← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

"နားထောင်ကြည့်ရအောင်....." လီချန်ချင်းက စိတ်ဝင်တစား တုံ့ပြန်လေ၏။

"တကယ်တော့ ဒီသတင်းက ကျွန်တော်တို့နဲ့တော့ မသက်ဆိုင်ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် မျှဝေတာပါ။" ပိုင်ကျင်းဖေးက ပြောသည်။"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်ဟုန်စီရင်စုမှာရှိတဲ့ တာအိုရှေးဟောင်းတောင်တန်းနယ်မြေရဲ့ ဒုဂိုဏ်းချုုပ် ရွှယ်ချမ်းပိုင်ဟာ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ကာကွယ်ရေးဗိုလ်မှူးကြီး ကျောက်ပိုင်မင်းနဲ့ ထိတ်လန့်စရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ်။"

"အမ်း...." လီချန်ချင်း စိတ်ထဲတွင် ပြောနေမိသည်။ "ငါလည်း အဲ့မှာ ရှိနေခဲ့တာလေ။"

"ဒါပေမယ့် အဲဒါက အဓိက မဟုတ်သေးပါဘူး။ အဓိကအချက်ကတော့ အဲဒီအချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသားတစ်ယောက် ပေါ်လာတယ်။ မျက်နှာဖုံးတပ်ထားပြီး ဝတ်ရုံအနက်ရောင်ဝတ်ထားတဲ့ အဲ့ဒီလူက ဓားခုနစ်ချောင်းကို ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဒီဓားခုနစ်ချောင်းက ချင်းလဲ့ဓားဂိုဏ်းရဲ့ နတ်စွမ်းအား လက်နက်ခုနစ်ခုပဲ။.သူတစ်ယောက်တည်း ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းမှုကို ဖန်တီးပြီး ကျောက်ပိုင်မင်ကို အနိုင်ယူခဲ့တယ်။"

"မြောက်ပိုင်းအေးခဲနိုင်ငံတစ်ခုလုံးလည်း ထိတ်လန့်တုန်လှုပ်သွားကြတယ်။ အဲ့ဒီလူက သူ့ကိုယ်သူ ချင်းလဲ့ဓားသခင် လီထိုက်ဖူလို့ ပြောတယ်။ သူက ချင်းလဲ့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နိုင်ပါတယ်။ ကျောက်ပိုင်မင်ဟာ ချင်းလဲ့ဓားရဲ့ အနိုင်ယူတာကို ခံခဲ့ရပြီး အလျင်စလို ထွက်ပြေးသွားတယ်တဲ့။”

"အဲ့အချိန်မှာပဲ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ဧကရာဇ် ရင်ဖန်ချီက ကျွမ်းကျင်ပညာရှင်တွေကို အဲ့ဒီ ချင်းလဲ့ဓားသခင်ကို တိုက်ထုတ်ဖို့ ဦးဆောင်ခဲ့ပေမယ့် သူတို့ဟာ ချင်းလဲ့ဓားခုနစ်စင်းလက်ချက်နဲ့ အသတ်ခံခဲ့ရ...."

"တော်လိုက်တော့..တော်လိုက်တော့...." လီချန်ချင်းက အလျင်စလို တားလိုက်လေ၏။ ပိုင်ကျင်းဖေးက မရပ်မနားပြောနေပြီး ကျောက်ရိကျွင်းနှင့် ယန်ပါးထောင်တို့လည်း ဇာတ်လမ်းထဲမှာ ပါဝင်စီးမျောနေသော်လည်း လီချန်ချင်းက တားလိုက်လေ၏။

"ထောက်လှမ်းရေးအလုပ်က အရေးကြီးတယ်။ ဒါပေမယ့် သတင်းအချက်အလက်ကလည်း တိကျရမယ်။ ယုတ္တိမရှိတာတွေ မပြောစမ်းနဲ့။" လီချန်ချင်းက ဒေါသတကြီး ပြောလေ၏။

မြောက်ပိုင်းအေးခဲနိုင်ငံက စွမ်းအားရှင်များကို တိုက်ခိုက်ပြီး အားလုံးကို သတ်ပစ်သည်ဟု ဆိုသည်လော...။ ထိုသတင်းများ မည်သည်မှ ထွက်လာပါသနည်း။ ကျောက်ပိုင်မင်သည် အလုပ်ချိန်နားပြီး သူ့ဇနီးအတွက် ညစာချက်ပြုတ်ရန် အိမ်ပြန်သွားခဲ့သည်မှာ ရှင်းလင်းလှပေ၏။

အဘယ်သို့ အလျင်စလို ထွက်ပြေးခြင်း ဖြစ်ရပါသနည်း။

"ဟုတ်ကဲ့ပါ။ ကျွန်တော်ထောက်လှမ်းရေးရဲ့ စစ်မှန်မှုကို သေချာစိစစ်ပါ့မယ်။" ပိုင်ကျင်းဖေးလျင်မြန်စွာ တုံ့ပြန်လိုက်သည်။

"ဒါ့အပြင် အဲဒီ မဆီမဆိုင် ပုံပြင်ပြောသမားတွေ ပြောတာကို နားထောင်ဖို့ ရှီယန်ကျိုက်ကို မသွားနဲ့တော့..."လီချန်ချင်းက ကူကယ်ရာမဲ့ပြောလိုက်သည်။

"ဟမ်....ပိုင်ကျင်းဖေး မျက်နှာပျက်သွားလေ၏။ သူသည် ဇာတ်လမ်းများကို နားထောင်ရန် ရှီယန်ကျိုက်သို့သွားခြင်းကို အမှန်တကယ်ပင် နှစ်သက်ခဲ့သည်။

ပိုင်ကျင်းဖေးသည် ရင်ဖန်ချီနှင့် ဓားခုနစ်စင်းတို့၏ ကြီးမားသော တိုက်ပွဲအကြောင်း လုပ်ကြံဇာတ်လမ်းကို မကြာသေးမီက သူကြားသိခဲ့သော ပုံပြင်ဇာတ်လမ်းဖြစ်သည့် "သေနတ်အင်မော်တယ် ကျောက်ကျိလောင်နှင့် စိတ်ဝိညာဉ်အရိုးခုနစ်စင်း"ဇာတ်လမ်းမှ ကောက်နုတ် ဖန်တီးထားလေ၏။

"ကောင်းပြီ...အလုပ်လုပ်ကြစို့။' လီချန်ချင်းက သူတို့ သုံးယောက်ကို ကြည့်ပြီး ပြောသည်။ "ငါတို့ရဲ့ ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီက အရှိန်အဟုန်နဲ့ တိုးတက်နေတယ်။ ဒါကြောင့် နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်ဦးမှာပါ။

" နောက်ထပ်ခြေတစ်လှမ်းထပ်လှမ်းမယ်...." ထိုစကားကိုကြားတော့ ကျောက်ရီချိုးက မျက်မှောင်ကြုံ့ကာ ပြောသည်။ "သခင်ကြီး...ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီကို တခြားမြို့တွေကို ချဲ့ထွင်ပြီး စျေးကွက်ကို သိမ်းပိုက်မယ်လို့ ဆိုလိုတာလား။ ဖြစ်နိုင်ပေမယ့် အတိုက်အခံတွေရှိနေမှာကိုတော့ စိုးရိမ်မိတယ်။ ဟိုင်မိသားစုရဲ့ မြေနေရာတွေကို ကျွန်တော်တို့က ရထားတယ်ဆိုပေမယ့်လည်း အချိန်တိုအတွင်း စျေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ လုပ်နေတာဆိုရင်တော့ နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်။"

"ဆိုင်တစ်ဆိုင်တည်းဆိုရင် စီမံခန့်ခွဲလို့ရတယ်။ ဒါပေမယ့် ဒီထက်ပိုများရင် ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုက မတည်ငြိမ်သေးပါဘူး။ အထူးသဖြင့် အသင့်စား အစားအစာတွေ အများကြီးကို အချိန်တိုအတွင်းမှာ ဒီလောက်များများစားစား လုပ်လို့ မရဘူး။ စားဖိုမှူးအသစ်တွေ ရှာချင်ရင် လေ့လာကြည့်ဖို့လည်း အချိန်နည်းနည်းယူရလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အသင့်စား ဟင်းလျာ ပြုလုပ်နည်းက ထိပ်တန်းလျှို့ဝှက်ချက်ဆိုတော့ အလွယ်တကူ ဖော်ထုတ် မျှဝေလို့လည်း မဖြစ်ဘူးလေ။" ကျောက်ရီချိုးသည် ဤကိစ္စအတွက် အတားအဆီးများစွာရှိနေသည်ဟု ခံစားမိသည်။

"မင်းဟုန်ခရိုင်မှာမဟုတ်ဘူး။" လီချန်ချင်းက သူတို့အား ကြည့်ရင်းပြောသည်။ "လောလောဆယ်တော့ ငါတို့စီရင်စုမှာ စျေးကွက်ကို ချဲ့ထွင်မှာ မဟုတ်ပါဘူး။ ငါ့တို့ရဲ့ ပစ်မှတ်က ကျန်းကျူ၊ မြောက်ပိုင်းအေးခဲနိုင်ငံနဲ့ ဆောင်းကူးစင်္ကြံလမ်းလိုမျိုး တခြားနေရာတွေကို ချဲ့ထွင်ဖို့ပါ။ အဲ့ဒီမှာ စျေးကွက်တင်ပြီး ငါတို့ရဲ့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီရဲ့ နာမည်ကို လူသိများအောင် လုပ်မယ်။"

"ထုတ်ကုန်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ငါတို့အနေနဲ့ လက်ရှိ အထူးထုတ်ကုန်တွေကို ရောင်းချဖို့ အလျင်စလို မလိုအပ်ပါဘူး။ အသင့်စား အစားအစာတွေနဲ့ ဖြည်းဖြည်းလေးလုပ်လို့ရသေးတယ်။ လက်ဖက်ရည်လို ရိုးရှင်းတဲ့ ထုတ်ကုန်တွေကို စျေးကွက်ဖွင့်ဖို့ အသုံးပြုနိုင်တယ်။ အခု ငါတို့ချန်ထင်မြို့မှာပဲ လက်ဖက်ကြော်လို အရာမျိုး ရှိတယ်လို့ ကြားမိတယ်။ အဲ့တာကို ရေတိုမှာ စျေးကွက်ဖွင့်ဖို့ လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်တယ်။" လီချန်ချင်းပြောပြီးသည်နှင့် သူတို့ သုံးယောက် အံသြသွားကြသည်။ လီချန်ချင်းသည် အမှန်တကယ်ပင် မင်ဟုန်ခရိုင်ရှိ စျေးကွက်ကို စွန့်လွှတ်ကာ ကျန်ကျူးနှင့် မြောက်ပိုင်းအေးခဲနိုင်ငံရှိ အခြားသော ဝေးလံခေါင်သီသော စျေးကွက်များသို့ ချဲ့ထွင်ချင်ခဲ့သည်။

ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူခြင်း မဟုတ်ပါလော။ အဘယ်ကြောင့်နည်း။

"သခင်ကြီး...." ကျောက်ရီချိုးက အလျင်အမြန်ပြောသည်။ "ကျွန်တော်တို့ မင်ဟုန်ခရိုင်မှာ အခုမှပဲ တည်ငြိမ်လာစပြုနေပါပြီ။ ဒီမှာ ကုန်သွယ်မှုအသင်းတွေ ဆက်ဖွင့်ထားရင် အကျိုးသက်ရောက်မှုက အရမ်းကောင်းမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကုန်သွယ်မှုအသင်းတွေဖွင့်ဖို့ တခြားနေရာတွေကို သွားမယ်ဆိုရင် ရှုပ်ထွေးတဲ့ပြဿနာတွေ အများကြီးကို ကြုံတွေ့ရမှာပါ။ မင်ဟုန်ခရိုင်မှာရှိတဲ့ ဟိုင်မိသားစုက ကျွန်တော်တို့ကို အရှက်ရစေခဲ့ပြီးပြီ။ တခြားနေရာတွေမှာဆိုရင် ..." ကျောက်ရီချိုးပင် ဆက်ပြောစရာပင် မလိုတော့ဘဲ နားလည်သည့်သူများက နားလည်ကြပေ၏။

"စိတ်မပူပါနဲ့၊ ငါပြောတဲ့အတိုင်းလုပ်ပါ။ ဒီတစ်ခါတော့ ပြဿနာအများကြီးရှိမှာ မဟုတ်ဘူး။" လီချန်ချင်းက တထစ်ချ ပြောသည်။ "ငါ့မှာ အစီအစဉ်ရှိတယ်။" လီချန်ချင်းသည် မည်သည့်အရာဆီက ထွက်လာမှန်းမသိသည့် ယုံကြည်မှုများလွန်ကဲလာသည်ကိုမြင်ရသောအခါ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိကြသည်။

"ပါးထောင်...မင်ဟုန်ခရိုင်က ဟိုင်မိသားစုဆီက အရင်ကရခဲ့တဲ့ မြေကွက်တွေအတွက်တော့ တတ်နိုင်သမျှ အမြန်ဆုံးရောင်းသင့်တယ်။ ငွေသားအဖြစ်ပြောင်းပြီးတော့ တခြားနေရာတွေမှာ ကုန်သွယ်ရေးအသင်းတွေ ထူထောင်ဖို့ ယုံကြည်ရတဲ့ လူယုံတွေအတွက် စီစဉ်ပေးလိုက်ပါ။"

"ငါတို့ ကုန်သွယ်မှုအသင်းအဖွဲ့အသစ်တွေ စတင်ဖို့ မလိုအပ်ဘူး။ ဤတစ်ခေါက်တော့ ငါတို့ ၀ယ်ယူမှုလမ်းကြောင်းကို လိုက်ပြီး အရမ်းလည်းမကြီး အရမ်းလည်းမသေးလွန်းတဲ့ စီမံခန့်ခွဲနိုင်တဲ့ အမျိုးအစားတွေကို ရှာပြီး စျေးနှုန်းချိုချိုနဲ့ ရနိုင်ဖို့ ကြိုးစားကြမယ်။"

"ဟုတ်ကဲ့ပါ။" ပါးထောင်က လေးစားစွာသဘောတူသည်။

"ကျောက်ရီချိုး.... မင်းလက်ဖက်လုပ်ငန်းအတွက် မကြာသေးခင်ကမှ ပြင်ဆင်နေတာ။ လက်ဖက်ခြောက်ဝယ်လိုအားက ကြီးမားပေမယ့် ရောင်းလိုအားနဲ့ ဝယ်လိုအားကို သေချာစေနိုင်တဲ့ ငါတို့ဘက်သားတွေဆီကပဲ ထုတ်လုပ်ပါ။ ဒီတစ်ခါတော့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ကို တွန့်တိုမနေနဲ့။ စန်းယွမ်ပို့ဆောင်ရေးလုပ်ငန်းကို အသုံးပြုပြီးတော့ ပို့ဖို့လုပ်ပါ။ ကုန်သွယ်မှုအသင်းထူထောင်ဖို့ တစ္တေနတ်ဆိုး စမ်းသပ်မှုဆိုတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ထားဖို့ လိုတယ်။ တခြားအရာတွေအတွက်ကတော့ ငါကိုင်တွယ်နိုင်ပါတယ်။"

"ဟုတ်ကဲ့ပါ။" သုံးယောက်သား မြန်မြန် သဘောတူလိုက်ကြသည်။ ကုန်သွယ်မှုအသင်းဖွဲ့စည်းခြင်းနှင့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုကြားရှိ ဆက်နွယ်မှုကို နားမလည်သော်လည်း သံသယများရှိနေသည့်ကြားမှ များများစားစား မပြောခဲ့ကြတော့ပေ။ သုံးယောက်သားလုံးသည် သူတို့မြင်နိုင်သည်ထက် အကွက်ကျော်၍ ပိုမြင်နိုင်သည့် လီချန်ချင်းနှင့် ယှဉ်၍မရဟု ခံစားမိသည်။

အရာအားလုံးကို စီစဉ်ပြီးနောက် လီချန်ချင်းက သူတို့သုံးယောက်ကို ပြန်လွှတ်လိုက်သည်။ နောက်တစ်နေ့မနက်ရောက်သောအခါ ချန်ထင်မြို့တစ်ခုလုံး စည်ကားနေပေ၏။

ရှေးဟောင်းတာအိုတောင်တန်းနယ်မြေ၌ ရွှယ်ချမ်းပိုင်သည် လီချန်ချင်းထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ ထိုစာပေါ်တွင် စာကြောင်းနှစ်ကြောင်းသာ ပါရှိလေ၏။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ပါဝင်ဖို့က သူ့သား၏ ဆုံးဖြတ်ချက်သာဖြစ်သည်။

ဒုတိယစာကြောင်းမှာမူ အရေးကြီးကိစ္စရပ်တစ်ခု ဖြစ်ပေ၏။ လီချန်ချင်းသည် မကြာမီပင် ရွှယ်ချမ်းပိုင်နှင့် တွေ့ရန် လာပေလိမ့်မည်။

၎င်းကိုဖတ်ပြီးနောက် ရွှယ်ချမ်းပိုင်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ "မင်းက အပြောင်းအလဲလွယ်တဲ့ကောင်ပဲ။" အချိန်မှာ မွန်းတည့်ချိန် ရောက်နေပြီဖြစ်၏။

လီဟမ်ရှန်း အိပ်ရာမှ နိုးလာသည်။ မနေ့က စွမ်းအင်များ ကုန်သည်အထိ သုံးစွဲမိခဲ့ပြီး ဤမျှထိကြာအောင် အိပ်ပျော်သွားမည်ဟု မထင်ခဲ့ပေ။

သို့သော် မနေ့က သားရဲစုဆောင်းခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများမှာ အလွန် သားနားဆဲဖြစ်သည်။ ညအချိန်တွင် လီဟမ်ရှန်းနားနေခဲ့သည်တိုင် တိုက်ပွဲနှင့် ပတ်သက်ပြီး ထိုးထွင်းနိုင်စွမ်းများကို ရရှိခဲ့လေသည်။

ထို့ကြောင့် အိပ်ယာမှထကာ ရေချိုး၍အစာစားပြီးနောက် လီဟမ်ရှန်းသည် အင်တာနက်ဆိုင်များကို စွဲလန်းနေသော လူငယ်တစ်ယောက်ကဲ့သို့ နှလုံးသားကြေးမုံရေကန်ဆီသို့ အပြေးအလွှား သွားခဲ့သည်။

ယနေ့တွင် ဆယ့်တစ်ကျွန်းမြောက်ကို စိန်ခေါ်မည်ဖြစ်ပေ၏။ လီဟမ်ရှန်းသည် သူ ထိန်းနိုင်မည်မဟုတ်တော့ကြောင်း သိသော်လည်း ဆယ့်တစ်ကျွန်းမြောက်မှာ ရှိသည့် ဝိညာဉ်သားရဲမှာ မည်မျှပင် သန်မာကြောင်း သိချင်နေမိသည်။

ထိုအချိန်တွင် တက်လှမ်းခြင်းအဆင့် တပည့်အနည်းငယ်သည် နှလုံးသားကြေးမုံရေကန်ဘေး၌ လီဟမ်ရှန်းကို စောင့်မျှော်နေကြပြီဖြစ်သည်။ သူတို့စောင့်နေကြသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။

သားရဲစာရင်းဝင် တက်လှမ်းခြင်းအဆင့်၏ နံပါတ်တစ်ပုဂ္ဂိုလ် နန်ဟောင်ဖေးပင်ရောက်လာသည်။ နန်ဟောင်ဖေးသည် ယမန်နေ့က မစ်ရှင်မှ ပြန်လာခဲ့ပြီး လီဟမ်ရှမ်းမှာ သားရဲစုဆောင်းခြင်းကို စိန်ခေါ်နေကြောင်း ကြားသိရသဖြင့် ကိုးလွှာတိုက်ခိုက်ရေးခန်းမတွင် သံမျက်နှာဖုံးစွပ်လူကို သတ်နိုင်သည့် လီဟမ်ရှန်း မည်မျှ သန်မာသည်ကို သိရှိလိုသဖြင့် စောင့်ကြည့်ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။

လီဟမ်ရှန်းသည် သူ့စံချိန်ကို ကိုင်လှုပ်နိုင်မလားဆိုတာကို သိချင်နေခဲ့သည်။

All Chapters