အခန်း (၁၄၉)
Vol. 15 Ch. 149
"ကျေးဇူးတင်ပါတယ် သခင်ကြီးလင်း..." စီမာယန် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျမိလေသည်။ သို့သော် ယခုအချိန်တွင် မိုဟန်သည် အနည်းငယ် စိုးရိမ်ကြောင့်ကြနမိသည်။ သူ့လက်ထဲမှာရှိသည့် ခွဲတမ်းက အဘယ်ကြောင့် ရုတ်တရတ် လွတ်ကျသွားရပါသနည်း။
ချင်းလဲ့ဓားသခင်က ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာတာလဲ။"
"သခင်ကြီးလင်း..." မိုဟန်သည် ဤအချိန်တွင် ရှေ့သို့ တိုးကာ အရိုအသေပြုလေသည်။
"ကျွန်တော်တော့ တစ်ခုခု လွဲချော်နေတယ်လို့ ထင်မိသည်။ သခင်ကြီးလင်းလည်း စူးစမ်းဆင်ခြင်မိမယ်လို့ ထင်ပါတယ်။"
"လွဲချော်နေတာလား။" လင်းကျင်းရီက သူ့လက်ထဲက ကြက်ရိုးတစ်ချောင်းကို အနီးနားက စားပွဲတစ်ခုပေါ် ပစ်ချလိုက်လေသည်။
"လွဲချော်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ နားထောင်ကြည့်ရအောင်။"
"မိုဟန်....ယုတ္တိမရှိတဲ့စကားတွေ တော်လိုက်တော့။ ငါတို့နဲ့ သခင်လင်းကြား သဘောထားကွဲလွဲအောင်လုပ်ဖို့ ကြိုးစားနေတာလား။"
စီမာယန်သည် မိုဟန်ကို အံကြိတ်ကာ စိုက်ကြည့်နေသည်။ မိုဟန်သည် စီမာယန်၏ လူသတ်စာရင်းတွင် အမှတ်ခံရပြီးသား ဖြစ်၏။
စီမာယန်သည် အခွင့်ရသည်နှင့် မိုဟန်အား အသေသတ်မည် ဖြစ်သည်။
"ဘာလဲ။ မင်းက မလုံမလဲဖြစ်နေတာလား။" မိုဟန် စကားဆုံးပြီးနောက် သူ့ထံမှ လီချန်ချင်းထံမှ တစ်ခုခုရိပ်စားမိနိုင်ရန် ကြိုးစားနေသကဲ့သို့ စေ့စေ့စပ်စပ်ကြည့်နေလေ၏။
"ချင်းလဲ့ဓားသခင်ဆိုတာ ဘယ်သူလဲ။ သူက ကျန်းဟဲအိမ်တော်ရဲ့သဘောနဲ့တင် ရှာဖွေစုဆောင်းထားတဲ့သူမဟုတ်လား။ မင်းရဲ့ ကျန်းဟဲအိမ်တော်နဲ့ ထိုက်ရောထိုက်တန်ရဲ့လား။ ဒီလို အင်အားကြီးတဲ့ ပုဂ္ဂိုလ်က အမှန်တကယ် အခြေချနေထိုင်ဖို့ နေရာရှာချင်တယ်ဆိုရင် အင်အားများစွာ တိုးချဲ့ပေးရမှာမဟုတ်လား။ မင်းတို့ ကျန်းဟဲအိမ်တော်ရဲ့ လှည့်ကွက်မဟုတ်လား။"
"သခင်ကြီးလင်း...ကျွန်တော့်အမြင်အရ ဒီလူဟာ အယောင်ဆောင်ဖြစ်ရမယ်။ ချင်းလဲ့ဓားသခင်ဟာ မျက်နှာဖုံးဝတ်ဆင်သူဖြစ်တာကြောင့် သူ့မျက်နှာအစစ်ကို ဘယ်သူမှ မမြင်ဖူးဘူး။ ဒါကြောင့် ဒီစီမာယန်ဟာ ချင်းလဲ့ဓားသခင် အယောင်ဆောင်ဖို့ လူအတုကို ရှာခဲ့တာပဲ။ သခင်ကြီးလင်းကို လှည့်ဖြားဖို့အတွက် ဒီလူရဲ့ အကြံအစည်ကို ရှုံ့ချမိပါတယ်။"
"ကျွန်တော့်အမြင်အရတော့ ကျန်းဟဲအိမ်တော်ကို ဒီလိုအပြုအမူအတွက် ခွဲတမ်းတစ်ခုတည်း မပေးသင့်ပါဘူး..." မိုဟန်က သူ့သံသယများကို အဆက်မပြတ်ပြောနေခဲ့လေ၏။
သို့သော် မိုဟန် အံ့အားသင့်သွားသည်မှာ သူစကားမဆုံးမီတွင် ဓားသွားသံများ ပြင်းထန်စွာ မြည်လာသည်ကို ကြားလိုက်ရသည်။တစ်ချိန်တည်းမှာပင် အံ့သြဖွယ်ကောင်းသော ဓားသွားများသည် တောရိုင်းလေပွေကဲ့သို့ ဖြတ်ကျော်သွားကြလေ၏
ဓားသေတ္တာကို ကျယ်ကျယ်ဖွင့်လိုက်သည်နှင့် နတ်စွမ်းအားလက်နက်ခုနစ်လက်သည် တဝီဝီမြည်ပြီး တုန်ရီလာကြသည်။ အဆုံးစွန်သော ဓားသွားရောင်ပြန်များ၏ တောက်ပမှုနှင့်အတူ လီချန်ချင်းသည် ဓားသေတ္တာကို ကိုင်ဆောင်ကာ မိုဟန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။
ထိုအချိန်တွင် လင်းချင်းရီသည် ကြက်ခေါင်းကို စိတ်ရှည်လက်ရှည် ကိုက်နေသည်။ ထို့နောက် လင်းချီရီမှာ ဓားခုနစ်လက်ကို တစ်ချက်ကြည့်လိုက်လေ၏။
"ဆက်ပြောနေစရာ မလိုတော့ဘူးထင်တယ်။"
လူတစ်ယောက်နေရာကိုသာ အယောင်ဆောင်လို့ရမယ်။ ဓားခုနစ်ချောင်းကို အယောင်ဆောင်လို့ မရဘူးမလား။ နတ်စွမ်းအားလက်နက် ခုနစ်လက်စလုံးကို ဤနေရာတွင် ချထားလေသည်။ မည်သူမဆို ၎င်းတို့သည် အတုအယောင်များဟု ဆိုနေကြသေးလျှင် ယင်းသည် ဗြောင်လိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤနတ်ခုနစ်လက်ကိုမြင်လိုက်ရသောအခါ စီမာယန်လည်း အလွန်တုန်လှုပ်သွားလေသည်။ တစ်ချက်မှာ ချင်းလဲ့ဓားခုနစ်ချောင်းကို ပထမဆုံးအကြိမ်မြင်ဖူးသောကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ ၎င်းတို့၏စွမ်းအားကို အံ့အားသင့်မိသောကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချင်းလဲ့ဓားသခင်သည် အယောင်ဆောင်သူဖြစ်ကြောင်း မိုဟန်က အခိုင်အမာဆိုသောအခါ စီမာယန်လည်း ထိတ်လန့်သွားပြီး ထိုအဆိုပြုချက်သည် အမှန်ပင်ဖြစ်နိုင်သည်ဟု တွေးတောမိသည်။
ချင်းလဲ့ဓားသခင်က ကျန်းဟဲအိမ်တော်ကို ဘယ်လိုလုပ် ရောက်လာနိုင်စရာအကြောင်း ရှိပါ့မလဲ။ လီချန်ချင်းက သူ့ဂုဏ်သိက္ခာကိုမြှင့်တင်ဖို့အတွက် ချင်းလဲ့ဓားသခင် အယောင်ဆောင်ဖို့ တစ်ယောက်ယောက်ကို ရှာပြီး လွှတ်လိုက်တာလား။
သို့ရာတွင် ချင်းလဲ့ဓားခုနစ်လက်ပေါ်လာသောအခါ စီမာယန်သည် လုံးဝစိတ်ချသွားသည်။
"နှင်းလင်းယုန်နန်းတော်သခင်။ ခင်ဗျားက ကျုပ်ကို အတုအယောင်လို့ ပြောနေတာပဲ။ ခင်ဗျားရဲ့ စိတ်ပူပန်မှုတွေ လျော့ကျသွားအောင် ကျုပ်တို့ စီးချင်းထိုးကြည့်မယ်ဆိုရင်ရော...."
လီချန်ချင်းသည် သူ့လက်ချောင်းကို ရွှေ့လိုက်ရာ ကျန်းလန်ဓားသည် ချက်ချင်း လွင့်ပျံသွားပြီး ၎င်း၏အစွန်အဖျားသည် မိုဟန်ကို တိုက်ရိုက်ချိန်ရွယ်နေသည်။ အခြားသော ဓားခြောက်ချောင်းသည်လည်း အချိန်မရွေး ပျံထွက်သွားပြီး ဖျက်ဆီးပစ်ရန် အသင့်ဖြစ်ပုံရပေ၏။
မိုဟန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ မိုဟန်က လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး ကမန်းကတန်း အရိုအသေပေးသေလည်။
"ချင်းလဲ့ ဓားသခင်...ကျုပ်အရင်က ပြစ်မှားမိတဲ့အတွက် တောင်းပန်ပါတယ်။ ဓားသခင်အနေနဲ့ ကျုပ်ကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"
"စမ်းမကြည့်ချင်တာ သေချာရဲ့လား။" လီချန်ချင်းက မေးလိုက်သည်။ "ချင်းလဲ့ဓားခုနစ်ချောင်းလုံးကို မသုံးဘဲ မင်းကို တိုက်ပေးမှာပါ။ ဒါကြောင့် မင်းကိုအနိုင်ကျင့်ရာလည်း မရောက်ပါဘူး။"
"ချင်းလဲ့ဓားသခင်က နောက်နေတာဘဲ။ ချင်းလဲ့ဓားခုနစ်ချောင်းကို အသုံးမပြုရင်တောင် ခင်ဗျားနဲ့ မယှဉ်နိုင်ပါဘူးဗျာ။"
"အခု ကျန်းဟဲအိမ်တော်မှာ ချင်းလဲ့ဓားသခင်လည်း ရှိနေပြီဆိုတော့ ကျုပ်ဆက်မနေတော့ပါဘူး။ ကျုပ်ပြန်ပါတော့မယ်။"
"သခင်ကြီးလင်း...သွားခွင့်ပြုပါဦး။" ခွဲတမ်းရရန် မျှော်လင့်ချက်မရှိမှန်းသိသဖြင့် မိုဟန်သည် အမြန်ထွက်သွားသည်။
"ထွက်သွား...."ဒေါသတကြီးအော်လိုက်သည်။
"ငါသွားပါပြီကွာ...သွားပါပြီ." ထိုအချိန်တွင် မိုဟန်သည် စီမာရန်ရှေ့တွင် သူ၏ယုံကြည်မှုအားလုံးကို ဆုံးရှုံးသွားခဲ့သည်။ ကျန်းဟဲအိမ်တော်သို့ အကြီးအကဲတစ်ဦးထပ်တိုးလာပြီး ထိုအကြီးအကဲမှာ ချင်းလဲ့ဓားသခင်ဖြစ်သဖြင့် သူ၏ နှင်းလင်းယုန်နန်းတော်အနေဖြင့်သည် အနာဂတ်တွင် ကောင်းမွန်သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါဦးမည်လော။
မိုဟန်သည် ကျန်းဟဲအိမ်တော်မှ ထွက်ပြေးခဲ့ရလေသည်။
'ဂလောက်..." လင်းချင်းရီသည် နောက်ဆုံးကြက်ရိုးကို စားပွဲပေါ်ပစ်ချလိုက်ပြီး သူ့လက်များကို သုတ်ရန် လက်ကိုင်ပုဝါကို ထုတ်ကာ မတ်တပ်ရပ်လိုက်သည်။
"ငါဗိုက်ပြည့်ပြီ သွားတော့မယ်။" ထို့နောက် လင်းချင်းရီသည် ထွက်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။
"သခင်လင်းက ကြက်သားကြိုက်တာလား။" လီချန်ချင်းသည် လင်းချင်းရီ ကြက်သားကို ကိုက်နေသည်ကို မြင်ခဲ့ရသည်။ စွန့်ပစ်လိုက်သည့် အရိုးများကို ကြည့်လျှင်လည်း ခွေးများပင် ရှုံးပွဲချ ငိုနိုင်လေသည်။
"ကြိုက်တယ်လေ။" လင်းချင်းရီသည် လီချန်ချင်းကို အံ့အားသင့်စွာ ပြန်ကြည့်မိသည်။ လီချန်ချင်း အဘယ်ကြောင့် ဤသို့မေးသည်ကို မသိပေ။
"ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက အနာဂတ်မှာ ကြက်သားအမျိုးအစားများအမျိုးမျိုးကို ရောင်းချပေးသွားမှာ။ သခင်ကြီးလင်း စိတ်ဝင်စားတယ်ဆိုရင် အချိန်မရွေး လာမြည်းစမ်းကြည့်ဖို့ အမြဲကြိုဆိုနေပါတယ်။"
လီချန်ချင်းက လင်းချင်းရီအား ဖိတ်ကြားခဲ့သည်။
"ဟမ်...." လင်းချင်းရီ မျက်ခုံးပင့်လိုက်သည်။ ဒါဆို ချင်းလဲ့ဓားသခင်က ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီနဲ့ အဆက်အသွယ်ရှိတာလား။ လင်းချင်းရီ ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
"အခွင့်အရေးရရင် ငါသေချာပေါက် လာမြည်းစမ်းကြည့်ပါမယ်။ ငါသွားတော့မယ်။" ထို့နောက် တံခါးအပြင်ကို ထွက်သွားလေသည်။
"ခရီးလမ်းဖြောင့်ဖြူးပါစေ သခင်ကြီးလင်း..." စီမာယန်သည် လင်းချင်းရီအားတွေ့ရန် အမြန်ထွက်သွားသည်။ တစ်ဖက်တွင်မူ လီချန်ချင်းသည် ကြက်သားအမွေးနုတ်မှာ အရသာရှိသော်လည်း သူ၏ အနာဂတ် အော်ရီလန်းစတိုင် ကြက်ကင်မှာလည်း ထိုကဲ့သို့ ရောင်းအားကောင်းနိုင်မည်လောဟု တွေးနေမိသည်။
လင်းချင်းရီ ထွက်သွားသည်ကို မြင်ပြီးနောက် စီမာယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ စီမာယန်မှာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင် ဖြစ်သွားပြီး ရှင်သန်ခြင်းနှင့်သေခြင်းကြားက ကြိုးတန်းပေါ် လျှောက်လှမ်းခဲ့ရသလို ခံစားရသည်။
"ချင်းလဲ့ဓားသခင် ကျုပ်တို့ရဲ့ ကျန်းဟဲအိမ်တော်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကြင်နာမှုကို ထာဝရအမှတ်ရနေမှာပါ။"
စီမာယန် ပြန်ဝင်လာပြီး လီချန်ချင်းကို ရိုသေစွာ ဦးညွှတ်သည်။ ယနေ့ လီချန်ချင်းသာ မကယ်လျှင် သူတို့ကျန်းဟဲအိမ်တော်မှာ အပျက်ကိန်းဆိုက်ရပေတော့မည်။
"ရပါတယ်ဗျာ....။ ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက မင်းကို ကူညီမယ်လို့ ကတိထားတာပဲ။ ကူညီပေးရမှာက ကျုပ်တို့တာဝန်ပဲလေ။ သခင်စီမာနဲ့ ချန်ချင်းကုမ္ပဏီရဲ့သဘောတူညီချက်ကို မမေ့ဖို့ဘဲ မျှော်လင့်ပါတယ်။" လီချန်ချင်းက သူ့ကို သတိပေးသည်။
"စိတ်ချပါ ချင်းလဲ့ဓားသခင်။ ကျုပ်ဆိုတဲ့ စီမာယန်ဟာ ပေးထားတဲ့ကတိကို တည်ပါတယ်။ ဒါဟာ လူကြီးလူကောင်းတစ်ယောက် လျှောက်တဲ့လမ်းစဉ်ပါ။" စီမာယန်က အခိုင်အမာ ပြောလေ၏။
ခင်ဗျားနောက်နေတာလား....ကျုပ်လုပ်ရဲပါ့မလား။ တခြားသူသာဆိုရင်တော့ ကျုပ်အမှားလုပ်ချင်လုပ်မိလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားအပေါ်အမှားလုပ်မိရင်တော့ ကျုပ်ရဲ့ ကျန်းဟဲအိမ်တော် အပိုင်းပိုင်း အစုတ်ဖြဲခံရမှာပေါ့။
ယခုတစ်ကြိမ်ပါဝင်မည့် တပည့်များစာရင်းကို ဖတ်ပြီးနောက် လီချန်းချင်းနှင့် စီမာယန်တို့ ထွက်ခွာသွားခဲ့ကြသည်။
လီချန်ချင်းသည် တစ္တေနတ်ဆိုးစမ်းသပ်မှု၏ လုပ်ငန်းစဉ်အကြောင်း အနည်းငယ် လေ့လာခဲ့ပြီး ယခု သူလုပ်ရန် လိုအပ်သည်မှာ အရာအားလုံးကို ပြင်ဆင်ရန်ဖြစ်သည်။
ဆေးဘုရင်တောင်ကြားမှာ မူချင်းကောလည်း လီချန်ချင်းထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ မူချင်းကောသည် စိတ်လှုပ်ရှားစွာဖြင့် စာကို ဖွင့်လိုက်လေ၏။ လီချန်ချင်း သူမဆီ စာမရေးသည်မှာ ကြာပြီဖြစ်၏။ သူမ ဘက်ကပဲ လီချန်ချင်းထံ စာရေးနေခြင်းသည် ရှေ့သို့ အလှမ်းပိုမိနေခြင်းဟု မူချင်းကော ထင်မြင်မိသည်။ သို့သော်လည်း စာကိုဖွင့်ပြီးနောက်တွင် လီချန်ချင်းသည် ဆေးဘုရင်တောင်ကြားနှင့် ပူးပေါင်းလိုကြောင်း သူမ သိလိုက်ရသည်။
အချိန်အတော်အတန်ကြာမှ လီချန်ချင်း သူမထံ ရေးသောစာသည် ပူးပေါင်းဆောင်ရွက်မှုအတွက်သာ ဖြစ်ကြောင်း မူချင်းကောက မမျှော်လင့်ခဲ့ပေ။ သူမအနည်းငယ် စိတ်ဆိုးမိပေ၏။ သို့ရာတွင် လီချန်ချင်းမှ သူမ၏ မကျေချမ်းဝိညာဉ်ကျိန်စာအကြောင်း မေးထားသည်ကို တွေ့သောအခါ သူမ အမူအရာအနည်းငယ် အဆင်ပြေသွားသည်။
"သူက ငါ့ရဲ့ မကျေချမ်းဝိညာဉ်ကျိန်စာကို ဂရုစိုက်နေတုန်းပဲ။" မကျေချမ်းဝိညာဉ်ကျိန်စာအကြောင်းသို့ရောက်သောအခါ မူချင်းကောသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဆေးဘုရင်တောင်ကြားမှ တောင်သခင် မူဟန်ရှန်းသည် ရှေးစာအုပ်များမှတစ်ဆင့် ရှာဖွေခဲ့ပြီး ရှေးဆေးစာတစ်စောင်ကို တွေ့ရှိခဲ့သည်။ တစ္ဆေမျိုးနွယ်၏ မကျေချမ်းဝိညာဉ်ကျိန်စာကို ရုပ်သိမ်းရန် တစ္ဆေမြက်နွယ်ပင်တစ်မျိုး လိုအပ်သည်ဟု ဆိုသည်။
သို့သော် ထိုတစ္ဆေမြက်နွယ်ပင်ကို တိမ်ကန္တာရ၌သာ ရှာတွေ့နိုင်ပြီး အခြားမည်သည့်နေရာတွင်မှ မတွေ့နိုင်ချေ။ မူဟန်ရှန်းသည် ၎င်းသည် ထျန်ဟိုင်းမြို့တွင် ရှိမရှိ ရှာဖွေရန် လူများကို စေလွှတ်ထားပြီးဖြစ်ပြီး မှောင်ခိုဈေးကွက်ထိပင် ရှာဖွေခဲ့သည်။
သို့ဖြစ်၍ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်သည့်ကိစ္စမှာ ကြီးကြီးမားမားကိစ္စရပ်မဟုတ်ဘဲ အသေးအဖွဲကိစ္စသာ ဖြစ်နိုင်ပေ၏။ ဆေးဘုရင်တောင်ကြားမှ အကြီးအကဲတစ်ဦးအနေဖြင့် မူချင်းကောသည် ဆုံးဖြတ်ချက်ချနိုင်သည်။ သို့သော်လည်း ဆေးဘုရင်တောင်ကြား၏ အကျိုးစီးပွားနှင့် ပတ်သက်၍ မူချင်းကောသည် လီချန်ချင်းအား သတ်မှတ်ဈေးနှုန်းအား လျှော့ဈေးပေးပြီး စီးပွားရေးပုံစံဖြင့် ဆက်ဆံရန် ရွေးချယ်ခဲ့သည်။
မူချင်းကောသည် နေ့ခင်းတစ်ခင်းလုံး စာတစ်စောင်ရေးနေခဲ့ပေ၏။ မူချင်းကောသည် ဆေးအကြောင်းပြောပြီးနောက် သူမ၏လျှို့ဝှက်ချက်အချို့ကို စာထဲတွင် ရေးသားခဲ့သည်။
မကြာသေးမီက မူချင်းကောသည် ထိုကလေးအား ပြန်တွေ့ခဲ့သည်။ ဤအရာက သူမကို အနည်းငယ် ထိတ်လန့်မိစေ၏။
ထိုကလေးသည် သူမ ငယ်ငယ်က မြင်ဖူးသူဖြစ်သော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက်မှ ထိုကလေးကို ပြန်တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ထို့ပြင် ထိုကလေးသည် ယခင်က သူမ တွေ့ဖူးခဲ့သည့်ပုံစံအတိုင်း ငယ်ငယ်လေးသာ ရှိသေးပြီး သူမအား သတိမပြုမိခဲ့ပါချေ။
ဤကြောက်ရွံ့မှုကြောင့် မူချင်းကောသည် ရက်အတော်ကြာ အိပ်မပျော်နိုင်ဘဲ မကျေချမ်းဝိညာဉ်ကျိန်စာထက် ပိုကြောက်စရာကောင်းသည်ဟု ခံစားရသည်။ သို့သော် သူမသည် ထိုအကြောင်းနှင့်ပတ်သတ်ပြီးမူဟန်ရှန်းအား မမေးဝံ့ပေ။ ရှေးဟောင်းဆေးဘက်ဆိုင်ရာလှိုဏ်ဂူသို့ နောက်တစ်ကြိမ် ခိုးဝင်သွားသည်ကို မူဟန်ရှန်းသာ သိပါက ဆူပူကြိမ်းမောင်းခံရမည်မှာ သေချာပေ၏။
ဆေးဘုရင်တောင်ကြား၏ ရှေးဟောင်းဆေးဘက်ဆိုင်ရာလှိုဏ်ဂူတွင် လျှို့ဝှက်ချက်တစ်ခုရှိသည်ဟု ခံစားမိသည်။ သို့သော် ထိုလျှို့ဝှက်ချက်ကို ယခုအချိန်ထိတိုင် မူချင်းကော မထိတွေ့နိုင်သေးပေ။
လီချန်ချင်းထံ ဤကဲ့သို့ ရေးလိုက်ခြင်းသည် ရင်ဖွင့်ဖို့သက်သက်သာ ဖြစ်ပေ၏။ ယင်းနောက် မူချင်းကောသည် လီချန်ချင်းအနေဖြင့် ရွှမ်းယွမ်ဓားကို ယင်ချန်းလီအား ပေးခဲ့ခြင်းနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ပြောလေတော့သည်။
ယခုမူ ယင်ချန်းလီသည် ဓားကိုသာ နေ့တိုင်းလေ့ကျင့်နေပြီး ဆေးပညာကို လုံးဝဂရုမစိုက်တော့ပေ။ အထူးသဖြင့် ချင်းလဲ့ဓားသခင်ဟုခေါ်သည့် လူသစ်တစ်ယောက် ပေါ်ထွန်းလာပြီးနောက် ယင်ချန်းလီမှာ ပို၍ပင် အစွဲအလမ်းကြီးလာလေ၏...." မူချင်းကောဟာ ထိုအကြောင်းအရာများကို တရှည်တဝေး ရေးသားခဲ့လေသည်။
စာရေးပြီးသောအခါတွင် တစ်စုံတစ်ဦးအား လီချန်ချင်းထံသို့ စာတစ်စောင်ပေးပို့ရန် စီစဉ်ခဲ့သည်။ ကျန်းဟဲအိမ်တော်ကိစ္စကို ဖြေရှင်းပြီးနောက် လီချန်ချင်းသည် ချန်ထင်မမြို့သို့ ပြန်သွားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ လီချန်ချင်းသည် တစ္ဆေနတ်ဆိုးစမ်းသပ်မှု စတင်သည့်အချိန်အထိ စောင့်ရန်သာလိုသည်။ မကြာသေးမီကပင် သူ့အတွက် အလုပ်ရှုပ်စရာများစွာ ရှိနေခဲ့ပေ၏။
လီချန်ချင်းသည် စန်းယွမ်အစောင့်အကြပ်ကိုယ်စားလှယ်များမှ ပေးပို့သောပစ္စည်းများကို လက်ခံရရှိခဲ့သည်မှာ ခုနစ်ရက်ကြာပြီဖြစ်ပေ၏။ ၎င်းတို့မှာ သစ်သားသေတ္တာများ ဖြစ်သည်။
လီချန်ချင်းဖွင့်ကြည့်လိုက်သောအခါ သေတ္တာထဲတွင် ပါဝင်သည့်အရာများကြောင့် သူချက်ချင်း ထိတ်လန့်သွားမိသည်။ ၎င်းသည် ထွင်းထုထားသော ဓားများဖြစ်ပေ၏။
ထွင်းထုထားသော ဓားများသည် အေးစက်သော ရောင်ဝါဖြင့် ပြည့်နှက်နေပြီး ငွေရောင်တောက်နေကာ နေရောင်အောက်တွင်ဆိုလျှင် မျက်စိပင် ကျိန်းစေလောက်သည်။
ဤအရာသည် နတ်ဘုရားစွမ်းအားလက်နက်ထက် လီချန်ချင်းအား ပို၍ ဆွဲဆောင်နိုင်ပေ၏။
"ရွှယ်ချမ်းပိုင်က မြန်လိုက်တာ..." အချိန်အကြာကြီး စောင့်ရမည်ဟု လီချန်ချင်းထင်ခဲ့သည်။ လီချန်ချင်းသည် ထွင်းထုထားသော ဓားများကို ထုတ်ယူရန် မစောင့်နိုင်တော့ပေ။ အရွယ်အစားနှင့် အတိုင်းအတာသည် သူသတ်မှတ်ထားသည့်အတိုင်း အတိအကျဖြစ်နေကြောင်း၊ မည်သည့်ပြဿနာမျှမရှိကြောင်းနှင့် ထွင်းထုထားသောဓားများကို ကိုင်ကြည့်လျှင် အလွန်အေးစက်နေကာ စိတ်တည်ငြိမ်မှုကို ပေးစွမ်းကြောင်း တွေ့ရှိခဲ့ရလေသည်။ အလေးချိန်ကလည်း စံပြဖြစ်ပြီး ပြီးပြည့်စုံသည်ဟုပင် ဆိုနိုင်လေသည်။
"ကြီးမြတ်လိုက်တဲ့ အရာတွေပဲ...." လီချန်ချင်းသည် ၎င်းကို အလွန်နှစ်သက်ပြီး အလှတရားတစ်ပါးကဲ့သို့ ဆက်ဆံသည်။
"အကြီးအကဲ....လက်ဖက်ရည် ရပါပြီ။" ကျန့်ဖုကွမ်းသည် လက်ဖက်ရည်နှင့်အတူ ရောက်လာသည်။ လီချန်ချင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသောအခါ လီချန်ချင်း၏ လက်ထဲတွင် ထွင်းထားသော ဓားကို စူးစူးစိုက်စိုက် စိုက်ကြည့်မိသည်။
အတွင်းထဲတွင် ဓားအမျိုးအစားပေါင်းများစွာကို မြင်လိုက်ရသောအခါ ထိုဓားများမှာ အလွန်တန်ဖိုးကြီးကြောင့် တစ်ချက်ဝေ့ကြည့်ရုံဖြင့်ပင် ကျန့်ဖုကွမ်း ပြောနိုင်ပေ၏။
သို့သော် ထိုဓားများ၏ပုံသဏ္ဍာန်ကို သူ တစ်ခါမှ မမြင်ဖူးချေ။ လီချန်ချင်း ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့်အမူအရာနှင့် ဓားများကိုကိုင်ရန် တွန့်ဆုတ်နေသော အမူအရာကိုမြင်ရသောအခါ ကျန့်ဖုကွမ်းသည် ယင်းမှာ မည်သည့်လက်နက်အမျိုးအစားဖြစ်သည်ကို မှန်းဆလိုက်သည်။
လီချန်ချင်းကို ပျော်ရွှင်စေတဲ့ အဲ့ဒီ မမြင်ဖူးတဲ့လက်နက်တွေမှာ ဘယ်လို အဖျက်စွမ်းအားတွေများ ရှိနေမလဲ။
လိုရင်းကိုပြောရရင် အဲ့ဒါတွေက အရမ်း အစွမ်းထက်တဲ့ လျှို့ဝှက်လက်နက်မျာလား။
"ဖုကွမ်း... ငါရက်အနည်းငယ်လောက် တစ်ယောက်တည်း သီးသန့်နေချင်တယ်။ အရေးကြီးတာတစ်ခုခုမရှိရင် ငါ့ကို လာမနှောင့်ယှက်ပါနဲ့။ ယန်ပါးထောင်က ငါ့ကိုလိုက်ရှာရင် ငါထွက်မလာမချင်း စောင့်ခိုင်းပါ။ လီချန်ချင်းသည် ရင်သပ်ရှုမောဖွယ် အလှတရားကို ကိုင်ဆောင်ထားသကဲ့သို့ ဓားများကို ကိုင်ဆောင်ကာ အနောက်ရှိ ဝါးတောဆီသို့ ပြေးသွားခဲ့သည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ..." ကျန့်ဖုကွမ်းက ပြန်ဖြေသည်။ လီချန်ချင်းသည် ဝါးတောထဲသို့ ဝင်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်ကို ထုတ်ယူရန် မစောင့်နိုင်တော့ဘဲ သိုလှောင်လက်စွပ်ထွင်းထုရန် ကြိုးစားခဲ့သည်။
လီချန်ချင်းသည် ရွှယ်ချမ်းပိုင်အား တစ်ခုပေးမည်ဟု ကတိပေးခဲ့သည်။ သူ့စကားများကို ပြန်မရုတ်သိမ်းနိုင်ပေ။ ထို့အပြင် လီချန်ချင်းသည် ယန်ပါးထောင် ယူလာခဲ့သော လင်းကျင်းသစ်သားကိုလည်း ထုတ်ယူခဲ့သည်။
လီချန်ချင်းသည် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသစ်ပင်မှ ထွင်းထုထားသည့် သိုလှောင်လက်စွပ်များနှင့် ထိုအသားနှင့် မထွင်းထုထားသော လက်စွပ်များ မည်ကဲ့သို့ ကွဲပြားသည်ကို စမ်းကြည့်ချင်ခဲ့သည်။ အတွင်း၌ လေဟာနယ်ပါသော သိုလှောင်လက်စွပ်ကိုလည်း ထွင်းထချင်ပေသည်။ ထွင်းထုဓားကို သုံးရသည်မှာ မယုံနိုင်လောက်အောင် လွယ်ကူပေ၏။ လီချန်ချင်းသည် ယခင်ကထက်ပင် ပို၍ ပျော်ရွှင်မှုကို ခံစားခဲ့ရပေသည်။လီချန်ချင်းသည် ဤမျှလောက် ထွင်းထုခြင်းကို မနှစ်သက်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
လီချန်ချင်းအနေဖြင့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ယူဆောင်လာနိုင်သည့် အရင်းအမြစ်များ အကန့်အသတ်ရှိသောကြောင့် သိုလှောင်လက်စွပ်များထွင်းထုရန် စီစဉ်ခဲ့သည်။ သိုလှောင်လက်စွပ်များဖြင့် ဆိုလျှင် ပစ္စည်းများပို၍ သယ်ဆောင်လာနိုင်မည်ဖြစ်ပြီး ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကို ကြော်ငြာရန်အတွက်လည်း အဆင်ပြေစေမည့်ပစ္စည်များ သယ်ယူလာနိုင်သည်။
ထို့အပြင် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ အားကောင်းလာသည်နှင့်အမျှ လီချန်ချင်းသည် အဆိုပါ သိုလှောင်လက်စွပ်ကို ကုမ္ပဏီ၏ထုတ်ကုန်အဖြစ် လေလံတင်ရောင်းချရန် စီစဉ်ခဲ့သည်။
ရွှယ်ချမ်းပိုင်၏ ယခင်တုံ့ပြန်မှုအား သုံးသပ်ကြည့်လျှင် ဤအရာသည် အလွန်တန်ဖိုးရှိရပေမည်။ သို့သော်လည်း ထိုအခြေအနေအထို ရောက်ရှိရန်အတွက် အချိန်တချို့ လိုအပ်ပေဦးမည်။
ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီသည် သွားရမည့် ခရီးရှည်ကြီးရှိနေပေသေးသည်။ အကယ်၍ ၎င်းတို့သည် သိုလှောင်လက်စွပ်ကို ယခုရောင်းချပါက ကုမ္ပဏီအတွက် အဆုံးမရှိသော ပြဿနာများကိုသာ သယ်ဆောင်လာမည်ဖြစ်သည်။
တစ်ရက်တာအလုပ်ပြီးဆုံးသောအခါ လီချန်ချင်းသည် သိုလှောင်လက်စွပ်နှစ်ခုကို ထွင်းထုနိုင်ခဲ့သည်။ ထိုလက်စွပ်များမှာ သူဝတ်ထားသည့် လက်စွပ်များထက် အများကြီး ပိုကြည့်ကောင်းနေပေသည်။ ယခုတခေါက် အသုံးပြုသည့် ကိရိယာများမှာ အင်မတန်အဆင်ပြေပြီး လီချန်ချင်းသည် သူတို့အပေါ် လှပသည့် ကနုတ်ပုံစံကွက်များအား တိုက်ရိုက်ထွင်းထုထားလေ၏။
တစ်ချိန်တည်းမှာပင် လီချန်ချင်းသည် မတူညီသော ပစ္စည်းနှစ်ခုမှ ပြုလုပ်ထားသည့် သိုလှောင်လက်စွပ်များကို နှိုင်းယှဉ်ခဲ့သည်။ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်သစ်ပင်မှ ပြုလုပ်ထားသည့် အတွင်းပိုင်းသည် ပမာဏ ကုဗမီတာ သုံးဆယ်ရှိသည်။
လီချန်ချင်း နောက်ဆုံးလုပ်ခဲ့သည့် တစ်ခုမှ လက်ရာမကောင်းပေ။ထွင်းထုမှုမှာ သိမ်သိမ်မွေ့မွေ့မရှိချေ။ ၎င်းတွင် ကုဗမီတာ နှစ်ဆယ်သာရှိသည်။
လင်းကျင်းသစ်သားဖြင့် ပြုလုပ်ထားသော သိုလှောင်လက်စွပ်များကို သိမ်မွေ့စွာ ထွင်းထုထားသော်လည်း အတွင်းပိုင်းမှာ ရှစ်ကုဗမီတာသာရှိပေ၏။
"မတူကွဲပြားတဲ့ ပန်းချီရတနာတွေ ပြုလုပ်ဖို့ မတူညီတဲ့ ပစ္စည်းတွေက သင့်လျော်ပုံပဲ။ လင်းကျင်းအသားက သိုလှောင်ကွင်းလုပ်ဖို့ မသင့်တော်ဘူး။" လီချန်ချင်း ဆင်ခြင်သုံးသပ်ပြီးနောက် လင်းကျင်းသစ်သားမှ ပြုလုပ်ထားသည့် သိုလှောင်လက်စွပ်ကို ဘေးသို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။
အကယ်၍ လီချန်ချင်းသာ နေရာရှစ်ကုဗမီတာရှိသော သိုလှောင်လက်စွပ်ကို အမှိုက်ကဲ့သို့ စွန့်ပစ်ခဲ့သည်ကို စန်းယွမ်နယ်မြေမှ သိပါက ၎င်းတို့သည် သူ့ကို အရှင်လတ်လတ် အရေခွံခွာချင်မိပေလိမ့်မည်။
စန်းယွမ်နယ်မြေ၌ လည်ပတ်နေသည့် သိုလှောင်လက်စွပ်များမှာ အများအားဖြင့် ကုဗမီတာ တစ်ဝက်သာ ရှိပြီး ပိုကြီးသော လက်စွပ်များမှာ သုံးကုဗမီတာသာ ရှိသည်။
ရှစ်ကုဗမီတာသည် စန်းယွမ်နယ်မြေတွင် အလွန်ရှားပါးပေ၏။ သို့သော် လီချန်ချင်းသည် ထိုအရာကို ဂရုမစိုက်ပေ။
လီချန်ချင်းကိုယ်တိုင်ကပင် ထိုအရာကို လွှင့်ပစ်လိုက်လျှင် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေတစ်ခုလုံးမှာ သွေးထွက်သံယိုဖြစ်စေနိုင်မှန်း မသိခဲ့ချေ။
"လှသွယ်ကြွယ်တဲ့ အပျိုလေး.. လှသွေးကြွယ်တဲ့ အပျိုလေးဟာ ကုတင်ပေါ်မှာ လဲလျောင်းနေတယ်.." လီချန်ချင်းသည် သူ၏ ထွင်းထုမှုတွင် နှစ်မြုပ်နေကာ တေးသွားသီကျူးနေပေသည်။
အဆုံး၌ လီချန်ချင်းသည် ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်သစ်ပင်၏ အကိုင်းအခက်များမှ သိုလှောင်လက်စွပ်ငါးကွင်းကိုသာ ထွင်းထုနိုင်ခဲ့သည်။ လီချန်ချင်းသည် ထိုထဲမှ သူ့အတွက် တစ်ကွင်းကို သိမ်းဆည်းခဲ့သည်။
ထို့နောက် ရွှယ်ချမ်းပိုင်အတွက် တစ်ကွင်းပြင်ဆင်ပေးသည်။ ကျန်ကွင်းများကို လီချန်ချင်း အခုလောလောဆယ် ဖယ်ထားသော်လည်း လင်းကျင်းသစ်သားကနေ အခုနှစ်ဆယ် ထွင်းထုထားပေ၏။
တစ်ခုစီတွင် ခြောက်ကုဗမီတာမှ ကိုးမီတာအထိ နေရာလွတ်ရှိသည်။ လီချန်ချင်းသည် ၎င်းတို့အား ကိုယ်ပိုင်သိုလှောင်ကွင်းအဖြစ် အချိန်တခုကြာသည်အထိ အသုံးပြုရန် စီစဉ်ခဲ့သည်။
ရက်အတော်ကြာ အလုပ်ဆင်းပြီးနောက် လီချန်ချင်းထွက်လာသောအခါ ယန်ပါးထောင်သည် ရက်အတော်ကြာ စောင့်နေခဲ့ရပြီဖြစ်သည်။
"အကြီးအကဲ....နောက်ဆုံးတော့ ထွက်လာပြီပဲ။" ယန်ပါးထောင်က ရွှင်မြူးသောမျက်နှာဖြင့် လျှောက်လာလေသည်။
"ဆေးဘုရင်တောင်ကြားက ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက လိုအပ်နေတဲ့ ဆေးလုံးတွေကို ပို့လိုက်ပါပြီ။ အကြီးအကဲရဲ့တောင်းဆိုချက်အရ သတ်မှတ်ထားတဲ့ ယူနီဖောင်းတွေကို ကျုပ်တို့လုပ်ထားပြီးပါပြီ။ အဲဒါတွေကို စစ်ကြည့်ချင်သေးလး။"
"ကောင်းပြီ။" လီချန်ချင်းကိုယ်တိုင်လည်း အဝတ်အစားများ မည်သို့ ပြင်ဆင်ထားသည်ကို ကြည့်ချင်နေမိသည်။ ယန်ပါးထောင်သည် နမူနာအဝတ်အစားများကို ထုတ်ပြသောအခါ လီချန်ချင်းသည် ၎င်းတို့ကို ဂရုတစိုက်ကြည့်လေသည်။ အရည်အသွေးမှာ အမှန်ပင် ကောင်းလှပေ၏။
အထူးသဖြင့် အဝတ်အစား၏နောက်ဘက်တွင် ရွှေရောင်ဖောင်းကြွစာလုံးလိုင်းတစ်ခုရှိသည်။ "ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ ကူညီပံ့ပိုးပေးသည်။" ယင်းသည် အထူး မျက်စိကျစရာဖြစ်ခဲ့ပေ၏။
ဤနည်းအားဖြင့် ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်မှ တပည့်များသည် ဤအဝတ်အစားများ ၀တ်ထားသောအခါတွင် လမ်းလျှောက်ကြော်ငြာသူများ ဖြစ်ကြပေလိမ့်မည်။
ချန်ချင်းကုန်သွယ်ရေး ကုမ္ပဏီကို နာမည်ကြီးအောင်လုပ်ဖို့ နည်းလမ်းမရှိဘူးလို့ ဘယ်သူပြောလဲ။