အခန်း (၁၄၄)
Vol. 15 Ch. 144
"စကားမစပ် စီနီယာအစ်ကို...အစ်ကိုက တက်လှမ်းခြင်းအဆင့်မှာ စွန့်စားရင်းနဲ့ အမှတ်တွေ ပိုရနိုင်တယ်။ အဲ့အမှတ်တွေကို အစ်ကို့ရဲ့ တိုကင်မှာ မှတ်တမ်းတင်ထားမှာ။ အစ်ကို တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ဖို့ စီစဉ်ထားတယ်ဆို အစ်ကိုအချိန်ရရင် ဝမ်ပေါင်တောင်ထိပ်ကို သွားကြည့်ပါလား။အဲဒီမှာလိုအပ်တာမှန်သမျှကို လဲလှယ်လို့ရတယ်။ အစ်ကိုက ဆယ့်သုံးကျွန်းမြောက်ထိ ကျော်ဖြစ်ခဲ့တာဆိုတော့ အမှတ်တွေအများကြီးရှိမှာပဲလေ။" ဝူဆန်းထောင်က ကမန်းကတန်း သတိပေးသည်။
"ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးဝူ။" ဝူဆန်းထောင်မှာ လူကောင်းတစ်ယောက်ဟု လီဟမ်ရှန်းထင်မြင်မိသည်။ ဝူဆန်းထောင်မှာ မျက်နှာလိုမျက်နှာရလုပ်တတ်သူဖြစ်သော်လည်း အမြဲကူညီတတ်သူဖြစ်ပေ၏။
"အကိုကြီး ကူညီပေးရတာ ဂုဏ်ယူမိပါတယ်။" ဝူဆန်းထောင်က စကားကို တွက်ချက်တတ်စွာ ပြုံးလျက်သားပြောလေသည်။ "အကိုကြီး ပြန်ပြီး ကျင့်ကြံသင့်သေးတယ်နော်။"
"ကောင်းပြီ...တစ်ခုခုဆို ချင်းကျူးတောင်မှာ ငါ့ကိုလာရှာပါ။" လီဟမ်ရှန်းသည် ထိုသို့ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ ထိုစကားကို ကြားသောအခါ ဝူဆန်းတုန် ပြုံးဖြီးဖြီးလုပ်မိသည်။
စိတ်ကျေနပ်စေရန် သူ၏ကြိုးစားအားထုတ်မှုများ ပြေလည်သွားပုံရပေ၏။ နှစ်ရက်အကြာ၌ လီချန်ချင်းသည် ပူဝူမြို့သို့ ရောက်လာသည်.။ ဤတစ်ကြိမ်တွင်မူ လီချန်ချင်းသည် ရွှယ်ချမ်းပိုင်နှင့် အရေးကြီးကိစ္စများ ဆွေးနွေးရန် ရှေးဟောင်းတာအိုတောင်တန်းမြေသို့ လာခဲ့ခြင်းဖြစ်ပေ၏။
လီချန်ချင်းသည် ယခုတစ်ခါတွင်မူ ခိုးဝင်လာခြင်းမျိုးမဟုတ်ဘဲ မြင်မြင်သာသာ လျှောက်သွားလေ၏။ သူသည် မျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း ယခုတစ်ကြိမ် ဝတ်ဆင်ထားသည့် မျက်နှာဖုံးနှင့် အဝတ်အစားများသည် လီချန်ချင်းပုံစံနှင့်မတူပေ။ ထို့နောက် တောင်တံခါးအပြင်သို့ ရောက်သောအခါတွင် သူ၏အမည်ကို ထုတ်ဖော် ကြော်ငြာခဲ့လေသည်။
"ချင်းလဲ့ဓားသခင် လီထိုက်ဖူ...ချင်းရှုဓားသခင်ဆီကို အလည်လာတာပါ။" အကွာအဝေးမိုင်ဒါဇင်နှင့် ချီသည်အထိ တာအိုရှေးဟောင်းတောင်တန်းမြေတပြင်လုံးတွင် လီချန်ချင်း၏အသံသည် အလွန်စူးရှစွာ ပဲ့တင်ထပ်နေလေ၏။
ယင်းသည် တာအိုရှေးဟောင်းနယ်မြေရှိ စွမ်းအားရှင်အများအပြားကို နိုးကြားလာစေသည်။ ချင်းလဲ့ဓားသခင်....သူဘယ်သူများလဲ။"
"ချင်းလဲ့ဓားသခင်ဆိုတာ ဘယ်သူလဲ။ ဘာလို့ ဒီနာမည်ကို တစ်ခါမှ မကြားဖူးတာလဲ။" နီဟဲတောင်သခင်သည် ပိုင်လီတောင်သခင်နှင့် ကျားကစားနေပေ၏။ ထိုအသံကို ကြားသောအခါ သူတို့အနည်းငယ်အံ့ဩမိသွားသည်။ စန်းယွမ်နယ်မြေ၌ ဓားသခင်အသစ် ပေါ်လာသည်လော.."
"အဲ့တာသူလား..." ပါလီတောင်သခင်သည် သူ၏ ကျားစေ့ကို ချလိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ "ဒီလူက မကြာသေးမီက အရှေ့ပိုင်းကန္တရာမြေတစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားအောင် လှုပ်ခတ်စေခဲ့တဲ့သူပဲ။ မင်းမသိဘူးလား။"
"ဟမ်....." နီဟဲတောင်သခင်မှာ အံ့ဩသွားလေ၏။ "သူဘယ်သူလဲ..။"
"ချင်းလဲ့ဓားသခင် လီထိုက်ဖူး...." ပိုင်လီတောင်သခင်က တည်ကြည်လေးနက်စွာဖြစ်သည်။ "သူက ပန်းချီပညာရော ကိုယ်ခံပညာရောတက်သူတစ်ဦးဖြစ်ပြီး နတ်စွမ်းအားလက်နက်ခုနစ်စင်းနဲ့အတူ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို ဖော်ထုတ်ပြနိုင်ခဲ့တယ်လို့ ကောလဟာလတွေ ကြားဖူးတယ်။
မြောက်ပိုင်းအေးခဲနိုင်ငံတောင်မှ သူ့ကိုကြောက်ရတယ်။ မြောက်ပိုင်းအေးခဲနိုင်ငံက ကျောက်ပိုင်မင်တောင်မှ သူ့ကို ရှုံးခဲ့ရတာလေ။ ငါတို့ ရှေးဟောင်းတာအိုတောင်တန်းမြေကို သူရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ သူက ဒုဂိုဏ်းချုပ်နဲ့ အတော်ရင်းနှီးပုံပဲ။"
"သူက ကျောက်ပိုင်မင်ကို အနိုင်ယူခဲ့တာလား။" နီဟဲ တောင်သခင်သည် အလွန်တုန်လှုပ်သွားသည်။ ကျောက်ပိုင်မင်၏ကျော်ကြားမှုသည် ကမ္ဘာတစ်ဝှမ်းတွင် လူသိများသည့်အရာဖြစ်ပြီး ထိုလူသည် ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းပုံကို သုံးခဲ့သည်လော...။
ဒီလူက မကောင်းဆိုးဝါးတစ်ယောက် ဖြစ်နေတာလား။ နီဟဲတောင်သခင်လည်း သိချင်နေခဲ့သည်။ နတ်စွမ်းအားလက်နက်ခုနစ်ပါးကို ထိန်းချုပ်နိုင်တဲ့သူက ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေတာလားဟ....။
သိပ်မကြာခင်မှာပဲ ရွှယ်ချမ်းပိုင် ထွက်လာလေ၏။ လီချန်ချင်း လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် သူ့ကို မည်သူမည်မည်ဝါဖြစ်ကြောင်း သိသာအောင်မပြောဘဲ ရိုးရှင်းစွာပင် ပြောသည်။" အစ်ကိုချင်းလဲ့...အဝေးကြီးကနေလာရတာကို ထွက်မကြိုဆိုမိလို့ တောင်းပန်ပါတယ်။ အထဲဝင်ပါ။ "
"ကောင်းပြီ..." လီချန်ချင်းသည် ရွှယ်ချမ်းပိုင်နောက်သို့လိုက်ကာ ရှေးဟောင်းတာအိုတောင်တန်းမြေသို့ ဝင်လာခဲ့သည်။
"ဒီကမ္ဘာပေါ်မှာ တကယ့်ကို ခွန်အားကြီးတဲ့သူတွေ အများကြီးရှိတယ်။ ဒီ ချင်းလဲ့ဓားဘုရင်က တိုက်ပွဲတစ်ခုထဲမှာ ကျော်ကြားလာခဲ့ပြီး သူ့နာမည်က အရှေ့ပိုင်းကန္တာရမှ ပိုပြီး လူသိများတယ်။"
ထိုအချိန်တွင် ချင်ကျူးတောင်၏ သေးငယ်သော ရင်ပြင်၌ လီဟမ်ရှန်းသည် သူ၏ ခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေသို့ ချိန်ညှိထားပြီး နေ့လည်ပိုင်းတွင် အဆင့်ဖြတ်ကျော်နိုင်ရန် ပြင်ဆင်နေသည်။ လီဟမ်ရှန်းသည် မူလက ခြံဝင်းထဲတွင် လှံလေ့ကျင့်နေသော်လည်း အပြင်ဘက်မှ လီချန်ချင်း၏ အသံကို ကြားလိုက်ရသည်။
သို့ဖြစ်၍ လီဟမ်ရှန်းသည် လှံကို သူ့နောက်မှာ ချထားပြီး အဝေးကို လှမ်းမျှော်ကြည့်ကာ ရှုခွေအား ပြောသည်။ "ဦးလေးရှု...ကျွန်တော် တစ်နေ့မှာ အဲ့လိုစွမ်းအားရှင်မျိုး ဖြစ်ချင်တယ်။" လီဟမ်ရှန်းသည် ယခုလေးတင်ပဲ ဦးလေးရှုထံမှ လူမသိသူမသိမှ ကျော်ကြားသူတစ်ယောက်ဖြစ်လာသည့် ချင်းလဲ့ဓားသခင်အကြောင်းကို သိရှိခဲ့သည်။ ထိုဇာတ်လမ်းကို နားထောင်နေစဉ်အတွင်း လီဟမ်ရှန်း စိတ်လှုပ်ရှားမိနေပေ၏
ထိုသို့သောဘဝသည် ကိုယ်ခံပညာရှင်များနှင့် ကျင့်ကြံသူတိုင်း လိုချင်သည့်အရာဖြစ်ပေ၏။ ကမ္ဘာတဝှမ်းတွင် ထာဝရနာမည်ကျော်ကြားခြင်း....။ နတ်စွမ်းအားလက်နက်ခုနစ်စင်းကို တယောက်ထဲ ထိန်းချုပ်ပြီး အသုံးပြုနိုင်လောက်အောင် စွမ်းအားကြီးမားသူ၊ ဘယ်သူကများ အဲ့သလို လုပ်နိုင်တာမို့လို့လဲ။
အဝေးက ကောင်းကင်ယံတွင် နှင်းလင်းယုန် ငှက်တစ်ကောင် ပျံသန်းနေပေ၏။ နှင်းလင်းယုန်ငှက်ပေါ်၌ ဓားတစ်လက်နှင့် ရွှယ်ချမ်းပိုင်သည် ရှေ့သို့လှမ်းမျှော်ကြည့်နေသည်။
ရွှယ်ချမ်းပိုင်၏နောက်တွင် အနက်ရောင်မျက်နှာဖုံးတပ်ဆင်ထားသည့် လူတစ်ယောက်ပါရှိပြီး သူ့ဝတ်ရုံများမှာ လေထဲလွင့်ပျံနေပေ၏။ သူ၏ ကျင့်ကြံမှုကို အဝေးကနေ မည်သူမျှ ခန့်မှန်း၍ မရနိုင်ချေ။
သို့သော် ထိုလူသည် ကြည့်ရုံဖြင့်ပင် သန်မာသည့်လူအသွင်ပေါ်ပေ၏။ ထိုအချိန်တွင် လီဟမ်ရှန်းသည် အိမ်ခေါင်မိုးပေါ်တွင် ရပ်နေပြီး အနက်ရောင်ဝတ်ရုံနှင့်လူကို ကြည့်နေမိသည်။"ဦးလေးရှု....အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့တစ်ယောက်က ချင်းလဲ့ဓားသခင်မဟုတ်လား။ သူ့မှာ ထူးခြားတဲ့ အသွင်အပြင် ရှိတယ်။" လီဟမ်ရှန်းသည် အကြောင်းပြချက်တစ်ခုခုကြောင့် ထိုအနက်ရောင်ဝတ်ရုံနှင့်လူအား ရင်းနီးသည်ဟု ခံစားနေမိသည်။
"ဖြစ်နိုင်တယ်။" ရှုခွေသည် လီချန်ချင်း၏ပုံစံကိုမြင်ပြီး ခေါင်းညိတ်သည်။
"ဦးလေးရှု...သူဘာလို့ မျက်နှာဖုံးတပ်ရတာလဲ။" လီဟမ်ရှန်းက မေးသည်။
"ပုံမှန်ပါပဲ။" ရှုခွေကမူ မအံ့ဩချေ။
"သန်မာတဲ့လူတိုင်းမှာ ထူးခြားချက်ကိုယ်စီရှိကြတယ်။ လူတွေကို မမြင်စေချင်တဲ့ အမာရွတ်တွေရှိမယ်။ ဒါမှမဟုတ် သူ့ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ရမှာကို ကြောက်နေတာလည်း ဖြစ်နိုင်တယ်။ သူ့လက်ထဲမှာ နတ်စွမ်းအားလက်နက်ခုနစ်စင်းရှိနေတာဆိုတော့ သူဘယ်သူဘယ်ဝါဆိုတာ ဖော်ပြရင် သူ့ကိုယ်သူ ဒုက္ခရောက်စေသလို ဖြစ်မှာပေါ့။"
လီဟမ်ရှန်းမှာ ခေါင်းညိတ်ပြပြီး ရှုခွေပြောသည်မှာ ယုတ္တိကျသည်ဟု ခံစားမိသည်။
"တကယ်တော့ ဒီကမ္ဘာမှာ မျက်နှာဖုံးဝတ်ဆင်တဲ့ သန်မာတဲ့သူတွေ အများကြီးရှိတယ်။ အနာဂတ်မှာ ကျွန်တော်သာ သန်မာတဲ့လူတစ်ယောက်ဖြစ်လာရင် ကျွန်တော်လည်း မျက်နှာဖုံးစွပ်နဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်။" လီဟမ်ရှန်းသည် ယခင်က ရှေးဟောင်းတာအိုတောင်တန်းမြေသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သော သန်မာသောလူတစ်ယောက်အကြောင်း တွေးတောနေမိသည်။
ယင်းသည်လည်း မျက်နှာဖုံးစွပ်ဝတ်ဆင်သော စွမ်းအားရှင်တစ်ယောက် ဖြစ်ပေ၏။ မျောလွင့်ခြင်းပုံရိပ်ခန်းမသခင် လီကျင်းစုန့်ပင်လျှင် သူ့ကို မဖမ်းနိုင်ခဲ့ချေ။
ထိုအချိန်တွင် မျောလွင့်ခြင်းပုံရိပ်ခန်းမ၌ရှိသော လီကျင်းစုန့်သည် နှင်းလင်းယုန်ငှက်အပေါ်က အနက်ရောင်ဝတ်ရုံနှင့်သူကို တွေ့လိုက်ရသည်။ လီကျင်းစုန့်သည် ထိုမျက်နှာဖုံးနှင့်လူကို မြင်လိုက်ရသောအခါ လီချန်ချင်းကို တန်းတွေးမိပေသည်။
သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သောဓားဘုရင် လီထိုက်ဖူသည် ရုတ်တရက်ပေါ်လာသည့်အတွက် ဤသည်မှာ လီချန်ချင်းနှင့် မဆက်စပ်ဟု လီကျင်းစုန့် ယူဆသည်။
ထို့အပြင် မျက်နှာဖုံးများမှာလည်း တစ်ခုနှင့်တစ်ခု မတူချေ။ နောက်တစ်ချက်မှာ ယခုတစ်ယောက်သည် အင်္ကျီထူထူထဲထဲကို ဝတ်ဆင်ထားပြီး လီချန်ချင်း၏ ဝတ်စားဆင်ယင်ပုံနှင့် မတူကွဲပြားပေသည်။
ထို့အပြင် လီချန်ချင်းသည် ပန်းချီဆရာတစ်ဦးဖြစ်ပြီး ဓားပညာကို လုံးဝမသိချေ။ ဤချင်းလဲ့ဓားဘုရင်ကမူ နတ်စွမ်းအားလက်နက် ဓားခုနစ်စင်းကို ကိုင်ဆောင်သူ ဖြစ်ပေ၏။ နှစ်ဦးသား ဆက်စပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
နှင်းပွင့်လေးများသည် ကောင်းကင်ကနေ ကြွေကျလာပေ၏။ လီချန်ချင်းသည် ဖြည်းညှင်းစွာ တိုက်ခတ်လာသော အေးမြသောလေပြေလေးကို ခံစားလိုက်ရပေသည်။ သူတို့၏ မျက်လုံးများရှေ့တွင် နှင်းတောင်တစ်ခု ပေါ်လာသည်ကို ကြည့်ရင်း နှင်းလင်းယုန်သည် သူတို့နှစ်ဦးနှင့်အတူ ထောင်ချီနှင်းတောင်ထိပ်ပေါ်သို့ ဆင်းသက်လာသည်။
"ဒီမှာ အရမ်းအေးတယ်။ မင်းဒီလိုနေရာမျိုးမှာ အမြဲတမ်းနေနေကျဆိုတော့ မချမ်းတတ်တာ မဆန်းတော့ပါဘူးလေ။" လီချန်ချင်းသည် သူ့လက်များကို ပွတ်သပ်ကာ နှင်းထူထဲသည့် တောင်များကို လှည့်ပတ်ကြည့်ရင်း ရွှယ်ချမ်းပိုင် အဘယ်ကြောင့် ပူနွေးသောနေရာတွင် မနေနိုင်သည်ကို နားမလည်နိုင် ဖြစ်မိသည်။
"ရာသီဥတုက ပိုအေးလေ ဓားရဲ့ အနှစ်သာရကို နားလည်နိုင်လေလေပဲ" ရွှယ်ချမ်းပိုင်သည် နှင်းများဖုံးလွှမ်းနေသည့် အဆောက်အအုံငယ်လေးထဲတွင် လမ်းလျှောက်ဝင်သွားပြီး လီချန်ချင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
"မင်းငါ့ကို လူချင်းလာတွေ့ပြီး စကားပြောရလောက်တဲ့ထိ အရေးကြီးတဲ့ကိစ္စက ဘာများလဲ။" ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို ကြည့်လိုက်သည်။ ထို့နောက် လီချန်ချင်း ထိုင်ပြီး လက်ဖက်ရည်ပူပူလေးတစ်ခွက်သောက်ရင်း အေးခဲပြီး နှင်းများထူထပ်နေသည့် ဤကဲ့သို့သော နေရာမျိုးတွင် လက်ဖက်ရည်ပူပူတစ်ခွက်ကို အဘယ်သို့ ရသနည်းဟု တွေးနေမိသည်။
အပြင်မှာသူအော်ဟစ်နေချိန်က ရွှယ်ချမ်းပိုင် နှပ်ဖျော်ထားခဲ့သည်လော....။
"အဲ့တာက....တစ္ဆေနတ်ဆိုးစမ်းသပ်မှုနဲ့ ပတ်သတ်ပြီးတော့ပါ။" "မင်းစာထဲမှာ ရှင်းရှင်းလင်းလင်း မရှင်းပြထားဘူး။ ဒါကြောင့် ငါ အတိအကျ မေးဖို့ လာပြီး မင်းနဲ့လည်း ဆွေးနွေးစရာလေးရှိတယ်။"
"ဘာမေးချင်တာလဲ။" ရွှယ်ချမ်းပိုင်က မေးသည်။
"တစ္ဆေနတ်ဆိုးစမ်းသပ်မှုက အရမ်းအန္တရာယ်များလား။"
"အန္တရာယ် အတိုင်းအတာတစ်ခုတော့ ရှိတယ်။" ရွှယ်ချမ်းပိုင်က ပြန်ဖြေသည်။ "ပြီးခဲ့တဲ့တစ်ခေါက် တစ္ဆေနတ်ဆိုးစမ်းသပ်မှုအတွင်းမှာ ငါတို့ ရှေးဟောင်းတာအိုတောင်တန်းမြေက တပည့်ငါးဆယ်လောက် ထွက်သွားပေမယ့် သုံးဆယ့်လေးယောက်ပဲ ပြန်လာခဲ့တယ်။"
"သေနှုန်းက အရမ်းများတာပဲ။" လီချန်ချင်း အနည်းငယ် ထိတ်လန့်သွားသည်။
"တစ္ဆေနတ်ဆိုးစမ်းသပ်မှုက တစ္ဆေမျိုးနွယ်ကို ရည်ရွယ်တာပဲ။ တစ္ဆေမျိုးနွယ်တွေဟာ မျိုးနွယ်စုခွဲတွေအများကြီးနဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းမရဘူး။ ဒါ့ကြောင့် အန္တရာယ်ကို မရှောင်လွှဲနိုင်ဘူး။ ပြီးတော့ အန္တရာယ်မရှိရင် ဘယ်လိုလုပ် စမ်းသပ်မှုဖြစ်ပါတော့မလဲ။" ရွှယ်ချမ်းပိုင်က စိတ်ဆိုးမာန်ဆိုး ပြောသည်။ "ဖန်လုံအိမ်ထဲမှာ ပန်းတွေပဲ စိုက်လို့ရမယ်။ ဝံပုလွေမွေးလို့မရဘူး။"
"စကားမစပ် မင်းရဲ့သားကို ငါဆေးလုံးပေးခဲ့တယ်။ ရှမူဟိုင်မရှိဘူးဆိုတော့ ငါက ဆင်ခြေပေးပြီး သူ့ကိုပေးလိုက်တယ်။" ရွှယ်ချမ်းပိုင်သည် ဤအကြောင်းကို လီဟမ်ရှန်းအား ပြောပြရန် သတိရသွားသည်။ "ရှမူဟိုင် မရှိဘူးလား။ မင်းဘယ်လိုပေးလိုက်တာလဲ။ ငါပေးတာလို့ မပြောလိုက်ဘူးမလား။" လီချန်ချင်း၏ လက်ဖက်ရည်ခွက်မှာ လေထဲတန်းလန်းဖြစ်သွားလေသည်။
"မပြောပါဘူးကွာ။" ရွှယ်ချမ်းပိုင်က အေးဆေးတည်ငြိမ်စွာပြောသည်။ "ငါသူ့အတွက် ဆင်ခြေတစ်ခုရှာပြီး ပေးခဲ့တယ်။"
"အဲဒါကောင်းတယ်။" လီချန်ချင်း စိတ်သက်သာရာရသွားသည်။ လီချန်ချင်းသည် ရွှယ်ချမ်းပိုင်အား မည်သည့်အကြောင်းပြချက် ပေးခဲ့သည်ကို မေးမနေတော့ပေ။ သူပေးသည်ဟု မပြောခဲ့လိုက်သည်မှာပင် ကံကောင်းထောက်မလှပြီဖြစ်၏။ ထိုသို့သာမဟုတ်ပါက ရွှယ်ချမ်းပိုင် စကားဆုံးသည်နှင့် လီချန်ချင်း စားပွဲကို လှန်ပစ်မိပေလိမ့်မည်။
"မင်း အရေးကြီးတာတစ်ခု ပြောဖို့ရှိတယ်ဆို။ ငါ့ကို ပြောပြလို့ရပြီလား။ ငါနည်းနည်း အလုပ်များနေလို့ပါ။" ရွှယ်ချမ်းပိုင်က လီချန်ချင်းကို ကြည့်လျက်ပြောသည်။"မဟုတ်မှလွဲရော...ငါ့သိုလှောင်လက်စွပ် အဆင်သင့်ဖြစ်ပြီလား။"
"အဲ့လိုဖြစ်စေချင်တာလား။" လီချန်ချင်းက ရွှယ်ချမ်းပိုင်ကိုကြည့်ပြီးနောက် သူ့သိုလှောင်လက်စွပ် အသေးစိတ်ပုံစံစာရွက်ကို ထုတ်ကာ ရွှယ်ချမ်းပိုင်အား ပေးလိုက်သည်။ "ဒါက ငါလိုချင်တဲ့ ကိရိယာအတွက် အသေးစိတ်ပုံစံပဲလေ။ ငါ့ရဲ့ အရင်ကိရိယာအစုံက ကျိုးသွားတာ။ ငါ့ကိရိယာကို မင်းအရင်လုပ်ပေးဖို့လိုတယ် ဒါမှ မင်းရဲ့ သိုလှောင်လက်စွပ်ကို ငါလုပ်ပေးလို့ရမှာ။ " ရွှယ်ချမ်းပိုင်သည် ပုံကြမ်းကို ကြည့်ပြီး သူ့အင်္ကျီလက်ထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်။
"မင်းရဲ့ရှေးဟောင်းတာအိုတောင်တန်းမြေက ထောက်ပံ့မှုတခုကို လုပ်ပေးနိုင်မလားလို့ မင်းကို လာမေးတာ။" လီချန်ချင်းက ပြုံးပြီး မေးသည်။
"စပွန်ဆာပေးတာကို ပြောတာလား..." ရွှယ်ချမ်းပိုင် အံ့အားသင့်သွားသည်။ "ဘယ်လို စပွန်ဆာပေးရမှာလဲ"
"ငါဆိုလိုတာက မင်းတို့ ရှေးဟောင်းတာအိုတောင်တန်းမြေ ရဲ့ ခရီးသွားစရိတ်၊ တစ္ဆေနတ်ဆိုစမ်းသပ်မှုမှာ စားစရိတ်၊ အနားယူမယ့်နေရာ၊ အိပ်စက်မယ့်နေရာ၊ မင်း ဒဏ်ရာရခဲ့ရင် သောက်ရမယ့်ဆေးတွေ အစရှိသဖြင့်ပေါ့ကွာ။ ဒီကိစ္စတွေက ပိုက်ဆံလိုတယ်မဟုတ်လား။ မင်းတို့ ရှေးဟောင်းတာအိုတောင်တန်းမြေက ပိုက်ဆံထောက်ပံ့ရမှာမလား။" လီချန်ချင်းသည် ရွှယ်ချမ်းပိုင်အတွက် သူ့လက်ချောင်းများကို ထောင်ကာ ရေတွက်လိုက်သည်။
"ဟုတ်ပါတယ်။ ငါတို့က အဲ့တာတွေပေးရမှာ။"ရွှယ်ချမ်းပိုင် ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းတာအိုတောင်တန်းမြေမှ မပေးလျှင် မည်သူပေးမည်နည်း။
ရှေးဟောင်းတာအိုတောင်တန်းမြေအတွက် နေရာခြောက်ဆယ်အထိ ရခဲ့သည်ကပင် အလွန်ကောင်းနေပြီဖြစ်သည်။ အခြားဂိုဏ်းများက လိုချင်လျှင်ပင် နောက်ထပ် နေရာများ မရနိုင်တော့ပေ။
သို့ဖြစ်ရာ သူတို့အား ထောက်ပံ့ပေးရန် ထျန်ဟိုင်မြို့တော်အား တောင်းဆိုရပါမည်လော။ ထိုသို့သာတောင်းဆိုပါက ထျန်းဟိုင်မြို့တော်သည် စရိတ်စခမတက်နိုင်လျှင် မပါဝင်ဘဲနေသင့်ပြီး အခြားဂိုဏ်းများကို နေရာပေးလိုက်ဟုသာ တုံ့ပြန်ပေလိမ့်မည်။
ယခုကဲ့သို့သောနေရာမျိုးကို လိုချင်သူ အများအပြားရှိနေပေပ၏။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင်ပါဝင်ခြင်းကြောင့် ထျန်ုဟိုင်မြို့တော်မှ အမှတ်များ ကောင်းကောင်းရနိုင်မည်ဖြစ်သည်။
၎င်းသည် ကိုယ်ခံပညာရှင်များ၏ တိုးတက်မှုအတွက် အလွန်အကျိုးရှိလှပေ၏။ ထျန်ဟိုင်းမြို့တော်၏ ကောင်းမှုခန်းမမှ ကောင်းမှုရမှတ်များသည် ခက်ခဲသောငွေကြေးအမျိုးအစားဖြစ်ပြီး သင်လိုချင်သမျှကို ဝယ်ယူနိုင်ပေသည်။ ယင်းသည် လူတိုင်းလိုချင်သောအရာဖြစ်ပေ၏။
ပြန်လည်ဝင်စားခြင်းအဆင့်ရှိ ကိုယ်ခံပညာရှင်များအတွက် ကောင်းမှုရမှတ်များရရှိရန် အကောင်းဆုံးနည်းလမ်းမှာ တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှတဆင့်ဖြစ်သည်။
မူလအဆင့်သို့ရောက်ရှိသွားသူများမှာမူ အမှတ်လိုချင်ပါက ၎င်းတို့သည် တစ္ဆေမျိုးနွယ်ကိုသတ်ရန် တိမ်ကန္တရာထဲထိ သွားခြင်း သို့မဟုတ် နာမည်ပျက်စာရင်းတွင်ပါဝင်သောသူများကို အမဲလိုက်ခြင်းဖြင့် အမှတ်များရယူနိုင်ပေသည်။
"အဲ့ဒါတွေအတွက် ငါပေးမယ်။" လီချန်ချင်းက ရွှယ်ချမ်းပိုင်အား ပြောသည်။
"မင်း...." ရွှယ်ချမ်းပိုင်အံ့ဩသွားလေ၏။ "ဘာလို့များလဲ။"
"အတိအကျပြောရမယ်ဆိုရင် ဒါက ငါ့အတွက်မဟုတ်ဘူး။ ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီအတွက်ပဲ။" လီချန်ချင်းက ပြောသည်။ "ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီအကြောင်း မင်းသိလား။"
"ငါသိတယ်။" ရွှယ်ချမ်းပိုင်က ပြန်ဖြေသည်။ "ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက မင်းပိုင်တာလေ။ ငါ အပြင်မှာရှိတုန်းက ဒီအကြောင်းကြားခဲ့ဖူးတယ်။ မင်းက ဟိုင်စုန့်ထောင်ကို သတ်လိုက်ပြီး ဟိုင်မိသားစု ဖျက်ဆီးခံခဲ့ရတယ်။ နောက်ဆုံးမှာ မင်းရဲ့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ဟိုင်မိသားစုရဲ့ နေရာကို သိမ်းပိုက်လိုက်တယ်။"
"ငါ့ကို မစွပ်စွဲစမ်းပါနဲ့ကွာ။ ငါဟိုင်စုန့်ထောင်ကို မသတ်ခဲ့ဘူးကွ။" လီချန်ချင်းက အဖြစ်မှန်ကို ရှင်းပြသည်။ "ဘယ်သူသတ်လိုက်တာမှန်းလည်း ငါမသိဘူး။"
"မင်းသတ်တာမဟုတ်မှန်း ငါသိပါတယ်။ ဒါပေမယ့် မင်းရဲ့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက တစ်ယောက်ယောက်က လုပ်ခဲ့တာဖြစ်မယ်။ မဟုတ်ရင် အဲဒီလို အရေးကြီးတဲ့ အခိုက်အတန့်မှာမှ ထပြီး အသတ်ခံရမှာမဟုတ်ဘူးလေ။"ဟိုင်စုန့်ထောင်သေဆုံးရသည့်အကြောင်းအရင်းကို သိရှိပြီးနောက် ၎င်းသည် လီချန်ချင်းလက်ချက်မဟုတ်ကြောင်း ရွှယ်ချန်းပိုင်သိခဲ့သည်။
ဟိုင်စုန့်ထောင်မှာ ဦးခေါင်းကို ဓားဖြင့်လှီးဖြတ်ခံခဲ့ရလေ၏။ ယင်းသည် လီချန်ချင်း၏ တိုက်ကွက်မဟုတ်ကြောင်း ထင်ရှားသည်။ ထိုကိစ္စမှာ ရှင်းပြရန်ခက်သည့် ကိစ္စတစ်ခုဖြစ်သဖြင့် လီချန်ချင်း ရှင်းပြမနေတော့ပေ။ "စကားဆက်ရရင် ရှေးဟောင်းတာအိုတောင်းတန်းမြေက တပည့်တွေရဲ့ အသုံးစရိတ်အားလုံးကို ငါတို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ကျခံမှာပါ။"
"အခြေအနေတွေက ဘယ်လိုလဲ။" လီချန်ချင်းအနေဖြင့် ယခုကဲ့သို့နေရာမျိုးတွင် ပရဟိတလာလုပ်နေရန် အကြောင်းမရှိသဖြင့် ရွှယ်ချမ်းပိုင်က မေးသည်။
"အခွအေနကေ အထူးတလညျတော့မဟုတျပါဘူး။ ငါတို့က သူတို့ကို နရေေးထိုငျရေးကောငျးအောငျ လုပျပေးမယျ။ အစားအသောကျကောငျးတှေ ပေးမယျ။ဒါပမေယျ့ တစျခုရှိတာက ငါတို့ခနြျခငြျးကုနျသှယျရေးကုမ်ပဏီက သတ်မှတ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ရမယ်။ ဘယ်လိုလဲ။" လီချန်ချင်းက ပြုံးပြီး မေးသည်။
"အဲ့လောက် ရိုးရှင်းတာလား။" ရွှယ်ချမ်းပိုင် အံ့အားသင့်သွားသည်။ ဤအခြေအနေသည် ရိုးရှင်းလွန်းသည်မဟုတ်လော။ အမျိုးမျိုးသောအဝတ်အစားများ ဝတ်ဆင်ခြင်းက မည်သည်တို့ကို လုပ်ဆောင်နိုင်မည်နည်း။
ရှေးဟောင်းတာအိုတောင်တန်းမြေ၏ သူရဲကောင်းများသည် ဖင်တုံးလုံးဖြင့်ပင် တိုက်ခိုက်နိုင်သည်။ ယင်းသည် အဝတ်အစားများ လဲဝတ်လိုက်ရုံသာဖြစ်သည်။
"အထူးတလည်တော့မဟုတ်ပါဘူး။ အဓိကကတော့ ရှေးဟောင်းတာအိုတောင်တန်းမြေအတွက် ရံပုံငွေ အမြောက်အမြား ခြွေတာဖို့ပါပဲ။"
"ငါသဘောတူတယ်။" ရွှယ်ချမ်းပိုင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါဆို ပြေလည်သွားပြီ။ ယောက်ျားရော မိန်းမရော အဝတ်ဘယ်နှစ်ထည်လောက် လိုအပ်လဲ ပြောပေးပါ။ ဒါမှ ငါပြန်ရောက်တာနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ပေးနိုင်အောင်။" လီချန်ချင်း၏ မျက်လုံးများ တောက်ပလာသည်။
"စကားမစပ် မင်းလည်း အဲဒီ တစ္ဆေစမ်းသပ်မှုကို သွားမှာလား။" လီချန်ချင်းက မေးသည်။
"ဂိုဏ်းချုပ်မရှိတော့ ငါက သွားကိုသွားပေးရမှာပဲလေ။ ဟိုမှာ ဦးဆောင်ဦးရွက်လုပ်ရမယ်။" ရွှယ်ချမ်းပိုင်က ခေါင်းညိတ်လိုက်သည်။
"မင်းငါ့ကို မင်းနဲ့အတူ ခေါ်သွားလို့ရမလား။" လီချန်ချင်းက အလျင်စလိုပြောသည်။ "ငါ အရင်က တစ်ခါမှ မရောက်ဖူးဘူး။ ငါ့ရဲ့ နယ်ပယ်တွေကို ချဲ့ကြည့်ချင်တယ်။"
"မင်း...." ရွှယ်ချမ်းပိုင် မျက်မှောင်ကြုတ်လိုက်သည်။ "မင်းက ငါတို့ ရှေးဟောင်းတာအိုတောင်တန်းမြေက မဟုတ်ဘူး။ ငါ မင်းကို ဘယ်လိုခေါ်သွားရမလဲ။ အပြင်က ဂိုဏ်းတစ်ခုစီက ထိပ်တန်းစွမ်းအားရှင် သုံးယောက်ကို ရွေးလို့ရပေမယ့် ဂိုဏ်းချုပ်တစ်ခုစီက ဘယ်သူ့ကိုရွေးမယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီးပြီ။ မင်းနဲ့ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်။ မင်းရဲ့ သားကို ကြည့်ချင်လို့ မင်းသွားချင်တယ်လို့တော့ ထင်တာပဲ။"
"ပေါက်ကရတွေပါကွာ။" လီချန်ချင်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
"ငါ့ကို ခေါ်သွားလို့ရမလား။" လီချန်ချင်းက ရွှယ်ချမ်းပိုင်အား မျှော်လင့်တကြီးမျက်လုံးများဖြင့် ကြည့်နေလေ၏။
"အဲ့လောက် ကလေးဆန်မနေပါနဲ့ကွာ။ မရဘူး။" ရွှယ်ချမ်းပိုင်က ခေါင်းခါလိုက်သည်။ "စိတ်ချစမ်းပါ။ လီဟမ်ရှန်းက ငါတို့ ရှေးဟောင်းတာအိုတောင်တန်းမြေရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သားရဲစုဆောင်းခြင်းမှာ သူ့ရဲ့ စွမ်းဆောင်မှုက အတော်လေးကို အထင်ကြီးလောက်စရာပဲ။ ငါနဲ့ အတူရှိနေမှာဆိုတော့ သူအန္တရာယ်မဖြစ်ပါဘူး။"
"အဲ့တာဆိုလည်း ပြီးတာပါပဲကွာ။" လီချန်ချင်းလည်း သဘောတူရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ထို့အပြင် လီချန်ချင်း၏ အဓိက ပန်းတိုင်မှာ စမ်းသပ်မှုကို ဝင်ရောက်နိုင်ရန်ဖြစ်ပြီး စပွန်ဆာကိစ္စမှာ ဘေးကိစ္စသပ်သပ်သာ ဖြစ်ပေ၏။
"ရှမူဟိုင် ပြန်လာတဲ့အခါ ငါ့သားကို ပေးချင်တဲ့အရာတွေကို တတ်နိုင်သမျှ မြန်မြန်ပေးဖို့ သူ့ကို သတိပေးဖို့ မေ့မနေနဲ့ဦးနော်။" လီချန်ချင်းက ညွှန်ကြားသည်။
"ငါက မင်း သားရဲ့ ကလေးထိန်း မဟုတ်ဘူးနော်။" ရွှယ်ချမ်းပိုင်တုန်လှုပ်သွားသည်။
"မင်းသိသလား။ သိုလှောင်လက်စွပ်တွေက မတူညီတဲ့ လေဟာနယ် အရွယ်အစားတွေ ပြုလုပ်နိုင်တယ်။" လီချန်ချင်း ရုတ်တရက် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ရွှယ်ချမ်းပိုင်သည် ထိုင်ပြီး သူ့တပည့်များ၏ နာမည်ကို ချရေးလိုက်လေသည်။ ပြီးသောအခါ သူသည် စာရင်းကို လီချန်ချင်းအား ပေးလိုက်သည်။
"ငါသွားပြီနော်။" လီချန်ချင်းလှည့်ထွက်သွားသည်။
"ပစ္စည်းတွေအဆင်သင့်ဖြစ်ရင် မင်းကိုငါပို့ပေးလိုက်မယ်။ သိုလှောင်လက်စွပ်ထဲက လေဟာနယ်ကို နည်းနည်းပိုကြီးအောင်လုပ်။ ရှမူဟိုင်ပြန်လာတဲ့အခါ မင်းရဲ့သားကို ပစ္စည်းတွေအမြန်ဆုံးပို့ပေးခိုင်းလိုက်မယ်။"
"စိတ်ဒုက္ခအတော်ပေးတာပဲကွာ.." ရွှယ်ချမ်းပိုင် ခေါင်းယမ်းလိုက်သည်။
"ငါသွားပြီကွာ။" လီချန်ချင်းသည် သူ၏ဓားအိမ်ကို အသာအယာပုတ်လိုက်ကာ သူ့ဓားကို စီးနင်းလျက် ကောင်းကင်သို့ ပျံတက်သွားလေသည်။