← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

"ငါပြောပြီးပြီပဲ..နောက်ဒီလိုထပ်မဖြစ်စေနဲ့။ အပြာရောင်ကြိုးစည်း ၀တ်ထားသူက မျက်လုံးကိုမှိတ်ထားလျက် ပြောသေည်။

"ကျေးဇူးတင်ပါတယ်သခင်ကြီးလင်း...." မိုဟန်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ သူ့ရှေ့ကလူသည် မိုဟန်ကို အမှန်ပင် ထိတ်လိန့်စေသည်။ စန်းယွင်နယ်မြေတစ်ခွင်တွင် ထို့လူ့ကိုမကြောက်ရသူမှာလည်း အနည်းငယ်သာရှိပေ၏။

ဤလူသည် ထျန်ဟိုင်းမြို့တော်၏ အသန်မာဆုံးလူ လင်ချင်းရီဖြစ်ပေ၏။ မိုဟန်သည် ယခုတစ်ကြိမ် ထျန်ဟိုင်းမြို့မှ လာသောလူသည် သူဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ထိုလူသည် စန်းယွမ်နယ်မြေသခင်၏ယုံကြည်စိတ်ချရသောသူတစ်ယောက်ဖြစ်ပြီး ယုံကြည်ကိုးစားမှုကိုခံရကာ မြို့တော်အတွင်းတွင်ကြီးမားသောအာဏာကိုရယူထားသည်။ သူ၏ ခွန်အားမှာလည်း ထူးကဲလှပေ၏။ သူကိုယ်တိုင် အရေးယူခဲသော်လည်း လင်းချင်းရီ၏ ရှုံးပွဲကို တစ်ခါမှ မကြားဖူးသေးချေ။

မြို့ထဲသို့ဝင်လိုက်သည်နှင့် စီမာယန်သည် သူတို့လာမည်ကို သိထားပြီးဖြစ်သည်။ သို့သော် ယင်းသည် စီမာယန်အား ပို၍ပင် ထိတ်လန့်သွားစေသည်။

ထျန်ဟိုင်းမြို့တော်ကလူတွေက ဘာလို့ဒီလောက်စောရတာလဲ။ လီချန်ချင်း လွှတ်သည့်လူမှာ ရောက်မလာသေးသော်လည်း ထျန်ဟိုင်းမြို့တော်က လူများမှာ ရောက်နေပြီဖြစ်၏။ သူဘာလုပ်သင့်သနည်း။

ဒီလိုအခြေအနေမျိုးမှာ အထူးအဆင့်ကို ဘယ်မှာ သွားရှာရမှာလဲ။ စီမာယန်သည် သူ့ကိုယ်သူ ထိန်းပြီး ကျန်းဟဲအိမ်တော်အကြီးအကဲများကို ဦးဆောင်၍ သူ့အားနှုတ်ဆက်ရန်ကိုသာ လုပ်နိုင်တော့သည်။

ကျန်းပြည်နယ်၌ စီမာယန်သည် နတ်ဘုရားနှင့်တူသော်လည်း ထျန်ဟိုင်မြို့တော်ရှေ့တွင်မူ သူသည် ဘာကောင်မျှမဟုတ်ချေ။

ရွှေရထားလုံးရောက်လာသောအခါ စီမာယန်နှင့် ကျန်းဟဲအိမ်တော်မှ အကြီးအကဲများစွာတို့သည် တလေးတစား စောင့်ဆိုင်းနေကြလေသည်။ သို့သော်လည်း စီမာယန်သည် မိုဟန် ဦးစွာထွက်လာသည်ကို တွေ့လိုက်ရသည်။

"မင်းပဲ...." မိုဟန်ကို မြင်လိုက်ရသောအခါ စီမာယန်၏ မျက်နှာသည် ပြောင်းလဲသွားပြီး လူသတ်လိုစိတ်များ တဖွားဖွား ပြည့်နှက်လာပေ၏။ မိုဟန်ကြောင့်သာမဟုတ်လျှင် ယခုကဲ့သို့သော အဆုံးသတ်မျိုး မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သူ့ကို အရှက်မဲ့စွာ နောက်ကျောကို ဓားနှင့်ထိုးခဲ့သည် ထိုသူငယ်ချင်းဟောင်းကို စီမာယန် အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်မိသည်။

သို့ရာတွင်လည်း မိုဟန်က ဘာမှမဖြစ်ခဲ့သလို ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ ပြောလေ၏။ "ရောင်းရင်း စီမာ...ကျုပ်ပါ....ကျုပ်လည်း ဒီနေ့အလုပ်အားနေတော့ ကျန်းဟဲအိမ်တော်ရဲ့ ခွဲတမ်းယူဖို့ ဒီကိုရောက်နေတာပါ။"

"မင်း စက်ဆုပ်စရာကောင်းတဲ့ခွေး...ကျန်းဟဲအိမ်တော်က မင်းကို မကြိုဆိုဘူး.... ထွက်သွား...." စီမာယန်သည် အလွန်ဒေါသထွက်နေသော်လည်း သွားများကိုသာ အံကြိတ်ကာ မိုဟန်ကို ဘာမှမလုပ်ဘဲ ရပ်ကြည့်နေခဲ့ရသည်။

ဒဏ်ရာအပြင်းအထန်ရခဲ့၍လည်း ပြန်မတိုက်နိုင်ချေ။ထို့အပြင်...

"ဘာတွေရှုပ်နေတာလဲ။" ဤအခိုက်အတန့်တွင် ငြိမ်သက်နေသော အသံတစ်ခုသည် နွေဦးလေပြေကဲ့သို့ ထွက်ပေါ်လာပြီး စီမာယန်၏ စိုးရိမ်ကြောင့်ကျမှုများကို ချိုးနှိမ်လိုက်ကာ ရေအေးတစ်ပုံးမှ ခေါင်းမှ ခြေဖျားအထိ လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရလေ၏။

လင်းချင်းရီသည် ရထားပေါ်မှ ဆင်းလာပြီး တည်ငြိမ်သော မျက်လုံးများက စီမာယန်ကို စိုက်ကြည့်နေသည်။ သူရောက်လာသည်နှင့် ကမ္ဘာကြီးက ငြိမ်သက်သွားသကဲ့သို့ပင် ရှိလေ၏။

"လင်း...." ဧည့်သည်ကို မြင်လိုက်ရသောအခါ စီမာရန်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ လင်းချင်းရီ....သူ့အား 'တိမ်မဲဓားသွားစွမ်းအားရှင်'ဟု ခေါ်ကြလေသည်။

လင်းချင်းရီသည် နတ်စွမ်းအားလက်နက်စာရင်းတွင် အဆင့် ၁၃ ရှိသော တိမ်မဲဓားသွားကို ကိုင်ဆောင်ထားသည်။ စီမာယန်အနေဖြင့် ထျန်ဟိုင်းမြို့တော်မှ ထိုပုဂ္ဂိုလ်ကို စေလွှတ်လိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ဖူးပေ။

"သခင်ကြီးလင်းကို ဂါဝရပြုပါတယ်။" စီမာယန်နှင့် အခြားသူများသည် အရိုအသေပေးကြသည်။

"ဝင်ကြရအောင်။" လင်းချင်းရီသည် စီမာယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းဟဲအိမ်တော်ထဲသို့ လျှောက်သွားသည်။ စီမာယန်က လျင်မြန်စွာ နောက်ကလိုက်ကာ လမ်းကို ဦးဆောင်လိုက်သည်။

"သခင်စီမာ..." လင်းချင်းရီသည့် သူ့လက်များကို အင်္ကျီလက်ထဲ ထည့်လိုက်သည်။"မင်းရဲ့ဒဏ်ရာက တော်တော်ပြင်းထန်တယ်မဟုတ်လား။

"အဲ့ဒါက…” စီမာယန်လည်း ယင်းကို မဖုံးကွယ်နိုင်မှန်း သိသောကြောင့် အမှန်အတိုင်း ပြောပြရလေသည်။

"သခင်မို....မင်းက တကယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့တာပဲ။ လင်းချင်းရီသည် မိုဟန်ကို ထပ်မံ စိုက်ကြည့်လိုက်သည်။ ထိုစကားကို ကြားသောအခါ မိုဟန် အနည်းငယ် လန့်သွားပြီး ဘာပြန်ပြောရမှန်း မသိ။ဖြစ်သွားလေ၏။

"သခင်စီမာ....ကျုပ်ပြောပြပါရစေ...." လင်းချင်းရီသည် အေးအေးလူလူ အလည်အပတ်သွားနေသကဲ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေပေသည်။

"မင်းရဲ့ လက်ရှိ ပကတိအခြေအနေအရ မင်းဟာ တစ္တေနတ်ဆိုးစမ်းသပ်မှုကို သွားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုအတွက် ထျန်းဟိုင်မြို့တော်အနေနဲ့ မင်းရဲ့ ကျန်းဟဲအိမ်တော်က ပြီးပြည့်စုံတဲ့ မူလအဆင့်ကိုပဲ ထည့်တွက်ပေးနိုင်မယ်။ ဒါကြောင့် မင်းရဲ့ ကျန်းဟဲအိမ်တော်တပည့်နှစ်ကျိပ်ထဲက ငါးယောက်စာပဲ မင်းအတွက် နေရာပေးနိုင်မယ်။"

စီမာယန်နှင့် အကြီးအကဲများစွာ၏ မျက်နှာများ တင်းမာသွားသည်။

ငါးယောက်တည်းလား။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ဆယ်နှစ်တစ်ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ကြိမ်စီ ရရှိနိုင်သော ကောင်းမှုရမှတ်များသည် များပြားလှသည်။ လူဆယ့်ငါးယောက် လျှော့ချခြင်းသည် စည်းစိမ်ဥစ္စာများ သိသိသာသာ ဆုံးရှုံးသွားခြင်း ဖြစ်ပေ၏။

ထိုဆုံးရှုံးမှုမှာ အင်မတန် ပြင်းထန်လှပေ၏။

"ဒါ့အပြင် မင်းဆုံးရှုံးခဲ့ရတဲ့ ခွဲတမ်းဆယ့်ငါးခုထဲက ဆယ်ခုကို နှင်းလင်းယုန်နန်းတော်ဆီ ပေးအပ်မှာဖြစ်ပြီး ကျန်ငါးယောက်ကို တခြားတပ်ဖွဲ့တွေဆီ အညီအမျှ ခွဲဝေပေးသွားမှာပါ။"

လင်းချင်းရီက စီမာယန်အား ကြည့်ကာမေးသည်။

"ကန့်ကွက်စရာရှိလား" စီမာယန်၏ မျက်နှာသည် အလွန်အကျည်းတန်နေသော်လည်း မိုဟန်သည် အလွန်ပျော်နေခဲ့သည်။

ဆယ့်ငါးနေရာလုံး မရသော်လည်း ဆယ်နေရာရခဲ့သည်မှာ အင်မတန်ကောင်းပေ၏။

"သခင်ကြီးလင်းကို အစီရင်ခံချင်တာက ကျွန်တော်တို့ရဲ့ ကျန်းဟဲအိမ်တော်မှာ အထူးအဆင့်တစ်ယောက်ရှိပါတယ်။" စီမာယန် အံကြိတ်ကာ ကမန်းကတန်းပြောသည်။

" ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ကျန်းဟဲအိမ်တော်က မကြာသေးခင်ကမှ အထူးအဆင့်အကြီးအကဲတစ်ယောက်ကို ခေါ်ယူခဲ့ပါတယ်။ ဒီတစ်ခါ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ကျုပ်မသွားနိုင်ပေမယ့် အဲ့ဒီအကြီးအကဲက အဖွဲ့ကို ဦးဆောင်နိုင်မှာပါ။"

"ဟမ်..." လင်းကျင်းရီ မျက်ခုံးပင့်လိုက်သည်။ ကျန်းဟဲအိမ်တော်မှာ အကြီးအကဲတစ်ယောက်ရှိနေပြီလား။ ပြီးတော့ အထူးအဆင့်တစ်ယောက်တဲ့လား။ ဒီအကြောင်းကို ထျန်ဟိုင်းမြို့တော်က ဘာလို့ မသိခဲ့တာလဲ။

"သခင်ကြီးလင်းရှေ့မှာ လိမ်ညာတာဟာ နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား။"

မိုဟန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ကမ္ဘာပေါ်မှာ အထူးအဆင့်စွမ်းအားရှင်က အနည်းအကျဉ်းပဲ ရှိတာပဲ။မင်းရဲ့ ကျန်းဟဲအိမ်တော်က ဘယ်က အထူးအဆင့်စွမ်းအားရှင်အသစ်ကို ရခဲ့တာလဲ။ မင်းက ဟာသလည်း ပြောတတ်တာပဲနော်။"

"မိုဟန်..ငါသခင်ကြီးလင်းနဲ့စကားပြောနေတယ်။ မနှောက်ယှက်ပါနဲ့။" စီမာယန် ဒေါသတကြီး ဟစ်အော်လိုက်သည်။

"ကောင်းပြီ။" လင်းချင်းရီအခန်းထဲသို့ ၀င်သွားသည်။ ထို့နောက် နှစ်ယောက်သား ကမန်းကတန်း လိုက်သွားကြသည်။ ကုလားထိုင်ပေါ်တွင်ထိုင်နေသော လင်းချင်းရီသည် စီမာယန်ကို တစ်ချက်ကြည့်လိုက်သည်။

"တကယ်လို့ မင်းက အထူးအဆင့်အကြီးအကဲအသစ်တစ်ယောက်ကို ခေါ်ယူထားမယ်ဆိုရင်တော့ ပုံမှန်အတိုင်းပဲ သူက မင်းရဲ့ကျန်းဟဲအိမ်တော်အတွက် ကိုယ်စားပြုနိုင်ပါတယ်။"

"ကျေးဇူးတင်ပါတယ် သခင်ကြီးလင်း။" စီမာယန်က စိတ်လှုပ်ရှားစွာပြောသည်။

"ကောင်းပြီ...သူ့ကိုခေါ်လိုက်ပါ။" လင်းချင်းရီသည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။

“အဲ့ဒါ…” စီမာယန်စိတ်ပူပန်နေပြန်သည်။

"သူ့ကို မခေါ်ရဘူးလား" မိုဟန်က စီမာယန်ကို စိုက်ကြည့်ကာ ရယ်မောလေ၏။

"မင်းရဲ့ အကြီးအကဲက လူသူဝေးရာရောက်နေပြီး လောလောဆယ်တော့ ထွက်မလာနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်ကို သုံးမယ်လို့တော့ မပြောနဲ့နော်။" လင်းချင်းရီက ဘာမှပြန်မပြောဘဲ စီမာယန်၏ ရှင်းလင်းချက်ကို စောင့်နေပေ၏။

"ကျွန်တော်တို့ အကြီးအကဲက အလုပ်ကိစ္စနဲ့ထွက်သွားတာ ပြန်မလာသေးပေမယ့် မကြာခင်ပြန်လာတော့မှာပါ။" စီမာယန်က လင်းချင်းရီအား အမြန်ရှင်းပြသည်။

"ဟင်...." လင်းချင်းရီက ရိုးရှင်းစွာပင် တုံ့ပြန်လ၏။

"သခင်လင်း...ဒီလိုယုတ္တိမရှိတာတွေကို ယုံမှာလား။"

မိုဟန်က ကြားဖြတ်ပြောလေ၏။

"ဒါက ဆင်ခြေသပ်သပ်ဆိုတာ အသိသာကြီး။ အထူးအဆင့်စွမ်းအားရှင်အသစ်က ဘယ်ကလာမှာလဲ။ အထူးအဆင့်စွမ်းအားရှင်အသစ်တစ်ယောက်ရှိရင် သခင်ကြီးတို့ ထျန်ဟိုင်းမြို့တော်က အဲ့အကြောင်းကို သိရမှာ မဟုတ်ဘူးလား။"

"အထူးအဆင့်စွမ်းအားရှင်တစ်ယောက်ရှိခဲ့ရင် ကျုပ်တို့ ထျန်ဟိုင်းမြို့တော်က မင်းရဲ့ နှင်းလင်းယုန်နန်းတော်ကို အရင်သတင်းပို့ရမှာလား။" လင်းချင်းရီက မျက်လုံးပြူးပြီး မေးသည်။

"မဟုတ်ပါဘူး...မဝံ့ရဲပါဘူး။" မိုဟန်သည် စကားလွန်သွားသောကြောင့် လင်းချင်းရီ စိတ်ဆိုးနေမှန်းသိ၍ အမြန်နောက်ဆုတ်လိုက်သည်။

"ဒါဆို ကျုပ်ဒီမှာစောင့်နေမယ်။" လင်းချင်းရီက သူ့ကုလားထိုင်ကို မှီပြီးထိုက်လိုက်သည်။ "မင်းတို့ ကျန်းဟဲအိမ်တော်က နေ့လည်စာ တည်ခင်းဧည့်ခံမယ်မဟုတ်လား။"

"ကျန်းကျူမှာ ကျန်းကျူကြက်သားဟင်းက အရသာရှိတယ်လို့ ကျုပ်ကြားဖူးတယ်။" လင်းချင်းရီသည် စီမာယန်ကို စိုက်ကြည့်ကာ မေးသည်။

"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ။" စီမာယန်က လျင်မြန်စွာ ပြန်ဖြေလေ၏။ "ကျွန်တော်ဝယ်ဖို့ တစ်ယောက်ယောက်ကို ချက်ခြင်းခိုင်းလိုက်ပါ့မယ်။ နေ့လည်စာအတွက် တစ်ခုခုစားချင်တာရှိလည်းပြောပါ စီစဉ်ပေးပါမယ်။"

"ကျန်တာတော့ မင်းသဘောကွာ။ ငါသောက်တော့မသောက်ဘူး။" လင်းချင်းရီက သမ်းဝေပြီးပြောသည်။

"မနက်စောစောကတည်းက ငါက အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေကနေ အပြေးအလွှားလာခဲ့ရတာ။ ငါနည်းနည်းပင်ပန်းနေပြီ။ တစ်ရေးတစ်မော အိပ်လိုက်ဦးမယ်။ စားဖို့အဆင်သင့်ဖြစ်ရင် ငါ့ကိုနှိုးလိုက်။ ငါနေ့လည်ကျ ထျန်ဟိုင်းမြို့တော်ကို ပြန်ရဦးမယ်။ နေ့ခင်းဘက်မှ မင်းရဲ့အကြီးအကဲက ပြန်မလာသေးဘူးဆိုရင် ငါလည်းမင်းကို မကယ်နိုင်တော့ဘူး။"

"သေချာတာပေါ့၊ သေချာတယ်။" စီမာယန်က လျင်မြန်စွာ တုံ့ပြန်သည်။ "သခင်ကြီး အနားယူဖို့ အခန်းစီစဉ်ပေးပါ့မယ်။"

"မလိုပါဘူး။ ငါဒီမှာပဲ တစ်ရေးတစ်မော အိပ်လိုက်မယ်။ အခန်းထဲမှာ မအိပ်နိုင်ဘူး။" လင်းချင်းရီစကားဆုံးသောအခါ ကြောင်တစ်ကောင်ကဲ့သို့ ကုလားထိုင်ပေါ်မှာ ပက်လက်လှန်ပြီး အိပ်ပျော်သွားလေ၏။

"ငါလည်းလည်း ဒီမှာထိုင်ပြီး ကျန်းဟဲအိမ်တော်ရဲ့ အကြီးအကဲအသစ်က ဘယ်သူလဲဆိုတာ စောင့်ကြည့်မယ်။" မိုဟန်သည် ရဲရင့်သော ကိုယ်ဟန်အနေအထားဖြင့် ထိုင်လိုက်သည်။

စီမာယန်သည် မိုဟန်ကို အမှန်တကယ် နှင်ထုတ်ချင်ခဲ့သော်လည်း ယခုအချိန်တွင် သူလျစ်လျူရှုထားရလေသည်။

လီချန်ချင်းပြောသည့်လူသာ မလာခဲ့လျှင် အမှန်ပင် အဆုံးသတ်ပြီ ဖြစ်၏။

ထိုအချိန်မှာပင် ကျန်းကျူမြို့သို့ လီချန်ချင်း ရောက်ရှိလာပြီးဖြစ်သည်။ စည်ကားသော ပိုင်ဟန်မြို့နှင့် နှိုင်းယှဉ်ပါက ကျန်းကျူမြို့သည် မနိမ့်ကျသော်လည်း လီချန်ချင်းအား သက်ဝင်ခံစားသည့်ခံစားချက်ကို ပေးစွမ်းလေ၏။

ရောက်ရှိပြီးနောက် လီချန်ချင်းသည် ကျန်းဟဲအိမ်တော်သို့ အလျင်စလိုမသွားဘဲ ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖွင့်ရန် သင့်တော်မည့်နေရာကို သိနိုင်ရန် လမ်းများတစ်လျှောက် လမ်းလျှောက်ခဲ့သည်။

ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကို သေချာပေါက် တည်ထောင်တော့မည် ဖြစ်ပြီး တည်နေရာမှာ အလွန်အရေးကြီးပေ၏။

"ကောင်းလိုက်တဲ့ ရနံ့ပဲ။" လီချန်ချင်းသည် ရုတ်တရက် အနံ့တစ်ခုရသွားပြီး အဝေးက ဆိုင်တစ်ဆိုင်ရှေ့မှာ လူများစီတန်းနေသည်ကို တွေ့လိုက်ရသည်။

လီချန်ချင်းသွားကြည့်သောအခါ ကျန်းကျူကြက်သားအမွေးနုတ်ရောင်းသောဆိုင်ဖြစ်၏။ ဆိုင်တွင် ကျန်းကျူကြက်သားအမွေးနုတ်ဟူသော စာလုံးကြီးလေးလုံးပါရှိသည်။

လီချန်ချင်းမှာ တာကျောင်မြို့သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရလေ၏။ သို့သော် အရသာမှာ အင်မတန် စစ်မှန်ပေ၏။ လီချန်ချင်းလည်း တစ်ကောင်စမ်းစားကြည့်ရန် တန်းစီနေခဲသည်။

အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် လီချန်ချင်းအလှည့်ရောက်သောအခါတွင် နှစ်ကောင်သာကျန်တော့သည်။ လီချန်ချင်းသည် နှစ်ကောင်စလုံးကို ဝယ်လိုက်ပြီး သူ့အတွက် တစ်ကောင်နှင့် ကျန်းစစ်ယောင်အတွက် တစ်ကောင်ပြန်ယူသွားရန် ဝယ်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းစစ်ယောင်မှာ ကြက်သားကြိုက်ပေ၏။ ခဏအကြာတွင် ဆိုင်ပိတ်တော့မည်ဖြစ်သည်။

သူတို့စီးပွားရေးမှာ အလွန်ကောင်းသောကြောင့် အားလုံးရောင်းကုန်၍ အိမ်ပြန်ရပေတော့မည်။

"ဆိုင်ရှင်...." ထိုအချိန်တွင် ကျန်းဟဲအိမ်တော်မှ တပည့်များစွာသည် အမွေးနုတ်ကြက်ကသားဝယ်ရန် ပြေးလာကြသည်။ သို့သော် အမွေးနုတ်ကြက်သား မရှိတော့ကြောင်း သိလိုက်သောအခါ တပည့်များ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။

ထိုအရာကိုစားချင်သူမှာ ထျန်ဟိုင်းမြို့မှ ကျွမ်းကျင်သူဖြစ်သည်။ အခု ကုန်သွားပြီးဖြစ်သောကြောင့် သူတို့ဘာလုပ်သင့်သနည်း။ နောက်တစ်သုတ်ရောင်းရန်မှာလည်း နောက်ကျနေပြီဖြစ်သည်။

အခြားသူများ လမ်းဘေးတွင် ကျားကစားရင်း အမွေးနုတ်ကြက်သားအား အပြီးသတ်နေသည်ကို ကြည့်ပြီး ကြက်သားအရသာမှာ ကောင်းသော်လည်း ၎င်း၏ယခင်ဘဝက တာကျောင် ကြက်သားအမွေးနုတ်ကို မီရန် လိုသေးသည်ဟု လီချန်ချင်းတွေးမိသည်။

သို့သော် လီချန်ချင်းသည် အခြားသူများထံမှ ကြက်သားအမွေးနုတ်လုပ်ငန်းကို ခိုးယူရန် အစီအစဉ်မရှိခဲ့ဘဲ အခြားသူများ အသက်ရှင်နေထိုင်ရန်အတွက် ကဏ္ဍအချို့ကို ချန်ထားပေးခဲ့သည်။

သို့သော်လည်း လီချန်ချင်းသည် မီနူးကို ကြွယ်ဝစေရန် အခြားအရသာများ ပြုလုပ်ရန်အတွက် စဉ်းစားနေခဲ့သည်။ ထိုစဉ် ကျန်းဟဲအိမ်တော်မှတပည့်များ ပြန်လာ၍ ကြက်သားအမွေးနုတ်မှာ ရောင်းကုန်သွားကြောင်း သတင်းပို့သည်။

စီမာယန်တစ်ယောက် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရလေ၏။ အကြီးအကဲလည်းမရှိ၊ ကြက်သားလည်းမရှိ၊ ဤသည်မှာ ကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်လေ၏။

လင်းချင်းရီအား သူမည်သို့ ရှင်းပြရမည်နည်း။

"ထမင်းအဆင်သင့်ဖြစ်ပြီလား" ထိုအချိန်တွင် လင်းချင်းရီ၏ ပျင်းရိရီအသံသည် အတွင်းမှ ထွက်ပေါ်လာသည်။ လင်းချင်းရီ နိုးလာပြီဖြစ်၏။

"သခင်ကြီးလင်း..." စီမာယန် အလောတကြီးဝင်လာလေသည်။

"အဆင်သင့်ဖြစ်လုနီးပါးပါပဲ။ သခင်ကြီးအတွက် ကျန်းကျူရဲ့ အကောင်းဆုံးဟင်းပွဲတော်တော်များများကို ကျွန်တော်ပြင်ဆင်ပြီးပါပြီ။" "ကြက်သားရော ဝယ်ပြီးပြီလား။" လင်းချင်းရီက မတ်တပ်ထရပ်ပြီး သူ့လက်များကို အင်္ကျီလက်ထဲ ထည့်ထားလျက် မေးသည်။

"ဟုတ်ကဲ့.." စီမာယန်က ကြောက်လန့်တကြား ပြန်ဖြေလေသည်။ "ဒီနေ့ ကြက်သားအမွေးနုတ်က ကုန်သွားပါပြီ။ မနက်ဖြန်မှ ပြန်ရင်ရောဟင်။ မနက်ကျရင် ရအောင် ဝယ်ပေးပါမယ်။"

"မင်းရဲ့ အကြီးအကဲ ပြန်လာပြီလား" လင်းချင်းရီက ထပ်မေးသည်။

"ဟို..." စီမာယန်မှာ ပြောစရာစကားပျောက်ဆုံးလုနီးပါး ဖြစ်သွားလေ၏။

"ငါနားလည်ပြီ။" လင်းချင်းရီက လည်ပင်းကို ဆန့်တန်းလိုက်သည်။

"ဒါဆို ငါ မစားတော့ဘူး။ ငါထျန်ဟိုင်းမြို့ကို ပြန်တော့မယ်။ ကျန်းဟဲအိမ်တော်မှာ အကြီးအကဲအသစ်တစ်ယောက်မှ မရှိတဲ့အတွက် မင်းရဲ့ နေရာကို ဆယ့်ငါးနေရာထိ ခွဲဝေပေးရမယ်။ ဒီနှစ် ကျန်းဟဲအိမ်တော်က တပည့်ငါးယောက်စာပဲ ပြင်ဆင်ဖို့လိုတယ်။"

"နှင်းလင်းယုန် နန်းတော်သခင်...မင်းအတွက် နေရာဆယ်ခုယူလိုက်ပါ။" လင်းချင်းရီက နောက်ပြန်လှည့်ပြီး မိုဟန်ကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ သခင်ကြီးလင်း..." မိုဟန်သည် အလွန်ဝမ်းသာသွားသည်။

စီမာယန်မှာ လုံးလုံးစိတ်ပျက်သွားလေ၏။

"ကျန်းဟဲအိမ်တော်က ကျွန်တော်တို့အကြီးအကဲ မကြာခင် ပြန်လာတော့မှာပါ။ ခဏလောက်စောင့်ပေးပါဦး။" မူလအဆင့် အထွတ်အထိပ်စွမ်းအားရှင်ဟူသော ဂုဏ်ပုဒ်နှင့်စီမာယန်မှာ မျက်ရည်များကျလုနီးပါးပင် ဖြစ်နေလေ၏။

"နောက်ကျနေပြီ။" လင်းချင်းရီသည် ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် အမှောင်ရိပ်တစ်ခု ဝင်လာပြီး လင်းကျင်းရီဆီသို့ ဦးတည်လာလေသည်။

"ပုန်းကွယ် လက်နက်...." မိုဟန်နှင့် အခြားသူများ အံ့သြသွားကြသည်။ တစ်ယောက်ယောက်က လင်းချင်းရီကို တိုက်ခိုက်နေတာလား။ ဒါက ကိုယ့်သေတွင်းကို တူးတာမဟုတ်ဘူးလား။

လင်းချင်းရီသည် လက်ကိုဆန့်တန်းကာ ပုန်းကွယ်လက်နက်ကို တိုက်ရိုက် ဆွဲယူလိုက်သ်ည။

"မိတ်ဆွေ...။ မင်းက အသစ်လေးလား။ ဒီလို ပုန်းကွယ်လက်နက်နဲ့ လူတွေကို တိုက်ခိုက်နေတာလား.." သူပြောနေစဥ်မှာပဲ လင်းချင်းရီသည် နှာခေါင်းကို ရှုံ့ကာ သူ့လက်ကို ကြည့်လိုက်သည်။ သူကိုင်ထားသည့်အရာမှာ အမွေးနုတ်ကြက်သားဖြစ်လေ၏။

"ခင်ဗျား အမွေးနုတ်ကြက်သား စားချင်နေတာမဟုတ်လား။ ကျုပ်ယူလာပြီ။ ဒီကိုရောက်နေပြီးမှတော့ ပြန်ဖို့ အလျင်လိုမနေနဲ့ပါနဲ့။ ခင်ဗျားဗိုက်ဆာဆာနဲ့ ပြန်သွားရတာကိုသာ စန်းယွမ်နယ်မြေသခင်သိရင် ကျုပ်တို့ ကျန်းဟဲအိမ်တော်က ဧည့်သည်တွေကို ဧည့်ဝတ်မကျေဘူးလို့ ထင်နေလိမ့်မယ်။" ထိုစကားလုံးများကို ပြောပြီးသည်နှင့် လီချန်ချင်းသည် အိမ်တော်တွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်။

လီချန်ချင်းသည် အပြင်တွင် ၎င်းတို့၏ ပြောဆိုမှုများကို ကြားနေရသည်။ အတွင်းသို့ ဝင်လာသည့် လူသစ်ကို မြင်လိုက်ရသောအခါ အားလုံး အံ့ဩသွားကြသည်။

စီမာယန်က ပို၍ပင် အံ့အားသင့်သွားလေသည်။ အဲ့လူက ဘယ်သူလဲ။ သူက မျက်နှာဖုံးတပ်ထားတယ်။ သူဘယ်လိုဝင်လာတာလဲ။ သူက ကြက်သားဆိုင်က အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့သူလား။

"အရသာက မဆိုးပါဘူး။" လင်းချင်းရီသည် သူ့ရှေ့ကလူက မည်သူဖြစ်သူကို ဂရုမစိုက်သကဲ့သို့ လှည့်ကြည့်ကာ ထိုင်ချလိုက်ပြီး ကြက်ခြေထောက်ကို စားလေတော့သည်။

"အကြီးအကဲစီမာ...ကျုပ်အလုပ်ပြီးလို့ ပြန်လာတာပါ။" လီချန်ချင်းသည် သူ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော စီမာယန်အား ဤနည်းဖြင့်သာ သတိပေးနိုင်သည်။

လီချန်ချင်းသည် ထျန်ဟိုင်းမြို့မှလူများ ဤမျှ အစောတကြီးရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ သုံးရက်လို့ ပြောခဲ့တာမဟုတ်လား။ သုံးရက်မပြည့်ခင် ဘယ်လိုရောက်လာတာလဲ။

"အော်..." စီမာယန် နားလည်သွားပုံ ရလေသည်။ "မင်းပြန်လာတာ ကောင်းပါတယ်။ သခင်ကြီးလင်းက စောင့်နေတာကြာပြီ။"

မိုဟန်သည် ဤလျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးစွပ်လူကို ကြည့်ပြီး စိတ်ရှုပ်သွားသည်။ ဒါဘယ်သူလဲ....

"အကြီးအကဲစီမာ....သူက ဘယ်သူလဲ။ မင်းပြောတဲ့ အထူးအဆင့် အကြီးအကဲဆိုတာလား။"

မိုဟန်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းကြုံရာကျပန်းရှာတွေ့ထားတဲ့ ဘယ်သူ့ကိုမဆို အထူးအဆင့်ယောင်ဆောင်လို့ရမလားကွ။"

"မိုဟန်....မင်းရဲ့ ခွေးပါးစပ်ကို ပိတ်ထားရင် ပိုကောင်းမယ်။ ငါတို့ကျန်းဟဲအိမ်တော် အကြီးအကဲရွေးချယ်တာက မင်းနဲ့ ဘာမှမဆိုင်ဘူး။" စီမာယန်သည် မိုဟန်ကို စိုက်ကြည့်နေသည်။

"ငါကလည်း ဂရုစိုက်မနေပါဘူးကွာ။ ဒါပေမယ့် သခင်လင်းကို လှည့်စားဖို့ ရှာထားတာဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးနော်။" မိုဟန်က လီချန်ချင်းအား စိုက်ကြည့်နေလေသည်။ "အကြီးအကဲ စီမာ...မင်းက ဒီလူရဲ့ နောက်ခံအကြောင်း ငါတို့ကို မိတ်ဆက်ပေးမယ်မလား။"

"ဟမ်...." စီမာယန် အံ့အားသင့်သွားသည်။ သူ့ကို မိတ်ဆက်ပေးရမည်မှာ အမှန်ပင် သင့်လျော်ပေသည်။ သို့သော် သူ့ရှေ့ရှိ လီချန်ချင်းကို ကြည့်ပြီး စီမာယန်လည်း စိတ်ရှုပ်ထွေးနေလေသည်။

ဒီလူက ဘယ်သူလဲ။ ချင်းလဲ့ဓားသခင်အကြောင်း မကြာသေးမီက လူတော်တော်များများ သိကြသော်လည်း ချင်းလဲ့ဓားသခင်ကို မြင်ဖူးသူ အနည်းငယ်သာ ရှိသေးသည်။ စီမာယန်သည် သူ့ရှေ့ရှိလူ၏ဇာစ်မြစ်ကို မသိခဲ့ပေ။

သူ့ကို ဘယ်လို မိတ်ဆက်ပေးမလဲ။ ယခုအချိန်၌ လီချန်ချင်းသည် စီမာယန်သူ့အား မည်သူမှန်းမသိဖြစ်နေပြီး သူဇာတ်မြစ်ကိုထုတ်ဖော်ပြောရမည့် အခြေအနေမှ ကယ်တင်ရန် သူ့ကိုယ်သူ မိတ်ဆက်လိုသည်။

"မိတ်ဆက်စရာ မလိုပါဘူး။" ကြက်ခြေထောက်စားနေသည့် လင်းချင်းရီက ဝင်ပြောသည်။ "ချင်းလဲ့ဓားသခင် လီထိုက်ဖူ....ငါသိတယ်။"

"ဘာ..."

"သူက ချင်းလဲ့ဓားသခင်ပဲ။" မိုဟန်နှင့် စီမာယန်တို့ နှစ်ယောက်စလုံး တစ်ချိန်တည်း အံ့သြသွားကြသည်။ သူတို့ရှေ့ကလူက မကြာသေးခင်ကမှ ကျောက်ပိုင်မင်ကို အနိုင်ယူပြီး ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို တစ်ယောက်တည်း ထိန်းချုပ်ခဲ့တဲ့ ချင်းလဲ့ဓားသခင်ဆိုတာလား။

သူတို့၏ တုံ့ပြန်မှုများကြောင့် လင်းကျင်းရီ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ မိုဟန် အံ့သြသွားသည်ကို နားလည်သည်။ သို့သော် စီမာယန်ကမူ အဘယ်ကြောင့် အံ့ဩသွားရပါသနည်း။

အဲ့တာ မင်းရဲ့အကြီးအကဲမဟုတ်ဘူးလား။ ဘာလို့ အခုမှ တွေ့ဖူးသလိုမျိုး ဖြစ်နေတာလဲ။

"အဟမ်း...အဟမ်း..." စီမာယန်ကိုယ်တိုင်လည်း စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားပုံကို သတိပြုမိသည်။ သူ့အမူအရာကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း သူ့နှလုံးသားက ကမောက်ကမ ဖြစ်နေပေ၏။

ချင်းလဲ့ဓားဘုရင်...။ လီချန်ချင်းက ဘယ်သူများလဲ။ သူက ချင်းလဲ့ဓားသခင်ကို တကယ်ကြီးဖိတ်ကြားထားတာပဲ။ သူတို့ရဲ့ဆက်ဆံရေးကဘာလဲ။

ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီရဲ့နောက်ကွယ်က ကြီးမားတဲ့ ရိုက်ချက်က ချင်းလဲ့ဓားသခင်များလား။ လျှို့ဝှက်ဆန်းကြယ်သော ချင်းလဲ့ဓားသခင်သည် သူဘယ်ကလာသည်ကို မည်သူ့ကိုမျှ အသိမပေးဘဲ စန်းယွမ်နယ်မြေကို ရောက်လာလေ၏။

သို့ရာတွင် သူ့ခွန်အားမှာလည်း သံသယဝင်ဖွယ်မရှိချေ။ အကယ်၍ ဤလူသည်သာ ကျန်းဟဲအိမ်တော်၏ အကြီးအကဲ တကယ်များဖြစ်လိုက်လျှင် မည်မျှ ကြီးမြတ်လိုက်မည်နည်း။

ကျန်းဟဲအိမ်တော်သည် ရှေးဟောင်းတာအိုတောင်တန်းမြေနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။ လီချန်ချင်းသည် ကြက်သားစားနေသော လင်းချင်းရီကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။

လင်းချင်းရီက သူ့အား လျှို့ဝှက်နက်နဲသောခံစားချက်များကို ပေးလေ၏။

"အကြီးအကဲလီ...ဒါကထျန်ဟိုင်းမြို့တော်က သခင်ကြီးလင်းပါ။" စီမာယန်က လီချန်ချင်းကို မိတ်ဆက်ပေးသည်။

လင်းချန်ချင်းက ခေါင်းညိတ်လိုက်ပြီး လင်းချင်းရီ၏ ဘေးတွင် ထိုင်လိုက်လေ၏။ လင်းချင်းရီ အလွန်အရသာရှိစွာ စားသောက်နေသည်ကို မြင်ပြီး သူသည် အစားအသောက်တင်ဆက်သူ ဖြစ်လာနိုင်သည်ဟု တွေးမိသည်။

လီချန်ချင်း မေးလိုက်သည်။ "အရသာရှိရဲ့လား။"

"မဆိုးပါဘူး။ ထျန်ဟိုင်းမြို့ကဟာထက် ပိုကောင်းတယ်။" လီချင်းရီက လီချန်ချင်းကို ကြည့်ပြီး ပြန်ဖြေလေသည်။

"ဒါပေမယ့် ဒီကြက်သားထက် ငါမင်းကို ပိုစိတ်ဝင်စားတယ်။ ငါတို့ ထျန်ဟိုင်းမြို့တော်တောင်မှ နတ်ဘုရားဆန်ဆန်မင်းက ဘယ်ကပေါ်လာမှန်းမသိဘူး။စိတ်မရှိဘူးဆို ငါကြည့်နိုင်အောင် မင်းမျက်နှာဖုံးကို ချွတ်ပေးပါ့လား။"

"မရပါဘူးဗျာ.."

"ဒါဆိုလည်း ကောင်းပါပြီ။" လီချန်ချင်း၏ ကန့်ကွက်စကားတစ်ခွန်းဖြင့် လင်းချင်းရီက ဆက်မမေးတော့ပေ။ ထို့နောက် လင်းချင်းရီက စီမာယန်ကို လှမ်းကြည့်လိုက်သည်။"မင်းရဲ့အိမ်တော်မှာ အဖွဲ့ကိုဦးဆောင်မယ့် အထူးအဆင့်တစ်ယောက်ရှိတာကြောင့် မင်းရဲ့ခွဲတမ်းက ပုံမှန်အတိုင်း ဖြစ်သွားပြီ။"

All Chapters