← Chapters

အခန်း (၁၅၃)

Vol. 15 Ch. 153

အခန်း (၁၅၃)

Vol. 15 Ch. 153

ရှေးဟောင်းတာအိုတောင်တန်းမြေ၏ စာရင်းနှင့်အတူ လီဟမ်ရှန်းသည် သူစာရင်းဝင်ကြောင်းသိ၍ သူ့အဆင့်ကို တည်ငြိမ်အောင် အားစိုက်ကျင့်ကြံခဲ့သည်။

ရှမူဟိုင်မှ တစ္ဆေနတ်ဆိုးစမ်းသပ်မှု၏ အန္တရာယ်များနှင့်ပတ်သက်၍ လီဟမ်ရှန်းကို အကျဉ်းချုံးပြောပြခဲ့ဖူးသည်။ ထို့ကြောင့် ကောင်းမွန်စွာ မပြင်ဆင်ထားပါက စမ်းသပ်မှုအတွင်း အလွယ်တကူ အသက်ဆုံးရှုံးနိုင်သည်ဟု လီဟမ်ရှန်း ကောင်းကောင်းကြီး နားလည်ပေသည်။

ပါဝင်မည့် အခြားတပည့်များသည်လည်း စေ့စပ်သေချာစွာ ပြင်ဆင်မှုများ ပြုလုပ်ကြသည်။ လီချန်ချင်းသည်လည်း ကျန်းဟဲအိမ်တော်သို့ ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်၏။

လီချန်ချင်းသည် ကျန်းဟဲအိမ်တော်၌ အဖွဲ့ကို ဦးဆောင်ရမည်ဖြစ်သည်။ လီချန်ချင်းသည် မထွက်ခွာမီ လီဟမ်ရှန်းထံမှ စာတစ်စောင် လက်ခံရရှိခဲ့လေ၏။ လီဟမ်ရှန်းရေးထားသည့် စာကိုမြင်သောအခါ လီချန်ချင်းသည် သူ့နည်းဗျူဟာ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

လီချန်ချင်းမှာ ခေတ္တဘေးကင်းသွားပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းတာအိုတောင်တန်းနယ်မြေအတွက် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ ပစ္စည်းများလည်း ရောက်ရှိလာပြီ ဖြစ်သည်။ ထိုအပြင် ကျန်းဟဲအိမ်တော်သို့လည်း ပစ္စည်းများ ပေးပို့ပြီးဖြစ်သည်။

ဤသည်မှာ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအတွက် အလွန်အရေးကြီးသော ကိစ္စရပ်ဖြစ်သည်။ ဤ တစ္တေနတ်ဆိုးစမ်းသပ်မှုအတွက် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီတစ်ခုလုံးသည် အသေးစိတ်အချက်အလက်များကိုအာရုံစိုက်ကာ ကုမ္ပဏီအတွက် နာမည်တစ်ခုဖန်တီးရန် ပြင်ဆင်နေကြရသည်ဖြစ်၍ တစ်လလုံး အလုပ်များနေခဲ့ပေသည်။

ထို့အပြင် တစ္ဆေနတ်ဆိုးစမ်းသပ်မှု၌ ရှေးဟောင်းတာအိုတောင်တန်းမြေကို ဦးဆောင်နေသည့် ရွှယ်ချမ်းပိုင်အပြင် စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်မှ စွမ်းအားရှင် ဝူဝမ်ယင်၊ ပိုင်လင်တောင်ထိပ်မှ စွမ်းအားရှင် စီပိုင်လင်နှင့် မျောလွင့်ပုံရိပ်ခန်းမသခင် လီကျင်းစုန့်တို့လည်း အသီးသီး ရှိကြပေသည်။

ထိုအခိုက်အတန့်တွင် မျောလွင့်ခြင်းပုံရိပ်ခန်းမရှေ့ ကွင်းပြင်၌ လီကျင်းစုန့်သည် သွားရောက်ရမည့် တပည့်ခြောက်ဆယ်အား ရိက္ခာများ ဝေငှနေသည်။ သေတ္တာကြီးကို ဖွင့်ကြည့်လိုက်သောအခါ အထဲမှာ ယူနီဖောင်းများကို တွေ့လိုက်ရာ လီကျင်းစုန့်ပင် မှင်သက်သွားမိသည်။

ဒီဝတ်စုံက အရမ်းကြောင်တောင်တောင် ဖြစ်မနေဘူးလား။ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက သီးသန့်ကူညီထောက်ပံ့မှုက ဘာကြီးလဲ။ တပည့်များထံသို့ အဝတ်များဝေငှသောအခါတွင် သူတို့အားလုံးသည်လည်း ထူးဆန်းသောအမူအရာဖြင့် အဝတ်ကိုကိုင်ဆောင်ကြသည်။

"ဒီတစ်ခါမှာတော့ တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ဖို့ ငါတို့ရှေးဟောင်းတာအိုတောင်တန်းမြေအတွက် ပစ္စည်းတွေအားလုံးကို ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ပံ့ပိုးပေးတဲ့အတွက် ဒီအဝတ်အစားတွေကို ၀တ်ဆင်ရပါမယ်။ဒါက ရှေးဟောင်းတာအိုတောင်တန်းမြေရဲ့ တပည့်တွေအတွက် ကူညီထောက်ပံ့သူ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကို ပြန်လည်အကျိုးပြုစေမယ့် နည်းလမ်းတစ်ခုပါပဲ။" လီကျင်းစုန့်က ချောင်းဟန့်ကာ တပည့်များအား ပြောလိုက်သည်။

လီကျင်းဆုန်ကိုယ်တိုင်သည်လည်း အဝတ်များမှာ အကျည်းတန်လှသည်ဟု ခံစားမိလေသည်။ ကံကောင်းထောက်မစွာပင် ကူညီထောက်ပံ့သူမှာ တပည့်များကိုသာ ဝတ်ခိုင်းပြီး သူမဝတ်ရပေ။ မဟုတ်လျှင် လီကျင်းစုန့်အတွက် ထိုဝတ်စုံနှင့် သွားမည့်အစား သေခြင်းက ပိုကောင်းနေသေးပေ၏။

"ဆရာ...ဒီလိုမျိုးဝတ်ရတာ ရှက်စရာကြီး...." တပည့်တစ်ယောက်က ရှေ့ကို လှမ်းလာသည်။ "အခြားဂိုဏ်းက တပည့်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံရမှာမဟုတ်ဘူးလား။ ဒါက ကျွန်တော်တို့ ရှေးဟောင်းတာအိုတောင်တန်းမြေအတွက် ရှက်စရာပဲ မဟုတ်လား။"

"ဟုတ်တယ်.... ဒီအဝတ်အစားရဲ့ ပစ္စည်းက ကောင်းတယ်။ အရမ်းအဆင်ပြေတယ်။ ဒါပေမယ့် နောက်ကျောက စကားလုံးတွေက ရုပ်ဆိုးလွန်းတယ်။ နောက်ကျောက စကားလုံးတွေကို ဖျက်လို့ရမလား" အခြားတပည့်များလည်း ညည်းညူလာကြပြီး ခဏကြာသောအခါ ထိုမြင်ကွင်းသည် တိုင်ကြားစာညီလာခံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"အစ်ကိုလီလည်း အဲ့လိုထင်တယ်မလား။" အခြားတောင်ထိပ်မှ တပည့်တစ်ဦးသည် သူ့ဘေးနားရှိ လီဟမ်ရှန်းအား မေးလေသည်။ "ဒါဟာ ရှက်စရာကောင်းလွန်းပါတယ်။ ဒီချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကို ဘယ်သူက ဦးစီးလုပ်ကိုင်နေလဲ မသိပေမယ့် ဒီအကြံဉာဏ်က ရယ်စရာကောင်းလွန်းတယ်။ ဒါက ရှေးဟောင်းတာအိုတောင်တန်းမြေကို လှောင်စရာဖြစ်အောင် လုပ်နေတာမဟုတ်လား"

"အဟမ်း အဟမ်း...." လီဟမ်ရှန်းသည် နှစ်ကြိမ်ခန့် ချောင်းဟန့်ကာ ရှက်ရွံ့ဖြင့် ခေါင်းငုံ့ကာ တိတ်ဆိတ်နေလေ၏။ သူ့အဖေက ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ၌ ရှယ်ယာဝင်ဖြစ်လေသည်။

ထို့ကြောင့် သူ့အဖေက ကုမ္ပဏီကို လည်ပတ်သူဟု ဆိုနိုင်သည်။ သူကိုယ်တိုင်က ဤဝတ်စုံဝတ်ရန်အတွက် လက်ခံနိုင်သော်လည်း တခြားတပည့်များအတွက်မူ လက်ခံဖို့ အခက်အခဲရှိနေပုံရပေ၏။

"မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြ...." ထိုအချိန်တွင် လူအုပ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန်ပင် အာဏာပြသောအသံဖြစ်သည်။

"မဝတ်ချင်တဲ့သူ မဝတ်ကြနဲ့။ ဖင်ဗလာနဲ့သွားကြ....." ရောက်လာသူမှာ ကျိုးကျွင်းဖြစ်သည်။ ကျိုးကျွင်း၏ စူးစူးရှရှအကြည့်များက အားလုံးကို လွှမ်းခြုံထားပေ၏။

"မင်းတို့ သွားမယ့်နေရာကို သွားဖို့ စွန့်လွှတ်ရင် လွှတ်လိုက် ဒါမှမဟုတ်ရင် အသုံးမဝင်တဲ့ ပေါက်တက်ကရတွေ ပြောနေတာကို ရပ်လိုက်ကြ...."

ကျိုးကျွင်းသည် တပည့်များကြားတွင် ဩဇာလွှမ်းမိုးမှုရှိပေ၏။ သူပြောပြီးသည်နှင့် အများစုမှာ အသံမထွက်ရဲကြတော့ပေ။

"အစ်ကိုကျိုး...ကျွန်တော်တို့က အဝတ်အစားကို နည်းနည်းကြည့်ရဆိုးတယ်လို့ ပြောနေကြရုံတင်ပါ။ ဘာမှမဟုတ်ပါဘူးဗျာ။" တပည့်တစ်ယောက်က ရယ်မောလျက် မြန်မြန်တောင်းပန်လေ၏။

"ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီက ငါတို့ကို အသုံးစရိတ်၊ နေရာထိုင်ခင်း၊ ဆေးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ပေးထားတယ်။ သူတို့က မင်းတို့ကို ပိုက်ဆံတွေ အလကားပေးပါ့မလား။ အဝတ်တစ်ထည်လေး ဝတ်ရတာကို ဘာဖြစ်နေကြတာလဲ။" ကျိုးကျွင်းက ဒေါသတကြီးအော်ပြောလေ၏။

"မင်းတို့ရဲ့ ခွန်အားကို ဘယ်လိုကျင့်ကြံကြရမလဲတော့ မသိပေမယ့် လူသားတစ်ယောက်လို ပြုမူပုံကိုတော့ သင်ယူပြီးကြပြီပေါ့လေ။"ကျိုးကျွင်း၏စကားက ဆူပူနေကြသူအားလုံးကို နှုတ်ဆိတ်သွားစေ၏။

ထို့နောက် ကျိုးကျွင်းသည် လီဟမ်ရှန်းကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ လီဟမ်ရှန်းသည် ကျိုးကျွင်းကို အလွန်ကျေးဇူးတင်ခဲ့မိသည်။ ကျိုးကျွင်းမှာ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှာ လီဟမ်ရှန်းဖခင်၏ကုမ္ပဏီဖြစ်ကြောင်း သိပြီး လူစုလူဝေး၏မကျေနပ်မှုများနှင့် ကဲ့ရဲ့မှုများကို ကြားရခြင်းသည် လီဟမ်ရှန်းအား စိတ်ဓာတ်ပျက်ပြားစေမည်ကို စိုးရွံ့မိလေသည်။

"ဒီဝတ်စုံက တော်တော်ကြည့်ကောင်းပါတယ်။" ကျိုးကျွင်းမှာ ယူနီဖောင်းကို ပထမဆုံးဝတ်ထားသူဖြစ်ပြီး ပြုံးလျက်သား ပြောပေ၏။ "ဒီဝတ်စုံက အရမ်း သက်တောင့်သက်သာရှိတယ်။ နူးညံတယ်။ အထည်သားလည်း ကောင်းတယ်။ တစ္ဆေနတ်ဆိုးစမ်းသပ်မှု ကျင်းပရာက အရမ်းအေးတယ်။ မင်းတို့မဝတ်လို့ အေးခဲပြီးသေသွားရင် ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ဘူးနော်။

" ကျိုးကျွင်းသည် ထိုဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရပြီး လီဟမ်ရှန်းသည်လည်း ယူနီဖောင်းကို ၀တ်ဆင်လိုက်သည်။ ထိုအခါ အခြားတပည့်များသည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် ယူနီဖောင်းဝတ်ကြလေ၏။

အားလုံးက ယူနီဖောင်းဝတ်ထားသည်ကို မြင်သောအခါ လီကျင်းစုန့်က ခေါင်းညိတ်လိုက်သည်။ ကျိုးကျွင်း၏ စကားမျာက သူ့အား လေကုန်သက်သာစေခဲ့ပေ၏။

ထို့နောက် လီကျင်းစုန့်က ပြောသည်။ "တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ဖို့အတွက် ဂိုဏ်းက သတ်မှတ်ထားတဲ့ အရင်းအမြစ်တချို့သာ ယူဆောင်လာနိုင်ပြီး အရမ်းကြီး ယူဆောင်လာလို့ မရဘူး။ ကျန်တဲ့အရာတွေကို မင်းတို့ကိုယ်တိုင် သယ်သွားရမှာ ဖြစ်တယ်။ ဒါကြောင့် တစ်ဦးချင်းစီဟာ သေတ္တာတစ်လုံးစီ သယ်ဖို့လိုတယ်။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုဟာ ဆယ့်သုံးရက်ကြာမှာဖြစ်ပြီး ပစ္စည်းတွေလည်း ပေါပေါများများ ရှိမှာမဟုတ်ဘူး။။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြဖို့ လိုတယ်။"

"ဟုတ်ကဲ့ပါ...." သူတို့ အားလုံး နားလည်ကြပေ၏။ အရင်က တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်ခဲ့သည့် တပည့်များ၏ အဆိုအရ သူတို့မှာ ဆာလောင်လွန်းသဖြင့် သစ်ပင်အခေါက်များကိုပင် ခုတ်ထစ်စားသောက်ခဲ့ရသည်ဟု ဆိုကြလေသည်။

ထိုအချိန်တွင် ကျန်းကျူက ကျန်းဟဲအိမ်တော်ရှိ လီချန်ချင်းသည်လည်း သူ့လူများနှင့်အတူ ပြင်ဆင်ခဲ့သည်။ ကျန်းဟဲအိမ်တော်၏ တပည့်များသည် ဤဝတ်စုံများကို မြင်သောအခါ အချိန်အတန်ကြာ အံ့အားသင့်မိသွားကြသည်။

သို့သော် လီချန်ချင်း၏ စကားတစ်ခွန်းက အားလုံး၏ ပါးစပ်ပေါက်များကို ပိတ်သွားစေလေ၏။

"ရှေးဟောင်းတာအိုတောင်တန်းမြေက တပည့်တွေကရော မင်းတို့လိုပဲ ဝတ်ကြမှာ။ သူတို့တောင် ဝတ်နိုင်သေးရင် မင်းတို့က ဘာကြောင့် ဟန်ကြီးပန်ကြီး လုပ်နေကြတာလဲ။" လီချန်ချင်း၏ စကားလုံးများသည် ကျန်းဟဲအိမ်တော်၏ တပည့်များအား ဟန်ချက်ညီစေခဲ့သည်။

ရှေးဟောင်းတာအိုတောင်တန်းမြေသည် အဓိက ဂိုဏ်းတစ်ခုဖြစ်ပေ၏။ သူတို့၏ တပည့်များ ထိုဝတ်စုံများဝတ်ထားသဖြင့် တခြားဂိုဏ်းများက လှောင်ပြောင်ချင်ကြလျှင် သူတို့က အရင် ဦးအောင် လှောင်ပြောင်ကြပေလိမ့်မည်။

"ဟုတ်တယ်ကွ...." လီချန်ချင်းက ပြုံးလျက်သားပြောသည်။ " ငါတို့အတွက် ဝူတာလန်က ကောင်းကင်ကြီးကိုတောင် ကိုင်စွဲပေးထားတာကို မင်းတို့က ဘာတွေ ကြောက်နေကြတာလဲ။ "

"အကြီးအကဲ....ဝူတာလန်ဆိုတာ ဘယ်သူလဲ။" ကျန်းဟဲအိမ်တော်မှ တပည့်တစ်ယောက်က မမေးဘဲ မနေနိုင်တော့ပေ။

"အင်အားကြီးတဲ့ ဘီလူးကြီးပေါ့ကွ...." လီချန်ချင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဪ ... သိပါပြီ။" ထိုအခါ လူအုပ်ကြီးက ရုတ်တရက် သဘောပေါက်သွားလေ၏။ သူတို့၏ အကြီးအကဲသည် သန်မာသည့် ဘီလူးကြီးကိုပင် သိပြီး အင်မတန် သန်မာပေ၏။


နှစ်ရက်အကြာတွင် ခရမ်းရောင်ဝတ်ထားသော အမျိုးသားတစ်ဦး ကျန်းဟဲအိမ်တော်သို့ ရောက်လာသည်။ ထိုလူသည် ထျန်ဟိုင်းမြို့တော်ရှိ စန်းယွမ်နယ်မြေစောင့်ကြပ်ရေးကိုယ်စားလှယ်အဖွဲ့မှဖြစ်သည်။

"တစ္ဆေနတ်ဆိုးစမ်းသပ်မှု စတင်ပါတော့မယ်။ ကျုပ် ခင်ဗျားတို့ကို စမ်းသပ်မှုဆီကို ခေါ်သွားဖို့ ထျန်ဟိုင်းမြို့တော်ကိုယ်စား ရောက်လာတာပါ။" ခရမ်းရောင်ဝတ်ထားသော အမျိုးသားက လီချန်ချင်းဆီသို့ လျှောက်လာပြီး ပြောလေ၏။

"ကောင်းပြီ။" ကျန်းဟဲအိမ်တော်၏ အကြီးအကဲသုံးယောက်သည် လီချန်ချင်း၏ နောက်တွင် တလေးတစား ရပ်နေကြလေသည်။ စီမာယန်သည် သူ၏ဒဏ်ရာများကို ကုစားရန် သီးသန့်တစ်ယောက်တည်းသာ နေနေခဲ့ပြီး တစ္ဆေနတ်ဆိုးစမ်းသပ်မှုအတွက် လီချန်ချင်းအား တာဝန်အပ်နှင်းထားလေ၏။

ထို့ကြောင့် လီချန်ချင်းသည် ကျန်းဟဲအိမ်တော် အကြီးအကဲသုံးဦးနှင့် ကျန်းဟဲအိမ်တော်၏ တပည့် နှစ်ဆယ်ကို ခရမ်းရောင် ၀တ်စုံဝတ်အမျိုးသားနှင့်အတူ မြို့ပြင်သို့ ခေါ်ဆောင်လာခဲ့လေသည်။

မြို့အပြင်ဘက်တွင် ကြီးမားသော ကျီးကန်းနက်ကြီးတစ်ကောင် ပြင်ဆင်ထားပြီးဖြစ်သည်။

"ကြီးလိုက်တဲ့ စိတ်ဝိညာဉ်သားရဲကြီးပဲ..." တပည့်တို့သည် ဧရာမသားရဲကိုမြင်သောအခါ အံ့ဩသွားမိကြသည်။ ထိုကဲ့သို့သောငှက်ကြီးကို ပထမဆုံးအကြိမ်မြင်ဖူးသည့် လီချန်ချင်းပင်လျှင် ဤမျှကြီးမားသောဝိညာဉ်သားရဲကြီးကို ထိန်းသိမ်းထားနိုင်သည့် စမ်းယွမ်နယ်မြေ စောင့်ကြပ်ရေးအဖွဲ့၏ ကြွယ်ဝမှုကို လေးစားရပေမည်။ အသားကို နေ့တိုင်းကျွေးပြီး ငွေကုန်ကြေးကျ ခံရမည် ဖြစ်၏။

"ကျေးဇူးပြုပြီး တက်ကြပါ...။" ခရမ်းရောင်ဝတ် အမျိုးသားက ပြောလိုက်သည်။ တစ္ဆေနတ်ဆိုးစမ်းသပ်မှု၏တည်နေရာသည် အလှမ်းဝေးပြီး တစ္ဆေလျှိုမြောင်းတွင်ရှိသောကြောင့် ထိုသို့ရောက်ရှိရန် စန်းယွမ်နယ်မြေ စောင့်ကြပ်ရေးအဖွဲ့၏ ကျီးနက်ကြီးကို စီးရမည်ဖြစ်သည်။

ကျန်းဟဲအိမ်တော်သာမက တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်သည့် ဂိုဏ်းအားလုံးကို စန်းယွမ်နယ်မြေစောင့်ကြပ်ရေးအဖွဲ့မှလူများက လာကြိုပေးပြီး တစ္ဆေလျှိုစောက်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

ထို့နောက် အရှေ့ပိုင်းဆိတ်ငြိမ်ခြမ်းမြေရှိ ကြီးကြပ်သူသည် ၎င်းတို့အား တစ္ဆေနတ်ဆိုးစမ်းသပ်မှုဆီသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ ကျန်းဟဲအိမ်တော်မှ တပည့်များသည် လူတစ်ရာဆံ့နိုင်သော ကျီးကန်းနက်ကြီးပေါ်သို့ ၎င်းတို့၏ ပစ္စည်းများအားလုံးကို တင်ဆောင်ပြီးနောက် ကျီးနက်ကြီး၏ ကျောပြင်မှာ အင်မတန် ကျယ်ဝန်းကြောင်း သိရှိခဲ့ရလေသည်။

ကျန်းဟဲအိမ်တော်မှ လူနှစ်ဆယ်သာ ပါဝင်ခဲ့သည်။ အားလုံးအဆင်သင့်ဖြစ်ကြသောအခါ ကျီးကန်းနက်ကြီးက သူ့အတောင်ပံကြီးကို ခတ်ကာ အဝေးသို့ ပျံတက်သွားလေ၏။

တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေရှိ အခြားဂိုဏ်းများသည်လည်း ကျီးကန်းနက်ပေါ်သို့ တက်ကာ တစ္ဆေလျှိုစောက်ဆီသို့ ဦးတည်သွားကြသည်။ ရာသီဥတုမှာ ပို၍ အေးလာ၏။ ကောင်းကင်ယံ၌ အေးစက်သောလေပြေမှာ ဓားသွားနှင့်ပင်တူကာ အင်မတန် ချမ်းအေးလှသည်။ သို့သော် သူတို့ဝတ်ဆင်ထားည့် အဝတ်အစားများမှာ အလွန်နွေးထွေးပြီး လေအေးကပင် သူတို့ဝတ်ထားသည့် အဝတ်များကို မတိုးနိုင်ကြောင်း တပည့်များ သတိပြုမိခဲ့ကြသည်။

အဝတ်အတွင်းရှိ သားမွေးများက အအေးဓာတ်ကို ကာပေးထားလေ၏။

"ဒီအဝတ်တွေက အရမ်းနွေးတာပဲ။" ရှေ့တွင်ထိုင်နေသော ယင်ရှုယွီမှာလည်း အံ့သြသွားသည်။ အစပိုင်း၌ သူမ မဝတ်ချင်ခဲ့သော်လည်း ယခုမူ အလွန်သက်တောင့်သက်သာ ရှိလှပေ၏။

ယင်ရှုယွီသည် ပန်းချီဆရာတစ်ဦးဖြစ်ရာ သူမသည် အလယ်အလတ်အဆင့် ပန်းချီဆရာတစ်ဦးဖြစ်ပြီး သူမ၏ခွန်အားသည် ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် ညီမျှသောကြောင့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်လာခဲ့သည်။

လီချန်ချင်းသည် အရှေ့တွင်ထိုင်ကာ တိုက်ခတ်နေသော လေပြင်းများအား တိုက်ချင်သလို တိုက်ခတ်ခွင့်ပြုနေပေသည်။ လေပြင်းများ သူ့အနားမကပ်ခင်မှာပင် သူ၏စိတ်ဝိညာဉ်က ကာဆီးပေးထားလေ၏။

ထို့ကြောင့် လီချန်ချင်းသည် လုံးဝမအေးတော့ဘဲ စိတ်ဝိညာဉ်ကို ထိန်းချုပ်ရသည်မှာလည်း ပိုကောင်းလာပေသည်။

ယင်ရှုယွီ၏ စကားကိုကြားသောအခါ လီချန်ချင်း ရယ်မောလိုက်သည်။ မှန်ပေသည်။ အဝတ်အစားများမှာ နွေးလှပေ၏။ ၎င်းတို့မှာ ရိုးရိုးချည်ထည်အဝတ်အစားတွေမဟုတ်ဘဲ လီချန်ချင်းကိုယ်တိုင်လုပ်ထားသည့် အင်္ကျီများဖြစ်ပေ၏။

သို့ဖြစ်၍ ပုံမှန် ချည်ထည်အ၀တ်အစားများထက် ပိုနွေးထွေးပြီး ဝတ်ရအဆင်ပြေသည်။

"ယင်ရှုယွီ..." လီချန်ချင်းက ယင်ရှုယွီကို လှည့်ကြည့်လိုက်သည်။

"အကြီးအကဲ...." ယင်ရှုယွီလည်း အနားသို့ကပ်လာသည်။ "ကျွန်မကို ခေါ်တာလား..."

"ဘာရယ်တော့ မဟုတ်ပါဘူး။ သိချင်တာလေး ရှိလို့ပါ။ ယင်ချန်းလီဆိုတဲ့လူကို မင်းသိလား။" လီချန်ချင်းသည် သူ့စိတ်ထဲတွင် ရှိနေသည့် မေးခွန်းကို မေးလိုက်သည်။

"ယင်ချန်းလီ...." ယင်ရှုယွီက အံ့ဩတကြီး ဖြစ်သွားလေ၏။ "အဲ့ဒါ ကျွန်မ မောင်လေးပါ။ အကြီးအကဲ....ကျွန်မမောင်လေး ဘယ်ရောက်နေလဲဆိုတာ သိတာလား။" မျှော်လင့်ထားသည့်အတိုင်း သူမသည်မြောက်ပိုင်းအေးခဲနိုင်ငံတော်ဝင်မိသားစုမှဖြစ်သည်။

"ငါထင်တာ မမှားဘူးဆိုရင် သူလည်း ဒီစမ်းသပ်မှုမှာ ပါဝင်လိမ့်မယ်။" လီချန်ချင်းက တည်ငြိမ်စွာပြောသည်။

လီချန်ချင်းသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ အရေးကိစ္စများမှာ ရှုပ်ထွေးလှသည်ကို တွေ့ခဲ့ရသဖြင့် နောက်ထပ် မမေးချင်တော့ပေ။ ၎င်းကိုကြားသောအခါ ယင်ရှုယွီ အနည်းငယ် မိန်းမော တွေဝေသွားမိသည်။

ယင်ချန်းလီအကြောင်းကို ထပ်မေးချင်သော်လည်း မမေးဝံ့ပေ။ သူ့မောင်လေးအသက်ရှင်နေသေးမှန်း သိခဲ့ရသဖြင့် လုံလောက်ပြီဖြစ်သည်။

မောင်လေးက တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်မှာတဲ့လား။ ယင်ရှုယွီသည် ခဏတာ စိတ်လှုပ်ရှားသွားသည်။ ကောင်းကင်ယံ၌ နှစ်ရက်ခွဲကြာ ပျံသန်းပြီးနောက် ရာသီဥတုမှာ ပို၍ပို၍ အေးလာလေသည်။ သူတို့ရှေ့ရှိ တောင်တန်းများ ချိုင့်ဝှမ်းများမှာလည်း အလွန်ကြမ်းကြုတ်ခက်ထန်လှပုံပေါ်သည်။

"အဲ့ဒါ....တစ္ဆေလျှိုစောက်ပဲ။" ခရမ်းရောင်ဝတ်ထားသောလူက ရှေ့ကိုကြည့်ကာ ပြောသည်။

"တစ္ဆေလျှိုစောက်..." လီချန်ချင်း ငုံ့ကြည့်ကာ သူ၏ နတ်စွမ်းအားစိတ်ဝိညာဉ်အား စူးစမ်းလေ့လာရန် စေလွှတ်လိုက်သည်။ တစ္ဆေလျှိုစောက်၌ အစွမ်းထက်သော နေရာများစွာရှိကြောင်း တွေ့ရှိခဲ့ရလေ၏။

အထဲတွင် အလွန်အန္တရာယ်များပေသည်။ မည်သည့်အခိုက်အတန့်တွင်မဆို ကြောက်မက်ဖွယ်အရာတစ်ခု ခုန်ထွက်လာကာ ၎င်းတို့အား တိုက်ခိုက်နိုင်သည်ဟု ထင်ရသည်။

အခြားတပည့်များကလည်း ငုံ့ကြည့်နေကြလေ၏။ တစ္ဆေလျှိုစောက်၏ အရှိန်အဝါသည် သူတို့ကို စိတ်မသက်မသာဖြစ်စေသည်။

အန္တရာယ်အငွေ့အသက်များအား လူတိုင်းအား နေမထိထိုင်မသာဖြစ်စေသည်။

"ဝေါင်း...." ရုတ်တရတ် စူးရှသောအသံတစ်ခုကို ထွက်ပေါ်လာလေ၏။ ထိုစဉ် ကောင်းကင်ယံမှ သူတို့ဆီသို့ ပျံသန်းလာသော ထူးဆန်းသောငှက်တစ်ကောင်ကို လူတိုင်းတွေ့လိုက်ရသည်။ ထိုငှက်၏ ကြီးမားလှသော ခြေသည်းများသည် အလွန်ချွန်မြလှပြီး ကျောက်တုံးများကို ချေမှုန်းနိုင်စွမ်းရှိပုံပင် ပေါ်သည်။ ၎င်း၏ အနက်ရောင် အမွေးများသည်လည်း သံမဏိကဲ့သို့ တလက်လက်တောက်ပနေပြီး ဖြာထွက်နေပေ၏။

"ဒါက သံငှက်မွှေး သိမ်းငှက်ပဲ..." ကျန်းဟဲအိမ်တော်မှ အကြီးအကဲတစ်ဦး၏ မျက်နှာသည် ပြောင်းလဲသွားသည်။ ထို့အပြင် ၎င်းသည် ဖွံ့ဖြိုးကြီးရင့်သော သံငှက်မွှေးသိမ်းငှက် ဖြစ်၏။

ထိုသိမ်းငှက်၏ ရောင်ဝါသည် အားကောင်းလှပြီး မူလအဆင့်ရှိသည်မှာ ထင်ရှားပေသည်။ ၎င်း၏ ကြီးမားသော ခြေသည်းများနှင့် တိုက်ရိုက်ထိမိပါက အဆင့်မြင့် မူလအဆင့်ရှိသူကိုပင် ချေမှုန်းနိုင်သည်။

"အဲ့ကောင်က ငါတို့ဆီ ပျံလာနေတာ..." ကျန်းဟဲအိမ်တော်မှ အကြီးအကဲများသည် အလွန်သတိရှိကြသည်။ ကောင်းကင်ယံ၌ ပျံသန်းနေသည့် သူတို့အား ကောင်းကျိုးမပေးမည့် သိမ်းငှက်၏ ပြုသမျှနုရမည့် ဘဝသို့ ရောက်နေကြပေ၏။

သံငှက်မွှေးသိမ်းငှက်သည် ယခု နီးကပ်လာပြီဖြစ်သည်။ ခရမ်းရောင် ၀တ်ထားသော အမျိုးသားသည် မျက်မှောင်ကြုတ်ထားလေသည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ မူလအဆင့်သာ ရှိသေးပေ၏။ ထိုလူမှာ သတ္တဝါကြီးအား ကိုင်တွယ်နိုင်ရန် နည်းလမ်းမရှိသေးပေ။

"ဝူး...ဝူး.....ဝူး...." သံငှက်မွှေးသိမ်းငှက်သည် ရုတ်တရက် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ ၎င်း၏ အနက်ရောင် အမွေးများသည် ဓါးသွားများကဲ့သို့ ချက်ခြင်း ပျံသန်းလာကာ အံ့အားသင့်ဖွယ် စွမ်းအားများနှင့် ရောထွေးလျက် လေထုကို ဖြတ်ပိုင်းလိုက်လေသည်။

အလွန်ပင် ချွန်ထက်လှပေ၏။ လူတစ်ယောက်ကိုပင် ထိုးဖောက်ပစ်နိုင်သည်။ ထိုအချိန်တွင် ဓားမြည်ကြွေးသံတစ်ခု ထွက်ပေါ်လာပြီး လီချန်ချင်း စတင်လှုပ်ရှားလိုက်သည်။ ဓားရှည်နှစ်လက်သည် ဓားအိမ်ထဲမှ ပျံထွက်သွားပြီး 'ချီ'စွမ်းအားသည် လေထဲသို့ ပြည့်နှက်သွားကာ အမွေးအားလုံးကို ချက်ခြင်း ကွဲကြေသွားသည်။

"ချွမ်....." လီချန်ချင်းသည် သူ့လက်ချောင်းများကို လှုပ်ခါလိုက်သည်။ အံ့အားသင့်ဖွယ် လေပြင်းဓားသည် ကြွေကျနေသော ဥက္ကာပျံသဖွယ် ဓားမိုးသက်တံ့ကဲ့သို့ ဆင်းသက်လာပြီး ကောင်းကင်ယံတွင် သွေးများဖြာထွက်သွားလျက် သံငှက်မွှေးသိမ်းငှက်ကို တိုက်ရိုက် သတ်ပစ်လိုက်လေတော့၏။

"ပြန်လာခဲ့...." လီချန်ချင်းက အမိန့်ပေးလိုက်ရာ ဓားနှစ်ချောင်းမှာ ဓားအိမ်ထဲကို ပြန်ဝင်သွားကြလေသည်။ ဓားအိမ်မှာလည်း ပိတ်သွားလေ၏။

ထိုမြင်ကွင်းက ကျန်းဟဲအိမ်တော်၏ တပည့်အားလုံးကို အံ့သြမှင်သက်သွားစေသည်။ အရမ်းမိုက်တယ်....။သူ့လက်ချောင်းများကို တစ်ချက်လှုပ်လိုက်ရုံဖြင့် ရင့်သန်ဖွင့်ဖြိုးသော သံငှက်မွှေးသိမ်းငှက်ကို ဓားတစ်ချောင်းတည်းဖြင့် သတ်လိုက်သည်မှာ စွမ်းအားကြီးလွန်းလှပေ၏။

မူလက သူတို့သည် ဤအကြီးအကဲအသစ်ကို အထင်မကြီးမိခဲ့သော်လည်း ဤလှုပ်ရှားမှုက သူတို့၏နှလုံးသားကို အနိုင်ယူခဲ့နိုင်ပေသည်။

အကြီးအကဲသုံးယောက်လည်း အံ့သြသွားကြသည်။ ချင်းလဲ့ဓားသခင် ဖြစ်ထိုက်ပါပေ၏။ ထိုခွန်အားက သူတို့ကို ဤခရီးစဉ်အတွက် ပိုပြီးလုံခြုံစေကြောင်း ခံစားရစေသည်။


"ချင်းလဲ့ဓားသခင်ရဲ့လှုပ်ရှားမှုကို မြင်တွေ့ရတာက တကယ်ကို ကံကောင်းတာပဲ။" ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံသည် ခက်ထန်သော်လည်း အလွန်ဝေးကွာလှသဖြင့် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေလေသည်။

လီချန်ချင်းသည် အဝေးမှ လှမ်းကြည့်လိုက်ရာ အနက်ရောင် ကျီးကန်းတစ်ကောင် သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ကျီးကန်းထိပ်၌ လူတစ်ယောက် ရပ်နေပေ၏။

သူ့နောက်ကျောတွင် သံဓားတစ်ချောင်းရှိသည်။ ထိုလူက လီချန်ချင်းအား ပြုံးပြနေလေ၏။

All Chapters