အခန်း (၁၃၉)
Vol. 14 Ch. 139
"အချိန်ရှိပါသေးတယ်။" လီဟမ်ရှန်းသည် သူ့လက်ထဲက အဆင့်ကျော်ဖြတ်ခြင်းဆေးလုံးကို ကြည့်လိုက်သည်။ "ဒါဆို ဒီအဆင့်ကျော်ဖြတ်ခြင်းဆေးလုံးကို အရင်သောက်ရမယ်။"
"နေပါဦး။" ကျိုးကျွင်းက လီဟမ်ရှန်းကို ဟန့်လိုက်လေ၏။ "ငါမှတ်မိသလောက်ဆို မင်းသားရဲစုဆောင်းခြင်းကို စိန်မခေါ်ရသေးဘူးမလား။ မင်း တက်လှမ်းခြင်းအဆင့်မှာကတည်းက စိန်ခေါ်သင့်တာ။ တက်လှမ်းခြင်းအဆင့်မှာကတည်းက စိန်ခေါ်ခဲ့ရင် ဂိုဏ်းက ပေးတဲ့အမှတ် နှစ်ဆတောင်ရတယ်။"
"အဲ့လိုမဟုတ်ဘဲ မင်းပြန်လည်မွေးဖွားခြင်းအဆင့်ကို ဝင်ပြီးမှ ပြန်စိန်ခေါ်မယ်ဆို မင်းရမှတ်တွေက အရမ်းနည်းသွားလိမ့်မယ်။မင်းဂိုဏ်းထဲမှာ အလဲအလှယ်လုပ်လို့ရတဲ့အရာတွေလည်း နည်းသွားလိမ့်မယ်။နောက်ပြီး မင်းရဲ့စွမ်းဆောင်ရည်ကောင်းရင် ဂိုဏ်းကတောင် မင်းကို ဆုချလိမ့်ဦးမယ်။" ကျိုးကျွင်းအနေဖြင့် လီဟမ်ရှန်းသည် ကိုးထပ်တိုက်ပွဲခန်းမ၌ ပထမဆုံး အဆင့်သတ်မှတ်ခံရသူဖြစ်ခဲ့ကာ သူ့ကို ရွှေရောင်ပိုးထည်ချပ်ဝတ်တန်ဆာအား ဆုလဘ်အဖြစ်ပေးခဲ့ကြောင်း မှတ်မိနေသေးသည်။
လီဟမ်ရှန်းလည်း ထိုအကြံပေးချက်သည် အဓိပ္ပါယ်ရှိလှသည်ဟု ထင်ခဲ့သည်။ လီဟမ်ရှန်သည် ကိုးထပ်တိုက်ပွဲခန်းမ၌ စိန်ခေါ်ခဲ့ကာ ပညာရှိကြီး၏သတ်ဖြတ်လိုစိတ်များနှင့်ညှဉ်းပန်းမှုကို အကြိမ်ကြိမ်အခါခါ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော်လည်း သားရဲစုဆောင်းခြင်းကို တစ်ခါမျှ မစမ်းဖူးချေ။
"ဒါဆို ကျွန်တော် အရင်သွားစမ်းကြည့်လိုက်မယ်။ ပြီးတာနဲ့ ပြန်လည် မွေးဖွားခြင်းအဆင့်ကို ချိုးဖြတ်မယ်။"လီဟမ်ရှန်းခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ... အဆင့်တက်နေတုန်း မင်းကို ငါကိုယ်တိုင်ကာကွယ်ပေးမယ်။ မင်း ပြန်လည်မွေးဖွားခြင်းအဆင့်ကို ဖြတ်ပြီးရင် ငါတို့နှစ်ယောက် တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို အတူတူသွားကြမယ်။ အဲဒီအချိန်မှာ ငါတို့ညီအကိုနှစ်ယောက်က အတူတူတိုက်ခိုက်ပြီး ငါတို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်းနယ်မြေက ဘယ်လောက်ခွန်အားကြီးကြောင်း သူတို့သိအောင်လုပ်ကြမယ်။"ကျိုးကျွင်းက အားရပါးရ ရယ်သည်။
"ကောင်းပြီ။"လီဟမ်းရှန်လည်း စိတ်လှုပ်ရှားသွားသည်။ ထိုနေ့မွန်းလွဲပိုင်း၌ လီဟမ်းရှန်သည် နှလုံးသားကြေးမုံရေကန်သို့ ရောက်လာသည်။
လူတစ်ယောက်နှင့် လှံတစ်ချောင်း.....လီဟမ်ရှန်းသည် နှလုံးသားကြေးမုံရေကန်သို့ ရောက်သောအခါတွင် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။ ကိုးထပ်တိုက်ပွဲခန်းမတွင် အဆင့်သတ်မှတ်ခြင်း၌ ပထမဆုံးသူ ဖြစ်ခဲ့သည်။
သံမျက်နှာဖုံးစွပ်နှင့်လူကို အသက်ကိုးရှိုက်ဖြင့် အနိုင်ယူ ခဲ့သော တပည့်သည် ထူးကဲသောအနာဂတ်ကို ပိုင်ဆိုင်သူ ဖြစ်ပေလိမ့်မည်။ လီဟမ်ရှန်းသည် ယန်ရှင်းရေကန်အနီးတွင် ထိုင်ချလိုက်ပြီး ယခုတစ်ကြိမ်တွင် သားရဲစုဆောင်းခြင်း ကိုစိန်ခေါ်ရန် ရွေးချယ်ခဲ့သည်။
လီဟမ်ရှန်းသည် သူမလာခင် သားရဲစာရင်းကို ကြည့်ခဲ့သည်။ သားရဲစာရင်းသည် အဆင့်များကို ပိုင်းခြားခြင်းမရှိသောကြောင့် လူတိုင်းသည် တူညီသောစာရင်းတစ်ခုတည်းတွင်သာ ရှိနေသဖြင့် စာရင်းမှာ ရှည်လျားလှပြီး ထိပ်တန်းရလဒ်ငါးရာကို ဖော်ပြထားပေသည်။
လီဟမ်ရှန်းသည် သားရဲစာရင်းရှိ တက်လှမ်းခြင်းအဆင့်တပည့်များ၏ စိန်ခေါ်မှုမှတ်တမ်းများကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။ တက်လှမ်းခြင်းအဆင့်တွင် လက်ရှိပထမနေရာသည် နန်ဟောင်ဖေးဟုခေါ်သော စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်မှ တပည့်ဖြစ်သည်။
နန်ဟောင်ဖေးသည် တက်လှမ်းခြင်းအဆင့်၏ နံပါတ် ၉နေရာတွင်ရှိနေဆဲဖြစ်သော်လည်း ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ထူးချွန်သူလည်းဖြစ်သည်။ နန်ဟောင်ဖေးသည် တိုက်ရိုက်တပည့်ခံခြင်းမျိုး မဟုတ်သော်လည်း အတွင်းစည်းထဲသို့ ဝင်ရောက်ခဲ့ပြီး လီဟမ်းရှန်းအပြင် နောက်ထပ် ကျော်ဇောသည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။
တက်လှမ်းခြင်းအဆင့်၏ အဆင့်၉ရှိ နန်ဟောင်ဖေးသည် ဆယ့်တစ်ကျွန်းကို ကျော်ဖြတ်ပြီး တိုက်ပွဲတွင် မသေဆုံးမီ ဝိညာဉ်သားရဲငါးဆယ်သုံးကောင်ကို သတ်ခဲ့သည်။
ထိုသို့သောမှတ်တမ်းသည် အလွန်အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်ပါသည်။ လီဟမ်ရှန်းကလည်း သူ့ကန့်သတ်ချက်က မည်မျှဖြစ်သည်ကို စမ်းကြည့်ချင်မိသည်။
လီဟမ်ရှန်းသည် အသက်ပြင်းပြင်းရှုလိုက်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။ ဤသည်မှာ အလွန်ရင်းနီးသော ခံစားချက်ဖြစ်ပေ၏။ သူ့ကိုယ်သူ ကျွန်းတစ်ကျွန်းပေါ်တွင် ရောက်ရှိနေကြောင်း လီဟမ်ရှန်း သိရှိခဲ့ရသည်။
အနီးပတ်ဝန်းကျင်ရှိ ပင်လယ်ရေသည် တဟုန်ထိုး တက်လျက်ရှိပြီး ကျွန်းသည် အလွန်ကျယ်ပြောလှကာ တစ်ဖက်ကမ်းကို မျက်စိဖြင့်ကြည့်၍ပင် မမြင်နိုင်ပေ။ ကျွန်းသည် သစ်ပင်များစွာဖြင့် စိမ်းလန်းလျက်ရှိပြီး လီဟမ်ရှန်းသည်လည်း ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းခဲ့သည်။
ထိုအချိန်တွင်ပင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ အရပ်ရပ်မှ ထွက်ပေါ်လာပြီး သစ်ပင်များကြာမှ သွေးနီရောင် မျက်ဝန်းတစ်စုံကို လီဟမ်ရှန်း ရုတ်တရတ်တွေ့လိုက်ရသည်။လီဟမ်ရှန်းသည် သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး သူ့လက်ထဲတွင် အင်မော်တယ်အရှင်သခင်လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ထို့နောက် တောအုပ်ထဲမှ ဟိန်းဟောက်သံများထွက်ပေါ်လာပြီး သစ်ပင်များမှ မီးခိုးရောင် ဝံပုလွေများ ထွက်လာသည်။
ဟိန်းဟောက်သံများသည် ပိုမိုရှင်းလင်းလာပြီး ဝံပုလွေအူသံများဖြစ်ကြောင်း သိသာလာလေသည်။ ဝံပုလွေများ အရေအတွက် တိုးများလာကာ သူတို့၏ အနီရောင် မျက်ဝန်းများမှာလည်း သွေးများ စွန်းထင်နေပုံ ပေါ်သည်။
လီဟမ်ရှန်း၏ မျက်လုံးများသည်လည်း ရဲစွမ်းသတ္တိများနှင့်အတူ တောက်ပလာသည်။ ဤအဖြူရောင်ဝံပုလွေများသည် ခံနိုင်ရည်အားကောင်းကြသော်လည်း ၎င်းတို့သည် သာမန်သားရဲများသာဖြစ်ပြီး လီဟမ်ရှန်းအား ဖိအားများစွာ မပေးနိုင်ကြချေေ
"အာဝူး....." သွေးဆာနေသော မီးခိုးရောင်ဝံပုလွေအများအပြားသည် လီဟမ်ရှန်းအား ဦးတည်ပစ်မှတ်ထားကြလေသည်။ လီဟမ်ရှန်းသည် အသက်ပြင်းပြင်းရှူပြီး အင်မော်တယ်အရှင်သခင်လှံသည်လည်း ချက်ချင်းဆိုသလို လှံပန်းများစွာပွင့်ထွက်လာပြီ မီးခိုးရောင်ဝံပုလွေများအား ထိုနေရာတွင်ပင် ဇီဝိန်ချုပ်ပေးခဲ့လေသည်။
လှံနှင့် ထိုးဖောက်ခံထားရသဖြင့် သူတို့၏ သားမွေးများမှာလည်း သွေးစိမ်းရှင်ရှင် ပေစွန်းနေလေ၏။ လီဟမ်ရှန်း၏ လုပ်ရပ်မှာ ဝံပုလွေတစ်အုပ်ကို ဒေါသဖြစ်သွားစေပြီး ၎င်းတို့မှာ စုပေါင်းအားပြု၍ လီဟမ်ရှန်းအား တိုက်ခိုက်ကြရာ ကျွန်းမြေပြင်ကိုပင် ဖရိုဖရဲ တုန်လှုပ်စေခဲ့သည်။
သို့သော် အရေအတွက်မည်မျှပင်ရှိပါစေ လီဟမ်ရှန်းသည် သက်တောင့်သက်သာရှိနေဆဲဖြစ်သည်။ လူတစ်ဦးနှင့်လှံတစ်ချောင်း..... သူ၏စွမ်းအားသည် အကန့်အသတ်မရှိပေ။ သူ၏ ကြံ့ခိုင်မှုကိုသာ အားကိုးပြီး ဝံပုလွေကို တစ်ကောင်ပြီးတစ်ကောင်ကို သတ်ပစ်နေပေသည်။
ဤွသည်မှာ မယုံနိုင်လောက်အောင် လွယ်ကူလွန်းခဲ့ပေ၏။ လီဟမ်ရှန်းသည် ပထမကျွန်းကို ရှင်းလင်းနိုင်ခဲ့သည်။ ပထမကျွန်းကို ရှင်းလင်းသုတ်သင်လိုက်သည်နှင့် ကျွန်းပေါ်ရှိ ဝံပုလွေကောင်များသည်လည်း အံ့သြစရာကောင်းလောက်အောင် ပျောက်ကွယ်သွားကြလေသည်။ လီဟမ်ရှန်းမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး အခြားသော သတ္တဝါများသည် ကျွန်းပေါ်တွင် ပေါ်လာသည်။
"လာစမ်းပါ...." လီဟမ်ရှန်းတွင် စိတ်ခွန်အား အပြည့်ရှိနေပေ၏။ သတ်ဖြတ်ရသည်ကို အတောမသတ်နိုင်ပေ။ လီဟမ်ရှန်းသည် တောထဲက ကျားကြီး ပြေးထွက်လာသောအခါတွင်လည်း ကျားကြီးအား ဇီဝိန်ချုပ်ပေးလိုက်လေသည်။
အင်မော်တယ်အရှင်သခင်လှံသည် တစ်ကောင်ပြီးတစ်ကောင်ကို သုတ်သင်နေရာ လီဟမ်ရှန်းအား သေမင်းနတ်ဘုရားအသွင်ပင် ဖြစ်စေသည်။
တတိယကျွန်း၌.....
စတုတ္ထကျွန်း၌.....
လီဟမ်ရှန်းသည် သတ္တမကျွန်းကိုဖြတ်ကာ သတ်ဖြတ်သုတ်သင်နေရင်း စိတ်ဝင်စားမိလာသည်။ အဘယ်ကြောင့်ဆိုသော် ပဉ္စမကျွန်းပြီးနောက် ပေါ်လာသည်မှာ တကယ့်ဝိညာဉ်သားရဲများပင် ဖြစ်၏။ ၎င်းတို့မှာ အရေအတွက်များပြားလှပြီး ၎င်းတို့၏ ရုပ်ခန္ဓာများသာမက ၎င်းတို့၏ အသိဥာဏ်သည်လည်း သာမန်တိရစ္ဆာန်များထက် ကျော်လွန်နေလေသည်။
လီဟမ်ရှန်းမှာ ခေတ္တ ထိတ်လန့်သွားပြီး နှစ်ကြိမ် ထိခိုက်မိခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်မာပြီး ဒဏ်ရာ မရရှိခဲ့ပေ။
သစ္စာကိုးပါးလှံတိုက်ကွက်နှင့်အတူ လီဟန်ရှန်း၏ကြယ်မိုးရွေ့လျားမှုသည် ဝိညာဉ်သားရဲများစွာအား တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ခဲ့သည်။ နောက်ဆုံးဝိညာဉ်သားရဲမှာ လီဟမ်ရှန်းရှေ့တွင်သေဆုံးသွားခဲ့လေ၏။
ထို့နောက် ကျွန်းပေါ်ရှိ ဝိညာဉ်သားရဲများ တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီး ယခုအချိန်တွင်မူ လီဟမ်ရှန်းသည် နှလုံးသားကြေးမုံရေကန်ကြောင့် အားအင်များ အပြည့်အဝလန်းဆန်းသွားလေသည်။
အဋ္ဌမကျွန်းသို့ ရောက်ရှိခြင်းကို ကြိုဆိုရန် အသင့်ဖြစ်နေခဲ့ပေ၏။