← Chapters

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း (၁၄၃)

Vol. 15 Ch. 143

နန်ဟောင်ဖေးသည် ကိုးလွှာတိုက်ခိုက်ရေးခန်းမ၏ ပထမအဆင့်ကို အောင်မြင်စွာ မစိန်ခေါ်နိုင်ခဲ့ဘဲ သံမျက်နှာဖုံးစွပ်လူသားကို အမြဲတမ်းရှုံးနိမ့်ခဲ့သည်။ သို့သော် ထိုအရာက သူ့အား စစ်မှန်သော ပါရမီရှင်ဖြစ်လာရန် မတားဆီးနိုင်ခဲ့ချေ။

ထိုသို့သာမဟုတ်လျှင် နန်ဟောင်ဖေးသည် တက်လှမ်းခြင်းအဆင့်နှင့်ပင်လျှင် ထိပ်တန်းစွမ်းအားရှင်၃၆ဦးစာရင်းဝင် စည်းကမ်းထိန်းသိမ်းရေးတောင်ထိပ် ဂိုဏ်းချုပ်၏ အတွင်းတပည့်အဖြစ် ထူးထူးခြားခြားလက်ခံခြင်းခံရမည်မဟုတ်ပေ။

နန်ဟောင်ဖေးသည် "နတ်စွမ်းအား အေးစက်ခြင်းလမင်းဓားသွား" ကို လေ့ကျင့်ခဲ့ပြီး ဓါးအလင်းနှင့် အအေးအရိပ်တို့သည် အုပ်စုတိုက်ပွဲများတွင် အလွန်ရေပန်းစားခဲ့သည်။ ထို့အပြင် သူကျင့်ကြံခဲ့သော ခန္ဓာကျင့်စဉ်မှာလည်း အလွန်အားကောင်းခဲ့သည်။

ထို့ကြောင်ပင် နန်ဟောင်ဖေးသည် သားရဲစုဆောင်းခြင်း၌ အတော်လေးခရီးရောက်ခဲ့ခြင်း ဖြစ်ပေ၏။ ကံမကောင်းစွာပင် ကိုးလွှာတိုက်ပွဲခန်းမ၌ နန်ဟောင်ဖေး၏ တိုက်ကွက်သည် လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံကဲ့သို့ ရေပန်းစားခြင်းမရှိခဲ့ပေ။

နန်ဟောင်ဖေးဟာ တက်လှမ်းခြင်းအဆင့်၌ နံပတ်တစ်ဟု သူ့ကိုယ်သူ အမြဲမှတ်ယူထားပြီး မကြာသေးခင်ကမှ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျော်ဖြတ်တော့မည်ဖြစ်လေသည်။ နန်ဟောင်ဖေးမှာ မစ်ရှင်ကပြန်ရောက်သည်နှင့် ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျော်ဖြတ်လိမ့်မည် ဖြစ်သည်။

လီဟမ်ရှန်းသည် အဆင့်သတ်မှတ်ခြင်းစာရင်း၌ ပထမဆုံးဖြစ်လာကြောင်းကို သူပထမဆုံးကြားလိုက်ရသောအခါ နန်ဟောင်ဖေးလည်း အလွန်အံ့သြသွားသည်။ သို့သော် လီဟမ်ရှန်းမှာ "အင်မော်တယ် အရှင်သခင်လှံသိုင်း" ကို လေ့ကျင့်နေကြောင်း ကြားသောအခါ နန်ဟောင်ဖေးသည် သိပ်ပြီး မစဉ်းစာနေတော့‌ပေ။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်အရှင်သခင်လှံတိုက်ကွက်မှာကို တစ်ဦးချင်းတိုက်ပွဲ၌ စွမ်းအားအကြီးဆုံးတိုက်ကွက်အဖြစ် အသိအမှတ်ပြုခံထားရသောကြောင့်ဖြစ်ပေ၏။

ထိုတိုက်ကွက်သည် ထိုးဖောက်မှုအားကောင်းသော်လည်း အုပ်စုလိုက်တိုက်ရာ၌ အဆင်မပြေပေ။ ထို့အပြင် အင်မော်တယ်အရှင်သခင်လှံသိုင်းကို လေ့ကျင့်ကြသူများသည် များသောအားဖြင့် အဆုံးသတ်မလှကြပေ။

ထို့ကြောင့် လီဟမ်ရှန်းမှ သူ့အား ကျော်တက်သွားလျှင်ပင် ၎င်းမှာ ကိစ္စကြီးတစ်ရပ်ဟု နန်ဟောင်ဖေးမထင်ပေ။ နန်ဟောင်ဖေးမှာ မနေ့ကမှ ဂိုဏ်းဆီပြန်လာပြီး လီဟမ်ရှန်း ဒသမကျွန်းအား စိန်ခေါ်ခဲ့ကြောင်း ကြားသိခဲ့ရသည်ကို မည်သူသိမည်နည်း။

ယနေ့မူ လီဟမ်ရှန်းသည် ဆယ့်တစ်ကျွန်းမြောက်ကို စိန်ခေါ်ပေတော့မည်။ ယင်းသည် နန်ဟောင်ဖေးကို အံ့အားသင့်မိစေသည်။ နန်ဟောင်ဖေး၏ အမြင်တွင်မူ လီဟမ်ရှန်းဟာ အဋ္ဌမမြောက်ကျွန်းကို ကျော်ဖြတ်နိုင်ခဲ့သည်ကပင် အလွန်ကို အထင်ကြီးစရာ ဖြစ်နေပြီ ဖြစ်၏။

သူ့ကိုယ်ပိုင် မှတ်တမ်းကို အမီလိုက်လုနီးပါး ဖြစ်နေပြီဆိုသည်ကို မည်သူသိမည်နည်း။ ထို့ကြောင့် နန်ဟောင်ဖေးသည် ယနေ့ လူကိုယ်တိုင် လာရောက်ကြည့်လေသည်။ ယနေ့ လီဟမ်ရှန်းမည်မျှအထိ သွားနိုင်သည်ကို သူကိုယ်တိုင် မြင်ချင်သည်။

"အစ်ကိုလီ ဒီမှာ။" ထိုစဉ်တစ်ယောက်ယောက်က အော်လိုက်လေ၏။ ထိုအခါ အကြည့်များအားလုံးသည် အကွာအဝေးတစ်ခုဆီသို့ လှည့်ကြည့်လိုက်ရာ လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင်လှံကို ကိုင်ဆောင်ကာ နှလုံးသားကြေးမုံရေကန်ဆီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။

ယနေ့ လီဟမ်ရှန်းသည် မနေ့ကနှင့် မတူချေ။ သူ့ခန္ဓာကိုယ်မှ ဖျော့တော့သော တိုက်ပွဲအရှိန်အဝါကို ခံစားမိစေသည်။ ဤရောင်ဝါသည် လူများစွာကို အံ့သြထိတ်လန့်စေပေ၏။

လီဟမ်ရှန်းသည် မည်သူ့ကိုမှ ဂရုမစိုက်ပေ။ လီဟမ်ရှန်းသည် နှလုံးသားကြေးမုံရေကန်ဆီသို့ လျှောက်သွားကာ ယနေ့ ဆယ့်တစ်ကျွန်းမြောက်ကို စမ်းကြည့်ချင်နေပေသည်။

သို့သော် ရေကန်သို့ရောက်သည်နှင့် ချက်ခြင်းဆိုသလိုပင် သူ့အား တိုက်ခိုက်လိုစိတ်အပြည့်နှင့် စူးစူးစိုက်စိုက်ကြည့်နေသည့် အကြည့်ကို ခံစားလိုက်ရသည်။ လီဟမ်ရှန်းသည် အကြည့်များ၏ ဦးတည်ရာကို လိုက်လိုက်သောအခါ တက်လှမ်းခြင်းအဆင့် နဝမအဆင့်ရှိ ဆယ်ကျော်သက်တစ်ဦးက သူ့အား လူအုပ်ထဲတွင် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခါ လီဟမ်ရှန်းအနည်းငယ် သိချင်လာမိသည်။ ထိုလူက မည်သူနည်း။ အဘယ်ကြောင့် သူ့အပေါ် တိုက်ခိုက်လိုစိတ် ရှိနေပါသနည်း."

"အစ်ကိုလီ။" ထိုအချိန်တွင် လီဟမ်ရှန်း၏နားထဲတွင် ရင်းနှီးသောအသံတစ်ခုပေါ်လာလသည်။ "အဲ့လူက စည်းကမ်းထိန်းသိမ်းရေးတောင်ထိပ်က နန်ဟောင်ဖေးလေ။ သူက ရှေးဟောင်းတာအိုဂိုဏ်းက တက်လှမ်းခြင်းအဆင့်တပည့်တွေထဲမှာ ပထမဆုံးဖြစ်ခဲ့ဖူးတဲ့သူလေ။“ လီဟမ်ရှန် လှည့်ကြည့်လိုက်သောအခါ ပြုံးရွှင်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။

ထိုလူမှာ ဝူဆန်းထောင် ဖြစ်ပေ၏။

"ဂျူနီယာညီလေးဝူ...မင်းလည်းရောက်နေတာပဲ။" လီချန်ချင်းက ပြုံးပြလေသည်။ "ငါတို့မတွေ့ဖြစ်တာ ကြာပြီနော်။"

"ကျွန်တော် မကြာသေးခင်ကမှ မစ်ရှင်တစ်ခုနဲ့ တောင်ပေါ်က ဆင်းလာတာ။ ခုလေးတင်မှ ပြန်ရောက်တာလေ။ အစ်ကိုလီက သားရဲစုဆောင်းခြင်းကို စိန်ခေါ်ဖို့ ဒီမှာရှိနေတယ်လို့ ကြားတာနဲ့ ဝမ်းသာအားရ ပြေးလာခဲ့တာ။" ဝူးဆန်းထောင်က ပြုံးလျက်သားပြောသည်။ "ကျွန်တော့် အစ်ကို့ရဲ့အချိန်ကို မနှောင့်နှေးပါစေပါဘူးဗျာ။ သွားပြီး စိန်ခေါ်လိုက်တော့ဗျို့။ နန်ဟောင်ဖေးက အစ်ကို့ကို မနာလိုဖြစ်လိမ့်မယ်။ သူ့ရှေ့မှာတင် သူ့စံချိန်ကို ချိုးပြလိုက်။"

ထိုစကားကို ကြားသောအခါ လီဟမ်ရှန်းသည် ခါးသက်သက် ပြုံးလိုက်သည်။ နန်ဟောင်ဖေး၏ စံချိန်ကို ချိုးဖျက်ဖို့မှာ မလွယ်ကူလှချေ။ ထို့နောက် လီချန်ချင်းသည် အခြားသူများကို လျစ်လျူရှုကာ နှလုံးသားကြေးမုံရေကန်ဆီသို့ တည့်တည့်သွားကာ သားရဲစုဆောင်းခြင်းဆီသို့ လျှောက်လှမ်းသွားလေတော့သည်။

ဆယ့်တစ်ကျွန်း၌.... ရင်းနှီးသောရနံ့၊ ရင်းနှီးသောပင်လယ်လေညင်းနှင့်... ယခင်ကထက် ပိုမိုပြင်းထန်သော သတ်ဖြတ်လိုစိတ်......

ထိုစဉ် လီဟမ်ရှန်းသည် ဧရာမဓားခုတ်ကောင်တစ်စုသည် သူ့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။ ဓားခုတ်ကောင်လေဓားသွား.....ဓားခုတ်ကောင်များ၏ နှစ်ထပ်ဓားသွားများမှာ ချွန်မြလှပြီး ခြင်ကောင်တစ်ကောင်ချင်းစီမှာ နှစ်မီတာကျော် ရှိပြီး ဓားသွား၏မျက်နှာပြင်ကို ဖြတ်သွားလျှင် အရာအားလုံးပင် ထက်ဝက် ပိုင်းပစ်နိုင်ပုံပေါ်ပေသည်။

လီဟမ်ရှန်းသည် သူ့ခြေထောက်ကို ဆောင့်နင်းလိုက်ကာ ဓားခုတ်ကောင်တစ်ကောင်၏ ဓားသွားကို ရှောင်တိမ်းလိုက်ပြီး ထိုဓားခုတ်ကောင်အား သူ၏ အင်မော်တယ်အရှင်သခင်လှံဖြင့် ထိုးဖောက်လိုက်လေ၏။

သို့သော် ဓားခုတ်ကောင်မှာ မြန်လှသဖြင့် လီချန်ချင်း၏ လှံချက်မှာ မထိခဲ့ပေ။ ထို့နောက် ဓားခုတ်ကောင်အုပ်လိုက်ကြီးသည့် လူသတ်လိုစိတ်အပြည့်ဖြင့် သူနောက်မှ ပျံသန်းလာကြလေ၏။

ထိုအခါ လီဟမ်ရှန်းလည်း လျင်မြန်စွာ ရှောင်ထွက်သွားပြီး တစ်ချိန်တည်းမှာပင် သစ္စာကိုးပါးလှံတိုက်ကွက်များမှာ ကြယ်ကြွေသလို ရွာချလေတော့သည်။

ဇွက်...ဇွက်...ဇွက်.....။ လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံမှာ လေဓားသွားအများအပြားကို ထိမှန်ခဲ့ပေသည်။ သို့သော်လည်း တစ်ကောင်တစ်လေသာ ဦးခေါင်းထုတ်ချင်းပေါက်၍ သေဆုံးသွားသော်လည်း အခြားအကောင်များမှာ ဒဏ်ရာသာ ရကြလေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ လေဓားသွား ဓားခုတ်ကောင်များသည် လီဟမ်ရှန်းကို ဝန်းရံထားသည်။ ရက်စက်ကြမ်းကြုတ်သော ဓားသွားများနှင့်အတူ လူသတ်လိုစိတ်အပြည့်ဖြင့် လီဟမ်ရှန်းထံ တိုးဝှေ့ပျံသန်းလာကြပေ၏။

"ထိုးဖောက်စေ....." လီဟမ်ရှန်းသည် ဟစ်ကြွေးလိုက်ပြီး အင်မော်တယ်အရှင်သခင်လှံဖြင့် ပြန်လည်တွန်းလှန်လေသည်။ သို့သည်တိုင် လီဟမ်ရှန်၏ ခြေလှမ်းများ နောက်တွန့်သွားကာ သူ့ခန္ဓာကိုယ်မှာ ဒါဇင်နဲ့ချီသည့် ဒဏ်ရာများ ရ၍ အချို့ဒဏ်ရာများမှာ သွေးများပင် ဆို့နေပြီဖြစ်သည်။

ဆယ့်တစ်ကျွန်းမြောက်မှာ ဤမျှအားကောင်းမည်ဟု လီဟမ်ရှန်းမမျှော်လင့်ထားပေ။ လက်ဖက်ရည်ခွက်သောက်ချိန် လွန်သွားပြီးနောက် လီဟမ်ရှန်းမှာ ဆယ်တစ်ကျွန်းမြောက်တွင် ဓားခုတ်ကောင်နှစ်ကောင်ကိုသာ သတ်ရသေးသည်ကို အပြင်ဘက်ရှိ ဦးဆောင်သူစာရင်းကို ကြည့်ရှုနေသည့် တပည့်များစွာက မြင်ခဲ့ကြပြီး အားလုံး စိတ်ပျက်လက်ပျက် အမူအရာဖြစ်သွားကြသည်။

လီဟမ်ရှန်းသည် ယနေ့ ဆယ့်တစ်ကျွန်းမြောက်ကို မရှင်းလင်းနိုင်တော့ပုံပေါ်ပေ၏။ နန်ဟောင်ဖေးသည် တည်ငြိမ်သောအမူအရာဖြင့် ဦးဆောင်သူစာရင်းကို ကြည့်နေခဲ့သည်။ နန်ဟောင်ဖေး၏ အမူအရာမှာ အခြားသူများနှင့်မတူချေ။ အခြားသူများ စိတ်ပျက်နေချိန်တွင် နန်ဟောင်ဖေးမှာ အနည်းငယ် ထိတ်လန့်သွားသည်။

ဆယ်တစ်ကျွန်းမြောက်တွင် လေဓားသွား ဓားခုတ်ကောင် ရာနှင့်ချီရှိသောကြောင့် သူအံ့အားသင့်ခဲ့ရပြီး သူ ထိုထဲတွင် စိန်ခေါ်ခဲ့စဉ်က အေးစက်ခြင်း လမင်းဓားသွားက အဆုံးအဖြတ်ပေးခဲ့လေသည်။

ထိုအချိန်တုန်းက နန်ဟောင်ဖေးသည် သူ၏အပြင်းထန်ဆုံးဓားချက်ကို ဆယ်ကြိမ်တိုင်တိုင် ထုတ်သုံးခဲ့ရကာဓားခုတ်ကောင်များစွာကို သတ်ဖြတ်ခဲ့ပြီး ထိုလေဓားသွားဓားခုတ်ကောင်တို့၏ လက်ချက်ဖြင့်ပင် အပိုင်းပိုင်းပြတ်ခဲ့ရလေသည်။

တိုက်ပွဲမှာ လျှပ်တစ်ပြတ်အတွင်း ဖြစ်သော်လည်း လီဟမ်ရှန်းသည် အကြာကြီး ထိန်းထားနိုင်ခဲ့သည်။

သူ မည်သို့ ရှင်သန်နိုင်ခဲ့ပါသနည်း။ သို့သော် လီဟမ်ရှန်းသည် ရန်သူများကို သတ်လိုက်သည့် အရှိန်ကို ကြည့်ရင်း ယနေ့တွင် လီဟမ်ရှန်းသည် ဆယ့်တစ်ကျွန်းမြောက်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ကြောင်း နန်ဟောင်ဖေးသိသည်။

နန်ဟောင်ဖေး သက်ပြင်းချဟန် ပြင်နေစဉ်မှာပဲ တပည့်တစ်ယောက်က ရုတ်တရက် အော်လေသည်။ "ထူးဆန်းလိုက်တာ...အစ်ကိုလီရဲ့ အရှိန်က တိုးလာပြီ။"ထိုအခါ နန်ဟောင်ဖေးသည် ထိတ်လန့်တကြား ပြန်ကြည့်လိုက်သောအခါ လီဟမ်ရှန်း၏ ရန်သူများကို သတ်ဖြတ်သော အရှိန်သည် တိုးလာနေသည်ကို တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားခုတ်ကောင် လေးဆယ်ကျော် အသတ်ခံခဲ့ရသည်။

"ဘာတွေဖြစ်နေတာလဲ...." နန်ဟောင်ဖေးအံ့သြတကြီးနဲ့ ရှေ့ကို လှမ်းလိုက်သည်။ "လီဟမ်ရှန်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်သွားပြီလား..."

"မဟုတ်သေးပါဘူး။ သူက တက်လှမ်းခြင်းအဆင့်ရဲ့ အဆင့်ကိုးမှာ ရှိနေတုန်းပဲ။ ဒါပေမယ့် ဘာတွေ ဖြစ်နေတာလဲ။" နန်ဟောင်ဖေးသည် လီဟမ်ရှန်း၏ နာမည်ကို စိုက်ကြည့်နေသည်။ သူ့အဆင့်က မပြောင်းလဲသော်လည်း ရန်သူများကို သတ်သည့်အရှိန်မှာ မြန်ဆန်လွန်းလှပေ၏။ မည်သည်တို့ ဖြစ်ကုန်ပါသနည်း။ ထိုလူမှာ အမှန်ပင် လီဟမ်ရှန်း ဖြစ်သည်လော... နန်ဟောင်ဖေး၏ အတွေးနယ်ထဲတွင် မယုံနိုင်စရာ အတွေးတစ်ခု တွေးနေမိသည်။ ယခုအချိန်တွင် လီဟမ်ရှန်းသည် ဆယ့်တစ်ကျွန်းမြောက်ပေါ်တွင် သွေးရေချိုးခဲ့ပြီဖြစ်သည်။

သို့သော် လီဟမ်ရှန်း လဲမကျခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ကြံခိုင်မှုမှာ လီဟမ်ရှန်းအား အလွယ်တကူ သေဆုံး ရန် ခွင့်မပြုသော်ငြားလည်း လက်ရှိ လီဟမ်ရှန်းသည် ယခင်က နှင့် လုံးဝ မတူပေ။

သူ၏ လှံတိုက်ကွက်များမှာ ပို၍ပို၍ပင် မြန်လာပေ၏။ အရိပ်ကို မမြင်နိုင်လောက်အောင်ပင် မြန်လာသည်။ လှံချက်များမှာ မြန်ဆန်ရုံသာမကဘဲ မယုံနိုင်စရာကောင်းလောက်အောင်ပင် တိကျသေချာလှပေ၏။ အနီးသို့ ချဉ်းကပ်လာသော လေဓားသွား ဓားခုတ်ကောင်များမှာ လီဟမ်ရှန်း၏ လှံချက်ဖြင့်ဦးခေါင်း ထုတ်ချင်းပေါက်ကြရလေသည်။

လှံချက်များမှာ မယုံနိုင်လောက်အောင် တိကျလှပေသည်။ လီဟမ်ရှန်းမှာ လေဓားသွားဓားခုတ်ကောင် တစ်ကောင်းချင်းစီ၏ ဦးခေါင်းခွံတစ်ခုစီ အနေအထားကို အလွတ်ကျက်ထားသလိုပင် တိကျလွန်းလှသည်။ လီဟမ်ရှန်း၏ တိုက်ပွဲကို ကြည့်နေသူအားလုံး လီဟမ်ရှန်းတစ်ယောက် မျက်လုံးမှိတ်ပြီး တိုက်ပွဲဝင်နေသည်ကို တွေ့လိုက်ကြရလျှင် ပို၍ပင် တုန်လှုပ်သွားမည်ဖြစ်သည်။

လီဟမ်ရှန်းသည် ယခုရက်များအတွင်း သူ့မျက်လုံးများကိုသုံး၍ မကြည့်ခဲ့ပေ။ လီဟမ်ရှန်းသည် ရှမူဟိုင်၏ တိုက်ကွက်ကို အတုယူကာ သူ၏ အင်မော်တယ်အရှင်သခင်လှံကိုအသုံးပြုကာ သူ၏စိတ်ဝိညာဉ်နှင့်သာ သစ်ရွက်များအား ထိုးစိုက်ခြင်းကို နေ့စဉ်လေ့ကျင့်ရန် ကြိုးစားခဲ့သော်လည်း တိုးတက်မှုမှာ မြန်ဆန်ခြင်းမရှိခဲ့ပေ။

လီဟမ်ရှန်းသည် သူ၏ရန်သူများကို စိတ်ဝိညာဉ်ဖြင့် စူးစမ်းရန် သင်ယူခဲ့သော်လည်း သူ၏လှံထိုးချက်နှင့် စိတ်ဝိညာဉ်တို့ကြား ညီညွတ်အောင်မလုပ်နိုင်ခဲ့ဘဲ ရှမူဟိုင်၏တိုက်ကွက်ကို နားလည်နိုင်သည့်အဆင့်သို့ မရောက်ခဲ့ပေ။

တူညီသောကြိမ်နှုန်းကို လီဟမ်ရှန်း တစ်ခါမျှ မရောက်ခဲ့ပေ။ လီဟမ်ရှန်း၏လှံထိုးလိုက်သော အရှိန်သည် နှေးလွန်းသည်ဖြစ်စေ၊ မြန်လွန်းသည်ဖြစ်စေ သစ်ရွက်များ မြေပြင်သို့ မကြွေကျမီ လှံဖြင့် ထိုးဖောက်ခဲ့သည်။

မမျှော်လင့်စွာပင် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြား တိုက်ပွဲက လီဟမ်ရှန်း၏ စိတ်ဝိညာဉ်နှင့် သူ့ခန္ဓာကိုယ်၏ပေါင်းစပ်မှုကို တဖြည်းဖြည်းရင်းနှီးလာခဲ့သည်။ ထိုအချိန်တွင် သူ၏လှံနှင့် စိတ်ဝိညာဉ်တို့မှာလည်း လျှို့ဝှက်ဆန်းကြယ်လှသော နားလည်မှုတစ်ခုကို နားလည်နိုင်ခဲ့လေသည်။

ထိုအရာကို လီဟမ်ရှန်း ကောင်းကောင်းကြီး ခံစားခဲ့ရပေသည်။ သူကိုယ်တိုင် တိုက်ခိုက်သည်ဖြစ်စေ....ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖြစ်စေ ပို၍ကြီးမားစွမ်းအားနှင့် အမြန်နှုန်းတို့ဖြင့် ကြိုတင်ခန့်မှန်းနိုင်ပေသည်။

လီဟမ်ရှန်း၏ လှံထိုးလိုက်သော အရှိန်သည် မြန်ဆန်ပြီး တိကျသည်။ ဤသည်မှာ နှလုံးသား၏ လှုပ်ရှားမှုနောက်သို့လိုက်နေသည့် လှံ၏ လှုပ်ရှားမှုများလား။ ထိုအချိန်တွင် လီဟမ်ရှန်းသည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအသွင်သို့ ကူးပြောင်းသွားခဲ့သည်။ လေဓားသွားဓားခုတ်ကောင်၏ ဓားသည် မည်မျှပင် မြန်ဆန်နေပါစေ လီဟမ်ရှန်းသည် ၎င်းကို တိကျစွာ ရှောင်တိမ်းနိုင်ပြီး လက်ပြန်လှံချက်ဖြင့် တစ်ကောင်ချင်းစီကို သတ်ပစ်လေသည်။

"ကြယ်မိုး" ဟုခေါ်သော လှုပ်ရှားမှုသည် လေဓားသွား ဓားခုတ်ကောင်များစွာကို ချက်ချင်းသေစေခဲ့သည်။ ထို့ကြောင့် လီဟမ်ရှန်း ရန်သူများကို သတ်လိုက်သော အရှိန်သည် ပို၍ မြန်လာပေ၏။လီဟမ်ရှန်းသည် အသက်၁၂ရှိုက်အတွင်းမှာပင် လေဓားသွားဓားခုတ်ကောင်များကို ရှင်းပစ်ခဲ့လေ၏။

အပြင်ဘက်ကလူများမှာ မည်သည်တို့ဖြစ်ပျက်နေသည်တို့ကိုပင် နားမလည်နိုင်တော့ဘဲ အံသြသွားကြသည်။ လီဟမ်ရှန်း၏အဆင့်သတ်မှတ်ချက်ကို ထပ်မံပြုပြင်လိုက်သောအခါ သူ၏အဆင့်သည် ၁၆၅နေရာတွင်ရောက်ရှိနေပြီဖြစ်သည်။

ဆယ့်နှစ်ကျွန်းမြောက်......။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" ထိုအခိုက်အတန့်၌ နန်ဟောင်ဖေး အံ့အားသင့်သွားမိသည်။ လီဟမ်ရှန်းသည် ဆယ့်နှစ်ကျွန်းမြောက်ဆီသို့ ရုတ်တရက် ခြေချသွားနိုင်သည်ကို နန်ဟောင်ဖေး မယုံနိုင် ဖြစ်မိသည်။

လေဓားသွားဓားခုတ်ကောင်များကို လီဟမ်ရှန်း မည်သို့သတ်ဖြတ်ခဲ့ပါသနည်။ လီဟမ်ရှန်းသည် ထိုနယ်ပယ်ကို အမှန်တကယ် နားလည်သဘောပေါက်ခဲ့သည်လော...။

မည်သို့ဖြစ်နိုင်မည်နည်း။ လီဟမ်ရှန်းသည် တက်လှမ်းခြင်းအဆင့်တွင်သာ ရှိသေးသည်။ ယခုအချိန်တွင် တက်လှမ်းခြင်းဆင့်အတွက် ပထမနေရာသည် လုံးဝ လီဟမ်ရှန်း၏ နေရာဖြစ်ပေ၏။

လီဟမ်ရှန်းမှာ ဆယ့်သုံးကျွန်းမြောက်သို့ သွားရာလမ်းတစ်လျှောက် သတ်ဖြတ်ခဲ့ပြီး လဲမကျခင် ဝိညာဉ်သားရဲခြောက်ဆယ့်နှစ်ကောင်ကို သတ်ပစ်နိုင်ခဲ့လေသည်။

လီဟမ်ရှန်းသည် နှလုံးသား၏လှုပ်ရှားမှုနောက်ကိုသာ လိုက်ခဲ့ပြီးနောက် လှံတိုက်ကွက်ကို နားလည်သွားခဲ့သည်။

သို့သော် အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်နေရသည့်အတွက် ဖိ၍ အတိုက်ခံနေရပြန်သေး၏။ ထို့အပြင် နှလုံးသား၏ လှုပ်ရှားမှုကို လိုက်နာသည့် လှံတိုက်တွက်မှာ ကနဦးပိုင်းအဆင့်တွင်သာ ရှိသေးပြီး သူအလိုရှိသလို မရနိုင်သေးပေ။ လေ့ကျင့်မှုများ အများကြီး လိုအပ်နေပေသေး၏။

ဆယ့်သုံးကျွန်းမြောက်ရှိ ဝိညာဉ်သားရဲများသည် မယုံနိုင်လောက်အောင် လျင်မြန်ပြီး ၎င်းတို့၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည်။ လီဟမ်ရှန်း၏ ခန္ဓာကိုယ်သည် သန်မာနေပြီဖြစ်သော်လည်း အကြိမ်ရေ တစ်ဒါဇင်ထက်မနည်း အတိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားခဲ့ရသည်။

အဆုံးသတ်၌ လီဟမ်ရှန်းသည် ဆယ့်သုံးကျွန်းမြောက်တွင် ရမှတ်ခြောက်ဆယ့်နှစ်မှတ်ဖြင့် သားရဲစာရင်းတွင် အဆင့် ၁၅၁ ထိရောက်ခဲ့သည်။

ယင်းသို့သောရလဒ်သည် ရှေးဟောင်းတာအိုတောင်တန်းနယ်မြေ၌ သမိုင်းဝင်အောင်မြင်မှုတစ်ခုဟု ဆိုနိုင်ပေသည်။ တာအိုရှေးဟောင်းတောင်တန်းမြေ၏ တက်လှမ်းခြင်းတပည့်များထဲတွင် သမိုင်းကြောင်း တစ်ခုလုံးကို ကြည့်လိုက်လျှင် ထိုသို့သောရလဒ်ကို လီဟမ်ရှန်းတစ်ယောက်တည်းသာလျှင် ရနိုင်ခဲ့လေသည်။

လီဟမ်ရှန်းနိုးလာသောအခါတွင် လူများစွာသည် အပြေးအလွှားလာကြသော်လည်း လီဟမ်ရှန်းမှာ လက်ကိုဝှေ့ယမ်းပြပြီး ၎င်းတို့ကို လျစ်လျူရှုကာ မျက်လုံးများကို တိုက်ရိုက်မှိတ်ထားလိုက်သည်။

လီဟမ်ရှန်းမှာ နှလုံးသားကြေးမုံရေကန်သို့ ထပ်မံဝင်ရောက်သွားခဲ့သည်။ ထိုအခါ ပတ်ဝန်းကျင်ရှိလူများ အလွန်အံ့ဩသွားကြလေ၏။ လီဟမ်ရှန်း မည်သည်တို့လုပ်နေသနည်း။။ သူ ထပ်ပြီး စိန်ခေါ်ဦးမည်လော့။

ကိုးလွှာတိုက်ခိုက်ရေးခန်းမကို စိန်ခေါ်ခြင်းဖြစ်သည်လော...။လူတိုင်း အံ့ဩသွားကြသည်။လီဟမ်ရှန်းသည် ပညာရှင်ကို စိန်ခေါ်လိုသည်လော...။ အားလုံးက ခဏစောင့်လိုက်ကြပြီးနောက် လီဟမ်ရှန်းသည် ထိုအနေအထားတွင် ရပ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ထို့နောက် လီဟမ်ရှန်းက မဲ့သဲ့သဲ့ အပြုံးတစ်ခုကို ပြုံးလိုက်လေ၏။

နှလုံးသား၏လှုပ်ရှားမှုနောက်တွင် လှံတိုက်ကွက်ကို နားလည်ခြင်းဖြင့် ပညာရှိကြီးကို အနိုင်ယူနိုင်မည်ဟု သူထင်ခဲ့သော်လည်း ပညာရှိကြီးကို လီဟမ်ရှန်း လျှော့တွက်နေမိဆဲဖြစ်သည်။

ဤအကြိမ်တွင် လီဟမ်ရှန်းသည် ပညာရှိကြီးဆီမှ ချက်ချင်းအသတ်မခံရဘဲ အနည်းငယ်မျှ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သော်လည်း အဆုံးတွင် ပညာရှိကြီး၏ဓားချက်ကို မရှောင်တိမ်းနိုင်ခဲ့ပေ။ ပညာရှိကြီး၏ နှလုံးသားလှုပ်ရှားမှုကို လိုက်သည့် ဓားပညာ၏ နယ်ပယ်သည် လီဟမ်ရှန်းထက် သာလွန်ကာ သူ့လက်ရှိအဆင့်ဖြင့် မယှဉ်နိုင်ခဲ့ပေ။

လက်ရှိအခြေအနေမှာ လီဟမ်ရှန်းသည် ပေါင်းစည်းခြင်းသဘောတရားကို ကောင်းစွာနားလည်ထားပြီးဖြစ်သော်လည်း ပညာရှင်သည် အပေါင်း၊အနုတ်၊အမြောက်၊အစား သဘောတရားကို ကျွမ်းကျင်စွာနားလည်နေသည့်အခြေအနေမျိုးနှင့် ဆင်တူနေခဲ့သည်။ နှစ်ယောက်၏ ကွာဟချက်မှာ ကြီးမားနေခဲ့၏။

သူ့အရည်အချင်းကို မြှင့်တင်ရန် လိုအပ်နေသေးသည်ဟု လီဟမ်ရှန်းထင်မိသည်။ ထိုအချိန်တွင် နန်ဟောင်ဖေးသည် ရှေ့သို့တက်လာပြီး လီဟမ်ရှန်း၏ ရှေ့တည့်တည့်ကို ရောက်လာသည်။ လီဟမ်ရှန်းသည် သူ့ရှေ့ရှိ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိနေသောလူငယ်ကို ကြည့်လိုက်ကာ ကြောက်ရွံ့ခြင်းမရှိဘဲ မေးသည်။ "ဘာကိစ္စရှိလို့လဲ။"

"တစ္ဆေနတ်ဆိုးစမ်းသပ်မှုအတွင်း နှိုင်းယှဉ်ကြည့်ရအောင်....ဘယ်လိုလဲ။" နန်ဟောင်ဖေး၏ တိုက်ခိုက်လိုစိတ်များမှာ တောက်လောင်နေပေသည်။ "တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ဘယ်သူက ပိုသာလဲဆိုတာ ကြည့်ကြရအောင်..."

"တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ငါက ပါဝင်ဖို့ ရွေးချယ်ခံရနိုင်မလားတောင် မသိသေးဘူး။" လီဟမ်ရှန်းခေါင်းခါလိုက်သည်။ ထိုကိစ္စမှ ယခုချိန်ထိ မသေချာသေးပေ။

"ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျော်ဖြတ်ပြီးပြီဆို မင်းသေချာပေါက် ပါမှာပါ။ မင်းဟာ တိုက်ရိုက်တပည့်ပဲ။ မင်းရဲ့ဆရာနဲ့ စကားပြောကြည့်ရင် မင်းမှာ မျှော်လင့်ချက်ရှိတယ်။ မင်း ယှဉ်ရဲလားလို့ ငါမေးချင်တယ်။" နန်ဟောင်ဖေးသည် လီဟမ်ရှန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဘာလို့ မယှဉ်ရဲရမှာလဲ။" လီဟမ်ရှန်းသည် လူငယ်တစ်ဦးလည်းဖြစ်သည်။ တစ်ယောက်ယောက်က သူ့အား စိတ်လာဆွသည့်အခါ သူအဘယ်ကြောင့် သတ္တိနည်းနေရပါမည်နည်း။

ယခုအချိန်တွင် လီဟမ်ရှန်းသည် သူ၏ဒေါသကို မျိုသိပ်ကာ မိမိကိုယ့်ကို နှိမ့်ချရသည့် သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်၏ တပည့်မဟုတ်တော့ပေ။ ယခု သူသည် တိုက်ရိုက်တပည့်ဖြစ်သွားပြီ ဖြစ်၏။

ယခုအချိန်တွင်မူ လီဟမ်ရှန်းသည် ရှေးဟောင်းတာအိုတောင်းတန်မြေ၏ ပါရမီရှင်တစ်ဦးဖြစ်ပေ၏။

လီဟမ်ရှန်းသည် ထိုမှတ်တမ်းကို ရယူပေးနိုင်ခဲ့သော တက်လှမ်းခြင်းအဆင့်မှ ပထမဆုံးလူဖြစ်ခဲ့သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း လေထုမှာလည်း တင်းမာလျက်ရှိကာ သူတို့အကြည့်များက လေထဲမှာပင် တောက်လောင်နေသကဲ့သို့ပင် ဖြစ်လေ၏။

"ကောင်းပြီ...။" နန်ဟောင်ဖေးက ခပ်ကျယ်ကျယ်ပြောသည်။ "ဒါပေမယ့် ငါတို့က ဒီလိုမျိုး နှိုင်းယှဥ်လို့ မရဘူး။ တစ်ခုခုတော့ လောင်းကြေးထပ်ရမှာပေါ့။ ရှုံးတဲ့သူဟာ သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်က တပည့်တွေသွားရတဲ့နေရာမှာ ထင်းတစ်ရာစည်းကို နေ့တိုင်းခုတ်ရမယ်။နေ့တိုင်း ထင်းတွေ သယ်ပြီး ဒီလို အရှက်တရားတွေကို တစ်လပြည့်အောင် ခံနိုင်ရည်ရှိရှိနေရဲလား။"

"ဟမ်..." လီဟမ်ရှန်း မှင်သက်သွားမိသည်။ ထိုချာတိတ် မည်သည်ကို ပြောနေသနည်း။ မည်သည့်အရာကို ကြောက်နေရမည်နည်း။ သူက သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ နှစ်အတော်ကြာတဲ့အထိ ထင်းခုတ်ခဲ့ရတာပဲလေ။ အဲ့ဒါလေးလုပ်ရဖို့က သူ့အတွက် ကိစ္စကြီးမှ ဟုတ်မနေခဲ့တာ။ အဲ့ဒါက ဘယ်လိုဖြစ်ပြီး အရှက်ရစရာကိစ္စဖြစ်ရမှာလဲ။

"ပြဿနာမရှိပါဘူး။" လီဟမ်ရှန်းသည် ခဏမျှ အံ့ဩမှင်သက်သွားပြီးနောက် တိုက်ရိုက် သဘောတူလိုက်သည်။

"မင်းက တကယ့်ယောက်ျားကောင်းပဲ။" နန်ဟောင်ဖေးက အံ့အားသင့်သွားသည်။ "မင်းဒီလို ပြစ်ဒဏ်ကို လက်ခံရဲသားပဲ။ ဒါဆို တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပြန်ဆုံကြမယ်။ ထိုစကားကို ပြောပြီးနောက် နန်ဟောင်ဖေးသည် လှည့်ထွက်သွားလေ၏။ "ဘာဖြစ်နေတာလဲ။ အဲ့ချာတိတ် ခေါင်းကို တစ်ခုခုများထိထားတာလား။" လီဟမ်ရှန်းက ဘေးနားက ဝူဆန်းထောင်ကို‌ မေးလိုက်သည်။

"ဟား...ဟား..." ထိုအခါ ဝူဆန်းထောင်က တခစ်ခစ်ရယ်လေတော့သည်။ "အစ်ကို....သူ့ကို စိတ်ထဲမထည့်နေပါနဲ့။"

"နန်ဟောင်ဖေးဟာ တကယ်တော့ သာမန်အဆင့်အတန်းမဟုတ်ဘူး။ သူက ဝမ်တူမင်းဆက်ရဲ့ အိမ်ရှေ့မင်းသားပါ။" ဝူဆန်းတုံက ရှင်းပြသည်။ "ဝမ်တူမင်းဆက်ဟာ သေးငယ်တဲ့မင်းဆက်လေးပါ။ သိပ်အင်အားကြီးတာမဟုတ်ပါဘူး။ ဒါပေမယ့် နန်ဟောင်ဖေးဟာ ဧကရာဇ်မင်းမြတ်ရဲ့ အချစ်ဆုံးသားတော်ဖြစ်ပြီး အရည်အချင်းအရှိဆုံးလည်းဖြစတယ်။ သူ့ကို ရှေးဟောင်းတာအိုဂိုဏ်းကို စေလွှတ်ဖို့ အချိန်အတော်ကြာအောင် ကြိုးပမ်းခဲ့ကြရတာလေ။"

"သူရဲ့ ထင်ရှားတဲ့ အဆင့်အတန်းကြောင့် သူက စည်းစိမ်ဥစ္စာဂုဏ်ရောင်ဝါတွေကို ခံစားစံစားပြီး သူ့ကိုယ်သူ အခြားသူတွေထက် သာလွန်တယ်လို့ယူဆနေတဲ့သူလေ။ သူ အရမ်းရွံတဲ့လူတွေကလည်း သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်က အဆင့်နိမ့်တပည့်တွေလေ။ သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်ကို အညောင်းပြေလမ်းလျှောက်ရတာကိုက သူ့အဆင့်အတန်းကို ညှိုးနွမ်းစေပြီး ဖိနပ်တွေကို ညစ်ပတ်စေခဲ့တယ်။"

ဝူဆန်းတုံ၏ စကားကို ကြားသောအခါ လီဟမ်ရှန်းသည် ဆွံ့အသွားမိသည်။ နန်ဟောင်ဖေးသည် အိမ်ရှေ့စံမင်းသားဖြစ်နေမည်ဟု မမျှော်လင့်ထားမိပေ။

သို့သော် လီဟမ်ရှန်းသည် သူ့ကို စိတ်မ၀င်စားနိုင်ပေ။ လီဟမ်ရှန်းမှာ သူ့၏ ကျင့်စဉ်ကို ပေါင်းစည်းရန် ချင်ကျူးတောင်သို့ အမြန်ပြန်သွားခဲ့သည်။ လီဟမ်ရှန်းသည် နှလုံးသားဖြင့်လှုပ်ရှားသော လှံတိုက်ကွက်ကို နားလည်သဘောပေါက်ခဲ့လေသည်။ ဤခံစားချက်ကို မှတ်မိရန်အတွက် လှံသိုင်းကို ထပ်မံ၍ လေ့ကျင့်ဖို့ လိုအပ်ပေလိမ့်မည်။

ထို့နောက် လီဟမ်ရှန်းသည် သူ့အခြေအနေကို ချိန်ညှိကာ ဆေးသောက်သုံး၍ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖြတ်ရန် ပြင်ဆင်ရပေလိမ့်မည်။

All Chapters