွင်းမှာ မေးခွန်းကို တုံ့ပြန်မှုမရှိချေ။ လီဟမ်ရှန်းသည် ကျိုးကျွင်းမှာ နားမလည်ဖြစ်နေသည်ထင်၍ ထပ်မေးသည်။ "ငါ မင်းကို ထပ်ရှင်းပြရမလား။"

"မလိုပါဘူး။" ကျိုကျွင်းမှာ ကြောင်တောင်တောင် ဖြစ်နေလေ၏။ “ငါ အကြမ်းဖျင်းနားလည်ပါတယ်။"

"စီနီယာအစ်ကို ကျွန်တော်ပြောတာကို ယုံလား။" လီဟမ်ရှန်းက လေးနက်စွာ မေးလိုက်သည်။

"မင်းအိမ်သာထဲမှာ အီးပါတဲ့အကြောင်းကိုပဲ ပြောလိုက်ပါတော့ကွာ။" ကျိုုးကျွင်းက လေးနက်စွာပြောသည်။

"ဒါပေမယ့် အဲဒါ အမှန်တရားပဲ။" လီဟမ်ရှန်းကိုယ်တိုင်လည်း သူပြောလျှင် လူအနည်းငယ်သာ ယုံလိမ့်မည်ဟု ခံစားမိသည်။

"ထားလိုက်ပါတော့ကွာ။ အရေးမကြီးပါဘူး။" ကျိုးကျွင်းက ဂရုမစိုက်ဘဲ ပြန်တုံ့ပြန်သည်။ "ဘာပဲဖြစ်ဖြစ် ဒုဂိုဏ်းချုပ်က မင်းကိုဒုက္ခပေးမှာ မဟုတ်ဘူး။ အခု မင်းမှာ အဆင့်ကျော်ဖြတ်နိုင်တဲ့ ဆေးလုံးရှိနေပြီလေ။ အဲ့တာမကောင်းဘူးလား....နောက်ပြီး ဒုဂိုဏ်းချုပ်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တဲ့သူပဲ။ ငါတောင်သူနဲ့ အရမ်းဆုံဖူးတာ မဟုတ်ဘူး။ သူက အဲ့လိုမျိုး အကျင့်ရှိတဲ့သူမို့လို့ နေမှာပါကွာ။"

"ဒါဆို အစ်ကို၃ကရော....ကျွန်တော့်ကို ဘာလို့ လာတွေ့တာလဲ။" လီဟမ်ရှန်းသည် ကျိုးကျွင်း ဝင်လာစဉ်က အရေးကြီးသည့် အရာတစ်ခုရှိသည်ဟု ပြောခဲ့သည်ကို သတိရမိသည်။

"ဟုတ်တယ် သတင်းကောင်းပြောမလို့..။" ကျိုးကျွင်းက ပြန်ဖြေသည်။ "မင်းသိလား တစ္ဆေနတ်ဆိုးစမ်းသပ်မှု ဖွင့်တော့မယ်ကွ။"

"တစ္ဆေနတ်ဆိုးစမ်းသပ်မှု...." ထိုစကားလုံးကို ကြားသည်ထိ လီဟမ်ရှမ်း သိလိုစိတ်အပြည့်ဖြင့် မေးမိသည်။ "တစ္တေနတ်ဆိုးစမ်းသပ်မှုဆိုတာဘာလဲ။"

"ဟင်...ဒါကိုတောင် မင်းမသိဘူးလားကွ။ သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်မှာ ရှိနေကတည်းက မင်းဒါမျိုးတွေ မသိနိုင်တာ ပုံမှန်ပါဘဲကွာ။" ကျိုးကျွင်းက လီဟမ်ရှန်းအား ပြောပြသည်။ "တကယ်တော့ တစ္ဆေနတ်ဆိုးစမ်းသပ်မှုဟာ ငါတို့လူသားမျိုးနွယ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ ဆယ်နှစ်မှာ တစ်ကြိမ်သာ ပွင့်ပြီး အခုတော့ မင်းမှီပြီလေ။"

"တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ထျန်ဟိုင်းမြို့တော်က ဦးစီးကျင်းပတယ်။ ငါတို့ စန်းယွမ်နယ်မြေမှာ ရှေးဟောင်းတာအိုတောင်တန်းမြေက အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းနိုင်ငံနဲ့ သက်ဆိုင်တယ်။ အဲ့အချိန် အနောက်ပိုင်း ဆိတ်ငြိမ်ခြင်းနိုင်ငံနဲ့ တောင်ပိုင်းကန္တာရာနိုင်ငံတို့က ဂိုဏ်းပေါင်းစုံလည်း ပါဝင်ကြမှာကွ။ အကြမ်းဖျင်းပြောရရင် ငါတို့တွေ သူတို့နဲ့ ရင်ဆိုင်စရာ မလိုဘူး။အဲ့ဒါကတော့ အာမခံလို့ရတယ်။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ကောင်းကောင်းစွမ်းဆောင်နိုင်တဲ့ တပည့်တစ်ယောက်ဟာ ထျန်ဟိုင်းမြို့တော်ဆီက ဆုလာဘ်ကို ရရှိလိမ့်မယ်။"

"စန်းယွမ်နယ်မြေက သခင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ဆုလာဘ်ပေးမယ့် အခွင့်အရေးပဲ။" ကျိုးကျွင်းက မနာလိုစိတ်အပြည့်နဲ့ ပြောလေသည်။

"ဘာလို့ မြောက်ပိုင်းကန္တာရမှာ မရှိတာလဲ။" လီဟမ်ရှန်းက စိတ်ဝင်တစား မေးသည်။

"မင်းရူးနေလား။ မြောက်ပိုင်းသဲကန္တာရက တစ္ဆေဂိုဏ်းနေထိုင်ရာ တိမ်ကန္တာရလေကွာ။" ကျိုးကျွင်းက လီဟမ်ရှန်းကို အထင်သေးစွာ ကြည့်လေသည်။ "ပြီးခဲ့တဲ့ အခေါက်တုန်းက ငါတို့ တာအိုတောင်တန်းရှေးဟောင်းနယ်မြေက တပည့်ငါးဆယ်လောက်ထိ သွားခဲ့တာ။ ဒီတခေါက်လည်း အဲ့အရေအတွက်လောက်ပဲ ဖြစ်မယ်ထင်တယ်။ ငါလည်း ဒီတစ်ခေါက်တော့ သွားခွင့်ရမှာ သေချာတယ်။"

"တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ဖို့ လိုအပ်ချက်တွေက ဘာတွေလဲ။" လီဟမ်ရှန်းလည်း အနည်းငယ် စိတ်ဝင်စားသွားသည်။ ဂိုဏ်းထဲတွင်သာ အချိန်ပြည့် ကျင့်ကြံရုံနဲ့ တိုးတက်ဖို့ဆိုသည်မှာ အင်မတန် ခက်ခဲလှပေ၏။

"ပြန်လည်မွေးဖွားခြင်းအဆင့်က အသက် ၂၅နှစ်အောက်လူတွေ ပါလို့ရတယ်။" ကျိုးကျွင်းက ပြောသည်။ "မင်း လိုအပ်ချက်တွေ မပြည့်မီသေးပေမယ့် ဒီဆေးလုံးနဲ့ဆို မကြာခင်မှာ မင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်တော့မှာလေ။ ဆရာကလည်း မင်းကို စာရင်းသွင်းပြီးပြီလို့ငါကြားတယ်။"

"ဘယ်အချိန်ဖြစ်မလဲ။ ငါတို့ ရှေးဟောင်းတာအိုတောင်တန်းနယ်မြေက အရှေ့ဘက်ဆိတ်ငြိမ်ခြင်းနယ်မြေက တစ်ခုတည်းသော ပြိုင်ပွဲဝင်လား။" လီဟမ်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ကျိုးကျွင်း သူ့လက်ကို ဝှေ့ယမ်းပြသည်။ "အရှေ့ဘက် ဆိတ်ငြိမ်ခြင်းနယ်မြေက အင်အားစုအားလုံးနီးပါး ပါဝင်မယ်။ တခြားဂိုဏ်းကလူတွေလည်း ပါဝင်ကြမှာ။ အချိန်ကတော့ အခုကနေ တစ်လလောက်အတွင်း ဖြစ်နိုင်တယ်။ ဒါက ကိုယ့်ကိုယ်ကို သက်သေပြဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ ငါလည်း ဒီတစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ဖို့ စောင့်နေတာ ကြာပါပြီ။"

"ရလဒ်ကောင်းတွေရပြီး ကြီးမားတဲ့ဆုလာဘ်တစ်ခုရရှိပြီးတာနဲ့ ငါမူလအဆင့်ထဲကို တိုက်ရိုက်ဝင်ရောက်နိုင်ပြီး စစ်မှန်တဲ့ မူလအဆင့်စွမ်းအားရှင်တစ်ယောက်ဖြစ်လာနိုင်တယ်။" ကျိုးကျွင်းက သူ့ကိုယ်သူ မူလအဆင့်အဖြစ် မြင်ယောင်၍ ရူးသွပ်စွာ ရယ်မောလျက် ပြောသည်။ "အချိန်တစ်လ ရသေးတယ်....တစ်လအတွင်း စတင်လိမ့်မယ်။"

All Chapters