အခန်း (၁၅၀)
Vol. 15 Ch. 150
"စကားမစပ်...အကြီးအကဲ။ ဒါက ဆေးဘုရင်တောင်ကြားက ပေးပို့တဲ့စာပါ။" ဆေးဘုရင်တောင်ကြားမှ ပေးပို့ခဲ့သော စာတစ်စောင်ကို ယန်ပါးထောင် သတိရမိသွားသည်။ ယခင်ရက်များအတွင်း လီချန်ချင်းသည် တစ်ဦးတည်းသာ နေလိုခဲ့သဖြင့် ၎င်းအား ပေးရန်အတွက် အလျင်စလိုမဖြစ်ခဲ့ပေ။
လီချန်ချင်းသည် စာကိုယူလိုက်ပြီး အဖုံးကိုမြင်လိုက်သည်နှင့် မူချင်းကောရေးသည့်စာမှန်း သိလိုက်လေ၏။ ထို့နောက် ကျောက်ခုံမှာထိုင်ပြီး စာကိုဖွင့်လိုက်လေသည်။ စကားလုံးများဖြင့် ပြည့်နှက်နေသော စာမျက်နှာပေါင်းများစွာကို ကြည့်လိုက်ရာ လီချန်ချင်း ရယ်မိသည်။ ကမ္ဘာပေါ်မှာ မူချင်းကောရဲ့စာလောက် ရှည်တဲ့စာ ရှိပါ့ဦးမလား။
လီချန်ချင်းသည် အစကနေစပြီး ဖတ်ကြည့်လေသည်။ စာ၏အစပိုင်းမှာ ပုံမှန်ပင်ဖြစ်ပြီး အများအားဖြင့် စီးပွားရေးကိစ္စများကို ဆွေးနွေးကြထားလေသည်။ ဆေးဘုရင်တောင်ကြားသည် ကုန်သွယ်ကုမ္ပဏီများနှင့် အရောင်းအဝယ်လုပ်ခဲပြီး အဓိကအားဖြင့် ၎င်းတို့သည် ငွေကြေးကိစ္စမလိုအပ်ဟု ယူဆသောကြောင့် လက်မခံခြင်းဖြစ်သည်။ ဆေးဘုရင်တောင်ကြားနှင့် စီးပွားရေးလုပ်နိုင်သူများသည် အများအားဖြင့် အဓိကဂိုဏ်းကြီးများဖြစ်ပြီး စီးပွားရေးကုမ္ပဏီများထဲတွင်မူ ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီက ပထမဆုံး ဖြစ်လေ၏။
ဤသည်မှာ အလွန်ပင် ထူးခြားပေသည်။ ထို့အပြင် မူချင်းကောမှကမ်းလှမ်းသောစျေးနှုန်းသည် လီချန်ချင်းကို အံ့အားသင့်စေသည်။ မူလက လီချန်ချင်းသည် ဆေးဘုရင်တောင်ကြားမှ တရားဝင်ခွင့်ပြုချက်ရရှိထားပြီးဖြစ်သောကြောင့် ဆေးလုံးများမှ အကျိုးအမြတ်ရရန် မကြံစည်ခဲ့ပေ။ ဤအရောင်းအ၀ယ်တစ်ခုတည်းဖြင့်ပင် ချန်ချင်းကုမ္ပဏီအနေဖြင့် ဖောက်သည်များကို ဆွဲဆောင်ရန် လုံလောက်ပေ၏။ လီချန်ချင်း၏မူလအစီအစဉ်အရ ပိုက်ဆံမဆုံးရှုံးသရွေ့ ချိုးဖျက်ခြင်းကိုပင် လက်ခံနိုင်ပေသည်။
သို့သော်လည်း မူချင်းကောသည် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအတွက် အမြတ်အစွန်းအချို့ကို ချန်ထားပုံရသည်။ သူဆက်ဖတ်နေစဉ်တွင် ထိုစာတွင် မကျေချန်းဝိညာဉ်ကျိန်စာ၏ အကြောင်းကို ပြောထားသည်။
"တစ္တေမြက်နွယ်ပင်...." လီချန်ချင်းသည် တစ္ဆေမြက်နွယ်ပင်များ တိမ်ကန္တရာထဲတွင်သာ နက်ရှိုင်းစွာ ကြီးထွားတတ်ကြောင်း ဖတ်လိုက်သောအခါတွင် မျက်မှောင်ကြုတ်သွားသည်။
တိမ်ကန္တာရသည် လူသားများအတွက် တားမြစ်ထားသော နေရာတစ်ခုဖြစ်သည်။ တိမ်ကန္တာရာသို့ ဝင်ရောက်လာသူ အနည်းငယ်သာ အသက်ရှင်လျက် ထွက်လာနိုင်သည်။ အကြောင်းမှာ သင်၏ လူသားကိုယ်ရေးအချက်အလက်များကို ထိုနေရာတွင် ရှာဖွေတွေ့ရှိပါက ၎င်းသည် လူ့လောကတွင် ပေါ်လာသည့် တစ္တေကျင့်ကြံသူကဲ့သို့ဖြစ်လာမည်ဖြစ်ပြီး သင့်အား တစ္ဆေမျိုးနွယ်များအားလုံး၏ လိုက်ရှာခြင်း ခံရမည်ဖြစ်သည်။
ထိုအခါ သင့်မှာ ရန်သူများ ဝိုင်းဝိုင်းလည်နေမည် ဖြစ်ပေ၏။ အကယ်၍ သင်သည် တစ္ဆေမြက်နွယ်ပင်ကိုရယူလိုပါက သမားရိုးကျမဟုတ်သော နည်းလမ်းအချို့ကို အသုံးပြုရမည်ဖြစ်ပေသည်။
လီချန်ချင်းသည် ဆေးဘုရင်တောင်ကြားမှ တစ္ဆေမြက်နွယ်ပင်ကို ရရှိရန် နည်းလမ်းကို သေချာပေါက် ရှာတွေ့မည်ဟု ယုံကြည်ခဲ့သည်။ ဆေးဘုရင်တောင်ကြား၏ ခွန်အားသည် မသန်မာသော်လည်း သူတို့၏ စွမ်းရည်မှာ အားနည်းသည့်ထဲတွင်လည်း မပါပေ။
လီချန်ချင်းသည် ဆက်လက်ဖတ်ရှုရင်း စာထဲတွင် မူချင်းကော ဖော်ပြထားသည့် ကြောက်မက်ဖွယ်အရာတစ်ခုကို တွေ့လိုက်ရသည်။
ဤကိစ္စသည် လီချန်ချင်းကို အံ့အားသင့်သွားစေခဲ့သည်။ အရင်က မြင်ဖူးတဲ့ကလေးတစ်ယောက်က အခုချိန်ပြန်မြင်တော့လည်း ကလေးပဲ ရှိသေးတာတဲ့လား။ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
စန်းယွမ်နယ်မြေမှာ တစ္ဆေမျိုးနွယ်တွေ ရှိသေးပေမယ့် ခုလို တစ္ဆေဆန်ဆန်အဖြစ်အပျက်တွေက တကယ်ကြီးရှိတာလား။
လူတစ်ဦးက ဆယ်စုနှစ်များစွာ မပြောင်းလဲဘဲ ဘယ်လိုနေနိုင်မလဲ။ စန်းယွမ်နယ်မြေလို လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာတစ်ခုမှာတောင် ဒါက မယုံနိုင်စရာကောင်းတဲ့ အရာပဲ။ လူတိုင်းက ထာဝစဉ်အသက်ရှင်လိုကြပြီး မသေမျိုး ဖြစ်ချင်ကြပေမယ့် ရှေးခေတ်ကတည်းက အချိန်၏တိုက်စားမှုကို တွန်းလှန်နိုင်ခဲ့တဲ့သူ ဘယ်သူရှိလို့လဲ။
အစွမ်းထက်သော ကိုယ်ခံပညာရှင်သည် အနှစ်နှစ်ရာအထိ အသက်ရှင်နိုင်ပြီး ယင်းသည်မှာ အလွန်သက်တမ်းရှည်သည်ဟု ယူဆထားပြီးဖြစ်သည်။ သို့သော် မူချင်းကော၏စာတွင်ဖော်ပြထားသော ကလေးအား သူမြင်သောအခါ လီချန်ချင်းသည် တစ်ခုခုကို ရုတ်တရက် တွေးမိသည်။
ထိုအချိန်တွင် သူနှင့် မူချင်းကောနှင့် အခြားသူများ ထိုလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ပြီး အချိန်၏မြစ်ကဲ့သို့ တစ်စုံတစ်ရာကို အမှတ်မထင်တွေ့လိုက်ရသည်။
လီချန်ချင်းမှာ ထင်ယောင်ထင်မှားမဟုတ်ဘဲတကယ်မြင်ဖူးသည့်အရာတစ်ခုဖြစ်ကြောင်း သေချာပေ၏။ထိုမြစ်ကမ်းပေါ်တွင် ကလေးတစ်ယောက် ရပ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ကလေးငယ်ကလည်း သူ့ကို ငုံ့ကြည့်နေလေသည်။ထိုအဖြစ်အပျက်သည် လီချန်ချင်းအား အမြဲတစေ စိတ်ရှုပ်ထွေးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကဲ့သို့သော အရာမျိုး ထပ်မံမကြုံခဲ့ရတော့ပေ။ ဤသည်မှာ သူမှတ်မိလာသည်ဟု မူချန်းကောဆိုခဲ့သော အချိန်ဖြစ်ပေ၏။
သို့သော်လည်း လီချန်ချင်းသည် ဤအဖြစ်အပျက်နှစ်ခုနှင့် ဆက်စပ်မှုရှိမရှိကို မသိခဲ့ပေ။ ဆက်လက်ဖတ်ရှုရင်း ယင်ချန်းလီသည် ဓားကို ထက်သန်စွာ လေ့ကျင့်နေသည်ကို သိရှိခဲ့ရပြီး မူချင်းကော၏ မကျေနပ်ချက်များကို သိရသောအခါ လီချန်ချင်း ရယ်မိသည်။
ယင်ချန်းလီသည် ရွှမ်မူကိုယ်ခန္ဓာဖြင့် ချစ်စရာကောင်ကလေးဖြစ်သော်လည်း ဓားလေ့ကျင့်ခြင်းကို စွဲလမ်းသူဖြစ်သည်။
"ယင်ချန်းလီ.." လီချန်ချင်း မျက်တောင်ခတ်လိုက်သည်။ "ဒီမျိုးရိုးက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ တော်ဝင်မိသားစုနဲ့လည်း ဆက်စပ်မှုရှိနိုင်မလား။" စာကိုဖတ်ပြီးသောအခါ လီချန်းချင်းသည် မူချင်ကောထံ စာပြန်ရန် ကလောင်တံနှင့် စာရွက်ကို ထုတ်လိုက်သည်။
ဦးစွာ လီချန်ချင်းသည် မူချင်းကော၏အကူအညီအတွက်ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။ ထို့နောက် တစ္ဆေမြက်နွယ်ပင်ကိုလည်း မျက်စိတောက်ထောက် ကြည့်နေမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့အပြင် မူချင်းကောမြင်ခဲ့ရသည့် ကလေးနှင့်ပတ်သက်၍ မလိုအပ်ဘဲ ဒုက္ခမရောက်စေရန် သိလိုစိတ်များကို ချိုးနှိမ်ကာ သတိနှင့်နေရန် သတိပေထားလေသည်။
ထို့အပြင် လီချန်ချင်းသည် မကြာသေးမီက ရရှိခဲ့သော ရိုးရှင်းသော အချက်အလက်အချို့ကို မူချင်းကောအား ပြောပြခဲ့ပြီး အထူးသဖြင့် ယင်ချန်းလီသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဆုကြေးငွေစာရင်းတွင် ပါဝင်နေကြောင်း ပြောပြကာ ယင်ချန်းလီ၏ လုံခြုံရေးကို အာရုံစိုက်ရန် သူမအား တောင်းဆိုခဲ့သည်။
ဤစာကိုရေးပြီးနောက် လီဟမ်ရှန်းထံမှ စာတစ်စောင်ကိုလည်း ပြန်ကြားသင့်သည်ဟု လီချန်ချင်း ခံစားမိသည်။ ယခင်က လီဟမ်ရှန်းရေးခဲ့သောစာကို လီချန်ချင်း မပြန်ခဲ့ပေ။
သို့သော် ပြန်စာကို သူမည်သို့ ရေးရမည်နည်း။ နေ့ခင်းပိုင်းတစ်ခုလုံး တွေးတောဆင်ခြင်ပြီးနောက် သူ သဘောပေါက်ခဲ့ရသည်မှာ လီဟမ်ရှန်းမှာ တစ်ချိန်လုံး သံသယဝင်နေခဲ့ပြီး လီချန်ချင်းအစစ်အား တခြားတယောက်ယောက်က ဝင်ပူးထားသည်ဟု မသင်္ကာဖြစ်နေခဲပေသည်။
ထိုကိစ္စကို လီချန်ချင်းတွေးမိတိုင်း လီချန်ချင်း ခေါင်းကိုက်ရသည်။ လီချန်ချင်းမှာ နည်းနည်းနုံအသည့် ကလေးများကိုသာ ပိုသဘောကျမိသည်။ ကောင်းကင်ဘုံက သူ့အားငယ်ငယ်တုန်းက သားလေးတစ်ယောက် ပေးစွမ်းခဲ့သော်လည်း သူ၏သားက အဘယ်ကြောင့် ဉာဏ်ကောင်းလွန်းနေရပါသနည်း။
ဒါက သူ့ဒုက္ခသူ ရှာနေတာ မဟုတ်ဘူးလား။ ကလေးငယ်တစ်ယောက်သည် ဗိုက်ဆာသည့်အခါ အစာစားဖို့၊ လိုအပ်သည့်အခါ အိမ်သာသွားဖို့၊ မိုးရွာသည့်အခါ အိမ်ပြန်ပြေးဖို့ သိထားလျှင်ပင် လုံလောက်ပြီဖြစ်၏။ ရလဒ်အနေဖြင့် အခုဆို သားဖြစ်သူနှင့် စမစ်သားအဖများကဲ့သို့ပင် ဉာဏ်ပညာနှင့်သတ္တိတိုက်ပွဲ နွှဲရတော့မည်ဖြစ်၏။
ထို့နောက် လီချန်ချင်းသည် ယန်ပါးထောင်ကိုခေါ်ပြီး သူ့အတွက် အဆင့်၂ အဆင့်ကျော်ဖြတ်ခြင်းဆေးလုံးကိုယူရန် တောင်းဆိုခဲ့သည်။
အဆင့်၃ဆေးလုံးများမှာ ရှာရခက်သော်လည်း အဆင့်၂ဆေးလုံးများမှာ မရှားပေ။ ယန်ပါးထောင်သည် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအား လိုအပ်သည်ကို တိုက်ရိုက် သတင်းပါးပြီး စန်းယွမ်စောင့်ကြပ်ရေး ကိုယ်စားလှယ်များမှ အလျင်အမြန် ပေးပို့ပေလေ၏။
လီချန်ချင်းသည် ထုံးစံအတိုင်း ငွေလက်မှတ်အချို့ကို သူ့ရင်ဘတ်ထဲတွင် ထည့်ထားသော်လည်း များများစားစားမဟုတ်ဘဲ တစ်သိန်းခန့်သာ ဖြစ်သည်။
ထို့နောက် ရှေးဟောင်းတာအိုတောင်တန်းမြေသို့ စာတစ်စောင် ပေးပို့ခဲ့သည်။ သူ့အလုပ်များပြီးသွားသောအခါတွင် လီချန်ချင်းသည် သက်တောင့်သက်သာရေချိုးရန်အတွက် ရေနွေးပူပူလေး ကျိုခိုင်းခဲ့သည်။
နောက်သုံးရက်အကြာတွင်မူ ရှေးဟောင်းတာအိုတောင်တန်းမြေ၌ ရွှယ်ချမ်းပိုင်သည် တပည့်တစ်ဦးမှ ပေးပို့သော အထုပ်တစ်ထုပ်ကို လက်ခံရရှိခဲ့သည်။ အထုပ်ကို ချန်ထင်မြို့မှ ပို့လိုက်သည်ကို မြင်လိုက်ရသဖြင့် မည်ကဲ့သို့ ဖြစ်မည်ကို ရွှယ်ချမ်းပိုင် အကြမ်းဖျင်း တွေးလိုက်မိသည်။
သို့သော် ရွှယ်ချမ်းပိုင် ရေရွတ်မိသည်။ "သိုလှောင်လက်စွပ်လို အရေးကြီးတဲ့ပစ္စည်းကို လူကိုယ်တိုင် ပေးပို့သင့်တယ် မဟုတ်လား။" ရွှယ်ချမ်းပိုင်သည် အထဲက သေတ္တာသေးသေးလေးကို ဖွင့်ကြည့်လိုက်သောအခါ အလွန်လှပသည့် လက်စွပ်တစ်ကွင်းသည် ရွှယ်ချမ်းပိုင်မျက်စိရှေ့၌ ပေါ်လာလေသည်။
လက်စွပ်တစ်ကွင်းလုံးမှာ ကြွတက်နိုင်သည့် အရောင်အသွေးနှင့်အတူ မှင်ရောင်ရှိပြီး လက်စွပ်၏ရှေ့တွင် နှင်းပွင့်ပုံပန်းသဏ္ဍာန်ပင်ရှိပေသည်။
ထိုနှင်းပွင့်ကို မြင်လိုက်ရသောအခါ ရွှယ်ချမ်းပိုင်၏ မျက်လုံးများ တောက်ပလာသည်။ နှင်းပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့သော အရာတစ်ခုကို လီချန်ချင်း အမှန်တကယ် လုံးလုံးလျားလျား ထွင်းထုထားပြီး အဆိုပါ ကျွမ်းကျင်မှုသည် သာမန်လူများ အောင်မြင်နိုင်သည့် အရာမဟုတ်ပေ။
ထို့နောက် လက်စွပ်ကို လက်ညှိုးပေါ်တင်လိုက်ပြီး ရွှယ်ချမ်းပိုင်အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် အရာအများစုအတွက် ဆန္ဒများစွာမရှိသော်လည်း သိုလှောင်လက်စွပ်ကို အမြဲလိုချင်ခဲ့သည်။
ကံမကောင်းစွာဖြင့်ပင် သိုလှောင်လက်စွပ်များသည် စန်းယွမ်နယ်ပယ်တွင် အလွန်ရှားပါးလွန်းသည်။ လီချန်ချင်း လုပ်နိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ
ထို့ကြောင့် သူအရှက်မဲ့စွာ တောင်းဆိုခဲ့လေ၏။ ရွှယ်ချမ်းပိုင်၏ စိတ်ဝိညာဉ်ကို သိုလှောင်လက်စွပ်တွင်ပေါင်းစည်းလိုက်သောအခါ ရွှယ်ချမ်းပိုင်၏ မူလငြိမ်သက်နေသော မျက်နှာသည် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ သိုလှောင်လက်စွပ်အတွင်းရှိ ကျယ်ဝန်းသော နေရာကို ကြည့်လိုက်သောအခါ သူ အိပ်မက်မက်နေသည်ဟုပင် ရွှယ်ချမ်းပိုင် သံသယဝင်မိသည်။ ဤသိုလှောင်လက်စွပ်နေရာသည် ကုဗမီတာသုံးဆယ်အပြည့်ရှိလေ၏။
စန်းယွမ်နယ်မြေအတွင်းရှိ သိုလှောင်ကွင်းများ၏ အကျယ်ဆုံးနေရာမှာ ဆယ့်ကိုးကုဗမီတာသာရှိ၍ အကျယ်တဝင့်ရှိသည်ဖြစ်သော်လည်း လီချန်ချင်းထွင်းထုထားသည့်အရာမှာ ပို၍ပင် ကြီးမားလေသည်။
ရွှယ်ချမ်းပိုင်မှာ ကိုယ့်တံတွေးကိုယ် မျိုချနေမိသည်။ အကယ်၍ ဤအရာအား ပစ်ထုတ်လိုက်ပါက စန်းယွမ်နယ်မြေတစ်ခုလုံး ဆူပွက်သွားပေလိမ့်မည်။
"သိုလှောင်ကွင်းကြီးတွေ ဘာကိုဆိုလိုလဲဆိုတာ ဒီကောင်မသိဘူးလား။" စန်းယွမ်နယ်မြေရှိ အရာများစွာကို ယခင်က သိရှိခဲ့ခြင်း မရှိသောကြောင့် ဖြစ်နိုင်သည်ဟု ရွှယ်ချမ်းပိုင်က ခန့်မှန်းခဲ့သည်။
လီချန်ချင်းသည် စန်းယွမ်နယ်မြေ သိုလှောင်လက်စွပ်၏ အကျယ်အဝန်း မည်မျှကြီးမားသည်ကို မသိခဲ့ဘဲ အခြားသူများအား သူ့သိုလှောင်လက်စွပ် မည်မျှကျယ်ကြောင်း ရူးသွပ်စွာ ပြောလိုက်မိပါက ပြဿနာကြီးကို ရှာမိပေလိမ့်မည်။
ထိုအကြောင်းကို တွေးပြီး ရွှယ်ချမ်းပိုင် ထိုင်မနေနိုင်တော့ဘဲ လေတစ်ချက်ချွန်လိုက်ရာ နှင်းလင်းယုန်သည် ဆင်းသက်လာလေ၏။ ရွှယ်ချမ်းပိုင်သည် နှင်းလင်းယုန်ကျောပေါ် ခြေချလိုက်ပြီး ရှေးဟောင်းတာအိုတောင်တန်းမြေအပြင်ဘက်ဆီသို့ ပျံသန်းသွားခဲ့သည်။
လီချန်ချင်းအား သတိပေးရန် ချန်ထင်မြို့သို့ လူကိုယ်တိုင် သွားချင်မိသည်။
"စိုးရိမ်စရာပဲ။" ရွှယ်ချမ်းပိုင် စိတ်မချမ်းမြေ့စွာပြောလေ၏။ ရွှယ်ချမ်းပိုင်သည် ရှေးဟောင်းတာအိုတောင်တန်းမြေမှ ပျံသန်းလာစဉ် ရှမူဟိုင်သည် အပြင်မှပြန်လာခဲ့သည်။
ရှမူဟိုင်သည် ရွှယ်ချမ်းပိုင် အပြေးအလွှားထွက်လာသည်ကိုတွေ့သောအခါ အနည်းငယ် အံ့ဩသွားသည်။ ဘာတွေ အလျင်လိုနေတာလဲ။
ထျန်ဟိုင်းမြို့သို့ ခရီးထွက်ပြီးနောက် ရှမူဟိုင်သည် ထျန်ဟိုင်းမြို့မှ ထာဝရရှင်သန်ခြင်းဂိုဏ်းအကြောင်း အချက်အလက်များစွာကို ရယူရန် ကြေးနှုန်းမြင့်မြင့် ပေးခဲ့ရလသည်။
တစ်ချိန်တည်းမှာပင် ရှမူဟိုင်သည် သူ၏ မကျေချမ်းဝိညာဉ်ကျိန်စာများကို ဖယ်ရှားရန်အတွက် ဆေးဘုရင်တောင်ကြားမှ ဆေးလုံးအချို့ကို ပြန်လည်သန့်စင်ရန် လိုအပ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ ဤဆေးကို သန့်စင်ရန် မခက်ခဲသော်လည်း တစ္ဆေမြက်နွယ်ပင်ဟုခေါ်သော လိုအပ်သော ဆေးဖက်ဝင်အပင်များထဲမှ တစ်ခုသည် လူ့နယ်မြေတစ်ခုလုံး၌ တိမ်သဲကန္တာရတွင်သာ တွေ့ရှိနိုင်လေသည်။
သို့သော်လည်း ရှမူဟိုင်သည် တစ္ဆေနတ်ဆိုးမြတ်ပင်ကိုရှာတွေ့သူ မည်သူ့ကိုမဆို ကောင်းမှုရမှတ်ငါးသောင်း ဆုချီးမြှင့်မည်ဟု ကမ်းလှမ်းခဲ့လေသည်။။ ဤသည်မှာ ရှမူဟိုင်၏ ကြွယ်ဝမှုအားလုံးနီးပါးပင်ဖြစ်ပေ၏။သို့သော်လည်း သူ့ဘဝအတွက်ဖြစ်သောကြောင့် ထိုသူသည် တစ္ဆေနတ်ဆိုးမြက်ပင်ကို ရှာတွေ့နိုင်ခဲ့လျှင် ဆုလာဘ်မှာ ထိုက်တန်ပေ၏။
မူဟိုင်ဖုန်းတောင်သို့ ပြန်ရောက်သောအခါ ရှမူဟိုင်သည် မကြာသေးမီကဖြစ်ရပ်များနှင့်ပတ်သက်ပြီး သတင်းရခဲ့ပြီး၊ ထို့နောက် လီချန်ချင်းက သူ့အား လီဟမ်ရှန်းသို့ပေးပို့ရန် အပ်နှံထားသည့် တစ်စုံတစ်ရာကို တွေ့လိုက်ရသည်။
"ဘာကြီးလဲ...."သေတ္တာတစ်လုံးကို မြင်လိုက်ရသောအခါ ရှမူဟိုင် အနည်းငယ် ခေါင်းခါလိုက်ပြီး အထဲမှာအသံကိုကြားသောအခါ ဤသည်မှာ သစ်သားနှင့်ထွင်းထုထားသော အရာတစ်ခုဖြစ်မည်ဟု ထင်မိသည်။
"သူ့သားအတွက် နောက်ထပ် ရတနာတစ်ခုလား။" ရှမူဟိုင်သည် အလွန်မနာလိုဖြစ်မိကာ မျက်လုံးများပင် နီရဲသွားလေသည်။ သူ့တွင် အဘယ်ကြောင့် ဤမျှကောင်းသော ဖခင်ကောင်းတစ်ယောက် မရှိခဲ့ရပါသနည်း.
အရည်အချင်းမပြည့်မီပါက ရတနာများဖြင့် ဖန်တီးပေးနိုင်လေသည်။ လီဟမ်ရှန်း၏အရည်အချင်းက မကောင်းနိုင်သော်လည်း ဖခင်ကောင်းတစ်ယောက်၏ ပြုစုစောင့်ရှောက်မှုကို ခံရလေ၏။ ယခင်က ရှမူဟိုင်ကို ပေးခဲ့သော သုံးဖက်ထောက် အမွှေးတိုင်အိုးလေးသည် မကြာသေးမီပင် ရှမူဟိုင်အား ကိုယ်ခံပညာအသစ်တစ်ခုကို နားလည်သဘောပေါက်နိုင်ခဲ့ပြီး သူ၏ အဆင့်အား ဖြတ်ကျော်ရန် မဝေးတော့ကြောင်း ခံစားခဲ့ရသည်။
အချိန်ပိုပေးလျှင် သူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းနယ်ပယ်ထဲသို့ ဝင်ရောက်ပြီး အထူးအဆင့်ဖြစ်လာနိုင်သည်။
သူထွက်မသွားခင် လီဟမ်ရှန်းသူ့အား အစီရင်ခံခဲ့သည့်အမည်က သူ့အား တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ခွင့်ရစေခဲ့သည်။ သို့သော်လည်း ရှမူဟိုင်သည် လီဟမ်ရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဖြတ်ကျော်သွားခြင်း ရှိ၊ မရှိ မသေချာခဲ့ပေ။
ထို့ကြောင့် ရှမူဟိုင်သည် ချင်ကျူးတောင်သို့ တိုက်ရိုက်သွားခဲ့သည်။ သူသည် လီဟမ်ရှန်းအတွက် ရတနာများကိုလည်း ယူဆောင်လာခဲ့သည်။ ချင်ကျူးတောင်သည် အလွန်သာယာလှပေ၏။လူတိုင်းကလည်း အမိန့်နာခံကြလေသည်။ ခြံဝင်းငယ်လေးသည်လည်း အံဝင်ခွင်ကျရှိလှပြီး အညစ်အကြေးကင်းစင်ပေ၏။
"ဆရာ....ရောက်လာပြီလား။" ရှုခွေသည် ရှမူဟိုင်လာသည်ကိုမြင်ပြီး ရိုသေစွာနှုတ်ဆက်ရန် အမြန်ပြေးလာခဲ့သည်။
"ဟမ်ရှန်း ဘယ်မှာလဲ။" ရှမူဟိုင်က မေးသည်။
"သခင်လေးက တံခါးပိတ်ကျင့်ကြံနေနေတာကနေ ထွက်မလာသေးဘူး။"ရှုခွေက အမြန်ပြန်ဖြေလိုက်သည်။ လီဟမ်ရှန်းသည် အဆင့်ဖြတ်ကျော်ရန် ရက်ပေါင်းများစွာကြာပြီးနောက်တွင် အနည်းငယ် ထူးဆန်းပုံပေါက်လောက်အောင်ပင် လှုပ်ရှားမှုမရှိခဲ့ပေ။
ပုံမှန်အားဖြင့် လူတစ်ယောက်သည် တက်လှမ်းခြင်းအဆင့်၏ နဝမမြောက်အဆင့်မှ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ဖြတ်ကျော်ရန် တစ်ရက်သာလိုသည်။ သို့သော်လည်း လီဟမ်ရှန်းည် တစ်လခွဲကြာနေပြီဖြစ်ပြီး ယခုထိ ထွက်မလာသေးပေ။
"ဘုန်း...." ထိုအချိန်တွင် ကျယ်လောင်သော ဆူညံသံနှင့်အတူ စွမ်းအင်လှိုင်းလုံးများ လွှမ်းမိုးသွားလေ၏။ ရှုခွေနှင့် ရှမူဟိုင်တို့သည် ထိုဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ စွမ်းအင်လှိုင်းလုံးများက သူတို့၏အဝတ်အစားများကိုပင် ရိုက်ခတ်သွားစေသည်။
ပြင်းထန်သော အတွင်းအားများ ထွက်ပေါ်လာပြီး ရှမူဟိုင်နှင့်ရှုကွီတို့မှာ ထိုစွမ်းအားလာရာ လမ်းကြောင်းမှ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် နိုးထလာသည်ဟု ခံစားလိုက်ရသည်။
"သခင်လေး ဖြတ်ကျော်နိုင်သွားပြီလား။" ရှုကွီအနည်းငယ် ထိတ်လန့်သွားသည်။ တက်လှမ်ခြင်းအဆင့် နဝမအဆင့်ကနေ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ဖြတ်ကျော်သွားသောအခါ အဲ့လောက်ပြင်းပြင်းထန်ထန် ရုန်းရင်းဆန်ခတ်ဖြစ်ပါ့မလား။
ရှမူဟိုင်သည် မျက်လုံးများကို မှိတ်ထားသည်။ လီဟမ်ရှန်းလေ့ကျင့်ခဲ့သော "ကျောက်တောင်တန်းပေါ်သို့ သွား၍ အင်မော်တယ်တပါးကို ဖူးမြှော်ခြင်း" ပန်းချီကားမှာ အမှန်ပင် မရိုးရှင်းလှပေ။
ထိုသို့သော ရုပ်ပိုင်းဆိုင်ရာစွမ်းအားဖြင့် ၎င်းတို့သည် အကွာအဝေးတစ်ခုမှပင် သူ့ကိုယ်တွင်း၌ရှိသည့် ကြောက်မက်ဖွယ်ကောင်းသော အတွင်းစွမ်းအင်ကို ခံစားနိုင်သည်။ အဆင့်ဖြတ်ကျော်ဖို့ အချိန်အတော်ကြာခဲ့သည်မှာ အံ့ဩဖွယ်မရှိပေ။
ယခင်ကလည်း လီဟမ်ရှန်း၏ခန္ဓာကိုယ်ရှိ 'ချီ'စွမ်းအင်နှင့် သွေးများ၏ စွမ်းအားသည် အံ့ဩလောက်အောင် အားကောင်းခဲ့ပေ၏။ ရှမူဟိုင်၏ အတွေးအမြင်အရ လီဟမ်ရှန်းအနေဖြင့် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ တက်လှမ်းရသည်မှာ ကောင်းကင်ဘုံကို တက်လှမ်းရသကဲ့သို့ပင် ခက်ခဲနေခဲ့ပေမည်။
ရှမူဟိုင်သည် မူလက လီဟမ်ရှန်း ဖြတ်ကျော်ရန် အခက်အခဲရှိမရှိကို လာရောက်ကြည့်ရှုပြီး ကူညီရန် ကြိုးစားခဲ့သည်။ သို့သော် လီဟမ်ရှန်းသည် မမျှော်လင့်ဘဲ အဟန့်အတားများမှ ရုန်းထွက်နိုင်ခဲ့ပေ၏။
မကြာခင်မှာပဲ ရှုခွေနှင့် ရှမူဟိုင်တို့သည် အဝေးမှ လီဟမ်ရှန်း လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ အဝေးမှပင် လီဟမ်ရှန်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲစွမ်းအားကို ခံစားနိုင်ကြပေ၏။
အရင်ကနဲ့ ယှဉ်လျှင် အဆင့်တစ်ခုထက်ပိုမြင့်လာပြီဖြစ်သည်။ သူ၏ ကိုယ်ခန္ဓာသည် ဝိညာဉ်သားရဲတစ်ကောင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ နေနှင့်လ၏အလင်းရောင်သည် ကောင်းကင်နှင့်မြေကြီးကို လှည့်ပတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသကဲ့သို့ လီဟမ်ရှန်းအား ဝန်းရံထားလေ၏။