← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

"ရောင်းရင်းချန်ချင်း.....ကျုပ်ကို မနောက်ပါနဲ့ဗျာ။ မင်ဟုန်ခရိုင်မှာ နောက်ထပ် သီးခြားအထူးအဆင့်ကို ဘယ်လိုလုပ် ရှာတွေ့နိုင်ပါတော့မလဲ။" စီမာယန်က တလေးတနက်ပြောသည်။ "ဒါ့အပြင် ထျန်ဟိုင်းမြို့တော်မှာလည်း လူတွေမကျန်တော့ဘူး။ ကျုပ်တို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ကျန်းဟဲအိမ်တော်က ကျရှုံးရတော့မှာ။"

"ကျုပ်ကတိပေးထားတဲ့အတိုင်း ဖြည့်ဆည်းပေးမှာပါ။" လီချန်ချင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "စိတ်ချပါ ထျန်ဟိုင်းမြို့က စစ်ဆေးမှုကို ခင်ဗျားအောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်အောင် ကူညီပေးမှာပါ။"

“ဒါ…” ဘေးမှာ ရပ်နေသည့် ယင်ရှုယွီပင် အံ့သြနေမိသည်။ မင်ဟုန်ခရိုင်တစ်ခုလုံးတွင် နောက်ထပ် အထူးအဆင့်တစ်ဦး ရှိပါသေးသည်လော။ ထိုကဲ့သို့သော လူတစ်ယောက်အကြောင်းကို မကြားဖူးသေးပေ။ လီချန်ချင်း၏ လေးနက်သောအမူအရာကိုမြင်တော့ စီမာယန်သည် သူ့သွားများကို အံကြိတ်ကာ လီချန်ချင်းကိုသာ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပါပြီ။ ရောင်းရင်းချန်ချင်းက ကျုပ်ရဲ့ကျန်းဟဲအိမ်တော်အတွက် ခွဲတမ်းကို ဘေးကင်းအောင် ကူညီပေးနိုင်သရွေ့ ခင်ဗျားစကားကို ကျုပ်နားထောင်ပါ့မယ်။ သူက အထူးအဆင့်တစ်ဦးဆိုရင်ကိုပဲ ဘယ်သူလဲဆိုတာ အရေးမကြီးတော့ပါဘူး။"

မူလအဆင့်၏ အထွတ်အထိပ်ကို ဖြတ်ကျော်ခါစလူတစ်ဦးဆိုလျှင်ပင် အထူးအဆင့်ဟု သတ်မှတ်ခံရပေသည်။ ခွဲတမ်းကို လုံခြုံအောင်ထားနိုင်မှုသည် အခြားအရာများထက် ပိုအရေးကြီးပေ၏။

"နောက်တစ်ခုရှိသေးတယ်။" လီချန်ချင်းက ပြုံးပြီး ပြောသည်။ "တစ္တေနတ်ဆိုးစမ်းသပ်မှုမှာ ကျန်းဟဲအိမ်တော်ရဲ့ ပါဝင်မှုအတွက် ကုန်ကျစရိတ်အားလုံးကို ကျုပ်ရဲ့ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ကျခံပေးမှာပါ။ စမ်းသပ်မှုပြီးသွားရင်တော့ ကိစ္စတွေကို အတူတူဖြေရှင်းနိုင်မှာပါ။စိတ်မပူပါနဲ့ ဒါက ကျုပ်တို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုပဲ။ ကျုပ်ကုမ္ပဏီက လျှော့စျေး ပေးမှာပါ။ အရာအားလုံး ကျုပ်ကိုသာ လွှဲထားလိုက်တော့။"

" ဒါဆိုရင်တော့ ရောင်းရင်းချန်ချင်းကို ဒုက္ခများစေမိပါဦးမယ်။" အစားအသောက်၊ နေရာထိုင်ခင်းနှင့် အနာကျက်ဆေးများကဲ့သို့သော လိုအပ်ချက်အချို့ကို ပြင်ဆင်ရခြင်းမှာ ကြီးကြီးမားမားကိစ္စမဟုတ်ပေ။ ချန်ချင်းကုန်သွယ်ရေး ကုမ္ပဏီမှကမ်းလှမ်းသောစျေးနှုန်းများသည် ဈေးချိုသည်ဖြစ်စေ သို့မဟုတ်စျေးနှုန်းအနည်းငယ်မြှင့်ထားသည် ဖြစ်စေ ကျန်းဟဲအိမ်တော်မှာ အကူအညီလိုအပ်နေသောကြောင့် ၎င်းကိုလက်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ဆွေးနွေးမှုပြီးဆုံးပြီးနောက် စီမာယန်လည်း ပြန်သွားခဲ့သည်။။ မူလက စီမာယန်ကို ချန်ထင်မြို့၌ တစ်ညတာတည်းခိုရန်နှင့် စားသောက်ပွဲများကျင်းပရန် ဖိတ်ခေါ်ခဲ့သော်လည်း စီမာယန်က ယဉ်ကျေးစွာငြင်းဆိုခဲ့သည်။ ထိုအရာများအတွက် သူစိတ်မဝင်စားချေ။

စီမာယန် ပြဿနာကို ဖြေရှင်းပြီးနောက် ကျန်းဟဲအိမ်တော်သို့ ပြန်သွားရန်ကိုသာ စိတ်အားထက်သန်ခဲ့သည်။ သူမရှိချိန်တစ်ခုခုဖြစ်မည်ကို စိုးရိမ်မိသည်။

ထိုမြို့မှ ထွက်ခွာသွားသောအခါတွင် ၎င်းတို့ သုံးဦးသည် ကြီးမားသော ဝိညာဉ်သားရဲတစ်ကောင်ကို စီးနင်းခဲ့လေသည်။ သားရဲသည် မှင်နက်ရောင်ရှိပြီး ရွှေငါးကြီးနှင့် ဆင်တူသည်။ ၎င်း၏အရှိန်သည် အံ့ဩစရာဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းပင် ချန်ထင်းမြို့အပြင်ဘက်တွင် ပျောက်ကွယ်သွားခဲ့ကြလေသည်။

"အကြီးအကဲ...စီနီယာ ချန်ချင်းက ကျွန်မတို့ကို ကူညီဖို့ တစ်ယောက်ယောက်ကို ဖိတ်မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မသိသလောက်တော့ မင်ဟုန်ခရိုင်မျာ အထူးအဆင့် ကျွမ်းကျင်သူတွေ အများကြီးပဲ။ သူဘယ်သူ့ကိုဖိတ်မလို့များလဲ။ ဘာလို့ စီနီယာချန်ချင်းကိုယ်တိုင်မကူညီတာလဲ။ အစ်ကိုချန်ချင်းရဲ့ ကျင့်ကြံမှုအဆင့်က အထူးအဆင့်ကို မရောက်သေးလို့များလား။" ယင်ရှုယွီ အတွေးများနေမိသည်။

"အခု တစ္ဆေနတ်ဆိုးစမ်းသပ်မှုအကြိုနေ့မှာ ဂိုဏ်းခွဲတစ်ခုစီရဲ့ တပည့်တွေအတွက် ခွဲတမ်းကို အစွမ်းထက်တဲ့ စွမ်းအားရှင်အရေအတွက်ပေါ်မူတည်ပြီး ဆုံးဖြတ်တယ်။ တစ်ယောက်ယောက်က ကျွန်မတို့ ကျန်းဟဲအိမ်တော်ကို ကူညီဖို့ လာရင် သူတို့ရဲ့ ခွန်အားတွေ အားနည်းသွားလိမ့်မယ်။ အဲ့တာက ကျွန်မတို့အတွက် သူတို့ရဲ့ ခွဲတမ်းကို စွန့်လွှတ်လိုက်တာနဲ့ ညီမျှတယ်။ အဲဒါကို ဘယ်သူက လုပ်မှာများလဲ။"

"ငါလည်း အဖြေရှာမရဘူး။ လီချန်ချင်းရဲ့ ကျင့်ကြံမှုအဆင့်ကို ငါမမြင်နိုင်ပေမယ့် သူက ငါ့ထက် အားမနည်းတာတော့ သေချာတယ်။ သူက အထူးအဆင့်မဟုတ်ရင် ပန်းချီသူတော်စင်ပဲ။ သံသယဖြစ်စရာ မရှိဘူး။"

"ဒီအချိန်မှာ လီချန်ချင်းကိုပဲ ယုံကြည်လို့ရတယ်။ မဟုတ်ရင် ငါတို့မှာ ရွေးစရာလမ်းမရှိဘူး။" ဒဏ်ရာပြန်ပေါ်လာခြင်းကြောင်း စီမာရန်၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ ထိုဒဏ်ရာကို တွေးပြီး သူ့သူငယ်ချင်းဟောင်း မိုဟန်ရဲ့ သစ္စာဖောက်မှုကို သတိရသွားမိသည်။ စီမာယန်၏ အမုန်းတရားများ ပြင်းထန်လာပေ၏။

"သခင်မလေး ချန်ချင်း ကုမ္ပဏီရဲ့နောက်ကွယ်မှာ အားကောင်းမောင်းသန် စွမ်းအားရှင်တစ်ယောက် ရှိကောင်းရှိနိုင်တယ်။" ထိုအချိန်တွင် ဟွမ်ရှင်းလည်း ရုတ်တရတ် သိလိုစိတ်များ ပြည့်လာသည်။

"ဟမ်...." ယင်ရှုယွင်သည် ဟွမ်ရှင်းကိုကြည့်ကာ သူ့အတွေးများကို သိချင်မိသည်။

"မှတ်မိသေးတယ်မလား။ ဟိုင်မိသားစုရဲ့ ဟိုင်စုန့်ထောင်ဟာ အိမ်မှာ တိတ်တဆိတ် အသတ်ခံခဲ့ရပြီး ဘယ်သူက လုပ်ခဲ့တာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက တစ်ယောက်ယောက်ဖြစ်နိုင်တယ်။ အဲ့လူက ရောင်းရင်းချန်ချင်း ပြောတဲ့သူနေမှာပေါ့။"

"လောလောဆယ်တော့ မတွေးဘဲ နေကြစို့။ အဲ့ဒီ လီချန်ချင်းက လျှို့ဝှက်နက်နဲတယ်။" စီမာယန်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ငါတို့လုပ်နိုင်တာက ပြန်သွားပြီး ခဏစောင့်နေဖို့ပဲ။" စီမာယန်နှင့် အခြားသူများ ထွက်သွားပြီးနောက် လီချန်ချင်းသည် ပိုင်ကျင်းဖေးနှင့် အခြားသူများကို တွေ့ဆုံရန် သွားခဲ့သည်။

သူတို့ သုံးယောက်မှာ အချိန်အတော်ကြာအောင် စောင့်နေခဲ့ကြရပေ၏။

"အကြီးအကဲ ချန်ချင်း....ကျန်းဟဲအိမ်တော်က အကြီးအကဲစီမာက လာတွေ့တယ်ဆို...." ပိုင်ကျင်းဖေးသည် လီချန်ချင်းကိုတွေ့သောအခါ အံ့သြတကြီး မေးလိုက်သည်။

"ဟုတ်တယ်။ သူအကူအညီလာတောင်းတာ။" လီချန်ချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သို့သော် သူထိုသို့ပြောလိုက်သည်နှင့် ပိုင်ကျင်းဖေးနှင့် ကျောက်ရိချိုးတို့ မျက်နှာပေါ်က အမူအရာများမှာ အလွန်စိတ်ဝင်တစား ဖြစ်လာလေ၏။

စီမာယန်သည် လီချန်ချင်းကို အကူအညီတောင်းရန် ချန်ထင်မြို့ထိ ခရီးဝေးနှင်ခဲ့သည်။ ကျန်းဟဲအိမ်တော်၏ အကြီးအကဲ စီမာယန်သည် မူလအဆင့်၏အထွတ်အထိပ်တွင်ရှိနေသည်။

ရေကိုပင် လက်ဖြင့်လှန်လှောနိုင်သည့် တကယ့် အထူးအဆင့်စွမ်းအားရှင်ဖြစ်ပေ၏။ သူက လီချန်ချင်းရဲ့အကူအညီကို လိုအပ်နေတာလား....

ယင်းသည် မယုံနိုင်ဖွယ်ရာဖြစ်သည်။ စီမာယန်သည် လီချန်ချင်းထံသို့ တစ်စုံတစ်ခုအတွက် ရောက်ရှိလာကြောင်း ယန်ပါးထောင် သိသော်လည်း စီမာယန်သည် လီချန်ချင်း၏အကူအညီကိုတောင်းရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ယင်းသည် အခြေအနေတစ်ခုလုံး၏အဓိပ္ပါယ်ကို ပြောင်းသွားစေသည်။ အခုသိလိုက်ရသောအခါ ယန်ပါးထောင်ပို၍ပင် အံ့ဩသွားမိသည်။ အထူးအဆင့်တစ်ဦးကပင် ခရီးဝေးနှင်၍ အကူအညီလာတောင်းရသည့် သူတို့၏ ကျေးဇူးရှင် လီချန်ချင်းမှာ မည်သူနည်း။

လီချန်ချင်းအား ယန်မိသားစုထံ ပြန်လည်ဖိတ်ကြားခြင်းသည် သူ့ဘဝတွင် သူလုပ်ဖူးသမျှထဲ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပိုပို၍ ခံစားလာရသည်။

“ဒါက အရေးကြီးဆုံးတော့ မဟုတ်ဘူး။ အရေးကြီးတာက ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအတွက် ငါတို့ရဲ့ အခွင့်အရေးက ရောက်လာပြီလေ။" လီချန်ချင်းက သူတို့ သုံးယောက်ကို ကြည့်ပြီး ပြောသည်။

"ငါ ကျန်းဟဲအိမ်တော်နဲ့ ညှိနှိုင်းပြီးသွားပြီ။ သူတို့ရဲ့ တစ္ဆေနတ်ဆိုးစမ်းသပ်မှုအတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို ငါတို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကနေ ဝယ်ယူသွားမှာပါ။

ကျန်းဟဲအိမ်တော်မှ အမြတ်ထွက်မည့် အလားအလာက သူတို့၏ မျက်လုံးများက တောက်ပလာစေသည်။ သို့သော်လည်း ပိုင်ကျင်းဖေက ဝင်ပြောသည်။

"ဒါပေမယ့် အကြီးအကဲချန်ချင်း....ကျန်းဟဲအိမ်တော်ဟာ ကျုပ်တို့ဆီက ပစ္စည်းတွေ ဝယ်မယ်ဆိုပေမယ့် ကျုပ်အချက်အလက်တွေအရ စမ်းသပ်မှုမှာ တပည့် အယောက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်။ ကျုပ်တို့ ပိုက်ဆံအများကြီး ရနိုင်မယ်မထင်ဘူး။။"

"ကျန်းဟဲအိမ်တော်က ငွေရဖို့က အဓိက ရည်မှန်းချက် မဟုတ်ဘူး။ အဓိက ရည်မှန်းချက်က ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီရဲ့ နာမည်ကို လူသိများစေဖို့ပဲ။"

ဤအချက်ကို ကျောက်ရိချိုးက ခေါင်းညိတ်လိုက်သည်။

"ဒါက အဓိက ရည်ရွယ်ချက် ဖြစ်သင့်တယ် မဟုတ်လား။" လီချန်ချင်း ခေါင်းညိတ်သဘောတူသည်။

"ကျန်းဟဲအိမ်တော်တင် မကသေးဘူ။ ဒီနေ့ ရှေးဟောင်းတာအိုတောင်တန်းမြေကို ငါသွားခဲ့တယ်။ ရှေးဟောင်းတာအိုတောင်တန်းမြေက တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်တဲ့ တပည့်တွေအတွက် ကုန်ကျစရိတ်အားလုံးကို ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ပံ့ပိုးပေးမှာပါ။"

"လုံးဝကြီး ပံ့ပိုးပေးတာမျိုးလား.."

ပိုင်ကျင်းဖေး အံ့သြသွားသည်။ ဒါဟာ ဆုံးရှုံးမှုတစ်ခု မဟုတ်ဘူးလား....

"လူအိုကြီးပိုင်....အရမ်းကြီး မအံ့ဩသွားပါနဲ့။ အကြီးအကဲချန်ချင်းမှာ မင်းနဲ့ ယှဉ်လို့မရတဲ့ ရေရှည်အမြင်ရှိတယ်။"

ကျောက်ရိချိုးသည် လီချန်ချင်း၏ အကြံဥာဏ်ကို နားလည်ပုံရသည်။

"အကြီးအကဲ တစ္ဆေနတ်ဆိုးစမ်းသပ်မှုရဲ့ ဒီအခွင့်အရေးကို အသုံးချပြီး အရှေ့ဘက်ဆိတ်ငြိမ်ခြင်းမြေမှာရှိတဲ့ ဂိုဏ်းခွဲအားလုံးဆီ ကျုပ်တို့ရဲ့တည်ရှိမှုကို ကြေငြာဖို့ စီစဉ်နေတာ မဟုတ်လား။ သူတို့ရဲ့ စိတ်ကူးနယ်ပယ်မှာ ကျုပ်တို့ ပေါ်လာတာနဲ့ ကျုပ်တို့ ပန်းတိုင်ကို ရောက်ပြီပဲ။"

ကျောက်ရိချိုးမှာ လီချန်ချင်း၏နည်းလမ်းသည် အလွန်ကောင်းမွန်သည်ဟု ထင်မြင်ခဲ့သည်။

"ဟုတ်တယ်။ ဒါပေမယ့် အကုန်တော့မဟုတ်သေးဘူး။" လီချန်ချင်းသည် ယန်ပါးထောင်ဆီသို့ ရွှယ်ချမ်းပိုင်ထံမှ သူရလာသော တပည့်များ၏ ကိုယ်ရေးအချက်အလက်စာရွက်ကို ပေးလိုက်သည်။

"အဲ့ဒီတပည့်များ၏ လိင်အမျိုးအစားအလိုက် ယူနီဖောင်းတွေကို ပြင်ဆင်လိုက်ပါ။ ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီရဲ့နာမည်ဟာ ၎င်းတို့အတွက် ပေါ်လွင်နေစေရမယ်။ ပြီးတော့ အဝတ်အစားတွေရဲ့ အရည်အသွေးကိုလည်း အာမခံနိုင်ရမယ်။"

"ဟုတ်ကဲ့။" ဤအရာသည် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ၏ မျက်နှာစာကိုကိုယ်စားပြုပြီး ကောင်းမွန်စွာလုပ်ဆောင်ရမည်ဟု ယန်ပါးထောင် နားလည်ပေသည်။

"ဒါ့အပြင် ဒီတပည့်တွေအတွက် နေ့စဥ်လိုအပ်တဲ့ ပစ္စည်းတွေအားလုံးကိုလည်း ပြင်ဆင်ထားဖို့ လိုပါတယ်။ သူတို့သုံးတဲ့ပစ္စည်းတွေကလည်း အကောင်းဆုံးဖြစ်ရမယ်။ ငါတို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက အခုနည်းနည်းရှုံးတာ ကိစ္စမရှိသေးဘူး။ အဆုံးသတ်ကျ သေချာပေါက် အမြတ်ပြန်ရလိမ့်မယ်။"

လီချန်ချင်းက ညွှန်ကြားသည်။

"စိတ်ချပါ အကြီးအကဲ....ကျွန်တော် သေသေချာချာ ပြင်ဆင်ပါ့မယ်။" ယန်ပါးထောင်ကလည်း လေးလေးနက်နက် ပြောသည်။

"ဒါပေမယ့် သခင်ကြီး ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှာ ဘာဆေးလုံးမှ မပြင်ဆင်ထားရသေးဘူး။"

ယန်ပါးထောင်က လေးနက်စွာ ပြောလိုက်သည်။ ချန်ချင်းကုန်သွယ်ရေး ကုမ္ပဏီမှထုတ်လုပ်သောကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်သော်လည်း ဆေးများကိုမည်ကဲ့သို့သန့်စင်ရမည်ကိုမည်သူမျှမသိသောကြောင့် အခြေခံအကျဆုံးဆေးများကိုပင်မထုတ်လုပ်နိုင်သေးပေ။

"ဆေးလုံးပြဿနာအတွက် စိတ်မပူပါနဲ့။"

လီချန်ချင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဆေးဘုရင်တောင်ကြားကနေ ဆေးလုံးတွေကို ရယူပြီး ကျန်းဟဲအိမ်တော်နဲ့ ရှေးဟောင်းတာအိုတောင်တန်းမြေကို ထောက်ပံ့ဖို့ အတွက် သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ငါဆေးဘုရင်တောင်ကြားဆီ စာရေးပြီးပြီ။ ငါတို့ ဆေးလုံးတွေ များများစားစား မရနိုင်လောက်ပေမယ့် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီရဲ့ဂုဏ်သတင်းအတွက် အကျိုးရှိမှာပါ။"

ဆေးဘုရင်တောင်ကြား....

သုံးယောက်သား ပင့်သက်ရှိုက်လိုက်သည်။ လီချန်ချင်းက ဆေးဘုရင်တောင်ကြားက တစ်ယောက်ယောက်နဲ့ သိတာများလား....။ မှန်တာလား မှားတာလား...။"

လီချန်ချင်းသည် ထိုအချက်ကို စဉ်းစားထားပြီးဖြစ်သောကြောင့် ရွှယ်ချမ်းပိုင်ထံ မသွားခင်မှာပဲ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ၏ ဆေးဘုရင်တောင်ကြားနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ကို မုချင်းကောထံ စာတစ်စောင်ရေးခဲ့ပြီး ထိုကိစ္စနဲ့ပတ်သတ်၍ မုချင်ကောသည် တောင်သခင်ဖြင့် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

ဆေးဘုရင်တောင်ကြားမှဆေးများ၏အရည်အသွေးသည်အကောင်းဆုံးဖြစ်သော်လည်းစျေးနှုန်းချိုသာခြင်းမရှိပေ။ ကံကောင်းထောက်မစွာပင် တစ္ဆေနတ်ဆိုးစမ်းသပ်မှုအတွင်း သုံးသောဆေးများသည် အထူးအဆင့်မြင့်ဆေးများမဟုတ်ချေ။ ချန်ချင်းကုမ္ပဏီ၏ လက်ရှိဘဏ္ဍာရေးအင်အားသည်လည်း ၎င်းအား ပံ့ပိုးရန် ပြဿနာမရှိချေ။

မည်သို့ပင်ဆိုစေကာမူ စုစုပေါင်း လူရှစ်ဆယ်သာ ရှိပြီး လီချန်ချင်း၏ လက်ထဲမှ ငွေရှစ်သန်းသည် ခဏတာ ထောက်ပံ့ရန် လုံလောက်ပေ၏။ လီချန်ချင်း၏ ရည်ရွယ်ချက်မှာ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ၏ နာမည်ကို ယခုအချိန်တွင် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေတွင် လူသိများစေရန်ဖြစ်သည်။

"တာဝန်က လေးလံပြီး လျှောက်ရမယ့်လမ်းကလည်း ရှည်တယ်။" လီချန်ချင်းက သက်ပြင်းချမိသည်။ ထို့နောက် ချန်ထင်မြို့တစ်ခုလုံး အလုပ်များလာလေ၏။

ယခုတခေါက် ထုတ်လုပ်သည့်ပစ္စည်းများသည် အကောင်းတကာ့ အကောင်းဆုံးဖြစ်ရမည်ဟု ယန်ပါးထောင်က အမိန့်ပေးထားပြီး ဒီဇိုင်းကို လီချန်ချင်းက ကိုယ်တိုင်ကြီးကြပ်ပေးခဲ့သည်။

ကျောက်ရိချိုးမှာမူ လက်ဖက်လုပ်ငန်းဖြင့် အလုပ်ရှုပ်နေပေ၏။ ရောင်းဝယ်ရေးကုမ္ပဏီများနှင့် ညှိနှိုင်းဝယ်ယူမှုများပြုလုပ်ရန် နေရာအသီးသီးသို့ လူများသွားရောက်ရန်လည်း စီစဉ်ပေးခဲ့သည်။

လူတိုင်း အလုပ်များခဲ့ကြပေ၏။ နှစ်ရက်အကြာတွင် လီချန်ချင်းသည် ယန်အိမ်တော်မှထွက်ခွာခဲ့ပြီး ဖေးကိုစီးကာ ကျန်းကျူသို့ သွားခဲ့သည်။

ထျန်ဟိုင်းမြို့တော်မှလူများ လာခါနီးတွင် သူတို့အတွက် ဆောင်ရွက်ပေးမည်ဟု စီမာယန်အား ကတိပေးခဲ့သည်။

ထို့ကြောင့် လီချန်ချင်းသည် နံနက်စောစော ထွက်ခဲ့သည်။ နှစ်ရက်ကုန်ဆုံးသွားသည်ထိ ကျန်းဟဲအိမ်တော်ထံသို့ မည်သူမျှ မလာကြသေးပေ။ စီမာယန်သည် ပို၍ပို၍ စိုးရိမ်လာသည်။ ဤနှစ်ရက်တာအတွင်း စီမာယန်သည် မငြိမ်မသက်ဖြစ်ပြီး သန်မာသောလူတစ်ယောက် သူ့တံခါးဝတွင် လာရပ်မည်ကို စောင့်ဆိုင်းနေခဲ့သော်လည်း ဘာမျှဖြစ်မလာခဲ့ပေ။

လီချန်ချင်းသည် ကျန်းဟဲအိမ်တော်အား ကူညီပေးမည့် အထူးအဆင့်စွမ်းအားရှင်ရှိမည်ဟု ကတိပေးထားသော်လည်း ယခုအချိန်တွင် အလွန်ငြိမ်သက်နေသဖြင့် စီမာယန် အနည်းငယ်စိုးရိမ်သွားခဲ့သည်။

ကျန်းဟဲအိမ်တော်အနေဖြင့် ချန်ထင်မြို့တွင် အထူးအဆင့်စွမ်းအားရှင်ပေါ်လာခဲ့သည်ဟူသော သတင်းကိုပင် မရရှိခဲ့ပေ။ လီချန်ချင်းက သူ့အား ကစားနေသည်ဟု စီမာယန် ပိုပိုပြီး ခံစားလာရသည်။

ကျန်းကျူ၌....ရွှေရောင်ရထားတစ်စင်းသည် မြို့ထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။ ရထားပေါ်၌ လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေကြသည်။

သူတို့ထဲက တစ်ယောက်မှာ ကြယ်တစ်လုံးကဲ့သို့ တည်ငြိမ်လှသည်။ တစ်ကမ္ဘာလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင် အစိမ်းရောင်ကို ၀တ်ဆင်ထားသည်။

သူ့နဖူးမှာ ဓားအမာရွတ် အနည်းငယ်မှာ အထင််းသားဖြစ်နေသော်လည်း သူ့အမူအရာမှာ ပျင်းရိပြီး လောကကြီးမှာ ဘာကိုမှ စိတ်မဝင်စားသကဲ့သို့ ရှိလေ၏။ သူ့ဘေးမှာ ထိုင်နေသည့် အမျိုးသားကမူ အနက်ရောင်ကို ၀တ်ထားပြီး သူ့အဝတ်မှာ ရွှေချည်ထိုးများလည်း ပါရှိပြီး ကောက်ကျစ်စဉ်းလဲသည့် အရိပ်အငွေ့များကို ပေးစွမ်းလေသည်။

သူ့လက်ချောင်းများမှာ သေးသွယ်ပြီး သူ့မျက်လုံးများသည် သိမ်းငှက်တစ်ကောင်လို ထက်မြက်လှကာ တစ်ချက်ကြည့်ရုံဖြင့်ပင် တုန်လှုပ်ခြောက်ခြားသွားစေသည်။

ရထားပေါ်ရှိ အမွှေးတိုင်မီးဖိုသည် ဖြည်းညှင်းစွာ ပြန့်ကျဲနေပြီး ဘုတ်ပေါ်ရှိ စစ်တုရင်အပိုင်းအစများသည် ခမ်းနားသော အကြံအစည်တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပုံရသည်။

"ငါတို့ ကျန်းကျူမြို့ထဲကို ရောက်ပြီမဟုတ်လား။" အစိမ်းရောင်ဝတ်ရုံနှင့်လူက သမ်းဝေသွားပြီးနောက် အပြင်ဘက်ကြည့်ရန် ကန့်လန့်ကာထောင့်ကို ရုတ်လိုက်သည်။

"ဟုတ်ပါတယ် သခင်ကြီးလင်း..." အနက်ရောင်ဝတ်ရုံနှင့်လူက အပြုံးဖြင့် တုံ့ပြန်သည်။ "ကျုပ်တို့ ကျန်းကျူမြို့ထဲကို ရောက်ပြီ။ မကြာခင် ကျန်းဟဲအိမ်တော်ကို ရောက်တော့မယ်။"

"အင်း..." အစိမ်းရောင်ဝတ်စုံဝတ်ထားသည့်လူက ခေါင်းညိတ်ပြပြီးနောက် စစ်တုရင်ကစားနည်းအပေါ် စိတ်ဝင်စားမှုလျော့သွားလေသည်။ ထို့နောက် သူက အေးဆေးတည်ငြိမ်စွာပြောသည် "နယ်မြေသခင်က ဒီစမ်းသပ်မှုကို အရမ်းအလေးထားတယ်။ ဒါကြောင့် ဒီတစ်ကြိမ်တော့ ထားလိုက်တော့။

ဒါပေမယ့် နောက်တစ်ခါ အကွက်ဆန်းတွေကို ဆွဲမခေါ်စမ်းနဲ့ကွာ။ မဟုတ်ရင် နယ်မြေသခင်က မင်းကို အပြစ်တင်တဲ့အခါ ဘယ်သူမှ မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။"

ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ်ရုံနှင့်လူသည် ထိတ်လန့်သွားမိသော်လည်း အမူအရာမပျက်ချေ. သူက ပြုံးရုံသာပြုံးပြသည်။

"ကျုပ် သခင်ကြီးလင်း ဆိုလိုချင်တာကို မသိဘူးဖြစ်နေတယ်။..."

"ငါရှင်းလင်းအောင် လုပ်ပြီးသွားပြီ။ ငါ့ရှေ့မှာ အပြစ်ကင်းသလို လာလုပ်မနေနဲ့။ မင်း စီမာယန်ကို ဘာလုပ်ခဲ့တယ်ဆိုတာ ထျန်ဟိုင်းမြို့တော်က သေသေချာချာ စုံစမ်းပြီးပြီ။" အစိမ်းရောင်ဝတ်ရုံဝတ်လူက ဆိုဖာပေါ် ပြန်ထိုင်ချလိုက်ကာ ပြောသည်။

"မင်းရဲ့အငြင်းမှုက ထျန်ဟိုင်းမြို့တော်ရဲ့ ကိစ္စမဟုတ်ပေမယ့် တစ္ဆေနတ်ဆိုးစမ်းသပ်မှု စတင်တော့မယ့်အချိန်မှာ ဒီလိုလုပ်တာက မကောင်းဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ထားလိုက်တော့။ နောက်ထပ်ပြီးမလုပ်နဲ့။"

"ဟုတ်ကဲ့ပါ.... ကျေးဇူးတင်ပါတယ် သခင်ကြီးလင်း.." ဤလူသည် မိုဟန်ဖြစ်ပြီး ထျန်ဟိုင်းမြို့တော်သည် သူ့လုပ်ရပ်များအကြောင်း သိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဤအခိုက်အတန့်တွင် မိုဟန်သည် ထျန်ဟိုင်းမြို့တော်၏ ထောက်လှမ်းရေးကွန်ရက်အပေါ် ကြောက်ရွံ့မှုတစ်ခုကို ခံစားမိသည်။

"ကြောက်နေတာလား...." အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အမျိုးသားသည် မိုဟန်၏ အတွေးများကို မြင်နိုင်ပုံပေါ်ပြီး မျက်ခွံများကို ပင့်တင်လိုက်သည်။

"စန်းယွမ်နယ်မြေရဲ့ အထူးအဆင့်တစ်ယောက်အနေဖြင့် ထျန်ဟိုင်းမြို့တော်မှာ ကြီးကြပ်ရမယ်။"

"မဟုတ်ရင် ပရမ်းပတာဖြစ်ကုန်မယ် မဟုတ်ဘူးလား။"

"ဟုတ်ပါတယ်။" ထိုအချိန်တွင် မိုဟန် သတိကြီးကြီးထားနေလေသည်။

"သခင်ကြီးလင်း....ဒီလိုအချိန်မျိုးမှာ နှင်းလင်းယုန်နန်းတော်အနေနဲ့ ကျန်းဟဲအိမ်တော်ရဲ့ ခွဲတမ်းရနိုင်မလားလို့ မေးပါရစေ...။

All Chapters